← Chapters

ငါက ရုပ်ဖျက်ထားတဲ့ စုံထောက်ပဲ

Vol. 128 Ch. 1915

ငါက ရုပ်ဖျက်ထားတဲ့ စုံထောက်ပဲ

Vol. 128 Ch. 1915

အခန်းထဲရှိ ကောင်မလေးများက အနည်းငယ် အံ့အားသင့်သွားခဲ့ကြသလို ကြောက်လည်း ကြောက်လန့်သွားခဲ့ကြသည်။

ဟွာချင်း ရေကန်ရှိ လူတိုင်း အခန်း ၁၈၈၈ က ဥက္ကဌလင်း၏ သီးသန့်ကိုယ်ပိုင် အခန်းဖြစ်သည်ကို မသိသူ မရှိပေ။

မည်သူကများ တံခါးကို ယခုလို လာခေါက်ဝံ့နေကြသနည်း။

“ ဥက္ကဌလင်း … ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးနော်… ကျွန်မ တံခါးသွားဖွင့်လိုက်မယ်…” အမျိုးသမီး တစ်ဦးက ပြောလိုက်သည်။

“ ငါလုပ်လိုက်မယ်…”

လင်းရီ၏ အတွေးကလည်း သူမတို့နှင့် အတူတူပင်။

အကယ်၍ ဟွာချင်းရေကန်က တစ်စုံတစ်ယောက် ဖြစ်မည်ဆိုပါက ယခုလိုမျိုး တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ဝံ့မှာ မဟုတ်ပေ။

အခြားတစ်ယောက် ဖြစ်ဖို့များ၏။ သူကိုယ်တိုင် တံခါးသွားဖွင့်သည်က ပိုပြီး အဆင်ပြေနိုင်သည်။

သို့နှင့် … လင်းရီ မတ်တပ်ရပ်ပြီး တံခါးထံသို့ လျှောက်သွားကာ ဖွင့်လိုက်သည်။

တံခါးပွင့်သည်နှင့် အပြင်ဘက်၌ လူဒါဇင်မျှ ရှိနေသည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့၏။

အကုန်လုံးက တစ်ယောက်တစ်မျိုးစီ ဝတ်စားထားကြပြီး သူ့အား ကောက်ကျစ်ယုတ်မာလိုသည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြလေသည်။

၎င်းတို့၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်ရသလောက်တော့ ဤနေရာသို့ ပြဿနာ ရှာရန် ရောက်လာကြသည့်ပုံပင်။

သို့သော် ထိုလူအုပ်၏ နောက်တွင် လင်းရီ အခြား လူနှစ်ဦးကို မြင်တွေ့သွားခဲ့၏။

၎င်းတို့က ကျောက်ချန်နှင့် သူ့ဘော်ဒါပင်။

ဤလူနှစ်ယောက်ကို မြင်တော့ ဘာတွေဖြစ်နေလဲဆိုတာ လင်းရီ နားလည်သဘောပေါက်သွားခဲ့သည်။

ထိုကောင်က ဒေါသထွက်သွားပြီး သူ့ကို ပြဿနာရှာဖို့အတွက် ရောက်လာခဲ့ခြင်း ဖြစ်ရမည်။

ရှေ့ဆုံးက ဦးဆောင်လာသည့် ဆံပင်အစိမ်းရောင်နှင့် လူက အတော်လေး သတ္တိကောင်း၏။ သူက လင်းရီကို တွန်းထုတ်ပြီး အခန်းထဲသို့ ဝင်လာသည်။

ထို့နောက် ဒါဇင်ကျော်သည့် လူများက တစ်ယောက်ပြီး တစ်ယောက် အထဲသို့ ဝင်လာခဲ့ကြကာ တံခါးကို သော့ပိတ်လိုက်ကြသည်။

“နင်တို့ ဘာလုပ်နေကြတာလဲ … ဒါက ဟွာချင်းရေကန် … နင်တို့ ပြဿနာ လာရှာလို့ရတဲ့ နေရာမဟုတ်ဘူး …”

ယခုလို အခြေအနေ၌ လင်းရီကို မဆိုထားနှင့်၊ သူ့အား ဝန်ဆောင်မှုပေးနေသည့် အနှိပ်သမ လေးဦးသည်ပင် ဘာဖြစ်နေလဲဆိုတာ နားလည်လေသည်။

သူမတို့ သူဌေးက ဥက္ကဌလင်းမှာ သူမတို့၏ VVIP ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု အသိပေးထားခဲ့သည်။ ဥက္ကဌလင်းကြောင့်သာ မဟုတ်ပါက ဟွာချင်း ရေကန်သည် အစောကြီးကတည်းက ပြိုလဲနေလောက်ပြီး ဖြစ်၏။

ထို့ကြောင့် မည်သည့်အကြောင်းကိစ္စတို့ပဲ ဖြစ်ပျက်လာစေကာမူ ဤလူအုပ်စု ဥက္ကဌလင်းအပေါ် ရန်မူမှာကို လုံးဝ ခွင့်ပြု၍ မဖြစ်ချေ။

“ သွားသေလိုက် ..”

