ကျင့်ကြံမှုပြန်စခြင်းသဘော
Vol. 29 Ch. 428
"ကျင့်စဉ်စွမ်းအားဖျက်ပြီး ပြန်စတာလား"
လုယန် ထိုအဖြစ်မျိုး တစ်ခါမှမကြားဖူး။ ဆိုလိုသည့်အဓိပ္ပါယ်ကို နာလည်ဖို့တော့ လွယ်ကူပါသည်။
"ဟုတ်တကယ် ကျင့်ကြံသူအများစုက ကျင့်စဉ်ခရီးအစမှာ သင့်တော်တဲ့လမ်းညွှန်မှုမျိုးမရလို့ တိုးတက်မှု မချောမွေ့ကြဘူး။ သူတို့အခြေခံစွမ်းအားက မတည်ငြိမ်ဘူး။ ကျင့်စဉ်အဆင့်နိမ့်တဲ့အချိန်မှာတော့ သိပ်ပြဿနာမရှိဘူး။
အလွန်ဆုံး မင်းလိုအခြေခံခိုင်မာတဲ့လူကို ရှုံးရုံလောက်ပဲရှိမှာ။ ဒါပေမယ့် ကျင့်စဉ်အဆင့်မြင့်လာတဲ့အခါ ပြဿနာတွေပိုဆိုးဝါးလာတယ်။ အဆင့်တက်ခါနီးမှာ အခက်အခဲတွေကြုံတယ်။ နှစ်ရာချီထောင်ချီကျင့်လည်း တိုးတက်မလာတော့ဘူး။
အဲဒီ့အချိန်ကျရင် သူတို့တစ်ခု ရွေးချယ်ကြရတယ်။ သူတို့ကျင့်စဉ်စွမ်းအားကိုဖျက်ဆီးပြီး အောက်ခြေကနေစပြီး ပြန်ကျင့်ကြံကြတယ်"
ထာဝရနတ်မယ် ပြည့်စုံအောင်ရှင်းပြာသည်။ ကျင့်ကြံမှုနှင့်ပတ်သက်၍ သူဗဟုသုတများက ပြိုင်ဘက်ကင်းသည်။
"ကျင့်စဉ်ဖျက်ဆီးတယ်ဆိုတာ ဘဝသစ်ပြန်ဝင်စားရတာနဲ့တူတယ်။ မှတ်ဉာဏ်တွေက ဒီအတိုင်းအရျိနေပေမယ့် မွေးကင်းစကလေးလို အားလုံးကို နောက်တစ်ကြိမ်စလုပ်ရတယ်။
ကျင့်ကြံခဲ့ဖူးတဲ့အတွေ့အကြုံကြောင့် အရင်ကလုပ်မိတဲ့အမှားတွေကို သူတို့ရှောင်နိုင်တယ်။ အသစ်ပြန်စကျင့်ကြံတဲ့အချိန်မှာ အခြေခံခိုင်မာအောင် သေချာလုပ်နိုင်တယ်။
အရင်က သူတို့ကျင့်စဉ်အဆင့်မြင့်လွန်းနေလို့ ဒါမှမဟုတ် အသက်ကြီးလွန်းလို့ မလုပ်နိုင်ခဲ့တဲ့ အခွင့်အရေးတွေ ပြန်ရလာတယ်။ လူတစ်ယောက်ဟာ ဒီလိုကျင့်စဉ်ဖျက်စီးပြန်စနေတာ ဟုတ်မဟုတ် ဘယ်သူမှမခန့်မှန်းနိုင်ဘူး။
အရိုးသက်တမ်း ဒါမှမဟုတ် တစ်ခြားစစ်ဆေးနည်းတွေနဲ့တောင် ခန့်မှန်းလို့မရဘူး။
ဒါပေမယ့် ကျင့်စဉ်ဖျက်ပြီးပြန်စကျင့်တဲ့အခါ အဓိကအန္တရာယ်ကြီးသုံးခုရှိတယ်။ ပထမတစ်ချက်က ကျင့်ကြံသူဟာ စုစည်းခြင်းထိပ်ဆုံးအဆင့်ရှိနေရမယ်။
သူတို့သန္ဓေ၊ စွမ်းအင်နဲ့ ဝိညာဉ် လိုက်ဖက်ညီညီပေါင်းစပ်တဲ့အချိန်မှသာ သူတို့ရဲ့မူလဝိညာဉ်တစ်စကို ခွဲထုတ်ပြီး ရှင်သန်နိုင်တာ။
သူတို့အရမ်းအသက်ကြီးတဲ့အချိန် ဒါမှမဟုတ် စွမ်းအားနည်းနေတဲ့အချိန်မှာ ဒီလိုလုပ်ဖို့ကြိုးစားရင် သေသွားနိုင်တယ်။ ပြန်မရှင်သန်နိုင်ပဲ ဝိညာဉ်လုံးဝပျောက်ကွယ်သွားနိုင်တယ်။
