← Chapters

ငါက ကိုနန်လား

Vol. 128 Ch. 1917

ငါက ကိုနန်လား

Vol. 128 Ch. 1917

“ ဟောကြည့် … မင်းက ငါ့လို လူကြီးလူကောင်း တစ်ယောက်ကို သံသယ တအား များလွန်းနေပြီ …” လင်းရီ ပြောလိုက်ပြီး “ သောက်တယ်ဆိုတာ ဖြစ်နေတဲ့ မုဒ်ကို ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင်လို့ပဲ … တခြား ကိစ္စတွေလောက်ကတော့ ဝိုင်မပါလဲ ငါ လုပ်နိုင်ပါတယ် …”

“ နင်ဆို ဘယ်တော့မှ လေးလေးနက်နက်ကို မရှိဘူး …”

လျန်ရူရွှယ် ခွန်းတုံ့ပြန်လိုက်ပြီး ဝက်နံရိုး တစ်ခုကို လင်းရီ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့၏။ ပြန်ရောက်လာသည့် အချိန်၌ လက်ထဲ ဘီယာ လေးဗူး ပါလာခဲ့ပြီး နှစ်ဘူးကို ဖောက်ကာ ဖန်ခွက်ထဲ ငှဲ့လိုက်သည်။

“ သေမယ့်ဘေးက လွတ်လာတယ်ဆိုတာ တကယ် ကံကောင်းလို့ပဲ .. ကံကောင်းဖို့အတွက် … ချီးယား ..”

“ ချီးယား …”

နှစ်ယောက် ခွက်ချင်း တိုက်ပြီးနောက် တစ်ကစ်တည်း အပြတ်ဖြတ်လိုက်ကာ ဝက်နံရိုးကို ကိုက်လိုက်သည်။

လေထုအခြေအနေမှာ ပေါ့ပါးနေပြီး နှစ်ယောက်မှာ ဤအတိုင်း သာမန် ထွေရာလေးပါး ကိစ္စရပ်များကိုသာ ပြောဆိုနေခဲ့ကြလေသည်။

ကျီချင်းရန်နှင့် စပ်လျဉ်းသည့် ကိစ္စကိုတော့ နှစ်ဦးလုံးက နားလည်မှု ကိုယ်စီနှင့် ရှောင်ကြဉ်ခဲ့ကြ၏။

ယင်းက နှစ်ဦးလုံး ရင်ဆိုင်ရမည့် ပြဿနာ တစ်ခု ဆိုသော်လည်းပဲ ယခုကဲ့သို့ အခိုက်အတန့်၌ မည်သူကမျှ မပြောဆိုချင်ကြပေ။

တစ်နာရီ ကြာပြီးနောက် နှစ်ဦးလုံး စားသောက်ပြီးစီးသွားခဲ့၏။

ဘီယာဘူးများဖြင့် ပြည့်နှက်နေသည့် ရေခဲသေတ္တာသည်လည်း ယခုဆို ဗလာကျင်းသွားခဲ့ချေပြီ။

ညစာ စားပြီးနောက် ဆိုဖာပေါ်သို့ တက်ကာ နှစ်ယောက်အတူ TV ကြည့်ကြသည်။

TV တွင် လာနေသည့် ဇာတ်လမ်း အကြောင်းအရာက သူတို့နှစ်ဦးအတွက် အရေးမပါပေ။

တကယ့် စစ်မှန်သည့် ပျော်ရွှင်စရာက နှစ်ယောက်အတူ ရှိနေပြီး တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးလျက် ရှိကာ အချိန်ကုန်ဆုံးနေရခြင်းပင်။

ည ဆယ်နာရီ အချိန်ခန့်လောက် ရောက်တော့ လျန်ရူရွှယ် ကိုယ်ညောင်းဆန့်ကာ မတ်တပ်ရပ်လိုက်သည်။

“ ငါ ရေသွားချိုးလိုက်ဦးမယ်…”

“ ငါလည်း ချိုးမှာ … အတူ ချိုးကြမယ်လေ..”

