← Chapters

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လိုကြီးမြတ်တဲ့ကောင်မို့လို့လဲ

Vol. 17 Ch. 230

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လိုကြီးမြတ်တဲ့ကောင်မို့လို့လဲ

Vol. 17 Ch. 230

ခြံဝင်းအပြင်ဘက်၌ ရဲမက်နှစ်ဦးသည် သူဖုန်းစားတစ်ဦးကို ဒူးထောက်ထားစေလျက် ဖိချုပ်ထားသည်။

ဤသူဖုန်းစားသည် အခြားသူဖုန်းစားများနှင့် အဝတ်အစား မတူပေ။ သူ၏အဝတ်များသည် အဝတ်စုတ်များဖြစ်သည့်တိုင် သန့်ရှင်းသပ်ရပ်နေသည်။ လမ်းများထဲတွင် ရောနှောသွားလာ၍ ပင်ပန်းကြီးစွာ ရှာဖွေစားသောက်ရသော ညစ်ပတ်ပေရေနေသည့် သူဖုန်းစားများနှင့် မတူပေ။

ချန်ကျဲ့ ထိုသူဖုန်းစားကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

“မင်း ရွေ့ရွေ့ကို ဘယ်ခေါ်သွားလဲဆိုတာ သိလား”

ချန်ကျဲ့ကို မြင်သောအခါ သူဖုန်းစားသည် တစ်ကိုယ်လုံးတုန်ယင်လာခဲ့၏။

ဤလူမှ ဖုန်းစစ်ကို သတ်လိုက်သည့်မြင်ကွင်းကို သူမျက်မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

ဤလူသည် ဖုန်းစစ်ကို သတ်ဖြတ်ရဲလေရာ သူတို့သည်လည်း သေချာပေါက် အဆုံးသတ်ကောင်းနိုင်လိမ့်မည် မဟုတ်ပေ။

ဤလူသည် ဤနေရာမှ ထွက်သွားပြီးနောက်တွင်လည်း ညီမဖြစ်သူကို ရှာမတွေ့နိုင်ပါက သူတို့၏ဦးခေါင်းများကို တစ်လုံးမကျန် မြေခစေလိမ့်မည်မှာ မသေချာပေ။

ချန်ကျိုစစ်၏ ရက်စက်မှုအပေါ် သူတို့၏သံသယမှာ ဖုန်းစစ်၏ဦးခေါင်း ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည့် အချိန်မှစတင်၍ ပျောက်ကွယ်သွားခဲ့လေပြီ။

သူဖုန်းစားသည် အသက်မဆုံးရှုံးချင်သောကြောင့် အမှန်အတိုင်း ထုတ်ပြောတော့သည်။

“ကျွန်တော် သိတယ်။ သူ့ကို ကျွန်တော် ခေါ်သွားခဲ့တာ”

ထိုအခါ ချန်ကျဲ့မှ မေးသည်။

“မင်းသူ့ကို ဘယ်ကို ပို့လိုက်လဲ”

“ကျွန်တော့်အသက်ကို ချမ်းသာပေးနိုင်မလား”

ချန်ကျဲ့၏ စစ်မေးမှုတွင် သူဖုန်းစားသည် သူ၏အတွေးကို ထုတ်ပြော၏။ ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“မင်းကိုယ်မင်း ငါနဲ့ အပေးအယူလုပ်နိုင်တဲ့ အ‌ခြေအနေမှာ ရှိနေတယ်လို့ ထင်နေလား”

သူဖုန်းစားမှ ပြောသည်။

“ကျွန်တော် မကောင်းတာလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အကုန်လုံးက ဖုန်းစစ် အတင်းအကျပ်ခိုင်းလို့ လုပ်ရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ လူကြီးမင်းချန်!”

ချန်ကျဲ့မှ ပြောသည်။

“ငါမင်းကို မသတ်ဘူး”

“ကျွန်တော့်ကို ကြင်နာမှုနဲ့ သက်ညှာပေးတဲ့အတွက် လူကြီးမင်းချန်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်!”

