← Chapters

ကယ်တင်ရှင်

Vol. 23 Ch. 296

ကယ်တင်ရှင်

Vol. 23 Ch. 296

"ဓားကျင့်ကြံသူတွေက နတ်ဘုရားတိုက်ကြီးကို နတ်ဆိုးတွေနဲ့ စစ်ပွဲမှာ တိုက်ခိုက်ကယ်တင်ပေးခဲ့လို့ ကျွန်မတို့ ကျင့်ကြံရတာ ထိုက်တန်ပါတယ်။ အရှင်က အတွေ့အကြုံပိုများလို့ ပြောပြပါ"

နန်းကုန်းရှီက ခေါင်းငုံ့၍ ပြန်ပြောလိုက်သောအခါ ဖုလုံရှန်းမှာ မောက်မာစွာ ရယ်မောနေပြီး အသက်တံဆိပ်ကို နိမ့်ဆင်းလာစေသဖြင့် သခင်မသုံးယောက်သည် အတွင်းအင်္ဂါများ ဖိညှစ်ခံနေရသကဲ့သို့ နာကျင်သွားကာ မျက်နှာပျက်နေကြ၏။

"ဒါက အသက်တံဆိပ်လို့ခေါ်တယ်။ လူသားမျိုးနွယ်ရဲ့ အသန်မာဆုံး ကျင့်ကြံရေးလမ်းကြောင်းပဲ။ ရုန်းကျင့်ကြံသူတွေကရော အစွမ်းထက်တယ်လို့ ထင်လား"

ဖုလုံရှန်းက ခန်းမအတွင်းရှိ အမြင့်ဆုံးနေရာတွင် ထိုင်ချလိုက်ကာ အထင်သေးဟန်ဖြင့် မေးခွန်းထုတ်ပြန်သည်။

"ဟုတ်ကဲ့"

သခင်မသုံးယောက်သည် ဖိအားကြောင့် ဒူးထောက်နေရပြီး အသက်ကို တစ်ဖက်လူ၏ လက်အတွင်း ဝကွက်အပ်ထားရသကဲ့သို့ပင်။

"ဒါဆိုရင် နတ်ဘုရားတိုက်ကြီးရဲ့ လူသားမျိုးနွယ်က ဓားလမ်းစဥ်ကို မကျင့်ကြံရဘူး။ ငါ့ အမိန့်ကို နာခံကြစမ်း။ ဓားကျင့်ကြံမှုကို တားမြစ်ပြီး ဓားဝိညာဥ် ထုတ်ဖော်ခွင့်မပေးရဘူး။ ဖောက်ဖျက်ရင် မျိုးရိုးကိုးဆက် အသတ်ခံရမယ်"

ဖုလုံရှန်း၏ လွန်လွန်ကျူးကျူး အမိန့်ကြောင့် သူတို့သုံးယောက်မှာ တုန်လှုပ်သွားခဲ့ပြီး စွမ်းအားချင်း ကွာခြားလွန်းနေသဖြင့် လွန်ဆန်ရခက်နေသည်။

"နတ်ဘုရားတိုက်ကြီးက ကပ်ဘေးတံဆိပ်ငရဲ ပိုင်နက်တစ်ခု ဖြစ်လာမှာဆိုတော့ ကံကောင်းပါတယ်။ မင်းတို့က ရုန်းကျင့်ကြံသူတွေရဲ့ ကိုယ်စားပြုဖြစ်ရမယ်။ အခုကစပြီး မင်းတို့က ရုန်းကျင့်ကြံသူတွေရဲ့ အမွေကို ဆက်ခံရမယ်"

"ဒါပေမယ့် ဘယ်လိုလုပ်မှာလဲ။ နတ်ဘုရားတိုက်ကြီးရဲ့ လူသားမျိုးနွယ်က မွေးရာပါ ဓားဝိညာဥ် ပိုင်ဆိုင်ကြပါတယ်။ ရုန်းကျင့်ကြံသူတွေလို အသက်တံဆိပ် မပိုင်ဆိုင်ထားဘူး"

နန်းကုန်းရှီက စိတ်ရှုပ်နေဟန်ဖြင့် ကန့်ကွက်လိုက်သည်။

"ဒါက ရှင်းပါတယ်။ ရုန်းကျင့်ကြံသူတွေ ထွက်ပေါ်လာဖို့ မျိုးဆက်ပြန့်ပွားရမယ်။ ငါက ကပ်ဘေးတံဆိပ်ငရဲက ယောကျ်ားတွေ တစ်သန်းလောက် စေလွှတ်ပေးပြီး ဒီနေရာက မိန်းမတွေကို ကိုယ်ဝန်ဆောင်စေမယ်။ အချိန်တစ်ခုကြာရင် ရုန်းကျင့်ကြံသူမျိုးဆက် ထွက်ပေါ်လာလိမ့်မယ်"

