← Chapters

ကိုယ်ဝန်ဆောင် အဝတ်အစား

Vol. 12 Ch. 158

ကိုယ်ဝန်ဆောင် အဝတ်အစား

Vol. 12 Ch. 158

ရှိုချင်းပြောနေတဲ့ လူနာတင်ယာဉ်ဟာ Ferris wheel ဘေးနားမှာ ရပ်ထားတယ်။

ကျွန်တော်ကတော့ မမြင်ရဘူး၊ ဒါပေမယ့် သူမတစ်ယောက်တည်းကပဲ မြင်နေရတာ။

သူမက Ferris wheel ကို လက်ညှိုးထိုးပြရင်း ပြောနေတာက "အဲဒီမှာ သူနာပြုတွေ၊ ယာဉ်မောင်းတွေ လူတွေအများကြီးရှိတယ်။

ဒါပေမယ့် လူနာတင်ယာဉ်မှာ မှိုတွေတက်နေပြီး ကားထဲမှာလည်း ရေတွေရှိနေတယ်!"

"သူမ အဲ့ဒီလိုတွေ ပြောတဲ့အခါမှာ ကျွန်တော်က သက်သာသွားအောင် ကားထဲက ရေတွေကိုလည်း ကျွန်တော်မြင်ကြောင်း ပြောပြီး နှစ်သိမ့်ပေးခဲ့တယ်။

ဒါဟာ ကားမှာ အရမ်းညစ်ပတ်နေလို့ ကားမှန်ပေါ်က ဖုန်တွေက ရွှံ့ရေနဲ့တူနေတာပါလို့ ပြောခဲ့တယ်။

ပြီးတော့ ကျွန်တော်က ရှေ့ခန်းထိုင်နေတဲ့သူတွေကို မျက်နှာမူပြီး "အစ်ကိုနဲ့ အစ်မတို့ ကလေးကို ခေါ်ပြီး ဒီမှာ ဘာလို့လာဆော့နေတာလဲ။ ဆင်းပြီးရင် ကလေးကို အအေးမိမှာစိုးလို့ အိမ်အမြန် ပြန်သွားပါ" လို့ ပြောခဲ့တယ်။

"တကယ်တော့ ကျွန်တော်ဘာမှမမြင်ရဘူး။ အဲဒီအချိန်က ကျွန်တော်ပြောနေတဲ့စကားတွေဟာ လေထဲကို ပြောနေတာ။ ကျွန်တော့ရည်ရွယ်ချက်က ရှိုချင်းကို စိတ်သက်သာရာရစေဖို့ပဲ။ ပြီးတော့ ကျွန်တော်က " အစ်မတို့ကလေးက ချစ်စရာအရမ်းကောင်းတာပဲ။ ကျွန်တော်တို့ဆေးရုံကလည်း မနေ့က အသားဖြူဖြူဝဝစွတ်စွတ်လေး မွေးပေးခဲ့တယ်" လို့ ပြောခဲ့တယ်။

"ကျွန်တော် အဲ့ဒီလို ပြောလိုက်တဲ့အခါမှာ ရှိုချင်း နည်းနည်း သက်သာသွားတဲ့ပုံပဲ။ ကျွန်တော်ကလည်း တမင်တကာ လက်ဆွဲနှုတ်ဆက်ခဲ့တယ်၊ ဘုရားသခင်ပဲ သိလိမ့်မယ်...ကျွန်တော်ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးထွက်တော့မတက်ပဲ!"

လျှန်ဇီက Ferris wheel ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ပြောပြခဲ့တယ်။ ကျန်းရီကလည်း " မင်းမှန်တာကို လုပ်ခဲ့တာပဲ ၊ အဲဒီအချိန်မှာ မင်းရည်းစားကို အဲဒီလိုပဲ ကာကွယ်သင့်တယ်" လို့ ပြောလိုက်တယ်။

ကျန်းရီစကားပြောပြီးတာနဲ့ လျှန်ဇီက စိတ်လှုပ်ရှားစွာနဲ့ ပြောလာခဲ့တယ် - "ဒါပေမယ့် ကျွန်တော်က တမင်တကာ လက်ဆွဲဖို့ လက်ထုတ်လိုက်တဲ့အခါ တကယ့်လက်တစ်ဖက်က ကျွန်တော့်လက်ကို ဆွဲကိုင်လိုက်တယ်! တစ်ဖက်တည်းမဟုတ်ဘူး...နှစ်ဖက်လုံးပဲ!"

