← Chapters

နင်ငါ့ကို မူးအောင်တိုက်မလို့လား

Vol. 128 Ch. 1916

နင်ငါ့ကို မူးအောင်တိုက်မလို့လား

Vol. 128 Ch. 1916

“ ရုပ်ဖျက်ထားတဲ့ စုံထောက် …”

ကျောက်ချန်၏ အမူအရာမှာ ငြိမ်ကျသွားခဲ့၏။

လိ့ကို စုံထောက် … လိ့ကို စောက်ထုံ …

မင်းလည်း ဒီက အမာခံ ဖောက်သည်ဆိုတာ အသိသာကြီးကိုပဲ …

အဲ့တာများ ကြီးကြီးကျယ်ကျယ်တွေ လာလုပ်ပြနေသေးတယ်..

“ ရတယ်လေ…. ဒီနေ့တော့ ငါရှုံးတယ်…” ကျောက်ချန် ပြောလိုက်ပြီး “ ဘယ်လိုပဲဖြစ်ဖြစ် ခဏဆို ပြန်လွတ်လာမှာကိုပဲ …”

“ အဲ့တာတော့ မင်း မှားသွားပြီ …” လင်းရီ သူ၏ လက်ညှိုးကို ဘယ်ညာယမ်းပြရင်း “ ကျန်တဲ့လူတွေကတော့ ခဏထိန်းသိမ်းထားပြီးရင် ပြန်လွှတ်ပေးမှာ … ဒါပေမယ့် မင်းတို့ကတော့ မရဘူး …”

“ မင်း ဘာတွေလာပြောနေတာ … ဘာလို့ ငါက မရရမှာ …”

ယခုလေးတင် ဖမ်းခံထားရသည့် ဒါဇင်ကျော်သည့် လူများဘက်သို့ လင်းရီ လက်ညှိုးထိုးပြရင်း “ ငါ့ကို ရိုက်နှက်ဖို့ဆိုပြီး မင်း အဲ့လူတွေကို ဒီခေါ်လာတယ်.. ဒါ ရဲအရာရှိ တစ်ဦးကို ထိပါးတာ ရာဇဝတ်မှုမြောက်တယ်… ဒါ ကြီးလေးတဲ့ ပြစ်မှုပဲ … ဒါနဲ့တင် မင်းတို့ကောင်တွေကို နှစ်နည်းနည်းလောက် ထောင်ထဲ ထည့်ထားဖို့ လုံလောက်ပြီးသား … ဒီတော့ မင်းတို့ထိုက်တဲ့ မင်းတို့ကံပဲ …”

ကျောက်ချန် ထုံထိုင်းသွားခဲ့ပြီး ဘာကိုမျှ ဆက်ပြီး မစဉ်းစားနိုင်တော့ချေ။

သူကား … အဆုံးသတ်ချေပြီ။

“ တော်လောက်ပြီ … သူတို့နဲ့ အရည်မရ အဖတ်မရတွေ ပြောမနေနဲ့တော့ …” ကူရိရန် ပြောလိုက်ပြီး “ ဒီကောင်တွေ အကုန် ခေါ်သွားလိုက်ကြ …”

တစ်ယောက်ပြီးတစ်ယောက် … ကျောက်ချန်နှင့် ကျန်သူများအားလုံး ကားအပြာရောင်လေးထံ ဆောင်ကြဉ်းခံလိုက်ရသည်။

“ ငါ့ကို မျက်နှာသာ နည်းနည်းပေးပြီး ဒီကောင်မလေးတွေကိုတော့ လွှတ်ပေးလိုက်ပါလား … ဘာပဲဆိုဆို ငါက သူတို့ကို ခေါ်ခဲ့တာလေ…” လင်းရီ ပြုံးပြီး ပြောလိုက်၏။

ကူရိရန် မျက်လုံးလှန်လိုက်မိသည်။ သူမ လင်းရီကို တကယ် မတတ်နိုင်ပေ။ သူက တစ်ယောက်တည်း ခေါ်သည်ဆိုပါက တော်သေး၏။ သို့သော် ယခုတော့ လေးယောက်ကြီးများပင်။

သူတစ်ယောက်တည်း ထိန်းနိုင်လို့လား ….

