← Chapters

ဟိတ်ဟန်အကြီးကြီးထုတ်ခြင်း

Vol. 128 Ch. 1909

ဟိတ်ဟန်အကြီးကြီးထုတ်ခြင်း

Vol. 128 Ch. 1909

“ အဲ့တာတော့ ငါတို့ ဘော့စ်လျိုနဲ့ တခြားသူတွေဆီ ပြန်တင်ပြရဦးမှာ …” နင်ချဲ့ ပြောလိုက်သည်။ “ ဒါပေမယ့် နင် အဲ့ကိစ္စပူစရာ မလိုပါဘူး … သူတို့ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပေးရုံပါပဲ …”

“ အင်း … မှန်တယ် … ” လင်းရီ ထူးမခြားနား အမူအရာဖြင့် “ ဒီလို အသေးမွှား ကိစ္စလေးကတော့ သူတို့ဘာသူတို့ ရအောင် လုပ်ပါလေ့စေ …”

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လင်းရီဖုန်းသံ မြည်ဟည်းလာသည်။

သူ ထုတ်ကြည့်လိုက်တော့ အမည်မသိ နံပါတ်တစ်ခု ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ ဟယ်လို …”

“ အေး ညီကို .. ငါလေ … ကျူးကျင်းဝူ … မင်းနဲ့ ရှီးယွင် ဘုရားကျောင်းမှာ ဆုံခဲ့တဲ့ တာအိုဘုန်းကြီးလေ…”

တစ်ဖက်သူ၏ ကိုယ့်ကိုယ်ကို မိတ်ဆက်လာသည့် နာမည်ကိုကြားတော့ မည်သူဆိုတာကို လင်းရီ မှတ်မိသွားခဲ့သည်။

“ ဪ … ခင်များကိုး … မှတ်မိပြီ … ဘာကိစ္စရှိလို့လဲ …”

“ ငါ မနေ့တုန်းက ပြောခဲ့တယ်မလား … မင်းနဲ့ မိတ်ဖြစ်ဆွေဖြစ် တစ်ဝိုင်းလောက် အတူသောက်ရအောင်လို့ … မင်း အခု အချိန်ရလား …”

“ ရတယ်လေ… ခင်များ လာခဲ့လိုက် …” လင်းရီ ပြောလိုက်ပြီး “ ကျုပ် အခု တယွဲ့ ရှော့ပင်းစင်တာက စွန်းကျား စားသောက်ဆိုင်မှာ ရှိတယ်…”

“ အိုကေ … ငါ ခဏနေရောက်မယ်…”

ဖုန်းချပြီးသည့်နောက် အမျိုးသမီးနှစ်ဦး၏ အကြည့်က သူ့ထံသို့ ကျရောက်လာသည်။

“ နင် တခြား သွားစရာ ကိစ္စ ပေါ်လာလို့လား …” နင်ချဲ့ မေးမြန်လိုက်၏။

“ ငါ မင်းကို မနေ့က ပြောပြတဲ့ ဟိုလူလိမ်လေ… မှတ်မိလား … အဲ့လူ ငါ့ဆီ ဖုန်းဆက်ပြီး ငါ့ကို ထမင်းဖိတ်ကျွေးချင်တယ် ပြောနေတာ …”

“ နင်က သူတို့ အစီအစဉ်တွေ ဖျက်စီးပစ်တာတောင် ဟိုက ထမင်း ဖိတ်ကျွေးတဲ့အထိ သဘောကောင်းနေတယ်ပေါ့ …”

“ အဲ့လိုကိစ္စမျိုး ဘယ်နားက ဖြစ်နိုင်မှာ …” လင်းရီ ဟက်ခနဲ ရယ်မောရင်း ပြောလိုက်ပြီး “ ဒီလူတွေ ဘာတွေစီစဉ်ထားလဲဆိုတာ သိချင်ရုံသပ်သပ်ပဲ .. ဟာသတစ်ပုဒ်ကြည့်တယ်ပဲ သဘောထားတာပေါ့ …”

“ ဟုတ်ပြီလေ…”

….

