← Chapters

အနိုင်အရှုံး ဆုံးဖြတ်မည့် တဒင်္ဂ

Vol. 123 Ch. 1603

အနိုင်အရှုံး ဆုံးဖြတ်မည့် တဒင်္ဂ

Vol. 123 Ch. 1603

ချင်မူက ကံမီးတောက်ကျောက်ပြားတောအုပ်ဆီသို့ ရောက်လာပြီး နတ်ဧကရာဇ်လန်ရွှမ်၏စကားကြားလျှင် မျက်ဝန်းများ လင်းခနဲ တောက်ပသွားသည်။ သူက ဩရှသောလေသံဖြင့် မေးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်အားချို ဘယ်မှာလဲ”

နတ်ဧကရာဇ်လန်ရွှမ်သည် ကျောက်ပြားများပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး ခြေထောက်များကို လွှဲရမ်းနေဆဲပင်။ “မင်းက အားချိုကိုပဲ မေးပြီး ကောင်းကင်နယ်စားမင်းကို မမေးတော့ဘူးလား… ကောင်းကင်နတ်အရှင်မူ မြေအောက်ဘုံအရှင်သခင်အားချိုက ငါ့လက်ထဲမှာ …. ကောင်းကင်နယ်စားမင်းလူဝင်စားကလည်း ငါ့လက်ထဲမှာပဲ… ကောင်းကင်နယ်စားမင်းတော့ မင်းရဲ့စကားကို ကြားရင် စိတ်မကောင်း ဖြစ်နေတော့မယ်”

ချင်မူက မဲ့သလို ပြုံးလိုက်ရင်း မေးလိုက်သည်။ “ဒါဆို ကောင်းကင်နယ်စားမင်းရော ဘယ်မှာလဲ”

နတ်ဧကရာဇ်လန်ရွှမ်သည် ရုတ်တရက် လက်အား လှုပ်ရှားလိုက်လိုက်ရာ ကောင်းကင်မှ ရွှေရောင်ကြိုးတစ်ချောင်း ကျဆင်းလာသည်။ ကောင်းကင်နယ်စားမင်းသည် ခြေလက်များ ကြိုးတုပ်ခံထားရတာ ရွှေရောင်ကြိုးထံမှ တွဲလောင်းကျနေ၏။

အောက်တွင်တော့ ကံမီးတောက်ကျောက်ပြားများ ရှိနေကြသည်။ ၎င်းတို့က ကောင်းကင်နယ်စားမင်းအား ထိသည်ဆိုရုံလေး လောင်ကျွမ်းနေကြသည်။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည်။ ကောင်းကင်နယ်စားမင်းသည် ရုပ်ပျက်ဆင်းပျက် မီးလောင်တိုက်သွင်းခံထားရသော်လည်း အသက်ရှင်နေဆဲ ဖြစ်သဖြင့် ဆက်မေးလိုက်သည်။ “ဒါ‌ဆို မြေအောက်ဘုံအရှင်သခင်အားချိုရော”

နတ်ဧကရာဇ်လန်ရွှမ်က လက်ခုပ်တီးလိုက်ရာ ကောင်းကင်မှ ရွှေရောင်ကြိုးနောက်တစ်ချောင်း ကျလာသည်။ မြေအောက်ဘုံအရှင်သခင်မှာ ကောင်းကင်နယ်စားမင်းနည်းတူ ချုပ်နှောင်ခံထားရသည်။

ချင်မူက တဟားဟား ရယ်မောလိုက်သည်။ “ဟားဟား ခင်ဗျားတို့ နည်းတောင် နည်းသေးတယ်ဗျာ”

နတ်ဧကရာဇ်လန်ရွှမ်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ပုံစံက သူတို့အတွက် တစ်စက်မှ စိုးရိမ်နေတဲ့ပုံ မဟုတ်ပါလား”

“စိုးရိမ်ရမယ် ဟုတ်လား’’

ချင်မူက အေးဆေးတည်ငြိမ်စွာ ဖြေသည်။ “သူတို့တတွေက ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သေကြောင်းကြံခဲ့ကြတာလေ... ကျုပ် ဘယ်လိုတွေးလဲ ဘယ်တုန်းကမှ မမေးခဲ့ဘူး… သူတို့အတွက် ကျုပ်ရဲ့အသက်ကို စတေးပြီး တိုက်ခိုက်ပေးခဲ့ရတဲ့အပြင် ကျုပ်မိတ်ဆွေတွေရဲ့ အသက်လည်း ပါသေးတယ်…. ကျုပ်ရဲ့အသက်တစ်ခုတည်းဆိုရင်တော့ ကိစ္စ မရှိပေမယ့် ဒီအဘိုးကြီးနှစ်ယောက်အတွက် ကျုပ်မိတ်ဆွေတွေရဲ့ အသက်ပါ စတေးပြီး တိုက်ခိုက်နေရတာ…. ကျုပ် မကျေနပ်ဘူး….နတ်ဧကရာဇ်မှာ ကြာပွတ်ရှိလား... သူတို့ကို ကြာပွတ်နဲ့ ရိုက်လိုက်စမ်းပါ”

