ကျွန်မက ဥက္ကဌလင်းကိုပဲ ဝန်ဆောင်မှု ပေးချင်တာ
Vol. 128 Ch. 1913
အထဲဝင်တော့မည့် ကျောက်ချန်မှာ လင်းရီ၏ စကားကို ကြားတော့ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ဘာလဲ … မင်း မပျော်ဘူးလား ..”
“ မင်း ငါ့ကားပေါ် တံတွေးစင်လုနီးပါး ဖြစ်သွားတာ မင်း ကန်းနေလား …”
“ ငါထွေးတော့ရော ဘာဖြစ်လဲ… ပေါက်လွတ်ပဲစား Civic မောင်းပြီးတော့များ … လုပ်တော့ရော ဘာဖြစ်လဲကွာ … ငါ့ မာစီးဒီးက မင်းလို ကားအစုတ်မျိုး အနည်းဆုံး ဆယ်စင်း ဝယ်လို့ရတယ်ကွ .. ဆယ်စင်း ..”
လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း ကျောက်ချန် မသိသော်လည်းပဲ မောင်းလာသည့် Civic ကို ကြည့်ခြင်းအားဖြင့် ဤနေရာသို့ အပန်းဖြေရန် ရောက်လာသည့်လူ မဟုတ်ဘဲ အလုပ်လုပ်ရန် ရောက်လာသူ ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။
၎င်းကြောင့်ပဲ သူ့မှာ လင်းရီ အပေါ် ပို၍ပင် အထင်မြင်တသေး ရှိလာသည်။
ကျောက်ချန်၏ မောက်မာသည့် စကားသံကို ကြားတော့ ဘေးရှိ လုံခြုံရေး အစောင့်မှာ မျက်လုံးလှန်မိသွားခဲ့သည်။
လင်းရီ၏ ကားက နာမည်ကျော်ကြားသည့် Civic Type – R ဖြစ်ကြောင်း သူ သိနေသည်။ အခြား အင်္ဂါရပ်များကို ဘေးချိတ်ထားလျှင်ပင် AMG ကာလီပါ လေးခုတည်းနှင့် ယွမ် တစ်သိန်းကျော် ကုန်ကျနေပြီး ဖြစ်သည်။ မိုဒီဖိုင်း အပြည့်အဝ ပြုလုပ်ထားပါက မာစီးဒီး S အမြင့်အောက် လုံးဝ မလျော့နည်းချေ။
သို့တိုင် ကျောက်ချန်မှာ ထိုအချင်းအရာကို မသိဘဲ ဟိတ်ဟန်ထုတ် ကြွားဝါနေသည်။ တကယ့် ဒိတ်ဒိတ်ကျဲ ကြွယ်ဝချမ်းသာသူများနှင့် မတွေ့ဖူးကြောင်း သိသာလှသည်။
“ ငါ မင်းနဲ့ ကားဈေးနှုန်းအကြောင်း ဆွေးနွေးဖို့ အာရုံမလာဘူး … မင်းရဲ့ အဲ့ဒီတံတွေးကို မင်းလက်နဲ့ ပြန်သွားသုတ် … မဟုတ်ရင် ဒီနေ့ ထွက်သွားဖို့ မစဉ်းစားနဲ့ …”
ကျောက်ချန် ကြက်သေသေသွားခဲ့၏။ သို့သော် မကြာမီမှာပဲ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ရယ်ချင်စရာကောင်းသည့် ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် မျက်ရည်ကျလုမတတ် တဟားဟား အော်ရယ်မိတော့သည်။
“ စောက်ကျိုးနည်း စိတ်ဝင်စားစရာပဲ … မင်း ငါ့ကို ပြောနေတာပေါ့ ဟုတ်လား …”
“ မဟုတ်လို့ ဘာဖြစ်ရဦးမှာ …”
