ယွမ်ကျိတပည့်ပါ
Vol. 29 Ch. 433
နယ်စားအိမ်တော်က ဟန်ရွှေ့မြို့တော်၏ ဗဟိုအချက်အချာနေရာတွင် ရှိသည်။ အရိုင်းနယ်မြေ၏ အမြင့်ဆုံးဩဇာတည်ရာဖြစ်သည်။ ဝင်ပေါက်ထွက်ပေါက်ခုနစ်ခုကို မှော်စက်ဝန်းများ ကာရံထားသည်။
နယ်စား၏အိမ်တော်ဖြစ်သလို ရုံးအဖြစ်လည်းသုံးသည်။ အိမ်တော်ထဲ ဖြတ်လျှောက်သွားချိန်တွင် စာရွက်စာတမ်းများကိုင်ထားသည့် အရာရှိများစွာ ထက်အောက်စုန်ဆန် ပျံသန်းနေကြသည်ကို မြင်ရသည်။
ခြေလှမ်းသွက်သွက်လျှောက်နေခြင်းမဟုတ်။ တကယ်ပျံသန်းနေခြင်းဖြစ်သည်။
နယ်စားနှင့်မတွေ့မီ တပ်မှူးအန်းက ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။ ချိုးကျင်အန်းတို့ကိုမြင်သည်နျင့် နတ်စားက ဖော်ရွေစွာ နှုတ်ဆက်သည်။
တပ်မှူးအန်းက သခင်မုန်ထန်ကို မြို့အနှံ့ရှာဖွေဖို့ စီစဉ်ရမည်ဖြစ်၍ အရင်ထွက်သွားသည်။
"မိတ်ဆွေချိုး၊ ကျုပ်က ခင်ဗျားဂုဏ်သတင်းကို လေးစားနေခဲ့တာကြာပါပြီဗျာ။ ကျုပ်မျိုးရိုးက လွီပါ။ နာမည်က ကောပါ။ ကျုပ်ကို လောင်လွီလို့ပဲခေါ်ပါ"
နယ်စားလွီသည် အတ်ောနှုတ်ရွှင်သူဖြစ်သည်။ ယခုရက်ပိုင်းကြုံနေရသည့် သရဲများပြဿနာကြောင့် ပင်ပန်းနေသော်လည်း မျက်လုံးများက တက်ကြွနေဆဲဖြစ်သည်။
"တွေရတာဝမ်းသာပါတဘ် နယ်စားလွီ"
ချိုးကျင်အန်း ပြုံး၍နှုတ်ဆက်သည်။ 'လောင်လွီ'ဟု ရင်းနှီးသည့်အခေါ်အဝေါမျိုး သူမသုံး။
သူနှင့်ထိုသို့နောက်ဆုံးရင်းနှီးခဲ့သူသည် ဘယ်တော့မှမမေ့နိုင်သည့် တာအိုလမ်းစဉ်ဂိုဏ်း၏မောင်နှမကိုးဖော်ဖြစ်သည်။
သူ့ဖခင်သည် ဓာတ်ငါးမျိုးဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ဖြစ်သည်။ လူငယ်ဘဝက သူ့အဖေနှင့်အတူ တာအိုလမ်းစဉ်ဂိုဏ်းသို့ သွားလည်ချိန်တွင် အလွန်ဖော်ရွေသည့် ထိုကိုးယောက်နှင့် သူဆုံခဲ့သည်။
ထိုစဉ်က ဘာမှမသိနားမလည်သေးသည့်အရွယ်ဖြစ်၍ သူတို့စိတ်ထဲတွင် စတင်ဖြစ်ပေါ်နေသည့် ဉာဏ်နီဉာဏ်နက်များကို သူမမြင်နိုင်ခဲ့။ အကြီးအကဲထောင်ယာကတော့ ကြော့ရှင်းလှပပြီး မောင်နှကိုးယောက်ထဲတွင် အထူးခြားဆုံးဖြစ်သည်။ သို့သော် သူလည်း အစီအစဉ်ချရာတွင် ပါဝင်ပတ်သက်ခဲ့သည်။