နတ်ကရာဇ်လန်ရွမ်သည် သူ့ကို စိုက်ကြည့်နေ၏။ ထို့နောက် သူ၏ အင်္ကျီလက်စထဲမှ ကြာပွတ်တစ်လက် ထွက်လာသည်။ သူက လှည့်ပင် မကြည့်ဘဲ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ရိုက်နှက်လိုက်သည်။

“တော်တယ်ဗျာ” ချင်မူက အော်ဟစ်အားပေးလိုက်လေသည်။

နတ်ဧကရာဇ်လန်ရွှမ်က နတ်ကြာပွတ်ဖြင့် မြေအောက်ဘုံအရှင်သခင်အား ရိုက်လိုက်ပြန်သည်။

ချင်မူက ဝင်းလက်တောက်ပနေသော မျက်လုံးသုံးလုံးဖြင့် သူက အကြိမ်ကြိမ် အော်ဟစ်အားပေးနေသည်။ သူ့မှာ စိတ်ထဲတွင် အမှန်တကယ် ပျော်ရွှင်နေမိ၏။

နတ်ဧကရာဇ်လန်ရွှမ်သည် ချင်မူ့ပုံစံက ဟန်ဆောင်နေပုံမရသဖြင့် သံသယများဖြင့် မေးလိုက်မိသည။ “ကောင်းကင်နတ်အရှင်မူ သူတို့အတွက် ဝမ်းမနည်းဘူးလား”

“သူတို့အတွက် ၀မ်းနည်းရမယ်တဲ့လား…. ထွီ…”

ချင်မူက ဒေါသထွက်နေသည်။ “အဲ့ဒီအဘိုးကြီးနှစ်ယောက်က သေကြောင်းကြံချင်နေကြတာလေ…. သူတို့ သေသွားရင်လည်း ကိစ္စမရှိဘူး…. ခင်ဗျားက လူပြန်၀င်စားပြီးတာတောင်မှ ခွန်အားက အရင်နဲ့ အတူတူပဲ…. ဒါပေမဲ့ သူတို့ကတော့ ခင်ဗျား ဖမ်းတာကို တစ်ချက်တည်း ခံခဲ့ရတယ်… ကျွန်တော်တော့ စိတ်ပျက်မိတယ်ဗျာ”

ကောင်းကင်နယ်စားမင်းမှာ အရှက်ရနေမိသည်။

သူ၏ လက်ရှိစွမ်းဆောင်ရည်မှာ ယခင်ဘ၀နှင့် များစွာ ကွဲပြားနေ၏။

မြေအောက်ဘုံအရှင်သခင်အားချိုမှာတော့ ဝိညာဉ်သုံးခု လွင့်ပြယ်နေသည်။ ထို့ကြောင့် ချင်မူသည် သူ့ကို ပြန်အသက်မသွင်းပေးရသေးချေ။ သူ့ခန္ဓာကိုယ်ထဲတွင် အသိစိတ်အလျဉ် မရှိသဖြင့် ချင်မူပြောနေသည့် အရာများကို မခံစားရပေ။

နတ်ဧကရာလန်ရွှမ်၏ အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သူက ပြုံးလိုက်၏။ “သူတို့ကို သတ်လိုက်ရင်ရော…”

ချင်မူက စိတ်ထဲမထားဘဲ လက်ရမ်းပြလိုက်သည်။ “နတ်ဧကရာဇ်၊ သူတို့ကို သတ်လိုက်ပါတော့… ကျွန်တော်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင်ဆိုတဲ့ ဘွဲ့ကို ‌ရှေးဟောင်းနတ်ဘုရားတွေဆီကနေ ရထားတာ…. ခင်ဗျား သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ သိုင်းအခြေခံကို ဖျက်စီးလိုက်လည်း ကျွန်တော် အစကနေ ပြန်စရလို့ရတယ်”

နတ်ဧကရာဇ်လန်ရွှမ်မှာ မျက်ခုံးပင့်လိုက်သည်။ ချင်မူ့ကို ဤနည်းလမ်းဖြင့် ဖိအားပေး၍ အညံ့‌ခံစေရန်မှာ လွယ်တော့မည် မဟုတ်။

