အနီကိုလိုက် အဖြူကိုကြည့်
Vol. 12 Ch. 160
ဒါရိုက်တာ ချန်း ဖွင့်ပြခဲ့တဲ့ အသံသွင်းထားမှုတွေအားလုံး ပြီးဆုံးသွားပါပြီ။
ဒီအသံသွင်းထားမှုတွေထဲမှာ အာရုံစိုက်စရာအကောင်းဆုံးကတော့ ဟွမ်ဂူ ပဲဖြစ်တယ်။
ဒါပေမယ့် ကွယ်လွန်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အမေရဲ့ အသံသွင်းထားမှုကိုကြည့်ရင် အသက်အရွယ်ကြောင့် စိတ်မနှံ့တော့တာ သေချာနေပီ ဖြစ်သည်။
ဒါရိုက်တာ ချန်း ကလည်း အဲ့ဒီအချိန်မှာ ပြောလိုက်တာက-
"မတော်တဆဖြစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကျိုလင်းလို့ခေါ်တယ်
ကျိုးလင်အမေက အခုအခါမှာ Alzheimer ရောဂါဖြစ်နေပြီး မှတ်ဉာဏ်လည်း ချို့ယွင်းနေတော့ ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုလို့မရတော့ဘူး။
ဒါပေမယ့် ကျွန်မ သတိထားမိတဲ့ အသေးစိတ်တစ်ခုက ဟွမ်ဂူ ဆိုတာ ဘယ်သူလဲလို့ အဘွားကြီးကိုမေးတဲ့အခါ သူမရဲ့မျက်နှာအမူအရာက တုံ့ဆိုင်းနေတာပဲ။
"သူမ ၄-၅စက္ကန့်လောက် ငေးငိုင်နေပြီးတော့ 'ကျောင်းသီချင်း' ကို ရုတ်တရက် ဆိုလိုက်တယ်၊ ကျွန်မ လည်း ဆက်မေးလို့မရတော့ဘူး။ အစအဆုံးထိ ဒီသီချင်းကိုပဲ အထပ်ထပ်သီဆို နေခဲ့တယ်။"
"ဒီကလေးသီချင်းနဲ့ အဲဒီအချိန်က အဘွားကြီးရဲ့တုံ့ပြန်မှုကိုကြည့်ရင် ဟွမ်ဂူ ဟာ ကျိုးလငးအမေရဲ့သမီး ဖြစ်နိုင်တယ်လို့ထင်ရတယ်။
ဒါပေမယ့် ကျိုးလင် အမေမှာ တကယ်ပဲ သမီးတစ်ယောက်ရှိခဲ့မယ်ဆိုရင် အဲဒီအချိန်က ကွယ်လွန်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ခင်ပွန်းရဲ့မိဘတွေက ဒါ ကို မသိဘူးလား?"
ကျန်းရီကလည်း ဒါကိုကြားတော့ ထူးဆန်းနေပြီး ရှိုချင်းရဲ့မိသားစုသုံးယောက်ကို ချိတ်ဆက်စဉ်းစားမိလိုက်တယ်၊ နောက်ပိုင်းမှာ ပေါ်လာတဲ့ ကိုယ်ဝန်ဆောင်အဝတ်အစားတွေ
ခွဲစိတ်ကုသမှုအတွင်းက ဗိုက်ခွဲထုတ်လိုက်ရတဲ့ သေဆုံးသွားတဲ့ကလေး နဲ့ ဟွမ်ဂူ လို့ခေါ်တဲ့သူတို့။
ဒါတွေက ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်ဘူးလို့ထင်ရတယ်။
ကျန်းရီက ခဏလောက်စဉ်းစားပြီး မေးလိုက်တယ်-
"ခွဲစိတ်ကုသမှုခံယူတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ပတ်သက်တဲ့ အသံသွင်းထားတာရှိလား?"
"အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို နောက်ပိုင်းသွားတွေ့ခဲ့တယ်၊ ဒါပေမယ့် အသံတော့ မသွင်းခဲ့ဘူး။ သူမနဲ့ဆက်သွယ်ပြောဆိုရာမှာ ဘာပြဿနာမှ မရှိခဲ့ဘူး၊ ပြီးတော့ ကလေးကိုဆေးရုံကို လာခွဲတဲ့အခါ ပြဿနာတစ်ခုခုရှိခဲ့လားလို့မေးတော့ သူမကလည်း မရှိဘူးလို့ပြန်ဖြေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမဗိုက်ထဲမှာ ကလေးလှုပ်ရှားနေတာကို အမြဲခံစားရလို့ပဲ။"
"ဒါဆို အဲ့ဒီညမှာ ဘယ်လို လဲကျသွားတာလဲ?"