"အဲဒီလက်တွေက ရေခဲလိုပဲ အေးစပ်နေတယ်။

သူက ကျွန်တော့်လက်ကို တစ်ဖက်နဲ့ဆွဲပြီး နောက်တစ်ဖက်နဲ့ ကျွန်တော့်လက်ကို ဖုံးအုပ်ထားတယ်။

အဲဒီအချိန်မှာ ကျွန်တော် အသက်ရှူ မရတော့သလို ခံစားလိုက်ရတယ်။

အဆိုးဆုံးက လူတွေအားလုံးကို မြင်လိုက်ရတာပဲ။ ဒါကြောင့် ကျွန်တော်ဟာ ပုံမှန်အတိုင်း လက်ဆွဲပြီးတော့ လက်ကို အားနဲ့ပြန်ရုပ်လိုက်ရတယ်။

အဲဒီအချိန်မှာ Ferris wheel ရဲ့အရှိန်ဟာလည်း နှေးသွားတယ်။

လူတွေအားလုံးက စက်ဝိုင်းပုံထိုင်နေကြတယ်။ အောက်ရောက်တဲ့အခါ တံခါးဖွင့်လိုက်တယ်။

ကျွန်တော် ရှိုချင်းကိုဆွဲပြီး ပြေးခဲ့လိုက်တယ်!"

"းရှိုချင်းက ပြေးရင်းနဲ့ ငိုနေခဲ့တယ်။

သူမ ကြောက်နေတာကို ကျွန်တော်သိတယ်။ သူမကို နှစ်သိမ့်ပေးချင်ခဲ့တယ်၊ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲက ကြောက်စိတ်ဟာ သူမထက် လျှော့မနေခဲ့ဘူး။

ကျွန်တော်တို့ အပြင်ရောက်တဲ့အခါ တက္ကစီတစ်စီးငှားပြီး အိမ်ကို အမြန်ပြန်ခဲ့တယ်။

ကားပေါ်တက်ပြီးတဲ့အခါမှသာ နည်းနည်းစိတ်သက်သာရာရသွားခဲ့တယ်၊ ဒါပေမယ့် မီးပွိုင့်တစ်ခုမှာ ကျွန်တော်တို့နောက်က လူနာတင်ယာဉ်အသံကြားလိုက်ရတယ်။"

"အသံက ရုတ်တရက်ပေါ်လာသလိုပါပဲ။ ကျွန်တော်တို့ကားနောက်မှာ ဘီး-ဘီး-ဘီး-ဘီး နဲ့ မြည်နေတယ်။

ကျွန်တော်အသံကိုကြားပေမယ့် မမြင်ရခဲ့ဘူး။

ရှိုချင်းလည်း အသံကိုကြားတယ်။ အဲ့အသံက သူမရဲ့စိတ်ကို ရုတ်တရက် ပြိုလဲသွားစေခဲ့တယ်။

သူမနောက်ကိုလှည့်ကြည့်ပြီး ကျွန်တော့်လက်မောင်းကိုဆွဲကာ လူနာတင်ယာဉ်က နောက်မှာရှိနေပြီ ကားထဲမှာ တကယ်ပဲ ရေတွေရှိနေတယ်လို့ ပြောခဲ့တယ်။"

"သူမကပြောသေးတယ် - ယာဉ်မောင်းရဲ့မျက်နှာက ဖောရောင်နေပြီး ရေထဲမှာ ရှိနေသလိုမျိုး ဆံပင်တွေမျောနေတယ်တဲ့!"

