← Chapters

အမည်မသိသွေးမျိုးဆက်

Vol. 28 Ch. 391

အမည်မသိသွေးမျိုးဆက်

Vol. 28 Ch. 391

    ...

    "ရှင် တစ်ခုခုကို စိုးရိမ်နေပုံရတယ်။ ဘာတွေဖြစ်ခဲ့လို့လဲ"

    အာရန်တစ်ယောက် တစ်စုံတစ်ခုကြောင့် စိတ်ဒုက္ခရောက်နေပုံရသဖြင့်  ရှုယင်ကမေးလိုက်သည်။

    အာရန်မှာ ရှုယင်အား လှည့်ကြည့်လိုက်ပြီး အားတင်းကာ ပြုံးပြလိုက်ရသည်။

    စာရေးဆရာဆိုသူပုဂ္ဂိုလ်ဆီမှ သူ ရရှိခဲ့သော အဖြေအကြောင်းကို ယခုတိုင် စဉ်းစားနေမိသဖြင့် သူ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေဆဲပင်။

    [လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က]

    "ကျုပ်ရဲ့ မသိရသေးတဲ့ သွေးမျိုးဆက်က ဘာလဲ" ဟု အာရန်သည် သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသော စာရေးဆရာဆိုသူအား မေးလိုက်၏။

    အာရန်သည် ဤကမ္ဘာအကြောင်း အရာအားလုံးကို မသိနိုင်သေးသော်လည်းအကြောင်းအရာ အများစုကိုမူ အကြမ်းဖျင်း နားလည်နိုင်ခဲ့ပြီးဖြစ်သည်။

    အနည်းဆုံး သူသည် ဤကမ္ဘာတွင် ဆက်လက်အသက်ရှင်ရပ်တည်လိုပါက ပိုမိုအားကောင်းလာရန်လိုအပ်သည် ဆိုသည့် အခြေခံအချက်ကိုမူ နားလည်နိုင်သည့် အခြေအနေအထိ ရောက်ရှိနေခဲ့ပြီးဖြစ်၏။

    အကယ်၍ အာရန်သည် သူသာ ပိုမိုအားကောင်းလာချင်ပါက သူ၏ ကန့်သတ်ချက်များကို ချိုးဖျက်ရန် နည်းလမ်းနှစ်ခု ရှိနေခဲ့သည်။

    အာရန်သည် သူ၏ ကျင့်ကြံခြင်းကို ချိတ်စည်းတံဆိပ်ဖြည်ရန် အရှင်သခင်များထံမှ သွေးစက်တစ်စက်စီ ရယူရမည့်နည်းလမ်းကို အသုံးပြုနိုင်သည်။

    သို့မဟုတ် အဓိကဇာတ်လိုက်များကို လိုက်လံရှာဖွေသတ်ဖြတ်ခြင်းဖြင့် သူ၏ အမည်မသိ သွေးမျိုးဆက်ကို ပြီးပြည့်စုံအောင်လုပ်သည့်နည်းလမ်းကိုလည်း ဦးစားပေးနိုင်လေသည်၊။

    အာရန်သည် ဝိညာဥ်လမ်းလျှောက်သူနှင့် တိုက်ခိုက်ရန် ယာယီစည်းတံဆိပ်ဖြည်သည့် အဆောင်ကို အသုံးပြုခဲ့မိစဉ်က မူလ ရန်နစ်ခရိုလိုင်း၏ အစွမ်း တစ်စွန်းတစ်စကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

    ထိုစဥ်က သူသည် ကျင့်စဥ်အဆင့်အလွန်နိမ့်သေးသဖြင့် ထိုချိတ်စည်းဖြည်၍ ရရှိခဲ့သောစွမ်းအားကို အလွန် အံ့သြဖွယ်ကောင်းသော စွမ်းအားဟုပင် အထင်တကြီး ဖြစ်ခဲ့ကာ သူ၏ အားကိုးရာ ဝှက်ဖဲတစ်ခုအဖြစ်မှတ်ယူခဲ့မိသည်။

    သို့သော် ယခုတွင်မူ သူသည် ထိုချိတ်စည်းဖြေခြင်း မရှိပါဘဲနှင့်ပင် အရှင်သခင် တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဟု ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိလာခဲ့ပြီဖြစ်၏။

