← Chapters

ဗီလိန်တစ်ယောက် လိုက်နာသင့်သည့် ပထမဆုံးနိယာမ

Vol. 28 Ch. 401

ဗီလိန်တစ်ယောက် လိုက်နာသင့်သည့် ပထမဆုံးနိယာမ

Vol. 28 Ch. 401

    …

    "ဘာလို့ သူမကို ကယ်တင်ခဲ့တာလဲ" ဟု ကာဒီနယ်ရဟန်းအမတ်မှ အာရန်အားအမှီလိုက်လာရင်း မေးလိုက်၏။

    သို့သော် အာရန်သည် အဖြေတစ်ခုပြန်မပေးခဲ့ဘဲ သူ့အား ကျော်လွန်၍သာ ဆက်လက်ပျံသန်းသွားခဲ့သည်။

    အာရန်၏ ပက်ဂါဆပ်သည် အတတ်နိုင်ဆုံး အမြန်ဆုံးနှုန်းဖြင့် ကောင်းကင်ယံတွင် ပျံဝဲနေခဲ့သည်။

    ထိုအတောအတွင်း ကာဒီနယ်ရဟန်းအမတ်သည်လည်း အာရန်၏ အနောက်မှ စိတ်ရှုပ်ထွေားဖြင့် လိုက်ပါလာခဲ့လေသည်။

    အာရန်သည် ဤမိန်းကလေးကြောင့်များ ကီးလ်မိသားစုကို တိုက်ခိုက်ရန် အလျှင်လိုနေခဲ့ခြင်းလော..။

    ထိုသို့ဆိုပါက ကာဒီနယ်ရဟန်းအမတ်သည် ပိုမိုစိတ်အေးသွားရမည်ဖြစ်ပေသည်။

    သို့သော် ရုတ်တရက် အာရန်၏ ပက်ဂါဆပ်သည် မြေပြင်သို့ ဆင်းသက်လိုက်သည်ကို တွေ့လိုက်ရသောအခါ ကာဒီနယ်ရဟန်းအမတ်၏ မျက်နှာအမူအရာများ ချက်ချင်း မှောင်မိုက်သွားရ၏။

    အာရန်သည် ပက်ဂါဆပ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး မိန်းကလေးအားမူ သားရဲပေါ်တွင်သာ ကျန်နေခဲ့စေသည်။

    အာရန်တစ်ယောက် ဘေးကင်းစွာ ဆင်းသက်လိုက်သည်နှင့် မြေပြင်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ကီးလ်မိသားစုအား ပြန်လည် အသိပေးရန် အလျင်အမြန် ပြန်ပြေးနေကြသော အစောင့်များ၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

    ကာဒီနယ်ရဟန်းအမတ်သည် ၎င်းတို့အား ထွက်ပြေးနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုပေးခဲ့ခြင်းပင်ဖြစ်လေသည်။

    အဘယ်ကြောင့်ဆိုသော် ကီးလ်မိသားစုအား ၎င်းတို့ ရောက်ရှိနေခြင်းအား သိရှိစေလိုနေခြင်းကြောင့်ပင်ဖြစ်လေ၏။

    အာရန်သည် ထိုကဲ့သို့ ထိုအစောင့်များကို လိုက်လံဖမ်းဆီးလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။

    "ဒီကောင်ကတော့..."

    ထရီနီယယ်သည် မျက်မှောင်ကြုတ်ရင်း အာရန်အား သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်ကို စိုက်ကြည့်နေခဲ့မိသည်။

    ၎င်းသည် ဓားဧကရာဇ်၏ ဓားမဟုတ်ဘဲ အာရန် မိစ္ဆာဂိုဏ်းမှ ရယူလာခဲ့သော အခြားဓားတစ်လက်သာ ဖြစ်လေသည်။

    ထို့နောက် ထရီနီယယ်တစ်ယောက် မျက်တောင်တစ်ချက်ခတ်မိသည့် အချိန်လေး အတွင်းမှာပင် အာရန်သည် အစောင့်များ၏ နောက်ကျောဘက်သို့ ဗြုန်းဆို ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။

