← Chapters

ဇာတ်သိမ်း မလှခဲ့သည်များ

Vol. 12 Ch. 165

ဇာတ်သိမ်း မလှခဲ့သည်များ

Vol. 12 Ch. 165

အဖွားကျိုးက ထိုနှစ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်း ပြောပြခဲ့သည်။

ဟွမ်ဂူ၏ သေဆုံးမှုအကြောင်းကို ပြောပြီးနောက်​တွင် သူမ၏မျက်နှာသည် အေးစက်သွားခဲ့သည်။

"အဲ့ဒီအချိန်က ဟွမ်ဂူအကြောင်း မကောင်းပြောသူတိုင်း၊ အထူးသဖြင့် အကျယ်လောင်ဆုံးပြောခဲ့သူတွေ ဟားဟား... သူတို့အားလုံး မှားခဲ့ကြတယ်။

ကျွန်မအဒေါ်က ပထမဆုံးပဲ၊ ကျွန်မတို့ရဲ့ အဒေါ်အရင်း... ကျွန်မတို့ အဖေရဲ့ အစ်မအရင်း။

သူမက မြို့နယ်ကျန်းမာရေးဌာနက ဆရာဝန်မဟုတ်ခဲ့ရင် ကျွန်မ သူမကို ဒါမျိုးပြောမိမှာမဟုတ်ဘူး။

ကျွန်မက သူမကို ကျွန်မတို့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလို မှတ်ယူပြီး ဟွမ်ဂူကိစ္စကို အတူတူဖြေရှင်းပေးမယ်လို့ မျှော်လင့်ခဲ့တာ။"

"ဒါပေမယ့် ကျွန်မ အဲဒီတုန်းက အရမ်းငယ်ပြီးတော့ အတွေ့အကြုံမရှိခဲ့ဘူး။

ဆွေမျိုး၊ ဆွေမျိုးတွေဆိုတာ... ဆွေမျိုးတိုင်းကို ဆွေမျိုးလို့ မခေါ်နိုင်ဘူး။

တချို့ဆွေမျိုးတွေက သင့်အနာကို ဆားပွတ်ဖို့ပဲ ချောင်းနေလိမ့်မယ်၊ မင်းမိသားစုကို ဘယ်တော့မှ မထနိုင်အောင် လုပ်ပြီး သူတို့ကိုသာ အားကိုးရမယ့်ပုံစံနဲ့၊ ဒါကြောင့် သူမလည်း အပြစ်ဒဏ်ခံခဲ့ရတယ်။

အဲဒီတုန်းက မြို့နယ်ကျန်းမာရေးဌာနကလူတွေတောင် အထက်တန်းကျောင်းသူတစ်ယောက် လက်မထပ်ဘဲ ကိုယ်ဝန်ရှိခဲ့တဲ့ အရှက်ကွဲမှုအကြောင်းကို သိခဲ့ကြတယ်။"

"ဟွမ်ဂူ သေပြီးနောက်မှာ ကျွန်မအဒေါ်က သေလောက်အောင် ကြောက်ခဲ့ရတယ်။

သူမ ဖောက်ပြန်နေတုန်း အဲ့ဒီအချိန်မှာ ဟွမ်ဂူ ပေါ်လာခဲ့တယ်။

အဲဒီလူက သူမရဲ့မျက်နှာကို ပုဆိန်နဲ့ အပိုင်းပိုင်းလှီးပစ်ခဲ့တယ်၊ ပါးစပ်လည်း ဖြတ်ခံခဲ့ရတယ်။

နောက်ပိုင်း အဲဒီလူကို ညှင်းပန်းနှိပ်စက်တဲ့အခါ သူ့မှာ အပြစ်မရှိဘူးလို့ အော်နေပြီး အနီရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က သူ့လက်ကို ထိန်းချုပ်ထားတယ်လို့ ဆိုခဲ့တယ်။"

