← Chapters

ငါတော့ သွားပြီ

Vol. 123 Ch. 1601

ငါတော့ သွားပြီ

Vol. 123 Ch. 1601

ထိုက်ချူဧကရာဇ်ဓားက ကောင်းကင်နတ်အရှင်ယွင်၏ လက်ထဲတွင် လှုပ်ရှားသွားပြီး ဓားတာအိုကို တဟုန်ထိုး ထုတ်လွှတ်လိုက်သည်။ သူ၏ ဓားသိုင်းကွက်များက ချင်မူနှင့် ခိုင်ဧကရာဇ်တို့၏ ဓားသိုင်းကွက်များနှင့် မတူညီနေချေ။

ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်မှာ ပြိုင်ဘက်ကင်းပြီး သူ၏ ဓားသိုင်းကွက်များက သူ၏လမ်းစဉ်အတိုင်း လိုက်နာကြသည်။ သူ လှုပ်ရှားလိုက်သည်နှင့် ခမ်းနားတင့်တယ်သော ကောင်းကင်ဘုံ ၃၆ ဘုံသည် ထွက်ပေါ်လာတတ်၏။ သူ၏ဓားလမ်းစဉ်ကောင်းကင်ဘုံများက မူလထာဝရငြိမ်းချမ်းရေးအင်ပါယာ ဓားနတ်ဘုရားဖြစ်သည့် ရွာလူကြီးကိုပင် လေးစားအားကျစေခဲ့ပြီး သူကိုယ်တိုင်ပင်လျှင် ရွာလူကြီး၏ စိတ်နှလုံးမိစ္ဆာ ဖြစ်လာခဲ့ရသည်။

ချင်မူ၏ ဓားသိုင်းကွက်များကတော့ ပြောင်းလဲနေတတ်သည်။ သူသည် နှစ်တစ်သန်းအတွင်း နံပါတ်တစ်ဖြစ်သော ဓားသိုင်းပညာရှင်အဖြစ် ကျော်ကြားပြီး ကောင်းကင်နတ်သိုင်းများဖြင့်ပင် လမ်းစဉ် ဝင်ရောက်နိုင်ခဲ့သည်။ သူ၏ ဓားကွက်များက သာမန်ထက် မတူထူးခြားသည့်အပြင် ကပ်ဘေးအန္တရာယ်တို့ ကိန်းဝပ်နေတတ်သည်။

ကောင်းကင်နတ်အရှင်ယွင်၏ ဓားကွက်များကတော့ မတူညီသော လမ်းစဉ်ကို လျှောက်လှမ်းသည်။ သူ၏ဓားကွက်များသည် ရိုးရှင်းနေပြီး ချင်မူ့လောက် မပြောင်းလဲတတ်ပေ။ ခိုင်ဧကရာဇ်လောက် ခမ်းနားခြင်းလည်း မရှိသော်လည်း မဟာဧကရာဇ်တစ်ပါး၏ ဩဇာအာဏာကို သယ်ဆောင်ထားကြ၏။

ဤဧကရာဇ်ဩဇာအာဏာသည် ရှည်လျားလှသော နဂါးဟန်ခေတ်မှ အခြေခံ၏။ သူသည် နှစ်ထောင်သောင်းပေါင်းများစွာတိုင်အောင် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်အဖြစ် အုပ်ချုပ်ခဲ့ပြီး နန်းစဉ်သက်တမ်းက ထိုက်ချူထက်ပင် ရှည်ကြာခဲ့သည်။

ထိုမျှသာမက သူ အုပ်ချုပ်စဉ်ကာလအတွင်း မဟာဧကရာဇ်နှင့် ထိုက်ချူကို သတ်ဖြတ်ပစ်ခဲ့သည်။ သူသည် ရှေးဟောင်းနတ်ဘုရားတို့အား အုပ်စိုးခြယ်လှယ်နေခဲ့သူ မဟာဧကရာဇ်ကို မဟာလေဟာနယ်တွင် သတ်ဖြတ်ခဲ့၏။ ရှေးဟောင်းနတ်ဘုရားတို့၏ အရှင်သခင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကိုမူ ယွမ်တုတွင် သတ်ဖြတ်ခဲ့သည်။ သူကား ရှေးဟောင်းနတ်ဘုရားတို့၏ ခေတ်ကာလကို အဆုံးသတ်ပေးခဲ့သူပင်။

သူ၏ဓားကွက်များတွင် အံ့ဩဖွယ်ပုဂ္ဂိုလ်နှစ်ဦးကို သတ်ဖြတ်ခဲ့သည့် အင်အားတို့ ကိန်းဝပ်ပါရှိနေသည်။ သူ၏ ဓားကွက်များကား အရာအားလုံးကို ပိပြားသွားစေနိုင်သည့် စွမ်းအားတစ်ရပ် ပိုင်ဆိုင်ထား၏။

သူ့ဓားကွက်အင်အားက ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူထက်ပင် ပို၍သာလွန်ပေသည်။