တစ်စုံတစ်ရာ ရှင်းပြနေခြင်း မရှိဘဲ ကျောက်ချန် ရှေ့သို့ ထွက်လာပြီး နံပါတ် ၁၈ မိန်းကလေးကို ပါးဖြတ်ရိုက်လိုက်သည်။

“ အပျက်မ … ငါ မင်းကို ခေါ်တယ်ဆိုတာ မင်းကို မြင့်မြင့်မှန်းထားလို့ … ဒါတောင် မင်းက ငါ့ကို အာခံရဲလား … မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ…”

“ သူ့ကို ဆွဲထူပြီး အနောက်မှာ ရပ်နေခိုင်းလိုက်…”

“ အစ်မမင် …"

အခြားသူများက ရှေ့သို့ ထွက်လာခဲ့ပြီး နံပါတ် ၁၈ မိန်းကလေးကို ထူမပေးကာ လင်းရီ အနောက်တွင် သွားရပ်နေကြသည်။

“ ဥက္ကဌလင်း … ကျွန်မတို့ သူဌေးကို ဒီလှမ်းခေါ်လိုက်မယ်…”

“ မလိုဘူး … ထွေထူး မဟုတ်ဘူး … ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်…”

ကျောက်ချန် စီးကရက် တစ်လိပ်ကို မီးညှိ၍ လင်းရီကို အထင်တသေး စိုက်ကြည့်လိုက်သည်။

“ မင်းက ငယ်တယ်… ဒါပေမယ့် မင်းပြောဆိုနေတဲ့ စကားလုံး ရွေးချယ်ပုံတွေက သိပ်ပြီး စောက်ချိုး မပြေဘူးကွ … မင်းဘာမင်း ကိုင်တွယ်မယ် ဟုတ်လား … မင်းက ဘယ်လိုကိုင်တွယ်မှာ … ငါတို့ အုပ်စုကြီးကို မင်းတစ်ယောက်တည်း ကိုင်တွယ်နိုင်မှာလား … ဟားဟား …”

“ မရတာလည်း မဟုတ်ပါဘူး …” လင်းရီ ပြောလိုက်ပြီး ကျောက်ချန် ခေါ်ထားသည့် လူဒါဇင်ကျော်ကို ညွှန်ပြကာ “ ဒါပေမယ့် ဒီလူတွေကို ခေါ်လိုက်တာနဲ့ပဲ ငါ့ကို တစ်ခုခု လုပ်နိုင်ပြီလို့ မင်းက တကယ်ကြီး ထင်နေတာလား …”

“ သူတို့နဲ့ မလောက်ဘူး ဟုတ်လား …” ကျောက်ချန် ယုံကြည်ချက် အပြည့်နှင့် ပြောလိုက်ပြီး “ ငါ တခြားတော့ အာမ မခံရဲဘူး … ဒါပေမယ့် မင်းရဲ့ ခြေထောက်တွေကို ချိုးဖို့တော့ လုံလောက်တယ်…”

“ စကားပြော အတော်မောက်မာတဲ့ကောင်ပဲ … မင်းရဲ့ အဲ့ဒီပါးစပ်ကြောင့် တစ်နေ့ အရိုက်ခံရမယ်လို့ရော တွေးကြည့်ဖူးလား …”

“ ဟားဟား … အရိုက်ခံရမယ် ဟုတ်လား …” ကျောက်ချန် မောက်မာတင်စီးသည့် အမူအရာဖြင့် အားပါးတရ ရယ်မောလိုက်ပြီး “ လာလေ … လုပ်လေ … ငါ့လာရိုက်လေ… ငါ့မှာ ညီကိုတွေ အများကြီးရှိတယ်… မင်း ဘယ်လို . . . . . “

ဖြောင်း …

လင်းရီ လက်မြောက်၍ ကျောက်ချန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ကာ ပါးစပ်ထဲရှိ စီးကရက်လည်း ဘေးသို့ လွင့်ထွက်သွားခဲ့သည်။

ကျောက်ချန် ကြက်သေသေသွားခဲ့၏။

လင်းရီ တကယ်ကြီး သူ့ကို ရိုက်ဝံ့လိမ့်မည်လို့ သူ ထင်မထားခဲ့ပေ။

“ ငိုးပဲ … မင်း ငါ့အစ်ကိုချန်ကို ဘယ်လိုတောင် လက်ပါရဲနေတာ .. မင်းက သေချင်နေတာပဲ ….”