“ ဆုတောင်းနေလိုက်…” လျန်ရူရွှယ် ကျီစယ်စွာ ပြောလိုက်ရင်း သူမ၏ နှာခေါင်းကို ချစ်စဖွယ် ရှုံ့ပြနေလျက် ရှိသည်။

“ ‌အချင်းချင်းတွေကို... အရင်ကလည်း မမြင်ဖူးတာ မဟုတ် … ဘာရှက်စရာ ရှိလို့ …”

“ စဉ်းတောင် မစဉ်းစားနဲ့ … ငါ ပြီးတဲ့အထိစောင့် …”

ဤသို့ဖြင့် လင်းရီသည် သူ့ပစ္စည်းနှင့်သူ ချန်ရစ်ခံထားခဲ့ရကာ ငြိမ်ငြိမ်လေး TV ထိုင်ကြည့်နေရတော့၏။

မိနစ် နှစ်ဆယ်ခန့် ကြာမြင့်ပြီးနောက် လျန်ရူရွှယ်သည် ကိုယ်ကို ပုဝါတစ်ထည်ဖြင့် ပတ်ထားလျက် အပြင်သို့ ထွက်လာသည်။ အဓိက နေရာများကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သော်လည်း လှပသည့် ဘော်ဒီကောက်ကြောင်းများကိုတော့ အထင်းသား မြင်တွေ့နေရ၏။

“ နင့် အလှည့်ရောက်ပြီ … သွားတော့ …”

ပြောပြီးနောက် သူမ အခန်းထဲသို့ ဝင်သွားခဲ့သည်။ ဤညက သူတို့ တစ်ချိန်လုံး မျှော်လင့်နေခဲ့သည့် ညတစ်ညဖြစ်တော့မည်ကို အာရုံခံမိတော့ လင်းရီ နှလုံးခုန်နှုန်းတို့ မြန်ဆန်လာခဲ့ကာ အာခေါင်ပင် ခြောက်ကပ်လာသယောင် ခံစားလိုက်ရသည်။

ရေကို အလျင်အမြန် ပြေးချိုး၍ ငါးမိနစ်ကြာပြီးနောက် ပြန်ထွက်လာခဲ့သည်။

သူ အိပ်ခန်းထဲသို့ ရောက်တော့ လျန်ရူရွှယ်မှာ တံခါးကို နောက်ကျောပေးထားပြီး ဆံပင်လေမှုတ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ နင် အဲ့လောက်မြန်တယ်… စာကလေးရေဆွတ်လုပ်ခဲ့တာတော့ မဟုတ်ဘူးမလား …”

“ ဘဝက တိုတိုလေးကို အရေးမပါတဲ့ အရာတွေအပေါ် ဘာလို့ အချိန်ဖြုန်းနေမှာ … ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေပေါ်မှာ သုံးပေးသင့်တာပေါ့…”

“ ပိုအရေးကြီးတဲ့ ကိစ္စတွေ …”

လင်းရီ စကားနှင့် မတုံ့ပြန်ဘဲ သူမအပေါ်သို့ ခုန်အုပ်ကာ လုပ်ရပ်နှင့် သက်သေပြလိုက်သည်။

စစချင်းတုန်းက လျန်ရူရွှယ်မှာ အနည်းငယ် ခုခံရုန်းကန်နေသေး၏။ သို့သော် မကြာမီမှာပဲ သူမ အရှုံးပေးလိုက်တော့သည်။ သူမ၏ အသက်ရှူသံက မြန်ဆန်လာပြီး ကြားနိုင်ရုံလောက် အသံလေးဖြင့် တိုးတိုးလေး ဆိုလာသည်။

“ မီးတွေ ပွင့်နေသေးတယ်…”

“ လွယ်ပါတယ်…”

လင်းရီ စားပွဲဘေးရှိ ရီမုကွန်ထိုးကို ယူကာ မီးခလုတ်ထံသို့ ကောက်ပစ်လိုက်သည်။ အခန်းက ချက်ချင်း မှောင်ချသွားခဲ့ကာ ပိုပြီး ရင်ဖိုချင်စရာကောင်းအောင် ဖန်တီးပေးနေသည်။

“ ဘာတွေ အဲ့လောက်လောနေတာ … လိုက်ကာတွေတောင် မချရသေးဘူး …”

“ ၂၁ လွှာကြီးမှာကို ဒီမှာ ဝိဉာဏ်တစ်ကောင်တစ်လေတောင် မရှိဘူး … ပြီးတော့ မီးလည်း မှိတ်ထားရဲ့သားနဲ့ … ငါ့ကို တစ္ဆေကြောက်တယ်ဆိုပြီးမှတော့ လာမပြောနဲ့နော်…”

“ မရဘူး … လိုက်ကာ ချရမှာပဲ … လုပ်ဆိုလုပ်လိုက် …”

“ ကောင်းပြီလေ..”