ဖုလုံရှန်းက ကောက်ကျစ်စွာ ပြုံး၍ ဖြေလိုက်သောအခါ စကားလုံးများမှာ ဓားသွားပမာ ထက်ရှနေသည်။

"နတ်ဘုရားတိုက်ကြီးရဲ့ ယောကျ်ားတွေကိုတော့ သတ်ပစ်ရမယ်။ အားနည်းသူတွေ အသက်မရှင်နိုင်ဘူး။ ရုန်းကျင့်ကြံသူတွေရဲ့ မျိုးရိုးကို လက်ခံဖို့ မိန်းမတွေသာ စွမ်းဆောင်နိုင်တယ်။ မင်းတို့တောင် အကောင်းဆုံး ယောကျ်ားတွေနဲ့ ပျော်ပါးရမှာပါ။ မကောင်းဘူးလား"

ဖုလုံရှန်းက ထိုမြင်ကွင်းများကို တွေးတောနေဟန်ဖြင့် မျက်နှာတစ်ခွင် တဏှာခိုးဝေနေသည်။

"နတ်ဘုရားတိုက်ကြီးရဲ့ လူသားမျိုးနွယ်ကို ရုန်းကျင့်ကြံသူတွေအဖြစ် ပြောင်းလဲဖို့က မဟာတာဝန်ပဲ။ အသက်တံဆိပ်တွေ ထွက်ပေါ်လာဖို့ မိန်းမတိုင်း တာဝန်ယူရမယ်။ ဒါက အနာဂတ်အတွက် မြင့်မြတ်တဲ့ အလုပ်ဖြစ်တယ်။ မင်းတို့သုံးယောက်က ဥပမာအနေနဲ့ ဦးဆောင်ပြီး လုပ်လိုက်ကြပေါ့"

"မိန်းမတစ်ယောက်ကို အတင်းအကြပ် ကိုယ်ဝန်ဆောင်ခိုင်းလို့ မရဘူးဆိုတာ နင့်မိဘတွေက သင်ပေးမထားဘူးလား"

ဖုလုံရှန်း၏ လွန်ကဲသော စကားများကြောင့် နန်းကုန်းရှီက ဝုန်းခနဲ ထရပ်၍ ဒေါသတကြီး အော်ငေါက်လိုက်သည်။ သူ၏ မျက်နှာက ရုတ်တရက် အေးစက်သွားကာ အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သောကြောင့် သူမကို နောက်တစ်ကြိမ် ဒူးထောက်ကျသွားစေသည်။

"တဏှာရူး မိမဆုံးမ ဖမဆုံးမကောင် နင့်အမေက လူရော ဟုတ်ရဲ့လား"

စုလန်လန်ကလည်း သည်းမခံနိုင်တော့သဖြင့် လက်ညှိုး ငေါက်ငေါက်ထိုး၍ ကျိန်ဆဲလိုက်ပြန်ပြီး ရောင်ယွဲ့နှင့်အတူ ထရပ်လိုက်ကြသည်။

"ပုရွက်ဆိတ်တွေကများ ငါ့ကို စော်ကားချင်တယ်။ အဘိုးကြီးချူ မင်းကို ဒီကောင်မသုံးယောက် လက်ဆောင်ပေးမယ်။ သူတို့ မသေမချင်း ကလေးမွေးခိုင်းလိုက်။ ဒီလောက်က ပြဿနာမဟုတ်ဘူးမလား"

"ကပ်ဘေးတံဆိပ်ငရဲအတွက် ကျုပ် အစွမ်းကုန် ကြိုးစားပါမယ်"

ဖုလုံရှန်းသည် အောက်တန်းကျလွန်းသော ဟန်ပန်မျိုးဖြင့် အချက်ပြလိုက်သောအခါ အညိုရောင်ဝတ်အကြီးအကဲ ချက်ချင်း ထွက်ပေါ်လာပြီး သွားဝါဝါများပေါ်အောင် ရယ်ပြနေသည်။

