← Chapters

သမီးရဲ့ အဖိုး

Vol. 12 Ch. 168

သမီးရဲ့ အဖိုး

Vol. 12 Ch. 168

ကျန်းရီသည် သူ၏ အကောင့်တွင် ထိုသို့သော စာကိုမြင်သောအခါ အံ့အားသင့်သွားခဲ့သည်။

အကြောင်းမှာ ယခင်က ဘယ်တုန်းကမှ မကြုံဖူးသောအရာဖြစ်ပြီး၊ ယနေ့ မမြင်မိခဲ့လျှင် သူ၏အကောင့်တွင် ကိုယ်ပိုင် စာပို့နိုင်သည့် လုပ်ဆောင်ချက်ရှိသည်ကိုပင် သူ သိခဲ့မှာ မဟုတ်ပေ။

ချစ်ခင်ရပါသော ဦးလေးကျန်းရီ

မင်္ဂလာပါ

သမီးနာမည်က တုလင်းလို့ခေါ်ပြီး စတုတ္ထတန်းကျောင်းသူလေးတစ်ယောက်ပါ။

ပထမစာကြောင်းကိုဖတ်လိုက်ရသည်နှင့် ကျန်းရီ၏မျက်နှာတွင် အလိုလို ပြုံးရိပ်ထွက်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်များက ဒါကို သတိထားမိပြီး မေးခဲ့ကြသည်—

"စတွင်မာ ပြောတော့ အရေးတကြီးကိစ္စရှိတယ်ဆို၊ ဘာလို့ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ပြုံးနေတာလဲ?"

"တောင်းပန်ပါတယ်... ငါ့ အကောင့်ထဲကို စာတစ်စောင် ရောက်လာတယ်။ ဒါက ဂူလင်းကျေးရွာက ကလေးတစ်ယောက်ရေးထားတာ၊ ဒါပေမယ့် အကြောင်းအရာကို မဖတ်ရသေးဘူး။ အရင်ဖတ်ကြည့် ပါရစေ။"

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းက ပရိတ်သတ်တွေကို ရှင်းပြပြီးနောက် စာကို ဆက်ဖတ်ခဲ့သည်။

"သမီးနာမည်က တုလင်းပါ။ တောင်းပန်ပါတယ် ဦးလေးကျန်းရီ သမီး စကားမပြောနိုင်တဲ့အတွက် ဦးလေးကို ဖုန်းခေါ်လို့မရဘူး။ သမီးက ငယ်ငယ်လေးကတည်းက စကားမပြောနိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါကြောင့် ဖုန်းဆက်ရင်တောင် ဦးလေးအနေနဲ့ 'အီး...အဲ...'ဆိုတဲ့အသံပဲ ကြားရမှာပါ။"

ဤအထိဖတ်ပြီးနောက် ကျန်းရီ၏ ပြုံးရိပ်များ တဖြည်းဖြည်းပျောက်ကွယ်သွားကာ သူက—

"ဒီမိန်းကလေးလေး စကားမပြောနိုင်ဘူးပဲ။ ဒါဆို သူမရဲ့အကူအညီတောင်းစာကို ကျွန်တော်ကပဲ ကိုယ်စားဖတ်ပြပေးမယ်။"

"တုလင်းဆိုတာ သမီးနာမည်ပါ။

မိဘတွေက သမီးကို 'လင်းလင်း'လို့ ခေါ်ကြပါတယ်။

ဒါပေမယ့် သူတို့က သမီး အသက် ၈ နှစ်အရွယ်မှာ ကားမတော်တဆမှုတစ်ခုနဲ့ သမီးကို ထားခဲ့သွားကြတယ်။

အခုတော့ သမီးက အဖိုးအဖွားနဲ့အတူ နေထိုင်နေပါတယ်။

သမီးအဖွားက အသက်အရွယ် တော်တော်လေးကြီးနေပြီ၊ ဒါပေမယ့် ညတိုင်း ထူးဆန်းတဲ့ပုံပြင်တွေကို ပြောပြလေ့ရှိတယ်။