“ လိုက်ပြီး ထွက်ဆိုချက်တော့ လုပ်ရမယ်…”

“ ဒါပေါ့ ဒါပေါ့ …”

လင်းရီ နောက်သို့ လှည့်ပြီး မိန်းကလေး လေးယောက်ကို ကြည့်၍ “ မကြောက်ကြနဲ့ … သွားပြီး သူတို့နဲ့ ပူးပေါင်းပေးလိုက် .. ပြီးရင် မင်းတို့ကို ပြန်လွှတ်ပေးလိမ့်မယ်…”

“ ဟုတ် ဟုတ် .. ကျွန်မတို့ ပူးပေါင်းပေးမှာပါ …”

မိန်းကလေး လေးယောက်လုံး လင်းရီကို ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်ကြသည်။

တစ်ချိန်တည်း၌ သူမတို့ ရင်ဘက်ထဲရှိ လင်းရီ၏ ပုံရိပ်သည်လည်း ကြီးမားသည်ထက် ပိုကြီးမားလာသည်။

ဥက္ကဌလင်းက လုံးဝ အမေးဇင်းပဲ … သူက ရဲအရာရှိ တစ်ယောက်လည်း ဟုတ်နေတယ်…

ပြီးတော့ … ဒီလို ကိစ္စကြီး ဖြစ်ပျက်နေတာတောင် လူတချို့ကို ကယ်ထုတ်ပေးဖို့ လုပ်ပေးနိုင်သေးတယ်… သာမန်လူဆို ဒီလိုမျိုး လုပ်ပေးနိုင်မှာ မဟုတ်တာ သေချာတယ်…

လက်ရှိ အခြေအနေအရ ရေချိူးစင်တာတွေ ဆက်ပြီး အနှိပ်ခံဖို့က မဖြစ်နိုင်တော့သဖြင့် အခြားသူများနှင့်အတူ စခန်းသို့ ပြန်လိုက်ခဲ့ဖို့ လင်းရီ ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ သူသည်လည်း နောက်တစ်နေ့၌ အလုပ်ခွင်ပြန်ဝင်ရန် ဆုံးဖြတ်ထားလေသည်။ လောလောဆယ် မျက်နှာပြထားသည်က မဆိုးသည့် ရွေးချယ်မှုပင်။

တစ်နာရီခန့်ကြာပြီးနောက် လင်းရီသည် အခြားသူများနှင့် အတူ စခန်းသို့ ပြန်ရောက်လာခဲ့၏။

လမ်းတွင် ကူရိရန်တို့နှင့် လတ်တလော ဖြစ်ရပ်များအကြောင်း ပြောဆိုဆွေးနွေးခဲ့လေသည်။

သူ မရှိသည့် အတောအတွင်း ရာဇဝတ်မှု စုံစမ်းရေး အသင်းက အခြား အမှုကြီး တစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။

ကျန်သည့် အချိန်များတွင်တော့ အေးဆေးသက်သာစွာသာ ရှိနေပြီး အခြားဌာနများကို ရံဖန်ရံခါ ကူညီပေးကြလေသည်။

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ကတော့ ကိုးရို့ကားယား နိုင်လှသည့် အရပ်သားပြဿနာများကို နေ့တိုင်းနီးပါးခန့် ကိုင်တွယ် ဖြေရှင်းပေးနေခဲ့ရသည်။

အကယ်၍ သူသာ ရှိနေခဲ့မည်ဆိုပါက မစ်ရှင်မှာ အစောပိုင်းကတည်းက ပြီးမြှောက်သွားနိုင်ကြောင်းကို လင်းရီ သတိထားမိလိုက်လေသည်။ ယခုတော့ နှမြောစရာပင်။

စခန်းသို့ ပြန်ရောက်လာပြီးသည့်နောက် ရုံးခန်းထဲသို့ မဝင်နိုင်သေးခင်မှာပဲ လီရှန်းဟွေ့၏ အားပါးတရ ရယ်မောကြီးကို အပြင်ဘက်မှ ဦးစွာ ကြားလိုက်ရသည်။