ထိုအချိန်ကစ၍ အလွန်အကျွံဖော်ရွေသည့်လူများကို သူအမြဲသတိထားတတ်လာသည်။
"အရင်နယ်စားက ရုံးတော်ကို အသိမပေးဘဲ သူ့သမီးမွေးနေ့ကို ခမ်းခမ်းနားနားကျင်းပပြီး ဧည့်သည်တွေဖိတ်တာ လက်ဆောင်တွေလက်ခံတာတွေက ကိစ္စမရှိဘူး။ ဒါပေမယ့် အခုကြည့်လေ၊ သူ့ကိုရာထူးဖယ်ရှားပြီး တစ်ခြားအရာရှိတွေ အရိုင်းနယ်မြေထိပ်သီးဂိုဏ်းတွေက နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့အတူ ဖမ်းခေါ်သွားပြီး"
နယ်စားလွီ စိတ်ပျက်လက်ပျက်ညည်းသည်။
ဤရက်ပိုင်းအလုပ်များနေသည်က ထိုကိစ္စကြောင့်လည်းပါသည်။ အရေးပါသည့်ရာထူးနေရာများကို ချက်ချင်းအစားထိုးဖို့ခက်ခဲသည်။
မြို့နှင့်အနီးဆုံးဖြစ်သည့် အလောင်းထိန်းဂိုဏ်းကို အကူအညီတောင်းသည့်တိုင် သရဲများကိစ္စဖြေရှင်းဖို့ လူအင်အားက မလုံလောက်။
"ခွင့်ရက်ရှည်ယူထားတဲ့ လောင်ရှုက...အင်း တရားရေးဝန်ကြီးပေါ့လေ...သူအခု ခွင့်ရက်ပြည့်လို့ အဲဒီ့လူတွေကို စစ်ဆေးမေးမြန်းနေတယ်"
တရားရေးဝန်ကြီးသည် မိတ်ဆွေဆောင်းတစ်ယောက် ရုပ်တရက်ကွယ်လွန်သည်ဟုကြေညာ၍ ခွင့်ယူထားခြင်းဖြစ်သည်။
"ဒီတော့၊ အင်ပါယာမင်းမြတ်ကလည်း အရိုင်းနယ်မြေက အရာရှိတွေကို အယုံအကြည်မရှိတော့ဘူး။ ဘဏ္ဍာထိန်းဖြစ်တဲ့ကျုပ်ကို ဆွဲသုံးပြီး ရာထူးလက်လွှဲယူဖို့ အရိုင်းနယ်မြေကို အတင်းလွှတ်ခဲ့တာ။
...ဪ ဒါနဲ့၊ စကားကောင်းနေလိုက်တာ ဒီလူငယ်တွေက ဘယ်သူလဲဆိုတာ ကျုပ်မမေးရသေးဘူး"
လုယန်တို့ကို နယ်စားလွီ သတိထားမိသွားသည်။
"သူတို့သုံးယောက်က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ။ ကျုပ်က သူတို့ကို စောင့်ရှောက်ပေးနေတာ။ ဒီတစ်ယောက်ကတော့ အလောင်းထိန်းဂိုဏ်းက မဟာအကြီးအကဲရဲ့တပည့် ကျောက်ပိုပါ။ ခုနကဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုလုံးကို သူကိုယ်တိုင်မြင်ပါတယ်"
နယ်စားလွီသည် နန်းမြို့တော်မှအရာရှိဖြစ်ကြောင်း သိပြီးဖြစ်၍ လုယန်ကို ဝစီပိတ်တပည့်ဟု ချိုးကျင်အန်းမပြော။
"အခြေခံခိုင်မာကြတယ်။ ရွှေသန္ဓေတွေကလည်း ပြည့်စုံတယ်။ အလားအလာကောင်းတဲ့လူငယ်တွေပဲ"