တစ်ချိန်တည်းတွင် ပင်လယ် အစားအသောက်လမ်းနားရှိ စားသောက်ဆိုင် အသေးလေးတစ်ခု၌ ကျူးကျင်းဝူသည် သူ့ဖုန်းကို အပြုံးလေးဖြင့် ချလိုက်ပြီး သူ၏ သွင်ပြင်က ရွှေတံဆိပ်ဆုရသည့် အားကစားသမားကြီး တစ်ယောက်နှယ် ဖြစ်နေခဲ့သည်။

“ ဘယ်လိုလဲ … သူ ဘယ်မှာရှိလဲ သိရပြီလား …”

ကျန်းရန်ကျွင်းက သူ့ဘေးနားတွင် ထိုင်နေပြီး မေးမြန်းလိုက်သည်။

ထိုအချိန်၌ သူတို့နှစ်ဦးလုံးက တာအိုဝတ်ရုံများ ချွတ်ထားပြီး သာမန်လူတို့နှင့် ထူးမခြားနား ဝတ်ဆင်ထားကြသည်။

“ အဲ့ကလေးက ဘာဆိုဘာမှ သတိမထားမိဘူးပဲ .. သူ တယွဲ့ စင်တာမှာ ရှိတယ်ပြောတယ်… ကျုပ်တို့နဲ့ မဝေးဘူး …”

ပြောရင်းဖြင့် ကျူးကျင်းဝူသည် နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး “ ကျုပ် ဘော်ဒါတွေလည်း ခဏဆို ဒီရောက်လာခဲ့တော့မှာ … လူစုံပြီ ဆိုတာနဲ့ အဲ့ကို သွားကြတာပေါ့ ….”

“ မင်းဘော်ဒါက စိတ်ချလို့ရော ရရဲ့လားနော်… ဟိုကောင်က လွယ်တဲ့ကောင် မဟုတ်ဘူး … မင်းတောင် သူ့ပြိုင်ဘက် မဟုတ်တာ လက်တွေ့ပဲ …”

“ အဲ့တာတော့ စိတ်ချ … ကျုပ် အခု ခေါ်ထားတဲ့လူက ကျုပ်ရဲ့ စီနီယာ အစ်ကိုကြီးပဲ … ကျုပ်တို့ အရင် ထရိန်နင်ဆင်းတုန်းက သူ့ အရည်အချင်းတွေက ကျုပ်ထက် အများကြီး မြင့်တယ်… ကျုပ် ကြားထားတာတော့ လတ်တလော နိုင်ငံတကာ MMA ကစားပွဲမှာ ဝင်ပြိုင်ပြီး တတိယဆုတောင် ရခဲ့သေးတယ်ဆိုပဲ … အဲ့ဒီ ဘောက်မသားလေးကို သင်ခန်းစာပေးဖို့လောက်ကတော့ လုံးဝ ပြဿနာ မရှိဘူး …” ကျူကျင်းဝူ ပြောလိုက်သည်။

“ နောက်ပြီး စိတ်ချရအောင် သူ့လူ ဆယ်ယောက်ကျော်ပါ ခေါ်ခဲ့ခိုင်းထားတယ်.. ကျားတစ်ကောင် ဘယ်လောက်ပဲ သန်မာနေပါစေ ဝံပုလွေအုပ်ကိုတော့ မနိုင်ဘူး ဟုတ်တယ်မလား … ဒီလောက်လူအများကြီး သူ့ကို ပူးပေါင်းတိုက်ခိုက်ရင် သူ့ အမေတောင် မမှတ်မိတော့တဲ့အထိ ဆော်ပေးလိုက်လို့ရတယ်…”

ကျန်းရန်ကျွင်း ခေတ္တ အတွေးနက်သွားခဲ့သည်။

“ ငါတော့ ဒီလောက်နဲ့ စိတ်ချရဦးမယ် မထင်ဘူး …”

“ မင်းလူတွေကို လက်နက်တချို့ပါ ယူလာခဲ့ဖို့ ပြောလိုက် … သူ့ကို ဘယ်လို အခွင့်အရေးမှ မပေးနဲ့ …”

