← Chapters

အင်အားဖြည့်တင်းမှုများ

Vol. 28 Ch. 402

အင်အားဖြည့်တင်းမှုများ

Vol. 28 Ch. 402

    …

    "ပထမဆုံးနိယာမ ဟုတ်လား"

    ကာဒီနယ်ရဟန်းအမတ်သည် အာရန်၏စကားကို နားမလည်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

    သို့သော် နောက်တစ်ခဏမှာပင် သူ၏မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

    ပြင်းထန်သော အန္တရာယ်ရှိမှုတစ်ခုအား အလိုအလျှောက်သိစိတ်မှတစ်ဆင့် ခံစားလိုက်ရသောကြောင့်ပင်တည်း။

    ထရီနီယယ်သည် သူ၏ ဗီဇဉာဏ်အရ သူ့အား အာရန်နှင့် ဝေးရာဆီသို့ ထွက်ပြေးရန် အော်ဟစ်သတိပေးနေသကဲ့သို့ ခံစားမိလိုက်သည်။

    ကံမကောင်းစွာဖြင့် အရာရာ နောက်ကျသွားခဲ့ပြီဖြစ်၏။

    သူ၏မျက်စိရှေ့တွင်ပင် အာရန်သည် သံကြိုးများကို ဖြတ်တောက်လိုက်ကာ ကာဒီနယ်ရဟန်းအမတ်၏ လက်ကောက်ဝတ်များကို လှမ်း၍ ဖမ်းဆုပ်ထားလိုက်သည်။

    " ဗီလိန်တစ်ယောက်လိုက်နာရမယ့် ပထမဆုံး နိယာမ... စကားများများပြောခြင်းက သေခြင်းဆီကို ဦးတည်နိုင်တယ်"

    အာရန်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသောလေသံဖြင့် ထရီနီယယ်အား ပြန်ပြောလိုက်၏။

    ကာဒီနယ်ရဟန်းအမတ်ထရီနီယယ်သည် သူ၏လက်များကို ဖမ်းချုပ်ထားမှုမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်ခဲ့သော်လည်း အာရန်၏ ဖမ်းဆုတ်ထားမှုအား မချိုးဖျက်နိုင်ခဲ့ပေ။

    ထရီနီယယ်သည် ဆက်လက်၍ အခြားနည်းလမ်းများ မစဥ့်စားနိုင်မှီမှာပင် အာရန်တစ်ယောက် သူ၏ရင်ဘတ်သို့ ဆောင့်ကန်ထည့်လိုက်ရာ နောက်သို့လွင့်စင် ထွက်သွားခဲ့၏။

    ကာဒီနယ်ရဟန်းအမတ်၏ လက်များသည် သူ၏ခန္ဓာကိုယ်မှ ပြုတ်ထွက်သွား၍ အာရန်၏လက်ထဲတွင် ကျန်ရစ်ခဲ့သည်။

    အာရန်သည် ထိုလက်တစ်ဖက်အတွင်းရှိ ဓားမြှောင်တစ်ချောင်းကို လှမ်းယူလိုက်ပြီးနောက် ထိုလက်များအား ဘေးသို့ လွှင့်ပစ်လိုက်သည်။

    ထို့နောက်အာရန်သည် ဆက်လက်၍ ထရီနီယယ်အား သူ၏ ဓားမြှောင်ဖြင့်ပင် ပြန်ပစ်လိုက်ရာ ထရီနီယယ်သည် ပစ်မှတ်ဘုတ်ပြားတစ်ခုအလားဖြစ်သွားခဲ့ပြီး ဓားမြှောင်သည် မြားတစ်စင်းကဲ့သို့ တန်းတန်းမက်မက်ဝင်ရောက်သွားခဲ့၏။

    မြေပြင်ပေါ်သို့ မလဲကျမီအချိန်ကလေးမှာပင် ကာဒီနယ်ရဟန်းအမတ်သည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်သည်။

    သူခံစားနေရသော နာကျင်မှုကို ဖယ်ရှားရန် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်အချို့ကို ထုတ်ဖော်၍  သူ၏စိတ်ကို ပြန်လည်တည်ငြိမ်နေစေရန် ကျိုးစားလိုက်၏။

    ထရီနီယယ်သည် ဓားမြှောင်ကို ရှောင်တိမ်းရန် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်သည်။

