← Chapters

ဆီလက်စ်ကလေး၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်

Vol. 28 Ch. 394

ဆီလက်စ်ကလေး၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်

Vol. 28 Ch. 394

    ...

    ဝိညာဥ်လမ်းလျှောက်သူသည် ခေါက်ထားသော စာရွက်ကို ဖွင့်လိုက်သည်နှင့် ၎င်းမှာ အာရန်ကိုယ်တိုင် ရေးသားထားသည့် စာတစ်စောင်ဖြစ်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။

    ထိုစာတွင် အာရန်သည် ထိုနေရာသို့ ပြန်ရောက်လာရန် အနည်းဆုံး နောက်ထပ် သုံးလေးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် ဝိညာဥ်လမ်းလျှောက်သူအား မိုက်မဲသော လုပ်ရပ်များ မပြုလုပ်မိဘဲ ဒီအတိုင်းသာ ဆက်လက်စောင့်ဆိုင်းနေရန် မှာကြားထားလေသည်။

    ထို့အပြင် မိန်းကလေးကို ဂရုတစိုက်စောင့်ရှောက်ရန်နှင့် မည်သူမျှ သူမအား ရှာမတွေ့စေရန်လည်း အကြံပြုထားသေးသည်။

    အာရန်သည် ယခုကဲ့သို့ စာကို မည်သို့များ ပေးပို့နိုင်ခဲ့ကြောင်းကို သူနားမလည်သော်လည်း စာကို အိတ်ထဲသို့ ပြန်ထည့်သိမ်းထားလိုက်သည်။

    စောင့်ဆိုင်းရခြင်းသည် သူ့အတွက် ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ သူသည် အာရန်မပါပဲ ဤနေရာမှ ထွက်ခွာ၍လည်း ရမည်မဟုတ်ချေ။

    အာရန်သည် သူ၏ အရာရာကို ထိန်းချုပ်ထားသည်မဟုတ်ပါလော..။ ယခုစောင့်ဆိုင်းရမည်မှာလည်း ရက်အနည်းငယ်မျှသာ ဖြစ်သဖြင့် ကိစ္စတော့ သိပ်မရှိပေ။

    ဝိညာဥ်လမ်းလျှောက်သူနှင့်အတုအယောင်ပရောဟိတ်မတို့ တည်ရှိရာနေရာနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် ဝိညာဉ်ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာခဲ့၏။ ထိုစာကို ပေးပို့ပြီးနောက် ဝိညာဉ်စစ်သည်တစ်ဦးသည် ဝိညာဉ်လောကသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

    ...

    အခြားတစ်နေရာတွင် ပင်လယ်နဂါးဧကရီသည် အာရန်အား စောင့်ဆိုင်းနေခြင်းအား လက်လျှော့ကာ ကောင်းကင်နဂါး၏ နှလုံးသားတည်ရှိရာ အပျက်အစီးဒေသအတွင်းသို့ ကိုယ်တိုင် ဝင်ရောက်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်သည်။

    သူမသည် အာရန်အား သူမနှင့်အတူ ခေါ်ဆောင်သွားလိုနေခဲ့သည်။

    အကြောင်းမှာ အာရန်သည် ကောင်းကင်နဂါးသွေးမျိုးဆက်ဖြစ်၍ ထိုအပျက်အစီးနေရာများကြားတွင် စူးစမ်းရှာဖွေရာ၌ သူမအား များစွာ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မိသောကြောင့်လည်း ဖြစ်လေ၏။

    သို့သော်လည်း သူမ စောင့်ဆိုင်းခဲ့ရသည့်အချိန်အရ ယခုသည် လုံလောက်သင့်ပြီဖြစ်သည်။

    အာရန်သာ အမှန်တကယ်လာချင်ပါက ယခုအချိန်သည် ရောက်ရှိနေသင့်ပြီးဖြစ်သည်။

    အာရန်သည် ဖမ်းဆီးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်း တစ်ခုခုဖြစ်သွားနိုင်ခဲ့၍ ထိုသို့ဆိုပါက  ဆက်လက်စောင့်ဆိုင်းနေခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