ဤသည်က သူ၏အင်အား သူ၏အရှိန်အဟုန်ပင်။

ထိုက်ချူ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူ သန့်စင်ထားသည့် ဧကရာဇ်ဓားကို ထုတ်ကာ ကောင်းကင်နတ်အရှင်ယွင်၏ တိုက်ကွက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူတို့နှစ်ယောက် ထိတိုက်တွေ့သွားသည်နှင့် ထိုက်ချူမှာ သူ ဧကရာဇ်ဩဇာအာဏာမှာ မယှဉ်ပြိုင်နိုင်ဘဲ ဖိနှိပ်ခံနေရသည်ကို ခံစားလိုက်ရသည်။

သို့သော် ကောင်းကင်နတ်အရှင်ယွင်၏ အားနည်းချက်မှာလည်း အလွန်တရာ သိသာသည်။ သူ၏‌‌ မှော်စွမ်းအင်က များစွာ နိမ့်ကျနေ၏။

ထိုက်ချူ၏ ဦးခေါင်းအနောက်တွင် ဧရာမကောင်းကင်နတ်ဘုံကြီးတစ်ဘုံ ဖွဲ့တည်လာသည်။ သခင်လေးသုံး သူ့ကို ပေးအပ်ထားသည့် နတ်‌ကောင်းကင်ခန်းမက ထွန်းလင်းတောက်ပနေပြီး သူ၏ မှော်စွမ်းအင်ကို များစွာမြှင့်တင်ပေးလိုက်ချေပြီ။ သူက ပြိုင်ဘက်ကင်းသော မှော်စွမ်းအင်ကို သုံးလျက် ဖိချလိုက်သည်။

အန္တိမဟင်းလင်းပြင်ထဲတွင် မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံ ထိတိုက်သွားကြ၏။

ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်တွင်မူ ရောနှောနေသော မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံအား မြင်ရလိမ့်မည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံထဲတွင် ကောင်းကင်နတ်အရှင်ဟောင်နှင့် ခိုင်ဧကရာဇ်တို့က စင်မြင့်ထက်တွင် မျက်နှာချင်းဆိုင်ထိုင်နေကြ၏။ နှစ်ယောက်လုံးက ထမရပ်ဘဲ မြေပြင်တွင်သာ ထိုင်နေကြသည်။ ခိုင်ဧကရာဇ်က ဓားထုတ်ကာ ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ထိုးစိုက်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက သူတို့နှစ်ယောက်အကြားသို့ ဝင်ရောက်နေရာယူထားသည်။

တာအိုတစ်သောင်းကောင်းကင်လှည်းဘီးသည် တဝေါဝေါ လှည့်ပတ်‌နေ၏။ ပလ္လင်ခန်းမ ၅၈ ဆောင်နှင့် ကောင်းကင်နန်းဆောင် ၃၆ ဆောင်က ကောင်းကင်လှည်းဘီးထဲတွင် ဆက်လက်လှည့်ပတ်နေကြပြီး ခိုင်ဧကရာဇ် ဓားထဲတွင် ကိန်းအောင်းနေသည့် မဟာတာအိုအား တိုက်‌ခိုက်နေသည်။

ချွင်…. ချွင်…. ချွင်….

ခိုင်ဧကရာဇ်၏ ဓားက ၃၆ ကြိမ်တိတိ တုန်ခါသွားသည်။ ဓားတာအို၏ ပထမတုန်ခါမှုက ပထမကောင်းကင်ဘုံ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား ဖြန့်ကျက်လိုက်သည်။ ဒုတိယတုန်ခါမှု ဒုတိယကောင်းကင်ဘုံ၊ ထိုက်မင်ကောင်းကင်ဘုံအား ထွက်ပေါ်လာစေ၏။ တုန်ခါမှု ၃၆ ကြိမ် ပြီးသည့်နောက်၌ ... မဟာခြုံလွှမ်းကောင်းကင်ဘုံကား တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအား ထိုးဖောက်သွားသည်။

တချိန်တည်းမှာပင် တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက တရစပ် လည်နေသည်။ ၎င်း လှည့်ပတ်တိုင်း အလွန်တရာသိပ်သည်းသော တာအိုသံများ ထွက်ပေါ်လာတတ်၍ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးတစ်ခု ဖွဲ့တည်လာတတ်သည်။

တာအိုတစ်သောင်းကောင်းကင်လှည်းဘီး ၂၈ ကြိမ် လှည့်ပတ်ပြီးသည့်အခါ ကောင်းကင်လှည်းဘီး ၂၈ ဘီးက အလွှာလိုက် ထွက်ပေါ်၍ ခိုင်ဧကရာဇ်အား လှည်းဘီးများအတွင်းသို့ ဆွဲခေါ်နေတော့သည်။

တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၂၈ ဘုံပင်။

ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုအဆင့်က ခိုင်ဧကရာဇ်အောက် နိမ့်ကျပြီး တာအိုတစ်သောင်းကောင်းကင်လှည်းဘီးမှာလည်း မွေးရာပါချီမှ ဖွဲ့တည်လာခြင်းဖြစ်သည်။ ၎င်းတို့က မွေးရာပါချီ၏ အကန့်အသတ်သို့ မရောက်ရှိသေးသော်လည်း ဤကောင်းကင်လှည်းဘီးက သူ၏မဟာကောင်းကင်နတ်ဘုံဖြင့် ဖန်တီးထားခြင်းဖြစ်၏။ ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံထဲတွင် ကိန်းဝပ်နေသည့် စွမ်းအားက အားကောင်းလွန်းသည့်အတွက် ကောင်းကင်ဘုံ ၂၈ ဘုံဖြင့် အန္တိမဟင်းလင်းပြင်၌ တံဆိပ်ခတ်နှိပ်ရန် လုံလောက်လေသည်။

သူတို့နှစ်ယောက်က အမြင့်ဆုံးစွမ်းရည်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသလို တစ်ချိန်တည်းမှာပင် တစ်ဖက်ရန်သူ၏ အမြင့်မားဆုံးစွမ်းရည်ဖြင့် တိုက်ခိုက်ခြင်းခံလိုက်ရ၏။

ခိုင်ဧကရာဇ် ထရပ်လိုက်သည့်အခါ သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေကြသော ကောင်းကင်နန်းဆောင်များကို တွေ့လိုက်ရသည်။ ၎င်းတို့က လည်နေသော ဧရာမလှည်းဘီးကြီးအဖြစ် ပြောင်းလဲသွားကာ သူ့အား ကြိတ်ချေလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာမူ သူ၏အရှေ့တွင် တာအိုသစ်ပင်တစ်ပင် ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာအနည်းငယ် ပျက်သွားသည်။ “သခင်လေးလေးရဲ့ ခရမ်းရောင်ကောင်းကင်ဘုံခန်းမကြောင့်သာ မဟုတ်ရင် မင်းရဲ့ဓားကို ခုခံနိုင်ခဲ့မှာ မဟုတ်ဘူး… နှမြောစရာပဲ”

သူ၏ ဦးခေါင်းအနောက်တွင် ခရမ်းရောင်ကောင်းကင်ဘုံခန်းမ၏ အသွင်သဏ္ဍာန် ဖွဲ့တည်လာကာ ခိုင်ဧကရာဇ်၏ နောက်ဆုံးဓားကွက်ဖြင့် တည်ဆောက်ထားသော တာအိုသစ်ပင်ကို ဝင်တိုက်သွားသည်။

ယိုတု…

လန်ဝူ၏ အထောက်အပံ့ မရှိတော့သည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်အလွှာ ၃၅ လွှာ၏ သက်ရောက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ ဟင်းလင်းပြင်၏ စွမ်းအားက သူမ၏ရုပ်ခန္ဓာကို ပုံရိပ်ယောင်မူလဝိညာဉ်ပမာ ဖြစ်လာစေ၏။ သူမ၏ရုပ်ခန္ဓာက အလွန်တရာ ပြားကပ်၍ အရပ်လေးမျက်နှာသို့ ဆန့်ထွက်သွားတော့သည်။

သို့သော် ကောင်းကင်နတ်အရှင်ယွင် ဆုံမျဉ်းမဲ့ဟင်းလင်းပြင်ကျမ်းစာအား အသက်သွင်းလိုက်ရာ သူမ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့က ပြန်လည်သက်သာသွားသည်။

သူမ၏ ကျင့်စဉ်သည် ဆုံမျဉ်းမဲ့ဟင်းလင်းပြင်ကျမ်းစာ (စိုက်ကျိရှုခုံး) ဟု ခေါ်သည်။ စိုက် နှင့် ကျိသည် အဆုံးအစွန်အရာနှစ်ခုဟု အဓိပ္ပာယ်ရပြီး တစ်ခုက အလွန်တရာ ကြီးမားကာ ကျန်တစ်ခုက အလွန်တရာ သေးငယ်၏။ ရှုခုံးဆိုသည်ကတော့ ဟင်းလင်းပြင်အား ကိုယ်စားပြုသည်။

သူမသည် နဂါးဟန်ခေတ်တုန်းက မဟာဧကရာဇ်အား တိုက်ခိုက်ခဲ့စဉ် နေရာဟင်းလင်းပြင်အကြောင်းကို ဖန်ဆင်းရှင်များထံမှ သင်ယူခဲ့ရ၏။ မဟာလေဟာနယ်၏ လေဟာနယ်တံတားကို ဟင်းလင်းပြင်အလွှာ ၃၅ လွှာမြောက်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး တံတားအဆုံးရှိ အခန်းသုံးခန်းကို သူမကိုယ်တိုင် ရေးဆွဲတည်ဆောက်ထားခြင်းလည်း ဖြစ်သည်။ ဤသို့ဖြင့် အပြင်လူများ ကျူးလွန်မလာနိုင်ရန် ကာကွယ်ပေးသော အကာအရံတစ်ခု ဖြစ်လာစေခဲ့သည်။