“ မပူနဲ့ … ကျုပ် အဲ့တစ်ချက်ကိုလည်း ထည့်စဉ်းစားပြီးသား ….” ကျူးကျင်းဝူ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ ဒီခါတော့ ဘယ်လို မတော်တဆမှုမျိုးမှ မရှိစေရဘူး …”

ချလပ် …

နှစ်ယောက်သား တိုင်ပင်နေစဉ်မှာပဲ စားသောက်ဆိုင်လေး၏ တံခါး တွန်းပွင့်လာပြီး လူဆယ်ယောက်ကျော် အုပ်စုကြီးမှာ အထဲသို့ ဝင်လာခဲ့ကြ၏။

မူလက ဆူညံနေသည့် စားသောက်ဆိုင်မှာ ချက်ချင်းလက်ငင်းပဲ တိတ်ဆိတ်သွားခဲ့လေသည်။

ဝင်လာသည့် ဒါဇင်ကျော်လူတို့မှာ အကုန်လုံးက ထောင်ထောင်မောင်းမောင်းကြီးများ ဖြစ်ပြီး ၎င်းတို့က ဝင်လာသည်နှင့် တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်နှယ် ဆိုင်ထဲကို ပတ်ပတ်လည် စူးစမ်းလိုက်ကြသည်။ မည်သို့ပဲ ကြည့်ကြည့် လူကောင်းသူကောင်းများ ဖြစ်မည့်ပုံ မပေါ်ချေ။

ခေါင်းဆောင်ဖြစ်ဟန်ရသည့် လူက စစ်ဝတ်ပြောက်ကျားဘောင်းဘီ နှင့် အနက်ရောင် စွပ်ကျယ်ကို ဝတ်ဆင်ထားသည်။ ဂင်တိုတိုနှင့် လက်မောင်းတွင် တက်တူးထိုးထားပြီး ပေါင် ၂၀၀ ကျော် သူ့ကိုယ်လုံးကြီးက သာမန်ရပ်နေရုံမျှဖြင့် လူတို့အား အလိုအလျောက် ဖိအား ခံစားသွားရစေနိုင်သည်။

ထိုလူ၏ နာမည်က စုန့်ပေါ်ထောင် ဖြစ်ပြီး ကျူးကျင်းဝူ၏ စီနီယာ အစ်ကိုကြီးပင်။

နိုင်ငံတကာ MMA ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး တတိယဆုရခဲ့သည်ကပင် အတော်လေး အထင်ကြီးစရာ ကောင်းနေပြီး ဖြစ်သည်။

“ စီနီယာအစ်ကို … ငါ ဒီမှာ ..”

စုန့်ပေါ်ထောင် ဝင်လာသည်ကို မြင်တော့ ကျူးကျင်းဝူ လက်ဝှေ့ယမ်းပြလိုက်သည်။

“ ညီကိုဝူ …”

နှုတ်ဆက်လိုက်သူက ကျူးကျင်းဝူ၏ သူငယ်ချင်းပင်။ ကလပ်တွင်တုန်းက သူတို့နှစ်ဦးက အတူလေ့ကျင့်ခဲ့ကြပြီး ဆက်ဆံရေးလည်း အတော်လေး ကောင်း၏။

စုန့်ပေါ်ထောင် အေးအေးဆေးဆေး အမူအရာဖြင့် လမ်းလျှောက်လာပြီး ကျူးကျင်းဝူဘေးတွင် ဝင်ထိုင်ကာ စီးကရက်ဘူးကို ကောက်ကိုင်လိုက်သည်။

ကျူးကျင်းဝူက အကုန်လုံးကို ရိုးရိုးရှင်းရှင်း တစ်ချက် မိတ်ဆက်ပေးလိုက်လေသည်။ ဤသို့ဖြင့် အကုန်လုံးက ရင်းနှီးသူများ ဖြစ်သွားခဲ့ပြီဟု သတ်မှတ်၍ ရသည်။

“ မင်း ဟိုကောင်ကို ရှာတွေ့ပြီလား …”

“ သူနဲ့ ဆက်သွယ်ပြီးပြီ … သူ အခု တယွဲ့စင်တာမှာ … လူစုံပြီဆိုတော့ အခုပဲ သွားကြတာပေါ့ …”

