← Chapters

ဟွမ်ဂူ !

Vol. 12 Ch. 159

ဟွမ်ဂူ !

Vol. 12 Ch. 159

ဒါရိုက်တာ ချန်း ဟာ အတွေ့အကြုံရင့်သူတစ်ဦးဖြစ်တာကြောင့် လူနာတင်ယာဉ် မြစ်ထဲကျတဲ့အကြောင်း စုံစမ်းဖို့သွားတဲ့အခါ အဲဒီအချိန်က စကားပြောဆိုမှုတွေကို အသံသွင်းထားခဲ့ပါတယ်။

အသံသွင်းထားရင် ဘာအကျိုးသက်ရောက်မှုရှိမလဲဆိုတာ သူမ မသိပေမယ့်၊ အခုအချိန်မှာတော့ အဲဒီအသံသွင်းချက်တွေက အချိန်ကုန်သက်သာစေပြီး ကျန်းရီ ကို အဖြစ်အပျက်ရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို ပိုရှင်းလင်းစွာ နားလည်စေပါတယ်။

ပထမအသံသွင်းထားတာက အဲဒီအချိန်က လူနာတင်ယာဉ်မောင်းသမား အကိုမာ ရဲ့ဇနီးဆီကဖြစ်ပါတယ်။

"အဟွတ်း... အဟွတ်...တောင်းပန်ပါတယ်၊ အခုတလော နေမကောင်းဖြစ်ပြီး ချောင်းတွေဆိုးနေတယ်၊ ဒါရိုက်တာချန်း ဒီကိစ္စဖြစ်ပြီးတာ ၁၀ နှစ်တောင်ရှိပြီ၊ ဘာတွေထပ်မေးစရာရှိလို့လဲ?"

"သင်က အရင်က ကားမောင်းသမား အစ်ကိုမာ ရဲ့ဇနီးဖြစ်တယ်နော်။ မတော်တဆဖြစ်ခါနီးမှာ အစ်ကိုမာ မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေပြတာရှိလား?"

"အဲ့ဒါ... အဟွတ်... သေချာ မမှတ်မိတော့ဘူး။ အဲ့တုန်းက အစ်ကိုမာ က ပုံမှန်အတိုင်းပဲ အလုပ်သွား၊ အလုပ်ပြန် လုပ်နေတာပဲ။ အင်း... ကျွန်မသမီးကတော့ နည်းနည်းထူးဆန်းနေတယ်။"

"ဟမ်...ဘာကို ထူးဆန်းတာလဲ?"

" အစ်ကိုမာ မတော်တဆဖြစ်တဲ့ ညမတိုင်ခင် သမီးက အထက်တန်းစာမေးပွဲဖြေရမယ့် ကာလလေ။ ညအချိန်မှာ ငိုပြီးနိုးလာခဲ့တယ်။ ဘာဖြစ်လို့လဲလို့ မေးတော့... အစ်ကိုမာ ရေထဲကျပြီး အကူအညီတောင်းနေတဲ့အိပ်မက်မက်တယ်တဲ့။ သူမ ကယ်လို့ မရခဲ့ဘူး ပြီးတော့ အစ်ကိုမာ ရေနစ်သေတာကို သူမ မျက်လုံးနဲ့ ကိုယ်တိုင် ကြည့်နေခဲ့ရတယ်တဲ့။"

"အဲဒီတုန်းက ကလေးစိတ်ဖိစီးလို့အိပ်မက်ဆိုးမက်တာပဲ ထင်ခဲ့တာ။ နောက်နေ့ အစ်ကိုမာ မတော်တဆဖြစ်တော့မှ အံ့အားသင့်ခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စကို သမီးကို ကိုယ်တိုင်မေးသင့်တယ်။ ဒါသူမရဲ့ဖုန်းနံပါတ် 139****"