    သို့သော် သူ ထိုသို့ ရှောင်တိမ်းရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို မခံစားမိလိုက်သည်။

    ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမည်မသိစွမ်းအားတစ်ခုမှ တင်းကျပ်စွာ ရစ်ပတ်ထားသည်ကို ခံလိုက်ရလေသည်။

    ၎င်းသည် သူ၏ ကောင်းချီးသံကြိုးများနှင့် မည်သို့မျှ ကွာခြားမှုမရှိပေ။

    တစ်ခုတည်းသော ခြားနားချက်မှာ ထိုသံကြိုးများကို မျက်စိဖြင့်ပင် သူ မမြင်နိုင်ခြင်းပင်။

    သူ၏ခြေလက်များ၊ သူ၏ခါးနှင့် သူ၏လည်ပင်းသည်ပင် ထိုသံကြိုးများ၏ ချုပ်နှောင်တားဆီးခြင်းကို ခံထားရ၏။

    "ဝိညာဉ်တွေလား"

    ထရီနီယယ်သည် ဖြစ်ပျက်နေသည်အား သဘောပေါက်သွားသောအခါ မယုံကြည်နိုင်စွာြဖင့် မေးခွန်းတစ်ခုထုတ်လိုက်မိသည်။

    "ဝိညာဉ်တစ်ကောင်က ဘယ်လိုလုပ်ပြီး ကျုပ်ကို ထိန်းချုပ်ထားနိုင်ရတာလဲ"

    ဓားမြှောင်သည် မကြာမီမှာပင် ထရီနီယယ် ၏ပခုံးကို ရှပ်၍ ထိမှန်သွားခဲ့ရာ သူ၏ခန္ဓာကိုယ်သည် လုံးဝ လှုပ်ရှား၍မရတော့ပေ။

    ၎င်းသည် သူ့ကိုယ်တိုင် ဖန်တီးထားသော ဓားမြှောင်ဖြစ်သော်လည်း ၎င်း၏ အာနိသင်များကို သူကိုယ်တိုင်ပင် ပြန်လည် ခုခံနိုင်ခြင်း မရှိခဲ့ပေ။

    "ခင်ဗျား မှန်တယ်။ ဝိညာဉ်တစ်ဦးက ခင်ဗျားကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက အနောက်ဘက်တိုက်မှာပဲဖြစ်နိုင်လိမ့်မယ်။ အထူးသဖြင့် ခင်ဗျားကို ထိမ်းချုပ်ထားတဲ့ ဝိညာဉ်က..." အာရန်သည် သူ၏စကားကို မပြီးဆုံးခဲ့ဘဲ ကာဒီနယ်ရဟန်းအမတ်၏ နောက်တွင် တိတ်တဆိတ် ရပ်နေပြီး ထိုသံကြိုးများကို ထိန်းချုပ်နေသော ယီလန်ကိုသာ တစ်ချက်လှမ်းကြည့်လိုက်သည်။

    အာရန်သည် ကာဒီနယ်ရဟန်းအမတ်နှင့် ထပ်မံစကားပြောလိုခြင်းမရှိတော့ဘဲ သူ၏ ဓားကို ထုတ်ယူလိုက်၏။

    "ကျွန်ုပ်တို့ရဲ့ သန့်စင်ပရောဟိတ်မက သင့်ကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး။ သင်မကြာခင် ရက်စက်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်"

    ကာဒီနယ်ရဟန်းအမတ်သည် အာရန်အား အော်ဟစ်ကြိမ်းဝါးလိုက်သည်။

    သူ၏မျက်လုံးရှေ့တွင်မူ ငွေရောင်ဓားသွားလေး တစ်ခုသည် တဖျတ်ဖျတ်လင်းလက်လျက်ရှိနေခဲ့သည်။

    "ခင်ဗျားတို့ရဲ့ သန့်စင်ပရောဟိတ်မလား ခုလောလောဆယ်တော့ သူမရဲ့ အနာဂတ်အတွက်ပဲ စိတ်ပူနေသင့်မယ်ထင်တယ်"

    အာရန်သည် သွေးများပေကျံနေသော ဓားကလေးတစ်ချောင်းကို ကြည့်ရင်း နူးညံ့ညင်သာစွာ ပြန်ပြောလိုက်သည်။

