← Chapters

ယွင်နှင့် ချူ အကြား တိုက်ပွဲ

Vol. 123 Ch. 1600

ယွင်နှင့် ချူ အကြား တိုက်ပွဲ

Vol. 123 Ch. 1600

ကောင်းကင်နတ်အရှင်ယွင်မှာ ရင်ထဲတွင် လေးလံသွားသည်။ ထိုက်ချီသည် သူ့အား တောက်လျှောက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်တန်ရာ၏။

မဟာဧကရာဇ်သည် လိုအပ်နေသည့် ပြစ်ချက်များကြောင့် ထိုက်ချူဧကရာဇ်ဓားကို သူ၏အခြေခံအဖြစ် အသုံးပြု၍ တာအိုသစ်ပင်များ၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးများကို ဖန်တီးခဲ့သည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံ အသိစိတ်အလျဉ်တိုက်ပွဲတွင် မဟာဧကရာဇ် သေဆုံးသွားသည့်အခါ သူ၏တာအိုလည်း ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်နတ်အရှင်ယွင်က ထိုအခွင့်အရေးကိ အမိအရဖမ်းဆုပ၍ ထိုက်ချူဧကရာဇ်ဓားကို အသုံးပြုကာ ကောင်းကင်နတ်အရှင်ဟောင်အား နှင်ထုတ်ခဲ့သည်။ ထို့နောက် ဧကရာဇ်ဓားက သူ၏ကောင်းကင်လက်နက် ဖြစ်လာခဲ့လေသည်။

ဤဧကရာဇ်ဓားကား ထိုက်ချူ၏ အထွတ်အမြတ်ရတနာတစ်ပါးလည်း ဖြစ်သည်။ ထိုက်ချူမှာ မဟာဧကရာဇ်ကြောင့် ပေါက်ဖွားလာခဲ့ပြီး မွေးစားသားအဖြစ် ခေါ်သွားခံခဲ့ရသည်။ ဧကရာဇ်ဓားကို ပြန်လိုချင်သည်မှာ ထိုက်ချူ၏ ဖျောက်ဖျက်မရသော အစွဲစိတ် ဖြစ်လာခဲ့သည်။

ကောင်းကင်နတ်အရှင်ယွင်၏ ပုံရိပ် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲသို့ ဝင်ရောက်သွားသည်နှင့် မွေးရာပါချီမဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဘုံက ၎င်းကို ဝင်တိုက်သွားသည်။

ကောင်းကင်နတ်အရှင်ယွင်မှာ ခန္ဓာကိုယ်အား ဟန်ချက်ထိန်းရန် ခက်သွားသည်။ ကံကောင်းစွာဖြင့် သူ၏တာအိုသစ်ပင်မှာ မဟာဧကရာဇ်ကဲ့သို့ မပြီးပြည့်စုံနေခဲ့ခြင်း မဟုတ်ပေ။ ၎င်းက ပြီးပြည့်စုံနေသော တာအိုသစ်ပင်တစ်ပင် ဖြစ်သည့်အလျောက် ခံနိုင်ရည် ရှိသည်။

ဝှစ်…

တာအိုသစ်ပင်အမြစ်များက ပျံသန်းလာပြီး သူ၏နောက်ကျောထဲသို့ ထိုးစိုက်သွား၏။ ချက်ချင်းဆိုသလို အသိစိတ်အလျဉ်သည် အမြစ်များထံမှ တဟုန်ထိုး ပျံ့နှံ့လာကာ သူ၏ခန္ဓာကိုယ်ကို သန်မာသွားစေသည်။

ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာထဲတွင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှာ ဖွင့်လှစ်ခံခဲ့ရပြီး ဘိုးဘေးနန်းတော်အဖြစ် အသွင်ပြောင်းသွား၏။ နဂါးငွေ့တန်းက ဖြတ်သန်းစီးဆင်းလျက် ရွှမ်တုအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်နတ်မြစ်က ကောင်းကင်ကို ဖောက်ထွက်၍ ကောင်းကင်ပင်လယ်မှ ပျံတက်ကာ ရွှမ်တုအား စီးဆင်းသွားသည်။

ထို့နောက် ကောင်းကင်နတ်မြစ်သည် ရွှမ်တုမှ ပြန်လည်ဆင်းသက်လာပြီး စကြ၀ဠာ၏ ၀င်ရိုးစွန်းလေးခုကို လှည့်ပတ်ကာ ဝင်ရိုးစွန်းလေးခု ကောင်းကင်ရတနာများကို ဖွဲ့တည်လိုက်သည်။ ဝင်ရိုးစွန်းလေးခု ကောင်းကင်ရတနာများက တစ်ခုပြီးတစ်ခု ပွင့်လာကြချေပြီ။

ထို့နောက် ယွမ်တု ဖြစ်တည်လာသည်။ ကောင်းကင်နတ်မြစ်က ယွမ်တုကို ဖြတ်သန်းကာ ယိုတုထဲ စီးဝင်သွား၏။ ၎င်းက ယိုတုမြစ်အသွင် ပြောင်းလဲသွားပြီး ယိုတု၏ ဝါးမြိုခြင်း ခံလိုက်ရသည်။