ဒုတိယတစ်ချက်က၊ ပြန်ကျင့်ကြံတယ်ဆိုတာ မွေးကင်းစကလေးလိုပဲ။ ဘာမှမလုပ်နိုင်သေးဘူး။ ထမင်းစားဖို့ လေးဘက်သွားဖို့ ပြန်သင်ရတယ်။ ဒါပေမယ့် ကျင့်ကြံသူလောကဆိုတာက အန္တရာယ်တွေ ပြည့်နေတာလေ။
ရန်သူတစ်ယောက်ကို ဒေါသသွားဆွမိလို့ သူတို့မူလစွမ်းအားပြန်ရအောင် မကျင့်ကြံနိုင်ခင် အသတ်ခံရနိုင်တယ်။
...တတိယတစ်ချက်က ခန္ဓာကိုယ်အသစ်ရဲ့ ဝိညာဉ်မြစ်တွေဟာ ခန့်မှန်းလို့မရဘူး။ ဥပမာ လူတစ်ယောက်ဟာ ကျင့်စဉ်မဖျက်ဆီးခင်မှာ ဒွိဝိညာဉ်မြစ်ရှိမယ်။
ဒါပေမယ့် ကျင့်ကြံမှုပြန်စတဲ့အချိန်ကျတော့ ဒွိဝိညာဉ်မြစ်တွေ စတုဝိညာဉ်မြစ်ပိုင်ရှင်တွေအဖြစ် ပြောင်းသွားနိုင်တယ်။ ဒီလိုဆိုရင် သူတို့ဘယ်လောက်အတွေ့ကြုံရှိခဲ့ရှိခဲ့ အရင်ကသူတို့ရောက်ခဲ့တဲ့ စွမ်းအားအဆင့်မျိုးရောက်ဖို့က မဖြစ်နိုင်သလောက်ပဲ"
လုယန် ခေါင်းငြိမ့်သည်။ လီဟော်ရန်အခြေအနေနှင့် နည်းနည်းဆင်တူသလိုရှိသည်။ သို့သော် အတော်ကွဲပြားခြားနားသည်။ အနည်းဆုံးတော့ လီဟော်ရန်က ဘဝသစ်လူသစ်စစ်စစ်ဖြစ်သည်။
ရှေ့ဘဝပါရမီက အတိတ်ဘဝပါရမီထက် သာလွန်မည်ဟု အာမခံချက်ရှိသည်။ နည်းလမ်းတိုင်းက အားသာချက်အားနည်းချက် ကိုယ်စီရှိသည်။
ဟွမ်မင်ကို ထိုမျှရင်ဆိုင်ရခက်နေသည်မှာ မဆန်းတော့။ စုစည်းခြင်းအဆင့်ဖြင့် ကျင့်စဉ်ပြန်စသူတစ်ယောက်ကို တိုက်ခိုက်ရသလိုဖြစ်နေသည်။ တိုက်ပွဲအသိက ကျင့်စဉ်စွမ်းအားထက် များစွာသာလွန်နေသည်။
"ဒါနဲ့စကားမစပ်၊ ရှေးခေတ်မသေမျိုးငါးယောက်ထဲမှာ ကျင့်စဉ်ဖျက်ဆီးပြီး ပြန်စခဲ့တဲ့လူရှိလား"
"မရှိဘူး"
နတ်မယ် လက်ချိုးရေတွက်နေသည်။
"ငါက မျိုးနွယ်ငယ်လေးတစ်ခုကနေလာတာ။ ယင်ထန်က ဒုက္ခသည်တစ်ယောက်။ ကိုးဆမသေမျိုးက လျန်ရှန်းမျိုးနွယ်ရဲ့ ပထမအမွေခံသားတော်။ ချီလင်က မြေကြီးကမွေးဖွားတာ။ အချိန်မသေမျိုးက လောက်သစ်ပင်ကမွေးလာတဲ့ဝိညာဉ်"
"ဟွမ်မင်အတိတ်ဘဝတုန်းက ဘယ်သူလဲဆိုတာ ခင်ဗျားပြောနိုင်လား"
နတ်မယ်ခေါင်းခါသည်။
"မပြောနိုင်ဘူး။ ခုနက သူ့ကျင့်စဉ်အဆင့်နဲ့မလိုက်ဖက်တဲ့ ဝိညာဉ်မြှားတိုက်ခိုက်မှုသာ မလုပ်ခဲ့ရင် ကျင့်စဉ်ပြန်စတဲ့လူဆိုတာတောင် ငါသိမှာမဟုတ်ဘူး။