    သူသည် ဓားကို ကာဒီနယ်ရဟန်းအမတ်၏ အဝတ်အစားများဖြင့် တစ်ဖန် သန့်ရှင်းစေလိုက်ပြီးနောက် သိုလှောင်လက်စွပ်အတွင်း ပြန်သိမ်းထားလိုက်သည်။

    ကာဒီနယ်ရဟန်းအမတ်သည် သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ သံကြိုးများ လွတ်ထွက်သွားသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ရုပ်သေးကျိုးပြတ် လဲကျသွားခဲ့သည်။

    [အဆင့် +၁]

    အာရန်သည် သူ၏ မျက်နှာကို ဝင်းပလာစေသော အသိပေးချက်တစ်ခုကို ရရှိလိုက်လေသည်။

    နောက်ထပ် အတားအဆီးနံရံတစ်ခုကို ကျော်ဖြတ်ရန်မှာမူ ယခုအနေနှင့် အလှမ်းဝေးနေသေးသော်လည်း ၎င်းရလာဒ်သည် ကျေနပ်ဖွယ် တစ်စုံတစ်ရာ ဖြစ်နေဆဲပင် မဟုတ်ပါလား...။

    အာရန်သည် ကာဒီနယ်ရဟန်းအမတ်၏ ခန္ဓာကိုယ်ကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်သွင်းလိုက်ကာ အနာဂတ်အတွက် သိမ်းဆည်းထားလိုက်သည်။

    ကာဒီနယ်ရဟန်းအမတ် သေဆုံးသွားခဲ့လျှင်ပင် ဘုရားကျောင်းအား ဆန့်ကျင်မှုတွင် သူ့အား အသုံးချစရာများ ကျန်ရှိနေသေးလေသည်။

    "တော်တယ်"

    အာရန်က အချိန်တိုအတွင်း ရောက်ရှိလာခဲ့သော ယီလန်အား ချီးကျူးလိုက်၏။

    ကာဒီနယ်ရဟန်းအမတ်ကို တိုက်ခိုက်ရန် အာရန်တစ်ယောက်ကြိတ်၍ စီစဉ်နေခဲ့သော်လည်း ၎င်းအား အစွမ်းကုန် တိုက်ခိုက်၍မရနိုင်ကြောင်းလည်း နားလည်ထားလေသည်။

    သူတို့နှစ်ဦးသာ အမှန်အကန် မျှမျှတတ တိုက်ခိုက်ခဲ့ကြပါက ပတ်ဝန်းကျင်တွင် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ကာ ကီးလ်မိသားစုနှင့် သူတို့၏ ဧည့်သည်များအားလုံးကို သတိပေးလိုက်သလိုဖြစ်သွားပေလိမ့်မည်။

    ထို့ကြောင့် အာရန်သည် ကာဒီနယ်ရဟန်းအမတ်အား လျင်မြန်စွာ ဖယ်ရှားပစ်ရမည်ဖြစ်ပြီး ထိုအတွက် ယီလန်၏ အကူအညီကို လိုအပ်နေခဲ့သည်။

    သူ မည်သို့လုပ်ဆောင်ရမည်ကို သူမအား ပြောပြစရာပင် မလိုဘဲ သူမသည် သူမ လုပ်ဆောင်ရမည့်အရာကို အလွယ်တကူ နားလည်နိုင်ခဲ့၏။

    "ဒီနေရာက အရင်ကလိုပဲ စက်စုပ်စရကောင်းနေတုန်းပဲ"

    ယီလန်သည် မြောက်ပိုင်းတိုက်ကြီး၏ ဆွေးမြေ့နေသော စွမ်းအင်များကို ခံစားမိကာ အာရန်အား ပြောလိုက်သည်။

    တိုက်ကြီးလေးခုအနက် ဤနေရာသည် ဝိညာဉ်များ အမုန်းဆုံးနေရာလည်း ဖြစ်လေသည်။

    ၎င်းက ဝိညာဉ်များသည် မြောက်ပိုင်းတိုက်ကြီးတွင် အထူးသဖြင့် နစ်ခရိုမန်ဆာမျှော်စင်၏ ပစ်မှတ်ထားခြင်းကို ခံရသောကြောင့်လည်း ဖြစ်သည်။