ချန်ကျဲ့မှ ဆက်ပြောသည်။

“အခု လူကို ဘယ်ပို့လိုက်လဲဆိုတာ ပြောပြလို့ရပြီလား”

“ယီးဟုန်ဂေဟာကိုပါ”

“ဘယ်ကို?”

“ယီးဟုန်ဂေဟာပါ!”

သူဖုန်းစားမှ ထပ်မံပြောဆိုသည်။ ချန်ကျဲ့ သိသိသာသာ မျက်မှောင်ကြုတ်သွားရကာ ချက်ချင်း မေးလိုက်သည်။

“ယီးဟုန်ဂေဟာလား?!”

“ဟုတ်ပါတယ်၊ ယီးဟုန်ဂေဟာပါ။ အဲဒါက ဖုန်းစန်းရဲ့အမိန့် မဟုတ်ဘဲ သခင်၄ရဲ့အမိန့်ပါ။ လူကြီးမင်းရောက်မလာခင်လေးကမှ လူကို သွားပို့ခဲ့တာပါ။ အခုလောက်‌ဆို ယီးဟုန်ဂေဟာကို ရောက်ရုံပဲ ရှိပါဦးမယ်”

ချန်ကျဲ့ မျက်နှာတင်းမာသွား၏။

သူ မျန့်ရွှေစီရင်စုမြို့ကို ရောက်ရှိသည်မှာ မကြာမြင့်သေးသည့်တိုင် ဤမြို့အတွင်းရှိ လက်လွတ်စပယ် မထိပါးသင့်သော အချို့နေရာများကို ချန်ကျဲ့ သတိထားမိပါ၏။

ကုန်သည်အဖွဲ့ကြီးနှစ်ဖွဲ့အပြင် ယီးဟုန်ဂေဟာသည်လည်း အထူးသတိထားရန် လိုအပ်သည့် နေရာတစ်ခုဖြစ်ပြီး ရင်ဆိုင်ရန် ခက်ခဲသည့် ‌နေရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားပေသည်။

၎င်း၏ အပြုံးရောင်းချရုံမျှသော အပြင်ပန်းသွင်ပြင်ကြောင့် လှည့်စားမခံလိုက်လေနှင့်။ ၎င်း၏နောက်ခံမှာ သံမဏိတမျှ ခိုင်မာလွန်းသည်မှာ လုပ်ငန်း၏ အစုရှယ်ယာဝင်တစ်ဦးမှာ မျန့်ရွှေစီရင်စု ရာဇဝတ်တရားသူကြီးတစ်ဦး ဖြစ်နေသည်အထိပင်။

ရာဇဝတ်တရားသူကြီးသည် မျန့်ရွှေစီရင်စုတစ်ခုလုံး၌ မြင်းနှစ်ကောင်ပြေးဆွဲသော ရထားလုံးကိုစီးနိုင်သည့် တတိယမြောက်လူဖြစ်သည်။

ဤသည်မှာ အပြင်ဘက်ကို ထုတ်ပြထားသည့် အင်အားဖြစ်ပြီး နောက်ကွယ်တွင်လည်း အင်အားကြီးသူတစ်ယောက် ရှိနေသေးသည်။ ထိုသူမှာ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သည့် မျက်နှာနီမှတစ်ပါး အခြားမဖြစ်နိုင်ပေ။

ဤလျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာနီသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ယီးဟုန်ဂေဟာ၌ နေထိုင်သည်။ မျက်နှာနီသည် လူရှေ့ထွက်လှုပ်ရှားခြင်းမှာ အလွန်ရှား‌ပါးသော်ငြား တကယ်တမ်း လှုပ်ရှားချိန်တွင်လည်း သူ၏သိုင်းကွက်များသည် မိုးကြိုးသွားအလား အလွန်လျင်မြန်သည်။