ဆံပင် အစိမ်းနှင့်လူမှာ သူ၏ ဘေ့စ်ဘောတုတ်တံကြီးကို လင်းရီထံသို့ လွှဲရိုက်လာြသည်။

လင်းရီ သူ၏ ကိုယ်ကို အနည်းငယ် တိမ်းစောင်း၍ တစ်ဖက်သူ တိုက်ခိုက်လာမှုကို ရှောင်ရှားကာ ၎င်းလက်ထဲမှ ဘေ့စ်ဘောတုတ်တံကို ဖမ်းထားလိုက်သည်။

ဘန်း …

လင်းရီ၏ လှုပ်ရှားမှုတို့က အင်မတန် မြန်ဆန်လှသည်။ တုံ့ဆိုင်းခြင်း အလျဉ်းကင်းစွာဖြင့် တစ်ဖက်သူ၏ ဦးခေါင်းသို့ ရိုက်နှက်လိုက်၏။

“ အားးးးးး …”

ဆံပင်အစိမ်းနှင့်လူမှာ နာကျင်စွာ အော်မြည်ရင်း ခေါင်းကို လက်ဖြင့် အုပ်ထားကာ ကြမ်းပြင်တွင် လူးလိမ့်နေရတော့၏။ ဆက်တိုက်ညည်းညူနေရင်း လုံးဝ ပြန်မထနိုင်တော့ချေ။

သီးသန့်ခန်းထဲရှိ လေထုမှာ အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့လေသည်။ သူတို့၏ ဘော့စ်မှာ တွေ့လျှင်တွေ့ချင်း ကြမ်းပြင်သို့ အမှောက်သိပ်ခံလိုက်ရလိမ့်မည်လို့ မည်သူမျှ ထင်မထားခဲ့ကြချေ။

၎င်းကြောင့်ပဲ လူတိုင်းက လင်းရီအပေါ် လှုပ်ရှားဖို့ကို တွန့်ဆုတ်ကုန်ကြတော့သည်။

လင်းရီသည် ဘေ့စ်ဘောတုတ်တံကို လက်ထဲကိုင်ထားရင်း ကျောက်ချန်ကို ရွယ်လိုက်၏။

သွေးတို့ ပေကျံနေသည့် ဘေ့စ်ဘောတုတ်တံကို ကြည့်ရင်း ကျောက်ချန် တုန်လှုပ်သွားခဲ့ကာ ကြမ်းပြင်သို့ ဒူးထောက်လဲကျသွားခဲ့၏။

“ ငါ မင်းကို ဒါနဲ့ သေအောင် ရိုက်သတ်ပစ်မယ်ဆိုတာ ယုံလား …”

“ မလုပ်ပါနဲ့ … မလုပ်ပါနဲ့ .. ညီငယ်လေး … ငါမှားသွားပါတယ်… ဒီနေ့ မင်းရဲ့ ဆက်ရှင်ဖိုးကို ငါရှင်းပေးပါ့မယ်…”

“ မင်းကိုယ်မင်း ဘယ်သူထင်နေလို့ … ငါ့ပုံစံက ပိုက်ဆံ မရှိတဲ့ရုပ်ပေါက်နေလို့လား …”

လင်းရီသည် ကျောက်ချန်ထံသို့ လျှောက်လှမ်းလာခဲ့သည်။ အခန်းထဲရှိ ကျန်သူများက အနောက်သို့ ဆုတ်သွားခဲ့ကြပြီး ဤအခန်းထဲမှ မည်သို့ လွတ်မြောက်အောင် ထွက်ပြေးရပါ့ဟူ၍ တွေးတောနေမိကြချေပြီ။

ချလပ် …

တစ်စုံတစ်ယောက်က အခန်းတံခါးကို တိတ်တိတ်လေး ဆွဲဖွင့်လိုက်သည်။

“ ပြေးကြ …”

မည်သူက စတင်ပြီး အော်ဟစ်လိုက်မှန်း မသိသော်လည်း တစ်စုံတစ်ယောက်က ဦးဆောင်၍ အပြင်သို့ ထွက်ပြေးသည့် အချိန်၌ ကျန်သူများလည်း နောက်က လိုက်ပါလာခဲ့ကြသည်။

သို့သော် ထိုအချိန်၌ ဆူညံသည့် ခြေလှမ်းသံတို့က အပြင်ဘက်ကနေပြီး ထွက်ပေါ်လာသည်။

၎င်းနောက် ချက်ချင်း ယူနီဖောင်းနှင့် လူဒါဇင်ကျော်က အပေါ်ထပ်သို့ ရောက်လာခဲ့၏။

“ ရဲတွေ စုံစမ်းစစ်ဆေးနေတယ်… အကုန်ဒူးထောက်ပြီး မင်းတို့လက်တွေ လေပေါ်မြှောက်ထားကြစမ်း ..”

