← Chapters

ဟွမ်မင်၏စွမ်းအား

Vol. 29 Ch. 427

ဟွမ်မင်၏စွမ်းအား

Vol. 29 Ch. 427

အခြေအနေတစ်ခုလုံးကို အတည်ပြုပြီးနောက် လုယန်တို့သုံးယောက်က ထိုနေရာတွင် စောင့်နေခဲ့ပြီး ကျောက်ပိုက သူ့ဖုတ်ကောင်နှင့်အတူ ပိုင်ရွှေ့ရွာသို့သွား၍ ထွက်ပြေးရန်ပြင်နေသည့်လျိုစန်းကို ဖမ်းခေါ်လာသည်။

အရိုင်းနယ်မြေမှ အလောင်းထိန်းမားတစ်ယောက်ဖြစ်၍ ကျောက်ပိုသည့် ထူးခြားသည့်အဆင့်အတန်းတစ်ခုရှိသည်။ ထို့ပြင် သူသည် အစဉ်အလာဂိုဏ်းတစ်ခု၏ မျိုးဆက်ဖြစ်သည်။ ထို့ကြောင့် လျိုစန်းကို အမေးအမြန်းမရှိ ဖမ်းခေါ်ခွင့်ရှိသည်။

"ဟေ့..ဟေ့...မင်းတို့ဘာလုပ်နေတာလဲ"

လုယန် သွားတန်းများပေါ်အောင် ပြုံးလိုက်သည်။

"ငါတို့မင်းကို အာဏာပိုင်တွေဆီ ခေါ်သွားမလို့ပါ"

"ငါဘယ်သူ့ကိုမှမသတ်ဘူးလို့ ပြောပြီးပြီလေ"

"လူသတ်သမားတွေကိုပဲ အပြစ်ပေးရမယ်လို့ ဘယ်သူပြောလဲ။ လိမ်တာလည်း ပြစ်မှုပဲကွ။ ပြီးတော့ ရေချိုကို ရေငန်ဖြစ်အောင်ပြောင်းလိုက်လို့ ငါးတွေအားလုံးသေသွားတယ်။ ဒါကိုလည်း ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့် တရားစွဲလို့ရတယ်။ အားလုံးအကျုံးဝင်တယ်"

"မဟာရှားက သရဲတွေကိုရော တရားခွင်တင်ကြတာလား"

ရေနစ်သရဲက မဝံ့မရဲမေးသည်။

လုယန် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"သရဲတွေတင်မကဘူး။ တာအိုလမ်းစည်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဒါမှမဟုတ် တရားရေးဝန်ကြီးတောင် ပြစ်မှုကျူးလွန်ရင် ထောင်ထဲကိုပစ်ထည့်တာ"

ကျောက်ပို အံ့အားသင့်သွားသည်။ ထိုအဖြစ်မျိုး သူတစ်ခါမှမကြားဖူး။

မသေမျိုးငါးဂိုဏ်းသည် ဥပဒေအတည်ပြုအခွင့်အာဏာရှိသည်ဟု သိထားသည်။ သူတို့ကို ဘယ်လိုဖမ်းနိုင်မည်နည်း။

တရားရေးဝန်ကြီးသည် ဥပဒေကို အကျွမ်းကျင်ဆုံးဖြစ်သည်။ ထိုလူမျိုးကရော ဥပဒေချိုးဖောက်မည်လော။

ထိုကိစ္စများသည် မသေမျိုးဂိုဏ်းများသာသိကြသည့် လျှို့ဝှက်ချက်များဖြစ်လိမ့်မည်။

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းလည်း လုယန်ကို တအံ့တဩကြည့်နေသည်။ ဝစီပိတ်တို့အဖြစ်ကို သူတို့လည်း မသိကြ။

