ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၂
Vol. 17 Ch. 225
ချန်ကျဲ့သည် လှံရှည်ကိုကိုင်၍ ငါးဖမ်းကုန်သည်အဖွဲ့သားနှစ်ဦး ကန်ထုတ်ခံလိုက်ရသည့်ဘက်သို့ ကြည့်လိုက်သည်။
ထိုစဉ် လူတစ်ဦးသည် ကျယ်လောင်စွာ ရယ်မောလျက် ခြံဝင်းထဲမှ ထွက်လာသည်။
“ဘယ်ငါးဖမ်းကုန်သည်အဖွဲ့သားက သူဖုန်းစားဂိုဏ်းရဲ့ နယ်မြေထဲမှာ သောင်းကျန်းရဲတဲ့အထိ သတ္တိကောင်းနေတာများလဲ”
ထိုအသံနှင့်အတူ ပိုးထည်များ အလျှံပယ်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်လာသည်ကို ချန်ကျဲ့ မြင်လိုက်ရသည်။ ချန်ကျဲ့ မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး မေးလိုက်သည်။
“ဘယ်သူလဲ”
“အနောက်မြို့ သူဖုန်းစားဂိုဏ်း အနောက်မြို့ ဒုခေါင်းဆောင် သခင်ဖုန်းစစ်ပဲ”
ချန်ကျဲ့မှ မျက်လုံးပြူးသွားသည်။
“ဘယ်လိုတောင် ဘဝင်မြင့်လိုက်တဲ့ အသံလဲ။ ငါးဖမ်းကုန်သည်အဖွဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သခင်လို့ တပ်ခေါ်ရဲတဲ့သူ အများကြီး မရှိလှဘူး”
ချန်ကျဲ့သည် စကားလုံးများ ဖြုန်းတီးမနေပေ။
“သခင်ဖုန်းစစ် ဟုတ်လား။ မင်းဒီနေ့ဖမ်းလာတဲ့ ကလေးတွေကို လွှတ်ပေးစမ်း!”
“ကလေးတွေ ဟား ကလေးတွေက ဘယ်ကနေ ဒီနေရာကို ရောက်လာမှာလဲ”
သခင်၄(ဖုန်းစစ်)မှ ရယ်မောသည်။ သူ၏ မျက်နှာအမူအရာသည် သေဆုံးပြီးသား ဝက်သည် ရေနွေးဆူဆူကို မကြောက်ရွံ့သည့်အလား ဖြစ်သည်။
ထိုအခါ ချန်ကျဲ့မှ ဒေါသတကြီးဖြင့် ပြောသည်။
“မင်းက အကုန်လုံးကို ငြင်းဖို့ရည်ရွယ်ထားတယ်ပေါ့လေ”
“ငြင်းတယ်? ငါတကယ်ကို ဘာမှမသိတာပါ။ နယ်မြေတစ်ခွင်မှာ ငါတို့သူဖုန်းစားဂိုဏ်းက ဖြောင့်မတ်မှန်ကန်မှုနဲ့ ကျော်ကြားတယ်။ ကောင်းကင်ဘုံနဲ့ ကျိုးကြောင်းဆီလျော်မှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ကျူးလွန်မယ့်အစား အစာငတ်ပြတ်ပြီး သေဆုံးသွားရဖို့ ဆန္ဒရှိတယ်။ မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ပါးစပ်ထဲရောက်မှ ဘယ်လိုလုပ်ပြီး ငါတို့က ကလေးတွေကို ပြန်ပေးဆွဲတဲ့ ခွင့်မလွှတ်နိုင်စရာ ရာဇဝတ်သားတွေ ဖြစ်ကုန်ရတာလဲ။ ဟားဟား ငါတို့က ပြန်ပေးသမားတွေမှ မဟုတ်တာ၊ ဘာလို့ ကလေးတွေကို ဖမ်းရမှာလဲ”