“ဒါဆို ငါ သူတို့ကို သတ်လိုက်မယ်”

နတ်ဧကရာဇ်လန်ရွှမ်က ပြုံးလိုက်သည်။ “ငါ့ရဲ့ ထိုက်ချူကောင်းကင်နတ်သိုင်းက မင်းရဲ့ ထာ၀ရအသက်ရှင်သူဆိုတဲ့ ဒဏ္ဍာရီကို ‌ဖျက်လို့ရလား”

“ဪ…”

ချင်မူ့ညာလက်က ကပ်ဘေးဓားရိုးပေါ် ကျသွားပြီး သူက အနည်းငယ် ခါးကိုင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ်ကိုင်းသွားပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် တွဲခိုနေသည်။ “နတ်ဧကရာဇ်လန်ရွှမ် သူတို့ကို သတ်လို့ရပါတယ်…. ဒါပေမဲ့ သတ်လိုက်တာနဲ့ နတ်ဧကရာဇ်လည်း သေရလိမ့်မယ်…”

နတ်ဧကရာဇ်လန်ရွှမ်၏ လွှဲရမ်းနေသော ‌ခြေထောက်များ ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းသွား၍ ချင်မူ၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်ကာ ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ သူတို့က မင်းကို ခြိမ်းခြောက်ဖို့ ငါ အသုံးချနေတဲ့ ဓားစာခံတွေလား... ငါ့ကို ခြိမ်းခြောက်ဖို့ မင်း အသုံးချနေတဲ့ ဓားစာခံတွေလား... ငါ အခု မင်းကြောင့် ဖိအား ခံစားနေရတယ်”

ချင်မူ့မျက်နှာအမူအရာ တည်ငြိမ်အေးဆေးနေသည်။ “နှစ်ခုလုံး ဖြစ်နိုင်ချေ ရှိပါတယ်လေ…. လန်ရွှမ်၊ ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ ဆိုရင် ကောင်းကင်နတ်အရှင်ဟောင်က ကျုပ်ကို သတ်ဖို့အတွက် ခင်ဗျားကို သက်သက် နာမည်ခံခိုင်းတာမှန်း သိမှာပါ… သူက ကျုပ်ကို သတ်မှာ မဟုတ်ဘူး…. ခင်ဗျားကို သတ်နေတာ… ဘာလို့လဲဆိုတော့ သူ့ရဲ့ အစ်ကိုတော်ဖြစ်တဲ့ ခင်ဗျားက သူ့ပလ္လင်ကို ခြိမ်းခြောက်နိုင်လို့ပဲ”

နတ်ဧကရာဇ်လန်ရွှမ်၏ ဦးခေါင်းအနောက်တွင် မဟာကောင်းကင်နတ်ဘုံတစ်ဘုံ ဖွဲ့တည်လာသည်။ တာအိုသစ်သီးက နတ်ကောင်းကင်ခန်းမထဲတွင် မြောလွင့်နေ၏။ သူက ပြုံးလိုက်သည်။ “‌ကောင်းကင်နတ်အရှင်မူက ငါတို့အကြားမှာ သွေးခွဲချင်နေတာလား…. မင်းရဲ့စွမ်းဆောင်ရည်တွေက ငါ့ကို သတ်နိုင်မယ် ထင်လို့လား…”

“သွေးခွဲတာ မဟုတ်ပါဘူး… အမှန်ပြောတာပါ…”

ချင်မူ့တာအိုနှလုံးသားထဲတွင် လစ်ဟာနေသည်။ “ခင်ဗျားတို့တွေက ကျုပ်ကို ကောင်းကင်နတ်ဘုံထဲမှာ သန့်စင်ဖို့ ကြိုးစားခဲ့တာဆိုတော့ ခင်ဗျားတို့အားလုံးကို သတ်နိုင်ဖို့ ကျုပ်မှာ ၈၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်…” သူက တည်ငြိမ်အေးဆေးစွာ ဆက်ပြောသည်။ “တာအိုရပြီးတဲ့ ထိုက်ချူနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကလွဲလို့ ကောင်းကင်နတ်ဘုံက ဘယ်ကောင်းကင်နတ်အရှင်,မဆို ကျူပ် သတ်ပစ်နိုင်တယ်…. ကောင်းကင်နတ်အရှင်ကုန်းက ကျုပ်လက်ထဲမှာ သေသွားခဲ့တာလေ… နတ်ဧကရာဇ် ဒါကို သိတယ်မလား…”

နတ်ဧကရာဇ်လန်ရွှမ်က မျက်လုံးများ မှေးကျဉ်း၍ သူ့ကို စိုက်ကြည့်နေသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့ကို သတ်ဖို့ တိုက်ကွက်တစ်ကွက်ပဲ လိုတယ်…”