နယ်စားလွီ သဘောကျဟန်ဖြင့် ခေါင်းငြိမ့်သည်။
"ခုနကတိုက်ပွဲအကြောင်း ပြောပြပါဦး သခင်ချိုး"
လက်ရှိတွင် ထိုကိစ္စက အရေးကြီးဆုံးဖြစ်သည်။
လုယန် ဟွမ်မင်နှင့်ပြဿနာတက်၍ တိုက်ခိုက်အနိုင်ယူခဲ့ပုံ၊ သခင်မန်ထန်ကြားဝင်လာပုံနှင့် သခင်မန်ထန်ကို သူအနိုင်ယူခဲ့သည့်အကြောင်းများ ချိုးကျင်အန်း အသေးစိတ်ရှင်းပြသည်။
"ဒါဆို နေရာစုံက မကောင်းဆိုးဝါးတွေကိုဖမ်းပြီး ကျုပ်တို့ဟန်ရွှေ့မှာ စွန့်ပစ်ခဲ့တာ သခင်မန်ထန်ပေါ့"
နယ်စား ဒေါသထွက်လာသည်။ ပြဿနာနောက်ကွယ်မှ တရားခံကို သိလိုက်ရပြီဖြစ်သည်။
သရဲအရေအတွက် ထိုမျှများနေသည်မှာမဆန်းလှ။ မဟာရှားနိုင်ငံ၏ သရဲအားလုံးဖမ်းခေါ်ခဲ့သလိုဖြစ်နေသည်။ အရှေ့ပင်လယ်မှသရဲကိုပင် ချမ်းသာမပေး။
ထိုအရှုပ်ကိုရှင်းဖို့ အတော်ခက်ခဲပေလိမ့်မည်။
"ဟန်ရွှေ့မှာ သရဲဖြန့်တဲ့ကိစ္စဟာ လူတစ်ယောက်တည်းလုပ်နိုင်တာမျိုးမဟုတ်ဘူး။ သူ့မှာ ကြံရာပါတွေရှိမယ်လို့ ကျုပ်ယူဆတယ်"
ချိုးကျင်အန်းကပြောသည်။
"ကျုပ်ရုံးထိုင်စမို့ နိုင်ငံကံကြမ္မာစွမ်းအားသုံးတာ သိပ်မကျွမ်းကျင်သေးမှန်း သူတို့သိလို့ဖြစ်မယ်"
နိုင်ငံ့စွမ်းအားအကြောင်း အင်ပါယာရှားက သူ့ကိုပြောပြခဲ့သည်မှာ သိပ်မကြာသေး။
"ကျင့်စဉ်ဖျက်ပြီး အသစ်ကစကျင့်နေတဲ့ ဟွမ်မင်ကိုလည်း သတိထားမှဖြစ်မယ်။ အရင်က စုစည်းခြင်းရှေးဟောင်းကျင့်ကြံသူတွေကိုပဲ ကျုပ်တို့အာရုံစိုက်ခဲ့ကြတာ။ သူတို့ထဲမှာ ကျင့်စဉ်ဖျက်ပြီး အသစ်ကစကျင့်ကြံတဲ့လူတွေ ရှိနေနိုင်တဲ့အချက်ကို သတိမထားမိခဲ့ဘူး"
ချိုးကျင်အန်းက ပြောသည်။
နယ်စားလွီ သက်ပြင်းချသည်။
"သတိထားမိလည်း ဘာမှထူးမှာမဟုတ်ပါဘူး။ ကျင့်ကြံမှုပြန်စတယ်ဆိုတာ ဘဝသစ်ပြန်မွေးဖွားသလိုမျိုးပဲ။ သူတို့နောက်ကြောင်းကို ခြေရာခံဖို့ အတော်ခက်ခဲတယ်။
ကိစ္စမရှိပါဘူး။ ဒီကိစ္စ ရုံးတော်ကို ကျုပ်သတင်းပို့လိုက်မယ်။ အခုလောလောဆယ် အရေးကြီးဆုံးက သရဲပြဿနာကို ဖြေရှင်းဖို့ပဲ။
အစက သရဲကပ်ဆိုက်တဲ့ကိစ္စကို ကိုးငရဲဂိုဏ်းက ကြိုးကိုင်နေတယ်လို့ ကျုပ်ထင်ခဲ့တာ။ အခု မဟာယုကျင့်ကြံသူတွေဆိုတာ သိရပြီဆိုတော့ အခြေအနေက ပိုအရေးကြီးလာပြီ။ သူတို့က သရဲမမွေးဘူး။