"ကျောင်းသားတစ်သောင်းလောက် ဓားကျင့်ကြံဖို့ ဒီနေရာကို ရောက်လာကြတော့မယ်။ အဘိုးကြီးချူ မင်းက ဒီကလေးတွေကို ယောကျ်ားတစ်ယောက် ဘယ်လိုစွမ်းဆောင်နိုင်လဲဆိုတာ သေချာပြပေးလိုက်"

ဖုလုံရှန်းသည် အရှိန်အဝါဖြင့် သခင်မသုံးယောက်ကို ဖိနှိပ်ရင်း ရိုင်းစိုင်းစွာ ပြောဆိုနေသကဲ့သို့ အဘိုးကြီးချူကလည်း လျှာတသပ်သပ်ဖြင့် ရာဂကြီးစွာ ပြုံးလိုက်သည်။

"ကျုပ်က အဘိုးကြီးဖြစ်နေပေမယ့် ဒီလောက်က အပျော့ပါ"

"ကောင်းတယ်။ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က ဥပဒေနဲ့ စည်းကမ်းတွေကို ချိုးဖောက်ဖို့ပေါ့။ သန်မာနေရင် လုပ်ချင်တာ လုပ်လို့ရတယ်"

ဖုလုံရှန်းက လက်ခုပ်လက်ဝါးတီး၍ အားပေးနေပြီး ကပ်ဘေးတံဆိပ်ငရဲ၏ ထိပ်တန်းတရားသူကြီး တစ်ယောက်ဖြစ်သော အဘိုးကြီးချူသည် သခင်မသုံးယောက် ကိုယ့်ကိုကိုယ် သတ်သေခြင်း မလုပ်နိုင်ရန် စွမ်းအားဖြင့် ကန့်သတ်လိုက်သည်။ သူက ဖုလုံရှန်းထက် ပို၍ အစွမ်းထက်ပြီး တဟားဟား ရယ်မောကာ ချဥ်းကပ်လာနေသောအခါ သခင်မသုံးယောက်မှာ တစ်လက်မပင် မလှုပ်နိုင်တော့ပေ။ သူတို့၏ မျက်ဝန်းများမှ ကူကယ်ရာမဲ့သော ခံစားချက်ကြောင့် မျက်ရည်များ စီးကျလာကာ မဟာကျောင်းတော်၏ တပည့်များရှေ့မှောက်တွင် မုဒိမ်းကျင့်ခံရမည့်အဖြစ်မှာ သေသည်ထက် ပို၍ ဆိုးရွားပေလိမ့်မည်။

"ဒီမိန်းမသုံးယောက်က ဆွဲဆောင်အားကောင်းလွန်းတော့ ကျုပ်ကိုယ်တိုင် အားဖြည့်ရမယ်"

အဘိုးကြီးချူက ရာဂအားတိုးဆေးတစ်လုံးကို သောက်၍ ချက်ချင်း အာနိသင်ပြကာ မျက်လုံးများ နီရဲလာသည်။

"ငိုမနေနဲ့။ ခံစားချက်ကောင်းလေးတွေ လာတော့မှာပါ"

သူက လက်ဝါးနှစ်ဖက်ပွတ်သပ်၍ တစ်လှမ်းချင်း ရှေ့တိုးလာနေပြီး ဖုလုံရှန်းသည်လည်း တဟားဟားရယ်မောရင်း မြင်ကွင်းကို အရသာခံ စောင့်ကြည့်နေသည်။

"ဝုန်း"

ထိုအချိန်တွင် ခန်းမ၏ မျက်နှာကျက် ပေါက်ကွဲထွက်သွားကာ အနက်ရောင်ပုံရိပ်ကြီးတစ်ခု ခုန်ချလာသဖြင့် သူတို့ကို မင်သက်သွားစေသည်။

"သွားစမ်း"

အဘိုးကြီးချူက ဒေါသတကြီး တိုက်ခိုက်လိုက်သော်လည်း ၎င်းကို ထင်ထင်ရှားရှား မြင်လိုက်ရသောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

"ဘာ...ဘာကောင်ကြီးလဲ"