    အာရန်သည် ယခုအချိန်အထိ ဖြစ်သန်းခဲ့သမျှ ခရီးစဥ် တစ်လျှောက်လုံးတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ချိတ်စည်းဖြေနိုင်ရန်ကိုသာ ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်လေသည်။

    သူ၏ စနစ်မှလည်း ထိုအရာအတွက် သူ့အားလမ်းကြောင်းပေးနေသည်ဟုပင် ခံစားမိသည့် အခိုက်အတန့်များရှိခဲ့ဘူးလေသည်။

    ယခုမူ ၎င်းသည် သူ့အတွက် မလုံလောက်သေးကြောင်း နားလည်လိုက်ပြီဖြစ်သည်။

    အဘယ်ကြောင့်ဆိုသော် အတိတ်က ရန်နစ်ခရိုလိုင်းသည် သူ၏ ကျင့်ကြံခြင်းအစွမ်းကို အပြည့်အဝ အသုံးပြုနိုင်ခဲ့မည်ဖြစ်သည်။

    ရန်နစ်ခရိုလိုင်းသည် မည်မျှ အားကောင်းခဲ့စေကာမူ သူကိုယ်သူ ကာကွယ်နိုင်ခြင်းတော့ မရှိခဲ့ပေ။

    ထို့ကြောင့်သာ သူ၏ ကျင့်ကြံခြင်းသည် ချိတ်စည်းတံဆိပ်ခတ်နှိပ်ခြင်း ခံခဲ့ရကာ ဝါးမြိုသူပင်လျှင် သူ့အတွက်နှင့် သေဆုံးခဲ့ရသေး၏။

    အတိတ်က ရန်နစ်ခရိုလိုင်းသည်ပင် ထိုအရှင်သခင် များကို မကိုင်တွယ်နိုင်ခဲ့ပါက ယခု သူကကော ကိုင်တွယ်နိုင်ပါမည်လော...။

    အာရန်တွင် သူ ဝါးမြိုထားသော သွေးမျိုးဆက်အစွမ်း အမျိုးမျိုးရှိနေခဲ့ပြီ ဖြစ်သော်လည်း သူ လိုချင်သော ရလဒ်တစ်ခုကို ရယူနိုင်မည်ဟုမူ အာမခံနိုင်ခြင်း မရှိသေးပေ။

    ထို့အပြင် ဤကမ္ဘာတွင် အရှင်သခင် များသာ ရှိသည် မဟုတ်ပေ။

    သန့်စင်ပရောဟိတ်မ အလုပ်အကျွေးပြုနေသော နတ်ဘုရားမဖရေယာ ကဲ့သို့ သူမသိနိုင်သေးသည့် တည်ရှိမှုများလည်းရှိနေသေးသည့်အပြင် စာရေးဆရာဆိုသူ ကိုယ်တိုင်ကပင် အလွန်ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်ကြောင်း သက်သေခံလျက် ရှိနေသည်မဟုတ်ပါလော....။

    ဒုတိယရွေးချယ်မှုမှာ အာရန်အနေဖြင့်ပင် ဘာဖြစ်လာနိုင်မည်မှန်း မခန့်မှန်းနိုင်သေးသော အရာတစ်ခုဖြစ်နေသည့်အပြင် ၎င်းသည် အမှန်တကယ် ဘာလုပ်နိုင်စွမ်းရှိသည်ကိုပင် သူ လုံးဝ သိမနေခဲ့ပေ။

    အာရန်သည် မေးခွန်းဘောက်ချာကို ပထမဆုံးအကြိမ် အသုံးပြုခဲ့မိစဉ်က ထိုစာရေးဆရာဆိုသူက သူ့အား လေဟာနယ်ကို ဆွဲဖြဲ၍ သွားလာနိုင်လောက်အောင် အားကောင်းလာနိုင်စေရန် အဓိကဇာတ်လိုက်များ အားလုံးကို သတ်ပစ်ရမည်ဟု တစ်ချက်ပြောခဲ့ဘူးသည်။

    အဓိကဇာတ်လိုက်လေးဦးကို သတ်ခြင်းဖြင့် သူ၏ ထိုအမည်မသိ‌သွေးမျိုးဆက်ကို လုံးဝ နိုးထလာစေနိုင်မည်ဆိုသည့်အယူအဆသည် အမှန်တကယ်ကော ဖြစ်နိုင်ပါ့မလား...။