"အဲ့ဒါကိုလည်းမေးခဲ့တယ်၊ သူတို့ပြောတာက လှေကားကနေ လိမ့်ကျသွားတာလို့ပြောတယ်။"
"ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ဖုန်းနံပါတ်ရှိလား? ကျွန်တော် ကိုယ်တိုင်ပဲ မေးလိုက်မယ်။"
ကျန်းရီက ပြောလိုက်ရာ ဒါရိုက်တာချန်းက သူ့ဖုန်းကို ရှာဖို့ သွားခဲ့တယ်။
လျှန်ဇီက နည်းနည်းစိတ်မရှည်ဘဲမေးလိုက်တယ်-
" စတွင်မာ တကယ်ပြောရမယ်ဆိုရင် ဒီကိစ္စက ကျွန်တော်နဲ့ရှိုချင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ဘာလို့များ သူမက ရှိုချင်းကို လိုက်နှောက်ယှက်နေတာလဲ?"
"စိတ်မပူနဲ့၊ ဆက်ပြီးတော့ အဖြေရှာနေရင် အကြောင်းရင်းကို ရှာတွေ့နိုင်မှာပါ
အိုး...ဒါနဲ့ အခုအချိန်မှာ ရှိုချင်းကိုလာဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက်ပါ။
သူမရဲ့မိသားစုကိုဖုန်းဆက်ပြီး ကားစီစဉ်ခိုင်းလိုက်၊ မှတ်ထားပါ ကားထဲမှာ ခုံမလွတ်စေနဲ့၊ လူအရေအတွက်ရှိသလောက် ခုံရှိတဲ့ ကားနဲ့ လာပါစေ၊ သဘောပေါက်လား?"
"အိုကေ၊ ကျွန်တော်နားလည်ပါတယ်၊ အခုပဲ ဖုန်းဆက်လိုက်မယ်။"
လျှန်ဇီဖုန်းဆက်နေစဉ် ဒါရိုက်တာချန်းက အခြားဖုန်းတစ်လုံးနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့နံပါတ်ကိုဆက်လိုက်တယ်။
ဖုန်းဆက်သွယ်မှုရတဲ့အခါ ဒါရိုက်တာချန်းက-
"မစ္စတာကျန်းရီနဲ့ဆက်သွယ်ပြီးပါပြီ၊ စကားပြောကြရအောင်။"
"အိုကေ၊ မင်္ဂလာပါ အစ်မ လူး ဒါရိုက်တာချန်းက သင့်ကို တစ်ခုခုပြောပြီးသွားပြီထင်တယ်။"
"ဟုတ်ကဲ့၊ မစ္စတာကျန်းရီက ကျွန်မဆီက ဘာသိချင်တာလဲ?"
"အဲဒီညမှာ ဒါမှမဟုတ် သင့်ကိုယ်ဝန်၇-၈လအတွင်းမှာ သင့်အနေနဲ့ နားမလည်နိုင်တဲ့အရာ တစ်ခုခုများ ရှိခဲ့လား?"
ဖုန်းအခြားဖက်က သေဆုံးသွားတဲ့ကလေးရဲ့မိခင်ဖြစ်တဲ့ အစ်မ လူး က စဉ်းစားပြီးပြောတယ်-
"မရှိပါဘူး၊ တကယ်ကိုမရှိပါဘူး...နေ့တိုင်းပုံမှန်ပါပဲ။
ဒီတစ်လကျော်လောက်အတွင်းမှာ ကျွန်မဗိုက်ထဲက ကလေးလှုပ်ရှားနေတာကို နေ့တိုင်းနီးပါးခံစားရတယ်။
ဒါကိုရဲတွေရဲ့ DNA စစ်ဆေးမှုနဲ့ သေဆုံးရတဲ့အကြောင်းရင်းတွေက အတည်မပြုနိုင်ခဲ့ဘူး"
"အင်း၊ ဒီမေးခွန်းကို အစ်မ အကြိမ်ကြိမ်ဖြေခဲ့ရမယ်ထင်တယ်။ ဒီတော့ ကျွန်တော်ထပ်မေးမယ်၊ ၁၀နှစ်တုန်းက ဖြစ်ခဲ့တဲ့မြစ်နားကိုသွားဖူးလား? မှတ်မိမယ်ဆိုရင် အဲဒီမြစ်က ယွန်းရှန် မြစ်လို့ခေါ်တယ် မလား?"
