တစ်စုံတစ်ယောက်
Vol. 12 Ch. 166
ကျန်းရီရဲ့ စကားကြောင့် အားလုံးသည် နောက်သို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။
သူတို့နောက်မှာ စိုစွဲနေတဲ့ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။
သူမဆံပင်များသည် ကျလျက်ရှိပြီး ခေါင်းငုံ့ထားကာ သူမ၏ အနီရောင်အင်္ကျီသည် အထူးထင်ရှားနေသည်။
ဆံပင်များသည် အလွန်ရှည်လျားပြီး တစ္တေ အမျိုးသမီး၏ ဗိုက်နားထိ ဖုံးလွှမ်းနေသည်။
သူမ ခေါင်းမော့လိုက်တဲ့အခါ ထိုအကြည့်က လူများစွာကို ထိတ်လန့်စေခဲ့တယ်။
"ဟွမ်...ဟွမ်ဂူလား?" အဖွားကျိုး ရှေ့ကိုတိုးပြီး ခေါ်လိုက်တယ်။
ကျိုးလင်၏ခင်ပွန်းသည် ထိုအမျိုးသမီးကိုမြင်သောအခါ ချက်ချင်းပဲ ပြောလိုက်သည်- "ဟုတ်တယ်၊ ဒီမိန်းမပဲ၊ အဲ့ဒီအချိန်တုန်းက ကားထဲမှာထိုင်နေတာ!"
"ဟွမ်ဂူ ဘာလို့ဒီလိုလုပ်တာလဲ?"
အဖွားကျိုးက ရှေ့တိုးသွားတဲ့အခါ ကြောက်မနေခဲ့ပေ၊ သူမလည်း တစ္တေဖြစ်သွားပြီဆိုတာ သိနေခဲ့တာကြောင့်လား၊ တစ္တေနဲ့တစ္တေတွေ့တာဟာ သူမနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ညီမလေးနဲ့ တွေ့ရတာနဲ့ အတူတူပဲလေ။
သူမလက်နဲ့ ဟွမ်ဂူရဲ့မျက်နှာကို ထိလိုက်ပြီး နဖူးပေါ်က စိုနေတဲ့ဆံပင်တွေကို ဖယ်ရှားလိုက်တယ်၊ အလွန်ဖြူဖျော့ပြီး ဖောရောင်နေတဲ့မျက်နှာတစ်ခု ပေါ်လာတယ်။
ကြောက်စရာကောင်းပြီး ရွံစရာကောင်းနေခဲ့တယ်။
"မင်းဒီမျက်နှာက အရင်က ကြည့်ကောင်းနေတာပဲလေ၊ ဘာလို့ ဒီလိုဖြစ်သွားတာလဲ? မင်းက...မင်းက လင်လေးကိုပါ ဒီလိုဖြစ်အောင်လုပ်ခဲ့တာလား!"
အဖွားကျိုးရဲ့စကားမှာ အဓိပ္ပါယ်အလွန်များနေခဲ့သည်။ သူမရဲ့ညီမလေးအတွက် အပြစ်ရှိသလို ခံစားနေရပေမယ့် သူမရဲ့သမီးနဲ့မိသားစုအသက်တွေကို သူ့ညီမလေးက ယူသွားတဲ့အတွက် မကျေမနပ်လည်း ဖြစ်နေခဲ့တယ်။
ဒါပေမယ့် ဟွမ်ဂူက ခေါင်းမော့ပြီး ကျိုးလင်ကို ကြည့်ကာ "ငါမဟုတ်ဘူး" လို့ပြောလိုက်တယ်။
"အကြောင်းပြချက်တွေထုတ်နေသေးတယ်? ဒီမိန်းမပဲ၊ အဲ့နေ့ကားထဲမှာထိုင်နေတာက!"