    သူသည် အစောင့်များအား ကျောပေး၍ ရပ်နေခဲ့ခြင်းဖြစ်၏။

    ထို့နောက် အနီရောင် အရည်တစ်မျိုးသည် သူ၏ ဓားသွားထက်မှ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ စီးကျလာခဲ့သည်။

    အစောင့်များသည် သူတို့လည်ပင်းကို ပွတ်သပ်မိလိုက်ကြကာ တစ်စုံတစ်ရာကို မယုံကြည်နိုင် ဖြစ်နေကြဟန်ရလေသည်။

    သူတို့သည် နောက်ဘက်သို့ လှည့်ကြည့်ချင်နေကြသော်လည်း သူတို့၏ကိုယ်ခန္ဓာများသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

    ထို့နောက် သူတို့၏ ဦးခေါင်းများသည် ကိုယ်ခန္ဓာများမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် သူတို့၏ အမြင်များတွင် ကမ္ဘာကြီးတစ်ခုလုံးသည် ပြောင်းပြန်လှန်သွားခဲ့လေသည်။

    အစောင့်များသည် ကာဒီနယ်ရဟန်းအမတ်အား အန္တရာယ်ရှိသူတစ်ဦးဟု ထင်မှတ်ခဲ့ကြသော်လည်း ဤလူငယ်က သူတို့အတွက် ပို၍ပင် မယုံကြည်နိုင်လောက်စရာ ကြမ်းလွန်းနေခဲ့သည်။

    သူတို့ သေဆုံးသွားချိန်တွင်ပင် အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို ကောင်းစွာ နားမလည်နိုင်ခဲ့ကြပေ။

    ကာဒီနယ်ရဟန်းအမတ်ကိုယ်တိုင်ပင် အာရန်၏ လျှင်မြန်မှုအား ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

    အာရန်သည် အဘယ်ကြောင့် ထိုမျှ မြန်ဆန်နေရသနည်း။

    ၎င်းသည် နေရာရွှေ့ပြောင်းခြင်းအစွမ်းတစ်ခုနှင့်ပင် တူညီနေခဲ့၏။

    အာရန်သည် မိစ္ဆာဂိုဏ်းမှဖြစ်ကြောင်းသာ သူ မသိထားခဲ့ပါက ထိုသူသည် တောင်ပိုင်းတိုက်ကြီးမှ သွေးမျိုးဆက်စွမ်အားအချို့ကိုပင် အသုံးပြုခဲ့ခြင်များလားဟု တွေးမိခဲ့ပေလိမ့်မည်။

    ထရီနီယယ်သည် မသိမသာဖြင့် သူ၏လည်ပင်းကို ပြန်လည် ပွတ်သပ်လိုက်မိ၏။

    အာရန်သာ ထိုအရှိန်ဖြင့် သူ့အား တိုက်ခိုက်ခဲ့ပါက သူကိုယ်တိုင်ပင် လျှင်မြန်စွာ တုံ့ပြန်နိုင်ပါ့မလားဟု သူ့ကိုယ်သူ သံသယဝင်လိုက်မိသည်။

    အာရန်၏ ပက်ဂါဆပ်သည် သူ၏နောက်တွင် လိုက်ပါဆင်းသက်လာခဲ့ကာ ဤဖြစ်ရပ်အား မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိသော မိန်းကလေးအား ၎င်း၏ ကျောပေါ်တွင် တင်ဆောင်ထားဆဲပင်။

    သူမသည် ထိုသူမှာ မိစ္ဆာဂိုဏ်းမှဖြစ်ပြီး မိစ္ဆာဂိုဏ်းသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် ယှဉ်နိုင်သော အင်အားစုတစ်ခုဖြစ်ကြောင်းကို ကြားဘူးနားဝရှိထားခဲ့လေသည်။

