← Chapters

ဦးလေး ကျန်းရီ သို့ ပေးစာ

Vol. 12 Ch. 167

ဦးလေး ကျန်းရီ သို့ ပေးစာ

Vol. 12 Ch. 167

ဒီအရာတွေ အားလုံးကို ဘယ်သူက လုပ်ခဲ့တာလဲ?

အဖြေမှာ ထွက်ပေါ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ယောကျာ်းတစ်ယောက်ကို ပါးစပ်နှင့် သတ်ခဲ့သော အမျိုးသမီးမှာ အဖွားကျိုး နှင့် ဟွမ်ဂူ တို့၏ အဒေါ်အရင်း ဖြစ်သည်။

ဟွမ်ဂူ နှင့် ဖြစ်ခဲ့သည်မှ ရှိုချင်း အထိ ဖြစ်ရပ်များတွင် တစ်ဦးတည်းသော မျက်နှာပျောက်နေသော သူဟု ထင်ရသည်။

ထိုသူမှာ ကျန်းမာရေးဌာနတွင် အလုပ်လုပ်သော သူတို့၏ အဒေါ်ဖြစ်သည်။

ကျန်းရီရှေ့တွင် ဘယ်သူမျှ မုသား မပြောနိုင်ပေ၊ ထို့ကြောင့် ဟွမ်ဂူ ပြောသမျှအားလုံးသည် မှန်နေကန်သည်ကို ကျန်းရီက သိနေသည်။

သူမက မှန်သော်လည်း ပြဿနာအားလုံးက ဟွမ်ဂူ ကို ညွှန်ပြနေသည်ဆိုလျှင် ဆန့်ကျင်ဘက်အနေဖြင့် မည်သူက ဤသို့ပြုလုပ်ခဲ့သည်ကို ခန့်မှန်းနိုင်သည်။

လူတို့မှာလည်း လူ့အတွေးသကဲ့သို့ သရဲတို့မှာလည်း သူတို့၏ အကြံအစည်များ ရှိတတ်ကြသည်။

"သူမပဲဖြစ်ရမယ်၊ ငါ့ကို ဒီလောက်ထိ ဒေါသထွက်နေတာ သူမတစ်ဦးတည်းသာ ရှိလိမ့်မယ်။

သူမကို မသတ်ခင်မှာ ငါ့မှာ သူအကို သတ်ဖို့ အခွင့်အရေးတွေ များစွာ ရှိခဲ့တယ်။

ဒါပေမယ့် သူမအတွက် အရှက်ရဆုံးနည်းကိုသာ ငါရွေးချယ်ခဲ့သည်။

သူမကို အဲ့ဒီအချိန်မှာ ငါ သတ်လိုက်တယ်၊ ဒီလိုမှ ငါ့စိတ်ထဲက အငြိုးတွေကို ဖြေဖျောက်လို့ရမှာ"

"ငါ့တို့မှာ ရိုးသားတဲ့ ဦးလေးတစ်ဦးရှိတယ်။ သူက တစ်သက်လုံး သူရဲ့ မြေအနည်းငယ်ကို စောင့်ရှောက်ပြီး နေထွက်မှ နေဝင်သည်အထိ ကြိုးစားလုပ်ကိုင်လေ့ရှိတယ်။ ဒီလိုကြိုးစားတာကြောင့်ပဲ သူ့ရဲ့ ကလေးတွေကို ကျွေးမွေးနိုင်ပြီးတော့ ကောင်းစွာ ထောက်ပံ့နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါဟာ ဆရာဝန်ဖြစ်တဲ့ အဒေါ့်အတွက်တော့ ဦးလေးက အားနည်းပြီး အသုံးမကျသူဖြစ်ခဲ့တယ်။