"ငါပြောတယ်၊ ငါမဟုတ်ဘူး! ငါလူများစွာကိုသတ်ခဲ့တယ်၊ ဒါပေမယ့် မင်းတို့ကိုတော့ ဘယ်တုန်းကမှ မသတ်ဖူးဘူး။"
ဟွမ်ဂူက တိုးတိုးပြောလိုက်တယ်၊ ကျန်းရီက "ငါ့ရှေ့မှာ မုသားပြောတာက ဘာအဓိပ္ပါယ်လဲဆိုတာ သိလား?" လို့မေးလိုက်တယ်။
ဟွမ်ဂူက ခေါင်းမော့ပြီး ကျန်းရဲ့ကို ကြည့်လိုက်တယ်။
ဖောရောင်နေတဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတစ်စ ဖြတ်သန်းသွားခဲ့တယ်၊ ဒါပေမယ့် ဆက်ပြီးတည်တည်ငြိမ်ငြိမ်ပြောလိုက်တယ်- "ငါမဟုတ်ဘူး
ငါက ငါ့ကိုဆဲခဲ့တဲ့သူ၊ ငါ့ကိုစော်ကားတဲ့သူတွေကိုပဲ သတ်ခဲ့တာ! ငါ့အစ်မကို ငါ ဘယ်လိုလုပ် မုန်းနိုင်မှာလဲ? သူမကို ငါသေသွားတဲ့အတွက် သူမမှာ အပြစ်မရှိဘူးဆိုတာ ပြောဖို့ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့တာ"
ငါ့မိဘတွေက ငါ့ကိုမွေးပေးခဲ့တယ်၊ ဒါပေမယ့် သူမကသာ ငါ့ကိုကြီးပြင်းစေခဲ့တာ
သူမက ငါ့ကိုကူညီဖို့ကြိုးစားနေတယ်ဆိုတာကို ငါမသိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ?"
"ငါလည်း တွေးခေါ်တက်တဲ့သူပါ။ ငါ လက်စားချေချင်ခဲ့တာ၊ အကြောင်းပြချက်မရှိဘဲ ဒီလိုလုပ်မှာမဟုတ်ဘူး။ ဟုတ်တယ်၊ ငါ့ကိစ္စတွေ ဒီလိုအဆုံးသတ်သွားတာက ငါ့အစ်မက သူမကိုပြောလိုက်လို့ပဲ၊ ဒါပေမယ့် ငါက ဒီလောက်အကြောင်းမဲ့သူမဟုတ်ဘူး။"
ဟွမ်ဂူရဲ့အသံက တိုးတိုးလေးပါ၊ ဂရုတစိုက်ကြည့်ရင် သူမခန္ဓာကိုယ်ကနေ ရေတွေကျနေသေးတယ်။
သူမလက်တွေက လူသားတစ်ယောက်လိုပဲ၊ ဗိုက်ကိုအမြဲပွေ့ထားသလိုဖြစ်နေခဲ့တယ်။
"ဒါပေမယ့် အဲ့ဒီညတုန်းက ငါတို့မြင်ခဲ့တာက မင်းပဲ" ကျိုးလင်ရဲ့ခင်ပွန်းက လေးနက်စွာ ပြောလိုက်တယ်။
"မင်းငါ့မျက်နှာကိုမြင်ခဲ့လား?" ဟွန်ဂူက မေးလိုက်တယ်။
ကျိုးလင်ရဲ့ခင်ပွန်းက တခဏလောက် ကြောင်အသွားပြီး- "သူမဆံပင်တွေက မျက်နှာကိုဖုံးနေတယ်၊ ငါဝေဝေဝါးဝါးပဲမြင်ခဲ့တာ။ ဒါပေမယ့် သူမက မင်းနဲ့တစ်ထေရာတည်းပဲ၊ ငါမှားနိုင်မှာမဟုတ်ဘူး!"
ဟွမ်ဂူက ဒီတော့ရယ်လိုက်သည်၊ သူမရဲ့ရယ်သံက ကြောက်စရာကောင်းပြီး အသံက အလွန်ကျယ်နေခဲ့တယ်။
"ငါနောက်ဆုံးမှာ လူများစွာကို နာကျင်စေခဲ့တယ်။
ငါ့အမေရဲ့မင်္ဂလာဆောင်ဝတ်စုံကိုဝတ်ပြီး ယူရှန်းမြစ်ထဲ ခုန်ချပြီး သေဆုံးခဲ့တယ်။
ငါက ရက်စက်တဲ့တစ္တေဖြစ်ပြီး ငါ့ကိုရယ်မောပြစ်တင်ခဲ့သူတွေ၊ ငါ့ကိုစော်ကားခဲ့သူတွေကို အပြစ်ပေးချင်တယ်။
ဘာလို့လဲ၊ ဘာလို့ သူတို့က ငါ့ကိုဒီလိုအရှက်ခွဲခဲ့ ရတာလဲ? ဟုတ်တယ်၊ ငါမသန့်ရှင်းဘူး၊ ငါမိုက်မဲတယ်... ငါ့ကို ညီအကိုလိုထင်စေခဲ့တဲ့သူငယ်ချင်းတွေကို ယုံကြည်မိလောက်အောင် မိုက်မဲခဲ့တယ်။"
"ဒါပေမယ့် ငါက အပေါစားမဟုတ်ဘူး၊ အပေါစားမဟုတ်ဘူး၊ သိလား? သူတို့တစ်ယောက်ချင်းစီက လူကောင်းတစ်ယောက်လို ဟန်ဆောင်ပြီး သူတို့ကို သူတို့ အလွန်မြင့်မြတ်တယ်ထင်တဲ့မျက်လုံးတွေနဲ့ ငါ့ကို အောက်ကြည့်ပြီး 'နင်က အပေါစားမိန်းမ၊ နင်က ပုပ်နေတဲ့ မိန်းမ' ဆိုတာကို အထပ်ထပ်ပြောနေခဲ့ကြတယ်။
သူတို့ဒီလိုပြောတဲ့အခါ သူတို့ကလည်း လူသတ်နေတယ်ဆိုတာ မသိခဲ့ဘူးလား!"