ကျောက်ချန် သူ့ခါးပတ်ကို အပေါ်သို့ မြင့်လိုက်ပြီး အထင်တသေး အမူအရာအား လှစ်ဟာပြလာသည်။
“ မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာ …. မင်းကိုယ်မင်း ငါ့ကို လက်ညှိုးထိုးဖို့ အရည်အချင်း မှီပြီလို့ ထင်လား …” ကျောက်ချန် ပြောလိုက်ပြီး “ နောက်ထပ် ဆူဆူညံညံ လာလုပ်ရဲလို့ကတော့ မင်းကားပေါ် အန်ချပစ်လိုက်မယ်… ငါ သတိမပေးဘူး မပြောနဲ့ …”
ဝှစ် …
လင်းရီ လေကုန်ခံမနေတော့ဘဲ ခြေထောက်မြှောက်၍ ကျောက်ချန်ကို ပိတ်ကန်လိုက်သည်။
ပေါင် ၂၀၀ ကျော်သည့် တစ်ဖက်သူ၏ ကိုယ်လုံးကြီးမှာ လင်းရီ၏ ကန်ချက်ကြောင့် အမှိုက်တစနှယ် နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။
သို့သော်လည်းပဲ လင်းရီ ခြေထောက်ထဲ၌ ခွန်အားအပြည့် မသုံးထားချေ။ မဟုတ်ပါက ယခုလောက်ဆို အမြှုပ်တစီစီနှင့် ICU ပို့နေရလောက်ချေပြီ။
“ မင်းလိုကောင်ကများ ငါ့ကို ထိရဲတယ် ဟုတ်လား …” ကျောက်ချန် မတ်တပ်ရပ်ပြီး လင်းရီကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။
“ ဒါဆိုလည်း စိန်လိုက်လေ … မင်း ခေါ်တဲ့လူကပဲ အရင်ရောက်လာမလား … ဒါမှမဟုတ် ငါ လုပ်လို့ပဲ မင်းအရင်သေသွားမလား …”
“ မင်း …”
ကျောက်ချန် ကျောချမ်းသွားခဲ့ပြီး ဘာမျှ ဆက်မပြောဝံ့တော့ချေ။
လင်းရီ ကြမ်းကြတ်သည့် အရှိန်အဝါ တစ်ခုကို လွှတ်ထုတ်လိုက်၏။ တစ်ချက်လေးမျှ လှုပ်ရှားခြင်း မရှိသည့်တိုင် ကျောက်ချန်ကဲ့သို့ လူစားမျိုးကိုတော့ အေးဆေး ဖိနှိပ်နေနိုင်ဆဲပင်။
“ ဥက္ကဌကျောက် … ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ …”
သူ့အလုပ်သဘောအရ လုံခြုံရေး အစောင့်မှာ ရှေ့သို့ တက်လာပြီး တစ်ဖက်လူအား ဖျောင်းဖျလိုက်သည်။
“ ခင်များသူ့ကို ဖျောင်းဖျနေစရာ မလိုဘူး … သူ တက်လာရဲလား ကြည့်ကြတာပေါ့ …” လင်းရီ သာမန်လျှံကာ ပြောဆိုလိုက်သည်။
“ ဒါက ….. “
လုံခြုံရေး အစောင့်မှာလည်း ဘေးကြပ်နံကြပ် ဖြစ်သွားခဲ့၏။ သူက လင်းရီဘက်ခြမ်းမှ ရပ်တည်မည့်လူ ဖြစ်သော်လည်းပဲ သူ၏ အလုပ်တာဝန်ကြောင့် ဘေးမှ အေးဆေး ရပ်ကြည့်နေ၍ မဖြစ်ပေ။
“ မြန်မြန် ငါ စိတ်ရှည်တုန်း ပြန်သုတ်စမ်း … မဟုတ်ရင် ငါ ကိုယ်တိုင် မင်းမျက်နှာနဲ့ ပွတ်ပြီး သုတ်လိုက်မယ်… မင်းဟာမင်း ရွေးချယ်…”
“ ဟမ့်... ငါ ဒီနေ့ စိတ်ကောင်းဝင်နေလို့ မင်းနဲ့ မငြင်းတော့ဘူး ..”