    ရဲ့လန်အား သတ်ဖြတ်နိုင်ခဲ့ခြင်းမှ ၂၅% နိုးထလာခဲ့ခြင်းကကော မတော်တဆမှု သက်သက်ပင်လား...။

    သို့မဟုတ် ထိုအရာများအားလုံးတွင် ဆက်နွယ်မှုတစ်ခုခု အမှန်တကယ် ရှိနေခဲ့၍လော....။

    ထိုသွေးမျိုးဆက်အကြောင်း ပိုမိုမသိရသေးဘဲ သူသည် အဖြေတစ်ခုကို မည်သည့်နည်းနှင့်မျှ သိရှိရန်

 မဖြစ်နိုင်ခဲ့ပေ။

    အာရန်သည် သူ၏ ထိုသွေးမျိုးဆက်ကို အနာဂတ်အစီအစဥ်များအတွက် မည်မျှ အရေးပါကြောင်း သိလိုနေခဲ့သည်။

 ၎င်းက သူ၏ ချိတ်စည်းတံဆိပ်ဖြည်ခြင်းအတွက် အရှင်သခင် များကို လိုက်လံရှာဖွေခြင်းထက်ကော ပို၍အရေးကြီးနိုင်ပါ့မလားဆိုသည့်အချက်ကိုလည်း သိရှိလိုနေခဲ့၏။

    ၎င်းအမည်မသိ သွေးမျိုးဆက်သည် အပြည့်အဝ မနိုးထလာနိုင်သေးခင်မှာပင် ဝါးမြိုသူသွေးမျိုးဆက်နှင့် ကောင်းကင်ပင်လယ်နဂါးသွေးမျိုးဆက်တို့ ကဲ့သို့သော အဆင့်မြင့် သွေးမျိုးဆက်များကိုပင် ဖိနှိပ်နိုင်နေပြီးဖြစ်၏။

    ထို့ကြောင့်လည်း ၎င်းတို့အား တစ်ခုနှင့်တစ်ခု အချင်းချင်း ပဋိပက္ခမဖြစ်စေဘဲ သူ၏ ခန္ဓာကိုယ်အတွင်းတွင် တည်ရှိစေနိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။

    ဝါးမြိုသူသွေးမျိုးဆက်သည် ကမ္ဘာပေါ်ရှိ အခြားသွေးမျိုးဆက်များအားလုံးကို ဝါးမျိုနိုင်သော ထူးခြားသည့် သွေးမျိုးဆက်တစ်မျိုးဖြစ်ပြီး ၎င်းအား ဤကမ္ဘာတွင် အမြင့်ဆုံးအဆင့်တစ်ခုတွင်ရှိသော သွေးမျိုးဆက်တစ်ခုဟုလည်း မှတ်ယူနိုင်လေသည်။

    ကောင်းကင်နဂါးသွေးမျိုးဆက်သည်လည်း အဆင့်အမြင့်ဆုံး သွေးမျိုးဆက်တစ်ခုပင်ဖြစ်သည်။

    အာရန်၏ ပင်လယ်နဂါးသွေးမျိုးဆက်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် ကောင်းကင်နဂါးသွေးမျိုးဆက်အဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်သောကြောင့် ၎င်းက ကန့်သတ်ချက်များကို ချိုးဖျက်လိုက်ပြီးဖြစ်သည်ဟုလည်း ယူဆ၍ရလေ၏။

    ဤသွေးမျိုးဆက်နှစ်ခုစလုံးသည် ထိုအမည်မသိသွေးမျိုးဆက်အား ဖိနှိပ်နိုင်လောက်သည်အထိ အားကောင်းနေခဲ့ သင့်သော်လည်း လက်တွေ့မှာမူ လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့ရသည်။

    သူ၏ စနစ်ကိုယ်တိုင်သည်ကပင် ဤသွေးမျိုးဆက်အကြောင်းနှင့် ပတ်သတ်၍ အမည်နာမကိုပင် ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