"ငါထင်တယ်၊ အနီရောင်ဝတ်အမျိုးသမီးက ဟွမ်ဂူပဲ ဖြစ်ရမယ်

နောက်ပိုင်းမှာ ရွာက ဝမ်အဒေါ်လည်း ဒုက္ခရောက်ခဲ့တယ်၊ အိုး...ဒါနဲ့

ဝမ်အဒေါ်က ကျွန်မအိမ်ကို လာပြီး ဟွမ်ဂူကို မကောင်းဆိုးဝါးလို့ ပြောခဲ့တဲ့သူပါ။

သူမလည်း ရေနစ်ပြီး သေဆုံးခဲ့တယ်၊ ဒါပေမယ့် သူမနစ်တဲ့နေရာက ရေမရှိလောက်တဲ့ မြောင်းငယ်လေးပါ၊ ရေက ဒူးထိတောင် မရောက်ဘူး။ ဒါပေမယ့် အဲဒီမြောင်းထဲမှာ နစ်သေသွားခဲ့တယ်။"

" အားလုံးလိုလိုပဲ ဟွမ်ဂူကို ထိုအချိန်က ဆဲဆိုခဲ့သူတွေထဲက တစ်ယောက်မှ ကောင်းကောင်းနေရတဲ့သူ မရှိဘူး။ ဒါပေမယ့် ကျွန်မ နားမလည်တာက ဟွမ်ဂူက သူ့ကိုယ်ပိုင်တူမကိုတောင် ဘာလို့ လွှတ်မပေးရတာလဲ! ကျွန်မ မှားခဲ့ရင်တောင် ကျွန်မအပြစ်ဖြစ်မှာလေ၊ လင်းလေးကို ဘာလို့ အပြစ်တင်ရတာလဲ?"

အဖွားကျိုးက အဆုံးမှာ မျက်ရည်ကျခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းက အလွန်တိတ်ဆိတ်နေပြီး၊ အဖွားကျိုး ပြောခဲ့သည်များကို လူတိုင်း စဉ်းစားနေကြသည်။

မကောင်းသော စကားများက လူတွေကို ထိခိုက် နာကျင်စေသည်။

ကျန်းရီက တိတ်တဆိတ်ကြည့်နေခဲ့ပြီး၊ အဖွား၏ မျက်နှာပေါ်က နီရဲနေမှု တဖြည်းဖြည်းပျောက်သွားသည်ကို မြင်တွေ့သောအခါမှ ပြောလိုက်သည်-

"အဖွား အရင်လှဲနေလိုက်ပါ။ အကယ်၍ အဖွားက တမင်တကာ ခေါင်းရှောင်ခဲ့တာ မဟုတ်ရင်၊ အဲဒီတုန်းက တကယ်ပဲ အဖွားအပြစ် မဟုတ်ပါဘူး။

အဲဒီခေတ်၊ အဲဒီအခြေအနေတွေအောက်မှာ၊ ဆွေမျိုးတစ်ယောက်က ဆရာဝန်ဖြစ်နေရင် လူတိုင်းက သူမဆီ အကူအညီတောင်းကြတာ သဘာဝပါပဲ၊ ဘာလို့လဲဆိုတော့ သူမက အဲဒါကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ခဲ့လို့ပဲလေ"

"ကျွန်မ ခေါင်းရှောင်ခဲ့တာမဟုတ်ပါဘူး။ အဲဒါက ကျွန်မကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ညီမလေးလေ သူမကို ဘယ်လိုနည်းနဲ့ ထိခိုက်စေချင်မှာလဲ?"

"ကျွန်တော် နားလည်ပါတယ်၊ ဒါဆို အဖွား အရင်လှဲအိပ်လိုက်ပါ၊ နောက်မှ ဟွမ်ဂူဆီသွားပြီး ရှင်းရှင်းလင်းလင်း မေးမြန်းကြည့်မယ်လေ၊ ဘယ်လိုထင်လဲ?"

"ဟုတ်တယ်... ကျွန်မ ဟွမ်ဂူကို သွားတွေ့မယ်။ သူမ ဘာလုပ်ချင်တာလဲ ရှင်းရှင်းလင်းလင်း မေးမြန်းချင်တယ်... ငရဲက သူမကို လက်မခံသေးဘူးလား?"

