နောက်ဆက်တွဲ ပြဿနာ
Vol. 12 Ch. 157
အရာရာဟာ ရုတ်တရက် ရှင်းလင်းသွားသလို ခံစားလိုက်ရပြီး အလျင်အမြန်ပဲကို ရှင်းလင်းသွားခဲ့တာ ဖြစ်သည်။
ဇာတ်လမ်းကို အခုပဲ ပြောပြခဲ့ပြီး ပြဿနာရဲ့ အရင်းအမြစ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်က မြစ်ထဲသို့ မတော်တဆ ထိုးကျခဲ့သော လူနာတင်ယာဉ်တစ်စီးရှိခဲ့သည်။
သို့သော် ထိုယာဉ်သည် ဆေးရုံတွင် ပြန်ပေါ်လာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သယ်ဆောင်လာခဲ့သည်။ ထို့ကြောင့် သေဆုံးနေသော ကလေးငယ်ကို ဗိုက်ခွဲမွေးဖွားရသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ဒါပေမယ့် ဒီကိစ္စက လျှန်ဇီနဲ့ သိပ်မဆိုင်သလို ဖြစ်နေခဲ့သည်။
ပြီးတော့ လျှန်ဇီရဲ့ ချစ်သူ ရှိုချင်းလည်း ဒီကိစ္စနဲ့ မသက်ဆိုင်သလောက်ပါပဲ။
သို့သော် ဖုန်းဆက်လာသူက လျှန်ဇီဖြစ်နေသည်။
အမှန်တိုင်းပြောရရင် ကူညီဖို့လိုအပ်နေသူက မိခင်ဖြစ်သူ (ဒါမှမဟုတ်) သူမ၏ခင်ပွန်း ဖြစ်သင့်သည် မဟုတ်လား?
ကျန်းရီသည် အလျင်မလိုခဲ့ပါ။ ဒီကိစ္စနှင့်ပတ်သက်၍ မေးခွန်းများစွာ ကျန်ရှိနေသေးသည်။
"ဆယ်နှစ်အကြာက မြစ်ထဲကျသွားခဲ့တဲ့ သရဲလူနာတင်ယာဥ်နဲ့ လာခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ?"
"လူတွေပါ၊ အသက်ရှင်နေသေးတဲ့ လူသားတွေပါ! သူမရော၊ သူမရဲ့ခင်ပွန်းနဲ့ မိဘတွေပါ အသက်ရှင်နေကြသေးတယ်။ ပြီးတော့ ကျွန်မက ကလေးရဲ့ဖခင်ကို မေးကြည့်ခဲ့တယ်။ ကလေးက ဗိုက်ထဲမှာ အနည်းဆုံး တစ်ပတ်ကနေ တစ်လကြာ သေနေတာလို့ ပြောလိုက်တယ်၊ ဘာလို့ ဒီလောက်ကြာတဲ့အထိ မင်းတို့မိသားစုက သတိမထားမိခဲ့ကြတာလဲလို့ပေါ့"
"အဲဒီအချိန်တုန်းက ကလေးရဲ့ဖခင်က မယုံကြည်သေးဘဲ၊ ကျွန်မတို့ ဆေးရုံမရောက်ခင် စစ်ဆေးမှုလုပ်ခဲ့ပြီးသား၊ ကလေးမှာ နှလုံးခုန်သံရှိနေတယ်လို့ ပြောခဲ့တယ်။
ဟုတ်ပါတယ်၊ စစ်ဆေးစဉ်တုန်းက ကလေးက နှလုံးခုန်နေခဲ့ပြီး အသက်ရှင်နေသေးတဲ့ ကလေးပါပဲ။
ကလေးရဲ့ဖခင်က မတော်တဆမဖြစ်ခင် အချိန်အထိ ကလေးက အသက်ရှင်နေသေးတဲ့အပြင် လှုပ်ရှားနေသေးတယ်လို့တောင် ပြောခဲ့တယ်။ "
"မတော်တဆမှုမဖြစ်ခင် ညတုန်းကတောင် ဇနီးမောင်နှံနှစ်ဦးဟာ အိပ်ရာပေါ်မှာ အတူနေခဲ့ကြပြီး မိန်းမရဲ့ဗိုက်ကို စိုက်ကြည့်နေခဲ့ကြတယ်