ထိုအခန်းသုံးခန်း အန္တိမဟင်းလင်းပြင်၏ ဖျက်စီးခြင်း မခံရခြင်းက သူမ၏ ဆုံမျဉ်းမဲ့ဟင်းလင်းပြင်ကျမ်းစာမှ သက်ရောက်မှုဖြစ်သည်။

ထိုအချိန်တည်းက ကောင်းကင်နတ်အရှင်ယွဲ့ကား ဟင်းလင်းပြင်အလွှာ ၃၅ လွှာသို့ ဝင်ရောက်နိုင်ခဲ့ချေပြီ။ ယခုတွင်တော့ သူမ၏ အသိစိတ်အလျဉ်ဖြင့်ပင် ကောင်းကင်နတ်အရှင်လင်အား အန္တိမဟင်းလင်းပြင်ထဲသို့ ပို့လွှတ်နိုင်နေပြီဖြစ်သည်။

သို့သော် သူမကိုယ်သူ ၃၅ လွှာမြောက် ဟင်းလင်းပြင်တွင် ဟန်ချက်ထိန်းနိုင်လိုက်သည့်အချိန် ပထမဆုံးအလွှာမှာ ရုတ်တရက် ပြင်းထန်စွာ ပုံပျက်လာပြီး ဧရာမမီးတောက်လှည်းဘီးကြီးတစ်ခု ဖြစ်တည်လာ၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်ခန္ဓာကိုယ်သည် တဖြည်းဖြည်းကြီးမားလာပြီး မြောက်တက်လာသည်။ ဟင်းလင်းပြင်အလွှာ ၃၅ လွှာက ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်သွားပြီး သူမ၏ဦးခေါင်းအနောက်တွင် တာအိုမီးတောက်အကွင်းများအဖြစ် ဖွဲ့တည်လာတော့သည။

လန်ဝူ၏ အကူအညီ မရှိသောကြောင့် သူမမှာ ချက်ချင်းဆိုသလို ကောင်းကင်နတ်အရှင်ဟွေ့၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက လက်ဖဝါးမြှောက်လိုက်ကြ၏။ ထိုက်ကျိကြယ်တာရာလွင်ပြင်သည် လှည့်ပတ်နေရင််း လန်ဝူကို ပိတ်လှောင်ထားလိုက်ချေပြီ။

လန်ဝူမှာ ချက်ချင်းပင် သူမ၏အသိစိတ်အလျဉ်ကို အသက်သွင်းလိုက်သော်လည်း ၎င်းက နားမလည်နိုင်စွာ ပြောင်းလဲသွားသည်။ သူမက ကောင်းကင်နတ်သိုင်းမျိုးစုံနှင့် လမ်းစဉ်မျိုးစုံကို မြင်ယောင်ဖန်ဆင်းလိုက်သည်။ ချင်မူ၏ ကောင်းကင်နတ်သိုင်းနှင့် ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်ပင် ပါဝင်သည်။ ၎င်းတို့အားလုံးကို မြင်ယောင်ဖန်ဆင်း၍ ထိုက်ကျိကြယ်တာရာလွင်ပြင်၏ အပြင်ဘက်ရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို တိုက်ခိုက်လိုက်သည်။

“နတ်ဘုရင်၊ အပင်ပန်းခံစရာ မလိုပါဘူး”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူပြောလိုက်သည်။ “မင်းရဲ့ အသိစိတ်အလျဉ်လမ်းစဉ်က အထွတ်အထိပ်အထိ မရောက်သေးတဲ့အတွက် ငါတို့နှစ်ယောက်ကို မခြိမ်းခြောက်နိုင်ဘူး… ထိုက်ကျိတာအိုက အရာမျိုးစုံနဲ့ တာအိုမျိုးစုံကို ဖန်တီးနိုင်တယ်… မင်းရဲ့အသိစိတ်အလျဉ် မြင်ယောင်ဖန်ဆင်းခြင်းရဲ့ ရန်သူတော်ပဲ… မင်း ဆက်ပြီး ရုန်းကန်နေရင် နာကျင်ရလိမ့်မယ်”

လန်ဝူက ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်က ကြီးထွားလာပြီး ဖန်ဆင်းရှင်တို့၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ ထိုက်ကျိကြယ်တာရာလွင်ပြင်ထဲတွင် ရပ်နေသည့် သူမမှာ သူမ၏လက်ထဲတွင် ကြယ်တာရာများနှင့် နဂါးငွေ့တန်းများကို ကိုင်တွယ်ဆော့ကစားနိုင်သည့် ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦးအလားပင်။

သူမ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည့်အချိန်တွင် သူမ၏အသိစိတ်အလျဉ်က ပို၍ပင် နက်နဲကျယ်ပြန့်လာသည်။ သူမက ကြယ်တာရာများကိုပင် မြင်ယောင်ဖန်ဆင်းလျက် ထိုက်ကျိကြယ်တာရာလွင်ပြင်ကို နှောင့်ယှက်လိုက်၏။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သက်ပြင်းချလိုက်ကြပြီး ကြယ်တာရာလွင်ပြင်ကို အသက်သွင်းလိုက်သည်။ ထိုက်ကျိတာအို ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်နှင့် ကောင်းကင်နတ်သိုင်းများမှာ ပုံဆောင်ခဲဖြစ်တည်ပြီး ကြယ်တာရာလွင်ပြင်ထဲတွင် မြောလွင့်နေသည့် ကြယ်တာရာသဲမှုန်များအဖြစ် ပြောင်းလဲသွားကြလေသည်။

