← Chapters

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၅

Vol. 17 Ch. 228

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၅

Vol. 17 Ch. 228

ချန်ကျဲ့သည် မိုးကောင်းကင်အောက်မှ မတရားမှုအားလုံးကို ပြုပြင်ဖယ်ရှားရန် တာဝန်ရှိသည်ဟု ခံစားတတ်သည့် သူတော်စင်တစ်ဦး မဟုတ်ပါ။

သူသည် စံထားထိုက်သည့် စံပြလူသားတစ်ဦးလည်း မဟုတ်ပါချေ။ သူ့တွင်လည်း သူ၏ကိုယ်ပိုင်အကြံအစည်များ တည်ရှိပါ၏။ သို့သော် သူ့တွင် အတိုင်းအတာရှိသည်။

သူသည် လူစင်စစ်များကို အဘယ်သို့များ ခွေးများ၊ ဝက်များကဲ့သို့ ဆက်ဆံနိုင်ပါအံ့နည်း။ အထူးသဖြင့် အကြီးဆုံးမှ ၁၂နှစ်အရွယ်ခန့်သာ ရှိနိုင်လောက်ပြီး အငယ်ဆုံးမှာ ရွေ့‌ရွေ့ကဲ့သို့ ၅နှစ်၊ ၆နှစ်ခန့်မျှသာ ရှိနိုင်လောက်မည့် ကလေးများကို ဖြစ်သည်။

ဤကလေးများ၏ ခြေလက်များကို ရက်ရက်စက်စက် ဖြတ်တောက်ပစ်ခြင်း

ဤသနားစရာကလေးငယ်များကို မသန်စွမ်းကလေးများအဖြစ် ပြောင်းလဲပစ်ခြင်း အားလုံးတို့မှာ ပိုက်ဆံရှာရန်အတွက် ဖြစ်ခဲ့လေသည်။

ဘယ်လိုတောင် ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းဆိုးဝါး‌တွေလဲ!

ဘယ်လိုတောင် လူမဆန်လိုက်သလဲ!

ထို့ပြင် ရွေ့ရွေ့မှာ ခေါ်သွားခံလိုက်ရပြီး မည်သည့်နေရာသို့ ခေါ်သွားလိုက်သည်ကိုလည်း မသိရသေးပေ။

သို့ဖြစ်ရာ ချန်ကျဲ့မှာ အဘယ်သို့များ ဒေါသမထွက်ဘဲ ရှိနိုင်ပါအံ့နည်း။ အဘယ်သို့များ သတ်ဖြတ်လိုစိတ်များ မဖြစ်ပေါ်လာနိုင်ပါအံ့နည်း။

သို့ဖြင့် ချန်ကျဲ့သည် အင်အားအကြီးမားဆုံး သိုင်းကွက်ကို ထုတ်လွှတ်တိုက်ခိုက်ခဲ့သည်။

ဤသိုင်းတစ်ကွက်တွင် ယန်ချွမ်ကျင့်စဉ် “ချင်းမင်”ပါဝင်၏။ ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်းထားသည့် သိုင်းကွက်တစ်ကွက်သည် ၎င်းသိုင်းကွက်၏ အကြီးမားဆုံးသော အင်အားကို ထုတ်လွှတ်နိုင်ပေသည်။

ချန်ကျဲ့သည် လှံရှည်ကိုကိုင်ဆွဲလျက် စက်ဝိုင်းသဏ္ဍာန်များအတိုင်း ခြေရာကောက်တိုက်ခိုက်သည်။ ထို့နောက် ဖုန်းစစ်ကို ၎င်းစက်ဝိုင်းအတွင်း ပိတ်လှောင်သည်။

ထိုအခိုက်အတန့်၌ ဖုန်းစစ်သည် ထူထပ်သိပ်သည်းသည့် မြူခိုးထုအတွင်း ကျရောက်သွားသည့်အလား ရှေ့ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ မျက်လုံးတို့ကို မှေးကျဉ်း၍ အာရုံစူးစိုက်ကြည့်ခြင်းဖြင့်သာ ရှေ့မြင်ကွင်းကို မှန်းဆနေရလေသည်။

ထို့နောက် ချန်ကျဲ့သည် လှံရှည်ကို အရှေ့သို့ အားပြင်းပြင်း ထိုးသွင်းတိုက်ခိုက်သည်။

၎င်းထိုးသွင်းတိုက်ခိုက်မှုသည် ‌မြူခိုးထုကို ဖြတ်သန်း၍ ဖုန်းစစ်၏ မျက်လုံးရှေ့တည့်တည့်တွင် ရပ်တန့်သွား၏။