အဖွားက ပြောနေရင်းနဲ့ သူ၏ မျက်နှာက တဖြည်းဖြည်းဖြူဖတ်ဖြူရော်ဖြစ်လာပြီး၊ နောက်ပိုင်းမှာ မျက်နှာပေါ်တွင် အမည်းရောင်အရာများ ပေါ်လာခဲ့သည်။

အဖွားက တကယ်ပဲ အသက်ရှူရ ခက်ခဲနေပြီဖြစ်သည်။ လှဲနေပြီး မကြာမီ သူမက နှာခေါင်းမှ အသက်ရှူနိုင်ခြင်းမရှိတော့ဘဲ ပါးစပ်ဖြင့်သာ အသက်ရှူနေရသည်။

သူ၏ပါးစပ်က ဟနေပြီး၊ မကြာခင် တစ်စုံတစ်ခု သူ၏လည်ချောင်းထဲသို့ ဆင်းသွားကာ၊ နောက်ပိုင်းတွင် လှုပ်ရှားမှု လုံးဝမရှိတော့ပေ။

"အမေ?"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကျိုးလင်းက အော်ခေါ်ခဲ့သော်လည်း၊ အဖွားက တုံ့ပြန်ခြင်း မရှိခဲ့ပေ။

"အဖွား ဆုံးသွားပါပြီ။ ကျွန်တော် နောက်မှ နှိုးလိုက်မယ်" ဟု ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။

မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့သည် လောကတွင် အကူအညီမဲ့ဆုံး အရာများ ဖြစ်သော်လည်း ၎င်းတို့သည် ပြောင်းလဲလို့ မရသော အရာများဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှုသူများစွာတို့သည် မိမိတို့၏ချစ်ရသူများ သေဆုံးသည်ကို မျက်ဝါးထင်ထင် မြင်ဖူးခဲ့ကြသော်လည်း၊ ယခုလို ကြည့်ရှုရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။

မကြာမီ ဒါရိုက်တာချန်းက ဝင်လာပြီး အိပ်ယာပေါ်လှဲနေသော အဖွားကို ကြည့်ကာ သူမ၏လက်ဖုန်းကို ကောက်ယူလိုက်သည်။

"ဒါရိုက်တာချန်း၊ ဘိုးဘွားအိမ်ရာက လူတွေကို အသုဘအတွက် စီစဉ်ခိုင်းလိုက်ပါ။ အခု အစ်မဖုန်းနဲ့ လျန်ဇီကို ခေါ်ပြီး ယူရှန်းမြစ်တံတားပေါ်ကို ရှိုချင်း တို့နဲ့ တွေ့ဖို့ သွာလို​က်ပါ"

ကျန်းရီ ညွှန်ကြားပြီးနောက်၊ ဒါရိုက်တာချန်းက "အဖွားကော?" ဟု မေးလိုက်သည်။

"သူမက အစ်မကားထဲမှာ စောင့်နေလိမ့်တယ်"

ဒါရိုက်တာချန်းက ခဏလောက် အံ့အားသင့်သွားခဲ့သည်၊ ဒါပေမယ့် သူမ၏ကားတံခါးကို ဖွင့်လိုက်သောအခါ နောက်ခန်းထိုင်ခုံတွင် ထိုင်နေသော အဖွားကျိုးကို မြင်လိုက်ရသည်။

"မစ္စကျိုးလည်း ယောကျာ်းနဲ့အတူ လိုက်လာခဲ့ပါ၊ ဒီကိစ္စက နှစ်ပေါင်းများစွာကြာ​နေပြီ ဖြေရှင်းမှရမယ်။ တစ်ယောက်ချင်းစီရဲ့ပြဿနာကို ဖြေရှင်းတာလည်း ဖြေရှင်းတာပဲ၊ အားလုံးပြဿနာကို ဖြေရှင်းတာလည်း ဖြေရှင်းတာပဲ။ အတူတူ ဖြေရှင်းလိုက်ရအောင်"

ကျန်းရီ ပြောပြီးနောက်၊ လူအားလုံးက ယူရှန်းမြစ်ဆီသို့ ထွက်ခွာခဲ့ကြသည်။

မကြာမီ ယူရှန်းမြစ်တံတားရဲ့ တံတားဝင်ပေါက်တွင် ရဲကားမီးအနီရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် ရှိနေသည်ကို မြင်ရပြီး၊ တံတားပေါ်သို့ ဖြတ်သန်းမည့်ကားအားလုံးကို ယာယီရပ်တန့်ကာ လမ်းလွှဲရန် ညွှန်ကြားထားသည်။

ကျန်းရီက ဒီအကြောင်းတွေကို အသိမပေးထားသော်လည်း၊ တစ်စုံတစ်ယောက်က ဒီလိုလုပ်ဖို့ သိထားပြီးသားဖြစ်သည်။

