နောက်ဆုံးသော ရုန်းကန်မှု
Vol. 128 Ch. 1906
အံ့အားသင့်မှု ၊
ရှော့ခ်ရမှု ၊
ဤမြင်ကွင်းကို မြင်တော့ ကျန်းရန်ကျွင်းနှင့် ကျူးကျင်းဝူတို့၏ မေးရိုးကြီးများ မြေပြင်နှင့် ထိစပ်လုမတတ် ဖြစ်သွားခဲ့သည်။
လင်းရီသည် လေးမီတာကျော်မြင့်သည့် နံရံထိပ်သို့ ဤမျှ လွယ်ကူစွာဖြင့် တက်လှမ်းသွားနိုင်လိမ့်မည်လို့ သူတို့ထဲ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
အောက်ရှိ လူအုပ်ကြီးလည်း ထပ်တူညီစွာ ခံစားနေရလေသည်။ ဤသည်က သူတို့ တစ်ခါမှ မကြုံဖူး ၊ မတွေ့ဖူးသည့် အရာဖြစ်၏။
ယခုအချိန်တွင်တော့ သူတို့၏ ကျန်းရန်ကျွင်းတို့အပေါ် ထားရှိသည့် ယုံကြည်မှုတို့က ယိမ်းယိုင်လာချေပြီ။ တာအို အတွင်းအား သို့မဟုတ် ကိုယ်ဖော့ပညာရပ်တွင် ဖြစ်စေ ၊ ရှီးယွင်ဘုရားကျောင်းက အနှီလူငယ်လေးလောက်ပင် ကျွမ်းကျင်ခြင်း မရှိကြချေ။
ဆိုတော့ … သူတို့ရဲ့ အတွင်းအားနဲ့ ကိုယ်ဖော့ ပညာရပ်ဆိုတာက တကယ်ရှိတာလား မရှိတာလား …
တကယ်ရှိတာဆိုရင် ဘာလို့ သာမန်လူတစ်ယောက်က သူတို့လုပ်သလို လိုက်လုပ်နေနိုင်တာလဲ …
ထိုအချိန်တွင် လင်းရီသည် လက်ရန်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး လွှားခနဲ ခုန်ကျော်၍ လေးမီတာကျော်မြင့်သည့် နံရံထပ်မှ အောက်သို့ ပြန်ဆင်းလာခဲ့သည်။
သူပြုံးလိုက်ပြီး “ ခင်များတို့ ပြောတဲ့အတိုင်း ကျုပ် လုပ်ပြီးပြီ … အခု ခင်များတို့ရဲ့ ကတိကို တည်ဖို့ အချိန်ကျပြီ မထင်ဘူးလား …”
“ ဒါက …”
ဤတစ်ကြိမ်တွင်တော့ ကျန်းရန်ကျွင်းသည်ပင် ယခင်ကလောက် တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။
အကယ်၍ သူတို့ကသာ လူတို့အား လိမ်လည်နေကြောင်း ဝန်ခံလိုက်မည်ဆိုပါက သူတို့ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သည့် ရှီးယွင်ဘုရားကျော်း၏ ဂုဏ်သတင်းသည်လည်း အဆုံးသတ်ပြီ ဖြစ်၏။
“ တာအိုရောင်းရင်း … မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလို မြင့်မားတဲ့ အဆင့်တစ်ခုကို ပိုင်ဆိုင်နေပြီ … ငါ မင်းကို တကယ်လည်း လေးစားမိတယ်… မင်းရဲ့ အဆင့်က အရမ်းမြင့်တာကို ငါဝန်ခံတယ်… ဒါပေမယ့် ငါ့ တပည့်ရဲ့ အစွမ်းအစတွေကိုလည်း မင်း ငြင်းပယ်လို့တော့ မရဘူး … သူက မင်းလောက် မကောင်းရုံလေးပဲ …”
“ တော်လိုက်တော့ တော်လိုက်တော့… ခင်များ စောနတုန်းက ပြောသွားခဲ့တာ အဲ့စကားမျိုး မဟုတ်ပါဘူး …”