    အကယ်၍ အာရန်သာအဖမ်းခံရသည်ဆိုပါကလည်း သူ့အား ကယ်တင်လိုပါက သူမသည် ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေပြီး ပိုမိုသန်မာလာမှသာ ဖြစ်နိုင်ပေလိမ့်မည်။

    ထို့ကြောင့် နဂါးဘုရင်မသည် မတ်တပ်ရပ်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ် ခေါက်ထားသော စာရွက်တစ်ရွက်သည် သူမ၏ ခြေရင်းသို့ ပြုတ်ကျလာခဲ့သည်။

    နဂါးဘုရင်မသည်လည်း စိတ်ရှုပ်ထွေးစွာဖြင့် သူမ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သော်လည်း ထိုစာကို ပစ်ချခဲ့သည့် မည်သူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကိုမျှ အနီးအနားတွင် မတွေ့ရပေ။

    သူမသည် ထိုစာကိုကောက်ယူလိုက်သည်နှင့် ကောင်းကင်နဂါး၏ အော်ရာ အနည်းငယ်ကို ခံစားမိလိုက်သည်။

    အာရန်သည် သူကိုယ်တိုင်ဆီမှလာသောစာဖြစ်ကြောင်း ပင်လယ်နဂါးဧကရီအား ယုံကြည်စေရန် စာရေးသားရာတွင် သူ၏ကောင်းကင်နဂါးအော်ရာ အနည်းငယ်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ခြင်းဖြစ်၏။

    ပင်လယ်နဂါးဧကရီသည် ထိုစာဖတ်ပြီးနောက် ရှေ့ဆက်မသွားတော့ပဲ နောက်ပြန်လှည့်ကာ ထိုနေရာတွင်ပင် ဆက်လက်စောင့်ဆိုင်းနေရန် ‌‌ဆုံးဖြတ်လိုက်သည်။

    သူမသည် ကောင်းကင်နဂါး၏ နှလုံးသားကို ကိုယ်တိုင်ရှာဖွေရန်ထက် အာရန်အား စောင့်ဆိုင်းရန်သာ ‌ရွေးချယ်ခဲ့ပြီးဖြစ်သည်။

    သူမ၏ အောင်မြင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်မည်ဆိုပါက သုံးရက်မျှ ထပ်မံစောင့်ဆိုင်းရခြင်းမှာ ကိစ္စကြီး တစ်ခုတော့မဟုတ်ပေ။

    သူမနှင့် မနီးမဝေးတစ်နေရာတွင် ဝိညာဉ်ဘုရင်မ ဖီလိုနာသည် စာကိုနဂါးဘုရင်မ ကောင်းစွာ ဖတ်ရှုပြီးကြောင်း အတည်ပြုချက်ရယူပြီးနောက် နောက်ပြန်ဆုတ်ပြီး ဂိတ်တံခါးမှတစ်ဆင့် ဝိညာဉ်လောကသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

    ...

    "စာတွေ ရောက်သွားပြီ၊ နှစ်ဦးစလုံးကလည်း ဆက်စောင့်ဖို့ သဘောတူလိုက်ကြပုံရတယ်"

    အာရန်သည် ပထမဝိညာဉ်ဘုရင်မဖြစ်သည့် ယီလန်၏ သတင်းကောင်း ဆောင်ကျဥ်းလာသော အသံကို နားထဲတွင် ကြားလိုက်ရသည်။

    "ဒါဆိုရင်တော့ ကောင်းတာပေါ့" ဟု အာရန်လည်း ခေါင်းညိတ်ရင်းပြန်ပြောလိုက်သည်။

    အာရန်သည် ထိုအရာအတွက် အတော်လေးစိုးရိမ်နေခဲ့ရသော်လည်း ယခုအခါ တွင်မူ သူသည် မြောက်ပိုင်းတိုက်ကြီးသို့ စိုးရိမ်ပူပန်စရာမလိုတော့ဘဲ ခရီးဆက်နိုင်ပြီဖြစ်၏။