ဘာဖြစ်လို့လဲဆိုတော့ ကလေးက လှုပ်ရှားနေလို့ပဲ၊ သူရဲ့လက်လေးတွေက မိခင်ရဲ့ဗိုက်ကို ထိနေခဲ့တယ်။
ဗိုက်ထဲက ရှစ်လသား ကလေးဆိုတော့ တော်တော်လေး လှုပ်ရှားနိုင်နေပြီဖြစ်တယ်။
ဒါပေမယ့် ဘာကြောင့် သေနေတဲ့ကလေးကို မွေးဖွားလိုက်ရတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ခဲ့ဘူး
ဒါ့အပြင် ကျွန်မက မီးဖွားခွဲစိတ်ဆရာဝန်အဖြစ် ဆယ်စုနှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ပြီးတော့ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားရာမှာ ရှင်းပြ၍ မရနိုင်တဲ့ အရာများစွာ ရှိနေတယ်ဆိုတာ သိထားတယ်"
"အဲဒီနေ့ မိခင်ရဲ့ဗိုက်ကို ခွဲလိုက်တဲ့အခါ၊ ဗိုက်ကိုဖွင့်ပြီးတာနဲ့ ကျွန်မ ထူးဆန်းတဲ့အရာတစ်ခုကို သတိထားမိခဲ့တယ်
ကလေးကို ကောက်ယူလိုက်တဲ့အခါမှာ အဲဒီတုန်းက တစ်ယောက်ယောက်သတိထားမိခဲ့ရင်၊ ကျွန်အ တုန်နေတာကို မြင်ခဲ့လိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ကလေးကို ကိုင်လိုက်တဲ့အခါ ဘာလှုပ်ရှားမှုတစ်ခုမှ မရှိခဲ့ဘူး။ ခွဲစိတ်မှုမစခင် စစ်ဆေးထားတုန်းက ကလေးအသက်ရှင်နေသေးတာကို အတည်ပြုထားတာကြောင့်၊ ကျွန်မက ကလေးကို ထုတ်ယူလိုက်တယ်၊ အခြားတွေးစရာမလိုဘူးလို့ ထင်ခဲ့တယ်။ "
"ကလေးက အဲဒီတုန်းက မဆိုးရွားပေမယ့်၊ ပုပ်နေတာကတော့ အမှန်ပါပဲ။"
ကလေးကို ထုတ်ပြီးတဲ့နောက် ကျွန်မ ခဏလောက် ငေးငိုင်သွားခဲ့ပြီး ဘေးဖယ်ထားလိုက်တယ်။
အခြားသူတွေကို မကြည့်ဖို့ သတိပေးဖို့ မေ့သွားခဲ့တယ်။
ရှိုချင်းက တကယ်ပဲ ကြည့်မိသွားမယ်လို့ မထင်ခဲ့ဘူး။
ရှိုချင်းက ကလေးရဲ့မျက်လုံးတွေ ဖွင့်နေတယ်လို့ ပြောနေပေမယ့်၊ ကျွန်မကတော့ မမြင်ခဲ့ဘူး။
အခြားသူတွေကလည်း ကလေးရဲ့ မျက်လုံးတွေက အမြဲပိတ်နေတယ်လို့ ပြေခဲ့ာကြတယ်။
"ကျွန်မတို့ ခွဲစိတ်ခန်းကနေ ထွက်လာတဲ့အခါ၊ ရှိုချင်းနဲ့ကျွန်မက ဘေးချင်းကပ် ထွက်လာခဲ့ကြတယ်။"
တံခါးနားလောက်ရောက်တော့၊ သူမရဲ့ပုခုံးပေါ်က အဝတ်တွေကို တစ်စုံတစ်ရာက ဆွဲဖွင့်ထားသလို ဖြစ်နေတယ်။ ကျွန်မ မြင်လိုက်ရတာက... သူမရဲ့အင်္ကျီအတွင်းမှာ လက်လေးတွေက သူမကို ထောက်နေတယ်၊ လများစွာ မိခင်ဗိုက်ထဲမှာရှိနေတဲ့ သန္ဓေသားလေးတစ်ယောက်က လက်တွေ လှုပ်နေသလို ဝှေ့နေတာကို တွေ့လိုက်ရတယ်!
"အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ကျွန်မ ဘယ်လိုခံစားခဲ့ရမှန်းတောင် ကိုယ်တိုင်မသိခဲ့ဘူး။"
ဒါကြောင့် ကျွန်မက ရှိုချင်းရဲ့ပုခုံးကို ခပ်ဖွဖွလေး ပုတ်လိုက်တယ်။
ဒါပေမယ့် အဲ့ဒီအရာက ကျွန်မကို ဒုက္ခပေးမှာစိုးလို့၊ မိန်းကလေးတွေ သန့်ရှင်းရေးဂရုစိုက်ဖို့ စသဖြင့် ပြောလိုက်တယ်။
ရှိုချင်းက ကျွန်မရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး။
တကယ်တော့ ကျွန်မလည်း ဘာလုပ်ရမှန်းမသိခဲ့ဘူး။
ဘာတွေဖြစ်လာမလဲဆိုတာ အမြဲစိုးရိမ်နေခဲ့တယ်!
"ရက်အနည်းငယ်ကြာတော့၊ ရှိုချင်း ပြဿနာ စတက်တော့တာပဲ!"
ဒါရိုက်တာ ချန်းက သူမသိသမျှအားလုံးကို ပြောပြခဲ့သည်။ ကျန်းရီက နားထောင်ပြီးမကြာမီ၊ လျှန်ဇီက ဆက်ပြောသည်—
" အဲ့ဒီခွဲစိတ်မှုပြီးတော့ ရှိုချင်းနဲ့ကျွန်တော်က ဒီဖြစ်ရပ်ကို ထူးဆန်းတဲ့အဖြစ်အပျက်လို့ပဲ သဘောထားပြီး ဘာမှသိပ်မတွေးခဲ့ကြဘူး။ ဒါပေမယ့် နောက်တစ်ညမှာ ရှိုချင်းနဲ့ကျွန်တော် ချိန်းတွေ့တဲ့အခါ အခြေအနေတွေ ပြောင်းလဲသွားတယ်။"
"ဘယ်မှာ ချိန်းတွေ့ခဲ့တာလဲ?"