"သူတို့က ငါသေစေချင်တာမဟုတ်လား? ကောင်းပြီ၊ ငါသေပြီး ရက်စက်တဲ့တစ္တေဖြစ်သွားရင် သူတို့တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး! သူတို့ရဲ့ ပုပ်နေတဲ့ ပါးစပ်တွေကြောင့် အားလုံးကို သေစေချင်တယ်၊ ဒါကငါ့ကိစ္စ၊ သူတို့နဲ့မဆိုင်ဘူးဆိုတာ သိစေချင်တယ်။ ဘယ်သူမဆို သူတို့ စကားရဲ့ အကျိုးဆက်ကိုခံရမယ်!"
"အားလုံးသေပြီ၊ ငါသူတို့အားလုံးကိုသတ်ခဲ့တယ်။
ငါ့ကိုနှိပ်စက်ခဲ့သူတွေထဲက တစ်ယောက်မှ အသက်မကျန်ခဲ့ဘူး။
သူတို့အားလုံး သေသွားတဲ့အခါ ငါ ပျော်မနေဘူးဆိုတာ သိလိုက်ရတယ်။
ငါကောင်းကောင်းနေနိုင်ခဲ့တယ်၊ ငါလိုချင်တဲ့တက္ကသိုလ်ကို တက်ပြီး အနာဂတ်ကောင်းရှိတဲ့ သူတစ်ယောက်ဖြစ်နိုင်ခဲ့မယ်။
ငါ့အစ်မက ငါ့ကိုအမြဲကာကွယ်ပေးခဲ့လို့ပဲဖြစ်မယ်၊ ငါက အပြင်ကလူတွေကလည်း ငါ့ကို မိသားစုလိုချစ်ခင်ကာကွယ်ပေးကြမယ်၊ လူတိုင်းကို ကောင်းတဲ့ လူတွေ ပဲလို့ အမြဲထင်နေခဲ့တာ။"
"တကယ့်မှားနေတဲ့ သူက ငါဖြစ်နေခဲ့တယ်
ငါက အရာရာက အဆင်ပြေလိမ့်မယ်လို့ အမြဲထင်နေခဲ့တယ်၊ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် ကောင်းကင်ပြိုလဲကျသွားရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ်လို့ ထင်နေခဲ့တာ။
အခုငါသေခဲ့ပြီ၊ လက်စားချေပြီးလို့ ပြန်လည်မွေးဖွားဖို့စဉ်းစားခဲ့တယ်။
ဒါပေမယ့် လက်စားချေပြီးတဲ့နောက်မှာ ပြန်လည်မွေးဖွားဖို့လမ်းကို မတွေ့တော့ဘူး။
ငါယူရှန်းမြစ်ထဲမှာ အချိန်အတော်ကြာနေခဲ့တယ်၊ မြစ်ကြမ်းပြင်မှာ လူများစွာကိုလည်း တွေ့ခဲ့တယ်။
သူတို့ထဲက တစ်ချို့က မတော်တဆသေဆုံးခဲ့တာ၊ တစ်ချို့က တစ်စုံတစ်ယောက်က ယူရှန်းမြစ်ထဲ ပစ်ချခံခဲ့ရတာ။"
"သူတို့ငိုနေတာတွေ့တဲ့အခါ ငါတကယ်ပဲ အသက်ပြန်ရှင်ချင်ခဲ့တယ်၊ သူတို့နောက်ကိုလိုက်ချင်ခဲ့တယ်၊ ဒါပေမယ့် လမ်းမတွေ့ခဲ့ဘူး...ဟူး..."
ဟွမ်ဂူက သက်ပြင်းချလိုက်တယ်၊ ကျိုးလင်က ဒီအချိန်မှာ မနေနိုင်တော့ဘဲ ပြောလိုက်တယ်- "အဒေါ်၊ မင်းတကယ်ပဲ ငါ့ကို သတ်ခဲ့တာလား?"