ဖုန်းစစ်မှာ ထိတ်လန့်သွားရပြီး သူ၏တစ်ဖက်သွားဓားရှည်ဖြင့် အမြန်ဟန့်တားရန် ကြိုးပမ်းသည်။ သံထည်ချင်း ထိခတ်သံကျယ်ကြီး မြည်ဟီးသွား၏…

ဖုန်းစစ်သည် ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ပြီး တစ်ဖက်သွားဓားရှည်ဖြင့် ဟန့်တားခဲ့သည်။ သို့သော် သူသည် လက်ဦးမှုကို ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။

ထို့နောက် ချန်ကျဲ့သည် ဒုတိယအကြိမ် ထပ်မံ၍ ထိုးသွင်းတိုက်ခိုက်သည်။

‎“မြစ်ရေပြင်ထက်က နေဝင်ချိန်၊ အထီးကျန်မှု အငွေ့အသက်တွေဟာ ‌တန်းတန်းမတ်မတ် အထက်ကိုပျံတက်သွားတယ်၊ မိုင်ထောင်ချီပျံသန်းတဲ့ ငန်းတွေဟာ မိတ်ဆွေဟောင်းကို အမှတ်ရလေတယ်၊ တတိယမြောက် လှံက ခွဲခွာခြင်းဖြစ်တယ်!”

ဤတစ်ကြိမ် ထိုးသွင်းတိုက်ခိုက်မှုသည် အားပြင်း၍ လေးလံသည်။ ဖုန်းစစ်၏လက်ထဲရှိ တစ်ဖက်သွားဓားရှည်ကို လျှပ်တစ်ပြက်အတွင်း လွင့်ထွက်သွားစေရာ ဖုန်းစစ်၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားရသည်။ ထို့နောက် ချန်ကျဲ့၏လှံရှည်သည် သူ၏လည်မျိုသို့ တိုက်ရိုက်ဦးတည်လာ၏။ သို့သော် လှံရှည်ထိပ်ဖျားမှ ဖုန်းစစ်၏လည်မျိုကို ထိုးဖောက်လုနီးတွင် ချန်ကျဲ့သည် လှံရှည်ကို ဦးတည်ချက်ပြောင်းစေ၍ ဖုန်းစစ်၏ လက်ယာပခုံးကို ထိုးစိုက်သွားစေလိုက်သည်။

ဖုန်းစစ်သည် ပြင်းထန်လှစွာသော အားဖြင့် နံရံထက်တွင် တန်းလန်း ထိုးစိုက်ခံလိုက်ရ၏။

“အား~”

ဖုန်းစစ် နာကျင်စွာ အော်ညည်းလိုက်သည်။ သူ၏မျက်နှာမှာ အမျက်ဒေါသများ ဖုံးလွှမ်းနေသည်။

ချန်ကျဲ့သည် ဖုန်းစစ် လက်ထဲမှ ပြုတ်ကျသွားသည့် တစ်ဖက်သွားဓားရှည်ကို ကောက်ယူလိုက်ပြီး ဖုန်းစစ်၏လည်တိုင်သို့ ချိန်ရွယ်လိုက်သည်။

“ပြောစမ်း ငါ့ညီမ ဘယ်မှာလဲ!”

ဖုန်းစစ်သည် ခန္ဓာကိုယ်ကို ထိုးဖောက်ခံထားရသည့် နာကျင်မှုကြောင့် ရှုံ့တွနေ၏။ အတော်လေး သည်းမခံနိုင်လောက်အောင် နာကျင်နေသည့်တိုင် ချန်ကျဲ့ကို မော့ကြည့်လာပြီးနောက် ရယ်မောလေသည်။

“ဟားဟားဟား… ချန်ကျိုစစ် ဟားဟား… မင်း ငါ့ကို ရိုက်နှက်တော့ရော ဘာဖြစ်လဲ၊ မင်း ဘယ်တော့မှ မင်းညီမကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးကွ ဟား ဟား ဟား…”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မင်း တကယ်ပဲ သူ့ကို ဘယ်မှာဝှက်ထားတာလဲ”

“မသိဘူး!”

ဖုန်းစစ်သည် ပြောင်ပြောင်တင်းတင်း ဖီဆန်နေ၏။ ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။

“မင်း သေချင်နေတာလား”

“သေမယ်? ဟားဟားဟား… ချန်ကျိုစစ် မင်းငါ့ကို သတ်ရဲလို့လား”

“ငါက ဘာလို့ မသတ်ရဲရမှာလဲ”

“မင်း ငါ့ကိုသတ်လိုက်ရင် မင်းညီမ ရှိနေတဲ့နေရာကို မင်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ မင်း ငါဘယ်သူလဲ သိရဲ့လား။ ငါ့အစ်ကိုက ဖုန်းစန်းကွ!”