ယိုတုမြစ်က ယိုတုမှတစ်ဆင့် အဆုံးသတ်မြို့ပျက်ချောက်နက်ထဲသို့ ဆက်လက်စီးဝင်သွားသည်။

သူကား ကောင်းကင်ရတနာစနစ်အသစ်၏ အဆင့်ခုနစ်ဆင့်ကို ကျင့်ကြံခဲ့ပြီးချေပြီ။

လန်ယွီတျန်း သူ့ကို လွှဲပြောင်းပေးခဲ့သော ကောင်းကင်ရတနာအသစ် အဆင့်ခုနှစ်ဆင့် ရှိသည်။ ထိုအဆင့်များမှာ မူလကောင်းကင်ရတနာ၏ အဆင့်ခုနစ်ဆင့်နှင့် မတူပေ။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ငှားယူထားခြင်းလည်း မဟုတ်ပေ။ အတိတ်တုန်းက ဝိညာဉ်သန္ဓေသားမှလွဲ၍ ကျန်ကောင်းကင်ရတနာ အဆင့်ခြောက်ဆင့်မှာ ရှေးဟောင်းနတ်ဘုရားတို့မှ စွမ်းအားငှားယူထားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ရတနာကျင့်စဉ်အသစ်ကမူ ကောင်းကင်နှင့် မြေကြီး တာအိုကို လေ့လာ၍ ကောင်းကင်ရတနာအား ဖွင့်လှစ်ခြင်းပင်။ ပြင်ပမှ စွမ်းအားကို မငှားယူပေ။ ၎င်းကိုယ်၎င်း စကြ၀ဠာသဖွယ် သဘောထား၍ ကောင်းကင်နှင့် မြေကြီး၏ တာအိုကို ငှားယူကာ ပြန်လည်ဖန်ဆင်းခြင်းဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွင်၏ ခွန်အားနှင့် သိုင်းအခြေခံကား အဆပေါင်းများစွာ တိုးတက်သွားခဲ့၏။ သူသည် နတ်ဘုရားအဆင့်အထိ ကျင့်ကြံ၍ သေခြင်းရှင်ခြင်းအား ပယ်ရှားကာ ကောင်းကင်နှင့် မြေကြီးတန်းတူ အဆုံးမရှိသော သက်တမ်းကို ပိုင်ဆိုင်လာနိုင်ခဲ့၏။

အဆုံးမဲ့သက်တမ်းကို ပိုင်ဆိုင်ခြင်းက နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် စံသတ်မှတ်ချက်ဆိုလျှင် ကောင်းကင်ရတနာကျင့်စဉ်အသစ်၏ ခြောက်ဆင့်မြောက်အား နတ်ဘုရားအဆင့် ဟု ခေါ်ဆိုနိုင်သည်။

သို့သော် လန်ယွီတျန်း ဖန်တီးထားခဲ့သည့် ကျင့်စဉ်စနစ်တွင် နတ်ဘုရားအဆင့်ဟူသော အဆင့် မရှိချေ။ ကောင်းကင်နန်းဆောင်အဆင့်ပင်လျှင် မရှိ။

ကောင်းကင်နတ်အရှင်ယွင် ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် သူ၏ မူလဝိညာဉ်သည် ဘိုးဘေးနန်းတော်အထက်တွင် ရပ်နေ၏။ မဟာတာအိုတို့က စုစည်းလျက် ကောင်းကင်မုခ်၀လေးခုကို ဖြတ်ကာ နဂါးသွဲ့ရေကန်အဆင့်၏ သန့်စင်ခြင်း၊ ကောင်းကင်ပင်လယ် တာအိုနှလုံးသား၏ ပုံစံသွင်းပေးခြင်းတို့ကို ဖြတ်သန်းပြီးနောက် နတ်ဘုရားစီရင်ရာအဆင့်၊ အကျဉ်းထောင်ကိုးထပ်အဆင့်တို့ဆီသို့ ဝင်ရောက်သွားသည်။

သူ၏ အရှေ့တွင် မြူများအုံ့ဆိုင်းလျက် ဖရိုဖရဲဖြစ်နေသော လွင်ပြင်ကျယ်ကြီးက နေရာယူထားသည်။ သူ၏မူလဝိညာဉ်သည် ကြီးမားခမ်းနားသော ကျောက်စိမ်းမြို့တော်၏ အရှေ့တွင် ပေါ်လာသော်လည်း ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။

လန်ယွီတျန်း ဖွင့်လှစ်ထားခဲ့သည့် ကောင်းကင်ရတနာခုနစ်ခုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်သည်။ ပြီးလျှင် ဘိုးဘေးနန်းတော်အဆင့် လာသည်။ ဘိုးဘေးနန်းတော်အဆင့်ကို ကောင်းကင်မုခ်၀လေးခုအဆင့်၊ နဂါးသွဲ့ရေကန်စင်မြင့်အဆင့်၊ ကောင်းကင်ပင်လယ်အဆင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်၊ အကျဉ်းထောင်ကိုးထပ်အဆင့်၊ ကျောက်စိမ်းမြို့တော်အဆင့်၊ ထိုက်ငါးပါးအဆင့်၊ လောကသစ်ပင်အဆင့် ဟူ၍ ခွဲခြားထား၏။