အထဲသို့ ရောက်သည်တွင် လီရှန်းဟွေ့ တစ်ယောက်တည်းသာလျှင် မဟုတ်ဘဲ ကျန်းဟွေ့နှင့် ကောင်းကျွင်းမင်တို့လည်း ရှိနေကြောင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။

“ ခင်များတို့တွေ ဘာကိစ္စမို့လို့ အဲ့လောက်တောင် အားပါးတရ ရယ်နေကြတာ …”

တံခါးဝမှနေ၍ တစ်စုံတစ်ယောက် စကားပြောသံကို ကြားတော့ သူတို့ လှည့်ကြည့်လိုက်ရာ လင်းရီကို မြင်တော့ အကုန် အံ့အားသင့်သွားကြ၏။

“ ဟမ် ကောင်လေး … ပျောက်ချက်သား ကောင်းလှချည်းလားကွ … တစ်လတောင် ကျော်တော့မယ်… ဖုန်းဆက်တော့လည်း ဆက်သွယ်မှု ဧရိယာပြင်ပတဲ့ …”

လင်းရီ အထဲဝင်လာသည်ကို မြင်တော့ သူတို့၏ အမူအရာမှာ အစောပိုင်းက ကူရိရန် လင်းရီကို မြင်တွေ့လိုက်ရသည့် အချိန်တုန်းကနှင့် တစ်ထေရာတည်းပင်။ ပထမဦးစွာ ကြက်သေသေသွားခဲ့ကြ၏။ ထို့နောက် တစ်လကျော်ခန့် အသံပျောက်နေသည့်လူမှာ နောက်ဆုံး ပြန်ပေါ်လာသည်ကို သတိထားမိသွားကြလေသည်။

“ မိသားစု ကိစ္စတချို့နဲ့ အလုပ်များနေလို့ပါ … “ လင်းရီ အပြုံးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် အခု အားလုံး ပြီးသွားပြီဆိုတော့ ကျုပ် ပြန်လာခဲ့ပြီလေ…”

“ သူ လျှောက်ပြောနေတာ …” ကူရိရန် ဝင်ပြောပြီး မျက်လုံးလှန်လိုက်၏။

“ သူ့ကို ဟွာချင်း ရေကန် ဝင်စီးတုန်း အဲ့မှာ ဖမ်းမိခဲ့တာပဲ….”

ဤသည်ကို ကြားတော့ လီရှန်းဟွေ့ တဟားဟား ရယ်မောလိုက်၏။ “ အံ့ဩစရာပဲ .. ဒါပေမယ့် ထွေထူးတော့ မဟုတ်ပါဘူး … နောက်ကျရင်တော့ သတိထားပေါ့ …”

စခန်းသို့ ပြန်ရောက်သည်တွင် လင်းရီ အခြား ထွေထူး များများစားစား မပြုလုပ်ဘဲ သူနှင့် မျက်နှာရင်းနှီးသူများအား နှုတ်ဆက်ကာ သူ၏ တည်ရှိမှုကို ပြန်လည် အသက်သွင်းလိုက်သည်။

သူသေဆုံးသည့် သတင်းက ဤရုံးခွဲအတွင်းသို့ မရောက်ရှိလိုက်သည်ကိုပဲ အတော်လေး စိတ်သက်သာ ရမိသည်။

လူတိုင်းက သူ ခွင့်ရက်ရှည် ယူထားသည်ဟုပဲ မှတ်ယူနေခဲ့ကြကာ များများစားစား သံယသ မဖြစ်မိခဲ့ကြချေ။

ညနေ လေးနာရီဝန်းကျင်လောက်ရောက်တော့ လီရှန်းဟွေ့နှင့် ကျန်သူများကို နှုတ်ဆက်ပြီး လင်းရီ စခန်းထဲက ထွက်လာသည်။

လျန်ရူရွှယ်ကို အလုပ်သို့ လာကြိုပြီး သူမနှင့် အတူ ညစာစားပါမည်ဟု သူ ကတိပေးထားခဲ့သည်။