    "နောက်ထပ် သတင်းကောင်းတစ်ခုလည်း ထပ်ပြီး ပြောစရာရှိသေးတယ်" ဟု ယီလန်က ထပ်ပြောလိုက်သည်။

    "ဆီလက်စ်ကလေး.. သူမရဲ့ ပထမဆုံး ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် ပြီးဆုံးသွာပြီဆိုးတဲ့သတင်းလား" ဟု အာရန်သည် သူ၏ရှေ့တွင် ပေါ်လာသော စနစ်၏ မျက်နှာပြင်ကို ကြည့်ရင်း ယီလန်အားပြန်မေးလိုက်သည်။

    အာရန်သည် ထိုသတင်းအတွက် အတော်လေးအံ့သြဝမ်းသာဖြစ်သွားခဲ့ရ၏။

    ဆီလက်စ်ကလေးအား ဝိညာဉ်လောကရှိ ဝိညာဥ်အဆီအနှစ်များ စုတ်ယူမှုတွင် ယခုကဲ့သို့ ဝိညာဉ်ဘုရင်မ၏ လမ်းညွှန်မှုဖြင့်ပင် ယခုထက်ပိုမိုကြာမြင့်လိမ့်မည်ဟု သူ အမှန်တကယ် ထင်မိခဲ့ခြင်းဖြစ်လေသည်။

    "ရှင်ဘယ်လိုလုပ် သိတာလဲ" ဟု ယီလန်က အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်သည်။

    အာရန်သည် ထိုကိစ္စကို ကြိုတင်သိနေခြင်းကြောင့် သူမသည်လည်းအတော်လေး အံ့သြသင့် သွားခဲ့ရသည်။

    သူမကိုယ်တိုင်ပင် လွန်ခဲ့သော စက္ကန့်ပိုင်းအနည်းငယ်ကမှ သိခဲ့ရခြင်းဖြစ်ရာ သူ သည် အဘယ့်ကြောင့် ထိုအရာကို ကြိုတင်သိနိုင်နေရသနည်း။

    အာရန်သည် ဝိညာဉ်လောကတွင် ခဏတာသာနေခဲ့ရခြင်းဖြစ်ကာ ဝိညာဉ်လောကတွင် ဖြစ်ပျက်ခဲ့သည့်အရာတစ်ခုကို သူ မည်သို့သိနိုင်နေသည်ကို သူမ အတွက်ပဟေဠိ တစ်ပုဒ်လိုဖြစ်သွားခဲ့လေသည်။

    ဆီလက်စ်နှင့် သူ၏ ဆက်သွယ်မှုသည် ထိုမျှအထိ အားကောင်းနေခဲ့ခြင်းလော...။

    အာရန်သည်် ယီလန်၏အမေးကို ပြန်မဖြေခဲ့ပေ။

    ဆီလက်စ်၏ ပထမဆုံးအကြိမ် ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားကြောင်း စနစ်ဆီမှ သတိပေးချက်ကို ရရှိခဲ့၍ဖြစ်သည်ဟု သူမအား သူမည်သို့ ရှင်းပြနိုင်မည်နည်း။

    "သူမကို အခု ဒီကို ပြန်ခေါ်လာလို့ရပြီလား" ဟု အာရန်သည် သူ၏ အတွေးများဖြင့် ယီလန်အား ဆက်သွယ်၍ မေးမြန်းလိုက်သည်။

    "ကလေးလေးနဲ့ မတွေ့ရတာတောင် အတော်ကြာနေပြီ"

    "သူ့ကို ခဏလောက် ထပ်ထားလိုက်ပါဦး။ သူပြန်ရောက်လာတဲ့အခါ ရှင်အရမ်း အံ့သြသွားမှာ သေချာတယ်"