သူမ၏ အသိစိတ်အလျဉ်တာအို တိုက်ကွက်များသည် မြင်အောင်ဖန်ဆင်းခြင်းအား အားကိုးထားခြင်းမဟုတ်လော။ သို့သော် ထိုက်ကျိတာအိုသည် အရာအားလုံးကို မွေးဖွားပေးပြီး ဒြပ်ထု၏ တည်ဆောက်ပုံကိုပင် ပြောင်းလဲပေးနိုင်၏။ ထို့ကြောင့် သူမ၏အသိစိတ်အလျဉ် အသုံးပြုနိုင်သည့်နေရာ မရှိချေ။ ၎င်းမှာ ရုတ်ခြည်း ကျိုးပျက်သွားတော့သည်။

ထိုက်ကျိကြယ်တာရာလွင်ပြင်က ကျုံ့လာပြီး နတ်ဘုရင်လန်ဝူ၏ ဖန်ဆင်းရှင်ခန္ဓာကိုယ်အပေါ် ဖိနှိပ်ကာ သေးငယ်လာစေသည်။

“နတ်ဘုရင်၊ မင်းကို စော်ကားမိတောင်းပန်ပါတယ်…ကောင်းကင်နတ်အရှင်ဟောင်က မင်းကို ခေါ်လာခိုင်းလို့ပါ”

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် သူတို့၏လက်လေးဖက်ကို အင်္ကျီစများ ခါလိုက်သည့်အလား လွှဲရမ်းလိုက်၏။ သူတို့က မှော်စွမ်းအင်ကို အသုံးပြုလျက် လန်ဝူအား တင်းကြပ်စွာချုပ်နှောင်လိုက်သည်။ ထိုက်ကျိကြယ်တာရာလွင်ပြင်က လန်ဝူကို ချုပ်နှောင်ထားသော ထိုက်ကျိသဲခုံအဖြစ် ပြောင်းလဲသွားချေပြီ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက လက်လွှဲရမ်းလိုက်ကြရာ ထိုက်ကျိသဲခုံသည် ပျံသန်း၍ သူတို့၏ဦးခေါင်းအနောက်သို့ ရောက်ရှိသွားသည်။

ထိုအခိုက်အတန့်တွင် ရွှေသင်္ဘောတစ်စီးက ၎င်းကို ဝုန်းခနဲ ဝင်တိုက်လိုက်သည်။ သဲခုံမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသောကြောင့် မရေမတွက်နိုင်သော ကြယ်တာရာအမှုန်များက ကောင်းကင်ထဲသို့ လွင့်ကျဲသွားကြသည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အံ့ဩမှင်သက်သွားကြပြီး မှော်စွမ်းအင်ကို အလောတကြီး အသက်သွင်းလျက် သဲခုံကို အလျင်အမြန် ပိတ်လိုက်သည်။ သူတို့က အော်ဟစ်လိုက်မိ၏။ “ကောင်းကင်နတ်အရှင်မူလား”

ရွှေသင်္ဘောက သဲခုံကို ကွဲကြေသွားစေသည့်အပြင် လန်ဝူကိုပင် သယ်ဆောင်လျက် ပျံသန်းထွက်ခွာသွားသည်။ သို့သော် ရွှေသင်္ဘောပေါ်တွင် ချင်မူ့အရိပ်အယောင်ကို မတွေ့ရပေ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ “သင်္ဘောပေါ်မှာ ကောင်းကင်နတ်အရှင်မူ ရှိနေရင် သူနဲ့ ရင်ဆိုင်ဖို့ ခက်လိမ့်မယ်… ငါတို့ သူနဲ့ ရန်သူ မဖြစ်ဘူးလို့ ကတိပေးထားတာလေ… ဒါပေမဲ့ သူ သင်္ဘောပေါ်မှာ မရှိဘူးဆိုတော့ ငါတို့ကို အပြစ်တင်လို့ မရတော့ဘူး”

ထိုက်ချိသဲခုံသည် နောက်တစ်ကြိမ် ဖွဲ့တည်လာပြီး ရွှီးခနဲ ပြန့်ကားသွားကာ ထိုက်ကျိကြယ်တာရာလွင်ပြင်အဖြစ် ပြောင်းလဲသွားသည်။ ရွှေသင်္ဘောမှာ ရှေ့သို့ ဆက်မရွေ့နိုင်တော့ပေ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သူတို့၏ မြွေအမြှီးများဖြင့် ကူးခတ်ပျံသန်းကာ ရွှေသင်္ဘောအား လိုက်ဖမ်းတော့သည်။ သို့သော် သင်္ဘောပေါ်မှ ဝိုင်းဝန်းသော ဧရာမအရာကြီးတစ်ခု လိမ့်ဆင်းလာပြီး ထိုက်ကျိကြယ်တာရာလွင်ပြင်နှင့် ဝင်တိုက်သွားသည်ကို တွေ့လိုက်ရ၏။