ဒုတိယအသံသွင်းချက် – အစ်ကိုမာ ရဲ့သမီးနဲ့ပြောဆိုမှု

" အမ်..ဟဟ... မထင်ထားဘူး ဒီလောက်ကြာသွားခဲ့တာတောင် တစ်ယောက်ယောက်က အဖေ့ကို မှတ်မိနေအုံးမယ်လို့၊

ဘာလဲ သူ့ကို အပြစ်ပြောအုံးမလို့လား? အဲ့ဒီ အဖြစ်အပျက်မှာ လူတွေက အဖေ့ကိုပဲ အပြစ်တွေ ပုံချခဲ့တယ်။

ဆေးရုံက ပင်ပန်းပြီးမောင်းတယ်လို့ ပြောတယ်၊ လူနာမိသားစုကလည်း အဖေက သူတို့ကို သတ်တာတဲ့ ။ ဒါပေမယ့်... အဖေလည်း သေသွားတာပဲလေ!"

"မစ် မာ ကျွန်မက မင်းအဖေကို အပြစ်တင်ဖို့ လာတာမဟုတ်ဘူး။ မကြာခင်ကမှ မင်းအဖေမောင်းခဲ့တဲ့ လူနာတင်ယာဉ် (နံပါတ် 03046) ကိုမြင်ခဲ့လို့ပါ။"

"ဘာ?! အဲဒီယာဉ်ကို မြင်တယ်?! မဖြစ်နိုင်ဘူး...လိုင်စင်နံပါတ်ကို ပြန်သိမ်းထားတာလား၊ ငါမှတ်မိတာတော့ ယာဉ်ကို ဖျက်ဆီးပစ်လိုက်တယ်ထင်တယ်။"

"မဟုတ်ဘူး၊ သေချာတာကတော့ သတင်းထဲမှာ မင်းအဖေရဲ့ ဓာတ်ပုံကို တွေ့လိုက်ရတယ်။ ကားမောင်းနေတဲ့သူက မစ်မာရဲ့ အဖေပဲထင်တယ်။"

"ဟ... သူ အခုထိရှိနေတာလား? ဒါဆို ဘာလို့ သူ့သမီးကို လာမတွေ့ရတာလဲ? အဖွားအဖိုးတွေလည်းဆုံးသွားပြီ၊ အမေကလည်း သမီးကို ၁၈ နှစ်ထိပြုစုပြီး အခုအိမ်ထောင် ထပ်ပြုထားတယ်။ သူမသိဘူးလား သူ့သမီး သူ့ကို ဘယ်လောက်တွေ့ချင်နေမှန်း?!"

" မစ်မာ, အဖေ့ကို နောက်ထပ် အိပ်မက် မမက်ဖူးလား? မင်း အမေဆီကနေ အဖေ မတော်တဆဖြစ်ခါနီးက အိပ်မက်အကြောင်းကြားခဲ့ရတယ်။"

" အဲ့ဒီအိပ်မက်က အရိပ်အရောင်လိုပဲ။ အဲ့ဒီ အိမ်မက်ထဲက ပုံရိပ်တွေကို အခုထိ သေသေချာချာ မှတ်မိနေတုန်းပဲ

အဖေ ရေထဲကျသွားခဲ့တယ်၊ အဲ့ဒီ မြစ်ထဲကိုပေါ့။ ဒါပေမယ့် အဲဒီအချိန်တုန်းက အဲ့မြစ်ကို ဘယ်လိုခေါ်မှန်း မသိခဲ့ဘူး။

သိခဲ့ရင် အဖေ့ကို သတိပေးခဲ့မှာပဲ။

အဖေရေပေါ်မှာမျောနေတာ၊ တံတားပေါ်ကနေငိုပြီး 'အဖေ... အဖေ၊ ကူညီပါ... တစ်ယောက်ယောက် အဖေ့ကိုကူညီပါ!' ဆိုပြီးအော်နေခဲ့တာ။ ဒါပေမယ့် ဘယ်သူမှမကြားဘူး။ အဖေ အရင်ရေပေါ်ပေါ်လာပြီး နောက်ကျတော့ ရေထဲနစ်သွားတယ်။

အချိန်တော်တော်ကြာတော့ နောက်တစ်ခါ ရေပေါ်ပေါ်လာတော့ ပါးစပ်က ဟပြီး၊ မျက်လုံးကလည်း ပြူးနေပြီး ရေပေါ်မှာ မလှုပ်မယှက်နဲ့ မျောနေခဲ့တယ်..."