ကျောက်ချန်၏ အမူအရာမှာ အကျည်းတန်သွားခဲ့သည်။ သို့သော် လင်းရီ၏ ကြမ်းကြုတ်သည့် အမူအရာကြောင့် သူ့မှာ အိတ်ထဲက တစ်သျှူး အနည်းငယ်ကို မထုတ်ချင် ထုတ်ချင်ဖြင့် ထုတ်၍ ကြမ်းပြင်သို့ ပစ်ချလိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် တက်နင်းလိုက်ပြီး သူ့ကိစ္စသူ ရှင်းလိုက်သည်။
ပြီးနောက် ကျောက်ချန်သည် မည်သူမျှ ရောက်လာမနေသည့် အချက်ကို အခွင့်ကောင်းယူ၍ လူမြင်မခံလိုဘဲ ဟွာချင်းရေကန်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ ဥက္ကဌလင်း … ခင်များရဲ့ အဆင့်အတန်းကြီးနဲ့ သူ့လို အဆင့်အတန်းရောက်အောင် နိမ့်ချနေစရာ မလိုပါဘူး … ဒါကြီးက သိပ်ရှက်ဖို့ ကောင်းလွန်းတယ်…”
“ ဘယ်တတ်နိုင်မှာ … အဲ့ကောင်က ဟန်များလွန်းနေတာကိုး … အဲ့လိုကောင်မျိုးတွေဆို ကျုပ် ကြည့်မရဘူး …”
“ အဲ့တာက သာမန်ပါပဲ … ကျုပ် မြှောက်ပြောတာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် ကျုပ် ဒီနေရာမှာ အလုပ်လုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး … ဥက္ကဌလင်းလို လူစားမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ … ကျောက်ချန်လို လူစားမျိုးကတော့ ကျုပ်တို့ နေ့တိုင်း မြင်နေရလွန်းလို့ ရိုးနေပြီ … တချို့ဆို သူ့ထက်တောင် ပိုဆိုးသေးတယ်…”
“ အဲ့တာကြောင့်မို့လည်း သူတို့လို လူစားမျိုးတွေကို သူတို့နေရာ သူတို့သိအောင် သင်ပြပေးဖို့ လိုတယ်လေ…”
“ ဟားဟား … ခင်များက အတော်ဆုံး ဥက္ကဌလင်း … မဟုတ်ရင် ဒီကောင်တွေ အတော်ကြီး ယောင့်တက်နေတော့မှာ …”
လုံခြုံရေး အစောင့်က ဆက်ပြီးပြောသည်။
“ ဥက္ကဌလင်း အထဲဝင်သွားနှင့်လေ… ကျုပ် ခင်များကားကို ပါကင်ထိုးထားပေးမယ်…. စိတ်မပူနဲ့ …”
“ ကောင်းပြီ … ကျေးဇူးပဲ…”
“ မလိုပါဘူးဗျာ .. ဒါ ကျုပ် အလုပ်ပဲလေ…”
ကားသော့ကို လုံခြုံရေး အစောင့် လက်ထဲသို့ အပ်ရင်း လင်းရီ ဟွာချင်းရေကန်ထဲသို့ ဝင်ရောက်လာသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ ကောင်တာရှိ စာရေးမမှာ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့၏။
“ ဥက္ကဌလင်း … ရှင် ဒီရောက်လာတယ်…”
“ ငါ ဒီလာလို့ မရလို့လား …” လင်းရီ ရယ်ကျဲကျဲအမူအရာဖြင့် စနောက်လိုက်၏။
“ အာ … ကျွန်မက အဲ့သဘောမျိုး ပြောချင်တာ မဟုတ်ပါဘူး … တလောတုန်းက ရှင် တစ်ခုခု ဖြစ်သွားခဲ့တယ်ဆိုပြီး အင်တာနက်ပေါ်မှာ သတင်းတွေ ပျံ့လာသေးတယ်လေ.. ပြီးတော့ ရှင်လည်း ဒီကို ရောက်မလာတာ ကြာပြီ ဆိုတော့ ကျွန်မတို့ အကုန်လုံးက ရှင့်ကို သတိရနေကြတာ …” စာရေးမလေးက ကလူကျီစယ်စွာ ပြောလိုက်သည်။
