← Chapters

စက်ဆုပ်ဖို့ကောင်းတဲ့ ဖြစ်ရပ်

Vol. 128 Ch. 1919

စက်ဆုပ်ဖို့ကောင်းတဲ့ ဖြစ်ရပ်

Vol. 128 Ch. 1919

“ သူတို့ပြောတာ သမီး ဆရာမတွေနဲ့ တိုင်ရင် သူတို့က သည့်ထက် နာအောင်လုပ်မှာတဲ့ … အဲ့တာကြောင့်မို့ သမီး မပြောရဲဘူး ..” စွန်းပေ့ပေ့ ငိုပြီး ပြော၏။

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ မိဘတွေကိုရော မပြောပြဘူးလား ..”

စွန်းပေ့ပေ့ ခေါင်းခါယမ်းပြီး သူမ၏ မျက်ရည်များအား သုတ်လိုက်သည်။ “ အိမ်ကိုလည်း မပြောဖို့ သူတို့ ပြောထားတယ်…”

“ သူတို့ ဒီလိုမျိုး အနိုင်ကျင့်နေတာ ဘယ်လောက်ကြာပြီလဲ …”

“ ဂျူနီယာ အထက်တန်း ပထမနှစ် ၊ ဒုတိယ နှစ်ပတ်လည် စာမေးပွဲကတည်းကရင် ….”

လင်းရီ အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ ယခုဆို တတိယနှစ်၏ ဒုတိယ နှစ်ပတ်လည် စာမေးပွဲကာလသို့ ရောက်ပြီ ဖြစ်သဖြင့် ဤသို့ အနိုင်ကျင့်ခံနေရသည်မှာ ၂ နှစ် နီးပါး ရှိလေပြီ။

လင်းရီ စွန်းပေ့ပေ့၏ မိဘများဘက်သို့ လှည့်ပြီး “ ခင်များတို့ရဲ့ ကလေးက ဒီလောက် အချိန်ကြာကြီး အနိုင်ကျင့်ခံနေရတာတောင် ခင်များတို့က ကိုယ့်ကလေး ဘာတွေ ထူးခြားနေလဲ သတိမပြုမိကြဘူးလား …”

ဟန်ကွေ့ကျစ် အပြစ်မကင်းစွာ ငိုကြွေးရင်း “ နောက်ဆုံး စာမေးပွဲ ဖြစ်တုန်းက ကျွန်မ ခင်ပွန်း အူအတက်ခွဲပြီး ခဏလောက် ခွင့်ယူလိုက်ရတယ်.. တစ်နေ့ ကွန်မ ကလေးကို ရေချိုးပေးတော့ သူ့ကိုယ်ပေါ်မှာ အညိုအမည်းတွေ မြင်တော့ မေးကြည့်လိုက်တာ သူ့အတန်းဖော် သူငယ်ချင်းတွေ လုပ်တာ ပြောတယ်…”

အနီးနားတွင် ရှိနေသည့် စွန်းဖုမှာ သက်ပြင်းမောကြး ချလိုက်ပြီး ရင်ဘက်ထဲ ခဲဆွဲထားသကဲ့သို့ ခံစားနေရသည်။

ပြတင်းပေါက်ဘောင်များကိုသာ စိတ်တိုတိုဖြင့် တဒုန်းဒုန်း ထုနေလေသည်။

ဟန်ကွေ့ကျစ် ဆက်ပြော၏။ “ အဲ့ဒီနောက် ကျွန်မတို့ ကျောင်းကိုသွားပြီး ဆရာတွေနဲ့ စကားပြောတယ်… သူတို့လည်း အဲ့ဒီ ကလေးရဲ့ မိဘတွေကို ခေါ်ပြီး ဟိုဘက်က ယွမ် တစ်ထောင်နဲ့ နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးသွားတယ်… ဒါပေမယ့် ထင်မထားဘူး .. အခြေအနေတွေက ပိုပိုဆိုးလာပြီး ကျွန်မ သမီးလေးကို အမြင့်ကြီးကနေ ခုန်ချခိုင်းတဲ့အထိပဲ …”

စွန်းပေ့ပေ့ ပိုပြီး ကျယ်လောင်စွာ အော်ငိုလိုက်၏။

“ သမီးအမေ ကျောင်းကို ရောက်လာခဲ့လို့ပဲ သူတို့က နေ့တိုင်း အနိုင်ကျင့်ကြတာ … သမီးရဲ့ အင်္ကျီတွေဆိုလည်း ကတ်ကြေးတွေနဲ့ ညှပ်တယ်… ဆံပင်တွေလည်း ဆွဲပြီး သူတို့ရှေ့မှာ ဒူးထောက်ခိုင်းတယ်…”