လင်းရီလည်း မသက်သာစွာဖြင့် ထကာ လိုက်ကာကို ဆွဲချလိုက်ရသည်။

ယခုဆို အခန်းမှာ ပိန်းပိတ်မှောင်မည်းသွားခဲ့ပြီး လင်းရီ သူ့နည်းသူ့ဟန်ဖြင့် ကုတင်သို့ ပြန်ရောက်လာခဲ့ကာ လျန်ရူရွှယ်ကို အပေါ်ကနေပြန်ပြီး အုပ်မိုးထားလိုက်သည်။

အမှောင်ထုထဲ၌ တစ်ယောက်ကိုယ်တစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်ထားရင်း မြန်ဆန်စွာ ခုန်ပေါက်နေသည့် နှလုံးခုန်သံနှင့် ဝင်သက်ထွက်သက်ကို အချင်းချင်း ခံစားမိနေကြသည်။

“ ကတိပေး … နင် နောက်ဆို အန္တရာယ်များတာတွေ ဘယ်တော့မှ ထပ်မလုပ်ရတော့ဘူး …”

လျန်ရူရွှယ်၏ အသံက လင်းရီ၏ နားထဲတွင် အချိန်အတော်ကြာအောင် စွဲထင်ကျန်ရစ်နေခဲ့လေသည်။

“ ငါ ကတိပေးတယ်…”

လင်းရီ၏ အဖြေကို ရရှိပြီးနောက် လျန်ရူရွှယ်သည် သူမ၏ ခံစားချက်များကို ဆက်လက်ချုပ်တည်းမထားတော့ပဲ လင်းရီ၏ နှုတ်ခမ်းကို ဦးစွာ နမ်းရှိုက်လိုက်တော့၏။

ယင်းက ရင်ဖိုလှိုက်မောဖွယ်ရာ ကောင်းလွန်းလှသည့် အနမ်းတစ်ခုပင်။

( ဤနေရာတွင် စာလုံးပေါင်း ၃၅ သန်းခန့်ကို ချပ်လှပ်ထားခဲ့ပါသည်။ အပြည့်အစုံ ဖတ်ရှုလိုပါက … ဟဲဟဲ )

နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာနိုးသည့် အချိန်၌ လျန်ရူရွှယ်မှာ အိပ်ရာထဲ၌ အိပ်ပျော်နေဆဲပင်။

သူမကို ဘာမျှ မလုပ်ဘဲ မိနစ် အနည်းငယ်ခန့် ကြင်နာယုယစွာ လင်းရီ ကြည့်နေမိသည်။

လူတိုင်းက လီချူးဟန်ကဲ့သို့ မဟုတ်ကြချေ။ ညဘက် မည်မျှပင် နောက်ကျမှ အိပ်ရာဝင်စေကာမူ နောက်တစ်နေ့ နံနက်၌ စောစီးထပြီး မနက်စာ လုပ်ပေးနိုင်သူများ မဟုတ်ကြချေ။

လျန်ရူရွှယ်၏ အိပ်ရာထ နောက်ကျတတ်သည့် အလေ့အကျင့်ဖြင့် ဆိုပါက သူမသာ ယခုလို အချိန်၌ ထပြီး မနက်စာပြင်ပေးနေမည်ဆိုပါမှသာ ထူးဆန်းနေပေလိမ့်မည်။

