← Chapters

သစ္စာဖောက်ရန် ဆွဲဆောင်ခြင်း

Vol. 28 Ch. 393

သစ္စာဖောက်ရန် ဆွဲဆောင်ခြင်း

Vol. 28 Ch. 393

    …

    ကာဒီနယ်ရဟန်းအမတ်သည် တော်ဝင်မြို့တော်ကို ဖုံးကွယ်ထားသော ကောင်းချီးအကာအကွယ်လွှာအနီးသို့ ရောက်ရှိသောအခါ သူ၏ အိတ်ကပ်ထဲမှ တံဆိပ်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။

    ထိုတံဆိပ်တုံးကိုပြလိုက်သည်နှင့် အကာအကွယ်လွှာဆီမှ ထိုတံဆိပ်တုံးကဲ့သို့ တူညီသော အရောင်လင်းလက်လာခဲ့သည်။

    ထို့နောက် ပက်ဂါဆပ်တစ်ကောင် ဝင်နိုင်ရုံအပေါက်တစ်ပေါက် ပေါ်လာခဲ့ကာ ထိုအပေါက်သည် လွယ်ကူစွာ ဖြတ်သန်းနိုင်လောက်အောင်တော့ ကျယ်ဝန်းလေသည်။

    ...

    ကာဒီနယ်ရဟန်းအမတ်သည် ထိုအပေါက်မှတစ်ဆင့် မြို့ထဲမှနေ၍ အာရန်နှင့်အတူ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာလာခဲ့သည်။

    သန့်စင်ဧကရာဇ်၏ ပိုင်ဆိုင်မှုများ အနေဖြင့် အာရန်တွင်လည်း သူ၏ ကိုယ်ပိုင်တံဆိပ်တုံးတစ်ခုရှိနေခဲ့သည်။

    ထိုတံဆိပ်တုံးဖြင့်ဆိုပါက အကာအကွယ်လွှာတွင် ဝင်ပေါက်တစ်ခုကို ဖန်တီးနိုင်လေသည်။

    အမှန်ဆိုရလျှင် အာရန်၏ လက်ရှိတံဆိပ်တုံးမှ လုပ်ဆောင်နိုင်စွမ်းသည် သန့်စင်ပရောဟိတ်မလောက်ထိ မဟုတ်သော်လည်း ကာဒီနယ်ရဟန်းအမတ်ဆီမှ တံဆိပ်တုံးထက်မူ များစွာ သာလွန်နေ၏။

    ဤသို့ဖြင့် အာရန်တို့နှစ်ယောက် အကာအကွယ်လွှာရှိ ဝင်ပေါက်ကို ဖြတ်သန်းပြီးနောက် ၎င်းသည် ပြန်ပိတ်သွားခဲ့ကာ သန့်စင်မြို့တော်ကို တစ်ဖန် ပြန်လည် ချိတ်ပိတ်ထားလိုက်သည်။

    အာရန်သည် သားရဲဖြင့် ကောင်းကင်ယံတွင် ပျံသန်းဘူးသည့် အတွေ့အကြံများစွာရှိနှင့်ခဲ့ပြီးဖြစ်သည်။

    သူသည် ဖီးနစ်ငှက်ကိုပင် စီးဖူးခဲ့သော်လည်း ပက်ဂါဆပ်အားစီးရခြင်းသည် အတွေ့အကြုံသစ်တစ်ခု ဖြစ်လေ၏။

    ထူးဆန်းစွာပင် ထိုပက်ဂါဆပ်ကို စီးရခြင်းသည် မြေပြင်ပေါ်တွင် သာန်မြင်းတစ်ကောင်ကိုစီးနှင့်းရခြင်းနှင့် မည်သို့မျှ ကွာခြားမှုမရှိဟု ခံစားနေရသည်။

    ပက်ဂါဆပ်သည် လေထဲတွင် သာမန်မြင်းတစ်ကောင်ကဲ့သို့ ပြေးနေသည့်အလားပင်။

    တစ်ခုတည်းသော ကွာခြားချက်မှာ အာရန်သည် ပက်ဂါဆပ်အား မေးသိုင်းကြိုးများဖြင့် လမ်းညွှန်ပေးရန် မလိုအပ်ခြင်းပင်တည်း။