“ စတော်ကင်မဝတ်ဘဲနဲ့ ငါ့လာပြီး အီစီကလီ လာမရိုက်နဲ့ …”
“ ဟွန့် … ဥက္ကဌလင်း လာမယ်ဆိုတာ သိရင် ဝတ်တာပေါ့ …” စာရေးမလေးက ခစ်ခနဲ ရယ်ရင်း ပြောလိုက်ပြီး “ အခုတောင် အိတ်ထဲ ပါလာတယ်နော်… ဝတ်လိုက်ရမလား … ဥက္ကဌလင်း အရှေ့မှာပဲလေ…”
“ လျှောက်လုပ်မနေနဲ့ … တော်နေကြာ ပြည့်တန်ဆာ တိုက်ဖျက်ရေး အဖွဲ့က အနံ့ရပြီး လာဖမ်းနေဦးမယ်…”
လင်းရီ ရယ်မောလိုက်သည်။ “ နံပါတ် ၁၈ အားလား … သူ့ကို ငါ့ဖို့ ခေါ်ပေးစမ်းပါ …”
“ သူ့ကို အခုလေးတင်ပဲ တစ်ယောက်ယောက် ခေါ်ထားတယ်.. ဒါပေမယ့် အခုချက်ချင်းပဲ ပြန်ခေါ်လိုက်မယ်လေ…”
“ သူက နာမည် တော်တော်ကြီးသားပဲ…”
စာရေးမလေးမှာ ကောင်တာအပြင်ဘက်သို့ ထွက်လာပြီး ခန်းမထဲသို့ အော်ဟစ်လိုက်၏။
“ မင်လေးရေ .. မြန်မြန်ပြန်လာခဲ့တော့ … ဥက္ကဌလင်း ဒီရောက်နေပြီ … သူက နင့်ကို တွေ့ချင်နေတယ်…”
ထိုစကားလုံးများ ပြောကြားလိုက်သည်နှင့် ဟွာချင်း ရေကန် ခန်းမတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့သည်။
သူတို့အဖို့ ဥက္ကဌလင်း၏ အမည်နာမမှာ ကြွေးကြော်သူတိုင်းကို ကြီးပွားချမ်းသာစေမည့် ချမ်းသာခြင်း နတ်ဘုရား၏ အမှတ်သင်္ကေတပင်။
လူတိုင်း ခေါင်းပြူလာကြပြီး တကယ်ကြီး ဥက္ကဌလင်း ဖြစ်နေသည်ကို မြင်တော့ လင်းရီထံ ဦးတည်လာခဲ့ကြလေသည်။
ဟောခန်းဘေးတွင် လမ်းလျှောက်နေသည့် နံပါတ် ၁၈ သည်လည်း ထိုအသံကိုကြားပြီးသည့်နောက် လင်းရီကို သတိပြုမိသွားခဲ့သည်။
သူမ၏ မျက်ဝန်းတို့ ချက်ချင်း လင်းလက်လာခဲ့၏။
ယခင် ၂ နှစ်အတွင်း ဥက္ကဌလင်းက သူမကို ကောင်းစွာ ဂရုစိုက်ပေးခဲ့ကာ သူပေးသည့် မုန့်ဖိုးတို့က အမြဲတမ်း ဂဏန်း လေးလုံး ရှိ၏။
ထို ပိုက်ဆံများကို စုရင်းဖြင့် ယခုထိတိုင် ကျိုးဟိုင်၌ အိမ်မဝယ်နိုင်သေးသော်လည်းပဲ သူမ၏ နယ်တွင်တော့ အိမ်အသစ် တစ်လုံး ဆောက်နိုင်နေချေပြီ။
အရေးကြီးဆုံးကတော့ ဥက္ကဌလင်းက အတော်လေး ဆင်ဆင်ခြင်ခြင် ရှိလှပြီး သူမအပေါ် ထိကပါး ၊ ရိကပါးလည်း မပြုချေ။ ထို့ကြောင့်ပဲ ဟွာချင်းရေကန်ရှိ မိန်းကလေးတို့မှာ လင်းရီအား ဝန်ဆောင်မှု ပေးရမည်ကို အလွန်အမင်း စိတ်အားထက်သန်မိကြသည်။
“ ဥက္ကဌကျောက် .. ကျွန်မ အားနာပါတယ်… ဥက္ကဌလင်း ရောက်လာပြီး ကျွန်မကို ရွေးသွားတယ်… ကျွန်မ အဆင်ပြေမယ့် တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်နော်…”
“ ဟင် … မင်း ဒါ ဘာသဘောတုန်း ..”