လင်းရီ ပြောလိုက်ပြီး “ သဘောတူထားတဲ့အတိုင်းဆိုရင် ကျုပ်သာ အဲ့ဒီ နံရံအပေါ်ထိ ရောက်အောင် တက်နိုင်ရင် ခင်များတို့ လူတွေကို လိမ်ညာလှည့်ဖျားနေပါတယ်ဆိုပြီး ဝန်ခံရမယ်…. အခုမှလာပြီး နားလည်မှု လွဲသလိုလို ဘာလိုလိုနဲ့ … ပြီးတော့ ဒါလောက်လေးကို တာအိုကွန်ဖူးလို့ သတ်မှတ်နေရင် ဒါဆို Parkour ကစားသမားတွေကရော တာအို ကိုယ်ဖော့ပညာတွေ တက်ထားတာလား ဟုတ်လား …”
“ Parkour …”
ချောင်ရှင်း ရေရွတ်ပြီး “ ငါ သဘောပေါက်ပြီ … သူတို့ လုပ်ပြတဲ့ အရာတွေကလည်း အဲ့ဒီ parkour ပရော်ဖက်ရှင်နယ်တွေ လုပ်ပြတာနဲ့ ဘာမှ သိပ်မကွာဘူး …”
ချောင်ရှင်း၏ စကားကို ကြားတော့ ကျန်သူများလည်း ဖုန်းထုတ်ကာ parkour ကို ဗွီဒီယို အတို ပလတ်ဖောင်းများ၌ စတင် ရှာဖွေတော့သည်။
သူတို့တွေ မမြင်ရရင် သဘောပေါက်မှာ မဟုတ်ချေ။ သို့သော်လည်း သူတို့ မြင်တွေ့ပြီးသည့် အခါတွင်တော့ လုံးဝ ရှော့ခ်ရသွားခဲ့ကြလေသည်။
အနှီ Parkour ကျွမ်းကျင်သူတို့က အမှန်တကယ်ကို နတ်ဘုရားဆန်လွန်းလှ၏။ ၎င်းတို့က ကျူးကျင်းဝူ ယခုလေးတင် တင်ဆက်ပြသွားခဲ့သည့် ပြကွက်များထက်ပင် ပိုပြီး အထင်ကြီးဖို့ ကောင်းနေသေးသည်။
အရေးကြိးဆုံးကတော့ ပိုပြီး ထူးချွန်ပြောင်မြှောက်စွာ ပြုလုပ်ပြနိုင်နေသည့် နိုင်ငံခြားက Parkour ကျွမ်းကျင်သူများကိုလည်း သူတို့တွေ မြင်တွေ့လိုက်ရခြင်းပင်။
အဲ့ဒီတော့ … ဒီရဲ့ နိုင်ငံခြားသားတွေကလည်း တာအို အတွင်းအားတွေ ၊ ကိုယ်ဖော့ပညာရပ်တွေကို လေ့ကျင့်ထားတဲ့ လူတွေလား …
“ ငါ အခုမှပဲ အလိမ်အညာတွေမှန်း သတိပြုမိတော့တယ်… ငါ ချီးကို တာအိုကွန်ဖူးပါလား … မင့်မေကြီးတော် အကုန် အလိမ်အညာတွေချည်းပဲ …”
“ သေစမ်း … ငါ သူတို့ ရောင်းတဲ့ဥစ္စာတွေ အများကြီး ဝယ်ထားမိပြီဟ … ချီးပဲ … ငွေပြန်အမ်းစမ်း …”
“ ငါ့ပိုက်ဆံတွေ ပြန်ပေးစမ်း …”
“ ငွေပြန်အမ်း … “
“ ငွေပြန်အမ်း …”
လူအုပ်ကြီးက ပရမ်းပတာ ဖြစ်လာသည်ကို မြင်တော့ ကျန်းရန်ကျွင်းသည် သူ၏ အခြား တပည့်တပန်းများအား လက်ယပ်ခေါ်၍ ဧည့်ပရိသတ်ကြီးအား ဖျောင်းဖျတော့သည်။
သူတို့အိတ်ထောင်ထဲ ရောက်လာပြီးသည့် ပိုက်ဆံများကို ပြန်ထုတ်ပေးဖို့ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကျူးကျင်းဝူမှာမူ မြေပြင်၌ သစ်ငုတ်တွယ်သကဲ့သို့ မလှုပ်မယှက် ရပ်နေရင်း သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ရှိသည်။
သူ လင်းရီကို အရိုးထိတိုင် မုန်းတီးမိနေပြီး ဖြစ်၏။