    အာရန်သည် ပက်ဂါဆပ်သားရဲ၏ ကိုယ်ပေါ်တွင်ပင် ကောင်းကင်ယံ၌ ပျံသန်းနေခြင်းအား ခဏတာ ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများကို နှစ်သက်စွာ တစ်ချက် ကြည့်ရှုလိုက်သည်။

    ကျယ်ပြောလှသော ကောင်းကင်ကြီးသည် အဆုံးအစမဲ့စွာ တည်ရှိနေဟန်ရပြီး မိုးသားတိမ်တိုက်များသည် အာရန်တို့နှင့်အလွန်နီးကပ်နေသည်ါအပြင် သူအား ထိလုနီးပါးပင် ဖြစ်နေကြသည်။

    ဤကဲ့သို့သော အခိုက်အတန့်လေးများအတွက် အာရန်သည် ဤကမ္ဘာသို့ ရောက်ရှိလာရခြင်းကို လုံးဝ နောင်တမရဟု ခံစားလိုက်ရသည်။

    သူ၏မူလ ကမ္ဘာမြေပေါ်တွင် ဤကဲ့သို့သော အရာများကို သူ ဘယ်တော့မှ ခံစားခွင့်ရနိုင်မည်မဟုတ်ပေ။

    ဤကမ္ဘာသည် အန္တရာယ်များပြည့်နှက်နေသော်လည်း ဤနေရာသို့ ပထမဆုံး ရောက်ရှိလာခဲ့စဉ်ကထက်မူ အရာရာကိုပိုမို၍ လက်ခံလာနိုင်ပြီး အချို့အရာများကို တန်ဖိုးထားတတ်စ ပြုလာခဲ့ပြီလည်း ဖြစ်၏။

    ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုရရှိစေသော အတွေ့အကြုံတစ်ခုဖြစ်သော်လည်း အာရန် နားလည်ထားသည်မှာ ယခုအခိုက်အတန့်သည် မုန်တိုင်းမတိုက်မီ လေပြေလေညှင်းကလေးများ၏ တည်ငြိမ်အေးချမ်းမှုမျိုးသာ ဖြစ်သည်ဆိုခြင်းကိုပင်။

    သူသည် မကြာမှီမှာပင် မြောက်ပိုင်းတိုက်ကြီးသို့ ပထမဆုံးအကြိမ်အဖြစ် စတင် ခြေချရတော့မည်ဖြစ်လေသည်။

    ၎င်းသည် သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်း၏ ဇာတိမြေလည်းဖြစ်၏။

    သေဆုံးပြီးသူများကိုပင် အုပ်ချုပ်နိုင်သော ထူးခြားသည့် ဖြစ်တည်မှုများဆိုနိုင်သည့် နစ်ခရိုမန်ဆာမျှော်စင်မှ သိမ်းပိုက်ထားသော တိုက်ကြီးတစ်ခုလည်းဖြစ်သည်။

    မြောက်ပိုင်းတိုက်ကြီးသည် အခြားတိုက်ကြီးသုံးခုနှင့် လုံးဝ ကွဲပြားခြားနားသော သီးခြားကမ္ဘာတစ်ခုဟု ခေါ်ဆိုကြသည်။

    လူတစ်ဦး မြောက်ပိုင်းတိုက်ကြီးတွင် သေဆုံးပါက ကောင်းမွန်သော နောက်ဘဝကိုပင် မကူးပြောင်းနိုင်ဟူသော ကောလာဟလများပင် ရှိခဲ့သည်။

    ၎င်းတို့၏ ဝိညာဉ်များသည် နစ်ခရိုမန်ဆာမျှော်စင်တွင် ထာဝရ ကျွန်ပြုခံရလိမ့်မည် ဟူ၍လည်းပြောဆိုကြလေ၏။