လင်းရီ ဆွံ့အသွားခဲ့၏။

ဒီလူတွေ တကယ်ကြီး ပြည့်တန်ဆာနှိမ်နှင်းနေရေးကို ဖိဖိစီးစီး လုပ်နေကြတာလားဟ ….

ရဲများ ရောက်ရှိလာသည်ကို မြင်တော့ ကျောက်ချန် နှင့် သူ့အုပ်စုမှာ ရင်ထဲ တုန်လှုပ်သွားခဲ့ကြသည်။

ဤသည်က သူတို့ကို ထောင်သွင်း အကျဉ်းချဖို့ မလုံလောက်စေသော်လည်းပဲ သူတို့၏ ကံကြမ္မာက တော်တော့်ကို ဆိုးရွားလွန်းလှလေသည်။

မသိစိတ်အလျောက် … ကျောက်ချန်နှင့် သူ့အုပ်စုမှာ ကြမ်းပြင်သို့ ဝမ်းလျားမှောက်လိုက်ကြ၏။

လင်းရီ အနောက်ရှိ မိန်းကလေး လေးယောက်သည်လည်း ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြလေသည်။

ရေချိုးစင်တာတွင် အလုပ်လုပ်သူများ ဖြစ်သည်နှင့်အညီ သူမတို့ထဲ သန့်ရှင်းသူဟူ၍ မည်သူမျှ မရှိပေ။ ပြီးတော့ ယခုလို ယူနီဖောင်းနှင့် ရဲအရာရှိများကို မြင်ရသည်ကလည်း မိမိဘက်က မသမာသည့် အမှုတစ်ခုခုကို မကျူးလွန်ထားသည့်တိုင် လူက သူ့အလိုလို ကြောက်လန့်နေမိသည်။

သို့သော် လင်းရီမှာတော့ ထိုအချိန်၌ ခံစားချက်တို့ ရောပြွမ်းနေခဲ့၏။

ဝင်လာနေသည့် လူများထဲ သူနှင့် မျက်နှာရင်းနှီးနေသူများလည်း ပါဝင်နေသည်။ ၎င်းတို့က ရှင်းရှန်း ရုံးခွဲမှ ဖြစ်၏။

အရေးကြီးဆုံးကတော့ ဦးဆောင်လာသူမှာ ကူရိရန် ဖြစ်နေခြင်းပင်။

သူမ အနောက်တွင်တော့ ကျန်းဇီရှင်း နှင့် ကျန်းဖန့်တို့က ကပ်လျက် လိုက်ပါလာသည်။

“ ဥက္ကဌလင်း … မြန်မြန် ဝပ်နေ … ပြဿနာ မရှာနဲ့ …” နံပါတ် ၁၈ မိန်းကလေးက တီးတိုးပြောဆိုလိုက်၏။

“ အဆင်ပြေတယ်…”

“ အစ်ကိုရီ …”

လင်းရီကို မြင်တော့ ကူရိရန်နှင့် သူမ၏ အသင်းမှာ အံ့အားသင့်သွားခဲ့ကြလေသည်။

လွန်ခဲ့သည့် တစ်လခန့်က ဤလူသည် ခွင့်တင်၍ ခြေရာလက်ရာပင် မမြင်ရဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူ့ကို ယခုလိုနေရာမျိုး၌ ပြန်တွေ့ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ မင်းတို့ ဒီကို ဘာလာလုပ်ကြတာ .. ဒီနေရာက ရှင်းရှန်းရဲ့ စီရင်ခွင့် နယ်နိမိတ်ထဲ မရှိဘူးမလား …” လင်းရီ ပြောလိုက်သည်။

“ အထက်ကနေပြီး ဒီလို အပန်းဖြေတဲ့ နေရာတွေကို ရှောင်တခင် စစ်ဆေးဖို့ အမိန့်ကျလာလို့လေ…” ကူရိရန် ရှင်းပြလိုက်သည်။ “ အချင်းချင်းဆို အာဏာအလွဲသုံးစား လုပ်တာတွေ ရှိမှာစိုးလို့ ခရိုင်တွေက ဧရိယာချင်း ဖလှယ်ပြီး စစ်ဆေးနေကြတာ .. ဒါပေမယ့် နင်ကရော … အလုပ်ကျ လာမဆင်းဘဲ ဒီလာပြီး အနှိပ်လာခံနေတယ်ပေါ့ ဟုတ်လား .. ငါ ဆောင့်ကန်ထည့်လိုက်ရ …..”