    မည်သို့ပင်ဆိုစေကာမူ ထိုသူသည် ကီးလ်မိသားစု၏ အစောင့်များကို ဓားချက်တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်အား သူမ ကိုယ်တိုင်မြင်လိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေရဆဲပင်။

    အာရန်သည် သူ၏ဓားသွားကို ပြန်လည်သန့်ရှင်းပေးလိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

    ထိုနောက် စက္ကန့်အနည်းငယ်အကြာတွင် ကျန်ရှိသော အစောင့်များ၏ ကိုယ်ခန္ဓာများသည်လည်း ထပ်မံလဲကျသွားခဲ့ကြပြီး သွေးများ ပတ်လည်တွင် အိုင်ထွန်းသွားခဲ့လေသည်။

    ကာဒီနယ်ရဟန်းအမတ်လည်း အာရန်နှင့် မနီးမဝေးတွင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

    "ဘာလို့ သူတို့ကို တိုက်ခိုက်တာလဲ" ဟု ထရီနီယယ်က အာရန်အား မေးလိုက်သည်။

    "ဒီမိန်းကလေးက ဘယ်သူလဲ"

    "ပိုကောင်းတဲ့ မေးခွန်းက ခင်ဗျား ဘာလို့ သူတို့ကို ထွက်ပြေးခွင့်ပေးလိုက်ရတာလဲဆိုတာပဲ" ဟု အာရန်သည် ထရီနီယယ်အား ပြန်လည် မေးခွန်းထုတ်လိုက်ပြီး ကာဒီနယ်ရဟန်းအမတ်အနီးသို့ လျှောက်လာခဲ့သည်။

    ထရီနီယယ်သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အာရန်မှ သူ့အား တိုက်ခိုက်ရန် ကြံစည်နေပြီလားဟု တွေးမိလိုက်သည်။

    အာရန် သူ့အနီးသို့ ချဉ်းကပ်လာခြင်းအား သူအတော်လေး သတိထားနေခဲ့ရသည်။

    ထို့နောက် ထရီနီယယ်သည် သူ၏ ပက်ဂါဆပ်ပေါ်မှ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။၏

    "ကျွန်ုပ်တို့က ဒီကို ကြုံရာကျပန်းလူတွေ သတ်ဖို့ လာခဲ့တာမဟုတ်ဘူးလေ။ ကျွန်တော်တို့က သံတမန်တွေကို ကီးလ်မိသားစုဆီကနေ ပြန်ခေါ်ဖို့ လာခဲ့တာဖြစ်တယ်"

    "ကျုပ်က မြောက်ပိုင်းတိုက်ကိုခုမှရောက်ဘူးတဲ့ လူသစ်ဆိုတော့ ဘာမှမသိတာ သဘာဝကျပါတယ်။ ဒါပေမယ့် ခင်ဗျားတို့က သူလျှိုတွေတောင်ထည့်ထားနိုင်မှတော့ ကီးလ်မိသားစုရဲ့ ဝတ်စုံကို ခင်ဗျား မှတ်မိနေသင့်တယ်မထင်ဘူးလား" ဟု အာရန်သည် ပြန်လည်ပြောဆိုလိုက်၏။

    မူလက အာရန်သည် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်အား ကီးလ်မိသားစုကို ဆန့်ကျင်ရာတွင် အသုံးချလိုနေခဲ့ခြင်းဖြစ်ပြီး သူ့ကို တတ်နိုင်သမျှ ဆက်လက် အသက်ရှင်ခွင့်ပေးထားရန် ဆုံးဖြတ်ထားခဲ့သည်။

    သို့သော် ယခုမူ အခြေအနေများသည် ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။

    ဖေးကိုယ်တိုင် ပါဝင်ပတ်သတ်နေပြီးဖြစ်သဖြင့် မြောက်ပိုင်းတိုက်ကြီးတစ်ဝှမ်းလုံးမှ ပို၍ အင်အားကြီးမားသူများပင် ပါဝင်နေနိုင်လေသည်။