စောနတုန်းက ထမင်းစားခန်းမထဲတွင်တုန်းကလည်း ဤငနဲသာ ရုတ်ချည်းထွက်ပေါ်မလာဘူးဆိုပါက အနည်းဆုံးတော့ သူသည် ကောင်ငယ်လေး၏ မိခင်ထံမှ ယွမ် သုံးလေးထောင်ခန့် ညှစ်ထုတ်နိုင်ပေမည်။
ယခုအခါတွင်လည်း သကောင့်သား ကောင်းမှုဖြင့် သူတို့ ဂရုတစိုက်နှင့် ရေးဆွဲထားသည့် အစီအစဉ်တို့မှာ အချည်းနှီး ဖြစ်သွားခဲ့ရသည်။
သူက သူတို့၏ ငွေဝင်နိုင်သည့် လမ်းကြောင်းများအားလုံးကို ဖြတ်တောက်ပစ်နေခြင်းပင်။
“ စိတ်အေးအေးထား … ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်…”
“ ခင်များမှာ အစီအစဉ် ရှိတယ် ဟုတ်လား …”
ကျန်းရန်ကျွင်းသည် ယခုလို အချိန်မျိုး၌ပင် အခြေအနေကို အလှည့်အပြောင်း ဖြစ်စေနိုင်မည့် နည်းလမ်း ရှိနေလိမ့်ဦးမည်ဟု ထင်မှတ်မထားချေ။
“ သူ အဆင့်ဘယ်လောက်မှာ ရှိမယ်လို့ မင်းထင်လဲ …”
ကျန်းရန်ကျွင်း အသံကိုနိမ့်ပြီး မေးမြန်းလိုက်သည်။
“ သူ အရင်က သေချာလေး လေ့ကျင့်ဖူးလောက်တယ်… မဟုတ်ရင် ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်တာ သေချာတယ်… “
“ တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆို မင်းသူ့ကို အနိုင်ယူဖို့ ယုံကြည်ချက် ဘယ်လောက် ရှိလဲ …”
ဤသည်က ကျန်းရန်ကျွင်းအတွက် အလွန်အရေးပါသည်။ လက်ရှိ အခြေအနေကို အလှည့်အပြောင်း ပြုနိုင်၊ မပြုနိုင်က ကျူးကျင်းဝူအပေါ် မူတည်နေသည်။
“ ခင်များပြောတာ လက်သီးချင်းယှဉ်ထိုးဖို့လား …”
ကျူးကျင်းဝူ လက်သီးဆုပ်လိုက်ပြီး “ ကျုပ်လို ချန်ယီယံ ဖိုက်တာ တစ်ယောက်သာ သူနဲ့ သတ်ပုတ်မယ်ဆိုလို့ကတော့ သူ့ကို အမှောက်သိပ်နိုင်ဖို့ ယုံကြည်ချက် အပြည့် ရှိပြီးသားပဲ …”
“ အဲ့တာကောင်းတယ်… မင်း အခုလိုအပ်နေတာ အဲ့ဒီယုံကြည်ချက်မျိုးပဲ …” ကျန်းရန်ကျွင်း ပြောလိုက်ပြီး “ ဒီမှာပဲ စောင့်နေ … ကျန်တာ ငါ ကြည့်ပြီး ကိုင်တွယ်လိုက်မယ်…”
“ ကောင်းပြီ …”
ထိုစဉ် လူအုပ်ကြီး၏ တုံ့ပြန်မှုက ပြင်းထန်သည်ထက် ပြင်းထန်လာနေလျက် ရှိ၏။ သူတို့အားလုံး လူလိမ်ခံလိုက်ရသည်ဟု ခံစားနေရလေသည်။
မြင်ကွင်းက ရုန်းရင်းဆန်ခတ် ဖြစ်တော့မည့် ဆဲဆဲမှာပဲ ကျန်းရန်ကျွင်း စကားပြောလာခဲ့သည်။
“ လူတိုင်းပဲ … ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပေးကြပါ …”
သူ၏ ကျယ်လောင်သည့်အသံက လူအုပ်ကြီးကို တိတ်ကျသွားစေခဲ့၏။
သူတို့အားလုံးလည်း အော်ဟစ်ငြင်းခုန်နေခြင်းက ပြဿနာကို မဖြေရှင်းနိုင်မှန်း နားလည်ထားကြသည်။