အသံသွင်းထားတာက ခဏလောက် ရပ်တန့်သွားပြီးတော့ နောက် ဒါရိုက်တာ ချန်းရဲ့ အသံထွက်ပေါ်လာခဲ့သည်- " အဲ့ဒီအိမ်မက်အပြင် တစ်ခုခု ထူးဆန်းတာများ တွေ့မိသေးလား?"

" ငိုနေတဲ့ အသံ၊ ကလေးတစ်ယောက်ရဲ့ ငိုသံ

အူဝဲ....အူးဝဲ....

အလောင်းကို ရှာတွေ့ပြီးနောက် မိသားစုနဲ့အတူ ရဲတွေနဲ့ သွားကြည့်တုန်း အလောင်းနားကဖြတ်သွားတော့ ကလေးငိုသံကို ကြားရတယ်။

မွေးကင်းစ ကလေးတစ်ယောက်ရဲ့ ငိုသံ

အမေကိုပြောတော့ အမေကကြောက်လန့်ပြီး 'ကလေးအကြောင်းထပ်မပြောနဲ့၊ ကိုယ်ဝန်သည်မိသားစုက ပြဿနာ ရှာရင် ဘယ်လိုလုပ်မလဲ' ဆိုပြီးဆူခဲ့တယ်။"

"ဒါပါပဲ ငါ ဘာမှ ဆက်မပြောတော့ဘူး၊ ပြီးတော့ ကိစ္စကတွေလည်း ပြီးသွားခဲ့တယ်

ဒီအကြောင်းတွေကို နှလုံးသားထဲမှာပဲ သိမ်းထားလိုက်တယ်

"အော်..ဒါနဲ့..နောက်ပိုင်း ဒီအကြောင်းကို အဲဒီကိုယ်ဝန်သည်ရဲ့အမေ၊ အဖွားတစ်ယောက် ကိုပြောခဲ့ဖူးတယ်။

အဲ့တုန်းက အကုန်လုံးက အဖေ့အပေါ်ကိုပဲ အပြစ်တွေ ပုံချခဲ့တယ်။

အဖေကားမောင်းခဲ့တာ ဆယ်နှစ်ကျော်ပြီ ပြီးတော့ ဘာ မတော်တဆမှလည်း မဖြစ်ခဲ့ဖူးဘူး။

အဖေ ပင်ပန်းနေချိန် ကားမောင်းလိမ့်မယ်လို့ မထင်ဘူး။

ငါထင်တာ အဲ့ဒီညက မတော်တဆမှုက တစ်စုံတစ်ခုကြောင့် ဖြစ်ခဲ့တာထင်တယ်၊ ကျွန်မ အဖေက တာဝန်ရှိတယ်ဆိုရင်တောင်မှ သူ့အပြစ်တွေချည်းပဲ မဟုတ်ဘူး"

( ဒီနားမှာ MTL ကိုက ပြတ်နေခဲ့တာ သည်းခံဖတ်ပေးကြပါခင်ဗျာ)

တတိယအသံသွင်းထားမှု – အိမ်နီးနားချင်းကို မေးမြန်းခြင်း

"ဟွမ်ဂူ? အာဖေး မိသားစုမှာ ဟွမ်ဂူ ဆိုတဲ့သူမရှိဘူး။ မကြားဖူးပါဘူး!"

ကိုယ်ဝန်သည်ရဲ့ခင်ပွန်းမိသားစုနဲ့မေးမြန်းခြင်း -

"ဟွမ်ဂူ? ခမည်းခမက် မိသားစုမှာ ဟွမ်ဂူ ဆိုတဲ့ဆွေမျိုးမရှိပါဘူး...!"

All Chapters