"ကျွန်တော်တို့ ဟိုတယ်တစ်ခုမှာ အရင်ညစာစားခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဟိုတယ်က မြေခွေးနီ မြစ်ကမ်းနားမှာရှိပြီး၊ မြစ်နားမှာ Ferris wheel တစ်ခုရှိတယ်။"
ရှိုချင်းက Ferris wheel ကိုမြင်တော့၊ ညစာစားပြီးရင် Ferris wheel စီးမယ်လို့ ပြောလာတယ်။
တစ်ခါလောက်စီးရုံနဲ့တင် လုံလောက်ပါပြီ။
ငွေလည်းသိပ်မကုန်ဘူး၊ Ferris wheel ကလည်း သိပ်မြန်တာမဟုတ်ဘူး။
အပေါ်ရောက်ရင် တစ်မြို့လုံးရဲ့ ညမြင်ကွင်းကို ခံစားလို့ရတယ်၊ ဒါကြောင့် ကျွန်တော်လည်း ချက်ချင်းသဘောတူလိုက်တယ်။
"Ferris wheel ဆီကို သွားတဲ့အခါ၊ အဲဒီအချိန်က လူသိပ်မများသေးဘူး။"
အချိန်စောင့်စရာမလိုဘဲ လက်မှတ်ဝယ်ပြီး အတွင်းကိုဝင်လိုက်တယ်။
ဝင်လိုက်တဲ့အခါ အတွင်းမှာ ဘယ်သူမှမရှိဘူး၊ ရှိုချင်းနဲ့ကျွန်တော်ပဲရှိတယ်။
Ferris wheel စတင်ပြီး တဖြည်းဖြည်းမြင့်တက်လာတယ်၊ ဒါပေမယ့် ထိပ်နားလောက်ရောက်တော့၊ ရှိုချင်းက ကျွန်တော့်လက်ကို ရုတ်တရက် ဆွဲဆိတ်လိုက်တယ်။
ကျွန်တော်က ဘာလို့ ဆိတ်တာလဲလို့မေးတော့၊ ရှိုချင်းက 'သူမနို့တိုက်နေတာကို ဘာလို့ စိုက်ကြည့်နေတာလဲ'လို့ မေးခဲ့တယ်။
"သူမပြောတာကိုကြားတော့ ကျွန်တော် ရုတ်တရက် ကြောင်အသွားတယ်။"
နို့တိုက်ဖို့ လူက ဘယ်ကရောက်လာတာလဲ? ရှိုချင်းက ကျွန်တော့်ကို လှန့်နေတယ်လို့ထင်ပြီး၊ ကျွန်တော့်လက်မောင်းကို ထပ်ညှစ်လိုက်ပြီး ကျွန်တော်တို့ရှေ့ခုံမှာ စုံတွဲတစ်တွဲထိုင်နေတယ်လို့ ပြောခဲ့တယ်။
Ferris wheel ရဲ့အတွင်းခန်းမှာ ခုံနှစ်တန်းရှိတယ်။
ရှိုချင်းနဲ့ကျွန်တော်က နောက်ခုံမှာထိုင်နေပြီး၊ ရှေ့ခုံက လွတ်နေတယ်။
ရှိုချင်းက အလွန်အမင်းလေးနက်နေတာကိုမြင်တော့၊ ကျွန်တော့် နှလုံးက တဒိန်းဒိန်းတောင် ခုန်သွားခဲ့တယ်။
"ကျွန်တော်က ရှိုချင်းကို လေးလေးနက်နက်နဲ့ ပြောလိုက်တယ်၊ 'ရှိုချင်း၊ ရှေ့မှာ တကယ်ပဲ ဘယ်သူမှမရှိဘူး၊ မင်းမျက်စိ အမြင်ဝေနေတာလား?'"
ရှိုချင်းရဲ့မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး- "းနင်မမြင်ဘူးလား? တကယ်ပဲရှိတယ်၊ ယောက်ျားက အားကစားဝတ်စုံနဲ့ မျက်မှန်တပ်ထားတယ်၊ ကလေးက အနှီးထုပ်နဲ့၊ မိန်းမက ချောင်ချောင်ချိချိ အိမ်သုံးဝတ်စုံဝတ်ထားပြီး နို့တိုက်နေတယ်" လို့ ပြန်ဖြေခဲ့တယ်။
"ရှိုချင်းက ကလေးဆန်တယ်၊ အသက် ၂၀ အစောပိုင်းပဲရှိသေးပေမယ့်၊ တစ်ခါတလေ ကျွန်တော့်ကို ဟာသလုပ် ပြက်လုံးထုတ်ပြီး စနောက်တတ်တယ်။"
သူမက စနောက်နေတယ်ထင်ပြီး ကျွန်တော်က သူမရဲ့နှာခေါင်းကို ညှစ်လိုက်ပြီး၊ " ပေါက်ကရတွေ လာမစနဲ့ ဒီမှာ တကယ်ပဲ ဘယ်သူမှမရှိဘူး၊ အနှီးထုပ်၊ကလေးနဲ့ မိသားစုတစ်စုဆိုရင် Ferris wheel ကဝန်ထမ်းတွေက သူတို့ကို တက်ခွင့်ပေးမှာမဟုတ်ဘူး" လို့ ပြောလိုက်တယ်။
"ကျွန်တော်ပြောလိုက်တာနဲ့၊ ရှိုချင်းက ရုတ်တရက်အော်ဟစ်လိုက်ပြီး 'ကလေး၊ အဲဒီကလေး' လို့ ရှေ့ခုံကိုညွှန်ပြရင်း ပြောနေခဲ့တယ်။
ရှိုချင်းက "မနေ့ညက ဗိုက်ခွဲထုတ်လိုက်ရတဲ့ကလေးပဲ သူရယ်နေတယ်၊ ကလေးက ငါ့ကိုပြန်ရယ်ပြနေတယ်!" လို့ ပြောနေခဲ့တယ်။
"ရှိုချင်းပြောလိုက်တဲ့အခါ၊ ကျွန်တော် နောက်ဆုံးတော့ သူမဘာဖြစ်နေတယ်ဆိုတာ နားလည်သွားခဲ့တယ်!"