တံတားတစ်ခုလုံးပေါ်တွင်၊ တစ်ဖက်တစ်ချက်စီမှ ကားနှစ်စီးသာ မောင်းနေသည်။

တစ်စီးက ရှိုချင်းနှင့် သူမ၏မိသားစု၊ နောက်တစ်စီးက ဒါရိုက်တာချန်းနှင့် လျှန်ဇီတို့ဖြစ်သည်။

ဒီကားနှစ်စီး ဆုံမိသောအခါ၊ ဆယ်နှစ်အကြာက လူနာတင်ကားမြစ်ထဲကျခဲ့သည့် နေရာတွင် ရပ်လိုက်ကြသည်။

"လျှန်ဇီ "

ရှိုချင်းက သူမ၏ချစ်သူကို မြင်သောအခါ ချက်ချင်းပြေးသွားပြီး သူ့ကို ဖက်လိုက်သည်။

လျှန်ဇီကလည်း ရှိုချင်းကို ဖက်ပြီး သူမ၏ကျောကို ပုတ်ကာ "အဆင်ပြေပါတယ်။ အခု စတွင်မာ ရှိနေပြီပဲ မကြာမီ လုံခြုံသွားမှာပါ" ဟု ပြောလိုက်သည်။

"အင်း... ကျွန်မ သိပါတယ်... နားလည်ပါတယ်"

နှစ်ယောက်လုံးကစကားအများကြီးမပြောကြပေ လူအားလုံးက ဒါရိုက်တာချန်း၏ ဖုန်းပေါ်က တိုက်ရိုက်ထုတ်လွှင့်ခန်းကို အာရုံစိုက်ကြည့်နေကြသည်။

ကျန်းရီက အချိန်ကို ကြည့်လိုက်ပြီး အဖွားကျိုးဘက်သို့ မျက်နှာမူကာ "အဖွား ဟွမ်ဂူကို ဘယ်နေရာက ရှာတွေ့ခဲ့တယ်ဆိုတာ မှတ်မိသေးလား?" ဟု မေးလိုက်သည်။

အဖွားက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး "အပြောင်းအလဲတွေ အရမ်းများလွန်းလို့ သေချာမမှတ်မိတော့ဘူး။ ဒါပေမယ့် တံတားရဲ့အခြားဘက်ခြမ်းဖြစ်မယ်။ အဲဒီတုန်းက မြစ်က ဒီလောက်ကျယ်မနေဘူး" ဟု ဖြေလိုက်သည်။

"ဒါဆို ဘယ်နေရာဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ တံတားဘေးမှာ ရပ်ပြီး အော်ခေါ်လိုက်ပါ၊ အထူးတလည် ဘာမှလုပ်စရာမလိုဘူး"

"ဘာခေါ်ရမှာလဲ? ဟွမ်ဂူလို့လား?"

"ဟုတ်ပါတယ်၊ ဟွမ်ဂူလို့ပဲ အော်ခေါ်လိုက်ပါ"

အဖွားက မြစ်ကမ်းဘေးသို့ သွားပြီး၊ လပြည့်ညရဲ့ မြစ်ပြင်ကို ကြည့်ကာ "ဟွမ့ဂူ~ ဟွမ်ဂူရေ အစ်မ မင်းကိုလာကြည့်တယ်!"

"ဟွမ်ဂူ.. ဟွမ်ဂူ...ငါခေါ်တာကြားရဲ့လား?"

"ဟွမ်ဂူရေ... ငါ့ကိုလာပြီး ကြည့်ပါအုံး!"

အဖွား အော်နေရင်း အသံက ငိုသံတွေပါ ပါလာခဲ့သည်။ ဒါပေမယ့် မြစ်ပြင်ပေါ်တွင် အထူးအဆန်းတစ်ခုမျှ မဖြစ်ပေါ်ခဲ့ပေ။

အဖွားက စိုးရိမ်ပြီးတော့ "နောက်ထပ် ဘယ်လောက်မကောင်းမှုတွေ လုပ်ဦးမှာလဲ? ငါအရင်တုန်းက အကြောင်းတွေ မင်းကို မပြောမိခဲ့ဘူး၊ အခု ငါ့ကို ဘာလုပ်စေချင်သေးလို့လဲ?"

"သူမထွက်လာပြီ၊ နောက်မှာ" ဟု ကျန်းရီ၏အသံက အဲ့ဒီအချိန်တွင် ထွက်ပေါ်လာခဲ့သည်.....

All Chapters