    "ကိုယ်လည်း ဒီနေရာကို သိပ်မကြိုက်ပါဘူး" ဟု အာရန်ကလည်း ထိုအဆိုကို‌ထောက်ခံလိုက်သည်။

    သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူဖြစ်သည်ဟု ဆိုနိုင်သော်လည်း ဤနေရာကိုမူ  လုံးဝသဘောကျမနေခဲ့ပေ။

    "အင် ဒါနဲ့ လေမျှော်စင်သခင်မကို ဂိတ်ပေါက်တစ်ခုနဲ့ ချိတ်ဆက်ပြီး ဒီကို ခေါ်လာပေးလို့ရမလား။ ကိုယ် နောက်လုပ်မယ့်အရာတွေအတွက် သူမရဲ့အကူအညီ ကို လိုအပ်နိုင်တယ်။ ခုတစ်ခေါက်ရင်ဆိုင်ရမဲ့အရာက သူမရဲ့ 'သား' နဲ့လည်း ပတ်သက်နေတယ်"

    "ဆယ်မိနစ်ပဲ အချိန်ပေး"

    ယီလန်သည် အာရန်အား ဆယ်မိနစ်ခန့်အချိန်ပေးရန် ပြန်ပြောပြီးနောက် ထိုနေရာမှ ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

    သူမသည် လေမျှော်စင်သခင်မ လက်ရှိဇာတ်မြှုပ်နေထိုင်ရာ အရှေ့ပိုင်းတိုက်ရှိ နေရာတစ်ခုသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

    လေမျှော်စင်သခင်မသည် အာရန်တစ်ယောက် သူမ၏သားဖြစ်သူ ထိန်းချုပ်မှုအောင်မှ သူမအား လွတ်မြောက်စေခဲ့သည့် အချိန်မှစ၍ ထိုနေရာတွင်ပင် ဇာတ်မြှုပ် နေထိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။

    ယီလန်သည် လေမျှော်စင်သခင်မ၏ ရှေ့တွင် ပေါ်လာခဲ့ပြီး အာရန်မှာ သူမ၏အကူအညီ လိုအပ်နေကြောင်း ပြောပြလိုက်သည်။

    အာရန် မည်သည့်အကူအညီကို လိုလားကြောင်းသိလိုက်သောအခါ သိပ်ကြာကြာ မစဥ့်စားလိုက်ရပဲ သူမသည် ခေါင်းညှိမ့် သဘောတူလိုက်သည်။

    ထိုလူငယ်တွင် သူမအား ကျွန်ဘဝ၏ ချုပ်နှောင်မှုမှ လွတ်မြောက်စေခဲ့သည့် ကျေးဇူးရှိလေသည်။

    ဖြစ်နိုင်ပါက သူမသည် ထိုကျေးဇူးကို ဆပ်လိုနေခဲ့သည်။

    ယီလန်က ယခုကိစ္စတွင် သူမ၏သားဖြစ်သူ ခန္ဓာကိုယ်ကို မောင်ပိုင်စီးထားခဲ့သူပင် ပါဝင်ပတ်သက်နေကြောင်း သူမအား ပြောပြလိုက်သောအခါ သူမ၏ ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာခဲ့လေ၏။

    လေမျှော်စင်သခင်မဆီမှ သဘောတူညီမှုရယူပြီးသည်နှင့် ယီလန်သည် ဝိညာဉ်လောကသို့ ဂိတ်တံခါးပေါက်တစ်ခုနှင့် ချိတ်ဆက်လိုက်ပြီး ထိုဂိတ်ပေါက်ကို မြောက်ပိုင်းတိုက်ကြီးနှင့် ထပ်မံချိတ်ဆက်လိုက်ပြန်သည်။

    ထို့နောက် ယီလန်သည် လေမျှော်စင်သခင်မ၏ လက်ကိုကိုင်ကာ သူမကပင် ဦး‌ဆောင်၍ ဂိတ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

    ....