“ တာအိုမိတ်ဆွေတို့ အခု ဘယ်လိုခံစားနေရလဲဆိုတာ ကျုပ် နားလည်တယ်… ဒါပေမယ့် ကျုပ် ပြောချင်တာက ခင်များတို့ ဗွီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အရာတွေက ကျုပ်တို့ရဲ့ တာအိုကိုယ်ဖော့ပညာနဲ့ မတူညီပါဘူး … အသေးစိတ်တွေ အများကြီးကို ကျုပ်မိတ်ဆွေတွေ ကျော်မြင်နေမိကြတယ်…”
“ ညာနေတာတွေ တော်လိုက်တော့ … သာမန်လူကတောင် အဲ့လို လုပ်နိုင်နေမှတော့ တာအိုကွန်ဖူးပညာရပ်ပါဆိုပြီး နာမည်တပ်နေတာကြီးက လုံးဝ လိမ်ညာနေတာပဲ …”
“ လူတိုင်းပဲ … စိတ်ငြိမ်ငြိမ်ထားပြီး ကျုပ်ပြောပြတာကို ဖြည်းဖြည်းလေး နားထောင်ပေးကြပါ …” ကျန်းရန်ကျွင်း ပြောလိုက်ပြီး “ ဒီလို အော်ဟစ်နေလို့ ပြဿနာက ဖြေရှင်းပြီးသွားမှာမှ မဟုတ်တာ ဟုတ်တယ်မလား …”
လူတိုင်း အနည်းငယ် တည်ငြိမ်သွားခဲ့ပြီး ကျန်းရန်ကျွင်း ပြဿနာကို မည်သို့ ဖြေရှင်းပေးမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
လင်းရီလည်း အနည်းငယ် သိချင်မိသွားခဲ့၏။
ဒီအခြေအနေထိ ရောက်နေပြီကို ဒီဘဲကြီးက ဘာတွေများ လုပ်ချင်နေသေးတာပါလိမ့် …
“ ခင်များတို့တွေ ဗွီဒီယို ကြည့်ပြီးတော့ အဲ့ဒီဟာတွေက ကျုပ်တို့ရဲ့ တာအို ကွန်ဖူးနဲ့ အတော်လေး ဆင်တူတယ်ဆိုပြီး ထင်နေကြတယ် … ကျုပ်ပြောတာမှန်တယ်ဟုတ် .. ဒါပေမယ့် ခင်များတို့တွေ မတူညီတဲ့ အသေးစိတ်တွေ အများကြီးကို ကျော်သွားခဲ့ကြပြီ …” ကျန်းရန်ကျွင်း ပြောလိုက်သည်။ “ ဒါပေမယ့် အဲ့ဒီ အသေးစိတ်တွေကို ကျုပ် ရှင်းပြပေးရင်တောင် ခင်များတို့ နားလည်နိုင်မှာ မဟုတ်ဘူး ..”
“ ဒါဆိုလည်း ငါလခွမ်းမို့လို့ လာပြီး ပြောနေတာလား … မြန်မြန် ငါတို့ငွေတွေ ပြန်အမ်းပေး … အချိန်လာဆွဲမနေနဲ့ …”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ လေသံမှာ အတော်လေး မခံမရပ်နိုင် ဖြစ်စွာ ဒေါသထွက်နေခဲ့ကြသည်။ သူတို့တွေ လူလိမ်ခံရသည်ကို တွေးမိရင့် တစိမ့်စိမ့် ဒေါသထွက်နေမိတော့၏။
“ တိတ်ပေးကြပါ … တိတ်ပေးကြပါ …’
အခြေအနေက ပရမ်းပတာ ဖြစ်လာသော်လည်းပဲ ကျန်းရန်ကျွင်းမှာ မတုန်မလှုပ် တည်ငြိမ်နေဆဲပင်။
“ တကယ်တော့ … ကျုပ် အဲ့သဘောမျိုး ပြောချင်တာ မဟုတ်ပါဘူး … ကျုပ်ပြောချင်တာ ကျုပ်တို့ရဲ့ တာအိုသိုင်းပညာက ဒီလို တင်ဆက်မှုတွေကို ဂရုမစိုက်ဘူးဆိုတာပဲ … အကုန်လုံးက တကယ့်လက်တွေ့ တိုက်ခိုက်မှုအပေါ် မူတည်ထားတာ …”
“ တကယ့်လက်တွေ့ တိုက်ခိုက်မှု ဟုတ်လား …”
လူတိုင်း၏ ဒေါသမှု အနည်းငယ် ငြိမ်သေသွားခဲ့ပြီး သူတို့အားလုံး ကျန်းရန်ကျွင်းကို နားမလည်နိုင်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြသည်။