“ သွားစို့ …” စုန့်ပေါ်ထောင် သူ၏ လက်ဆစ်များအား ချိုးလိုက်ပြီး “ သူက မင်းကိုတောင် တိုက်ခိုက်ဝံ့နေတယ်ဆိုတော့ သတ္တိအတော်ကောင်းလို့ ဖြစ်မယ်…”

“ သူနဲ့ ခဏလောက် လက်ရည်စမ်းကြည့်လိုက်တာ အဲ့ကောင်က တကယ်မလွယ်ဘူး … ဒါကြောင့်မို့ စီနီယာကို ခေါ်လိုက်ရတာပဲ …” ကျူးကျင်းဝူ ပြောလိုက်ပြီး “ ခဏနေ သွားတဲ့အချိန်ကျ ယူလာတဲ့ လက်နက်တွေပါ အကုန် သယ်လာခဲ့ …”

“ မင်း စောက်ပေါလာလုပ်နေတာလား … ငါ့ကောင်တွေကို ဒီခေါ်လာခဲ့တာ ကစားဖို့ကွ … ဘာမို့လို့ လက်နက်တွေ သယ်လာရမှာ …”

“ လက်နက်တွေက သုံးဖို့မဟုတ်ဘူးလေ … ဒီတိုင်း သူလန့်သွားအောင် ခြောက်လို့ရရင် ရပြီ ..” ကျူးကျင်းဝူ ပြောလိုက်သည်။

“ မနေ့တုန်းက အဲ့ကောင် ငါ့ အစီအစဉ်တွေ ဖျက်စီးသွားခဲ့တာ တော်ရုံနဲ့ အခဲမကျေနိုင်ဘူး … ဒီကောင့်ကို အရှက်ခွဲရုံတင်မကဘူး … ဒူးထောက်တောင်းပန်ခိုင်းရမယ်…”

“ သွားစို့ … ဟိုကောင် ဘာကောင်လဲဆိုတာ ငါ ကြည့်ကြည့်မယ်…”

Audi A6 နှင့် ဗန်နှစ်စင်းက စားသောက်ဆိုင် အပြင်ဘက်တွင် ထိုးရပ်ထားသည်။

အပြင်သို့ ထွက်လာပြီးနောက် သက်ဆိုင်ရာ ကားများထဲသို့ ဝင်ကာ တယွဲ့ စင်တာသို့ ထွက်လာခဲ့ကြသည်။

…..

နာရီဝက်နီးပါးခန့် ကြာညောင်းပြီးနောက် လင်းရီနှင့် ကျန်သူများမှာ စားသောက်ပြီးစီးလု နီးပါး ဖြစ်နေပြီး စားရင်းသောက်ရင်းဖြင့် ပုံမှန် ကိစ္စများအား ပြောဆိုနေခဲ့ကြသည်။

လင်းရီက ကျိုးဟိုင်သို့ မကြာမီ ပြန်ရတော့မည်။ သူမတို့တွေ ဘယ်အချိန်မှ ပြန်ဆုံနိုင်မလဲ ဆိုတာလည်း မသေချာပေ။

မည်သို့ပင်ဆိုစေ လူတိုင်းက ကိုယ်စီ တာဝန်များနှင့် အလုပ်များနေခဲ့ကြ၏။

“ ဘော့စ်လျိုဆီက တစ်ခုခု ညွှန်ကြားလာတာ ရှိသေးလား …”

စားပြီးသည့်နောက် လင်းရီ မေးမြန်းလိုက်သည်။

“ တကယ်တော့ ရှိတယ်…” နင်ချဲ့ ခွန်းတုံ့ပြန်လိုက်ပြီး “ သူ ပြောတာ နင် အသင်း ၁ ကို အချိန်ပေး ထရိန်းပေးပြီး သူတို့ရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် သင်ပြပေးသင့်တယ်တဲ့ ….”