ငါးနာရီထိုးဖို့ ၂၅ မိနစ်အလို၌ လင်းရီ ရုံးရှေ့သို့ ရောက်၍ ကားပါကင်ထိုးကာ လျန်ရူရွှယ်ကို ဖုန်းခေါ်လိုက်၏။

ဆယ်မိနစ်ကြာပြီးနောက် လျန်ရူရွှယ်သည် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ပြီး အနက်ရောင် စလင်းဘတ်အိတ်ကို လွယ်လျက် အပြင်သို့ ထွက်လာခဲ့၏။

ရောက်သည်နှင့် ကားတံခါးဖွင့်ပြီး ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်ကာ သင်းပျံ့သည့် မွှေးရနံ့တစ်ခုအား ကားအတွင်း၌ ထုံလွှမ်းသွားစေသည်။

“ နင် ရန်ကျင်းက ကိစ္စတွေ အကုန် ပြီးခဲ့ပြီပေါ့ …”

“ ပြီးလုပြီးခင်ပါပဲ … ကျန်တာတွေတော့ ငါ ဝင်ပါဖို့ မလိုတော့လို့ …”

“ ဒါဆိုရင် နင် အချိန်တစ်ခုလောက်အထိ ရန်ကျင်းပြန်သွားဖို့ မလိုသေးဘူးမလား …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ပြန်သွားဖြစ်ရင်တောင် ခဏလောက်ပါပဲ … နှစ်ရက်သုံးရက် ခရီးလောက်ပဲ ဖြစ်မှာ … မပူနဲ့ …”

“ အကောင် … နင်ကများ ငါ့ကို မပူနဲ့ ပြောရတယ် ရှိသေး …”

လျန်ရူရွှယ် ပြောဆိုလိုက်ပြီး “ ငါတော့ နင် ကျုံးဝေ့တပ်ဖွဲ့ထဲက ထွက်သင့်ပြီလို့ ထင်တာပဲ … ဒီတိုင်း စီးပွားရေး သမားပဲ လုပ်တာက မကောင်းနေလို့လား …”

“ တကယ်လို့ မင်းသာ မနှစ်က ဒီအချိန်လောက်မှာ ပြောခဲ့ရင်တော့ ငါ မသွားဖြစ်လောက်ဘူး … ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ထဲ ငါ နေလာတာက တစ်နှစ်ကျော်သွားပြီဆိုတော့ ထွက်ဖို့က မဖြစ်နိုင်တော့ဘူး …” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ အကြီးအကဲလျန်ကလည်း အခု ကျုံးဝေ့တပ်ဖွဲ့ဝင်ပဲလေ.. ငါ့ကို ဒီလိုတွေ ပြောပြီး ကိုယ့်မိသားစုကိုယ် အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား ..”

“ နင့် ရာထူးနေရာက ငါ့အဘိုးနဲ့ တူတာ မဟုတ်ဘူး … သူက သိပ္ပံ သုတေသနတွေ အတွက် တာဝန်ရှိတာ … ပြီးတော့ ရန်ကျင်းမှာပဲ နေရတာ … နင့်လို ဟိုနေရာသွားလိုက်၊ ဒီနေရာသွားလိုက်လည်း လုပ်ပြီး အသက်ကို စွန့်စားနေရတာမျိုး မဟုတ်ဘူးလေ…”

“ နင် အားရင် ငါ့အဘိုးနဲ့ စကားပြောကြည့်ပြီး နင့်ကို ကျုံးဝေ့တပ်ဖွဲ့ထဲက ကန်ထုတ်ပေးဖို့ ပြောကြည့်လိုက် .. အဲ့မှာ ဆက်မနေနဲ့တော့ …”

လင်းရီ ပြုံးလိုက်မိသည်။ အဆိုပါ ဖြစ်ရပ်က လျန်ရူရွှယ်၏ ရင်ထဲ၌ ဖျောက်မရနိုင်သည့် အရိပ်ဆိုးကြီး တစ်ခုနှယ် ထင်ကျန်ရစ်ခဲ့သည်မှာ သိသာလှ၏။

လင်းရီ လက်ဆန့်တန်း၍ လျန်ရူရွှယ်၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားလိုက်၏။

