← Chapters

ဖိတ်ခေါ်မထားသော ဧည့်သည်

Vol. 23 Ch. 295

ဖိတ်ခေါ်မထားသော ဧည့်သည်

Vol. 23 Ch. 295

​သေရည်သောက်နေရင်း ယွမ်ရှောင်သည် ရတနာများ၊ တာအိုဂါထားများ၊ အင်မော်တယ်ကျောက်စိမ်း စသည့် အရင်းအမြစ်များ တောင်ပုံရာပုံ ပါဝင်သော သိုလှောင်အိတ်တစ်လုံးကို ချန်ရှောင်ထံ ကမ်းပေးလိုက်သည်။ အာကာသ အင်မော်တယ်နှစ်ယောက်၏ သေခြင်းသည် နတ်ဘုရားတိုက်ကြီး၏ ချီစွမ်းအင်ကို တိုးတက်လာစေသဖြင့် အချိန်တစ်ခုကြာလျှင် ငရဲကိုးထပ်နှင့် အဆင့်ချင်း တူညီလာကာ တိမ်တိုင်းပြည်ကဲ့သို့ အောက်နယ်မြေများတွင် ကျင့်ကြံသူများ မိုးဦးကျ မှိုပေါက်သည့်အလား ပေါများလာပေလိမ့်မည်။ သူက ရောက်လေရာရာ လုယက်၍ နတ်ဘုရားတိုက်ကြီးထံ ပြန်လည်ပေးအပ်ကာ လူချမ်းသာများကို ဓားပြတိုက်ပြီး အားနည်းသူများကို ကူညီနေ၏။ လက်ရှိတွင် ထာဝရဓားအကျဥ်းထောင်သည် လူချမ်းသာဖြစ်၍ အားနည်းနေသော ကောင်းကင်နယ်မြေအတွက် ရနိုင်သမျှ ညှစ်ထုတ်လာခဲ့သည်။

"မင်းဘာသာ ဓားပြတိုက်တာကို နာမည်ကောင်းယူချင်နေတယ်"

ကြယ်ပြာက စနောက်လိုက်ရင်း အဆင့်မြှင့်တင်ထားသော ကောင်းကင်တာအိုဆေးတစ်သုတ် ထုတ်လုပ်ပေးနေသည်။

"ငါက သန်မာတဲ့လူတွေကို အနိုင်ကျင့်ရတာ ကြိုက်တယ်လေ"

ယွမ်ရှောင်အတွက် ငရဲကိုးထပ်ထက် ပို၍ အဆင့်အတန်းမြင့်သော ဓားပြတိုက်စရာ ဒေသများ သေချာပေါက် ရှိနေပေလိမ့်မည်။

"မင်းရဲ့ တာအိုနှလုံးသားက ဘယ်အချိန်ဖြစ်ဖြစ် သာမန်လူတွေကို စဥ်းစားနေတယ်။ ဒါက အဲ့ဒါရဲ့ အစစ်အမှန်ခွန်အား ဖြစ်ရမယ်"

ကြယ်ပြာသည် အချက်ကျကျ သုံးသပ်ပြ၏။

"အောက်ဆုံးကို မရောက်ဖူးရင် သာမန်လူတွေရဲ့ ဘဝကို ဘယ်သူမှ နားမလည်နိုင်ဘူး"

ယွမ်ရှောင်၏ စိတ်အတွင်း တိမ်တိုင်းပြည်မှ အမှတ်တရများ ပြည့်နှက်နေကာ လောကတာအိုနှလုံးသားနှင့် ချိတ်ဆက်နေသည်။ သို့ရာတွင် သူ၏ လမ်းကြောင်းသည် ဖန်ဆင်းရှင်၏ မူလအကြံအစည်မှ သွေဖယ်သွားသဖြင့် ကိုယ်တိုင် လျှောက်လှမ်းရပေတော့မည်။ သူက ပြန်လည်မွေးဖွားလာခြင်းသည် လမ်းသစ်တစ်ခုဟု ယူဆထားကာ ကြိုတင်မှန်းဆရန် မဖြစ်နိုင်သော်လည်း ယုံကြည်ချက် ပြင်းပြနေ၏။ သူ၏ တာအိုနှလုံးသားက ဆက်လက် ကြီးထွားနေကာ ကောင်းကင်တာအိုဆေးလုံးအချို့ဖြင့်ဆိုလျှင် အဆင့်တက်နိုင်ပေလိမ့်မည်။ တာအိုနှလုံးသား မကြီးထွားဘဲ အားနည်းနေလျှင် အဆင့်တက်ခြင်း မတည်ငြိမ်ဘဲ မြင့်မြတ်ချီက. အကန့်အသတ်ရှိနိုင်သည်။