“ အသင်း ၄ ကြောင့်မို့လား …”

လီချူးဟန်နှင့် ချောင်ရှင်းတို့ ရှိနေသည့်အတွက်ကြောင့် လင်းရီ သွယ်ဝိုက်ပြီး မေးမြန်းလိုက်သည်။

နင်ချဲ့နှင့် ကျန်သူများက သူ ဘာကို ဆိုလိုချင်နေလဲဆိုတာ နားလည်ကြလေသည်။

“ အဲ့တာလည်း တစ်စိတ်တစ်ပိုင်းပေါ့ …” နင်ချဲ့ ဖြေဆိုလိုက်ပြီး “ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ငါတို့ အသင်း ၃ ထဲ ဝင်လာတဲ့ လူသစ်လေးတွေရဲ့ အရည်အချင်းက တကယ်ကို အားနည်းတာ … နင့်အသင်း တစ်ခုတည်း မဟုတ်ပါဘူး … ငါတို့လည်း ကိုယ့်အသင်းကိုယ် လေ့ကျင့်ပေးဖို့ လိုနေပြီ …”

လင်းရီသည် စားပွဲကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်နေသည်။ ယခုကဲ့သို့ ရေရှည်ပြဿနာက နေ့ချင်းညချင်း ဖြေရှင်းနိုင်သည့် ကိစ္စရပ် မဟုတ်ပေ။

“ အဲ့တာက အသေးအမွှားပါပဲ … ပြီးတော့ အလျင်လိုလို့ကလည်း မရဘူး … တစ်လှမ်းချင်း လှမ်းဖို့ ရှိတာပဲ …” နင်ချဲ့ ပြောဆိုလိုက်သည်။ “ ဒါပေမယ့် နင်ကော ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ … နင်က ခဏနေဆို ကျိုးဟိုင်ကို ပြန်တော့မှာ … နင့်သတင်းကို သဘာဝကျကျပဲ လူတွေသိသွားဖို့ ခုထိ စဉ်းစားနေတုန်းလား …”

လင်းရီ ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ငါ သေတဲ့ သတင်းက ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြခံလိုက်ရဘူး ဟုတ်တယ်ဟုတ် …”

“ အင်း … ဒီမတိုင်ခင်တုန်းက အင်တာနက်ပေါ်မှာ ဝမ်မိသားစု ဖြန့်တဲ့ သတင်းတွေပဲ ရှိတာပဲ …” နင်ချဲ့ ပြောလိုက်ပြီး “ နောက်ပိုင်း အင်တာနက် ဗျူရိုက အမြန်လှုပ်ရှားပြီး အကုန်လုံးကို ဘန်းပစ်လိုက်တယ်… အွန်လိုင်းကဟာတွေကို ကောလဟာလဆိုပြီးတော့လည်း သူတို့ ကြေညာချက် တစ်စောင် ထုတ်ထားသေးတယ်… အခု သိတဲ့လူတွေက တကယ့် ဒိတ်ဒိတ်ကျဲ လူတွေကြီးပဲ … ကျန်တဲ့ တခြားလူတွေကတော့ ဘယ်ဟာကို ယုံလို့ယုံရမှန်း သိဦးမှာ မဟုတ်သေးဘူး …”

“ အဲ့လိုဆို အများကြီး ပိုလွယ်သွားပြီပဲလေ… လေကုန်ခံပြီး ရှင်းပြနေစရာ မလိုတော့ဘူးပေါ့ …”

“ နင့်သဘောပဲ … တကယ်လို့ ငါတို့ အကူအညီလိုအပ်တယ်ဆိုရင် ဖုန်းဆက်လိုက် .."

လင်းရီ ခေါင်းညိတ်လိုက်သည်။

သူ့ဘက်က ကျိုးဟိုင်မြို့နှင့် မျက်နှာချင်း မဆိုင်လိုသော်လည်းပဲ ထိုနေရာသို့ သွားရမည်က အနှေးနှင့်အမြန်ပင်။ မည်သို့ပင် ဆိုစေ တချို့ကိစ္စရပ်တို့က ရှောင်လွှဲ၍ မရသည်များလည်း ရှိ၏။

နင်ချဲ့ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး “ စကားမစပ် နင်နဲ့တွေ့ချင်နေတယ်ဆိုတဲ့ လူက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ … အခု ဘယ်အချိန်တောင် ရှိနေပြီလဲ …”

All Chapters