လုယန်စဉ်းစားသည်။ အလောင်းထိန်းဂိုဏ်းက ဟွမ်မင်ဘဝပြောင်းပြီး ကျင့်စဉ်ပြန်စသည့်ကိစ္စကို သိမှသိကြပါလေစ။ ဟွမ်မင်က ဘာကြောင့် ထိုဂိုဏ်းတွင်ကျင့်ကြံဖို့ ရွေးချယ်ခဲ့သနည်း။ သူ့ပါရမီဖြင့် မသေမျိုးငါးဂိုဏ်းသို့ အလွယ်တကူဝင်နိုင်စွမ်းရှိသည်။
တစ်ခုခုကို ကြောက်နေ၍လား။ သို့မဟုတ်အလောင်းထိန်းဂိုဏ်းတွင် တစ်ခုခုထူးခြားချက်ရှိနေ၍လားမသိ။
"အင်း..ကိစ္စမရှိပါဘူးလေ။ ဒီအကြောင်း လောလောဆယ်မတွေးတော့ဘူး"
လုယန်မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြုံး ဝေဆာနေသည်။ ချင်ဖုန်းဓားကို သူဆွဲထုတ်လိုက်သည်။ ကျင့်စဉ်ပြန်စသူကို ပထမဆုံးရင်ဆိုင်ဖူးခြင်းဖြစ်သည်။ အလေးအနက်တိုက်ခိုက်ဖို့ အချိန်ကျလာသည်။
ဟွမ်မင်က လုယန်ကို သေချာစောင့်ကြည့်နေသည်။ သူ့မျက်နှာလည်း လေးနက်တည်ကြည်လာသည်။ ပြိုင်ဘက်ကို အထင်မသေးရဲတော့။
ကျင့်စဉ်စွမ်းအားဖျက်ဆီး၍ ပြန်ကျင့်ကြံသူတစ်ယောက်အနေဖြင့် လူငယ်မျိုးဆက်တစ်ယောက်ကို အရှုံးမခံနိုင်။ ထို့ကြောင်လည်း ဝိညာဉ်မြှားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရွှေသန္ဓေအလတ်တန်းဆင့်တစ်ယောက်သည်။ စိတ်စွမ်းအားမည်မျှအလေးပေးလေ့ကျင့်ထားသည်ဖြစ်စေ ထိုတိုက်ခိုက်မှုမျိုးကို ကာကွယ်နိုင်မည်မဟုတ်။
သို့သော် လုယန် ဘယ်လိုကာကွယ်နိုင်ခဲ့သည်မသိ။ လုယန်လည်း သူ့လို ကျင့်စဉ်ပြန်စခဲ့သည့် လူတစ်ယောက်လား။
အခြေတည်အစောပိုင်းအဆင့်ကတည်းက ထာဝရနတ်မယ် ပြန်ရှင်သန်ပြီး လုယန်၏သိစိတ်နယ်မြေကို အတင်းဖွင့်ခဲ့သဖြင့် သူ့စိတ်စွမ်းအားက သက်တူရွယ်တူတို့ထက် များစွာတိုးတက်နေသည်ကို ဟွမ်မင်မသိ။ နတ်မယ်က အမြဲတမ်းလက်ဆော့နေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ သိစိတ်နယ်မြက ကျယ်သထက်ကျယ်လာသည်။
ရွှေသန္ဓေအဆင့်တူချင်းတွင် လုယန်ကို ဝိညာဉ်စွမ်းအား ဘယ်သူမှမယှဉ်နိုင်။
"ပိုင်းဓား"
လုယန်အော်ဟစ်လိုက်သည်။ ရက်စက်သည့်ဓားရိပ်တစ်ခုက လျှပ်စီးကဲ့သို့ လေထုကိုထိုးခွဲ၍ ဟွမ်မင်ထံ ပြေးဝင်သွားသည်။
ဘေးမှကြည့်နေသည့်ကျောက်ပို ကြက်သီးမွှေးညှင်းများထသွားသည်။ ဓားချက်၏ကြောက်စရာစွမ်းအားကို အဝေးမှပင် ခံစားနေရသည်။ ရွှေသန္ဓေအလတ်တန်းဆင့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားဟုပင် ယုံနိုင်စရာမမရှိ။