ယီးဟုန်ဂေဟာသို့ ခေါ်ဆောင်သွားခံရသည့် ရွေ့ရွေ့ကို ကယ်တင်ခြင်းသည် ရာဇဝတ်တရားသူကြီးနှင့် မျက်နှာနီတို့ကို ကျော်ဖြတ်ရမည်ဟု ဆိုလိုပေသည်။

ထိုပုဂ္ဂိုလ်နှစ်ဦးနှင့် နှိုင်းယှဉ်လိုက်ပါက အင်အားနည်းပါးပြီး အဆင့်အတန်းနိမ့်ပါးသည့် ချန်ကျဲ့အတွက်မူ ရွေ့ရွေ့ကို ကယ်တင်ခြင်းသည် အရဲစွန့်စိန်ခေါ်မှုကြီးဟု သတ်မှတ်နိုင်ပါ၏။

ထိုသို့အတွေးများဖြင့် ချန်ကျဲ့သည် ဖုန်းစစ်၏ အကြံအစည်ကို နားလည်သွားသဖြင့် တိတ်ဆိတ်သွားသည်။ ယီးဟုန်ဂေဟာ၌ ဂေဟာ စတင်တည်ထောင်ချိန်မှ စတင်၍ နှစ်ပေါင်းနှစ်ဆယ်နီးပါးအတွင်း ပြန်လည်ရွေးနုတ်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။ ယီးဟုန်ဂေဟာသို့ ဝင်ရောက်ခြင်းသည် နေ့အလင်းရောင်ချို့တဲ့သည့် ဘဝဟု ဆိုလို၏။

“ကျိုစစ်၊ ငါတို့သေချာ စဉ်းစားဖို့လိုတယ်။ ယီးဟုန်ဂေဟာရဲ့ အဆက်အသွယ်တွေက ငါတို့လက်လှမ်းမီနိုင်တာထက် ပိုတယ်။ ငါတို့ မဆင်မခြင် လှုပ်ရှားလို့မရဘူး!”

မကောင်းမှုကို ထက်သန်ပြင်းပြစွာ ရွံရှာစက်ဆုပ်သည့် ဝူဟုန်ပင်လျှင် ဤကိစ္စမှာ ပြဿနာရှိနိုင်သည်ဟု ခံစားရကာ ချန်ကျဲ့အား သတိနှင့်‌ပြုမူရန် အကြံပေးလာခဲ့သည်။

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် နားလည်ပါတယ်”

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“ဒီလူက အခု အစ်ကိုဟုန်ရဲ့ တာဝန်ဖြစ်သွားပြီ။ ကျန်တဲ့သူတွေကိုတော့ ကျွန်တော် သတ်လိုက်မယ်”

“ကျိုစစ် ဥပဒေဆိုတာရှိသေးတယ်!”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မကောင်းတဲ့ကောင်တွေက ဥပဒေရဲ့အကာအကွယ်နဲ့ မထိုက်တန်ဘူး!”

ဝူဟုန်သည် တစ်ခုခုထပ်ပြောလိုသော်ငြား ချန်ကျဲ့မှ အမိန့်ပေးသည်။

“ညီနောင်တို့ သူတို့ကိုသတ်ပစ်လိုက်တော့။ တစ်ယောက်မှ သက်ညှာမပေးနဲ့!”