ထိုအကြောင်းကို မဟာရှားအင်ပါယာ၊ တရားရေးဌာန၊ ယွမ်ကျိနှင့် လုယန်တို့သာ သိကြသည်။

"ပြစ်ဒဏ်ချမယ်ယ်တဲ့လား။ ကျောက်ပို၊ ဂိုဏ်းကပေးတဲ့တာဝန်ကို မင်းကဒီလိုပုံစံ ထမ်းဆောင်နေတာလား"

အေးစက်စက်စကားသံတစ်ခု ကောင်းကင်အထက်မှ ရုတ်တရက်ပေါ်လာသည်။ အားလုံး မော့ကြည့်ကြသည်။ လူတစ်ယောက် လေဲတွင်ပျံဝဲလာသည်။ မျက်နှာက ခက်ထန်သည်။

သူ့နောက်တွင် ဝတ်ရုံနက်ဝတ်ထားသည့် ဖုတ်ကောင်တစ်ကောင် လိုက်ပါလာသည်။

"အကိုဟွမ်မင်"

ကျောက်ပို ထိုလူကို ချက်ချင်းမှတ်မိသွားသည်။ ဂိုဏ်းပြိုင်ပွဲတွင် သူ့ကိုအနိုင်ယူခဲ့သည့် ပထမဂိုဏ်းတပည့် ဟွမ်မင်ဖြစ်သည်။

ဟွမ်မင်နင့် သူ့ဖုတ်ကောင် ဖြေညှင်းစွာဆင်းလာသည်။ ကျောက်ပိုကို အလိုမကျသည့်မျက်လုံးဖြင့် ကြည့်နေသည်။

"ဂိုဏ်းရဲ့မစ်ရှင်က သရဲတွေကို အပြီးပြတ်သုတ်သင်ရှင်းလင်းဖို့ပဲ။ မင်းဘာလို့ ဒီသရဲကိုချန်ထားတာလဲ။ မင်းသတ်ဖို့ ဝန်လေးနေရင် ငါလုပ်မယ်"

ပြောရင်းဆိုရင်းပင် ဝိညာဉ်ဖျက်အဆောင်တစ်ခု ဖျတ်ခနဲထုတ်၍ ရေနစ်သရဲဆီ ပစ်လွှတ်ရန်ပြင်သည်။

ကျောက်ပိုက သူ့ထက်မြန်သည်။ ချက်ချင်းရှေ့တိုး၍ ရေနစ်သရဲရှေ့မှ ကာရပ်လိုက်သည်။

"အကိုဟွမ်မင်၊ သရဲတွေအားလုံး ဆိုးသွမ်းကြတာမဟုတ်ပါဘူး။ ဒီရေနစ်သရဲဟာ ကြီးလေးတဲ့ပစ်မှုမျိုး မကျူးလွန်ဖူးဘူး။ သေဖို့မထိုက်တန်ပါဘူး"

"ရယ်ရတယ်ကွာ။ သရဲတစ်ကောင်ရဲ့ စာရိတ္တကို ငါဂရုမစိုက်ဘူးကွ။ ဂိုဏ်းကပေးတဲ့တာဝန်က သရဲတိုင်းကို ရှင်းပစ်ဖို့ဆိုတာပဲ ငါသိတဘ်"

ဟွမ်မင်မျက်လုံးများ မှေးစင်းသွားသည်။

"မင်းငါ့ကိုတားဖို့ ဆုံးဖြတ်ပြီးပြီလားကျောက်ပို"

ပြဿနာဖြစ်တော့မည့်အခြေအနေကြောင့် လုယန် သူတို့ကြားသို့ဝင်လိုက်သည်။

"မိတ်ဆွေ၊ ငါတို့အားလုံး မဟာမိတ်ဂိုဏ်းတပည့်တွေပါ။ ဒီလောက်ထိဖြစ်စရာမလိုပါဘူး"

ဟွမ်မင်က အရေးမစိုက်။

"မင်းကဘယ်သူလဲ"

"တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ"