“ခင်ဗျားကိုလည်း သတ်ဖို့ တိုက်ကွက်တစ်ကွက်ပဲ လိုတယ်”

ချင်မူက မှင်သေသေ ပြောသည်။ “ခင်ဗျား ကောင်းကင်နယ်စားမင်းကို တစ်ချက်တည်းနဲ့ သတ်လို့ရတယ်… ဒါပေမဲ့ ခင်ဗျား မြေအောက်ဘုံအရှင်သခင်ကိုတော့ တစ်ချက်တည်းနဲ့ သတ်ဖို့ မဖြစ်နိုင်ဘူး… ‌မြေအောက်ဘုံအရှင်သခင်က ဒီနေ့အတွက် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပြင်ဆင်ထားခဲ့တာ…. မြေအောက်ဘုံအရှင်သခင်အားချို ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ခဲ့တဲ့နေ့တည်းက ပြင်ဆင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်…. အဲ့ဒီနှစ်ရှစ်သိန်းထဲမှာ သူက ကံ‌မီးတောက်တွေ သုံးရင်း မြေအောက်ဘုံအရှင်သခင်အားချိုရဲ့ ရွှေခန္ဓာကို တည်ဆောက်နိုင်ခဲ့ပြီ…. အဲ့ဒါက ဖျက်ဆီးလို့မရနိုင်ဘူး…. ခင်ဗျား မပြောနဲ့… ခင်ဗျားရဲ့အဖေ ထိုက်ချူ ကိုယ်တိုင်ရောက်လာရင်တောင်မှ သူ့ ကံမီးတောက်ရွှေခန္ဓာကို တစ်ချက်တည်း ဖျက်ဆီးနိုင်မှာမဟုတ်ဘူး”

နတ်ဧကရာဇ်လန်ရွှမ်၏ လက်ဖဝါးများမှာ ချွေးတို့ဖြင့် စေးကပ်လာသည်။ သူက ရယ်မောလိုက်၏။ “ငါ့ကို သတ်ဖို့ တိုက်ကွက်တစ်ကွက်တည်း လိုတယ်တဲ့လား… ကောင်းကင်နတ်အရှင်မူ၊ မင်းက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတာပဲကွ”

သူ့ကောင်းကင်နတ်ဘုံတစ်ဘုံ မြည်ဟီးသွားသည်။ ကောင်းကင်နန်းဆောင် ၂၈ ဆောင်က ကောင်းကင်နတ်ဘုံကို ကာကွယ်ပေးထားပြီး သူ့အတိုက်အခိုက်စွမ်းရည်နှင့် အရှိန်အဝါတို့ကို ပိုပို၍ အားကောင်းလာစေသည်။

သူ ထိုင်နေသည့် ကံမီးတောက်ကျောက်ပြားမှာ သူ၏ ဖိအားကို မခုခံနိုင်တော့ပေ။ ‌၎င်းက ဖြည်းဖြည်းချင်း အက်ကွဲလာပြီး အပိုင်းအစများဖြစ်လာရင်း ထိုက်ချူချီနှင့် တစ်သားတည်း ပေါင်းစည်းသွားကြ၏။

ဝုန်း…..

ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်ပယ်က ပြန့်ကားလာပြီး သူ့အနောက်တွင် လောကသစ်ပင် ပေါ်လာသည်။ သူ၏အရှိန်အဝါက တဟုန်ထိုး ထိုးတက်သွားချေပြီ။

နတ်ဧကရာဇ်လန်ရွှမ်က တာအိုသစ်သီးကို အသက်သွင်းလိုက်သည့်အခါ သစ်သီးသည် နတ်ကောင်းကင်ခန်းမအထက်ကောင်းကင်တွင် လှည့်ပတ်သွားသည်။ သူ၏မူလဝိညာဉ်က ဧကရာဇ်ပလ္လင်ထက်၌ ထိုင်နေပြီး သူ၏အသံက ကြည်လင်ပြတ်သားစွာ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက မောက်မာလွန်းတယ်… ငါ တာအိုသစ်သီးကို ရသွားပြီးတဲ့အတွက် ငါ့ရဲ့ သိုင်းအခြေခံဟာ ထောင်တက်သွားခဲ့ပြီ… ထိုက်ချူလမ်းစဉ်အပေါ် ငါရဲ့ သိမြင်နားလည်မှုက ငါ့အဖေ ထိုက်ချူထက်တောင် သာလွန်နေပြီ…. ထိုက်ချူတာအိုအဆင့်ရဲ့ ကောင်းကင်ဘုံ ၃၅ ဘုံအထိ ကျင့်ကြံပြီးသွားပြီ”