"ဒါ့ကြောင့် သူမက စပြီး ဖောက်ပြန်တော့တာပဲ၊ ရှက်ရကောင်းမှန်းတောင် မသိဘူး။ ဦးလေးကတော့ သိလိမ့်မယ်၊ ဒါပေမယ့် သူမကို ဘယ်တော့မှ လက်ဦးလက်ချက် မဖမ်းခဲ့ဘူး။ အဲ့ဒီအချိန်က ငါ သူမနဲ့ အဲ့ဒီလူကိုမြင်တဲ့ အခါမှာ သူမသေရင်တောင်မှ အရှက်တကွဲနဲ့ သေစေမည့်နည်းကို ငါသိခဲ့တယ်။ ငါအဲ့ဒီလူကို ထိန်းချုပ်ပြီး သူမ၏ခေါင်းကို အပိုင်းပိုင်းဖြတ်ခဲ့တယ်"

"နောက်နေ့မှာ အဲ့ဒီလူက သူက အပူးခံနေရပါတယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဘယ်သူက ယုံမှာလဲ၊ သူ့ရဲ့ စကားတွေက အသုံးမဝင်တော့ဘူး၊ သူလည်း လူကောင်းမဟုတ်ခဲ့ဘူး၊ ဒါကြောင့် ပစ်မိန့် ချခံခဲ့ရတယ်။

ငါ့အဒေါ်အတွက်ကတော့ ဟားဟား... သူမလည်း ကောင်းတဲ့သူ မဟုတ်ခဲ့ဘူး။

ငါက သူမရဲ့ တူမဖြစ်နေတာတောင် သူမက ငါ့ကို မီးထဲကို တွန်းပို့လိုက်တယ်။

သူမ ငါ့ကို မကူညီခြင်ရင် ငြင်းလို့ရတယ်လေ။

သူမက ကျန်းမာရေးဌာနသို့ ရောက်တဲ့အခါ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတောင် ပြောခဲ့သေးတယ်...

'ကြည့်စမ်း နင်တို့ တွေ့လား? ဒါက ငါရဲ့ အသုံးမကျတဲ့ တူမပဲ။

သူမက အထက်တန်းကျောင်းကို အလဟသ သွားနေပြီး လူယုတ်မာတွေနဲ့ အပေါင်းအသင်းလုပ်ခဲ့တယ်လေ"

"သူမ သေသင့်သည်ဟု နင်တို့ထင်လား? ဒီလိုမျိုးလူက သေပြီးတာတောင် တခြားသူတွေကို ဒုက္ခပေးဖို့ တွေးရဲသေးတယ်?"

ဟွမ်ဂူက ပြောပြနေရင်း ကျန်းရီက " ဒါဆိုရင် သူမကို ဘယ်နေရာမှာ သတ်ခဲ့တာလည်း?" ဟု မေးလိုက်သည်။

"အဲ့ဒီလူရဲ့ မိသားစုက လျိုခမ်း လမ်းမှာနေထိုင်တယ်"

"လျိုခမ်း လမ်းလားး?"

ယခုချိန်ထိ နှုတ်ဆိတ်နေခဲ့သော လျှိုဇီ သည် ရုတ်တရက် မျက်လုံးများကျယ်သွားခဲ့သည်။

ဟွမ်ဂူ က ခေါင်းညိတ်လိုက်ပြီး လျှိုဇီ က " ရှိုချင်း နဲ့ ကျွန်တော်က လျိုခမ်း လမ်းက အိမ်မှာ အိမ်ငှားနေတာ!" ဟု ပြောလိုက်သည်။

" လျိုခမ်း လမ်းက ဘယ်နေရာမှာ ရှိတာလဲ?"