"ကျွန်တော် ရှိုချင်းရဲ့ ကြောက်ရွံ့မှုတွေကို သူမမျက်လုံးထဲမှာ မြင်လိုက်ရပြီး စိတ်ထဲမှာ ပူပန်သွားခဲ့တယ်။

ဒါကြောင့် အံ့ကို ကြိတ်လိုက်ပြီး တက္ကစီသမားကို ဘုရားကျောင်းတစ်ခုခုကို လိုက်ပို့ပေးပါလို့ ပြောလိုက်တယ်၊

တက္ကစီဆရာကလည်း ကျွန်တော်တို့ ဆူညံနေလို့ ပြောတာပေါ့ အဲ့ဒါနဲ့ ကျွန်တော်ကလည်း ဘုရားကျောင်းရောက်ရင် တက္ကစီခ ပိုပေးပါ့မယ်လို့ ပြောလိုက်တယ်။"

"လူနာတင်ယာဉ်ဟာ တကယ်ပဲ ကျွန်တော်တို့ နောက်ကို လိုက်နေခဲ့တယ်။ ကျွန်တော်တို့ တာအိုဘုန်းကြီးကျောင်းအနီးရောက်တဲ့အထိ လိုက်လာပြီးမှ ထွက်သွားခဲ့တယ်။ ကျွန်တော်တို့ ကားကဆင်းပြီး ဘုန်းကြီးကျောင်းကို ခြေလှမ်းအနည်းငယ် ပြေးပြီးတဲ့အခါ ရှိုချင်းက ရုတ်တရက် ကျွန်တော့်ကိုဆွဲပြီး လူနာတင်ယာဉ်က အဲဒီတက္ကစီနောက်ကို လိုက်သွားပြီလို့ ပြောခဲ့တယ်!"

လျှန်ဇီက ဒီမှာပဲ ရပ်လိုက်တယ်။ ကျန်းရီက "အဲဒီတက္ကစီရဲ့ ကားနံပါတ် (သို့) ဘယ်ကားလိုင်းကလဲ ဆိုတာ မှတ်မိသေးလား?" လို့မေးလိုက်တယ်။

"မှတ်မိပါတယ်။ စိတ်မချလို့ နောက်နေ့မှာ တက္ကစီကုမ္ပဏီကိုသွားပြီး ဇန်ကျန်းပိုဆိုတဲ့ယာဉ်မောင်းရှိလားလို့ မေးခဲ့တယ်။

သူတို့ပြန်ဖြေတာက ရှိတယ်၊ ဒါပေမယ့် ညဘက်ယာဉ်မောင်းဖြစ်လို့ နေ့ဘက်မှာမလာဘူးတဲ့။

ကျွန်တော်က သူ့ကိုဖုန်းဆက်ခိုင်းပြီး ဘေးကင်းကြောင်းသေချာမှ ထွက်လာခဲ့တယ်။"

"ဒါဆို မင်းတို့ နောက်ဆုံး ထူးဆန်းတဲ့အရာ တွေ့တုန်းက ဘယ်တုန်းကလဲ?"

"ဒါရိုက်တာချန်းဆီ မသွားခင်အထိ မိသားစုသုံးယောက်နဲ့လည်း မတွေ့ဘူး။ လူနာတင်ယာဉ်ကိုလည်း မမြင်ရဘူး။"

"ဒါဆို သူမဘာဖြစ်သွားလဲ?"

"အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက် တာအို ဘုရားကျောင်းကို သွားခဲ့လို့လားမသိဘူး ရက်အတော်ကြာ အေးဆေး နေခဲ့ရတယ်။

ဒါပေမယ့် နှစ်ရက်အကြာမှာ ရှိုချင်းရဲ့အစ်ကိုလက်ထပ်လို့ သူမရဲ့ မွေးရပ်ကို ပြန်သွားခဲ့တယ်။

သူမအစ်ကို အဲ့ဒီနေ့လက်ထပ်ပြီး ည ၁၁နာရီမှာ ရှိုချင်းက ကျွန်တော့်ကို ရုတ်တရက်ဖုန်းဆက်လာတယ်။"