ကျွန်တော်က ရှိုချင်းကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ရှေ့ခုံကို အာရုံစိုက်ကြည့်လိုက်တယ်။
ဒါပေမယ့် ကျွန်တော်တကယ်ပဲ ဘာမှမမြင်ရဘူး။
ရှိုချင်းက လုံးဝထိန်းချုပ်မှု လွတ်သွားတယ်။
ကျွန်တော်က သူမကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပေမယ့်၊ သူမရဲ့လက်ခြေတွေက တဒုန်းဒုန်းလှုပ်ရှားနေပြီး- "ကလေး၊ ကလေးက မျက်လုံး ပွင့်နေပြီ... အား... ငါ့ကိုမနှောင့်ယှက်နဲ့၊ မနှောင့်ယှက်နဲ့.. ငါမင်းကို မထိခဲ့ဘူး!" လို့ အော်နေခဲ့တယ်။
"ရှိုချင်းတစ်ယောက်တည်းကသာ ရှေ့မှာထိုင်နေတဲ့ မိသားစုသုံးယောက်ကို မြင်နေရတာ။"
သူမက မွေးကင်းစကလေးက ပုပ်နေပြီး၊ အနံ့ဆိုးတွေရနေတယ်လို့ ပြောခဲ့တယ်။
ကျွန်တော်က ရှိုချင်းနဲ့ ချက်ချင်း ပြန်ဆင်းချင်ခဲ့တယ်၊ ဒါပေမယ့် Ferris wheel က အဲဒီအချိန်မှာ အမြင့်ဆုံးနေရာရောက်နေပြီ။
ဝန်ထမ်းတွေကို Ferris wheel ရပ်ခိုင်းရင်တောင် ဆင်းလို့မရနိုင်ဘူး။
"ဘုရားသခင်သာလျှင် ကျွန်တော်ဘယ်လောက်ထိ ထိတ်လန့်ခဲ့ရမှန်းသိလိမ့်မယ်"
ကျွန်တော်သိသလောက်ဆိုရင် ရှိုချင်းက ကျွန်တော့်ထက်ပိုပြီးတောင်မှ ထိတ်လန့်နေခဲ့တယ်။
ရှိုချင်းကို သက်သောင့်သက်သာဖြစ်အောင် အားပေးရင်း၊ ကျွန်တော် သူမကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်ရင်ခွင်ထဲ ရှိနေတဲ့ ရှိုချင်းက ရုတ်တရက်ပြန်လှည့်ပြီး Ferris wheel ရဲ့အောက်ခြေကို စိုက်ကြည့်ရင်း၊ "လူနာတင်ယာဉ်၊ လူနာတင်ယာဉ်တစ်စီးလာနေပြီ!" လို့ အော်ဟစ်ခဲ့ပြန်တယ်"