“ အဲ့တာက မတော်တဆဖြစ်သွားရုံလေးပါကွာ … တကယ်လို့ ဝမ်မိသားစုသာ ဝင်မရှုပ်ခဲ့ရင် အဲ့လို ကိစ္စမျိုးလည်း ဖြစ်လာခဲ့မှာ မဟုတ်ဘူး … ငါ လုပ်နေတာကို ငါသိပါတယ်… မင်း မပူနဲ့ …”

လျန်ရူရွှယ် နှုတ်ခမ်းထော်သွားခဲ့၏။ လင်းရီ၏ စိတ်ကို ပြောင်းလဲအောင် လုပ်ဖို့ မဖြစ်နိုင်မှန်း သူမကိုယ်သူမ သိလေသည်။

“ အရင်သွားပြီး ဈေးလိုက်ကြစို့ … အိမ်မှာ ဘာစားစရာမှ မရှိတော့ဘူး …”

“ ဈေးလိုက်မယ် ဟုတ်လား …”

“ ဒီနေ့ အိမ်မှာ စားမှာ … အပြင်မှာ မစားဘူး …” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ နင့်ကို ဒီနေ့ လက်စွမ်း နည်းနည်းပါးပါး ပြပေးမယ်….”

“ ကြားလို့တော့ ကောင်းသားပဲ …”

ပြီးနောက် … နှစ်ယောက်သား စူပါမားကတ်သို့ သွားကာ ပစ္စည်းတချို့ ဝယ်ယူ၍ လျန်ရူရွှယ်၏ အိမ်သို့ ရောက်လာခဲ့ကြသည်။

အိမ်သို့ ရောက်သည်နှင့် လျန်ရူရွှယ်သည် ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်ထဲ ယူသွားကာ စပြီး ချက်ပြုတ်ပြင်ဆင်တော့သည်။

လင်းရီကတော့ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ဖုန်းကို ကိုင်ထားကာ လီချူးဟန်နှင့်အတူ စကားပြောနေလျက် ရှိ၏။ ဆေးရုံက ကိစ္စ တချို့အကြောင်းကို သူ မေးမြန်းနေသည်။

လီချူးဟန်နှင့် စကားပြောပြီးနောက် လင်းရီသည် ဖုန်းကို ဘေးသို့ ချထားကာ တစ်ခုခု ကြည့်ရန် TV ဖွင့်လိုက်သည်။

သူ့ဘက်က အောင်မြင်နိုင်မည့် လမ်းစကို ရှာတွေ့ထားသော်လည်းပဲ သင့်တော်မည့် အခွင့်အရေး တစ်ခုကို ရှာဖွေဖို့ လိုအပ်နေသေးသည်။

အနှီ အခွင့်အရေးကို မည်သို့ ရှာဖွေနိုင်မလဲ ဆိုတာကိတော့ သူ၏ ကံတရားအပေါ် လုံးလုံးလျားလျား မူတည်နေသည်။

တစ်နာရီ ပြည့်လုပြည့်ခင် အချိန်မှာပဲ လျန်ရူရွှယ်သည် အသားဟင်း နှစ်ပွဲ၊ ဟင်းသီးဟင်းရွက် နှစ်ပွဲနှင့် အရည်သောက် တစ်ပွဲ ပြင်ဆင်ချက်ပြုတ်လို့ ပြီးစီးသွားခဲ့သည်။ လူနှစ်ယောက်စာ အတွက်တော့ ဤသည်က အတော်လေး များပြားသည့် ပမာဏ တစ်ခုဖြစ်၏။

“ မြန်မြန် စားလေ .. ငါ့လက်ရာ ဘယ်လိုနေလဲ …”

လျန်ရူရွှယ် မျှော်လင့်မှုအပြည့်ဖြင့် ပြောလိုက်၏။

“ ကောင်းပါတယ်.. ဒါပေမယ့် ဝိုင်မပါတော့ စိတ်ထဲ တစ်မျိုး လိုနေသလိုပဲ …”

လျန်ရူရွှယ် လင်းရီအား မျက်စောင်းထိုးလိုက်ပြီး “ နင် ငါ့ကို မူးအောင် တိုက်ပြီး တစ်ခုခု လုပ်ဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား …”

All Chapters