"းရှိုချင်းက ဖုန်းထဲမှာ အဆက်မပြတ်ငိုနေခဲ့တယ်။

ဘာဖြစ်လို့လဲမေးတော့ သူမအိပ်ယာပေါ်မှာ အဝတ်အစားတစ်စုံပိုနေတယ်လို့ပြောတယ်။

ဘာအဝတ်လဲမေးတော့ ကိုယ်ဝန်ဆောင်အဝတ်လို့ပြောတယ်။

ဒါပေမယ့် အဲ့ဒါက သူတို့အိမ်မှာ မရှိဘူး။

သူမက ကိုယ်ဝန်ရှိနေပေမယ့် ကိုယ်ဝန်ဆောင်အဝတ်တွေက မဝယ်ရသေးဘူး။

အဝတ်တွေက ခေါက်ပြီး အိပ်ယာပေါ်တင်ထားတယ်။

ရှိုချင်းက အဲ့ဒီမိသားစုသုံးယောက်ကိုသတိရမိပြီး အဝတ်တွေကိုယူပြီး အပြင်မှာမီးရှို့လိုက်တယ်။"

"မီးရှို့ပြီးပြန်လာတဲ့အခါ သူမတစ်ယောက်တည်းမအိပ်ရဲလို့ သူမ အမေနဲ့အတူအိပ်ခဲ့တယ်။

ဒါပေမယ့် ည ၁၁နာရီလောက်မှာ အိပ်နေရင်း လေအေးတစ်ခုက သူမမျက်နှာကို တိုက်လို့ နိုးလာခဲ့တယ်။

မျက်လုံးဖွင့်ကြည့်တော့ အခန်းထဲမီးတွေက ပိတ်ထားတာကို တွေ့လိုက်ရတယ်

သူမအမေ သူမရဲ့ အဝတ်တွေချိတ်ဖို့ ထားတဲ့ ချိတ်တွေက အိပ်ယာဘေးမှာရှိနေပြီး သူမရှင်းရှင်းလင်းလင်းကို မီးရှို့ပြီးသားအဝတ်တွေက အဲ့ဒီချိတ်ပေါ်မှာ ပြန်တွဲနေခဲ့တယ်။"

"းရှိုချင်းက အရမ်းကြောက်ပြီး အော်ငိုခဲ့လိုက်တယ်။

သူမအမေလည်း နိုးလာပြီး ဘာဖြစ်တာလဲလို့ မေးခဲ့တယ်။

ရှိုချင်းကလည်း အရာအားလုံးကိုပြောပြလိုက်တယ်။

အဒေါ်နဲ့ ဦးလေးတို့က အဲဒီအရာတွေကိုယုံကြည်လို့ တစ်မိသားစုလုံးက ရှိုချင်းနဲ့အတူနေပေးခဲ့တယ်။ ပြီးတော့ ရှိုချင်းက ဒါရိုက်တာချန်း တစ်ခုခုသိလိမ့်မယ်လို့ပြောပြီး ကျွန်တော်ကိုဒီလာခိုင်းခဲ့တယ်။"

လျှန်ဇီက ပြောစရာရှိသမျှပြောပြီးတဲ့အခါ ကျန်းရီက သက်ပြင်းအရှည်ကြီးချလိုက်ပြီး "ဒါရိုက်တာချန်း နောက်ထပ်ပြောစရာရှိသေးလား? အဲဒီခွဲစိတ်မှုမှာ သေဆုံးနေတဲ့ ကလေးကိုချပြီးနောက်မှာ ရှိုချင်းကြောက်ပြီးအော်တဲ့အခါ သင့်အနေနဲ့ နောက်ပြန် လှည့် မကြည့်ခဲ့ဘူး မှန်တယ်မလား?" လို့မေးလိုက်တယ်။