သူ၏ တိုက်ကွက်က အလဟဿဖြစ်သွားပြီး အနက်ရောင်သားရဲ၏ ခံတွင်းအတွင်း ဦးခေါင်းပြတ်သွားကာ ခေါင်းပြတ်ခန္ဓာကိုယ်မှာ သွေးရူးသွေးတန်း လျှောက်ပြေးနေခဲ့သည်။ အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် ထပ်မံရောက်ရှိလာကာ ဓားတစ်ချက်ယမ်း၍ ထိုအလောင်းကို နုတ်နုတ်စင်းပစ်လိုက်သောအခါ သွေးများနှင့် အပိုင်းအစများ ဘက်ပေါင်းစုံသို့ လွင့်ထွက်သွား၏။ သူက လက်တစ်ချက် ယမ်းလိုက်သောအခါ ထိုအပိုင်းအစများသည် ဖုလုံရှန်းထံ လွင့်ပျံလာကာ တစ်ကိုယ်လုံး ညစ်ပတ်ပေကျံစေသည်။

"အား"

တစ်ချိန်လုံးမောက်မာနေသော ဖုလုံရှန်းမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး သားရဲကြီးနှင့် ယွမ်ရှောင်ကို ငေးကြည့်နေမိသည်။ ၎င်းက အရွယ်အစားသေးငယ်သွားကာ နန်းကုန်းရှီ၏ ရင်ခွင်အတွင်း ပြေးဝင်သွား၍ ပွတ်သပ်ချော့မြှူပေးရန် တောင်းဆိုနေသည်။ ရင်ဘတ်ရှိ လနီက ပျော်ရွှင်မြူးထူးနေသော်လည်း ကြယ်ပြာ၏ မျက်လုံးအစုံတွင် စိတ်ပျက်လက်ပျက်ဖြစ်နေဟန်များ ထင်ဟပ်လာသည်။

"ယွမ်ရှောင်"

ကယ်တင်ရှင် ရောက်လာသောအခါ သခင်မသုံးယောက်၏ မျက်ရည်များသည် ဝမ်းသာမျက်ရည်အဖြစ် ပြောင်းလဲသွားကာ စိတ်သက်သာရာရသွားခဲ့သည်။ သူတို့ကို အဖြစ်ဆိုးမှ ကယ်တင်ရန် ရောက်ရှိလာသော ရုပ်ရည်ချောမောသည့် ယောကျ်ားတစ်ယောက်အပေါ် ခံစားချက်များ ဖြစ်တည်လာခဲ့သည်။

"နင်က ဘာလို့ အခုမှ ရောက်လာရတာလဲ"

စုလန်လန်က ဆူပူလိုက်သော်လည်း ပျော်ရွှင်မှုကြောင့် မျက်ဝန်းလေးများ တောက်ပနေသည်။

"ကျုပ် ရောက်နေတာ ကြာပါပြီ။ ဒီရုန်းကျင့်ကြံသူတွေရဲ့ သရုပ်မှန်ကို သိချင်လို့ စောင့်ကြည့်နေတာ။ မင်းတို့က လူသားမျိုးနွယ်ရဲ့ အစွမ်းအထက်ဆုံး ဟုတ်လား။ တော်တော်ရွံစရာကောင်းတာပဲ"

ယွမ်ရှောင်သည် ဖုလုံရှန်းကို စိုက်ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ထိုအချိန်တွင် ခန်းမတံခါး ဘန်းခနဲပွင့်လာကာ မဟာကျောင်းတော်၏ တပည့်များ အလုံးအရင်း ဝင်ရောက်လာကြသည်။

"ဒါဆိုရင် မင်းက ယွမ်ရှောင်ပေါ့။ ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့ သတ္တိရှိလား"

ဖုလုံရှန်းသည် သားရဲလေးကို ကြောက်လန့်နေသောကြောင့် တစ်ယောက်ချင်း တိုက်ခိုက်ရန် စိန်ခေါ်လိုက်သည်။

"စောက်တဏှာရူး မင်းက ငါ့ညီလေးကို ကြောက်နေတာမလား။ ဒါကြောင့် ငါ့ကို ရန်စပြီး တစ်ယောက်ချင်း စိန်ခေါ်တာပေါ့"

ယွမ်ရှောင်က သူ၏ အကြံကို ချက်ချင်း သိသွားသဖြင့် ဖုလုံရှန်းမှာ ကျောစိမ့်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်နေသည်။

"ဒါပေမယ့် မင်း တစ်ခုတော့ မှန်တယ်။ ငါက စိန်ခေါ်တာ ခံရရင် ဘယ်တော့မှ မငြင်းတတ်ဘူး"

ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို ဆုပ်ကိုင်ပြီး ဓားကျင့်ကြံသူများ၏ ရှေ့မှောက်တွင် ကပ်ဘေးတံဆိပ်ငရဲ၏ အဆောင်မင်းသားထံ တရကြမ်း ပြေးဝင်သွားလေသည်။

All Chapters