ကောင်းကင်ရတနာခုနစ်ခုအဆင့်ကို လန်ယွီတျန်းတစ်ယောက်တည်း ဖန်တီးထားခြင်း ဖြစ်ပြီး ဘိုးဘေးနန်းတော်၏ အဆင့်ရှစ်ဆင့်ကိုတော့ လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ အဘွားစစ်၊ မင်းသားယိုမင်းနှင့် အခြားသူများ အတူတကွ ဖန်တီးထားကြခြင်း ဖြစ်သည်။

သို့သော် သူတို့သည် ကျောက်စိမ်းမြို့တော်အဆင့်၊ ထိုက်ငါးပါးအဆင့်နှင့် လောကသစ်ပင်အဆင့်ကိုတော့ ပြီးပြည့်စုံအောင် မဖန်တီးရသေးချေ။

ကျောက်စိမ်းမြို့တော်အဆင့်သည် ကျောက်စိမ်းမြို့တော်အား သိမြင်နားလည်ရန် လိုအပ်သော်လည်း ကောင်းကင်ဘုံ၏ ကောင်းကင်နတ်အရှင်များက မြို့ကို ချိပ်ပိတ်၍ စစ်သည်တော်များဖြင့် စောင့်ကြပ်ထားစေသည်။ လန်ယွီတျန်းနှင့် ကျန်သူများမှာ သိမြင်နားလည်နိုင်ရန် မဝင်ရောက်နိုင်ကြချေ။ ထို့ကြောင့် ကျောက်စိမ်းမြို့တော်ကို ခပ်ရေးရေးသာ မြင်နေရပြီး မဝင်ရောက်နိုင်ခြင်း ဖြစ်၏။

ထိုက်ငါးပါးအဆင့်က ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိတို့၏ မွေးရာမဟာတာအိုငါးပါးအား သိမြင်နားလည်ရန် လိုအပ်သည်။ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့မှာ ကျောက်တုံးတွင်းငါးတွင်းသို့ သွားရောက်၍ ထိုမဟာတာအိုငါးခုကို သိမြင်နားလည်နိုင်ရန် တစ်ကြိမ်ထက်မနည်း ကြိုးစားခဲ့ကြလေသည်။ သို့သော် ထိုမဟာတာအိုငါးခုသည် ကျယ်ပြန့်နက်နဲလွန်းသည်သာမက နားလည်နိုင်ရန် ခက်ခဲရာ ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်နိုင်ခဲ့ပေ။

လောကသစ်ပင်အဆင့်မှာ သာမန်တာအိုကျင့်စဉ်စနစ်နှင့် ဆင်တူသည်။ ခိုင်ဧကရာဇ်၏ တာအိုကျင့်စဉ်စနစ်နည်းတူ ၃၆ ခုမြောက် ကောင်းကင်ဘုံက တာအိုဖွဲ့တည်ကာ မဟာခြုံလွှမ်းကောင်းကင်ဘုံ၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးများကို ဖော်ဆောင်ပေးသည်။

သို့သော်လောကသစ်ပင်အဆင့်သည် သာမန်တာအိုကျင့်စဉ်စနစ်နှင့် အလုံးစုံတူနေခြင်းတော့ မဟုတ်ပေ။ တာအိုကျင့်စဉ်စနစ်၏ တာအိုသစ်ပင်က လောကသစ်ပင်ကို တုပထားခြင်းဖြစ်ပြီး လောကသစ်ပင်အဆင့်ကတမူ အနက်ရောင်တောင်တန်း၏ လောကသစ်ပင်ကို သိမြင်နားလည်သွားခြင်းမှတစ်ဆင့် မိမိ၏ ဘိုးဘေးနန်းတော်အဆင့်ထဲတွင် ကိုယ်ပိုင်တာအို ပိုင်ဆိုင်သည့် လောကသစ်ပင်တစ်ပင်ကို တည်ဆောက်ခြင်းဟု ဆိုရမည်။

လောကသစ်ပင်အား တည်ဆောက်ပြီးပြီးဆိုလျှင် ခန္ဓာကိုယ်ထဲရှိ အမျိုးမျိုးသော မဟာတာအိုများအပေါ် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ မဟာတာအိုက လောကသစ်ပင်ကို ဗဟိုပြုလျက် မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖွဲ့တည်ပေးလိမ့်မည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံထဲရှိ လောကသစ်ပင်ကလည်း တာအိုပန်းပွင့်များ ပွင့်လန်း၍ တာအိုသစ်သီးများ သီးစေနိုင်သည်။

တာအိုကျင့်စဉ်စနစ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် မတူသည့်အချက်က.... ဘိုးဘေးနန်းတော်ကျင့်စဉ်စနစ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ အန္တိမဟင်းလင်းပြင်တွင် တံ‌ဆိပ်ခတ်နှိပ်စရာ မလိုခြင်းပင်။ ဘိုးဘေးနန်းတော်ကျင့်စဉ်စနစ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံက ကိုယ်ပိုင်မဟာတာအိုများကို သိမြင်နားလည်သွားမှုမှ ဖွဲ့တည်လာခြင်း ဖြစ်၍ပင်။