    စနစ်သည် ကောင်းကင်နဂါးသွေးမျိုးဆက်ကို ဖော်ထုတ်ခြင်း၊ အချိန်များကိုထိမ်းချုပ်ခြင်း သို့မဟုတ် အခြားထူးခြားသည့် ဆုလာဘ်များကို ပေးခြင်းတို့တွင်ပင် မည်သည့် ပြဿနာမျှမရှိခဲ့ကြောင်း သိရှိထားခဲ့ပြီးဖြစ်သည်။

    ထိုသို့ဆိုပါက ဤ အမည်မသိ သွေးမျိုးဆက်သည် အချိန်၊ နေရာ ကန့်သတ်ချက်များထက်ပင် ကျော်လွန်နေခြင်းလော...။

    အာရန်သည် စာရေးဆရာဆိုသူ၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ပို၍ပင် အံ့အားသင့်သွားခဲ့မိလေသည်။

    ထိုပုဂ္ဂိုလ်သည် ယခင်က ထိုကဲ့သို့တစ်ခါမျှ မပြုမူဘူးခဲ့ပေ။

    အာရန်မှာ ဤကဲ့သို့ မေးခွန်းမျိုး မေးလိမ့်မည်ဟု ထိုပုဂ္ဂိုလ် မှ ဘယ်တုံးကမျှ မမျှော်လင့်ထားခဲ့သည့်အလားပင်။

    ထိုပုဂ္ဂိုလ်သည် သံကြိုးများ၏ ကန့်သတ်ချက်များကို အပြင်းအထန် ခုခံရန်ကျိုးစားလိုက်သော်လည်း ထိုသံကြိုးများရှိဥပဒေများကို သူကိုယ်တိုင်ပင် လွန်ဆန်နိုင်ခြင်း မရှိခဲ့ပေ။

    "ဒီသွေးမျိုးဆက်ကို သွေဖယ်ခြင်း (Paradox ) လို့ ခေါ်တယ်" ဟု သွေးမျိုးဆက်၏အမည်ကို ပြောပြလိုက်ပြီးသည်နှင့် ထိုပုဂ္ဂိုလ်သည် သူ၏ တည်ရှိမှု ကိုယ်တိုင်ကပင် တစ်စုံတစ်ရာကြောင့် ထိတ်လန့်တကြား တုန်ယင်သွားခဲ့သည်ဟု ခံစားမိလိုက်သည်။

    စာရေးဆရာဆိုသူမှာ ထိုအရာကို ဖြေဆိုပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တွင် ပြင်းထန်‌သော မိုးခြိမ်းသံကြီးများ ကြားလိုက်ရ

လေသည်။

    တစ်ချိန်တည်းမှာပင် အာရန်၏ ရှေ့တွင်လည်း စနစ်ဆီမှအချက်အလက်ပြဖန်သားပြင်တစ်ခု ပေါ်လာခဲ့၏။

    ထိုဖန်သားပြင်ရှိ အရာအတော်များများသည် အာရန်အတွက် ယခင်ကအတိုင်း အတူတူပင်ဖြစ်သော်လည်း အရေးပါသော ပြောင်းလဲမှုအနည်းငယ်တော့ ရှိလာခဲ့သည်။

    .........

    [အမည်: အာရန် (ရန်နစ်ခရိုလိုင်း)]

    [အဆင့်: ၄၁]

    [အချက်အလက် : မိစ္ဆာဂိုဏ်း ၏ မဟာအကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

    [အဓိက ပင်မသွေးမျိုးဆက်: သွေဖယ်ခြင်း? (၂၅%)]

    [ဒုတိယ ပင်မသွေးမျိုးဆက်များ: ဝါးမြိုသူ၊ ကောင်းကင်နဂါး (မပြည့်စုံ)၊]

    [စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]

    [စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]

    [အသက်: ၂၁]

    [စရိုက်လက္ခဏာများ: သွေးအေး ၊ ???]

    -အဆင့်သတ်မှတ်ချက်များ-

    [ခွန်အား: ၂၈၉၅]

    [လျင်မြန်မှု: ၄၃၁၀]

    [ခံနိုင်ရည်: ၅၃၉၃]

    [ဉာဏ်ရည်: ၈၉]

    [မာနာ: ၁၃၄၄၈]

    [ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

    [သူရဲကောင်းအဆင့်: SSS+]

    [နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၃၉%)]

    [ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ၊ သန့်စင်ခန္ဓာ]

    [ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၃ပုံ ချိတ်ပိတ်ခံထားရ)၊ ကောင်းကင်နဂါးနှလုံးသား၏တည်နေရာမြေပုံ၊ ကံကြမ္မာဓား/ဓားဧကရာဇ်၏ဓား]

    [ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊အာရံခံစားမှုတိုးမြှင့်ခြင်း၊သွေးထိမ်းချုပ်ခြင်း၊ အရိပ်ပုံတူဖန်တီးခြင်း]

    .........