“မင်း ငါ့ကိုသတ်ရဲရင် ငါ့အစ်ကိုက သေချာပေါက် မင်းကို ‌ဓားချက်ပေါင်းထောင်ချီ ခုတ်ပိုင်းပစ်လိမ့်မယ်။ ဖန်းရှစ်ကျုံးလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး!”

“ဟားဟားဟား… ဟားဟားဟား…”

ဖုန်းစစ်သည် မိမိကိုယ်ကိုယ် အထင်ကြီးဘဝင်ခိုက်နေခဲ့သည်။ ‌သူသည် နှစ်ပေါင်းများစွာအတွင်း မြောက်များစွာသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ သို့တိုင် ပုံမှန်အားဖြင့် သူ့ကို မထိပါးနိုင်ပေ။ သူ၏အစ်ကိုသည် သူဖုန်းစားဂိုဏ်း၏ အလေးပေးခံရသူဖြစ်ပြီး ခေါင်းဆောင်ကြီးမှ ‌ဌာနချုပ်သို့‌ စေလွှတ်ခြင်းကိုပင် ခံယူရသူဖြစ်သည်။ သူ၏အစ်ကိုသည် ဌာနချုပ်ရှိ အစောင့်အရှောက်တစ်ဦး၏ တရားဝင်ဂိုဏ်းတပည့်တစ်ဦးဖြစ်ပြီး တစ်ဖက်သွားဓားသိုင်း၊ ရွှေကျီးတစ်ဖက်သွားဓားသိုင်းတို့ကို သင်ယူခဲ့ရသည်။

သူ၏အစ်ကိုဖုန်းစန်းသည် နောင်တက်မည့် မျန့်ရွှေစီရင်စု သူဖုန်းစားဂိုဏ်း၏ ခေါင်းဆောင်လောင်းလျာဟုပင် ကောလာဟလများ ရှိပေသည်။

ထိုအဆင့်အတန်းကို ဖန်းရှစ်ကျုံး၏ မွေးစားသားတစ်ဦးက အဘယ်သို့များ ယှဉ်နိုင်ပါမည်နည်း။

ထို့ပြင် သူ၏အစ်ကိုဖုန်းစန်းသည် ကာကွယ်ပေးတတ်သော အမူအကျင့်ဖြင့် ကျော်ကြားသူဖြစ်သည်။ သူ့တွင် တစ်စုံတစ်ခုဖြစ်သွားခဲ့ကြောင်း သူ၏အစ်ကိုဖုန်းစန်း ကြားသိသွားပါက ချန်ကျိုစစ်လည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့သည် ဖုန်းစစ်၏ ယုံကြည်ချက်ပြည့်လျှံနေသော အပြုအမူကိုကြည့်လျက် မျက်လုံးအိမ်တို့ မှေးကျဉ်းလိုက်သည်။

“ငါက ခြိမ်းခြောက်တာကို အမုန်းဆုံးပဲ”

“ငါမင်းကို ခြိမ်းခြောက်မိလို့လား။ ငါမင်းကို ခြိမ်းခြောက်မိလို့လား”

“ဟားဟား… ငါက ဒီတိုင်း မင်းငါ့ကို သတ်လိုက်ရင် မင်းလည်း သေဘေးက ပြေးမလွတ်နိုင်ဘူးဆိုတဲ့ အချက်ကို ပြောပြပေးရုံပါ”

“ပြီးတော့ မင်းညီမကို တစ်သက်လုံး ရှာမတွေ့နိုင်တော့ဘူးဆိုတာကိုရောပေါ့။ ပြီးတော့ ငါက ဒီအကြောင်းအရာကို ထာဝရ နှစ်ထောင်းအားရဖြစ်နေမှာ။ မင်းလည်း မင်းရဲ့ညီမလေးကို လူအိုကြီးတွေလက်ထဲမှာ ဒုက္ခမခံစားစေချင်ပါဘူး ဟုတ်တယ်မလား။ မင်းညီမလေးက ဒီလောက်ငယ်ရွယ်ပြီး ဝဝကစ်ကစ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတာကို လူမဆန်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရပြီး အနိုင်ကျင်ခံနေရင်း သူ့ရဲ့အစ်ကိုကြီးကို ငိုယိုတမ်းတနေမှာကို မင်းတကယ်ပဲ သည်းခံနိုင်မှာလား”

“အင်း စဉ်းစားကြည့်လိုက်တော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲနော် မဟုတ်ဘူးလား”

“သူဘယ်မှာလဲ!”