    အာရန်သည် ဤကောလာဟလများ မည်မျှ မှန်ကန်သည်ကို မသိနိုင်ခဲ့ပေ။

    သူသည် အခြားတိုက်ကြီးသုံးခု၏ ဇာတ်လမ်းများနှင့်ပတ်သတ်၍ အကြမ်းဖျင်း နားလည်နိုင်ခဲ့ပြီးဖြစ်သော်လည်း နစ်ခရိုမန်ဆာမျှော်စင်မူကား ယခုအချိန်ထိပင် လုံးဝ လျှို့ဝှက်ဆန်းကြယ်နေဆဲပင်ဖြစ်သည်။

    မြောက်ပိုင်းတိုက်ကြီးနှင့်ပတ်သတ်၍လည်း အာရန်သည် ယခုအချိန်ထိ အဓိကဇာတ်လိုက်မည်သူဖြစ်မှန်းကိုပင် မသိနိုင်သေးပေ။

    ဤမြောက်ပိုင်းတိုက်ကြီးအကြောင်း သူ သိထားသမျှမှာ "ငရဲမှ ပြန်လာသော နစ်ခရိုမန်ဆာ" ဟူသော ခေါင်းစဉ်တစ်ခုမျှသာ ဖြစ်လေ၏။

    အာရန်သည် ထိုဝတ္ထု၏ အဓိကဇာတ်လိုက်အကြောင်း အချိန်အတော်ကြာကတည်းက သိချင်နေခဲ့ခြင်းလည်းသည်။

    ထိုဇာတ်လိုက်သည် မည်သို့သော လူစားမျိုးနည်း။

    နစ်ခရိုမန်ဆာမျှော်စင်မှ ငရဲတံခါးကို ဖွင့်ရန် ကြိုးစားနေခြင်းသည် ထိုသူအား ခေါ်ထုတ်ရန် ကြိုးစားနေခြင်းလော...။

    သို့မဟုတ် ထိုသူ၏ လွတ်လပ်မှုသည် နစ်ခရိုမန်ဆာမျှော်စင်၏ ငရဲတံခါးဖွင့်လိုက်ခြင်း၏ မမျှော်လင့်သော ရလဒ်တစ်ခု ဖြစ်လာခဲ့မည်လော...။

    ထိုဇာတ်လိုက်သည် မည်သို့သော လူမျိုး ဖြစ်စေကာမူ အာရန်သည် ထိုလူကို မုချ သတ်ရမည်ကို နားလည်ထားလေသည်။

    အာရန်သည် ရှေ့ဆက်ရင်ဆိုင်ရမည့် ဘာမှန်းမသိသေးသည့် ဖြစ်တည်မှုများကြားတွင် အသက်ဆက်လက် ရှင်သန်နိုင်ရန်အတွက် ကျန်ရှိနေသော အဓိကဇာတ်လိုက်သုံးဦးကို အမြန်ဆုံး သတ်ပစ်ရန် လိုအပ်နေလေသည်။

    မြောက်ပိုင်းတိုက်ကြီးသည် ကမ္ဘာကူးပြောင်းလာသူ ဖေးတစ်ယောက် ပုန်းအောင်းနေသည့် နေရာလည်း ဖြစ်၏။

    သူသည် ဖေးနှင့် ယခုခရီးစဥ်တွင် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း ထိုသူ ဘာလုပ်နေသည်ကို မူသိချင်နေဆဲပင်။

    အာရန်သည် ဖေးအား သတ်၍ သူ၏ စွမ်းရည်ကို ခိုးယူနိုင်ခဲ့ခြင်း မရှိသေးအတွက် အတော်လေးကြိတ်မနိုင်ခဲ့မရဖြစ်နေဆဲပင်ဖြစ်သည်။

    ၎င်းထံမှ ရတနာပစ္စည်းတစ်ခုကိုသာ ထပ်မံရရှိလိုက်ပါက ကံတရားကခွင့်ပြုသရွေ့ မည်သည့်အရာကိုမဆို ၎င်း၏ ကန့်သတ်ချက်များထက် ကျော်လွန်အောင် အသုံးပြုနိုင်သည့် အခွင့်အရေးလည်း ရရှိနိုင်လိမ့်မည်ဖြစ်သည်။

    ...