အတော်ဝေးဝေးထိခြေဆန့်ပြီး နေရာစုံက သရဲတွေကို ဖမ်းခေါ်တယ်။ ဟန်ရွှေ့မြို့ထဲ ပစ်ထည့်တယ်။ ဒါဟာ ဒုက္ခပေးချင်ရုံသက်သက်မဟုတ်လောက်ဘူး။ တစ်ခြားရည်ရွယ်ချက်ရှိရမယ်"
နယ်စားလွီ မျက်နှာတင်းနေသည်။ ထိုကျင့်ကြံသူများကို တစ်စစီဆုတ်ဖြဲပစ်ချင်နေသည်။
"သူတို့က မှော်စက်ဝန်းတစ်ခု တည်ဆောက်နေတာများဖြစ်မလား"
လုယန်က မရဲတရဲဝင်ပြောသည်။
"မှော်စက်ဝန်း..."
နယ်စားလွီရော ချိုးကျင်အန်းပါ အံ့အားသင့်သွားသည်။ လုယန်စကားကို ပြန်သုံးသပ်ရင်း နားလည်လာဟန်ရှိသည်။
ထိုအဖြစ်မျိုး ယန်ကျန်းကောင်တီတွင် လုယန်ကြုံခဲ့ဖူးသည်။ ကောင်တီစားရာထူးယူထားသည့် နယ်ခံနတ်ဆိုးဂိုဏ်းခွဲသခင်က နယ်ခံတို့၏ အသက်ဓာတ်စုပ်ယူပြီး သူ့စွမ်းအားကိုမြှင့်တင်ရန် ကောင်တီတစ်ခုလုံးဖုံးအုပ်နိုင်သည့် မှော်စက်ဝန်းကြီးတစ်ခု တည်ဆောက်ခဲ့သည်။
ထိုအဖြစ်ကို ပြန်သတိရ၍ လုယန်ပြောခြင်းဖြစ်သည်။
"သိပ်ဖြစ်နိုင်တာပေါ့"
နယ်စားလွီ သူ့ပေါင်သူရိုက်၍ တအံ့တဩရေရွတ်လိုက်သည်။ ဤရက်ပိုင်းကြုံနေရသည့် ပြဿနာများကြောင့် သူ့ဦးနှောက်များထူပူနေခဲ့သည်။ ထိုအချက်ကို သူမစဉ်းစားမိခဲ့။
ကြီးမားသည့် သဲစားပွဲတစ်ခုဆီ သူလျှောက်သွားသည်။ လက်ခုပ်တစ်ချက်တီးလိုက်သည် သဲများတုန်ခါလာပြီး လှိုင်းတွန့်များထလာသည်။ နောက်ဆုံးတွင် ဟန်ရွှေ့မြို့၏ မြေမျက်နှာပြင်အနေအထား ပုံစံပေါ်လာသည်။
သူ့အင်္ကျီရင်ဘတ်ထဲမှ အလံငယ်တစ်ချို့ထုတ်၍ သဲစားပွဲပေါ် ပစ်ချလိုက်သည်။ အလံတိုင်းက သရဲအန္တရာယ်ကြုံခဲ့သည့် နေရာများကို အမှတ်အသားပြသည်။ သရဲများ၏ အမျိုးအစားနှင့်စွမ်းအားအဆင့်များ အလံထက်တွင ဖော်ပြထားသည်။
"ဟား...အခုမှသေချာကြည့်မိတယ်။ မှော်စက်ဝန်းတစ်ခုနဲ့ တကယ်တူတာပဲ"
နယ်စားလွီ လုယန်၏သုံးသပ်ချက်ကို စိတ်ကျေနပ်သွားသည်။
"တာအိုလမ်းစဉ်ဂိုဏ်းတည့် ပီသပါပေတယ်။ ဆရာကောင်းတစ်ယောက်ရဲ့ လမ်းညွှန်မှု ခံယူခဲ့လို့ဖြစ်မလဲ။ မိတ်ဆွေလေး၊ တာအိုလမ်းစဉ်ဂိုဏ်းမှာ မင်းဆရာက ဘယ်သူလဲ"
လုယန် - "..."