“ အဲ့တုန်းက ခင်များတို့ ရဲကို ဘာလို့ အကြောင်းမကြားလဲ …” လင်းရီ မေးမြန်းလိုက်၏။

“ ကျွန်မသမီးရဲ့ ကျောင်းအမှတ်တွေက အရမ်းကောင်းတယ်… အတန်းထဲမှာ အမြဲတမ်း ထိပ်တန်းပဲ… သူ့ အတန်းဖော် တော်တော်များများက သူဌေး မိသားစုတွေဆိုတော့ ဆရာတွေကလည်း ရဲခေါ်မယ့် အကြံကို လက်လျော့ခိုင်းကြတယ်… တခြား ကလေးရဲ့ မိဘတွေက ချမ်းသာပြီး အဆက်အသွယ်ကောင်းတဲ့လူတွေဆိုတော့ ကျွန်မတို့သာ ရဲခေါ်လိုက်ရင် ပိုက်ဆံလည်း တပြားမှ ရတော့မှာ မဟုတ်သလို အခြေအနေလည်း ပိုပြီးတောင် ဆိုးသွားနိုင်တယ်…”

“ သူတို့က ကျောင်းနာမည် ထိခိုက်မှာ စိုးရိမ်နေတာပဲ …” ကူရိရန် ပြောလိုက်သည်။

လင်းရီ ခေါင်းညိမ့်လိုက်၏။

ထိုအကြောင်းပြချက်ကြောင့် ယခုလိုမျိုး ပြောဆိုနေသည်မှာ အသိသာကြီးပင်။

ထိုအချိန်တွင် အဖြူရောင်ကုတ်နှင့် အသက်သုံးဆယ်အရွယ် အမျိုးသမီး တစ်ဦး အထဲသို့ ဝင်လာသည်။

“ ဒေါက်တာဝမ် …”

အမျိုးသမီး၏ နာမည်က ဝမ်လီ ဖြစ်ပြီး စွန်းပေ့ပေ့ကို ကုသပေးနေသည့် ဒေါက်တာပင်။

ဝမ်လီ ခေါင်းညိမ့်လိုက်သည်။ “ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ကြားတာ ဒီကို ရဲတွေ ရောက်လာတယ်ပြောသံကြားလို့ ကျွန်မ ဘာကူညီနိုင်တာ ရှိလဲ လာကြည့်တာ ….”

“ ကလေးရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး မှတ်တမ်းထွက်ပြီလား … ကျုပ် တစ်ချက် ကြည့်ချင်တယ်…”

“ အပြင်းထန်ဆုံး ဒဏ်ရာက ဘယ်ဘက်ခြေကျင်းဝတ်ပဲ … အချိန်တချို့လောက် အနားယူဖို့ လိုမဘ်… ညာဘက်ခြေထောက်အောက်ပိုင်းကတော့ ဒီတိုင်း အသေးစား အရိုးအက်ရုံလောက်လေးပဲ .. ဒါပေမယ့် သုံးလေးလလောက်တော့ နားဖို့ လိုမယ်… အဲ့တာတွေက အရေးကြီးဆုံး ဒဏ်ရာတွေပဲ …”

ဒေါက်တာ ဝမ်လီက ပြောပြီးနောက် စွန်းပေ့ပေ့ကို စိုးရိမ် ပူပန်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။ “ တခြား အနာတရတွေကိုတော့ ရှင်တို့ဘာသာပဲ ကြည့်လိုက်ကြတော့ .. ကျွန်မတို့ စစ်ဆေးတုန်း တွေ့ရတာတော့ သီးသန့်နေရာတချို့မှာတောင် အပ်ရာတွေ မြင်ခဲ့ရတယ်… ဒီနေ့ခေတ် ကလေးတွေက အတော်ဆိုးရွားနေကြပြီပဲ …”

“ သေစမ်း …”

ကူရိရန် မည်သို့မျှ စိတ်မထိန်းနိုင်တော့ဘဲ အနီးရှိ ကုတင်အား ကန်ကာ ကျိန်ဆဲလိုက်မိသည်။

“ ကျေးဇူးပဲ ဒေါက်တာ …"

“ ကျွန်မ တာဝန်ပါပဲ … ကျွန်မရဲ့ အကူအညီ လိုအပ်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဆေးစာ တစ်ခုခု လိုအပ်တာပဲ ဖြစ်ဖြစ် ပြောပါ .. ကျွန်မ ကူညီပေးလို့ရတယ်…”

“ နားလည်ပြီ …”