ကျောက်ချန် ထောင်းခနဲ ဒေါသထွက်သွားခဲ့ပြီး “ ငါက မင်းကို ရွေးထားတာလေ… ဒါကို မင်းက ငါ့ကိုထားပြီး တခြားတစ်ယောက်ကို သွားပြုစုပေးချင်နေတယ်ပေါ့ …”
“ ဥက္ကဌလင်းက ကျွန်မရဲ့ ပုံမှန် ဖောက်သည်မို့ပါ … သူ ရောက်လာပြီဆိုတော့ ဥက္ကဌလင်းကို ပြုစုပေးရမှာက ကျွန်မ တာဝန်လေ…” နံပါတ် ၁၈ က ပြောလိုက်ပြီး “ ကျွန်မနဲ့ လက်ရည်တူတဲ့ တခြား ပညာရှင် တစ်ယောက်ကို ရှင့်အခန်းထဲ လွှတ်ပေးလိုက်မယ်…”
“ ဘယ်သူက ငါ ကျောက်ချန်ထက် ပိုအရေးပါနေတာ….” ကျောက်ချန် အေးစက်စွာ ပြော၍ “ ငါ့ ဘော်ဒါ ဒီမှာ ရှိနေတာကို မင်း မမြင်ဘူးလား … ငါ့ကို မျက်နှာပျက်ရအောင် မင်းလုပ်နေတာလား … ငါ မင်းတို့ သူဌေးဆီသွားပြီး တိုင်ပစ်လိုက်မယ်ဆိုတာ မင်းယုံလား …”
“ ကျွန်မရဲ့ သူဌေးကို ရှင်သွားရှာလည်း အသုံးမဝင်ဘူး … ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ဥက္ကဌလင်းကိုပဲ ဝန်ဆောင်မှုပေးရမှာပဲ …”
နံပါတ် ၁၈ က လိမ်ညာပြီး ပြောနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ သူဌေးက ကြိုပြောထားပြီးသောကြောင့် ဖြစ်၏။
ဥက္ကဌလင်း ရောက်လာသည်နှင့် လူတိုင်း၊ မည်သူမည်ဝါ ပင်ဖြစ်စေ ၊ မိမိတို့ လက်ထဲ ရှိသည့် အချိန်ဇယားကို ပယ်ဖျက်၍ ဝန်ဆောင်မှုပေးရပေမည်။
“ ငါ -ိုးတဲ့မှပဲ … ဘယ်ကောင်က ငါရွေးထားတဲ့ မိန်းကလေးကို ယူချင်နေလဲ ငါကြည့်စမ်းမယ်…”
အကြည့်များနောက် လိုက်သွားကြည့်လိုက်သောအခါ ကျောက်ချန်သည် လင်းရီကို မြင်တွေ့သွားခဲ့ပြီး သူတို့ ဥက္ကဌလင်းဟု ရည်ညွှန်းနေသူက သူနှင့် အစောပိုင်း၌ အချေအတင် ဖြစ်ခဲ့သည့်လူ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ မင်း ဒါ ဘာသဘောတုန်း ဟေ့ကောင် … ငါ့ အစီအစဉ်တွေကို တမင် ဖျက်လိုဖျက်စီး လာလုပ်တာလားကွ …”
ထိုအခါ စကီလေး သုံးပွေ ခြံရံထားရင်း လင်းရီသည် ကျောက်ချန်အနားသို့ ရောက်လာခဲ့၏။
ကျောက်ချန်၏ အဆီပေါသည့် မျက်နှာကို သူ ခပ်ဆတ်ဆတ် ပုတ်လိုက်ရင်း လင်းရီ ပြောလိုက်သည်။
“ မင်းရဲ့ အစီအစဉ်တွေကို ဖျက်စီးတယ်ဆိုတာ ဘာစကားလဲ … မင်းက ငါ စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး … ငါ့ရှေ့မှာ လာပြီး ဟန်ထုတ်ချင်ရင် အိမ်ပြန်ပြီး သုံးလေးနှစ်လောက် ကြိုးစားလိုက်ဦး ..”