ချန်ကျဲ့၏ ထိုစကားတွင် ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မျက်လုံးအစုံတို့တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တောက်ပလာသည်။ သူတို့သည် ဤသူဖုန်းစားတစ်သိုက်၏ ပြောပြ၍မရနိုင်လောက်အောင်သော အပြုအမူများကြောင့် ဒေါသထွက်နေကြပြီးဖြစ်ရာ ဓားများကိုဆွဲထုတ်၍ ခြံဝင်းအတွင်းရှိ သူဖုန်းစားများကို စတင် ခုတ်ပိုင်းတော့သည်။

စိုးစဉ်းသော်မျှ သက်ညှာမပေးချေ။

လူသားဆန်မှုကို နင်းခြေတဲ့သူတွေက အသက်ရှင်ဖို့ မထိုက်တန်ဘူး။

အမျက်ဒေါသအလျောက် ချန်ကျဲ့သည် ဦးခေါင်းဒါဇင်ကျော်ခန့်ကို မြေပြင်သို့ ခုတ်ဖြတ်ချလိုက်သည်။ ရဲမက်များမှ ချမ်းသာပေးထားသည့် ကျန်ရှိသည့် သူဖုန်းစားအနည်းငယ်မှာမူ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။ ထိုသူဖုန်းစားများမှာ ဝူဟုန်အနေဖြင့် အောင်မြင်မှုအချို့ကို ပြသရန်လိုအပ်သောကြောင့် ချန်ကျဲ့ ချန်ထားပေးခြင်းဖြစ်သည်။ မိမိ၏အမျက်ဒေါသကို ဖြေဖျောက်ရုံသာမက မိမိ၏ညီအစ်ကိုအတွက် တိကျသေချာသည့် ဖြေရှင်းချက်များလည်း ချန်ထားပေးရပေမည်။

သူ၏သွေးသောက်ညီနောင်များအတွက်မူ မည်သို့လုပ်ဆောင်သင့်ကြောင်း ချန်ကျဲ့ သိသည်။

ချန်ကျဲ့ အတွင်းခန်းထဲရှိ ကျိုးချူကို အော်ခေါ်လိုက်သည်။

“လောင်ကျိုး”

“အင်း ကျိုစစ်?”

ကျိုးချူ၏ တုံ့ပြန်သံကြားသည်နှင့် ချန်ကျဲ့မှ ညွှန်ကြားသည်။

“ဒီက နောက်ပိုင်းကိစ္စတွေကို မင်းကို အပ်ထားခဲ့မယ်။ ငါ ယီးဟုန်ဂေဟာကို သွားလိုက်ဦးမယ်”

“ကျိုစစ် မင်း ခဏစောင့်၊ ငါမင်းနဲ့ လိုက်ခဲ့မယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မလိုဘူး။ ငါက သွားတိုက်ခိုက်မှာ၊ မင်း ဒီမှာပဲ ကိစ္စတွေရှင်းကျန်နေခဲ့”

ထိုသို့ပြောခဲ့ပြီး ချန်ကျဲ့သည် လက်တွင် လှံရှည်ကိုကိုင်ဆောင်၍ ခြံဝင်းထဲမှ ထွက်သွားတော့သည်။ ထိုအခါ ကျိုးချူသည် လက်ဝှေ့ရမ်းလျက် ငါးဖမ်းကုန်သည်အဖွဲ့သား၆ယောက်ကို ချန်ကျဲ့နှင့် လိုက်သွားရန် အချက်ပြလိုက်သည်။

ထို့နောက် ရုတ်ချည်း အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်သည်။ အဖွဲ့တစ်ဖွဲ့သည် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းသို့ အမြန် ဦးတည်သွားသည်။ ချန်ကျဲ့သည် ယီးဟုန်ဂေဟာသို့ လူတောင်းရန် သွားမည်ဖြစ်ကြောင်း ကျိုးချူသိသည်။ ဒါပေမဲ့ ချန်ကျဲ့ တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါ့မလား။

သို့ဖြင့် ကျိုးချူသည် သူ၏ယောက္ခထီးကြီး စွင်းပုအာသို့ အကူအညီတောင်းခံရန် လူလွှတ်လိုက်ခြင်းဖြစ်သည်။