လင်းရီ ထို့နောက် စွန်းပေ့ပေ့ကို ကြည့်လိုက်သည်။

“ မင်းကို အနိုင်ကျင့်တဲ့သူတွေရဲ့ နာမည် အစ်ကိုကြီးကိုပြော …”

“ ကျန်းယွီဟန် ၊ လီရန်ဖုန်း ၊ မာပိုကျန်း ၊ ကျိုးဇီဟန် ……. “

စွန်းပေ့ပေ့က နာမည် ဆယ်ခုကို တစ်ဆက်တည်း ရွတ်ပြသွား၏။

သူတို့ သုံးယောက်ကို ရှော့ခ်ရသွားခဲ့စေသည်က ထိုအထဲ ယောက်ျားလေးက လေးယောက်သာလျှင် ပါပြီး ကျန်သည့် ရှစ်ယောက်က မိန်းကလေးများ ဖြစ်နေခြင်းပင်။

ဤမျှ မိန်းကလေး အများအပြားက ယခုလို ရက်စက်သည့် ဖြစ်ရပ်၌ ပါဝင်ပတ်သက်နေလိမ့်မည်ဟူ၍ သူတို့တွေ ထင်မထားခဲ့ကြချေ။

“ ခင်များတို့ ဒီမှာနေပြီး ခင်များတို့ကလေးကို ဂရုစိုက်နေလိုက် .. ကျန်တာ ကျုပ်တို့ ကိုင်တွယ်လိုက်မယ်..”

“ အရာရှိကြီးတို့ … ကျေးဇူးပြုပြီး မျှမျှတတ ဖြစ်အောင် လုပ်ပေးခဲ့ပါဗျာ… ဒီလို အနိုင်ကျင့်တာက အရမ်း တရားလွန်သွားပြီ …”

လင်းရီ စွန်းဖု၏ ပခုံးကို ပုတ်လိုက်၏။

“ မပူနဲ့ ငါ့အစ်ကို … ကျုပ်ရဲ့ ရဲယူနီဖောင်းနဲ့ ကတိပေးတယ်… ဒီအတွက် သူတို့ တန်ကြေးပြန်ပေးဆပ်စေရမယ်…”

“ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ … အရာရှိကြီးတို့သာ မရှိရင် ကျုပ်တို့တော့ ဘာလုပ်လို့ လုပ်ရမှန်းတောင် သိတော့မှာ မဟုတ်ဘူး …”

“ အေးဆေးသာ နားနေ … တရားမျှတစေရမယ်…” လင်းရီ စွန်းဖုကို အာမခံပေးလိုက်သည်။

“ ဒါပေမယ့် ခင်များတို့ဘက်က အရေးကြီးတာ တစ်ခု လုပ်ပေးဖို့ လိုအပ်တာ ရှိတယ်…”

“ ဟုတ် ဟုတ် … ပြောပါ အရာရှိကြီး …” စွန်းဖုက ထပ်ခါတလဲလဲ ခေါင်းညိမ့်ပြီး ပြောသည်။

“ တကယ်လို့ ခင်များသမီးအတွက် တကယ့် တရားမျှတမှု အစစ်ကို လိုချင်တယ်ဆိုရင် ဘယ်သူတွေလာပြီး ဘယ်လို သီးသန့်ဖြေရှင်းဖို့ကို လာကမ်းလှမ်း ကမ်းလှမ်း … ခင်များ လုံးဝ သဘောမတူဖို့ လိုတယ်…”

ဤသို့သော အခြေအနေများ၌ ချမ်းသာသည့် လူကုံထံသို့ မည်သို့ ဖြေရှင်းလေ့ရှိကြောင်းကို လင်းရီ နောကြေနေပြီး ဖြစ်သည်။

အကယ်၍ နစ်နာသည့် မိသားစုဘက်ကသာ တစ်ဖက်သူ၏ ကမ်းလှမ်းမှုကို လက်ခံပြီး သီးသန့်ကြေအေးပေးလိုက်မည်ဆိုပါက သူလည်း ဤအမှုကို ဆက်လိုက်နိုင်တော့မှာ မဟုတ်ချေ။

“ တကယ်လို့ ခင်များက သူများတွေ ခင်များကို ကူညီပေးတာ လိုချင်ရင် ခင်များကိုယ်ခင်များ အရင်ကူညီရမယ်… မဟုတ်ရင် ဘယ်သူမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး …”

“ မပူပါနဲ့ … ဘယ်လို သီးသန့် နှစ်ကိုယ်ကြား ဖြေရှင်းမှုမျိုးကိုမှ ကျုပ် သဘောမတူဘူး … ကျုပ်တို့ သမီးလေးအတွက် တရားမျှတမှုရအောင် လုပ်ပေးရမယ်…”