" ဂျင်ရှူးဥယာဥ်အိမ်ရာထဲမှာ အရင်က လျိုခမ်းကျေးရွာလမ်းလို့ ခေါ်တယ်ထင်တယ်"

"ဟုတ်တယ် အဲ့ဒီလူက လျိုခမ်း ကျေးရွာလမ်း ၂မှာ နေထိုင်တာ။"

ဟွမ်ဂူ ပြောလိုက်တဲ့အခါ လူတိုင်းအံ့အားသင့်သွားခဲ့သည်။

လျှိုဇီ နှင့် ရှိုချင်း တို့က တစ်ဦးကိုတစ်ဦး ကြည့်​လိုက်ပြီး ကျန်းရီကို " စတွင်မာ ကျွန်တော်တို့ အဲ့ဒီကို သွားဖို့လိုလား?" ဟု မေးလိုက်သည်။

"အခုဖြစ်ရပ်က ယူရှန်း မြစ်မှာ စတင်ခဲ့ပြီးတော့ ယူရှန်း မြစ်မှာပဲ အဆုံးသတ်ခဲ့တယ်။ သူမက ငါတို့အားလုံးကို သွားရှာရစေလောက်တဲ့အထိ မထိုက်တန်သေးဘူး။ အဖွားကျိုး သူမရဲ့ နာမည်နဲ့ မွေးသက္ကရာဇ်ကို ပြောပါ။"

အဖွားကျိုးက သူမ၏အဒေါ်ရဲ့ နာမည်နှင့် မွေးသက္ကရာဇ်ကို ကျန်းရီအား ပြောပြခဲ့သည်။

ဒါကို သိပြီးနောက် ကျန်းရီသည် ဖန်သားပြင်ကို တိုက်ရိုက်ကြည့်ကာ "ခဏ စောင့်ပါ၊ သူမ မကြာခင် ရောက်လာပါလိမ့်မည်" ဟု ပြောလိုက်သည်။

သူပြောပြီးသည့်နောက် မကြာမီတွင် လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာခဲ့သည်။

လူနာတင်ယာဉ်ရောက်တဲ့အခါမှာ အသံမထွက်ဘဲ မီးအလင်းများသာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။

ကားသည် သူတို့ရှေ့တွင် ရပ်လိုက်ပြီး နံပါတ်ပြားတွင် *အေ·၀၃၀၄၆ ဟု ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ကားမောင်းသူ၏ထိုင်ခုံတွင် လူမရှိသော်လည်း ဘေးထိုင်ခုံတွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်။

ထိုအမျိုးသမီးသည် ခေါင်းငုံ့ထားပြီး သူမ၏ ခန္ဓာကိုယ်မှာ တုန်နေသည်ကို ရှင်းလင်းစွာ မြင်နေရသည်။

"ဘာလို့ မဆင်းသေးတာလဲ?"

ကျန်းရီက အေးစက်စွာ ပြောလိုက်သည်၊ ကားတံခါးဖွင့်သွားပြီး အမျိုးသမီးတစ်ဦး ယိုင်နဲ့ယိုင်နဲ့ ဆင်းလာခဲ့သည်။

မရောက်မီတွင် ထိုလူသည် မြေပြင်ပေါ် ဒူးထောက်လိုက်ပြီး " အသက်ချမ်းသာပေးပါ၊ အသက်ကို ချမ်းသာပေးပါ..." ဟု ငိုနေသည်။

"ငါဘယ်လို ချမ်းသာပေးရမှာလဲ?"

"ငါ့အပြစ်က သေဖို့အတွက် မတန်ဘူး။ ငါ့နှုတ်က နည်းနည်းဆိုးပေမယ့် သေလောက်တဲ့အထိ မဖြစ်သင့်ဘူး၊ အထူးသဖြင့် ဒီလိုမျိုး သေရဖို့ အဝေးကြီးပဲ၊ ဒီအရာတွေအားလုံးက သူမကြောင့်ပဲ၊ ဒီမိန်းမယုတ်က ငါ့ကိုသတ်ခဲ့ပြီး နောက်ပိုင်းမှာ ငါ့အမည်ကို ညစ်ညမ်းစေခဲ့တာ"

"ဖြန်း...!"

သရဲမသည် စကားပြောပြီးသွားသော်လည်း သူမ၏လက်ဖြင့် သူမ၏မျက်နှာကို ရိုက်လိုက်သည်။

"ဖြန်း...!"