သမီးက ထိုပုံပြင်တွေကို ကြားရတိုင်း လန့်တတ်ပေမယ့် နားထောင်ရတာ ကြိုက်နှစ်သက်တယ်။

ဒါကြောင့် အဖွားကို အမြဲတမ်း ပြောပြဖို့ တောင်းဆိုပြီး အဖွားကလည်း ညတိုင်း ပြောပြပေးတယ်။

သူမ အပြောပြဆုံးသော ပုံပြင်က ကျေးရွာမှာရှိတဲ့ တောင်ကုန်းပေါ်က အနောက်တိုင်းပုံစံ အိမ်ကလေးတစ်လုံးအကြောင်းပဲ ဖြစ်တယ်။

ထိုအိမ်ကလေးက အလွန်ဟောင်းနွမ်းနေပြီဖြစ်ကာ အဖွားပြောတာကတော့ ဆယ်စုနှစ်ကြာတဲ့အထိ သက်တမ်းရှိနေပြီလို့ ဆိုတယ်။

ထိုအိမ်မှာ အလွန်ချမ်းသာတဲ့ မိသားစုတစ်စုနေထိုင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ဘာကြောင့် သူတို့ထွက်ခွာသွားသည်ကိုမူ အဖွားက မပြောပြခဲ့ဘူး။

"ကျေးရွာထဲမှာ ထိုတောင်ပေါ်သို့ တက်သူက နည်းပါးတယ်။

အချို့လူတွေက ထိုအိမ်ကို သူခိုးတွေဝင်ဖူးတယ်လို့ ပြောကြတယ်။

တောင်ခြေမှ ကြည့်လိုက်ရင် အိမ်၏အနားတစ်ဝိုက်မှာ အစိမ်းရင့်ရောင် ရေညှိတွေဖုံးလွှမ်းနေတာကို တွေ့ရတယ်။

နေ့တိုင်း သမီးအိမ်ခြံထဲကနေပြီး အဝေးမှ ထိုတောင်ပေါ်ရှိ အနောက်တိုင်းအိမ်ကလေးကို မြင်နေရတယ်၊ ဒါပေမယ့် အမှောင်ထုက ဖုံးနေခဲ့တယ်။

ဒါပေမယ့် တစ်ညမှာတော့ အဖွားနှင့်အတူ ခြံထဲမှာ လေအေးခံရင်း လဲလျောင်းနေစဉ် ထိုအိမ်ရဲ့ ပြတင်းပေါက်ကနေ အနီရောင်အလင်းတစ်ခု ထွက်နေတာကို မြင်လိုက်ရတယ်။

"ထိုအလင်းက အနီရောင်ဖြစ်ပြီး ပြတင်းပေါက်အတွင်းမှ တစ်ခုတည်းသော အလင်းဖြစ်တယ်။

အဲ့ဒီအလင်းထဲကနေ အိမ်အတွင်း၌ လူတစ်ယောက်ရပ်နေဟန်ရှိနေတာကို မြင်ခဲ့ရတယ်။

ဒါပေမယ့် သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရခဲ့ဘူး။

သမီးက အဖွားလက်ကို ကိုင်ပြီး အချက်ပြလိုက်သည်— 'တောင်ပေါ်က အိမ်မှာ အလင်းရောင် လင်းနေတယ်'။

အဖွားက ထိုစကားကိုကြားတော့ သမီးကို ကြည့်ပြီး ' ပေါက်ကရတွေ မပြောနဲ့' လို့ ဆူလိုက်တယ်။

"ဒါပေမယ့် သမီး ပေါက်ကရတွေ ပြောနေတာ မဟုတ်ပါဘူး။

သမီးတကယ်ပဲ အဲ့ဒီအိမ်ကနေ အလင်းလင်းနေတာကို မြင်ခဲ့တာပါ။

သူတို့ဘာကြောင့် မမြင်ရတာလဲ? ဒါပေမယ့် နောက်တစ်ခါ ထပ်ကြည့်လိုက်တော့ အလင်းက ပျောက်သွားပြီ။