မနက် ဆယ်နာရီ အချိန်တွင် လင်းရီ ခေါက်ဆွဲတချို့နှင့် အသီးချဉ်နှစ်မျိုးကို ရောကြော်လိုက်သည်။ အားလုံး အဆင်သင့်ဖြစ်သည့် အချိန်၌ လျန်ရူရွှယ်မှာ တံခါးဖွင့်ပြီး ထွက်လာသည်။ ရီဝေနေသည့် မျက်လုံးများကို လက်ဖြင့် ပွတ်သပ်ရင်း အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေခဲ့၏။

“ ထပ် မအိပ်တော့ဘူးလား…”

“ နိုးပြီ … မအိပ်ချင်တော့ဘူး …”

သာမန်မနက်ခင်း တစ်နေ့တွင် အကယ်၍ လင်းရီသာ မီးဖိုချောင်ထဲတွင် ဆူဆူညံညံ အသံများ ပြုလုပ်ရင်း သူမကို အိပ်ရာက နိုးလာစေမည်ဆိုပါက ထိုကဲ့သို့ ဖြစ်အောင် လုပ်သည့် လင်းရီကို သူမ ဂျီကျပစ်လိုက်မည်။

သို့သော် မနေ့ညက နှစ်ဦး၏ အပေးအယူမျှသည့် တိုက်ပွဲကြောင့် သူမ၏ မျက်နှာမှာ အနည်းငယ် ရှက်သွေးဖြန်းနေမိသည်။

ဘုရားသခင်က မိန်းကလေးများကို ဖန်ဆင်းပြီး အမျိုးသားများကတော့ အမျိုးသမီးများကို ဖန်ဆင်းသည်။

အခေါ်ဝေါ်က အနည်းငယ်မျှသာ ကွဲပြားသွားသော်လည်းပဲ ရှုပ်ထွေးသည့် ခံစားချက်တို့က သက်ဆိုင်သူ နှစ်ဦးသာလျှင် အမှန်စင်စစ် နားလည်နိုင်သည့် အရာများပင်။

တချို့ ကိစ္စများက စကားဖြင့်ပြောပြသည်ထက် ကိုယ်တိုင် လက်တွေ့ခံစားကြည့်သည်က ပိုကောင်းလေသည်။

( သိကြလား …. သိကြလား .. ဟမ် 😝 .. ကျနော်တော့ မသိဘူး ပြောမလို့ပါ … )

“ သွား မျက်နှာသစ်ပြီး လာစားလေ … မဟုတ်ရင် ညနေပိုင်း အလုပ်မလုပ်နိုင်ဘဲ ဖြစ်နေမယ်..”

“ အွန်း ..”

လျန်ရူရွယ် ညင်သာစွာ တုံ့ပြန်လိုက်၏။ သူမ၏ အသံထဲ၌ ရှက်ရွံ့မှု အနည်းငယ်ကို ကြားယောင်နိုင်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရေချိုးခန်းထဲက ပြန်ထွက်လာပြီး မိတ်ကပ် ပါးပါးပင် ပုတ်ထားကာ သူမ၏ နဂို ပုံစံသို့ ပြန်ရောက်သွားခဲ့လေသည်။

သူမ အနည်းငယ် ရှက်ရွံ့သလို ခံစားနေရသော်လည်းပဲ လျင်လျင်မြန်မြန်ပဲ နေသားကျသွားခဲ့သည်။

“ နင် နောက်ကျ ဘာလုပ်ဖို့ စီစဉ်ထားလဲ ..” မနက်စာ စားနေစဉ် လျန်ရူရွှယ် မေးမြန်းလာခဲ့၏။

ကျီချင်းရန်နှင့် အခြေအနေက ယခုတိုင် မဖြေရှင်းရသေးဘဲ ရှိနေသဖြင့် ကျိုကျုံး ဗီလာသို့ ပြန်သွားဖို့ကလည်း မဖြစ်နိုင်ပေ။

အချိန်တစ်ခုအထိတော့ တစ်နေရာရာတွင် နေဖို့ ထိုင်ဖို့ လိုအပ်၏။

“ ငါ စခန်းကို ပြန်သွားတော့မှာ …” လင်းရီ ပြောလိုက်ပြီး “ နေဖို့ကိစ္စကတော့ ပူစရာ မလိုပါဘူး … ညကျ မင်းဆီ လာခဲ့မယ်လေ…”