“ပေါက်ကရတွေ! ပြီးတော့ မင်း၊ ညအချိန်ကြီးမှာ ငါတို့သူဖုန်းစားဂိုဏ်းရဲ့ စုရပ်ထဲကို လူတွေခေါ်လာပြီး ငါတို့လူတွေကို ထိခိုက်အောင်လုပ်တယ်။ မင်းတကယ်ပဲ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ငါ မင်းတို့ရဲ့ ခန်းမအရှင်သခင်နဲ့ ခေါင်းဆောင်ကို ဒီအကြောင်း ကျိန်းသေပေါက် မေးမြန်းရလိမ့်မယ်”
“မဟုတ်မှ မင်းက ငါတို့သူဖုန်းစားဂိုဏ်းမှာ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ တွေးနေတာများလား”
သခင်ဖုန်းစစ်၏မျက်နှာအမူအရာသည် ဒေါသဖြစ်နေသော မျက်နှာအမူအရာအဖြစ် ပြောင်းလဲသွားပြီး လက်ဝှေ့ရမ်းလိုက်သည်။ ထို့နောက်တွင် သူဖုန်းစား ၄၀၊၅၀ ခန့်သည် အနီးဝန်းကျင်ရှိ အိမ်များမှ ထွက်လာသည်။ ကြည့်ရသည်မှာ ဤနေရာသည် အတော်လေး လူဦးရေထူထပ်သည့် ပုန်းကွယ်ရာနေရာ ဖြစ်ပုံရပေသည်။
ချန်ကျဲ့သည် စိုးရိမ်ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။
“အပြောကတော့ ချောမွေ့နေတာပဲ။ သူဖုန်းစားဂိုဏ်းမှာ မင်းလိုလူ ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားမိဘူးပဲ။ အဲဒီလိုဆိုမှတော့ ငါမင်းကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းမယ်။ အခု ငါ့ကိုပြော၊ ဒီနေ့ ကလေးတွေကို လက်လွှဲပေးမလား မပေးဘူးလား!”
“လက်လွှဲပေးစရာ တစ်ယောက်မှ မရှိဘူး!”
သခင်ဖုန်းစစ်သည် ချန်ကျဲ့ကို ပျက်ရယ်ပြုနေ၏။ သူသည် ဖန်းရှစ်ကျုံး၏ မွေးစားသားမှာ မည်မျှအထိ ကိုင်တွယ်နိုင်စွမ်းရှိလိမ့်မည်ကို သိချင်နေခဲ့သည်။
သို့တိုင် ချန်ကျဲ့၏မျက်နှာသည် အမူအရာကင်းမဲ့နေဆဲပင်။ သူလက်ဝှေ့ရမ်းလိုက်၏။
“ရှာကြ!”
“အတင့်ရဲလိုက်တာ!”
သခင်ဖုန်းစစ်သည် ဟိန်းဟောက်လိုက်ပြီး လက်ထဲမှ တစ်ဖက်သွားဓားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။
“ဒီနေရာက သူဖုန်းစားဂိုဏ်းရဲ့ အဓိက ဌာနချုပ်နေရာပဲ။ လှုပ်ရှားရဲတဲ့သူ ဘယ်သူပဲဖြစ်စေ အဲဒါက သူဖုန်းစားဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ တောင်းဆိုလိုက်တာပဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဒီနေ့ မင်းက ကောင်းကင်ဘုံရဲ့ စွမ်းအားရှင်နတ်ဘုရားဖြစ်နေရင်တောင်မှ ငါကတော့ ဒီနေရာကို ရှာဖွေဦးမှာပဲ”
“မင်း ခွင့်ပြုတာ မပြုတာကို ငါဂရုမစိုက်ဘူး!”