ဤသည်က လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ စိတ်ကူး ဖြစ်သည်။ သူတို့က ဤနည်းလမ်းကို သုံး၍ အန္တိမဟင်းလင်းပြင်တွင် မဟာခြုံလွှမ်းကောင်းကင်ဘုံများစွာ ပြွတ်သိပ်သွားပြီး စကြ၀ဠာကပ်ဘေးကြီး ဖြစ်ပေါ်လာမည်ကို တားဆီးရန် ရည်ရွယ်ထားခဲ့ကြ၏။

သူတို့သာ မဟာတာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ခြင်း မပြုလျှင် အန္တိမဟင်းလင်းပြင်၌ ဖိအားများစွာ သက်ရောက်စေမည် မဟုတ်ပေ။ ၎င်းက စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကြီးကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

မတူညီသောပုဂ္ဂိုလ်များသည် မတူညီသော တာအိုများကို ကျင့်ကြံကြသည် မဟုတ်ပါလော။ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် ဘိုးဘေးနန်းတော်၏ လောကသစ်ပင်တို့မှာလည်း မတူညီပေ။

ထုံးတမ်းစဉ်လာ ကျင့်စဉ်စနစ်ဖြစ်သည့် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာကျင့်စဉ်စနစ်သည် တာအိုကို တည်ဆောက်နိုင်ရန် ခွန်အားကို အသုံးပြု၏။ တာအိုကျင့်စဉ်စနစ်ကတော့ တာအိုမှတစ်ဆင့် တာအိုကို ဖော်ဆောင်သည်။ နှစ်ခုစလုံးသည် ပြင်ပအရာကို အားကိုးထားကြခြင်းဖြစ်သော်လည်း လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများကတော့ အတွင်းပိုင်းကိုသာ အားကိုးကြသည်။ ဤသည်က ကျင့်စဉ်စနစ်အဟောင်းများနှင့် အသစ်များ အကြားရှိ အကြီးမားဆုံး ကွာခြားချက်တစ်ခုပင်။

ကောင်းကင်နတ်အရှင်ယွင်ကား ဘိုးဘေးနန်းတော် ကျင့်စဉ်စနစ်အသစ်ကို အကျဉ်းထောင်ကိုးထပ်အဆင့်အထိ အချိန်တိုအတွင်း ကျင့်ကြံနိုင်ခဲ့ချေပြီ။ သူ၏ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းတို့က အမှန်တကယ်ပင် ထူးကဲလွန်းသည်။

သို့သော် ကျင့်စဉ်စနစ်အသစ်မှာ မပြီးပြည့်စုံသေး‌ပေ။ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် ကျန်တည်ထောင်ဖန်တီးသူများပင်လျှင် မကျင့်ကြံနိုင်သေးရာ သူ့လို သင်ယူသူတစ်ဦးအတွက်တော့ ထည့်တွက်နေစရာပင် မလိုအပ်ချေ။

သူ၏ မှော်စွမ်းအင်သည် ကောင်းကင်ရတနာ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွင် အောင်မြင်မှုများစွာ ရရှိထားသော ထိုက်ချူလို ပုဂ္ဂိုလ်တစ်ဦးအောက် များစွာ နိမ့်ကျနေသေး၏။

ထိုက်ချူက မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ တာအိုသစ်ပင်အောက်တွင် ထွက်ပေါ်လာသည်။။ သူ ကောင်းကင်နတ်အရှင်ယွင်ကို ကြည့်လိုက်ည့်အခါ ကောင်းကင်နတ်အရှင်ယွင်သည် အချိန်တိုအတွင်း ရုပ်ခန္ဓာအား အ‌ဆပေါင်းများစွာ တိုးတက်စေနိုင်ခဲ့ကြောင်း တွေ့လိုက်ရ၏။ သူက အသိအမှတ်ပြုသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။

“ယွင်၊ မင်းက ငါ ကောင်းကင်နတ်အရှင်ဘွဲ့ အပ်နှင်းပေးခဲ့တဲ့ ကောင်းကင်နတ်အရှင် ဖြစ်နေတုန်းပါပဲ…. အဲဒီအချိန်တုန်းက အောက်ဘုံကို ဆင်း၊ ယွမ်တု သွားပြီး ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ တည်ထောင်ဖို့ မင်းကို အမိန့် ပေးခဲ့တာက ငါပဲလေ… မင်းကို ကမ္ဘာခေတ်နှောင်းသတ္တဝါတွေရဲ့ ကောင်းကင်နတ်ဧကရာဇ်ဆိုတဲ့ ရာထူးတောင် ပေးခဲ့သေးတာ”