    သူ၏ စနစ်ဖန်သားပြင်တွင် အမည်မသိဟူသည့် စကားလုံးကို သွေဖယ်ခြင်းဟူသည့် စကားလုံးဖြင့် အစားထိုးသွားသည့်အပြင် ထိုစကားလုံး၏နောက်တွင် မေးခွန်းအမှတ်အသားတစ်ခုပါ ပါရှိနေသေးသည်။

    စနစ်ကိုယ်တိုင်သည်ပင် ၎င်းအမည်ကို အတည်ပြု၍ မရနိုင်သည့်အလားပင် ထင်မှတ်ရလေသည်။

    "သွေဖယ်ခြင်းဆိုတာ အချိန်၊ ဟင်းလင်းပြင်နဲ့ အရှိတရားဖြစ်တည်မှုအစရှိတဲ့ ကန့်သတ်ချက်တွေရဲ့ ပြင်ပမှာ သီးခြားတည်ရှိနေတဲ့ အရာတစ်ခုပဲ။ မင်းကို ဒီကမ္ဘာ ရောက်လာစေခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ခုဆိုလည်းမှန်တယ်..."

    စာရေးဆရာဆိုသူသည် သူ့ကိုယ်သူပင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ အာရန်၏ မေးခွန်းကို ဆက်လက်ဖြေကြားနေမိခဲ့၏။

    အာရန်သည် စာရေးဆရာဆိုသူ၏ နောက်ဆုံးစကားလုံးများကြောင့် လုံးဝပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။

    သူသည် ဤသွေးမျိုးဆက်အကြောင်းကို ပိုမိုသိရှိလိုနေပြီဖြစ်သည်။

    ကံမကောင်းစွာပင် စာရေးဆရာဆိုသူသည် နောက်ထပ် စကားများဆက်လက်ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

    ထိုသွေးမျိုးဆက်နှင့်ပတ်သတ်သည့် ဝိုးတဝါး ဖော်ပြချက်လေးတစ်ခု ပေးမိခြင်းဖြင့်ပင် ထိုပုဂ္ဂိုလ်အား သူ၏ တည်ရှိမှုမှပင် လုံးဝ ဖျောက်ဖျက်ပစ်နိုင်သည့် အန္တရာယ်တစ်ခုရှိနေခဲ့သည့်အလားပင်။

    အာရန်ပင် ထိုမျှ ပြင်းထန်သော အလှည့်အပြောင်းများဖြစ်သွားခဲ့မည်ဟု လုံးဝ မမျှော်လင့်မိခဲ့ပေ။

    သို့သော် ၎င်းသံကြိုးများသည် ထိုပုဂ္ဂိုလ်အား ထပ်မံ၍ ဖိအားမပေးတော့သည့်အတွက် ကံကောင်းသွားသည်ဟုဆိုရမည်။

    သူ၏ တည်ရှိမှုသည် ပြင်းထန်သော ထိခိုက်မှုတစ်ခုဖြစ်လုနီးပါး ဖြစ်နေချိန်တွင် ထိုသံကြိုးများ၏ သက်ရောက်မှု ပျောက်ကွယ်သွားခဲ့ခြင်းလည်းဖြစ်လေသည်။

    စာရေးဆရာသည် သူတတ်စွမ်းသလောက် ထိုမေးခွန်းကို အကောင်းဆုံး ဖြေဆိုပေးခဲ့ပြီးဖြစ်သည်။

    အကယ်၍ သူသာ အနည်းငယ် ဆက်လက်ပြောဆိုမိပါက စကားလုံးတစ်လုံး မဆုံးသေးခင်မှာပင် သူသည် ဤလောကအတွင်းမှ ထာဝရ ပျောက်ကွယ်သွားရတော့မည့်အလားပင်...။

    #Catfoot

All Chapters