ချန်ကျဲ့၏အသံသည် သိသိသာသာ ဒေါသခက်ထန်လာ၏။

“ဟားဟား အနားကပ်ခဲ့လေ”

ဖုန်းစစ်သည် ရယ်မောလျက် ချန်ကျဲ့ကို အနားကပ်လာရန် အချက်ပြသည်။ ထို့နောက် တီးတိုးပြော၏။

“ဒူးထောက်ပြီး ငါ့ကိုတောင်းပန်‌လေ။ ပြောမရဘူး ငါမင်းကို ပြောပြချင် ပြောပြလိုက်နိုင်တာပဲပေါ့”

“ဒါပေါ့ မပြောပြတာလည်း ဖြစ်နိုင်တာပဲ ဟားဟားဟား…”

ဖုန်းစစ်သည် အနည်းငယ် စိတ်ဖောက်ပြန်နေသည်မှာ သေချာ၏။ အရူးအနှမ်းတစ်ယောက်ကဲ့သို့ အသွင်အပြင်မျိုး ဖြစ်နေပေသည်။ ဤသို့ အလွန်ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို လုပ်ဆောင်နိုင်သည်မှာ အံ့ဩဖွယ်မဟုတ်တော့ချေ။

ချန်ကျဲ့ ဖုန်းစစ်ကို တစ်ချက် စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်သွားဓားရှည်ကို ဖုန်းစစ်၏ပေါင်သို့ ထိုးစိုက်လိုက်သည်။

အသားစုတ်ပြဲသံနှင့်အတူ ပေါင်မှာ ထိုးဖောက်ခံလိုက်ရ၏။

“ရှူး… ဟားဟားဟား ရှူး ဟားဟားဟား… ပျော်စရာကောင်းသားပဲ။ လာ မင်းအဖိုးငါ့ကို နောက်နှစ်ချက်လောက် ထပ်ထိုးပါဦး။ ဖိုးဖိုး ငါက မင်းကို ပြောပြမလား ကြည့်ရအောင်လေ ဟားဟားဟား လာ လာစမ်းပါ…”

ဖုန်းစစ်သည် ရူးရူးနှမ်းနှမ်း ရယ်မောနေခဲ့သည်။

ချန်ကျဲ့ ဖုန်းစစ်ကို ဓားဖြင့် နောက်တစ်ချက် ထိုးလိုက်သည်။ ဤတစ်ကြိမ်ဓားချက်သည် ပို၍နက်ရှိုင်းပြီး ထိုးသွင်းနေရင်း ဓားဒဏ်ရာကို လှည့်မွှေလိုက်သေးသည်။

ဤသို့နာကျင်မှုသည် သာမန်လူများ ခံနိုင်ရည်ရှိနိုင်သည့် နာကျင်မှုမျိုး မဟုတ်ပေ။ သို့တိုင် ဖုန်းစစ်သည် ရယ်မောနေဆဲပင်။

ဖုန်းစစ်သည် တကယ်ကြီး ရူးသွပ်နေခြင်းပင်။ နာကျင်မှုကို စိုးစဉ်းမျှ ကြောက်ရွံ့မှုမရှိပေ။

“ဟားဟားဟား… ချန်ကျိုစစ်၊ ဆက်လုပ်လေ ဆက်လုပ်လေ။ မင်းငါ့ကို ဓားနဲ့ ဘယ်နှကြိမ်ပဲ ထိုးပါစေ ငါမင်းကို ‌တစ်နေ့မှာ သေချာပေါက် ပြန်လက်တုံ့ပြန်မှာ။ မဟုတ်ဘူး၊ အဲ့လိုက ပျင်းဖို့ကောင်းတယ်။ ငါကြားဖူးတာတော့ မင်းမှာ ငယ်ရွယ်လှပတဲ့ ဇနီးလေးရှိတယ်ဆို။ အဲဒီတော့ ငါ ဒီကိစ္စအတွက် သူ့အပေါ် လက်တုံ့ပြန်လိုက်မယ်။ မင်း အရမ်းကြီး မစိုးရိမ်ပါနဲ့။ ငါသူ့ကို နည်းနည်း နည်းနည်းချင်းစီ အပိုင်းပိုင်းလှီးဖြတ်ပြီး မင်းဆီ ပြန်ပို့ပေးပါ့မယ် ဟားဟားဟား…”

All Chapters