"ငါ့ တာအိုနှလုံးသား ကြီးထွားလာတာက တော်တော် ရိုးရှင်းတယ်"

ယွမ်ရှောင်က မျက်လုံးမှိတ်၍ အာရုံခံလိုက်တိုင်း နတ်ဘုရားတိုက်ကြီးမှ သက်ရှိတိုင်း၏ ခံစားချက်များကို ခံစားမိနေသည်။ သူ၏ နှလုံးသားအတွင်း သန့်ရှင်းဖြူစင်သော တာအိုနှလုံးသည် ၎င်းတို့ကို အဆုံးမရှိ ဝါးမျိုနေသဖြင့် ဒန်တန်အတွင်း စွမ်းအင်ပမာဏ တိုးတက်လာကာ အလယ်အဆင့် တာအိုနှလုံးသားနယ်ပယ်သို့ ရုတ်တရက် ရောက်ရှိသွား၏။

"နတ်ဆိုးတိုက်ကြီးမှာ မင်း ဘာတွေ ကြံစည်နေတာလဲ"

ကြယ်ပြာက စပ်စုသည်။

"မလောနဲ့။ ငါ့ကိုယ်ပွားက အရာရာ ထိန်းချုပ်ထားပါတယ်။ ငါကတော့ ကောင်းကင်နယ်မြေမှာ တစ်ခုခု လုပ်စရာရှိတယ်။ လင်းချန်အတွက် လက်ဆောင်တစ်ခုပေါ့"

နတ်ဆိုးတိုက်ကြီး၏ တာအိုရင်းမြစ်အပေါ် လောဘတက်နေသော ကောင်းကင်နတ်ဓားဧကရာဇ်ကို သူက နောက်တစ်ကြိမ် ပါးဖြတ်ရိုက်ပေလိမ့်မည်။

အရုဏ်တက်နေရောင်သည် မဟာကျောင်းတော်အပေါ်သို့ ဖြာကျနေကာ သောင်းချီသော လူငယ်လေးများ ပညာသင်ကြားနေကြပြီး လက်ရှိတွင် နတ်ဘုရားတိုက်ကြီး၏ နေရာတိုင်းမှ ပါရမီရှင်များကို လက်ခံကာ နောက်ကြောင်းမလိုအပ်ပေ။ လန့်ကော်၊ နန်ကုန်းရှုနှင့် ကျောက်ရှောင်ထန်ကဲ့သို့ လူငယ်များက အကြီးတန်းတပည့်များဖြစ်လာကာ ဓားဂူသခင်မ သုံးယောက်က ကျောင်းအုပ်အဖြစ် အုပ်ချုပ်နေကြသည်။ ဤညီအစ်မများသည် မုမျိုးနွယ်ထက် ပို၍ အလုပ်ကြိုးစားသဖြင့် ရက်အနည်းငယ်အတွင်းမှာပင် ကျောင်းတော်တစ်ခုလုံး ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ နံနက်ခင်းသင်ခန်းစာသည် ဓားသိုင်းနှင့် တာအိုဂါထာများ သင်ကြားပေးခြင်းမဟုတ်ဘဲ နတ်ဘုရားတိုက်ကြီး၏ ပါရမီရှင်များက နယ်မြေကာကွယ်ရေးအတွက် သင်ယူရသည်။

"ငါတို့ လူသားတွေက သန်မာရမယ်။ တာအိုကို လေ့ကျင့်ပြီး ပြိုင်ဘက်ကင်းဖြစ်လာရမယ်။ နတ်ဆိုး သစ္စာဖောက်ဖြစ်ရင် နှစ်ပေါင်းများစွာ အပြစ်ပေးခံရမယ်"

နန်းကုန်းရှီ၏ ချိုသာသော စကားသံသည် ကျောင်းတော်တစ်ခွင် ပျံ့နှံ့နေပြီး လူငယ်များ ငြိမ်သက်စွာ နားထောင်နေကြသည်။ စင်မြင့်၏ အနောက်တွင် ခွေးခေါင်း ရုပ်တုတစ်ခု တည်ရှိကာ ခရမ်းရောင်ဧကရာဇ်နှင့် ရဲချင်းထျန် စသော သစ္စာဖောက်များ၏ အမည်များကို ရေးထိုးထားသည်။ တပည့်အသစ်များသည် ကျောင်းတော်သို့ ရောက်ရောက်ချင်း ထိုရုပ်တုကို တံတွေးဖြင့် ထွီခနဲ ထွေးသွားတတ်ကြပြီး ကိုယ့်ကိုကိုယ် သစ္စာဖောက် မဖြစ်စေရန် သတိပေးလေ့ရှိ၏။