ဟွမ်မင် လှောင်ပြုံးပြုံးလိုက်သည်။

"ဪ...ချင်းကျိုးမှာ ကိုယ်ထက်အဆင့်နိမ့်တဲ့လူတွေကို အနိုင်ယူခဲ့တဲ့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ကိုး။ အခု ငါတို့အလောင်းထိန်းဂိုဏ်းရဲ့ အတွင်းရေးကိစ္စမှာ မင်းကဘာလို့ဝင်စွက်ချင်ရတာလဲ။

ဂိုဏ်းတူအကိုတစ်ယောက်က ဂိုဏ်းတူညီတစ်ယောက်ကိုဆုံးမတာ မင်းလိုအပြင်လူနဲ့ဘာမှမဆိုင်ဘူး"

သူ့စကားကြောင့် အရိုးရိုင်း ဒေါသထွက်သွားပြီး တိုက်ခိုက်ရန်ပြင်သည်။ သို့သော် မုန်ကျင်းကျိုးက သူ့ကိုအမြန်ထိန်းထားလိုက်သည်။

ထိုဟွမ်မင်သည် သူတို့အပေါ် မကျေနပ်ချက်နည်းနည်းရှိနေသည်ဟု သူခံစားရသည်။

လုယန် အမူအရာမပျက်။ လောကဝတ်အပြုံးမျိုး ရှိနေဆဲဖြစ်သည်။

"ရေနစ်သရဲကို ငါတို့ဖမ်းခဲ့တာ။ ဒီတော့ သူ့ကိုဘယ်လိုစီရင်မလဲဆိုတာ ငါတို့ပဲ ဆုံးဖြတ်ရမှာ။ ဒါပေမယ့် ပွဲပြီးတဲ့အချိန်ကျမှ မင်းဒီလိုနာမည်ကောင်းဝင်ယူတာ နည်းနည်းရိုင်းသလိုဖြစ်မနေဘူးလား"

"ဟား။... နတ်ဝိညာဉ်အလတ်တန်းသရဲတစ်ကောင်ကို ရွှေသန္ဓေအဆင့်လေးယောက် ဝိုင်းဖမ်းတာကို အဆန်းလုပ်ပြီး ကြွားလုံးထုတ်နေတယ်ပေါ့။ ဒါမျိုးကို ငါတစ်ယောက်တည်းလုပ်နိုင်တယ်ကွ။

တစ်ချို့လူတွေက မင်းတို့ကို မျိုးဆက်ရဲ့ထိပ်တန်းပါရမီရှင်တွေလို့ ခေါ်ပေမယ့် ငါလုံးဝအထင်မကြီးဘူး"

လုယန်အပြုံးက ပျောက်ကွယ်မသွား။

"ဪ...မင်းက မင်းကျင့်စဉ်စွမ်းအားကို အတော်ယုံကြည်မှုရှိနေပုံရတယ်"

"စမ်းကြည့်မလား.."

သူ့စကားမဆုံးသေးခင် လုယန်က အရဟတ်လက်သီးတစ်ချက် ဟွမ်မင်ကို ထိုးလိုက်သည်။

"ဘုန်း"

ဖုတ်ကောင်က သူ့ထက်ပိုမြန်သည်။ လုယန်၏လက်သီးချက်ကို လက်မောင်းနှစ်ဘက် ကြက်ခြေခတ်၍ ဟွမ်မင်ရှေ့မှ သံတံတိုင်းတစ်ခုလို ကာကွယ်လိုက်သည်။

လုယန် နည်းနည်းအံ့အားသင့်သွားသည်။ ထိုလက်သီးသည် စွမ်းအားပြည့်ထည့်မထားသော်လည်း သာမန်ရွှေသန္ဂေအခြေခံအဆင့်ကျင့်ကြံသူတစ်ယောက် ခုခံနိုင်မည်မဟုတ်။