ရေနစ်သရဲလည်း ထိတ်လန့်သွားသည်။ လုယန်သူ့ကိုတိုက်ခိုက်စဉ်က စွမ်းအားကိုထိန်းထားခြင်းဖြစ်ကြောင်း နားလည်လာသည်။ ထိုဓားချက်ကိုသာ သူရင်ဆိုင်ရလျှင် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။
ဓားချက်က မြန်လွန်းသည် ဟွမ်မင်မရှောင်နိုင်။ ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစားလျှင် သူရှုံးတော့မည်ကိုသိသည်။ အံတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်အမြန်ချလိုက်သည်။ သူ့ဖုတ်ကောင်နှင့် နေရာချင်းလဲလိုက်သည်။
"သူက ဖုတ်ကောင်နဲ့ နေရာလဲနိုင်တယ်ပေါ့"
ကျောက်ပို တအံ့တဩရေရွတ်လိုက်သည်။ သူ့အကိုဟွမ်မင် ထိုလျှို့ဝှက်ပညာမျိုးတတ်မည်ဟု ထင်မထား။ ပုံမှန်အားဖြင့် ထိုကျင့်စဉ်ပညာသည် နတ်ဝိညာဉ်အဆင့်များသာ ထုတ်သုံးနိုင်ကြသည်။
ဟွမ်မင် အသက်ကိုပင်ပန်းကြီးစွာရှူနေသည်။ အားဖြည့်ဆေးတစ်လုံး အမြန်မျိုချလိုက်သည်။ ထိုလျှို့ဝှက်ပညာသုံးလိုက်ရသဖြင့် သူ့လက်ကျန်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသည်။
ဖုတ်ကောင်က လုယန်၏ဓားချက်ကို အပြည့်အဝခံလိုက်ရသည်။ နှစ်ခြမ်းကွဲသွားသည်။ သို့သော် ဒဏ်ရာမှအနီရောင်ချည်မျှင်များ ထွက်လာပြီး ကိုယ်နှစ်ခြမ်း ပြန်ဆက်သွားသည်။ မကြာမီ အကောင်းပကတိအတိုင်း ပြန်ဖြစ်လာသည်။
ဟွမ်မင် လုံးဝအလျှော့မပေးတော့။ ဖုတ်ကောင်နှင့်အတူ လုယန်ကို ပြိုင်တူဝင်တိုက်သည်။
အလောင်းထိန်းသမားများသည် ရုပ်ခန္ဓာအားနည်းသဖြင့် ဖုတ်ကောင်ကိုအားကိုး၍ တိုက်ခိုက်လေ့ရှိသည်။ သို့သော် ဟွမ်မင်၏ရုပ်ခန္ဓာစွမ်းအားနှင့် ဝိညာဉ်စွမ်းအားက ထူးခြားသည်။ ဖုတ်ကောင်နှင့်တန်းတူ တိုက်ခိုက်နိုင်သည်။ ပုံမှန်အလောင်းထိန်းသမားတစ်ယောက်၏ အားနည်းချက်များအားလုံးကို ဖြည့်ဆည်းနိုင်သည်။
ထို့ကြောင့် သူ့တိုက်ခိုက်စွမ်းအား ထိုးတက်လာသည်။
ဟွမ်မင်တိုက်ခိုက်သည့်နည်းလမ်းများကို ကျောက်ပို တအံ့တဩစိုက်ကြည့်၍သာ နေရသည်။ သူနားလည်သည်ဟုထင်ခဲ့သည့်အရာအားလုံး ကြေမွပျက်စီးသွားသည်။ သူနှင့်ဟွမ်မင်ကြား ကွာဟချက်က သူထင်ထားသည်ထက် များစွာပိုကြီးမားနေသည်။
"ဟားဟား၊ အခုမှ ပိုစိတ်ဝင်စားစရာကောင်းလာတယ်"