“ ငါက တစ်ချိန်လုံး အလုပ်များနေတဲ့ကောင်လေ … ဒီကို လာပြီး နည်းနည်းပါးပါး အပန်းဖြေတာ မရလို့လား …”

ကူရိရန် ပြောစရာစကား ကင်းမဲ့သွားခဲ့၏။ စစ်ဆင်ရေးအတွင်း သူမ၏ လုပ်ဖော်ကိုင်ဖက်ကြီးကို မြင်တွေ့လိုက်ရသည်က အမှန်တကယ်ကို ကိုးရို့ကားယား နိုင်ချင်စရာပင်။

ထိုစဉ် အခြားအခန်းထဲရှိ လူများလည်း အပြင်သို့ ထွက်လာခဲ့ကြ၏။ ကူရိရန် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

“ သူတို့ အကုန်လုံးကို ကားထဲ ခေါ်သွားလိုက် …”

“ ဟုတ်ကဲ့ …”

“ နေဦး …”

ဤလူများကို ခေါ်ဆောင်သွားတော့မည့် အချိန်မှာပဲ ကျောက်ချန် ရုတ်တရက် ပြောလာခဲ့သည်။

“ သူရောပဲ ဒီကိုလာ အနှိပ်ခံပြီး မသင့်လျော်တာတွေ လာလုပ်နေတာ … မင်းတို့ သူ့ကိုကျ ဘာကိစ္စ မဖမ်းတာလဲ …”

ကူရိရန်သည် ကျောက်ချန်ကို စူးရဲစွာ ကြည့်ရှုလိုက်၏။

“ သူ့ရုပ်သူ့ရည်ကို ရှင် သေချာကြည့်ပြီးမှ စကားပြောစမ်းပါ … သူ့လို လူစားမျိုးက ဒီလို နေရာမျိုးလာပြီး မဟုတ်မဟတ်တွေ လာလုပ်မယ့် လူစားမျိုးလား …”

ခစ် …

ကျန်းဇီရှင်း မနေနိုင်ဘဲ ခစ်ကနဲ အသံထွက် ရယ်မောမိသွားခဲ့သည်။

အစ်မရန်ရဲ့ စကားလုံးတို့က တကယ့်ကို ထိထိမိမိနဲ့ လိုရင်းတိုရှင်းပဲ …

ကျောက်ချန် ကွက်ခနဲ မျက်နှာပျက်သွားခဲ့၏။

“ သူ လုပ်တာ မလုပ်တာ အရေးမကြီးဘူး … မင်းတို့သူ့ကို ဖမ်းရမှာက မင်းတို့ တာဝန်လေ… သူနဲ့ သိလို့ မင်းတို့က မဖမ်းဘူးပေါ့ ဟုတ်လား … ငါ မင်းတို့ကို အာဏာ အလွဲသုံးစားလုပ်မှုနဲ့ တိုင်မယ်….”

“ မင်း …”

လင်းရီ ကူရိရန်ကို လှမ်းဆွဲထားပြီး ကျောက်ချန်ကို ကြည့်လိုက်သည်။

“ သူ့ကို မျက်နှာလိုက်တယ်ဆိုပြီး မင်း ထင်နေတယ်မလား ..”

“ မဟုတ်လို့လား …”

လင်းရီ ဖုန်းထုတ်၍ ပွတ်ဆွဲလိုက်ပြီး သူ မည်သူမည်ဝါဖြစ်ကြောင်း ပြသည့် ဓာတ်ပုံ အထောက်အထားကို ရှာတွေ့သွားခဲ့သည်။

“ ငါ့အိုင်ဒီကို တစ်ချက် ကြည့်လိုက် …”

အိုင်ဒီထဲရှိ ဓာတ်ပုံကို မြင်တော့ ကျောက်ချန် ရှော့ခ်ရသွားခဲ့၏။

“ မင်း … မင်းက ရဲလား …”

“ ဆောရီးပဲ ကိုယ့်လူ … ငါက ရုပ်ဖျက်ထားတဲ့ စုံထောက်ပဲ … 😎 ”

All Chapters