ထိုက်ချူက သက်ပြင်းချလိုက်သည်။ “မင်း ငါ့ကို ကျေးဇူး ဘယ်လို ပြန်ဆပ်ခဲ့သလဲ… မင်းနဲ့ ကောင်းကင်နတ်အရှင်ဟောင်က ငါ မိန်းမတွေနဲ့ ဆွဲဆောင်ပြီး ကောင်းကင်နတ်ဧကရာဇ်ရာထူး ပြုတ်အောင် လုပ်ကြံခဲ့တယ်… ယွင်…. ယွင်… ငါကတော့ မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်ရတာ… လောကကောင်းကျိုးအတွက် တိုက်ခိုက်နိုင်မယ့် စိတ်ဓာတ်ခွန်အားကို တွေ့ခဲ့လို့ ငါ မင်းကို ပျိုးထောင်ပေးခဲ့တယ်…. မင်းကတော့ ငါ့ကို အကြိမ်ကြိမ် သစ္စာဖောက်ခဲ့တယ်… လူသားတွေအားလုံး ဘယ်သူမှ မယုံကြည်ရပါလား”

ကောင်းကင်နတ်အရှင်ယွင်သည် သူ့အနောက်ရှိ တာအိုသစ်ပင်စွမ်းအားကို စုစည်းလိုက်၏။ သူက လက်ဆန့်တန်း၍ ဖမ်းဆုပ်ဟန် ပြုလိုက်သည်။ ဓားရောင်တစ်ရောင် ဖျတ်ခနဲ လက်သွားပြီး ထိုက်ချူဧကရာဇ်ဓားက သူ၏လက်ထဲတွင် ပေါ်လာသည်။ သူ တည်ကြည်လေးနက်စွာ တုံ့ပြန်လေသည်။ “အရှင်မင်းကြီးက ကမ္ဘာခေတ်နှောင်း သတ္တဝါတွေအပေါ် အုပ်ချုပ်ဖို့အတွက် အောက်ဘုံမှာ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ တည်ထောင်ဖို့ ကျုပ်ကို အမိန့်ပေးခဲ့တာ မှန်ပါတယ်… ဒါပေမဲ့ အဲဒီနောက်ပိုင်း ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း အောက်ဘုံမှာ နဂါးဟန်ကောင်းကင်နတ်ဘုံ တည်ထောင်ခိုင်းပြီး ကျုပ်တို့အကြား သွေးခွဲခဲ့တယ်…. ကျုပ်တို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်စေချင်ခဲ့တယ် …. ကမ္ဘာခေတ်နှောင်း သတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေ တိုးတက်လာပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ အာဏာ လျော့ကျလာလို့ အရှင်မင်းကြီးက ကျုပ်တို့ကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ပြီး အင်အားလျော့နည်းစေခဲ့တာပဲ…. အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က အဲ့ဒါထက် မပိုခဲ့ဘူး…. အဲဒီကတည်းက ရှေးဟောင်းနတ်ဘုရားတွေကို တွန်းလှန်ချင်ရင် အရှင်မင်းကြီးကို အရင်သတ်ရမယ် ဆိုတာ ကျုပ် သဘောပေါက်ခဲ့တယ်… အရှင်မင်းကြီး မသေရင် ရှေးဟောင်းဘုရားတွေဟာ တစ်လောကလုံးကို ထာဝရအုပ်ချုပ်ပြီး အမှောင်လွှမ်းနေစေလိမ့်မယ်”

“ဒါကြောင့် မင်းက ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပူးပေါင်းပြီး ကောင်းကင်မဟာမိတ်ကို တည်ထောင်ခဲ့တာပေါ့ …. ငါ့ကို သတ်နိုင်ဖို့ နတ်ဘုရားတစ်ပိုင်းတွေရဲ့ အင်အားကို ငှားယူဖို့အတွက် ကောင်းကင်မဟာမိတ်ရဲ့ အာဏာတစ်ဝက်ကို သူ့လက်ထဲ ထည့်ပေးလိုက်တာပေါ့လေ”

ထိုက်ချူက သက်ပြင်းချကာ ပြောသည်။ “ဒါပေမဲ့ သူက ကောင်းကင်မဟာမိတ်ကို တဖြည်းဖြည်း ဝါးမြိုသိမ်းပိုက်ခဲ့တယ်…. ကောင်းကင်နတ်အရှင်ယွင်၊ မင်း ငါ့ကို တွန်းလှန်ပြီး နောင်တရခဲ့လား… မင်းရဲ့ ကောင်းကင်မဟာမိတ်က ကောင်းကင်နတ်အရှင်ဟောင်နဲ့ တခြားကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ကောင်းကင်မဟာမိတ် ဖြစ်လာခဲ့တယ်လေ… နတ်ဘုရားတစ်ပိုင်းတွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အာဏာကို တွန်းလှန်ပြီးတော့ စကြ၀ဠာကြီးအပေါ် ဆက်လက်အုပ်ချုပ်ခဲ့ကြတယ်… မင်းတို့လူသားတွေနဲ့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေကတော့ ယဇ်ပူဇော်စရာတွေ ဖြစ်နေခဲ့တုန်းပဲ… မင်းတို့တွေဟာ ကျွန်ပြုခံရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်ဘဲ သွေးယဇ်ပူဇော်ခံခဲ့ရတယ်… မင်းတို့ ငါ့ကို တွန်းလှန်ခဲ့ပေမယ့် မတွန်းလှန်ခင်တုန်းက အခြေအနေနဲ့ မကွာခြားခဲ့ဘူး”