သူ့အရှိန်အဝါသည် တုန်ခါသွားပြီးနောက် အရှိန်အဝါအပြည့်ဖြင့် လွှမ်းမိုးထွက်ပေါ်လာသည်။ သူ့အရှိန်အဝါတစ်ခုတည်းကတင် ချင်မူ့ပတ်ပတ်လည်ရှိ ကံမီးတောက်ကျောက်ပြားတောအုပ်ကို ပြိုလဲပုံပျက်လာစေတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နယ်စားမင်းကို ရိုက်နှက်နေသည့် ‌ကြာပွတ်က ရုတ်တရက် ကောင်းကင်နယ်စားမင်း၏ လည်ပင်းအား ရစ်ပတ်၍ တင်းကြပ်စွာ ချည်နှောင်လိုက်သည်။

ကောင်းကင်နယ်စားမင်းမှာ မည်သည့်စကားမှ မပြောသော်လည်း သူ့မျက်နှာကြီးကတော့ လည်ပင်းညှစ်ခံထားရသောကြောင့် နီရဲလာ၏။

နတ်ကြာပွတ်သည် စပါးအုံမြွေကြီးတစ်ကောင်ကဲ့သို့ ပိုပို၍ တင်းကြပ်လာသည့်အတွက် ကောင်းကင်နယ်စားမင်း၏ လည်ပင်းမှာ တဖြည်းဖြည်း သေးငယ်လာသည်။

ချင်မူက ပတ်၀န်းကျင်ရှိ ကံမီးတောက်ကျောက်ပြားများ ပျက်စီးသွားသည်ကို အဖက်မလုပ်ပေ။ သူ၏အောက်ရှိမြေပြင်သာ မလှုပ်ရှားဘဲ ကျန်ရစ်ခဲ့သည်။

“လန်ရွှမ်၊ ခင်ဗျားနဲ့ ကျုပ် ဘိုးဘေးနန်းတော် နဂါးသွဲ့ရေကန်ရဲ့ အန္တရာယ်တွေကို လေ့လာစူးစမ်းခဲ့တုန်းက ခင်ဗျားတာအိုသစ်သီးရဲ့ ပိုင်ရှင်ကို တွေ့ခဲ့ရတယ်… ခင်ဗျားရဲ့ မဆုတ်နစ်တဲ့ ဇွဲလုံ့လကို လေးစားမိပါတယ်”

ချင်မူ အေးဆေးစွာ ဆက်ပြောသည်။ “ခင်ဗျားက တာအိုသစ်သီးရဲ့ ပိုင်ရှင် ဆွဲဆောင်တာကို ပယ်ချခဲ့ပြီး သူ့ကို ကမ္ဘာဦးစကြ၀ဠာကပ်ဘေးထဲ ပြန်တွန်းပို့ခဲ့တယ်.. အဲဒီအချိန်တုန်းက ခင်ဗျားက မြင့်မြတ်ခဲ့တယ်.. အခုရော ဘယ်လောက်တောင် မြင့်မြတ်ခမ်းနားနေ‌သေးလဲ… အဲလိုစိတ်ဓာတ် ပျောက်ကွယ်သွားပြီး ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ခွေးတစ်ကောင် ဖြစ်လာတယ်ပေါ့လေ… ကောင်းကင်နတ်အရှင်ဟောင်ကလည်း မီလော့နန်းတော်သခင်လေးရဲ့ ခွေး ဆိုတော့ ခင်ဗျားအဖြစ်က တော်တော်ဆိုးတာပဲ… ခင်ဗျားကို ဒီလောက်စိတ်ဓာတ်ကျနေစေတဲ့ အကြောင်းအရင်းက ဘာများလဲ…”

“ကောင်းကင်နတ်အရှင်မူ၊ မင်း ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်မလာနိုင်ဘူး…”

နတ်ဧကရာဇ်လန်ရွှမ်က ကြာပွတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်းသာ ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုရင် ငါ့ရဲ့ရွေးချယ်မှုကို နားလည်လိမ့်မယ်…. ငါတို့အတွက် ကောင်းကင်နတ်အရှင်ဆယ်ပါးအတွက် စံနှုန်းထားတာတွေ မရှိဘူး… စိတ်ဝင်စားမှုတွေပဲ ရှိတယ်… ငါ့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် တာအိုသစ်သီးရဲ့ အရှင်သခင်ကို ဖိနှိပ်ဖယ်ရှားခဲ့တယ်….အကျိုးအမြတ်အတွက် ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း ခစားနိုင်တယ်… အလားတူပဲ ကောင်းကင်နတ်အရှင်ဟောင်ကလည်း ကိုယ်တိုင်အကျိုးအမြတ်အတွက် မီလော့နန်းတော်သခင်လေးတွေဆီမှာ ခစားနေရတာပဲ”