"သွားဖူးတယ်၊ အဲဒီနေရာကို တစ်ကြိမ်ထက်ပိုသွားဖူးတယ်။ ပြီးတော့ လှေလည်းစီးဖူးတယ်၊ ဘာလို့လဲဆိုတော့ ယွန်းရှန်မြစ်က ဒီမှာအကြီးဆုံးမြစ်ဖြစ်ပြီး ခရီးသွားစရာနေရာလည်းဖြစ်တယ်။ ကိုယ်ဝန်မရှိခင်က အဲဒီမှာသွားပြီးကစားဖူးတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိပြီးတဲ့နောက်ပိုင်းမှာတော့ မသွားဖူးတော့ဘူး။"
ကျန်းရီကလည်း ဒါကိုကြားတော့ နဖူးကြုတ်သွားခဲ့တယ်။
ဒါဆိုရင်တော့ ဒီကိစ္စက ထူးဆန်းနေပြီ။
သူမကိုယ်ဝန်မရှိခင်က အဲဒီမှာမကြာခဏသွားဖူးပေမယ့် ကိုယ်ဝန်ရှိပြီးတဲ့နောက်ပိုင်းမှာတော့ ဘာလို့မှမသွားတော့တာလဲ? ဒါဆို သူမဗိုက်ထဲက သေနေတဲ့ကလေးက ဘယ်ကလာတာလဲ?
အဲ့ဒီသေနေတဲ့ ကလေးကြောင့်ပဲ နောက်ပိုင်းဖြစ်ရပ်တွေက ဖြစ်လာတာဖြစ်တယ်။
"လျှန်ဇီ၊ ရှိုချင်း၊ ငါ့စကားကို ကြားရသေးလား?" ကျန်းရီက ဒီအချိန်မှာ ရုတ်တရက်အော်လိုက်တယ်။
ဖုန်းဆက်ပြီးပြီးချင်း ဒါရိုက်တာချန်း ဆီပြန်လာတဲ့ လျှန်ဇီက ပြန်ဖြေလိုက်တယ်-
"ဟုတ်ကဲ့၊ စတွင်မာ ဘာလုပ်ပေးရမလဲ?"
"ရှိုချင်းကိုမေးကြည့်ပါ၊ အဲဒီကိုယ်ဝန်ဆောင်အဝတ်အစားက ဘယ်လိုပုံစံလဲလို့?"
"အနီရောင်အဝတ်အစား၊ ပခုံးမှာ ကြိုးနှစ်ချောင်းပါတယ်။ ရှိုချင်းက ဘယ်ပစ္စည်းနဲ့လုပ်ထားတယ်ဆိုတာတော့ မပြောဘူး။"
"အနီရောင်အဝတ်အစား၊ ကြိုးနှစ်ချောင်းပါတယ်?"
"ဟုတ်တယ်။"
ဒီမေးခွန်းကို ကျန်းရီမဟုတ်ဘဲ သေဆုံးသွားတဲ့ကလေးရဲ့မိခင် အစ်မလူးက မေးတာဖြစ်သည်။
"ကျွန်မလည်း အဲဒီနေ့ အနီရောင်ကိုယ်ဝန်ဆောင်အဝတ်အစားဝတ်ထားတယ်၊ ပုံစံလည်းဆင်တူတယ်!"
ကျန်းရီက ဒါကိုကြားတော့ အာရုံစိုက်သွားတယ်။ စဥ်းစားပြီးတဲ့နောက်မှာ အစ်မလူးက ကြောက်လန့်တကြားပြောတယ်-
"ဟုတ်တယ်၊ နောက်ဆုံးအကြိမ်... ယွန်းရှန်မြစ်ကိုသွားတုန်းက ကျွန်မ အနီရောင်စကတ်ကို ဝတ်ထားခဲ့တယ်။ ဒါပေမယ့်၊ အဲဒီနေ့ ယွန်းရှန်မြစ်နားမှာ အနီရောင်စုတ်ပြဲနေတဲ့စကတ်တစ်ထည် သစ်ပင်မှာချိတ်ထားတာကိုတွေ့ခဲ့တယ်!"