ကောင်းကင်နတ်အရှင်ယွင်ကလည်း သက်ပြင်းချလိုက်ပြီး တည်ကြည်လေးနက်စွာ တုံ့ပြန်လိုက်သည်။ “ကွာခြားတာပေါ့… အတိတ်တုန်းက မျှော်လင့်ချက် မရှိခဲ့ဘူး… ဒါပေမဲ့ အခုတော့ မျှော်လင့်ချက်ရှိလာခဲ့ပြီ… ဒါက အကြီးမားဆုံး ကွာခြားချက်ပဲ”

ထိုက်ချူက တဟားဟား ရယ်မောလိုက်ပြီးနောက် အင်္ကျီလက်စကို ခါလိုက်ရင်း ပြောသည်။ “မျှော်လင့်ချက်တဲ့လား… ဘယ်လောက်တောင် မဖြစ်နိုင်ပြီး အခြေအနေနဲ့ တခြားစီဖြစ်နေတဲ့ စကားလုံးလဲ…. ကောင်းကင်နတ်အရှင်ယွင်၊ မရေမတွက်နိုင်တဲ့ လူသားတွေနဲ့ ကမ္ဘာခေတ်နှောင်း သတ္တဝါတွေ အကြိမ်ကြိမ် သတ်ဖြတ်ခံခဲ့ရတာကို မျှော်လင့်ချက်လို့ ခေါ်တာလား…. နဂါးဟန်၊ ချိမင်၊ ချုံဧကရာဇ်၊ ခိုင်ဧကရာဇ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကပ်ဘေးတွေကို မျှော်လင့်ချက်လို့ ခေါ်တာလား…. ကမ္ဘာခေတ်နှောင်းသတ္တဝါတွေဟာ တစ်ပင်ပြီးတစ်ပင် ဆွဲနှုတ်ခံနေရတဲ့ မြက်တွေပဲ… ဒါကို မင်းက မျှော်လင့်ချက်လို့ ခေါ်တာလား’’

ကောင်းကင်နတ်အရှင်ယွင်က ထိုက်ချူဧကရာဇ်ဓားကို သူ၏လက်ချောင်းများဖြင့် တောက်လိုက်ရာ ‌ဓားသံက စည်းချက်ကျကျ ပြတ်သားစွာ ထွက်ပေါ်လာသည်။ ၎င်းက လူသားတို့၏ စိတ်နှလုံးများကို တက်ကြွသွားစေ၏။ “ဒါတွေက မျှော်လင့်ချက် မဟုတ်လို့ ဘာတွေဖြစ်ရမှာလဲ… အရှင်မင်းကြီး၊ အရင်တုန်းက ကျုပ်တို့မှာ ပြန်တိုက်ခိုက်ဖို့ ခွန်အားမရှိခဲ့ဘူး…. နဂါးဟန်ခေတ်တုန်းက ကမ္ဘာခေတ်နှောင်းသတ္တဝါတွေထဲမှာ ဧကရာဇ်ပလ္လင်အဆင့်ဆိုလို့ လက်ချိုးရေလို့တောင် ရခဲ့တယ်… ချိမင်ခေတ်မှာ မင်ဧကရာဇ်က တောင်ကောင်းကင်မုခ်၀အထိ သတ်ဖြတ်ပြီး ရောက်ရှိနိုင်ခဲ့တယ်… ချုံဧကရာဇ်ခေတ်မှာ လင်နဲ့ ယွဲ့က ကောင်းကင်နတ်ဘုံရဲ့ အခြေခံအုတ်မြစ်ကို တုန်လှုပ်စေနိုင်ခဲ့တယ်… ခိုင်ဧကရာဇ်ခေတ်မှာ ရွှင်ပျော်ပျော်ကျေးရွာဟာ ကောင်းကင်နတ်အရှင်ဆယ်ပါး စိတ်သက်သောင့်သက်သာ မစားသောက်၊ မအိပ်စက်နိုင်အောင် လုပ်နိုင်ခဲ့တယ်…. ဒီနေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်မှာတော့ အရှင်မင်းကြီး…. ကျုပ်တို့ဟာ ကောင်းကင်နတ်ဘုံနဲ့ ရင်ဘောင်တန်းနေနိုင်ပြီ”

ထိုက်ချူ၏ အကြည့်က သူ၏လက်ထဲရှိ ဧကရာဇ်ဓားအပေါ်သို့ ရောက်လာသည်။ “မင်းတို့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေဟာ တကယ်ကို ပိုးမွှားတွေပဲ… ဘယ်လောက်ပဲသတ်သတ် အကုန်သေသွားအောင် မသတ်နိုင်ဘူး… အမြဲတမ်း ပြန်ထွက်ပေါ်လာပြီးတော့ အားကောင်းလာကြတယ် … ဒါပေမဲ့ အခုတော့ အဲဒီလိုအခွင့်အရေး မရှိတော့ဘူး”