"အသက်ချမ်းသာပေးပါ၊ ငါ့မှာ အပြစ်မရှိပါဘူး!"

ကျန်းရီသည် အေးစက်စွာကြည့်နေပြီး နောက်ဆုံးတွင် "မင်း ဘာပြောချင်တာလဲ?" ဟု မေးလိုက်သည်။

"ငါ...ငါ့မှာ အပြစ်ရှိပါတယ်!"

သရဲမသည် အားနည်းစွာဖြင့် ဒူးထောက်လျက် ခန္ဓာကိုယ်က တုန်ယင်နေသည်။

ကြည့်ရှု့သူ A-" စတွင်မာ၊ ဘာမှမပြောတော့နဲ့ စတွင်မာရဲ့ နတ် မိတ်ဆွေတွေကို ထွက်လာစေပြီး သူမကို ဖျက်ဆီးပစ်လိုက်တော့!"

ကြည့်ရှု့သူ B-"ဆွေမျိုးတစ်ဦးအနေနဲ့ အလွန်ယုတ်ညံ့တဲ့ နည်းလမ်းနဲ့ သူ့တူမကို အဆက်မပြတ် ဖျက်ဆီးခဲ့သည်။ သူကိုယ်တိုင်က အပြစ်ရှိနေပေမယ့် သေပြီးနောက်မှာ မကျေနပ်မှုတွေကို ဆုပ်ကိုင်ထားပြီး အခြားသူများကို အဆိပ်သင့်စေခဲ့တယ်။ ဒီလိုလူတွေက အယုတ်ညံ့ဆုံးပဲ သေသွားတာတောင် သနားစရာမဟုတ်ဘူး!"

ကြည့်ရှု့သူ C- " စတွင်မာ သူမကို ဒီနေရာမှာ မထားတော့နဲ့။ သူမရဲ့ မျက်နှာကို မမြင်ရတာတောင်မှ သူမ ပြုခဲ့တာတွေကို တွေးမိလိုက်တာနဲ့ စိတ်မအီမသာ ဖြစ်တယ်!"

ကျန်းရီက ပြုံးပြီး " ဒီလို လူအတွက် နတ်တွေက ဘာကြောင့်လာရမှာလည်း? လူနာတင်ယာဉ်မောင်းသမား၊ ကျိုးလင် နဲ့ သူ့ယောကျာ်း၊ သူနာပြုနှစ်ဦးရော ပြီးတော့ သူမကြောင့် သေဆုံးခဲ့ရတဲ့ အခြားသူများစွာရောပဲ အဲ့သူတွေထဲက အများစုက ပြန်လည်မွေးဖွားခဲ့ပြီး ဖြစ်တယ်။

သူမသွားသင့်ဆုံးနေရာက ငရဲဖြစ်ပြီးတော့ သူမရဲ့မျက်စိနဲ့ သူမသတ်ခဲ့တဲ့သူတွေက အပြစ်ဒဏ်မခံရကြောင်း မြင်စေရမယ်။ သူမက ပြာဖြစ်ဖို့တောင်မှ အရည်အချင်း မရှိဘူး "

ကျန်းရီ၏မျက်နှာက အေးစက်နေပြီး " ဒီကိစ္စတွေက ရှင်းလင်းသွားပြီ။ ဟွမ်ဂူ... သူမကို အပြစ်ဒဏ်ခံရဖို့ အောက်ကို ခေါ်သွားတော့"

"ငါ...ငါငရဲကို မသွားနိုင်ဘူး။"

"ငါက သွားဆိုရင် မင်း သွားရမှာပဲ၊ သူမကို ငရဲကို ခေါ်သွားတော့။ အချိန်တန်ရင် တစ်စုံတစ်ဦးက သူမကို လာခေါ်သွားလိမ့်မယ်။ မင်းရဲ့ ဝိညာဉ်ကလည်း ငရဲကို ရောက်တဲ့အခါ မင်း ပြုလုပ်ခဲ့တာတွေကို ရှင်းလင်းစွာ ရှင်းပြဖို့ လိုအပ်တယ်၊ အပြစ်ဒဏ်ခံရသည်ဖြစ်စေ ဒါမှမဟုတ် ခွင့်လွှတ်ပေးခံရသည်ဖြစ်စေ၊ မင်း ကျေကျေနပ်နပ် လက်ခံဖို့ လိုအပ်တယ်၊ နားလည်လား?"