    ယီလန်သည် အာရန်အား ခေတ္တထပ်မံစောင့်ဆိုင်းရန် ပြောပြီးနောက် သူတို့နှစ်ဦး၏ စိတ်ခြင်းဆက်သွယ် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်၏။

    အာရန်သည် သူမနှင့် ငြင်းခုံခြင်းမပြုခဲ့ပေ။

    မည်သို့ပင်ဆိုစေ သူသည် ဤဆင့်ကဲပြောင်းလဲမှု၏ အဓိပ္ပာယ်ကိုပင် နားမလည်နိုင်သေးချေ။

    ယီလန်သည် ဆီလက်စ်နှင့် ပတ်သက်၍ တစ်ခုခုကို သိထားပုံရကြောင်းလည်း အာရန်တစ်ယောက် ခန့်မှန်းမိခဲ့သည်။

    အာရန်သည် ဆီလက်စ်၏ ဖြစ်တည်မှုကိုပင် မည်သည့်အရာဖြစ်မှန်း ယခုအချိန်ထိ မသိနိုင်သေးပေ။

    ဆီလက်စ်သည် ဝိညာဉ်များနှင့် ဆင်တူပုံရသော်လည်း ဝိညာဉ်များပင် သူမအား မမြင်တွေ့နိုင်ခဲ့ကြပေ။

    ထို့ကြောင့်ပင် သူသည် ထိုအကြောင်းကို ယီလန်အား မေးမြန်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

    ပထမဆုံးအကြိမ် ယီလန်အား ဆီလက်စ်အကြောင်း ပြောပြပြီး မိတ်ဆက်ပေးခဲ့စဉ်ကပင် ယီလန်သည် အတော်လေးအံ့သြသွားခဲ့ရသည်။

    ထို့‌နောက်ယီလန်သည် အာရန်နှင့်ချုပ်ဆိုထားသည့် ဝိညာဥ်စာချုပ်အစွမ်းကို အသုံးပြ၍ ဆီလက်စ်၏ တည်ရှိမှုအား အာရုံခံရန် ကျိုးစားကြည့်ရာ နောက်ဆုံးတွင် အောင်မြင်သွားခဲ့လေသည်။

    ထိုအချိန်မှစ၍ သူမသည် ဆီလက်စ်အား ဝိညာဉ်လောကတွင် ထိန်းသိမ်းထားခဲ့ပြီး ဝိညာဥ်လောကသည် သူမအတွက် ကျင့်ကြံရန်ကောင်းမွန်သောနေရာတစ်ခု ဖြစ်သည်ဟုလည်း ထပ်လောင်း ပြောဆိုခဲ့သည်။

    အာရန်သည် ဆီလက်စ်ကို တွေ့ရန် ဝိညာဉ်လောကသို့ သွားရောက်လိုခဲ့သော်လည်း ဂိတ်တံခါးများကို မလိုအပ်ဘဲ ထပ်မံအသုံးမပြုချင်သဖြင့် အကြိမ်တိုင်းတွင် ချီတုံချတုံ ဖြစ်ခဲ့ရသည်။

    ထို့နောက် အာရန်သည် စောင့်ဆိုင်းရုံသာ တတ်နိုင်ခဲ့ပြီး ယီလန်သည် သူ့အတွက် ယုံကြည်စိတ်ချရဆုံးသူဖြစ်ကာ ဆီလက်စ်အတွက် မည်သည့်ထိခိုက်မှုမျှ ရှိစေမည် မဟုတ်ကြောင်း ယုံကြည်ထားလေသည်။

    အာရန်သည် သူ၏ အိတ်ကပ်ထဲတွင် အိမ်လုပ်၍နေထိုင်လေ့ရှိသော နတ်သမီးလေးနှင့်တူသည့် ထိုမိန်းမငယ်လေးအား လွမ်းဆွတ်နေမိသည်မှာ အကြိမ်ပေါင်းများစွာပင်။

    ဤဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်သည် ဘာကိုဆိုလိုကြောင်း ယီလန်အား မေးမြန်းကြည့်လိုနေခဲ့သည်။

    စနစ်က ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် ပြီးဆုံးသွားပြီဟုသာ ဖော်ပြထားပြီး ဆီလက်စ်အတွက် ဆင့်ကဲပြောင်းလဲမှုက ဘာကိုဆိုလိုသည်ကိုမူ မဖော်ပြထားပေ။

    နောက်ဆုံးတွင် အာရန်သည် သူ၏ သိလိုစိတ်ကို ထိန်းချုပ်ထားလိုက်သည်။ ထိုမိန်းမငယ်လေးကို ပြန်လည်ဆုံတွေ့နိုင်ရန် သူသည် အတော်လေး မျှော်လင့်နေခဲ့မိသည်။

    သူမ ကြိုက်နှစ်သက်သည့် ကိတ်မုန့်မျိုးစုံကိုလည်း သူသည် အများအပြား ကြိုတင် သိုလှောင်ထားခဲ့ပြီးဖြစ်၏။

    ...

    ဤသို့ဖြင့် အာရန်သည် သူ၏ အတွေးများထဲတွင် နစ်မြောနေစဉ်၌ ကာဒီနယ်ရဟန်းအမတ်မှာမူ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ ဦးဆောင်နေခဲ့သည်။

    ယခုအချိန်တွင် သူသည် မြောက်ပိုင်းတိုက်ကြီးသို့သာ အမြန်ဆုံး ဝင်ရောက်လိုနေလေသည်။

    ထို့နောက် ထိုနေရာကို ဤပုဂ္ဂိုလ်၏ ဂူသင်္ချိုင်းအဖြစ်သို့ ပြောင်းလဲပစ်မည်ဖြစ်သည်။

    ပက်ဂါဆပ်များသည် အထူးကောင်းကင်စစ်သင်္ဘောများလောက်ထိတော့ မမြန်ဆန်ကြသော်လည်း အနောက်ပိုင်းတိုက်ကြီး၏ နယ်စပ်သို့ ရောက်ရှိရန် တစ်ရက်ကျော်ကျော်သာ ကြာမြင့်ခဲ့လေသည်။

    အနောက်ပိုင်းတိုက်ကြီးနှင့် မြောက်ပိုင်းတိုက်ကြီးကြားတွင် မီတာသုံးထောင်ကျော် ကျယ်ဝန်းသော မြစ်ကြိးတစ်စင်းခြားထားလျက်ရှိနေပြီး ထိုမြစ်ရေသည် ထူးဆန်းစွာပင် ဆန့်ကျင်ဘက် လမ်းကြောင်းမျိုးစုံသို့ စီးဆင်းလျက်ရှိနေသည်။

    မြစ်၏ ဘယ်ဘက်ခြမ်းသည် အနောက်ဘက်တိုက်ကြီးနှင့် ချိတ်ဆက်ထားပြီး အပေါ်ဘက်သို့ စီးဆင်းနေသည်။

    ထိုမြစ်ရေပြင်သည် အသက်အော်ရာများနှင့် ပြည့်နှက်နေပြီး အရောင်တလက်လက်ဖြင့် ကြည်လင်နေလေသည်။

    မြစ်၏ ညာဘက်ခြမ်းသည် မြောက်ပိုင်းတိုက်ကြီးနှင့် ချိတ်ဆက်ထားပြီး မြစ်ရေသည် အောက်ဘက်သို့ စီးဆင်းသည်။

    ယခုနေရာရှိ ရေပြင်သည်မူ မည်းမှောင်လျက်ရှိနေပြီး သေခြင်း၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေဟန်ရ၏။

    မြစ်အတွင်းရှိ ဤထင်ရှားသော ခြားနားမှုသည် တိုက်ကြီးနှစ်ခုကြားတွင် စိတ်ဝင်စားဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီးပေးလျက်ရှိနေခဲ့လေသည်။

    #Catfoot

All Chapters