ချင်မူ့မျက်နှာအမူအရာက သုန်မှုန်သွားသည်။ “ကျုပ် နားလည်ပါတယ်…”

သူ့စကားမဆုံးခင်မှာပဲ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ထဲမှ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၄၉ ခု ထွက်ပေါ်လာသည်။ ၎င်းတို့နှင့်အတူ ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင်နှင့် နတ်ဘုရားစီရင်ဓားမနှစ်လက်လည်း ပါရှိ၏။

နတ်ဘုရားစီရင်ဓားမနှစ်လက် ထွက်ပေါ်လာခြင်းက ကောင်းကင်တာအိုအထွတ်အမြတ်ရတနာ ၄၉ ခုကို တုန်ခါသွားစေကာ ကောင်းကင်တာအိုကို လှုပ်ရမ်းသွားစေသည်။

နတ်ဘုရားစီရင်ဓားမနှစ်လက်သည် ၅၀ ခုမြောက် ကောင်းကင်တာအို ကောင်းကင်လက်နက် ဖြစ်၏။

နတ်ဘုရားစီရင်ဓားမနှစ်လက် ထွက်လာသည့်အချိန်တွင် ကောင်းကင်တာအို ၅၀ ပါး ပြည့်စုံသွားချေပြီ။

ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအို အထွတ်အမြတ်ရတနာအပါး ၅၀ အား အာရုံခံမိသွားသဖြင့် အာရုံစိုက်လိုက်သည်။ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာအပါး ၅၀ က ချင်မူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ထဲမှ ဖြာထွက်လာကာ သူ၏ဦးခေါင်းပေါ်ရှိ ရွှေရောင်ကြိုးနှင့် သူ၏လည်ပင်းတွင် ရစ်ပတ်ထားသော ကြာပွတ်တို့ကို ဖြတ်တောက်လိုက်သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ တင်ပါးအောက်ရှိ ကံမီးတောက်ကျောက်ပြားများမှာ ချက်ချင်း ပျက်စီးသွားကြသည်။ သူ၏ခြေထောက်က မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး သူ၏မူလဝိညာဉ်သည် မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းတို့ကို ပြိုင်တူတိုက်ခိုက်လိုက်၏။

တိုက်ကွက်က ခမ်းနားတင့်တယ်နေပြီး ထိုက်ချူလမ်းစဉ်၏ တာအိုအဆင့်ကောင်းကင်နတ်သိုင်းများကို အဆုံးအစွန်အထိ တိုးမြှင့်ထားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ မဟာကောင်းကင်နတ်ဘုံက လှည့်ပတ်သွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအင်များက သူ၏ရုပ်ခန္ဓာထဲသို့ ဝင်ရောက်လာသည်။ သူက ကျင့်စဉ်စွမ်းအင်မှန်သမျှ စုစည်း၍ ချင်မူ့ကို တိုက်ခိုက်လိုက်၏။

သူသည် ကောင်းကင်နယ်စားမင်းနှင့် အားချိုကိုသာ သတ်ဖြတ်ချင်ရုံသာမက ချင်မူ့ကိုပါ သတ်ဖြတ်ချင်လေသည်။

သို့သော် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် လှည့်ပတ်နေသော တာအိုသစ်သီးက တုံ့ခနဲ ရပ်တန့်သွားသည်။ သူ၏ ထိုက်ချူလမ်းစဉ်အပေါ် သိမြင်နားလည်ထားမှုမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြောင်း နတ်ဧကရာဇ်လန်ရွှမ် ခံစားလိုက်ရသည်။

ထိုက်ချူလမ်းစဉ်မှ သိမြင်နားလည်ထားသည့် မူလနတ်ဘုရားလက်ချောင်းသာ ကျန်ရစ်တော့သည်။ သို့သော် သူ၏မူလဝိညာဉ် အသက်သွင်းထားသော လမ်းစဉ်ကောင်းကင်နတ်သိုင်းများနှင့် ရုပ်ခန္ဓာ ဖော်ဆောင်ထားသော ၃၅ ဘုံမြောက် ကောင်းကင်တာအိုအဆင့် ကောင်းကင်နတ်သိုင်းအားလုံး အစွမ်းကင်းမဲ့သွားချေပြီ။