ချန်ကျဲ့ သခင်ဖုန်းစစ်ကို မျက်လုံးမှေးကျဉ်းကြည့်လိုက်သည်။ သတ်ဖြတ်လိုခြင်း အငွေ့အသက်များသည် သူ၏မျက်လုံးထဲတွင် ထင်ထင်ရှားရှား တောက်ပနေသည်။ ထိုသို့ ကြမ်းကြုတ်ခက်ထန်မှုကို မြင်တွေ့သည့်တိုင် သခင်ဖုန်းစစ်သည် စိုးစဉ်းသော်မျှ ဂရုမစိုက်ဘဲ ရယ်မောနေလေသည်။
“ဟားဟားဟား… မင်း တခြားသူတွေကို ခြိမ်းခြောက်နိုင်ပေမဲ့ ငါ့ကိုတော့ မရဘူး။ ငါက မင်းကို ကြောက်မယ်များ ထင်နေလား!”
ထို့နောက် သခင်ဖုန်းစစ်သည် ဓားရှည်ကို ခန္ဓာကိုယ်ရှေ့တွင် အသင့်ပြင်ထားလိုက်သည်။
“ရှေ့တိုးလာရဲတဲ့သူ သေရမယ်!”
ချန်ကျဲ့မှ ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ၊ ငါကိုယ်တိုင် စမ်းကြည့်ပါရစေ”
ထိုသို့ပြောလျက် ချန်ကျဲ့သည် ရှေ့တိုးသွားပြီး လှံရှည်သည် မြေပြင်ကို တူးခြစ်သွားရာ ထယ်ကြောင်းကဲ့သို့ ဖြစ်တည်သွား၏။
သခင်ဖုန်းစစ်မှ ရယ်မောသည်။
“ကောင်းတယ်။ ငါးဖမ်းကုန်သည်အဖွဲ့က တကယ့်ကို အရည်အချင်းရှိတာပဲ။ ဒါဆို ငါကပဲ ဖန်းရှစ်ကျုံးအစား မင်းရဲ့သတ္တိသွေးကို စမ်းသပ်ပေးပါရစေ”
ထို့နောက် ချန်ကျဲ့သည် လှံရှည်ဖြင့် အပြင်းအထန် တိုက်ခိုက်တော့သည်။
ထိုအခါ ချန်ကျဲ့သည် လှံကို ကန်လိုက်။ လှံရှည်သည် နဂါးတစ်ကောင်ကဲ့သို့ ထိုးတက်သွားပြီး ဖုန်းစစ်၏ တစ်ဖက်သွားဓားရှည်ကို ဟန့်တားလိုက်သည်။ ထို့နောက် လှံထိပ်ကို လှုပ်ခါလိုက်ရာ လှုပ်ရှားမှုပုံစံကို ဝေဝါးစေပြီး ဖုန်းစစ်ကို အမြန်နှုန်းဖြင့် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်စေခဲ့သည်။
သခင်ဖုန်းစစ်၏ တစ်ဖက်သွားဓားရှည်သည် အလွန်ကြမ်းကြုတ်၏။ သူသည် သိုင်းလောကတွင် ကျော်ကြားသည့် “ရွှေကျီးတစ်ဖက်သွားဓားသိုင်း”ကို အသုံးပြုခြင်း ဖြစ်သည်။
ဤတစ်ဖက်သွားဓားသိုင်းသည် ရက်စက်ကြမ်းကြုတ်ပြီး စွမ်းအင်ပြောင်းလဲမှုအဆင့် သိုင်းပညာတစ်မျိုးဖြစ်သည်။ ၎င်းသည် သူ၏အစ်ကိုဖြစ်သူ ဖုန်းစန်းမှ အလေးထားကျင့်ကြံသော သိုင်းပညာဖြစ်ပြီး သူဖုန်းစားဂိုဏ်း၏ ဌာနချုပ်ကြီးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အဆိုအရ ၎င်းသိုင်းပညာကို သူဖုန်းစားဂိုဏ်း၏ အကြီးအကဲမှ ဖန်တီးထားခြင်းဖြစ်ကာ သိုင်းကွက်၃၂ကွက် ပါဝင်၍ ၃၂ကွက်ရွှေကျီးတစ်ဖက်သွားဓားသိုင်းဟုလည်း ခေါ်ကြသည်။