    ယခုကဲ့သို့အခြေအနေမျိုးတွင် မည်သည့်အချိန်မဆို သူ့အား နောက်‌ကျော ပြန်ထိုးနိုင်သည့် ဓားကို သူသည် ဆက်လက် မကိုင်ဆောင်ထားလိုတော့ပေ။

    ယခုအချိန်တွင် ထရီနီယယ်သည် သူ့အတွက် မဖြစ်မနေ ဖယ်ရှားရန်လိုအပ်နေပြီဖြစ်သည့် နယ်ရုပ်တစ်ရုပ်ဖြစ်နေပြီဖြစ်၏။

    "သူတို့ကို ကီးလ်မိသားစုရဲ့ အစောင့်တွေလို့ ပြောချင်တာလား။ မဖြစ်နိုင်တာ။ ကျွန်ုပ် မှတ်မိသလောက်ဆို အစောင့်တွေရဲ့ ဝတ်စုံကဒီလိုမျိုးမဟုတ်ပါဘူး" ဟု ထရီနီယယ်သည် မသိချင်ယောင်ဆောင်ကာပြန်ဖြေလိုက်ရင်း သူ၏ လက်များကို ကျောနောက်ဘက်သို့ မသိမသာချဥ်းကပ်သွားလိုက်သည်။

    ဓားမြှောင်တစ်ချောင်းသည် သူ၏ လက်ထဲတွင် ပြန်ပေါ်လာခဲ့ပြီး ထိုဓားမြှောင်တွင် သန့်စင်နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များပါဝင်နေလေ၏။

    ဓားမြှောင်သည် လူတစ်ဦးကို ထိမှန်မိသည်နှင့် ဒဏ်ရာ မည်မျှသေးငယ်သည်ဖြစ်စေ ကာမူ ထိုသူသည် လှုပ်ရှား၍ရနိုင်တော့မည်မဟုတ်ပေ။

    "ဪ ဒါဆို သဘောပေါက်ပြီ။ ဒါဆို သူတို့င ဝတ်စုံကို မကြာသေးခင်က ပြောင်းလိုက်တာ ဖြစ်ရမယ်။ ခင်ဗျား မသိတာ မဆန်းတော့ပါဘူး။ ကျုပ် စဉ်းစားတာနဲနဲလွန်သွားတယ် ထင်တယ်" ဟု အာရန်သည် သူ၏ နဖူးကို ပြန်ရိုက်ရင်း ကာဒီနယ်ရဟန်းအမတ်အား တောင်းပန်စကားဆိုလိုက်သည်။

    သူ၏မိုက်မဲမှုအတွက် ခေါင်းခါရင်း နောက်သို့ပြန်လှည့်သွားလိုက်သည်။

    အာရန်၏ ထိုအပြုအမူကြောင့် ကာဒီနယ်ရဟန်းအမတ်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိခဲ့ပေ။

    သူသည် အာရန်ကို ယခုအချိန်တွင် တိုက်ခိုက်သင့်သလား။

    အနည်းငယ် ချီတုံချီတုံဖြစ်နေခဲ့သည်။

    ခဏအကြာတွင် သူ၏ မူလအစီအစဉ်အတိုင်း ဆက်လုပ်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

    ထို့နောက် ထရီနီယယ်၏လက်ထဲမှ ဓားမြှောင်သည် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

    ထိုဓားမြှောင် ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် သူ၏ကိုယ်ခန္ဓာ သည် ရုတ်တရက် အေးစက်သွားလေသည်။

    အာရန်သည် ထရီနီယယ်ဆီသို့ သတိမပြုမိနိုင်လောက်အောင် မြန်ဆန်သောအရှိန်ဖြင့် လှည့်ပြန်လာသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။