မူလနတ်ဘုရားလက်ချောင်းမှာ သူ့တာအိုအဆင့်၏ ပထမဦးဆုံးကောင်းကင်ဘုံ ဖြစ်သည်။ သူသည် ထိုက်ချူ၏ မဟာကောင်းကင်နတ်သိုင်းများကို သူ့နည်းသူ့ဟန် သိမြင်နားလည်ထားခဲ့၏။ ထို့နောက် ဒုတိယကောင်းကင်ဘုံကို အချိန်များစွာ ပေး၍ ဖော်ဆောင်နိုင်ခဲ့သည်။

၎င်းက သူနှင့် ချင်မူ နဂါးသွဲ့ရေကန်အောက်ရှိ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစထဲသို့ ဝင်ရောက်က တာအိုသစ်သီးအား မရခင် အချိန်အထိ ဖြစ်၏။

တာအိုသစ်သီးအား ရရှိပြီးနောက် လန်ရွှမ်ကား ထိုက်ချူတာအိုကျင့်စဉ်စနစ်ကို သိမြင်နားလည်ခဲ့သည်။ မိုးကောင်းကင်၏ ကောင်းချီးပေးမှုကို ရရှိသွားသည့်အလား တာအိုကျင့်စဉ်စနစ် တစ်လွှာပြီးတစ်လွှာကို ဖွဲ့တည်တည်ဆောက်နိုင်ခဲ့ကာ ထိုက်ချူလမ်းစဉ်အား တာအိုကျင့်စဉ်စနစ်၏ ၃၅ ဘုံမြောက် ကောင်းကင်ဘုံအထိ တွန်းပို့နိုင်ခဲ့သည်။

ဤအဆင့်က သူ၏ ခမည်းတော် ထိုက်ချူနှင့် ညီတော် ကောင်းကင်နတ်အရှင်ဟောင်ထက် များစွာသာလွန်နေပြီဖြစ်သည်။ သူသည် တစ်လောကလုံးတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဟု ဆိုနိုင်ပြီး ထိုက်ချူတာအိုရရန် ခြေတစ်လှမ်းသာ လိုနေခဲ့၏။

သို့သော် ယခုတွင်တော့ အရာအားလုံးကား ရေကန်ထက်က တံလျှပ်ပမာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ချေပြီ။

လန်ရွှမ် တိုက်ကွက်အား အသည်းအသန် ပြောင်းလဲနေသည့်အချိန်တွင် ချင်မူ့ကပ်ဘေးဓားက ဓားအိမ်ထဲမှ ထွက်လာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ စိုက်ဝင်သွားသည်။ ဓားက အနည်းငယ်တုန်ခါပြီးနောက် သူ၏ဦးနှောက်ထဲအထိ ဝင်ရောက်ထိုးစိုက်သွားတော့သည်။

ဓားရောင်က အလင်းတန်းငါးတန်းအဖြစ် ဖြာထွက်ပြီး အနီရောင်ကြိုးများအဖြစ် ပြောင်းလဲသွား၏။

သို့သော် ကပ်ဘေးဓားသည် သူ၏ဦးနှောက်ကို ဖောက်ထွက်မသွားပေ။ ထိုအစား သူ၏ကောင်းကင်နတ်ဘုံ တောင်ကောင်းမုခ်၀ဆီသို့ ဦးတည်သွား၏။ လမ်းတလျှောက်တွင် ကောင်းကင်နတ်ဘုံထဲရှိ အဆောက်အဦးအားလုံး ပြိုကျပျက်စီးကုန်ပြီး ကောင်းကင်နတ်မြစ်လည်း တသိမ့်သိမ့် လှုပ်ခါသွားသည်။ ဓားရောင်သည် နဂါးသွဲ့ရေကန်ကိုလည်း နှစ်ခြမ်းကွဲသွားစေ၏။

ဤဓားက ကျောက်စိမ်းမြို့တော်ကို နှစ်ခြမ်း ပိုင်းဖြတ်လိုက်ပြီး နောက်တခဏတွင် နတ်ကောင်းကင်ခန်းမဆီသို့ ရောက်လာသည်။

နတ်ကောင်းကင်ခန်းမထဲတွင် နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်က လှည့်ကြည့်လာ၏။

“မူလနတ်ဘုရားလက်ချောင်း”

သူ၏လက်ချောင်းက ဓားရောင်နှင့် ထိတိုက်သွားပြီး စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ကောင်းကင်နတ်အရှင်ဆယ်ပါးအကြား၌ နံပါတ်တစ်ကောင်းကင်နတ်သိုင်းဖြစ်ရန် ထိုက်တန်၏။ ရိုးရှင်းသော်လည်း စွမ်းအားကတော့ ကြောက်မက်ဖွယ်ကောင်းလေသည်။

သို့သော် ဓားရောင်က မူလနတ်ဘုရားလက်ချောင်းဓား၏ စွမ်းအားကို ထိတွေ့သွားပြီး သူ၏တိုက်ကွက်အား အလွယ်တကူပင် ပိုင်းဖြတ်သွားတော့သည်။