လှုပ်ရှားမှုများသည် ကျယ်ပြန့်ကာ အားပြင်းထန်ပြီး တောက်လောင်နေသည့် နေမင်းကို အမိန့်ပေးနေသည့်အလား အလွန်ခမ်းနားသည်။
သခင်ဖုန်းစစ်သည် ၎င်း ရွှေကျီးတစ်ဖက်သွားဓားသိုင်းဖြင့် ချန်ကျဲ့ကို ဒေါသတကြီး တိုက်ခိုက်သည်။ “ရှည်လျားသော တိုက်ခိုက်မှုသည် ပို၍အားကောင်းပြီး၊ တိုတောင်းသည့် တိုက်ခိုက်မှုသည် ပို၍စွန့်စားမှုကြီးမားသည်”ဟူသည့် နိယာမကို နားလည်၏။ ထို့ကြောင့် ဖုန်းစစ်သည် အမြန်ချဉ်းကပ်ပြီး ချန်ကျဲ့ကို လှံရှည်အား အသုံးပြုနိုင်မည့် အခွင့်အရေး မပေးပေ။
ဤတစ်ကြိမ်၌ ချန်ကျဲ့မှ လှံရှည်သိုင်းကို အသုံးပြုနေစဉ်တွင် ဖုန်းစစ်၏ အနီးကပ်တိုက်ခိုက်မှုကြောင့် သူ့ဘက်မှ အကျိုးနည်းနေသည့် အခြေအနေ ဖြစ်နေရသည်။
သို့သော် ချန်ကျဲ့သည် ဖုန်းစစ်၏အင်အားကို တိုင်းတာနိုင်ခဲ့သည်။ ဖုန်းစစ်၏ အရည်အချင်းသည် အမှန်တကယ်ကို မှတ်သားဖွယ်ဖြစ်ပါ၏။
သူတို့နှစ်ဦး၏အင်အားသည် သာတူညီမျှဖြစ်သည်ဟု ထင်ရသည်။ နှစ်ဦးစလုံးသည် နွဲ့ပျောင်းအရွတ်အဆင့် ဖြစ်ကြသည်။
ထိုစဉ် ဖုန်းစစ်သည် ချန်ကျဲ့၏အသက်ကို ဦးတည်သည့် တိုက်ခိုက်မှုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲတိုက်ခိုက်သည်။
ချန်ကျဲ့သည် လှံရှည်ဖြင့် အနီးကပ်ပိတ်ဆို့၍ ခုခံမှုကို ပို၍ အာရုံစိုက်ထား၏။ ယန်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ ရေထိန်းချုပ်လက်ဝါးသိုင်းကို ခုခံမှုအတွက် အသုံးပြုပြီး ဖုန်းစစ်၏ အနီးကပ်တိုက်ခိုက်မှုကို ရင်ဆိုင်သည်။
ထိုစဉ် ချန်ကျဲ့မှ အမိန့်ပေးသည်။
“လောင်ကျိုး လူတချို့ စုပြီး ငါ့ကို လူရှာဖို့ ကူညီပေး!”
ထိုအခါ ကျိုးချူမှ ရုတ်ချည်း ပြန်အော်ပြောသည်။
“သိပြီ! လာ ငါ့နောက်လိုက်ခဲ့ကြ!”
ထိုသို့ပြောလျက် ကျိုးချူသည် လူတစ်စုကို ဦးဆောင်ပြီး တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ ထိုအခါ ဖုန်းစစ်မှ ဒေါသတကြီးဖြင့် အော်ငေါက်၏။
“ရပ်စမ်း! မင်းတို့ လူရမ်းကားကောင်တွေ၊ ငါတို့သူဖုန်းစားဂိုဏ်းရဲ့ အတွင်းခြံဝင်းထဲကို ကျူးကျော်ရဲသလား!”