သူ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ကြည့်ပြီးနောက် သတ်ပြင်းချသည်။ “ထိုက်ချူတာအိုကို မွေးရာပါချီနဲ့ အသိစိတ်အလျဉ်ဆိုပြီး ခွဲခြားထားတယ်… ထိုက်ချူတာအိုရတဲ့အခါမှာ ထိုက်ချူမဟာခြုံလွှမ်း ကောင်းကင်ဘုံ ဖြစ်လာတယ်… ထိုက်ချူမဟာခြုံလွှမ်း ကောင်းကင်ဘုံကို မွေးရာပါချီမဟာခြုံလွှမ်း ကောင်းကင်ဘုံနဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံဆိုပြီး နှစ်ပိုင်းခွဲထားတယ်… ငါ ထိုက်ချူတာအို ရနိုင်ဖို့ မင်း သေသွားဖို့ လိုတယ်”

သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးသည် ဖြည်းဖြည်းချင်း ပွင့်လာပြီး လင်းလက်တောက်ပနေသော ထိုက်ချူမူလကျောက်တုံးကို ထုတ်ဖော်လိုက်သည်။ မူလကျောက်တုံးတစ်ဝက်မှာ ပျောက်ကွယ်နေ၏။ သူက ပြုံးလျက် ပြောသည်။ “မင်း သေသွားပြီးတဲ့နောက်မှာ မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံက ပေါင်းစည်းသွားပြီး ငါဟာ အစစ်အမှန်ထိုက်ချူ ဖြစ်လာလိမ့်မယ်”

“ကျုပ်အတွက်လည်း အတူတူပါပဲ အရှင်မင်းကြီး”

ကောင်းကင်နတ်အရှင်ယွင် ပြုံးလိုက်စဉ် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် ဖြည်းဖြည်းချင်း ပွင့်လာကာ မူလကျောက်တုံးတစ်တုံးအား ဖွင့်လှစ်ပြလိုက်သည်။ သူက ပြုံးလျက်ပင် ပြော၏။ “အရှင်မင်းကြီး ကျုပ်လက်ထဲမှာ သေသွားမယ်ဆိုရင် ကျုပ်ဟာ မွေးရာပါချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို သုံးပြီးတော့ ထိုက်ချူတာအို ရနိုင်လိမ့်မယ်… အရှင်မင်းကြီးမှာ ထိုက်ချူခန္ဓာကိုယ် ရှိထားပြီး ကျုပ်မှာတော့ ထိုက်ချူဧကရာဇ်ဓား ရှိနေတယ်… ဘယ်သူ အနိုင်ရနိုင်မယ်ဆိုတာ မသိသေးပါဘူး”

ထိုက်ချူ၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ ကောင်းကင်နတ်အရှင်ယွင်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ကျောက်တုံးမှာ သူ ရှာဖွေနေခဲ့သော ကျောက်တုံးပင် မဟုတ်ပါလော။

ယခင်တုန်းက မဟာဧကရာဇ်၏ ခန္ဓာကိုယ်မှာ ဖရိုဖရဲကျောက်သွေးကြောကြောင့် ဖြစ်ပေါ်လာခဲ့သော ဖရိုဖရဲပင်လယ်ထဲ၌ ပြန့်ကြဲသွားခဲ့၏။ ကျောက်တုံးသည်လည်း ဖရိုဖရဲပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့သဖြင့် ကောင်းကင်နတ်အရှင်များက သွားရောက်ရှာဖွေခဲ့ကြသည်။ သို့သော် ဘယ်သူမှ ကျောက်တုံးကို မတွေ့ခဲ့ကြပေ။

ထိုက်ချူမှာ ဖရိုဖရဲပင်လယ်သို့ တစ်ကြိမ်ထက်မနည်း သွားရောက်ကာ ကျောက်တုံးကို ရှာဖွေခဲ့ဖူး၏။ သို့သော် ကျောက်တုံးသည် အတောင်ပံပေါက်၍ ပျောက်ကွယ်သွားသည့်အလား ပျောက်ခြင်းမလှ ပျောက်နေခဲ့သည်။

မူလကျောက်တုံးကို ရှုရှန်းဟွာ ရသွားခြင်းဖြစ်သည်ကိုတော့ သူ မသိခဲ့ပေ။ ရှုရှန်းဟွာသည် မူလကျောက်တုံးကို အနက်ရောင်တောင်တန်းဆီသို့ ယူလာခဲ့ပြီး မူလကျောက်တုံးထဲတွင် ကိန်းဝပ်နေသည့် ထိုက်ချူတာအိုကို လန်ယွီတျန်းနှင့်အတူ လေ့လာခဲ့သည်။ သူတို့နှစ်ယောက်လုံး အကျိုးအမြတ်များစွာ ရရှိခဲ့၏။

မကြာခင်တုန်းက ကောင်းကင်နတ်အရှင်ယွင် အနက်ရောင်တောင်တန်းသို့ ပညာသင်ရန် ရောက်လာသည့်အခါ လန်ယွီတျန်းက သူ့အား ကျင့်စဉ်စနစ်အသစ်ကို သင်ပေးခဲ့၏။ မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား ကောင်းကင်နတ်အရှင်ယွင် ပိုင်ဆိုင်သွားခဲ့ကြောင်း ရှုရှန်းဟွာသည် သိလိုက်ရသဖြင့် မူလကျောက်တုံးအား သူ့ကို ပေးခဲ့သည်။ ဤသို့ဖြင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ထိန်းချုပ်နိုင်မည့် စွမ်းအား ရရှိစေခဲ့လေသည်။