    ထိုအတောအတွင်း မြောက်ပိုင်းတိုက်ကြီးတွင်လည်း အာရန်သည် သူ၏တိုက်ပွဲအပြီး နောက်ဆက်တွဲကိစ္စများကို ပြီးဆုံးအောင် ကိုင်တွယ်ဆောင်ရွက်လျက်ရှိနေခဲ့သည်။

    သူသည် ရူဘီဆိုသူ မိန်းကလေးဆီသို့ ပြန်လျှောက်လာခဲ့ရာ သူမသည် သူ့အား မယုံကြည်နိုင်စွာဖြင့် ‌ငေးကြည့်နေခဲ့မိ၏။

    သူမ၏မျက်စိရှေ့တွင်ပင် ဘုရားကျောင်းမှ ကာဒီနယ်ရဟန်းအမတ်တစ်ဦး အသတ်ခံခဲ့ရပြီးဖြစ်လေသည်။

    ၎င်းသည် နစ်ခရိုမန်ဆာမျှော်စင်၏ အစောင့်အရှောက်များ အသတ်ခံရခြင်းနှင့် နှိုင်းယှဉ်နိုင်လေသည်။

    ကီးလ်မိသားစု၏ အစောင့်များကို သတ်ဖြတ်ခဲ့စဉ်က အာရန်အား သူမ အထင်ကြီးမိခဲ့သည်ဆိုပါက ယခုအခါတွင် သူမသည် အာရန်အား နတ်သားလေး တစ်ပါးကဲ့သို့ပင် အမှန်တကယ် မြင်ယောင်နေခဲ့ပြီဖြစ်လေ၏။

    'သူသာဆိုရင် ငါ့ဖခင်ကို သေချာပေါက် ကယ်တင်နိုင်မှာပဲ' ဟုလည်း တွေးမိလိုက်သည်။

    သူမသည် ထိုသို့တွေးမိလိုက်သည်နှင့် ပေဂါဆပ်ပေါ်မှ လျင်မြန်စွာ ဆင်းသက်လိုက်ကာ အာရန်ရှေ့၌ ဒူးထောက်ကာ နဖူးနှင့်မြေကြီးထိသည်အထိ ဦးညွှန်၍ အကူအညီတောင်းခံလိုက်သည်။

    "ကျွန်မနာမည်က ရူဘီကီးလ်ပါ ကျေးဇူးပြုပြီး ကျွန်မဖခင်ကို ကယ်တင်ပေးပါရှင် ရှင်သာ ကျွန်မအဖေကို ကယ်တင်ပေးမယ်ဆိုရင် ရှင်တောင်းဆိုတာ ဘာမဆို ပြန်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်" ဟု သူမသည် စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်သည်။

    အာရန်သည် သူမ၏ ဖခင်ကို ကယ်တင်မည့်အရေးအား ဂရုမစိုက်ခဲ့ပေ။

    အာရန်တွင် ယခုအချိန်၌ ရည်ရွယ်ချက်နှစ်ခုသာ ရှိလေသည်။

    သူ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ အရှင်သခင်များကို ကျွန်ပြုနိုင်စွမ်းရှိသော ကမ္ဘာကူးပြောင်းလာသူ ဖေးအား သတ်ရန်ဖြစ်သည်။

    သူ၏ နောက်ထပ် အခြားရည်ရွယ်ချက်တစ်ခုမှာ နစ်ခရိုမန်ဆာမျှော်စင်နှင့် အနောက်ပိုင်းတိုက်ကြီးကြားတွင် စစ်ပွဲတစ်ခု စတင်စေရန် ဖြစ်လေသည်။

    ဤရည်ရွယ်ချက်နှစ်ခုလုံးသည် ကီးလ်မိသားစုနှင့် ဆက်စပ်နေသည်။

    မိန်းကလေးက သူ့အား အကူအညီမတောင်းခံခဲ့လျှင်ပင် သူသည် ပါဝင်ပတ်သက်ရန် ဆန္ဒရှိနေခဲ့သည်။

    ဤသည်မှာ သူ လျစ်လျူရှု၍ ရနိုင်သော စစ်ပွဲတစ်ခုမဟုတ်ပေ။

    အကြောင်းမှာ ၎င်းတို့ အလိုရှိရာအတိုင်း ဆက်လက်ဖြစ်ပွားခွင့်ပြုထားခဲ့ပါက သူ့အတွက် အရာရာသည် ယခင်ကထက် များစွာပို၍ အန္တရာယ်များလာတော့မည် ဖြစ်သောကြောင့်လည်း ဖြစ်လေသည်။

#Catfoot

All Chapters