ထိုလုံးဝန်းသော အရာကြီးကား ထိုက်ရှိဥပင်။ ၎င်းက ပြီးပြည့်စုံစွာလုံးဝိုင်းနေပြီး ဥမျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော တာအိုအမှတ်အသားမျိုးစုံက နေရာယူထားကြသည်။ ဝီခနဲ အသံနှင့်အတူ တာအိုအမှတ်အသားများ ပေါ်လာပြီး အရပ်လေးမျက်နှာ၌ ပြန့်ကြဲနေသော ကြယ်တာရာအားလုံး ချက်ချင်း လွင့်ထွက်သွားကြတော့သည်။

ရွှေသင်္ဘောက ဤအခွင့်အရေးကိုအသုံးချပြီး လန်ဝူအား သယ်ဆောင်လျက် ထိုက်ကျိကြယ်တာရာလွင်ပြင်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ သူတို့ လိုက်ဖမ်းတော့မည်အချိန်တွင် ဥထဲမှ ခပ်လေးလေး အသံတစ်သံ ထွက်ပေါ်လာသည်။ “တာအိုမိတ်ဆွေတို့ ထိုက်ရှီက နှုတ်ဆက်လိုက်ပါတယ်”

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး တုံ့ခနဲ ရပ်တန့်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားမယင်က မေးမြန်းလိုက်၏။ “ဥထဲက ပုဂ္ဂိုလ်က တာအိုအစ်ကိုတော်ထိုက်ရှီ လား”

ဥထဲမှ ထိုက်ရှီ၏အသံက ဖြေသည်။ “ထိုက်ရှီပါ… တာအိုမိတ်ဆွေတို့၊ မင်းတို့က ငါ့အရင် မွေးဖွားခဲ့ကြပြီး ငါကတော့ မွေးမလာသေးဘူး … ဆိုတော့ ပြောရရင် မင်းတို့ကို တာအိုအစ်ကိုတော်၊ အစ်မတော်လို့ ခေါ်သင့်တယ်… ဒါပေမဲ့ ငါက မင်းတို့ထက် အရင်ဖြစ်တည်လာတာဆိုတော့ မျက်နှာပြောင်တိုက်ပြီးတော့ပဲ တာအိုမိတ်ဆွေလို့ ခေါ်လိုက်တာပါ”

ရှေးဟောင်းနတ်ဘုရားယန်က ပြောသည်။ “ထိုက်ငါးပါးကို ဘယ်သူက အရင်မွေးဖွားခဲ့တာလဲ ဆိုတာနဲ့ အဆင့်သတ်မှတ်ကြတာ မဟုတ်ပါဘူး… ထိုက်ယီက အစောဆုံး၊ ထိုက်ချူက ဒုတိယ၊ ထိုက်ရှီက တတိယ၊ ထိုက်စုက စတုတ္ထဖြစ်ပြီးတော့ ကျွန်တော်တို့ကတော့ အငယ်ဆုံးပါ… ဆိုတော့ နောင်တော့်ကို နောင်တော်လို့ ခေါ်တာဖြစ်သင့်ပါတယ်… ကျွန်တော်တို့ကို ဘာလို့ တားနေရတာလဲ နောင်တော်”

ဥထဲရှိ ထိုက်ရှီက ပြန်ဖြေသည်။ “ငါ မင်းတို့ကို ကယ်ဖို့ ကြိုးစားနေတာ… ငါ ကောင်းကင်နတ်အရှင်မူနဲ့ ကျင့်ကြံနေခဲ့တာ ကြာပြီ… ငါ့ရဲ့ အခွင့်အလမ်းတွေက ကျယ်ပြန့်သထက် ကျယ်ပြန့်လာခဲ့တယ်… မူ နဲ့ဟောင်ကြားက ရန်ငြိုးကို သိရုံတင် မဟုတ်ဘူး ကမ္ဘာဦးစကြ၀ဠာရဲ့ အကြံအစည်ကိုလည်း သိထားတယ်… မင်းတို့ ထိုက်ချူကို ကူညီတာကတော့ ထားပါ… ဘာလို့ ကောင်းကင်နတ်အရှင်ဟောင်ဆီမှာ အညံ့ခံပြီး ကူညီနေရတာလဲ… ကောင်းကင်နတ်အရှင်ဟောင်က ဘာများ ကောင်းလို့လဲ… သူက ကမ္ဘာဦးစကြ၀ဠာက သခင်လေးတွေနဲ့ ပူးပေါင်းပြီး သူတို့ ခိုးဝင်လာနိုင်အောင် ကူညီပေးနေတယ်… အဲ့ဒီအချိန်ရောက်လာရင် သတ္တဝါတွေအားလုံး ကျွန်ပြုခံရလိမ့်မယ်… မင်းတို့လည်း အခြေအနေကောင်းမယ် မထင်နဲ့”