    သန့်စင်မြို့တော်မှ မဝေးလှသောနေရာတစ်ခုတွင် မိန်းကလေး တစ်ဦးသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေခဲ့ပြီး သစ်သီးတစ်လုံးကို စိတ်မပါ့တပါ ဖြင့် တစ်ကိုက်စီကိုက်နေခဲ့၏။

    သူမ၏ အကြည့်သည် အဝေးရှိ သန့်စင်မြို့တော်ဆီသို့သာ ရောက်ရှိနေခဲ့ပြီး ထိုမြို့တော်ကို ဤနေရာမှကြည့်မည်ဆိုပါက အဝေးမှ သေးငယ်သော အစက်အပျောက်လေးတစ်ခုမျှသာ မြင်ရမည်လည်းဖြစ်သည်။

    "ကျွန်မတို့ သူ့ကို ဘယ်လောက်ကြာကြာ ထပ်စောင့်နေရဦးမှာလဲ" ဟု သူမက ဘေးတွင် ဟိုဟိုဒီဒီ လျှောက်သွားနေသော လူငယ်အား မေးလိုက်သည်။

    "သူ အဖမ်းခံရလို့ အသတ်ခံရပြီးလောက်ပြီလားတောင် မသိဘူး" ဟု သူမက ထပ်မံ အကြံပြုလိုက်သည်။

    "သူအသတ်ခံရဖို့များတယ်။ ဒါပေမဲ့ အသက်ရှင်လျက် အဖမ်းခံရပြီဆိုရင်လည်း အခြေအနေတွေက ပိုတောင်ဆိုးသွားနိုင်သေးတယ်။ သူသာ ကျွန်မတို့ရဲ့ တည်နေရာကို ဖော်ပြလိုက်ရင်ဘယ်လိုလုပ်မလဲ.... ကျွန်မတို့ ခုပဲထွက်သွားသင့်တယ်လို့ မထင်ဘူးလား"

    ဝိညာဥ်လမ်းလျှောက်သူသည် သူမအား ထိုသူ အာရန်၏ ညွှန်ကြားချက်များအတိုင်း ကယ်တင်ခဲ့ကြောင်း သူမ သိခဲ့ပြီးဖြစ်၏။

    ၎င်းက ဝိညာဥ်လမ်းလျှောက်သူတွင် မည်သည့် ရည်ရွယ်ချက်မျှ နောက်ကွယ်တွင် ရှိမနေကြောင်း သူမကို သက်သေပြနိုင်ခဲ့သည်။

    အမှန်ဆိုရလျှင် ထိုသူသည် အဘယ့်ကြောင့် သူမအား ကယ်တင်ခဲ့သည်ကိုပင် သူမကိုယ်တိုင် မမှန်းဆနိုင်ခဲ့ပေ။

    အကယ်၍ နောက်ကွယ်မှ ဆိုးရွားသည့် ရည်ရွယ်ချက်များ ရှိနေမည်ဆိုပါက ၎င်းသည် အာရန်ဆိုသူပင် ဖြစ်ပေလိမ့်မည်။

    ဖြစ်နိုင်ပါက သူမသည် ထိုပုဂ္ဂိုလ်နှင့် ထပ်မံတွေ့ဆုံလိုခြင်း ရှိမနေခဲ့ပေ။

    သူမသည် ဝိညာဥ်လမ်းလျှောက်သူအား သူမနှင့်အတူ ထွက်ပြေးရန် ကြိုးစားသိမ်းသွင်းနေခဲ့သော်လည်း ထိုသူသည် အလွန်ခေါင်းမာနေဆဲပင်။

    နောက်ဆုံးတွင် သူမသည် ထိုသူမှာ အာရန်အပေါ် အလွန်သစ္စာစောင့်သိနေကြောင်း သဘောပေါက်သွားခဲ့ရာ သူမ တစ်ယောက်တည်း ထွက်ခွာရန် ကြိုးစားခဲ့လျှင်ပင် သူသည် သူမအား ထွက်ခွာခွင့် ပေးမည်မဟုတ်မှန်း သဘောပေါက်လိုက်၏။

    သူမသည် ဖြစ်နိုင်ခြေရှိသော သစ္စာဖောက်မှုကို အကြံပြုခြင်းဖြင့် အာရန်ကို ဆန့်ကျင်ရန် သူအား လှည့်ဖြားရန်ထပ်မံကျိုးစားခဲ့သည်။