ဖုတ်ကောင် အော်ဟစ်မာန်သွင်းသည်။ ခန္ဓာကိုယ်ချက်ချင်းကြီးထွားလာပြီး လုယန်ကိုဖမ်းချုပ်ရန် ခုန်ဝင်လာသည်။

လုယန် တိုက်ရိုက်ရင်မဆိုင် ညာခြေကိုဆောင့်လိုက်သည်။ မြေထဲသို့စုန့်ဝတင်သွားပြီး ဟွမ်မင်နောက်တွင် ပြန်ပေါ်လာသည်။

ဖုတ်ကောင်ထက်စာလျှင် သခင်ကိုတိုက်ခိုက်ခြင်းက ပိုကောင်းသည်။

"အရဟတ်လက်သီး"

"ငရဲလက်ဝါး"

လုယန်လှုပ်ရှားမှုကို ကြိုတွက်ထားပြီးဖြစ်၍ ဟွမ်မင်က အားပြင်းသည့်လက်ဝါးဖြင့် လှည့်ရိုက်သည်။

လက်သီးနှင်လက်ဝါး ရင်ဆိုင်တွေ့သည်။ လေထဲတွင် စွမ်းအင်လှိုင်းများ တုန်ခါသွားသည်။ အားလှိုင်းကို မခံနိုင်သဖြင့် နှစ်ယောက်လုံး နောက်သို့ဆုတ်သွားသည်။ လက်သီးလက်ဝါးရိုက်ချက်မှ စွမ်းအင်များ သူတို့ခန္ဓာကိုယ်ထဲတွင် ဗြောင်းဆန်နေသည်။

နှစ်ယောက်လုံး မြေပြင်ကို တစ်ချက်ထိုးရိုက်၍ ကိုယ်ထဲမှအားလှိုင်းကို ဖြေထုတ်လိုက်ရသည်။

လုယန်မျက်လုံးများ မှေးစင်းသွားသည်။ သူ့အပြုံးတွင် စိတ်လှုပ်ရှားရိပ်သန်းလာသည်။ ထိုမျှတိုက်ခိုက်ရေးအတွေ့အကြုံများသည့် ပြိုင်ဘက်တစ်ယောက် မတွေ့ခဲ့ရသည်မျှာ အတော်ကြာပြီဖြစ်သည်။

"မဖြစ်နိုင်ပါဘူး...."

ကျောက်ပို ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင်ဖြစ်နေသည်။ အလောင်းထိန်းသမားများသည် ရုပ်ခန္ဓာစွမ်းအား သာမန်သာရှိကြသည်။ လုယန်၏လက်သီးစွမ်းအားကို သူမြင်ဖူးသည်။ ဟွမ်မင်က လုယန်ကို ယခုလိုထိပ်တိုက်ရင်ဆိုင်နိုင်သည်မှာ ယုံနိုင်စရာပင်မရှိ။

"မင်းက ရွှေသန္ဓေအခြေခံအဆင့်မဟုတ်ဘူးမို့လား။ ရွှေသန္ဓေအလတ်တန်းအဆင့်ဖြစ်မယ်"

လုယန် ပြုံး၍ပြောသည်။ ဟွမ်မင်ကို ရွှေသန္ဓေအခြခံအဆင့်ဟု ကျောက်ပိုပြောခဲ့သည်ကို သူမှတ်မိသည်။

"မင်းဘာလို့ ဒီလိုပြောနိုင်တာလဲ"

"ဒီလက်သီးထဲမှာ ငါ့စွမ်းအားအပြည့်ထည့်ထားတာ။ ရွှေသန္ဓေအခြေခံအဆင့်တစ်ယောက်က ခုခံနိုင်တယ်ဆိုရင် ငါကျင့်ကြံခဲ့ရသမျှအလကားဖြစ်သွားပြီပေါ့"

ဟွမ်မင် အေးစက်စက်နှာခေါင်းရှုံ့သည်။ ဘာမှပြန်မပြော။

လုယန်ကို ထိုမျှရင်ဆိုင်ရခက်မည်ဟု သူထင်မထားခဲ့။

"ငါ့ဆံပင်တွေ..."