ဖုတ်ကောင်နှင့်ဟွမ်မင်ကို တစ်ကိုယ်တော်တိုက်ခိုက်နေရသ်ောလည်း လုယန် နောက်ဆုတ်မည့်အရိပ်အယောင်မရှိ။ သူ့တိုက်ပွဲစိတ်ဓာတ်က တဖြေးဖြေးပို၍ ပြင်းထန်လာသည်။ စစ်နတ်ဘုရားတစ်ပါးလို ဖြစ်လာသည်။
"မင်းတာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်လာတာ အံ့ဩစရာမရှိတော့ပါဘူး။ စွမ်းရည်နည်းနည်း ရှိသားပဲ။ ဒါပေမယ့် ဒါအကုန်ပါပဲ"
ဟွမ်မင်မျက်လုံးက ဝံပုလွေတစ်ကောင်လို ကြမ်းတမ်းခက်ထန်နေသည်။
"မင်းပါရမီနဲ့ဆို မင်းနဲ့ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းဖြစ်မှာပါ။ ဒါပေမယ့်ဒီနေ့ ရှံးနိမ့်ရတဲ့ အရသာကို ငါမင်းကိုလက်တွေ့ခံစားခိုင်းမယ်"
ဟွမ်မင်လှောင်ပြုံးပြုံး၍ ပြောသည်။ သူ့လေသံက အထင်အမြင်သေးသည့်အရိပ်များ ပြည့်နေသည်။
"တစ်ဘက်ကမ်းကပန်းတွေပွင့်လန်း၊ မိုးမြေကိုအသွင်ပြောင်း"
ထိုပညာသည် သူ့နောက်ဆုံးဝှက်ဖဲဖြစ်သည်။ ဤနေရာတွင် သူရှုံးနိမ့်လျှင် နောင်လာမည့်မဟာကပ်ကို ထိန်းချုပ်ခွင့်ရဖို့ သူဆက်ကြိုးစားနေလည်း အဓိပ္ပါယ်ရှိတော့မည်မဟုတ်။ စောစောစီစီးသေသွားခြင်းက ပိုကောင်းသည်။
နူးညံ့သည့် သွေးနီရောင်ပန်းပွင့်များ ပေါ်လာသည်။ ဟွမ်မင်နှင့်ဖုတ်ကောင်တို့၏မျက်လုံးများ နီရဲလာသည်။ သူတို့စွမ်းအား တစ်ရှိန်ထိုးပေါက်ကွဲထွက်လာသည်။ လက်သည်းများ အရိုင်းသားရဲတစ်ကောင်လို ရှည်ထွက်လာသည်။ ပြင်းထန်သည့်စွမ်းအင်ဖိအားကြောင့် ငလျင်လှုပ်သကဲ့သို မြေပြင်တသိမ့်သိမ့်တုန်ခါလာသည်။
"နှစ်ယောက်တစ်ယောက်တိုက်တာကို မင်းဘယ်လိုအနိုင်ယူမလဲ ကြည့်ရသေးတာပေါ့"
ဟွမ်မင်မျက်နှာက ယုံကြည်ချက်အပြည့်ရှိသည်။ အနိုင်ရဖို့ လက်တစ်ကမ်းသာလိုတော့သည်ဟု သူတွေးနေသည်။
"ဟုတ်သားပဲ၊ အဲဒါက သိပ်ကြည့်မကောင်းဘူး"
လုယန် တီးတိုးရေရွတ်၍ မြေကြီးထဲ အောင်းသွားသည်။ နှစ်မွှာကြာစေ့ကို အမြန်ထုတ်၍ သစ်ပင်စိုက်ပညာကို အသက်သွင်းလိုက်သည်။
ဟွမ်မင် ခဏမင်သက်မိသွားသည်။ သွေးနီပန်းပွင့်များအလယ်တွင် လုယန်နှစ်ယောက်ပေါ်လာသည်။ တစ်ယောက်က ချင်ဖုန်းဓားကိုကိုင်ထားသည်။ နောက်တစ်ယောက်က ငရဲလဓားကိုင်ထားသည်။
လုယန်မျက်နှာတွင် တည်ငြိမ်၍ ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခု ပေါ်နေသည်။
***************************************