ဇွက်…

ကပ်ဘေးဓားက လက်ချောင်းထိပ်ကို ထိုးစိုက်လိုက်ပြီး လက်မအား ဖောက်ထွက်သွားသည်။ ၎င်းက အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ သူ့မူလဝိညာဉ်၏ ဦးနှောက်ထဲသို့ ထိုးဖောက်သွားချေပြီ။

နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်မှာ အေးခဲတောင့်တင်းသွားသလို ရုပ်ခန္ဓာမှာလည်း အလားတူပင်။

တစ်ချိန်တည်းမှာပင် တာအိုသစ်သီးသည် နတ်ကောင်းကင်ခန်းမကို ဖြတ်သန်းလာကာ နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်ဦးနှောက်ထဲသို့ ဝုန်းခနဲ ဝင်ရောက်သွားသည်။ သစ်သီး ပြင်းထန်စွာ လှည့်ပတ်နေစဉ် ကပ်ဘေးဓားက ၎င်းကိုပါ စိုက်ဝင်ပေတော့မည်။

ထိုစဉ် ကောင်းကင်နတ်အရှင်ဟောင်သည် ချင်မူ့အနောက်တွင် ပေါ်လာပြီး သူ၏ဦးခေါင်းအနောက်ရှိ ကောင်းကင်နန်းဆောင် ၃၅ ဆောင်က ကောင်းကင်လှည်းဘီးအဖြစ် ပြောင်းလဲဆင်းသက်လာသည်။ ၎င်းက ချင်မူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်နှင့် ချင်မူကို ကောင်းကင်လှည်းဘီးထဲသို့ ဆွဲသွင်းလိုက်၏။

“ကောင်းကင်နတ်အရှင်ဟောင်”

ချင်မူ၏ အံ့အားသင့်နေသော အသံက ကောင်းကင်လှည်းဘီးထဲမှ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်က ၎င်းတို့ကို ရုန်းကန်ဖြတ်သန်းကာ ထွက်ချင်‌နေ၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက လိုပါသေးတယ်ကွာ…” ကောင်းကင်နတ်အရှင်ဟောင်က သူ၏လက်ဖဝါးဖြင့် ချင်မူ့အား ကောင်းကင်လှည်းဘီးထဲသို့ ရိုက်ချလိုက်သည်။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး၏အရှေ့၊ နတ်ကောင်းကင်ခန်းမထဲတွင် လန်ရွှမ်၏ မူလဝိညာဉ်ထဲရှိ တာအိုသစ်သီးမှာ ပြင်းထန်စွာ လှည့်ပတ်နေသည်။ ၎င်းက လန်ရွှမ်၏ အသိစိတ်ကို အပြည့်အဝ ဖယ်ရှားရင်း မူလဝိညာဉ်အား ထိန်းချုပ်နေ၏။

တာအိုသစ်သီးသည် မူလဝိညာဥ်ကို ထိန်းချုပ်၍ နတ်ဧကရာဇ်လန်ရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်တော့မည့်အချိန်တွင် မျက်ခုံးနှစ်ဖက်ကြား၌ ပုန်းကွယ်နေသော အနီရောင်ကြိုးငါးကြိုးကို တွေ့လိုက်ရ၏။ တာအိုသစ်သီးမှာ အနီရောင်ကြိုးများအကြားထဲသို့ ချက်ချင်း ကျရောက်သွားတော့သည်။

အနီရောင်ကြိုးတို့က တာအိုသစ်သီးကို ရစ်ပတ်ကာ ကြိုးထုံးတစ်ခု ဖွဲ့တည်လိုက်၏။

“သခင်လေးခုနစ်” တာအိုသစ်သီးထဲမှ ဒေါသထွက်နေသော ဟိန်းဟောက်သံ ပဲ့တင်ထပ်လာသည်။

ကောင်းကင်နယ်စားမင်းက လွတ်မြောက်သွားလျှင်ချင်း ကောင်းကင်ရတနာများကို ဆွဲယူလိုက်သည်။ သူက ကောင်းကင်တာအို အထွတ်အမြတ်ရတနာအပါး ၅၀ ကို ထိန်းချုပ်လိုက်ရာ ၎င်းတို့၏ စွမ်းအားက တမုဟုတ်ချင်း ဆူပွက်လာ၏။ တိုက်ကွက်တစ်ကွက်က နတ်ဧကရာဇ်လန်ရွှမ်၏ နောက်ကျောကို ထိတွေ့သွားရာ လန်ရွှမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ကွဲကြေသွားတော့သည်။

All Chapters