"ဟုတ်တယ်၊ ဆေးပညာတွေ သင်ယူတုန်းက ကျွန်မဆရာမက အရမ်းအဆင့်မြင့်တဲ့ ပါမောက္ခဖြစ်တယ်။

သူမက ကျွန်မကိုအိမ်ခေါ်ပြီး ဆရာဝန်ဖြစ်လာရင် အထူးသဖြင့် သားဖွားအထူးကုဆရာဝန်တွေ သတိထားရမယ့်အရာတွေရှိတယ်လို့ ပြောဖူးတယ်။

သားဖွားအထူးကုဆရာဝန်တွေဟာ သေဆုံးသွားတဲ့ ကလေးတွေကို ရှင်းရတဲ့ကိစ္စနဲ့ မလွဲမသွေကြုံရမယ်။

သူမပြောတာက မွေးဖွားရာမှာဖြစ်တဲ့အရာအားလုံးထဲမှာ ကလေးအသေတွေနဲ့ ကြုံရတာက အန္တရာယ် အရှိဆုံးပဲတဲ့!"

"ဒါကကျွန်မဆရာမရဲ့ သတိပေးစကားပဲ။

အဲဒီတုန်းက ကျွန်မက ဆရာဝန်တွေလည်း အယူသီးတာပဲလို့ ပြောမိလိုက်တယ်။

ဆရာမက ကျွန်မတို့ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေအယူသီးတာ မမှားဘူး။

သိပ္ပံကိုယုံကြည်ရမယ်၊ ဒါပေမယ့် တစ်ဖက်မှာလည်း သရဲတစ္ဆေတွေကို ရှိတာကို သိထားရမယ်

ကလေးအသေကိုထုတ်တဲ့အခါ လှည့်မကြည့်နဲ့၊ ဘာမှ မသိသလိုနေလိုက်လို့ ပြောခဲ့တယ်!"

"ဘာကြောင့်လဲလို့မေးတော့...

ကလေးအသေကို မွေးတာက ကလေးသေတာထက် ပိုပြီးလေးနက်တယ်။

ဘာလို့လဲဆိုတော့ ကလေးက လူဖြစ်ဖို့အခွင့်အရေးရခဲ့တယ်၊ ဒါပေမယ့် ကမ္ဘာကြီးကိုတောင် မမြင်လိုက်ရသေးဘူး သေသွားခဲ့တယ်။

ဒါကြောင့် အမျက်တွေ၊ နာကြည်းမှုတွေ အရမ်းများလိမ့်မယ်။ ဒါကြောင့် မကြည့်နဲ့၊ ဂရုမစိုက်နဲ့။

လုပ်ထုံးလုပ်နည်းအတိုင်းလုပ်လိုက်၊ ဒါမှမဟုတ်ဘဲ ထူးဆန်းစွာ ကြည့်မိလိုက်ရင် တစ္ဆေတွေနဲ့ ငြိသွားနိုင်တယ်။"

"ရှိုချင်းမှာ ဖြစ်နေတာက သူမက ကလေးအသေကို ပုံမှန်မဟုတ်တဲ့အမြင်နဲ့ ကြည့်မိလိုက်လို့ပဲလို့ ထင်တယ်။"

ဒါရိုက်တာချန်း ပြောပြီးတဲ့အခါ ကျန်းရီက " ဒါရိုက်တာချန်း သိတဲ့အရာတွေထဲက အချို့က တကယ် အမှန်တွေဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါရိုက်တာချန်းသိတာ ဒါတွေတင်မဟုတ်သေးဘူးမလား?" လို့ မေးလိုက်တယ်။

"ကျွန်မ လူနာတင်ယာဉ် မြစ်ထဲကျသွားတဲ့နေရာကို သွားခဲ့ဖူးတယ်။"

"ဟမ်? ဒါဆို ဘာတွေသိလိုက်လဲ?"

"အသံသွင်းထားတဲ့ အရာတစ်ချို့ကို ဖွင့်ပြမယ်။ ဒီအသံတွေထဲမှာ ငါးဖမ်းသူတွေနဲ့ သေဆုံးသူရဲ့ မိသားစုဝင်တွေရဲ့ အသံတွေပါဝင်တယ်!"

All Chapters