    အာရန် ဤနေရာသို့ ရောက်ရှိလာရန် နှောင့်နှေးနေခြင်းကလည်း သူမအား ဖြစ်နိုင်ချေရှိသည့် ဇာတ်လမ်းများကို ဖန်တီးရန် ကောင်းမွန်သော အခွင့်အရေးတစ်ခုကို ပေးနေဟန်ရလေသည်။

    အတုအယောင်ပရောဟိတ်မသည် မြို့စားမင်း၏မြို့တော်မှ ဝိညာဥ်လမ်းလျှောက်သူနှင့် အတူတကွ ထွက်ပြေးခဲ့သည်မှာ တစ်ရက်ကျော်ခန့်ပင်ရှိသွားပြီဖြစ်သည်။

    သူတို့သည် အာရန်အား တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သော်လည်း ယခုအချိန်ထိ သူ၏ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။

    "သူကို မြို့စားမင်းက ဖမ်းဆီးနိုင်မှာ မဟုတ်ဘူး" ဟု ဝိညာဥ်လမ်းလျှောက်သူက ခေါင်းကို ဖြည်းညှင်းစွာ ခါရင်း ပြန်ဖြေလိုက်သည်။

    သူသည် အာရန်မှာ မည်သို့သော လူစားမျိုးဖြစ်ကြောင်း ကောင်းစွာသိရှိထားခဲ့ပြီးသည်။

    အမှန်ဆိုရလျှင် သူသည် အာရန်၏ လက်ချက်ဖြင့် တစ်ကြိမ်ပင် သေဆုံးခဲ့ဖူးပြီးဖြစ်၏။

    အာရန်သည် တောင်ပိုင်းတိုက်ကြီး၏ အရှင်သခင်နှင့် ရင်ဆိုင်တွေ့ခဲ့ရသော်လည်း အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့သူ ဖြစ်သည်။

    ဤကမ္ဘာတွင် အရှင်သခင်တစ်ဦး ၏ သမီးကို ပြန်ပေးဆွဲပြီးနောက် အသက်ရှင်လွတ်မြောက်နိုင်ခဲ့သူ မည်မျှ ရှိနိုင်မည်နည်း။

    အာရန်သည် ထိုအရာအားလုံးကို တစ်ဦးတည်းလုပ်ဆောင်ခဲ့ကာ ထိုအရာများမှ အသက်ရှင်လွတ်မြောက်နိုင်ခဲ့ပါက သာမန်မြို့စားတစ်ဦးက သူ့အား မည်ကဲ့သို့များ တားဆီးနိုင်ပါမည်နည်း...။

    ဝိညာဥ်လမ်းလျှောက်သူသည် အာရန်၏ အလွန်အမင် လွှမ်းမိုးခြင်းကို ခံထားရခဲ့ရာ သန့်စင်ပရောဟိတ်မကိုယ်တိုင်မှ ထိုသူအား သတ်ရန် ကြိုးစားခဲ့လျှင်ပင် သူမသည်လည်း ထပ်မံကျရှုံးလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။

    ထိုသို့ဆိုပါက သာမန်မြို့စားတစ်ဦးသည် ဂရုစိုက်စရာကော လိုပါဦးမလား။

    "သူ မကြာခင် ရောက်လာပါလိမ့်မယ်" ဟု ဝိညာဥ်လမ်းလျှောက်သူက ပြောလိုက်ပြီး အနားယူရန် နောက်ထပ် ကျောက်တုံးတစ်ခုဆီသို့ ပြန်သွားခဲ့၏။

    ထို့နောက်သူသည် ထိုနေရာတွင် ထိုင်ချတော့မည့်ပြုစဉ်မှာပင် ကျောက်တုံးပေါ်တွင် ခေါက်ထားသော စာရွက်တစ်ရွက်ကို သတိပြုမိလိုက်သည်။

    "ဒီစာရွက်က ဒီကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"

    စူးစမ်းလိုစိတ်ဖြင့် ဝိညာဥ်လမ်းလျှောက်သူသည် ခေါက်ထားသော စာရွက်လေးကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်မိသည်။

    #Catfoot

All Chapters