ရှေးဟောင်းနတ်ဘုရားမယင်က မျက်မှောင်ကြုတ်လျက် တုံ့ပြန်သည်။ “ကျွန်မတို့ကို မတားပါနဲ့ တာအိုအစ်ကိုတော်.. ကျွန်မတို့က တာအိုပဲ ရချင်တာ… တခြား ဘာမှလိုချင်တာ မဟုတ်ဘူး…. အစ်ကိုတော် ကျွန်မတို့ကို တားတာက တာအိုရဖို့ တားနေတာနဲ့ အတူတူပဲ… ကျွန်မ တာအိုရဖို့ တားတဲ့သူအပေါ် ဖြစ်တည်လာမယ့် မုန်းတီးမှုက ဘယ်တော့မှ ပြန်လည်သင့်မြတ်နိုင်မှာ မဟုတ်ဘူးနော်’’

“သောက်ရေးမပါတာတွေ… တာအိုမိတ်ဆွေယင်၊ မင်းက အရူးစကား ပြောနေတာပဲ”

ထိုက်ရှီမှာ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိသည်။ “ငါတို့ ထိုက်ငါးပါး ဒီစကြ၀ဠာမှာ မွေးဖွားလာတာက တာအိုရဖို့ မဟုတ်ဘဲ ဒီစကြ၀ဠာရဲ့ တိုးတက်မှုကို ကာကွယ်ပေးဖို့ပဲ… မင်းတို့ အနက်ရောင်တောင်တန်းဆီ သွားပြီး ကြည့်သင့်တယ်… ခိုးဝင်လာဖို့ ကြိုးစားနေတဲ့ ကမ္ဘာဦးတာအိုသိုင်းပညာရှင်တွေ မရှိတဲ့ ကျောက်တုံးတွေဆိုတာ ရှိလို့လား… အဲဒီပုဂ္ဂိုလ်တွေ ဆင်းသက်လာရင် မင်းတို့အနေနဲ့ ဘေးထွက်နေနိုင်မယ် ထင်လို့လား… မင်းတို့ တာအိုရသွားရင်တောင်မှ မဟာခြုံလွှမ်းကောင်းကင်ဘုံကနေ ဆွဲချကြလိမ့်မယ်”

ရှေးဟောင်းနတ်ဘုရားမယင်၏ မျက်နှာမှာနီရဲလာပြီး သူမက အေးစက်စွာ တုံ့ပြန်သည်။ “ထိုက်ရှီ၊ ကျွန်မတို့က ရှင် အရင်ဖြစ်တည်လာတာကို လေးစားတဲ့အတွက် တာအိုအစ်ကိုတော်လို့ ခေါ်ခဲ့တယ်… မဟုတ်ရင် ကျွန်မတို့က အရင်မွေးဖွားလာတဲ့အတွက် ရှင်က အစ်မတော်လို့ ပြန်ခေါ်သင့်တာ… ရှင် အရင်ဖြစ်တည်လာတာကို အခွင့်ကောင်းယူမနေနဲ့… ဖယ်ပေးမှာလား မဖယ်ပေးဘူးလား”

ထိုက်ရှီဥမှာ ဆွေ့ဆွေ့ခုန်သွားတော့သည်။ “တာအိုမိတ်ဆွေယန် မင်းရဲ့ညီမကို ထိန်းလိုက်စမ်း … ထိုက်ငါးပါးမှာ ထိုက်ယီက သူများဝင်ပူးတာ ခံခဲ့ရပြီး ထိုက်ချူကတော့ ကမ္ဘာဦးစကြ၀ဠာက သခင်လေးရဲ့ အစောင့်ခွေး ဖြစ်နေပြီ… ထိုက်စုက ကောင်းကင်နတ်အရှင်ဟောင် သတ်တာ ခံခဲ့ရတယ်… မင်းတို့ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ထိုက်ချူတို့နဲ့ ထပ်ပြီး ပူးပေါင်းရင် ထိုက်ငါးပါးမှာ ငါပဲ ကျန်ခဲ့လိမ့်မယ်ကွ….”

ဝုန်း…

ရှေးဟောင်းနတ်ဘုရားမယင်မှာ သည်းမခံနိုင်တော့ပေ။ ထိုက်ကျိကြယ်တာရာလွင်ပြင်က နဂါးငွေ့တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝုန်းခနဲ ဖိချလိုက်သည်။ “ရှင်က မွေးတောင် မမွေးသေးဘဲနဲ့ ကျွန်မတို့ကို လာပြီး ဆရာလုပ်နေတာပေါ့လေ”