    ထရီနီယယ်သည် လျင်မြန်စွာ နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူ၏လည်ပင်းသို့ ဦးတည်လာသော ငွေရောင်ဓားသွားတစ်ခုကို ဆံပင်တစ်ပင်စာမျှ အနည်းငယ်လေးဖြင့် ကပ်၍ ရှောင်ရှားနိုင်ခဲ့လေသည်။

    အစောပိုင်း ပျောက်ကွယ်သွားသော ဓားမြှောင်သည် သူ၏လက်ထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

    ထိုအချိန်တွင် ကောင်းချီးစွမ်းအင်များဖြင့်ဖန်တီးထားသည့် သံကြိုးများလည်း လေထဲတွင် ထွက်ပေါ်လာကာ အာရန်၏ခန္ဓာကိုယ်အား ရစ်ပတ်ထားလိုက်သည်။

    ထို့နောက်အာရန်သည် သံကြိုးများထဲတွင် အကျဉ်းသားတစ်ဦးကဲ့သို့ ပိတ်မိသွားခဲ့၏။

    "သင် ကျွန်ုပ်ကို မတိုက်ခိုက်ခဲ့သင့်ဘူး။ တကယ်‌တော့ သင့်ကို အသက်နည်းနည်း ထပ်ရှင်ခွင့်ပေးခဲ့ဖို့စိတ်ကူရှိခဲ့တယ်။ ဒါပေမယ့် ခုတော့ မလိုတော့ဘူး ထင်ပါတယ်" ကာဒီနယ်ရဟန်းအမတ်သည် သူ၏ မျက်လုံးများကို တစ်ချက်ကျဉ်းလိုက်ပြီး အာရန်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။

    ထရီနီယယ်သည် သူ၏ ဓားမြှောင်ကို အာရန်၏ နှလုံးသားဆီသို့ ချိန်ရွယ်လိုက်ရာ ထိုဓားမြှောင်နှင့် အာရန်၏ ဝမ်းဗိုက်ကြားတွင် မီတာအနည်းငယ်ခန့်သာ ကွာဝေးတော့၏။

    ...

    အစောပိုင်းလေးကမှ အတူတကွ ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသော လူနှစ်ယောက်သည် ယခုအခါ ရုတ်တရက်ကြီး တစ်ဦးကိုတစ်ဦး စတင်တိုက်ခိုက်နေကြပြီ ဖြစ်လေသည်။

    ရူဘီသည် ရုတ်တရက်ဖြစ်သွားသော ထိုမြင်ကွင်းကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိအောင်ပင် အခက်ကြုံနေရသည်။

    သူမ ခန့်မှန်းထားခဲ့သည်မှာ အာရန်သည် လူကောင်းတစ်ဦးဖြစ်ရမည်ဆိုသည်ကိုသာ။

    ထို့ကြောင့် အာရန် ထိခိုက်ဒဏ်ရာရမည်ကို သူမ လိုလားမနေခဲ့သော်လည်း ဝင်ရောက်ကူညီဖို့နေနေသာသာ သူမသည် ထိုတိုက်ပွဲ၏ အနားသို့ပင်ပင် မကပ်နိုင်ခဲ့ပေ။

    သို့သော် အာရန်သည် အနည်းငယ်မျှပင် စိုးရိမ်နေပုံမရသောကြောင့် သူမသည်ပင် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

    အာရန်သည် ကာဒီနယ်ရဟန်းအမတ်အား သနားသည့် အကြည့်ဖြင့် စိုက်ကြည့်နေလေ၏။

    သူသည် အဆင်ပြေဟန်ဆောင်နေခြင်းများလားဟု ရူဘီတစ်ယောက် တွေးမိလိုက်လေသည်။

    "ဗီလိန်တစ်ယောက်လိုက်နာရမယ့် ပထမဆုံး နိယာမတစ်ခုကိုတောင် ခင်ဗျား မသိသေးဘူးထင်တယ်" ဟု ရုတ်တရက် အာရန်မှ ကာဒီနယ်ရဟန်းအမတ်အား မေးခွန်းလှမ်းထုတ်လိုက်သည်။

#Catfoot

All Chapters