"အဲဒီအဝတ်အစားကိုတွေ့တော့ ကျွန်မတုန်လှုပ်သွားတယ်။ အဲဒီအချိန်က ကျွန်မနဲ့ကျွန်မခင်ပွန်း ချစ်ကြိုက်နေဆဲ အချိန်ဖြစ်တယ်။ နှစ်ယောက်လုံးက သစ်ပင်မှာလူတစ်ယောက်ချိတ်နေတယ်ထင်ပြီး ပြေးသွားကြည့်တော့ စုတ်ပြဲနေတဲ့အဝတ်အစားတစ်ထည်ပဲဆိုတာ သိလိုက်ရတယ်။"
ဒီစကားလုံးတွေထွက်လာတာနဲ့ အားလုံးက နားလည်သွားသလိုဖြစ်သွားခဲ့တယ်။ ကျန်းရီက ထပ်မေးလိုက်တယ်-
"လျှန်ဇီ၊ မင်းနဲ့ရှိုချင်း အဲဒီနေ့ချိန်းတွေ့တုန်းက ရှိုချင်းဘာဝတ်ထားတာလဲ?"
"အနီရောင် စကတ်!"
"ဟုတ်တယ်၊ ဖျော်ဖြေရေးလောကမှာ နာမည်ကြီးဖို့ ဘာမှဆိုလုပ်တဲ့သူတွေကို အနီရောင်ထိပ်ဖြူတွေလို့ လူတွေက လှောင်ပြောင်ကြတယ်။
ဒါပေမယ့် ကျေးလက်ဒေသမှာတော့ 'အနီကိုလိုက်၊ အဖြူကိုကြည့်' ဆိုတဲ့ အယူအဆရှိတယ်။
တစ်ကယ်လို့ တစ္ဆေတစ်ကောင်ရှိမယ်ဆိုရင်၊ မင်းအနီရောင်ဝတ်ထားရင် လိုက်မယ်၊ အဖြူရောင်ဝတ်ထားရင် စောင့်ကြည့်မယ်။"
"စကားလုံးနှစ်လုံးက ဆင်တူပေမယ့် အဓိပ္ပာယ်က တခြားစီဖြစ်နေတယ်။ ဒါကြောင့် မင်းတို့ကိုလိုက်နေတာ။ မင်းတို့ကို မလိုက်ရင် ဘယ်သူ့ကိုလိုက်ရမှာလဲ?"
တိုက်ရိုက်ထုတ်လွှင့်ခန်းက လူတွေအားလုံး တိတ်ဆိတ်သွားခဲ့တယ်။ အရင်ကတော့ ဘာမှန်းမသိဘဲ ရှုပ်ထွေးနေခဲ့ကြတာ ဖြစ်တယ်
အခုဒီလိုပြောလိုက်တော့ ရုတ်တရက်ရှင်းသွားခဲ့သည်။
" အစ်မလူး၊ ကျွန်တော့်ခန့်မှန်းချက်မှန်မယ်ဆိုရင် အစ်မ နောက်ဆုံးအကြိမ် ယွန်းရှန် မြစ်ကိုသွားတုန်းက ကိုယ်ဝန်ရှိနေပြီဖြစ်မယ်၊ ဒါပေမယ့် ထုတ်မပြောသေးတာဖြစ်မယ်။ ဒါပေမယ့် ဆရာဝန်ထုတ်ပေးတဲ့နေ့အရဆိုရင် အဲဒီအချိန်က ကိုယ်ဝန်ရှိနေတာသေချာတယ်မလား?"
ဖုန်းအခြားဖက်က သေဆုံးသွားတဲ့ကလေးရဲ့မိခင်က ဒါကိုကြားပြီး "ဟမ်"ဆိုပြီးသဘောတူခဲ့တယ်- "ဟုတ်တယ်၊ တွက်ကြည့်ရင် တကယ်ပဲကိုယ်ဝန်ရှိနေပြီ။"
"ဒါဆိုရင် ဒါကကလေးရဲ့အသက်ပဲ။ အစ်မ လဲကျတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့မျက်လုံးကိုထိခိုက်စေခဲ့တယ်!"
ကျန်းရီစကား ပြောလို့ပြီးတဲ့အခါ အားလုံးက သူပြောတဲ့သူ ဘယ်သူလဲဆိုတာ နားလည်သွားခဲ့ကြတယ်!