ကောင်းကင်နတ်အရှင်ယွင်သည် ဤမူလကျောက်တုံးအား သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးသွင်းခဲ့၏။ ဤကျောက်တုံးနှင့်ဆိုလျှင် သူ့အနေဖြင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၊ တာအိုသစ်ပင်နှင့် တာအိုသစ်သီး၏ စွမ်းအားကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူပေသည်။

“အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်မူ ကျုပ်ကို အနက်ရောင်တောင်တန်းဆီ သွားစေခဲ့တာ ခင်ဗျား မသိသေးဘူးထင်တယ်… ကျုပ် အနက်ရောင်တောင်တန်းမှာ အများကြီး သင်ယူခဲ့ရပြီးပြီ… ကျင့်စဉ်စနစ်အသစ်အပြင် ဒီကျောက်တုံးကိုလည်း ရခဲ့တယ်လေ… ပိုပြီးအရေးကြီးတာက ခိုင်ဧကရာဇ်လည်း အနက်ရောင်တောင်တန်းမှာ ရှိနေခဲ့တယ်”

ကောင်းကင်နတ်အရှင်ယွင်က ထိုက်ချူဧကရာဇ်ဓားကို တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် လွှဲရမ်းလိုက်ပြီး ဓားထိပ်သို့ စိုက်ကြည့်လိုက်သည်။ “ကျုပ်ဟာ နဂါးဟန်ခေတ်တုန်းက ကောင်းကင်နတ်အရှင်မူအဖြစ် ဟန်ဆောင်ခဲ့သလို ခိုင်ဧကရာဇ်အဖြစ်လည်း ဟန်ဆောင်ခဲ့သေးတယ်… နဂါးဟန်ခေတ်အစောပိုင်းတုန်းက သူတို့ရဲ့ တိုက်ပွဲတွေကို ကြည့်ပြီး ကောင်းကင်နတ်သိုင်းတွေနဲ့ တာအိုကျင့်စဉ်တွေကို သိမြင်နားလည်ခဲ့တယ်… အဲ့ဒါတွေကို ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံပြီး အစစ်အမှန်လို့ ထင်ရအောင် လုပ်နိုင်ခဲ့တယ်… အနက်ရောင်တောင်တန်းမှာ ဓားလမ်းစဉ်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်၊ ခိုင်ဧကရာဇ် ကျုပ်ကို ကိုယ်တိုင်လမ်းပြပေးနေတဲ့အတွက် ကျုပ်လက်ထဲမှာ ထိုက်ချူဧကရာဇ်ဓားက အရှင်မင်းကြီး ထင်ထားတာထက် ပိုပြီး သာလွန်နေပြီ”

ဝှမ်း….

ကောင်းကင်နတ်အရှင်ယွင်က ဓားကို လွဲရမ်းလိုက်သည့်အခါ ထိုက်ချူဧကရာဇ်ဓားထိပ်သည် အောက်သို့ ထောင့်ဖြတ်ညွှန်ပြလိုက်၏။ သူ၏အနောက်တွင် ခရမ်းရောင်တိမ်တိုက်များက ကောင်းကင်တွင် ပြည့်နှက်နေရာယူသွားပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား ခရမ်းရောင်ကျောက်သားဖြင့် ထုလုပ်ထားသော အထွတ်အထိပ်နယ်မြေတစ်ခုပမာ အရောင်ခြယ်လိုက်သည်။

“ကောင်းကင်နတ်အရှင်မူ ကျုပ်ကို အနက်ရောင်တောင်တန်းဆီ လွှတ်လိုက်တဲ့ အကြောင်းအရင်းက ကျုပ်ဟာ သမိုင်းတစ်လျှောက် သင်ယူတုပနိုင်တဲ့ အားအကောင်းဆုံး စွမ်းဆောင်ရည်ကို ပိုင်ထားတာ သူ သိနေလို့ပဲ…. ကျုပ်ဟာ အချိန်တိုအတွင်း ခိုင်ဧကရာဇ်ရဲ့ အထွတ်အထိပ်ဓားတာအိုကို ခုနစ်ဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တုပနိုင်ခဲ့ပြီးပြီ…”

ချွန်ထက်၍ ပြိုင်ဘက်ကင်းသော ဓားတာအို၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည်။

လောကတစ်ခွင်တွင် ဓားတာအိုကောင်းကင်ဘုံ အလွှာများသည် တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ခံစစ်အနေအထား ပြင်ဆင်လိုက်၏။

တစ်ချိန်တည်းမှာပင် အသိစိတ်အလျဉ်တာအိုကောင်းကင်ဘုံများက ဓားတာအိုကောင်းကင်ဘုံများဖြင့် ပေါင်းစည်းသွားပြီး ဓားတာအို၏ အားနည်းချက်များကို ဖြည့်ဆည်းပေးလိုက်သည်။

ကောင်းကင်ဘုံနှစ်ခု ပေါင်းစည်းသွားသည့်အချိန်တွင် ၎င်းတို့၏ စွမ်းအားကား ပို၍ပင်သန်မာအားကောင်းသွား၏။

“အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး တိုက်ခိုက်ပါတော့…”

All Chapters