"တစ်နာရီကြာရင် ကြိုးကြာခန်းမမှာ ဓားမြှောင်သိုင်း ပို့ချမယ်။ ဓားသမားတွေ တက်ရောက်ရမယ်"

နန်းကုန်းရှီ၏ ကြေညာချက်အဆုံးတွင် လူငယ်ဓားကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပသွားကာ အတိတ်တစ်ချိန်ကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး မနေရတော့ပေ။ ကောင်းကင်နယ်မြေ၏ စစ်ပွဲအတွင်း ဓားကျင့်ကြံသူများ၏ စိတ်ဓာတ်နှင့် ခွန်အားက လေးစားထိုက်ကြောင်းပေါ်လွင်ခဲ့သည်။ ကျောင်းတော်အတွင်း၌ လူငယ်တစ်ယောက်နှင့် အဘိုးကြီးတစ်ယောက်သည် ခေါင်မိုးတစ်ခုအထက်၌ ရပ်နေကြပြီး မျက်လုံးများ၌ အထင်သေးသော အရိပ်အယောင်များ ဖော်ပြနေသည်။ လူငယ်က ဖုလုံရှန်းဖြစ်ကာ မျက်နှာတွင် ကင်းခြေများသဏ္ဍာန် အမာရွတ်နှင့်လူမှာ ကပ်ဘေးတံဆိပ်ငရဲ၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။

"ဓားကျင့်ကြံသူတွေရဲ့ ခေါင်းက တစ်ခုခု မှားယွင်းနေကျပဲ"

ဖုလုံရှန်းက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့သည်။

"ဒီနေရာက ယွမ်ရှောင်နဲ့ ပတ်သက်နေရမယ်။ အမည်ခံ ဓားအင်မော်တယ်တစ်ယောက်ရဲ့ မွေးရပ်မြေက ဒီလောက်နိမ့်ကျနေမယ်လို့ မထင်ထားဘူး"

"တစ်ခုတော့ သေချာတယ်။ ဒီမိန်းမသုံးယောက်က သူ့နောက်လိုက်တွေပဲ"

အဘိုးကြီးချူ၏ စကားအဆုံးတွင် ဖုလုံရှန်းက ဝင်ပြောလိုက်ပြီး အဓိပ္ပါယ်ပါပါ အကြည့်ကြောင့် ထိုမိန်းမများကို ဆော့ကစားရန် သဘောပေါက်သွား၏။

ကြိုးကြာခန်းမအတွင်း ဂူသခင်မသုံးယောက်သည် ယွမ်ရှောင်အကြောင်း ဆွေးနွေးနေကြသည်။

"သူက ထာဝရဓားအကျဥ်းထောင်မှာ အဆင်ပြေပါ့မလား"

နန်းကုန်းရှီက စိုးရိမ်တကြီး ရေရွတ်သည်။

"သူ ထွက်သွားတာ မြန်လွန်းတယ်။ သေချာတောင် နှုတ်ဆက်မသွားဘူး"

ရောင်ယွဲ့က ပြောပြန်သည်။

"ဒီကလေးကို ပြန်တွေ့ရမှာပါ"

စုလန်လန်က ပျင်းရိနေဟန်ဖြင့် အကြောဆန့်ရင်း ရေရွတ်လိုက်သည်။ လက်ရှိတွင် ဓားကျင့်ကြံသူများ၏ ဘဝက ပိုမိုကောင်းမွန်လာနေပြီး ရှေးဟောင်းဓားနယ်မြေ၏ အောင်မြင်မှုမျိုး ရရှိရန် နီးကပ်လာနေ၏။ ဤမျှအထိ အောင်မြင်နိုင်လျှင် သူတို့သုံးယောက်၏ အမည်များမှာ သမိုင်းမှတ်တမ်းတွင် နာမည်ကောင်း ကျန်ရစ်ပေလိမ့်မည်။

"ဓားကျင့်ကြံသူတွေက တကယ် အစွမ်းထက်လို့လား"

ယောကျ်ားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရောင်စုံဝတ်ရုံတစ်ထည် ဝတ်ဆင်ထားသော ဖုလုံရှန်းသည် ကိုယ်ထင်ပြကာ အေးစက်စက် ပြုံး၍ အရှိန်အဝါ ထုတ်ဖော်လိုက်သည်။ တာအိုနှလုံးသား၏ အရှိန်အဝါသည် မမြင်နိုင်သော ဖိအားတစ်ခု ထုတ်ဖော်လိုက်သဖြင့် သူတို့၏ တစ်ကိုယ်လုံး ချွေးစက်များ စီးကျလာစေ၏။