နောက်တစ်ကြိမ်တိုက်ခိုက်ရန် ကြံနေစဉ်မှာပင် သူ့ဆံပင်များ နှင်းကျသလို ကျဆင်းလာသည်။

"လက်သီးပညာနဲ့မှော်စွမ်းအားပေါင်းစပ်ထားတယ်ပေါ့"

ဟွမ်မင် ချက်ချင်းနားလည်သွားသည်။ လုယန်သည် ရွှေသန္ဓေအဆင့်နှင့် ထိုအတိုင်းအတာထိ ဘယ်လိုကျွမ်းကျင်နေသည်မသိ။

သူဆံပင်ကို အရေးမစိုက်။ လုယန်၏ပါရမီကိုသာ သူစိတ်ပူသည်။

"လက်သီးပညာနဲ့မှော်ပညာပေါင်းစပ်တယ်ဆိုတာ ဘာလဲ"

‌ထိုအယူအဆကို နားမလည်သဖြင့် ကျောက်ပိုက မေးသည်။

မုန်ကျင်းကျိုးက ဟွမ်မင်ကိုသာ မျက်မှောင်ကျုံ့၍ စိုက်ကြည့်နေသည်။ ကျောက်ပိုအမေးကို ပြန်မဖြေ။

ဟွမ်မင်စကားသည် တိုက်ပွဲအတွေ့အကြုံသက်သက်မဟုတ်။ သူ့အသိဗဟုသုက အလောင်းထိန်းဂိုဏ်းပေးနိုင်သည့်အသိထက် များစွာကျော်လွန်နေသည်။ ထို့ပြင် ဂိုဏ်းချုပ်ကသူ့ကို တပည့်အဖြစ်လက်ခံခဲ့သည်မှာလည်း သိပ်မကြာသေး။

ထိုအသိဗဟုသုတများ ဘယ်ကရလာသနည်း။

"ဘုန်း"

နှစ်ယောက်သား‌ တိုက်ပွဲပြန်စသည်။ ထိတွေ့မှု၏ ပြင်းအားက သူတို့ကျင့်စဉ်အဆင့်ထက် ကျော်လွန်နေသ်ည။ လုယန်က ရသာသုံးပါးမီးတောက်ဖြင့် တိုက်ခိုက်သည်။

ဟွမ်မင်က တိန်မော်မီးတောက်ဖြင့် တန်ပြန်တိုက်ခိုက်သည်။ ဘေးပတ်လည်အပူချိန် မြင့်တက်လာသည်။ ရေနစ်သရဲ နောက်သို့ဆုတ်ပြီးရင်း ဆုတ်နေရသည်။

"တိန်ကျားဆယ့်နှစ်ပါးမီးတောက်စစ်လား"

‌ကျောက်ပို အကြိးအကျယ် အံ့အားသင့်သွားသည်။ မီးတောက်စစ် ၁၀၈ မျိုးတွင် တိန်ခြောက်ပါး ကျားခြောက်ပါး မီးတောက်စစ်ဆယ့်နှစ်ခုရှိသည်။ တိန်မော်မီးတောက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

(**တာအိုဒဏ္ဍာရီမှ ကောင်းကင်ဝိညာဉ်ဆယ့်နှစ်ပါးကို ရည်ညှန်းသည်။ 'တိန်ခြောက်ပါး'သည် ယင်ဝိညာဉ်များဖြစ်သည်။ 'ကျားခြောက်ပါး' ယန်ဝိညာဉ်များဖြစ်သည်)

အလောင်းထိန်းဂိုဏ်းတွင် ဂိုဏ်းပြိုင်ပွဲကျင်းပစဉ်က ဟွမ်မင်သည် ငရဲလက်ဝါးကိုရော တိန်‌မော်မီးတောက်ကိုပါ ထုတ်မသုံးခဲ့။