“ ဟမ့် … ကိုယ့်နေရာကိုယ်ရှာအိပ် …. နင့်ကို နေ့တိုင်းကြီးတော့ ခေါ်မအိပ်နိုင်ဘူး …”

“ ဘာတွေ ကြောက်နေတာ .. ငါ ဘာမှ မလုပ်ဘူးဟ … ဒီတိုင်းလေးပဲ အိပ်မှာပါ…”

“ ငါက ဘာကို ကြောက်ရမှာ ..” လျန်ရူရွှယ် ဘဝင်လေဟပ်နေသည့်ဟန်ဖြင့် “ ငါ .. လျန်ရူရွှယ် ဘယ်တုန်းက ကြောက်ဖူးတဲ့ ရာဇဝင် ရှိလို့လဲ ….”

“ ဒါဆိုလည်း ညကျစောင့်နေ … မနေ့က မပြီးပြတ်ခဲ့တာတွေ ဒီည အတိုးနဲ့ အရင်းပေါင်းပြီး ချေကြတာပေါ့ …”

လျန်ရူရွှယ်၏ မျက်နှာ နီရဲသွားခဲ့၏။ သူမ ဤအကောင်၏ ထောင်ချောက်ထဲသို့ တစ်ဖန် ရောက်သွားခဲ့ပြန်လေပြီ။

“ ဒါဆိုလည်း လာလေ .. ထည်ထိုးလွန်းလို့ ပျက်သွားတဲ့လယ်ဆိုတာ မရှိဘူး … ပင်ပန်းသွားတဲ့ နွားပဲ ရှိတယ်… ဘာကြောက်စရာ ရှိလို့ …”

“ အင်း …မင်း ပြောတာ မှန်တယ်…”

ဤကဲ့သို့ ပြက်လုံးက လျန်ရူရွှယ် ရှေ့တွင်တော့ အချည်းနှီးသာ ဖြစ်သည်ဟု လင်းရီ ခံစားလိုက်ရသည်။

သူမက စစ်တပ်အသိုင်းအဝိုင်းထဲ ကြီးပြင်းခဲ့သည်ဖြစ်ရာ အတွေ့အကြုံက ပထမဆုံးအကြိမ် ဆိုသော်လည်းပဲ ညစ်ညမ်းဟာသများကိုတော့ မရေမတွက်နိုင်အောင် ကြားခဲ့ဖူးကာ အကြောက်အလန့် မရှိတော့ချေ။

ထို့ကြောင့်ပဲ အတွေ့အကြုံရင့်ကျက်သည့် အမျိုးသမီးတို့ကသာ အကောင်းဆုံးဟု လူတို့ ဆိုကြခြင်းပင်။ သူတို့က အရာရာကို နားလည်သဘောပေါက်ကြ၏။

မလိုအပ်သည့် စကားများ ပြောဖို့ မလိုဘဲ အကြည့်တစ်ချက်တည်းနှင့် အားလုံး အပေးအယူမျှသွားလိမ့်မည်။

မနက်စာ စားပြီးနောက် လင်းရီသည် လျန်ရူရွှယ်ကို ရုံးသို့ လိုက်ပို့ပေးကာ စခန်းသို့ ထွက်လာခဲ့၏။

ထိုနေရာသို့ ရောက်သည်တွင် လီရှန်းဟွေ့နှင့် ကူရိရန်တို့ ရေကြီးသုတ်ပျာနှင့် ပြေးထွက်လာသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။

“ နေ့လည်စာ အချိန်ရောက်နေပြီကို ခင်များတို့နှစ်ယောက်က ဘယ်သွားကြမလို့ …”

“ အမှုတစ်ခု ပေါ်လာလို့ … မင်းရောက်လာတာနဲ့ ကွက်တိပဲ .. ငါတို့နဲ့ လိုက်ခဲ့ ..” လီရှန်းဟွေ့ ပြောလိုက်သည်။

လင်းရီ “ ?? “

ငါက ကိုနန်လား … ရှားလော့ဟုမ်းလား …

ငါ ရောက်လာတာနဲ့ပဲ လိုက်စရာ အမှုက ရှိနေပြီတဲ့လား …

All Chapters