"စီနီယာက အင်မော်တယ် တစ်ယောက်လား"

နန်းကုန်းရှီသည် စိုးရိမ်နေဟန်ဖြင့် မေးခွန်းထုတ်လိုက်ပြီး တခြားလောက၏ ဝင်ပေါက်များအကြောင်း သိထားသဖြင့် တစ်ဖက်လူမှာ အစွမ်းထက်လွန်းကြောင်း ရိပ်မိခဲ့သည်။

"အစစ်အမှန်အင်မော်တယ်"

ဖုလုံရှန်းက ကိုယ့်ကိုကိုယ် အမွှန်းတင်၍ လိမ်ညာလိုက်သည်။

"အင်မော်တယ်ကို အရိုအသေပေးပါတယ်"

သခင်မသုံးယောက်က အကြည့်ချင်းဖလှယ်၍ ခေါင်းညွှတ်ကာ ​အရိုအသေပေးခဲ့သည်။

"မစိုးရိမ်ပါနဲ့။ ငါက မင်းတို့နဲ့ ကိစ္စနည်းနည်းလောက် ဆွေးနွေးချင်လို့ပါ။ ကြည့်စမ်း"

ဖုလုံရှန်းက မောက်မာစွာဖြင့် နန်းကုန်းရှီ၏ မေးကို ဆွဲမကာ အသားယူလိုက်သည်။ သူမက မော့ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ နဖူးတွင် ရောင်စုံတံ​ဆိပ်တစ်ခု မြင်လိုက်ရပြီး ရုတ်တရက် တောက်ပလာသည်။ အသက်တံဆိပ် ပုံရိပ်ကြီးသည် ဓားဂူသခင်မသုံးယောက်ရှေ့တွင် ဖြစ်တည်လာကာ ခန်းမတစ်ခုလုံး သက်တန့်ရောင်များ ပြည့်နှက်နေသည့်အပြင် တောင်တန်းကြီးများ ပြုတ်ကျလာသကဲ့သို့ ဖိအားလေးလံနေ၏။ နန်းကုန်းရှီ၊ ရောင်ယွဲ့နှင့် စုလန်လန်သည် တုန်ရီသွားကာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

"ငါ တစ်ခုလောက်မေးချင်တယ်။ ယွမ်ရှောင်နဲ့ ငါ ဘယ်သူ ပိုအစွမ်းထက်သလဲ"

ဖုလုံရှန်းက မျက်လုံးများ ကျဥ်းမြောင်း၍ မေးခွန်းထုတ်လိုက်သည်။

"အင်မော်တယ်အရှင်က ပိုပြီး အစွမ်းထက်ပါတယ်"

နန်းကုန်းရှီက အားမတန် မာန်လျှော့၍ ခေါင်းညွှတ်ထားရသည်။

"ဒါဆိုရင် မင်းက ယွမ်ရှောင်နဲ့ ရင်းနှီးတယ်ပေါ့"

တစ်ဖက်လူ၏ စကားကြောင့် သတင်းနှိုက်နေကြောင်း သဘောပေါက်သွားကာ သူမ၏ မျက်နှာ ဖြူရော်လာသည်။ ဤအချက်အရ အင်မော်တယ်ဟု သွေးနားထင်ရောက်နေသူမှာ ကောက်ကျစ်စဥ်းလဲသော မြေခွေးတစ်ကောင်ဖြစ်ကြောင်း သိနိုင်သည်။

"ယွမ်ရှောင်က နတ်ဧကရီရဲ့ ခင်ပွန်းဖြစ်လို့ လူတိုင်း သိကြပါတယ်။ ကျွန်မတို့က နတ်ပြည်ထောင်ကို ခစားတဲ့အတွက် သူ့နောက်လိုက်လို့ ပြောနိုင်ပါတယ်"

သူမက အမှန်အတိုင်း ဝန်ခံလိုက်၏။

"ဒီလိုလား။ ဒါဆိုရင် ငါ့မေးခွန်းကို ထပ်ဖြေစမ်းပါ။ ဓားကျင့်ကြံသူတွေက ဒီလောက် အစွမ်းထက်လို့လား"

ဖုလုံရှန်းက အေးစက်စက် ရယ်မောလိုက်လေသည်။

All Chapters