“ ကျုပ်တို့ရဲ့ တာအိုယဉ်ကျေးမှုက နှစ်သောင်းနဲ့ချီ ရှည်ကြာတဲ့ သမိုင်းနောက်ခံရှိတယ်.. ကမ္ဘာလောကကြီး ပရမ်းပတာ ဖြစ်နေချိန်မှာ တောင်အောက်ကို ဆင်းလာပြီး ခေတ်ကို အေးချမ်းတဲ့ အနေအထားရောက်အောင် ပြန်ပြီး တည့်မတ်ပေးတယ်… ဒီလို ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းတဲ့နေရာမှာ ကိုယ့်ရဲ့ ခွန်အားက အားလုံးထက် ကြီးမားနေဖို့ လိုအပ်တာပဲ … ခင်များတို့ ဒီနေ့ မြင်တွေ့သွားခဲ့တာတွေက အပေါ်ယံလောက်လေးပဲ ရှိသေးတယ်…”
လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး သူ့မှာ အသံထွက် ရယ်မိလုနီးပါးဖြစ်သွားခဲ့သည်။ ကျန်းရန်ကျွင်း၏ လိမ်ဆင်ကို သူ ထွင်းဖောက် မြင်မိပြီး ဖြစ်လေသည်။
“ ဘာကို အပေါ်ယံတွေ လာပြောနေတာ .. သာမန်လူကတောင် လုပ်နိုင်ပြီး ဘာမှ မထူးဆန်းတဲ့ အရာကို နင်တို့က တာအိုကွန်ဖူးဆိုပြီး ခေါင်းစဉ်တပ်နေတယ်.. နင်တို့ ပြောသလောက်ကြီးလည်း ဆန်းကြယ်မနေပါလား …”
“ အတိအကျပဲ … ကျုပ်ပြောနေတာ အဲ့တာ …” ကျန်းရန်ကျွင်း ပြောလိုက်ပြီး “ အမှန်ပါပဲ … နည်းစနစ် တော်တော်များကို လေ့ကျင့်ပြီး သင်ယူလို့ရတယ်… ဒါပေမယ့် တကယ့် လက်တွေ့ တိုက်ခိုက်တဲ့ စွမ်းရည်ကိုတော့ အဲ့လို လုပ်လို့ မရဘူး … ကျုပ် အာမခံပေးနိုင်တယ်… လက်ဝှေ့ချန်ပီယံ တစ်ယောက်ဖြစ်နေရင်တောင် ကျုပ်တို့ တာအိုကွန်ဖူးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး …”
ကျန်းရန်ကျွင်းသည် ကျူးကျင်းဝူ၏ အရည်အချင်းတို့အား ကောင်းစွာ နားလည်ထားသည်။ တစ်ဖက်သူက ခိုင်မာသည့် အုတ်မြစ် အရည်အချင်းတို့ဖြင့် MMA ချန်ပီယံ တစ်ဦးဖြစ်ခဲ့ဖူးသူပင်။
သာမန်လူတစ်ဦးက သူနှင့် ယှဉ်ပြိုင်၍ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ချေ။ သူတို့၏ အစီအစဉ်အား ဖျက်လိုဖျက်စီး လာလုပ်နေသည့်ကောင်ကို ပညာပြပေးဖို့က ကျိန်းသေပေါက် ပြဿနာ ရှိမှာ မဟုတ်ချေ။
လုံလောက်အောင် ဆိုက်ကိုသွင်းပြီးသည့်နောက် ကျန်းရန်ကျွင်း ထပ်ပေါင်းပြောလိုက်သည်။
“ ကျုပ် အနောက်မှာ ရှိတဲ့ တာအိုရောင်းရင်းက အမှန်တကယ်လည်း အရည်အချင်းတချို့ ရှိပါတယ်… ဒါပေမယ့် အဲ့တာက ဒီတိုင်း ဟန်ပြသပ်သပ်ပဲ … တကယ့် တိုက်ပွဲ စွမ်းရည်မှာဆိုရင် ပြောစမှတ်ပြုလောက်စရာကို မရှိတာ … တကယ့်လက်တွေ့ တိုက်ပွဲမှာ အသုံးချနိုင်တဲ့ အရာတွေကိုပဲ အမှန်စင်စစ် အစွမ်းထက်တယ်လို့ သတ်မှတ်နိုင်မယ်…”