သူစွမ်းအားပြည့်မထုတ်ခဲ့ကြောင်း ကျောက်ပိုရိပ်စားမိခဲ့ပါသည်။ သို့သော် သူ့ဖုတ်ကောင်၏စွမ်းရည်တစ်ချို့ကိုသာ လျိုထားသည်ဟု ထင်ခဲ့သည်။ ယခုလို ဟွမ်မင်ကိုယ်တိုင်က အံ့ဖွယ်စွမ်းအားမျိုး ပိုင်ဆိုင်နေမည်ဟု သူမထင်ခဲ့။

မသေမျိုးငါးဂိုဏ်းဝင် ဂိုဏ်းတပည့်များမှလွဲလျှင် ယခုလို သူနှင့်လက်ရည်တူယှဉ်နိုင်သည့် အပြင်လူတစ်ယောက်ကို လုယန်တစ်ခါမှမတွေ့ခဲ့ဖူး။

တိုက်ပွဲက ပိုပြင်းထန်လာသည်။ နှစ်ဘက်လုံး ကျင့်စဉ်စွမ်းအား မှော်စွမ်းအားမျိုးစုံ ထုတ်သုံးကြသည်။ လက်သီးလက်ဝါးချက်ထိသံများက မိုးခြုန်းသံလို ဟိန်းထွက်နေသည်။ သို့သ်ော အနိုင်အရှုံးမပေါ်သေး။

တဖြေးဖြေး တိုက်ပွဲအခြေအနေ ပြောင်းလဲလာသည်။ လုယန်က အခြေခံပိုခိုင်မာသည်။ သူ့စွမ်းအင်က ပို၍ကြာရှည်ခံသည်။ ရေရှည်တိုက်ပွဲတစ်ခုတွင် လုယန်ကို အဆင့်တူချင်းယှဉ်နိုင်သူ တစ်ယောက်မှမရှိ။

ဟွမ်မင်ဒေါသထွက်လာသည်။ သူစတင်တိုက်ခိုက်ကတည်းက တစ်ခါမှမရှုံးခဲ့ဖူး။ ယခု ရှုံးနိမ့်ရတော့မည်ဟူသည့်အတွေးကို သူလက်မခံနိုင်။

လုံးဝလက်မခံနိုင်။

သူ့မျက်လုံးများက ကျားတစ်ကောင်လိုဖြစ်လာသည်။ မမြင်နိုင်သည့်စိတ်စွမ်းအားတစ်ခု ရုတ်တရက် ထိုးထွက်လာပြီး ဝိညာဉ်စွမ်းအင်မြားတစ်ချောင်းဖန်တီး၍ လုယန်ဆီ တည့်တည့်ပစ်လွှတ်လိုက်သည်။

သို့သော် လုယန်၏ဝိညာဉ်စွမ်းအားက ပြိုင်ဘက်ကင်းသည်။ ထာဝရနတ်မယ်ကလည်း သူ့သိစိတ်နယ်မြေကို စောင့်ကြပ်နေသည်။ ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင် သူ့ကိုမခြိမ်းခြောက်နိုင်။

လုယန်နဖူးတွင် စွမ်းအင်ဒိုင်းငယ်တစ်ခုပေါ်လာသည်။ ဝိညာဉ်မြှားက ချော်ထွက်သွားသည်။

ထာဝရနတ်မယ် ကိစ္စတစ်ခု ချက်ချင်းသဘောပေါက်လာသည်။

"ငါနားလည်ပြီ။ သူက နင်တို့မျိုးဆက်ကလူမဟုတ်ဘူး။ ကျင့်စဉ်စွမ်းအားကို ဖျက်ဆီးပြီး အစကနေပြန်ကျင့်ကြံတဲ့ သက်တမ်းရင့်ကျင့်ကြံသူတစ်ယောက်ပဲ"

*************************************

All Chapters