အဖွားက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး ကောင်းကင်ကို ငေးကြည့်နေတယ်။ အဖိုးကလည်း သူရဲ့ အော်ပရာသီချင်းကို နားထောင်နေတယ်။

ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ အဖိုး နေ့တိုင်းနားထောင်နေကျ အော်ပရာသီချင်းက အဲ့ညမှာ အလွန်လန့်စရာကောင်းနေခဲ့တယ်။

"အဲ့ဒီအော်ပရာထဲမှာ အမျိုးသမီးတစ်ဦး ငိုကြွေးနေတဲ့အသံ ပါနေခဲ့တယ်။

အဲ့ဒီငိုနေတဲ့သံကို သမီး ဘယ်လိုရှင်းပြရမှန်း မသိဘူး

သမီး ကြောက်နေတယ်ဆိုတာပဲ သိတယ်၊ သမီးအိပ်ချင်ပီလို့ အဖွားကို လက်နဲ့ အချက်ပြလိုက်တယ်

အဖွားက ခြင်ဆေးဖြန်းဖို့ သတိပေးလိုက်သည်။

ခြင်ဆေးရဲ့အနံ့က တော်တော် ဆိုးတယ်၊ ဒါပေမယ့် အဖွားက အဲ့လိုမှ ခြင်ဆေးက ပိုထိရောက်တယ်လို့ ဆိုတယ်။

သမီး အိမ်ထဲကို ဝင်လိုက်တဲ့အခါ ခြင်ဆေးပုလင်းက စားပွဲပေါ်မှာပဲ ထားလေ့ရှိတယ်၊ ဒါပေမယ့် အဲ့ပုလင်းက မရှိတော့ဘူး။

"သမီး ရှာဖွေခဲ့လိုက်တော့ ဗီရိုအောက်မှာ တွေ့လိုက်ရတယ်။

အဲ့အချိန်မှာ အခန်းထဲ၌ လေတစ်စက်မျှမရှိခဲ့ဘူး၊ ဒါပေမယ့် ခြင်ဆေးပုလင်းက ကြမ်းပြင်ပေါ်မှာ ရှေ့နောက် လှိမ့်နေတယ်...

သမီးက ပုလင်းကိုဆုပ်ကိုင်ပြီး အဖုံးဖွင့်၊ အခန်းထဲကို ဖြန်းလိုက်တယ်။

ဖြန်းပြီးနောက် အိပ်ရာပေါ်မှာ လှဲအိပ်လိုက်တယ်။

သမီးနဲ့ အဖွားက တစ်အိပ်ရာတည်း တူတူအိပ်ကြတာ

"သမီး အိပ်ရာဝင်ပြီး မကြာမီပဲ အိပ်ပျော်သွားခဲ့တယ်

အိပ်ပျော်နေစဉ် အဖွား အိပ်ရာထဲ ဝင်လာတာကို ခံစားမိလိုက်တယ်

သူမက အသက်အရွယ်ကြီးရင့်ပြီဖြစ်တာကြောင့် အိပ်ရာဝင်တိုင်း ခါးနာတဲ့အတွက် 'အို...အိုင်း...'ဟု အသံထွက်လေ့ရှိသည်။

ဒါ့ကြောင့်ပဲ သူမအိပ်ရာဝင်ကြောင်းကို သမီးသိတာ။

အဖွားက ဟောက်လေ့ရှိပြီး တစ်ခါတစ်ရံ သမီး အိပ်လို့မရတဲ့အထိ ဟောက်တယ်။

"ဒါပေမယ့် အဲ့ဒီညမှာ သမီးကို နိုးစေခဲ့တဲ့သူက အဖိုးဖြစ်နေတယ်။

သမီးတို့က အတူတူအိပ်ကြတာ။

အဖိုးက ညအိပ်ရာဝင်တိုင်း ချောင်းဆိုးလေ့ရှိသည်။ အကြောင်းကတော့ ဆေးလိပ်တံတွေကို စုပ်လေ့ရှိတာကြောင့်ပဲ။