ထို့နောက် ဖုန်းစစ်သည် ချန်ကျဲ့ထံမှ ခွာ၍ ကျိုးချူကို တိုက်ခိုက်ရန် ကြိုးပမ်းသည်။
ထိုအခါ ချန်ကျဲ့သည် ဖုန်းစစ်ကို အလွတ်မပေးပေ။ လှံရှည်ကို ဖုန်းစစ်အနီးကပ်၍ လှည့်လိုက်ပြီး အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။ နောက်ဆုံးတွင်တော့ သူ၏လှံရှည်၏ အင်အားကို ပွင့်ထွက်စေနိုင်လေပြီ။
ချန်ကျဲ့သည် လှံရှည်ဖြင့် ဖုန်းစစ်၏ဦးခေါင်းသို့ ဦးတည်တိုက်ခိုက်သည်။
ဖုန်းစစ်သည် ချန်ကျဲ့၏လှံရှည်ကို သူ၏တစ်ဖက်သွားဓားဖြင့် အဝေးသို့ တွန်းထုတ်ရန် ကြိုးပမ်းရင်း ရှောင်ဖယ်လိုက်သည်။
သို့သော် ဖုန်းစစ် အတွေးလွန်သွားခဲ့သည်။ လှံရှည်အသုံးပြုသူသည် ဗဟိုချက်ကို တစ်ဖန်ပြန်ထိန်းချုပ်ပြီး လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်!
လှံရှည်သည် ဖုန်းစစ်၏ဦးခေါင်းကို သဲသဲမဲမဲ တိုက်ခိုက်နေလေရာ ဖုန်းစစ်မှာ မနားတမ်း ကွေ့ပတ်ရှောင်တိမ်းနေရတော့သည်။ ဖုန်းစစ်သည် သိုင်းကွက်များစွာ ပြုလုပ်ပြီးသည့်တိုင် လွတ်မြောက်နိုင်ခြင်းမရှိကြောင်း သိလိုက်ရလေသည်။ ဖုန်းစစ်သည် ရုတ်ချည်း ထိုင်ချလိုက်ပြီး တရုတ်ရိုးရာဘဲခြေလှမ်းဖြင့် ရှေ့တိုးသွားလိုက်သည်။ တစ်ချိန်တည်းတွင် ချန်ကျဲ့၏ခြေထောက်များကို သူ၏ တစ်ဖက်သွားဓားရှည်ဖြင့် ခုတ်ပိုင်းသည်။
ဤသည်မှာ [ရွှေကျီးတစ်ဖက်သွားဓားသိုင်းမှ တရုတ်ရိုးရာဘဲသိုင်းကွက်] ဖြစ်သည်။
ချန်ကျဲ့သည် အမြန် ခြေထောက်ကို နောက်ဆုတ်ရှောင်တိမ်းလိုက်၏။ သို့ဖြင့် ခြံဝင်းတံတိုင်းသို့ ရောက်ရှိသွားရာ ခြံဝင်းတံတိုင်းကို ခြေနင်းကန်၍ ဂျွမ်းထိုးရှောင်တိမ်းလိုက်သည်။ ထိုအခါ ဖုန်းစစ်၏ လေးလံသည့်ဓားချက်သည် ခြံဝင်းတံတိုင်းကို ခုတ်ပိုင်းသွား၏။ တံတိုင်းမှာ ကြီးမားသည့်အက်ကြောင်းကြီး ဖြစ်တည်သွားပြီး နေရာတိုင်း၌ အင်္ဂတေများ ပြန့်ကျဲသွားစေသည်။
ချန်ကျဲ့သည် ဂျွမ်းထိုးရှောင်တိမ်းပြီးနောက် ကိုယ်ကို လှည့်ပတ်လိုက်ပြီး “နောက်ပြန်တိုက်ခိုက်ခြင်း” လှံသိုင်းကွက်ဖြင့် တိုက်ခိုက်လိုက်သည်။
ဝုန်း!
ချန်ကျဲ့သည် လှံရှည်ဦးထိပ်ဖျားကို ခြံဝင်းတံတိုင်းသို့ ထိုးစိုက်သွားစေလိုက်၏။ ထိုးစိုက်သွားသည့်နေရာမှာ ဖုန်းစစ်၏ဦးခေါင်းနှင့် လက်မ အနည်းငယ်မျှသာ ကွာဝေးပေသည်။