ခေါင်းဆောင်ဟောင်းကြီး စွင်းပုအာသည် စွမ်းအင်ပြောင်းလဲခြင်းကျင့်ကြံမှုအဆင့် မရှိနိုင်ပေ။ သို့သော် ကိုယ်ရံတော်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်‌တစ်ဦးအနေဖြင့် အဆက်အသွယ် ပေါများ၏။ စွင်းပုအာသည် သိုင်းလောက၌ ဩဇာလွှမ်းမိုးမှုအချို့ ပိုင်ဆိုင်ထားသည်မှာ ယီးဟုန်ဂေဟာပင်လျှင် သူ့အား အတော်အတန် လေးစားမှုထား၍ ဆက်ဆံရလေသည်။

စွင်းပုအာမှ သွားရောက်ညှိနှိုင်းပါက ချန်ကျဲ့ ဆုံးရှုံးရသည်တို့ကို ပြန်လည်ပြုပြင်ကောင်း ပြုပြင်နိုင်ပေလိမ့်မည်။

နောက်တစ်ဖွဲ့မှာ ဖုန်းရှစ်ကျုံးသို့ လက်ရှိအခြေအနေများကို အကြောင်းကြားရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ တွန်းအားပေးမည်ဆိုပါက ဖန်းရှစ်ကျုံး၏ ဩဇာအာဏာသည် အကျိုးသက်ရောက်မှုရှိနိုင်၏။

ကျိုးချူ ထိုနှစ်ဖွဲ့စလုံးကို ချက်ချင်း စေလွှတ်ခဲ့သည်။

…

ထိုစဉ် ယီးဟုန်ဂေဟာ အနောက်ခြံဝင်း၌ အိမ်တော်ထိန်းသည် အသစ်ရောက်လာသည့် မိန်းကလေးတစ်သုတ်ကို စစ်ဆေးကြည့်ရှုနေသည်။

မိန်းကလေးများသည် အရွယ်အစားစုံလင်၏။ အချို့သည် ၁၁နှစ်၊ ၁၂နှစ်ခန့်ဖြစ်၍ အနည်းငယ် အသက်ကြီးသည်။ နောက်တစ်နှစ်၊ နှစ်နှစ်ကျော်ခန့် အနည်းငယ်မျှ ထိန်းကျောင်းပျိုးထောင်ပြီးနောက်တွင် ဧည့်သည်များကို စတင်ဖျော်ဖြေပေး‌နိုင်လောက်လေပြီ။

အနည်းငယ်မျှ ပျိုးထောင်ပြီး တိုးတက်ကြီးပြင်း‌စေခြင်းဖြင့် ပို၍ အလားအလာကောင်းနိုင်သော အသက်ငယ်ရွယ်သည့် မိန်းကလေးများလည်း ပါဝင်သည်။

ဤမိန်းကလေးငယ်လေးများကို ယီးဟုန်ဂေဟာ၏ အိမ်တော်ထိန်းမှ ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်– အလွန်တရာ အလားအလာကောင်းမွန်သူများသာလျှင် ရွေးချယ်ခံရလေ့ရှိပေသည်။

အိမ်တော်ထိန်းအဖြစ် အဆင့်မီသူများမှာ အလားအလာကောင်းသူများကို ရှာဖွေဖော်ထုတ်ရာ၌ ထိပ်တန်းအဆင့်ရှိသူများ ဖြစ်ကြ၏– သူတို့သည် ‘ကလေးငယ်များ၏ ကြီးပြင်းမှု'ကို မြင်တွေ့နိုင်သည့် ကျွမ်းကျင်မှုမျိုးကို ပိုင်ဆိုင်ကြသည်။ အသက်၄နှစ်၊ ၅နှစ်အရွယ်ခန့်ရှိ မိန်းကလေးတစ်ဦးသည် အလှလေးအဖြစ် ကြီးပြင်းလာနိုင်ခြင်း၊ လေ့ကျင့်ပျိုးထောင်ရနိုင်သည့် အလားအလာရှိနိုင်ခြင်း စသည်တို့ကို ကြိုတင်မှန်းဆနိုင်ပေသည်။

All Chapters