အဲ့ဒီညမှာ အဖိုးက ချောင်းဆိုးပြီးနောက် ထလိုက်ကာ တံခါးဖွင့်သံကို သမီးကြားလိုက်ရတယ်။

အဖိုးက ဓာတ်မီးမပါဘဲ၊ အဝတ်အစားများကို ကိုင်ပြီး ဘာမှမယူဘဲ ထွက်သွားခဲ့တယ်။

"သမီးက အဖွားအိပ်ပျော်နေတာကို မြင်ပြီး အဖိုး ဘာလုပ်မည်ကို စူးစမ်းချင်စိတ်ဖြစ်လိုက်ကာ သူ့နောက်ကနေ လိုက်သွားခဲ့တယ်။

အဖိုး လမ်းလျှောက်တာ တော်တော်လေးမြန်တယ်၊ ဒါပေမယ့်သူ သမီးကို သတိမထားမိခဲ့ဘူး။

ကျေးရွာအပြင်ကို ရောက်တဲ့အခါမှာ သမီးသိလိုက်ရတာက အဖိုးက တောင်ပေါ်ကို တက်နေတာပဲဆိုတာ။

"တောင်ပေါ်မှာ အနောက်တိုင်းအိမ်ဆီကို သွားတဲ့ လမ်းကြောင်းတစ်ခုရှိတယ်။

အဖိုးက ညသန်းခေါင်ယံမှာ အဲ့ဒီအိမ်ဆီကို သွားနေတာဖြစ်တယ်။

သူက ပုံမှန်အားဖြင့် မတ်မတ်တောင် မလျှောက်နိုင်ဘူး၊ ဒါပေမယ့် အဲ့ညမှာ သူက လျင်မြန်စွာပဲ လှုပ်ရှားနေတယ်။

သမီးက သူ့နောက်မှ လိုက်နေခဲ့ပြီး တောင်လမ်းရဲ့ အလယ်နား ရောက်တဲ့အခါမှာ ရုတ်တရက် အမျိုးသမီးတစ်ဦး ငိုကြွေးနေသံကို ကြားလိုက်ရတယ်။

"အဲ့ငိုသံက အဖိုး ညက နားထောင်နေတဲ့ အော်ပရာထဲက အမျိုးသမီးငိုသံ ဖြစ်နေတယ်။

အဖိုးက သူ၏ ရေဒီယိုလေးကို ယူဆောင်လာပြီး အော်ပရာကို နားထောင်နေခြင်းဖြစ်တယ်။

အော်ပရာထဲက အမျိုးသမီးက ငိုနေစဉ် အဖိုးလည်း ငိုနေခဲ့တယ်။

အဖိုးက အလွန်ဝမ်းနည်းစွာနဲ့ ငိုနေတာကို မြင်ရတဲ့အခါ သမီးလည်း ကြောက်ပြီး ငိုချင်လာခဲ့တယ်၊ ဒါပေမယ့် အဖိုးအတွက် စိုးရိမ်တဲ့အတွက် ငိုသံကို အောင့်ပြီး အဖိုးနောက်က လိုက်ခဲ့လိုက်တယ်၊

"အဖိုးက တစ်လမ်းလုံး ငိုနေပြီး နောက်ဆုံးမှာ အနောက်တိုင်းအိမ်လေးရဲ့ တံခါးရှေ့သို့ ရောက်ရှိလာခဲ့တယ်။

အိမ်လေး၏ တံခါးက သံတံခါးဖြစ်တယ်။

အဖိုးက တံခါးသံချောင်းကို လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်လိုက်ပြီး အပြင်းအထန် လှုပ်ခါလိုက်တယ်

ကလန်..ကလန်...ကလန်...