ဟွမ်ဂူ က ခေါင်းညိတ်လိုက်ပြီး သေနေသော ခွေးကဲ့သို့ဖြစ်နေသော အဒေါ်ကို ကောက်ယူကာ သူမ၏ အစ်မကို လှမ်းကြည့်လိုက်သည်။

" အဖွားကျိုး သင်လည်း သူတို့နှင့်အတူ လိုက်သွားသင့်တယ်၊ ဒါမှသာ သင်နဲ့ သင့်သမီးနဲ့ သားမက်တို့ကို လမ်းပေါ်မှာ ဂရုစိုက်နိုင်လိမ့်မယ်။ ပြီးတော့ မစ္စ ကိုး သင့်အတွက်လည်း အလားတူပါပဲ။"

"ကောင်းပါပြီ။"

ကျန်းရီ၏ညွှန်ကြားချက်အရ ဟွမ်ဂူ သည် အဒေါ်နှင့် သူမ၏ အစ်မ၊ တူမနှင့် တူကို ခေါ်ဆောင်ကာ ငရဲသို့သွားကြသည်။

ယူရှန်း မြစ်ရှိ တံတားပေါ်တွင် တိတ်ဆိတ်သွားခဲ့သည်။

လျှိုဇီ က ရှိုချင်း ကို ဆွဲကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဆီသို့ ဒူးထောက်ရန် ကြိုးစားသောအခါ ကျန်းရီက " ငါကူညီပေးတာကို ကျေးဇူးတင်ဖို့ လိုပေမယ့်လည်း ကျေးဇူးတင်ရုံဖြင့် လုံလောက်ပါတယ်

ဒူးထောက်ဖို့ထိ မလိုပါဘူး ..

ကောင်းပြီ၊ အချိန်လည်း တန်ပြီဆိုတော့ ပြန်ကြတော့

ဒီနေရာမှာ လက်ထပ်ခါစ စုံတွဲတစ်တွဲလည်း ရှိနေတယ်

ဒီလို အချိန်တစ်မိနစ်က ရွှေတစ်ထောင်တန်တယ်...

မင်းတို့နှစ်ယောက်လည်း ဂရုစိုက်ပါ!"

တံတားပေါ်ရှိ လူများသည် မနေနိုင်ဘဲ ရယ်လိုက်ကြသည်၊ သို့သော်လည်း ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းကို ကြည့်ကာ "ကောင်းပြီ၊ ငါ့လူတို့၊ ငါတို့တွေ နေ့ဘက်မှာ ဆုံတွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေရာမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ရှိပုံရတယ်။ အခုတော့ မင်းတို့နဲ့ ဗီဒီယိုက ဒီမှာပဲ အဆုံးသတ်သွားပါပြီ။"

"ကောင်းပါပြီ၊ နောက်မှပြန်တွေ့မယ် စတွင်မာ!"

လျှန်ဇီ နှင့် အခြားသူများက ကျေးဇူးတင်စကားပြောကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက အလျင်အမြန်ပဲ မေးနေကြသည်-

" စတွင်မာ ဘာဖြစ်လို့လဲ?"

"ထူးဆန်းတယ်၊ တစ်စုံတစ်ယောက်က ငါ့အတွက် စာတစ်စောင်ရေးထားတယ်၊ အမ်...ဦးလေး ကျန်းရီ သို့ ပေးစာ "

All Chapters