ထိုက်ရှီဥမှာ မူးဝေသွားသည်။ တာအိုအမှတ်အသားမျိုးစုံက ဥမျက်နှာပြင်တွင် ထွက်ပေါ်လာပြီး ကြယ်တာရာလွင်ပြင်ကို ရော့ရဲသွားစေ၏။ သူက ဒေါသတကြီး အော်လိုက်သည်။ “ထိုက်ကျိ၊ ငါ မင်းတို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲကိုတော့ လေးစားပါတယ်… တာအိုရဖို့အတွက် ဥထဲကနေ ထွက်လာပြီး သေမျိုးလောကကို ရင်ဆိုင်တွေ့ကြုံဖို့ ဆုံးဖြတ်ခဲ့ကြတယ်…. မင်းတို့က ကျိုးကြောင်းဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်တွေလို့ ထင်ထားခဲ့တာ … ဒီလောက် ဆိုးရွားနေလိမ့်မယ်လို့မျှော်လင့်မထားခဲ့ဘူး… တာအိုရဖို့ မပြောနဲ့ ကိုယ့်အသက်ကိုယ်တောင် ကယ်နိုင်မှာ မဟုတ်ဘူး”

ရှေးဟောင်းနတ်ဘုရားမယင်က ဒေါသတကြီး ပြောသည်။ “အစ်ကိုတော်၊ ထိုက်ရှီက စောက်ရူးပဲ… သူ ဆက်ပြီး လမ်းပိတ်နေရင် ကောင်းကင်နတ်အရှင်ဟောင်နဲ့ အစ်ကိုတော်ထိုက်ချူဆီ အစီအရင်ခံနိုင်တော့မှာ မဟုတ်ဘူး… သူက တစ်ယူသန်ပြီး နည်းနည်းလေးမှ လမ်းဖယ်မပေးချင်ဘူးလေ…”

ရှေးဟောင်းနတ်ဘုရားယန်သည် တုံ့ဆိုင်းနေပြီးနောက် တရိုတသေ တောင်းပန်၏။ “တာအိုအစ်ကိုတော် ထိုက်ရှီ၊ ထိုက်ငါးပါးဆိုတာ သွေးသားတွေပါ… အစ်ကိုတော်က ကျွန်တော်တို့ရဲ့ အစ်ကိုတော်ဆိုပေမယ့် ထိုက်ချူကလည်း ကျွန်တော်တို့ရဲ့ အစ်ကိုတော်ပါပဲ… ကျေးဇူးပြုပြီး ဖြတ်သွားခွင့်ပေးပါ”

ထိုက်ရှီဥက ဒေါသတကြီး ပြောလိုက်ပြန်သည်။ “ငါ ဖယ်မပေးရင် ငါ့အလောင်းကို ဖြတ်သွားကြမှာလား”

“ဒါဆိုလည်း ကျွန်တော်တို့ အလောင်းကို ဖြတ်သွားရုံပေါ့”

ယင်နှင့်ယန် ရှေးဟောင်းနတ်ဘုရားနှစ်ပါးက လက်တွဲလိုက်ကြသည်။ သူတို့နှစ်ယောက်၏ မြွေအမြှီးများက ယှက်နွယ်သွားကြပြီး ထိုက်ကျိသဲခုံကို အသက်သွင်းကာ ကြယ်တာရာလွင်ပြင်တစ်ခုလုံးကို ဆူပွက်လာစေသည်။

ထိုက်ရှီဥမှာ ကြက်သီးမွေးညှင်းများ ထသွား၏။ သူက ဥထဲမှ ခုန်ထွက်၍ ဒေါသတကြီး ပြောလိုက်သည်။ “မင်းတို့က အစ်ကိုတော်ကိုတောင် သတ်နိုင်တဲ့အထိ ရက်စက်ကြပါလားကွ… ကောင်းကင်နတ်အရှင်မူ၊ သူတို့ ဒီလောက်ရက်စက်တာကို ဘာလို့ ငါ့ မပြောခဲ့တာလဲ‌… အယ်…”

သူ့မှာ ခြေထောက်နှစ်ချောင်းတွင် လေအေးတစ်ချက် ခံစားလိုက်ရသဖြင့် ထအော်လိုက်မိ၏။ သူ၏ခြေထောက်များသည် သူပင် မသိလိုက်ဘဲ ဥခွံထဲမှ ထွက်၍ နတ်ဘုရားဥနှင့်အတူ ထွက်ပြေးနေကြလေသည်။

ရှေးဟောင်းနတ်ဘုရားမယင်ဆီမှ တိုက်ကွက်က သူ၏ဥခွံကို ကွဲသွားစေခဲ့သည်။ သူသည် စိတ်ရှုပ်ပြီး ဒေါသထွက်လွန်းသောကြောင့် ‌ဥခွံကို ကန်လိုက်မိ၏။

“ငါတော့ သွားပြီ…”

ထိုက်ရှီမှာ ဇဝေဇဝါဖြစ်နေသည်။ သူ ထွက်ပြေးနေစဥ်အတွင်း သူ၏ပတ်ပတ်လည်ရှိ ဥခွံများက ကွဲအက်လာကြ၏။ ထို့နောက် အပြင်ရှိ ထိုက်ကျိကြယ်တာရာလွင်ပြင်အလင်းရောင်တို့က တောက်ပလာကြတော့သည်။

All Chapters