"မဟုတ်ဘူး၊ ငါတကယ် မသတ်ခဲ့ဘူး။ မင်းသေပြီးတဲ့နောက် ငါမြစ်ထဲမှာ မင်းကိုတွေ့ခဲ့တယ်၊ ဒါပေမယ့် မင်းကိုအသိအမှတ်မပြုရဲခဲ့ဘူး။ ပြီးတော့ ငါက မင်းမတော်တဆသေဆုံးတယ်လို့ အမြဲထင်နေခဲ့တာ။"
"မဟုတ်ဘူး၊ အဲ့နေ့ကားထဲမှာ မင်းနဲ့ အတူတူအဝတ်အစားဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။ မင်းလိုပဲ ဆံပင်ဖြန့်ထားပြီး လူနာတင်ယာဉ်ရဲ့ရှေ့ခန်းမှာ ထိုင်နေတာ။ သူမ မလှုပ်ရှားမနေဘူး၊ ဆံပင်တွေက မျက်နှာကိုဖုံးထားလို့ မျက်နှာကို မမြင်ခဲ့ရဘူး။"
"ဒါဆို သူမရဲ့ တခြားထူးခြားတဲ့ လက္ခဏာတွေမြင်ခဲ့လား?" ဟွမ်ဂူက မေးလိုက်ပြီး သူမနောက်က ယူရှန်းမြစ်ကိုကြည့်လိုက်တယ်-
"ငါဆယ်စုနှစ်တွေကြာအောင် ပြန်လည်မွေးဖွားဖို့လမ်းမရှာတွေ့ခဲ့တော့ ယူရှန်းမြစ်က ငါ့အိမ်နီးပါးလို ဖြစ်နေပြီ။ ငါ့လို ဒုတိယလူတစ်ယောက်ကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး။"
ကျန်းရီက တံတားပေါ်က အခြေအနေတွေကို ကြည့်နေခဲ့တာဖြစ်သည်။ တကယ်တော့ ဒီအချိန်မှာ သူစဉ်းစားမိတာတစ်ခုရှိနေခဲ့တယ်၊ ဟွမ်ဂူကိုမေးလိုက်တယ်- "မင်းဘာလို့ ဆံပင်နက်တွေနဲ့ မျက်နှာကိုဖုံးထားတာလဲ?"
"ငါတို့ရဲ့ကျေးလက်မှာဆိုရင် ငါ့လို အပေါစားဆန်တဲ့ မိန်းမတစ်ယောက် သေပြီးရင် ပါးစပ်ထဲ အဖျင်းထည့်၊ မျက်နှာမှာ ဆံပင်နက်တွေဖုံးပြီးမြှုပ်ရမယ်လို့ တစ်ယောက်ယောက် ပြောတာ ကြားဖူးတယ်။
ဒါပေမယ့် ငါက သူတို့ကို ငါ့ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကို မမြင်စေချင်ခဲ့လို့ပါ။
ငါက အမုန်းတရားတွေနဲ့ ပြည့်နေပေမယ့် ငါနဲ့မဆိုင်တဲ့သူ တစ်ယောက်ကိုမှ ဘယ်တော့မှ မထိခိုက်စေခဲ့ဘူး။
ပြီးတော့ ငါနှစ်ပေါင်းများစွာ ပြန်လည်မွေးဖွားဖို့လမ်းကိုရှာနေတာ၊ ဒါပေမယ့် ငါ့ဆီက အမုန်းတရားတွေ၊ မနာလိုစိတ်တွ ပိုပြီးများလာတာကိုတွေ့ရတယ်...
ငါဖယ်ရှားလို့မရဘူး။"
ဟွမ်ဂူရဲ့စကားကိုနားထောင်ပြီး ကျန်းရဲ့က ပြက်ရယ်ပြုလိုက်တယ်- "ဒါဆို ငါနားလည်ပြီ၊ ဒါပေမယ့် သူမက ဒီလိုလုပ်ရင် အောက်က လူတွေက နားမလည်ဘူးလို့ ထင်နေတာလား? ဟွမ်ဂူ တစ်ယောက်ယောက်က မင်းကို အရိုးထဲထိကို မုန်းနေတာပဲ!"
ဟွမ်ဂူက ခေါင်းမော့ပြီး နားမလည်သလိုမျက်နှာထားနဲ့ ကြည့်လိုက်တယ်၊ ဒါပေမယ့် မကြာခင်မှာ တစ်ခုခုကို နားလည်သွားသလိုနဲ့
"သူမလား?"
"ဟုတ်တယ် သူမပဲ!"
"မင်းသူမကိုသတ်တဲ့အခါ သူမရဲ့မျက်နှာကိုဖျက်ဆီးခဲ့တယ်မလား?"
"ဟုတ်တယ်!"
"အဲ့ဒါဆို သူမပဲ!"