“ ကောင်းတယ် .. ကျုပ် ကြားချင်တာ အဲ့စကားပဲ …” လင်းရီ သူတို့ကို သူ့ဖုန်းနံပါတ် ရေးထားသည့် စက္ကူအပိုင်းအစ တစ်ခု ပေးလိုက်သည်။

“ ဒါ ကျုပ်နံပါတ်ပဲ … တစ်ခုခုဆို ကျုပ်ကိုဆက်သွယ်လိုက် … ကျန်တာကို ကျုပ်တို့ ကိုင်တွယ်လိုက်မယ်.. ကျုပ်တို့ အခုသွားပြီ …”

“ ကျုပ် လိုက်ပို့ပေးပါ့မယ်…’

“ ရပြီ … ကျေးဇူးပဲ …”

သုံးယောက်သား လူနာခန်းထဲက ထွက်လာခဲ့ပြီး လင်းရီ ဝမ်လီကို အပြင်သို့ ခေါ်ထုတ်လိုက်၏။

“ ခင်များတို့ ဆေးရုံမှာ စိတ်ရောဂါ အထူးကု ဆရာဝန်တွေ ရှိတယ်မလား … ဒီကလေးမလေးကို သေချာ ကုပေးလိုက်စမ်းပါ …”

“ ကျွန်မတို့ဘက်က အားလုံး စီစဉ်ထားပြီးပြီ … အရာရှိကြီး စိတ်ပူဖို့ မလိုပါဘူး …”

“ အားလုံး စီစဉ်ထားပြီးပြီဆိုမှတော့ ကျုပ်တို့လည်း ထွေထူး မပြောတော့ဘူး … အရင် သွားနှင့်ပြီ …”

“ ကောင်းပါပြီရှင့် …”

သုံးယောက်သား ဆေးရုံထဲက ထွက်လာခဲ့ကာ ကားထဲသို့ ပြန်ရောက်လာသည်။

လင်းရီက ဒရိုင်ဘာနေရာတွင်ထိုင်၍ ကျိုးဟိုင် ၊ ယွီချိုင် အထက်တန်းကျောင်းသို့ ဦးတည်လိုက်သည်။

ကျောင်းသို့ ရောက်သည်တွင် ကျောင်းတံခါးက သော့ခတ်ထားသည်ကို မြင်တွေ့လိုက်ရ၏။ လုံခြုံရေး အစောင့်က လှမ်းကြည့်လိုက်ရာတွင် ရဲအရာရှိ ဖြစ်နေသည်ကို မြင်တော့ သူ မတားဆီး ဝံ့ဘဲ တံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်ရသည်။

သူတို့ သုံးယောက် ကျောင်းအဆောက်အဦးသို့ မောင်းလာသောအခါ အသက်လေးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အသက် သုံးဆယ် အရွယ် ရှိမည့် အမျိုးသမီးတစ်ဦးတို့ ကျောင်းအဆောက်အဦးထဲက ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့နှစ်ဦးက လင်းရီနှင့် ကျန်သူများကို အထဲသို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

အသက်သုံးဆယ် အရွယ်ရှိသည့် အမျိုးသမီး၏ နာမည်က ကျောက်ဟွေ့ဟွား ဖြစ်ပြီး ယွီချိုင် အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးပင်။

“ အရာရှိကြီးတို့ … ကြိုဆိုပါတယ်ခင်ဗျ…” လျိုဇီချန်းက အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ ကျုပ်တို့ ဒီကို ဘာကြောင့်လာလဲ ခင်များတို့ သိလား …”

နှစ်ယောက်မှာ အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး သူတို့ကိုယ်သူတို့ အဝတ်ဗလာနှင့် ဖော်ပြနေရသကဲ့သို့ ခံစားသွားခဲ့ရကာ “ ကျုပ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ … ကျုပ်က ယွီချိုင် အထက်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်ကြီး လျိုဇီချန်းပါ .. ဒါကတော့ ကျုပ်တို့ရဲ့ ကျောင်းအုပ်ကြီး .. ကျောက်ဟွေ့ဟွားပါ …”

“ ကျုပ် မေးခွန်းမေးနေတယ်လေ… ကျုပ်တို့ ရောက်လာတာနဲ့ ခင်များတို့နှစ်ယောက်က အပြေးအလွှား ထွက်လာတယ်ဆိုတော့ ခင်များတို့က ကျုပ်တို့အလာကို စောင့်နေကြတယ် ဟုတ်လား …”

All Chapters