သမီးက အဖိုးနောက်ကနေ ပုန်းနေပြီး သူရဲ့ ရူးသွပ်နေဟန်ကို စောင့်ကြည့်နေမိလိုက်တယ်။

"ဒါပေမယ့် အဖိုးက အိမ်လေးထဲကို မဝင်ဘဲနဲ့ အနား ပတ်လည်ကို လျှောက်သွားခဲ့တယ်။

သူက တောင်ပေါ်မှာ ခပ်ကြာကြာလျှောက်သွားပြီးတော့ နောက်ဆုံးတွင် ရပ်လိုက်တယ်

သမီးက အဖိုးနဲ့ အနည်းငယ်တော့ဝေးနေတယ်။

အဲ့ဒီအချိန်မှာ လက ပြည့်ဝန်းနေပြီး အဖိုးက မြေစာပုံတွေရှေ့မှာ ရပ်လိုက်တာကို မြင်လိုက်ရတယ်။

သမီးမှတ်မိတာတော့ အဖိုးက အပြင်ကို ဘာမှ ယူမလာခဲ့ဘူး၊ ဒါပေမယ့် သူရဲ့ အဝတ်ထဲကနေ စက္ကူနဲ့ စုတ်တံ ထုတ်ယူလိုက်တယ်။

"သူက ဂူတစ်ခုရှေ့မှာ ထိုင်လိုက်တယ်။

ထိုဂူရှေ့မှာ ကျောက်တိုင်တစ်ခုရှိပုံပေါ်တယ်။

အဖိုးက ထိုကျောက်တိုင်ရှေ့မှာ ထိုင်ပြီး ရေးနေတယ်။

ရေးပြီးတဲ့အခါမှာ နောက်ဂူတစ်ခုဆီသို့ သွားလိုက်တယ်။

သမီးက တောင်ပေါ်မှာ ဒီလောက်များတဲ့ ဂူတွေရှိမှန်းကို အရင်က မသိခဲ့ဘူး

လူကြီးတွေက ကလေးတွေကို တောင်ပေါ်သို့ တက်ခွင့်မပြုခြင်းမှာ ဤဂူများကြောင့်လားဟု တွေးမိလိုက်တယ်။

"အဖိုးက ဂူရှေ့မှာ အကြာကြီးရေးနေပြီး ဘယ်လောက်ကြာသွားလည်း ဆိုတာတောင် သမီး မသိခဲ့ဘူး....

နောက်ဆုံးမှာ အဖိုးက ထလိုက်ပြီး မှတ်စုစာအုပ်ကို သိမ်းကာ တောင်အောက်သို့ ပြန်ဆင်းသွားခဲ့တယ်။

အဲ့ဒီအချိန်မှာ သမီးက ကြောက်နေပေမယ့်လည်း အလွန်စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်၊ နောက်ဆုံးတော့ သမီး ခြေထောက်တွေက သမီးကို မနာခံဘဲ ထိုဂူတွေဆီသို့ လျှောက်သွားမိလိုက်တယ်။

"သမီး လျှောက်တာ မကြာလိုက်ပါဘူး အလွန်ရင်းနှီးတဲ့ နာမည်တစ်ခုကို မြင်လိုက်ရတယ်။

တုဟိုင်၊ ထိုနာမည်က သမီးအဖေရဲ့ နာမည်ပဲ

ဒါပေမယ့် သမီးအမေနာမည်ကိုတော့ မတွေ့ခဲ့ဘူး ပြီးတော့ အဖေရဲ့ ဂူကို ဒီနေရာမှာ မြှုပ်ထားတာ မဟုတ်ဘူး။

နောက်ထပ်ကြည့်နေစဉ် ရုတ်တရက်... သမီး ကျောက်တိုင်တစ်ခုကို မြင်လိုက်ရတယ်...

အပေါ်မှာ 'ကျန်းမာပါစေ' လို့ ရေးထားတယ်!"

All Chapters