အမှန်အတိုင်းမပြောမီ ထိုနယ်စားလွီသည် သူ့ဆရာဝစီပိတ်နှင့် ရန်ငြှိုးဘယ်လောက်များများရှိမလဲဟု လုယန်သိချင်မိသည်။
"ကျုပ်က ယွမ်ကျိတပည့်ပါ"
ဆရာကိုလေးစားသော်လည်း ကိုယ့်အိမ်ကိုယ့်ယာမဟုတ်သဖြင့် သူ့ဆရာနာမည်ကိုမပြောရဲ။
မုန်ကျင်းကျိုးက လုယန်ကို အမြင်ကပ်သည့်မျက်လုံးဖြင့်ကြည့်သည်။ အရှက်လုံးဝမရှိသူဟု ယူဆသည်။
"ယွမ်ကျိလား။ ဒီနာမည်ကို နည်းနည်းကြားဖူးသလိုပဲ"
နယ်စားလွီခဏစဉ်းစားသည်။ တာအိုလမ်းစဉ်းဂိုဏ်း အကြီးအကဲများထဲထွင် ထိုနာမည်မျိုးမရှိ။
"ကျုပ်ဆရာက ဂိုဏ်းကနေထွက်ခဲတယ်။ ဒါကြောင့် သူ့ကိုသိတဲ့လူ သိပ်မရှိပါဘူး"
"သဘောပေါက်ပါပြီ"
နယ်စားလွီ ယွမ်ကျိဘယ်သူလဲ ဆက်မတွေးတော့။ သူရော ချိုးကျင်အန်းပါ မှော်စက်ဝန်းပညာကို မကျွမ်းကျင်ကြ။ ထို့ကြောင့် မဟာယုကျင့်ကြံသူများ မြို့ထဲတွင်တည်ဆောက်ထားကြသည် မှော်စက်ဝန်းအကြောင်းသိနိုင်ရန် မြို့ခံမှော်စက်ဝန်းပညာရှင်များကို သွားခေါ်ဖို့ သူ့လက်အောက်ခံများကို အမိန့်ပေးလိုက်သည်။
မကြာမီ မုတ်ဆိတ်ဖြူအဘိုးကြီးတစ်ချို့ ရောက်လာပြီး သဲစားပွဲကိုကြည့်၍ သုံးသပ်နေကြသည်။
ကံကောင်းပါသည်။ ထိုမှော်စက်ဝန်းပညာရှင်အားလုံး ယောက်ျားများဖြစ်သည်။
မှော်စက်ဝန်းပညာရှင်များ၏ ကနဦးခန့်မှန်းချက် ရလာသည်။ သူတို့သုံးသပ်ချက်များကို ကြားပြီးနောက် နယ်စားလွီ စိတ်သက်သာရာရသွားသည်။
"လူငယ်လု ခန့်မှန်းတာမှန်တယ်။ မဟာယုကျင့်ကြံသူတွေက မှော်စက်ဝန်းတည်ဆောက်နေတာပါ။ ဒါပေမယ့် ဒါက ပျောက်ကွယ်နေတဲ့ မှော်စက်ဝန်းပညာမျိုးပါ။ သူတို့ရည်ရွယ်ချက်နဲ့ မှော်စက်ဝန်းကိုဖျက်ဆီးနိုင်မယ့်နည်းလမ်းကိုသိဖို့ အချိန်နည်းနည်းယူရမယ်တဲ့။ လောလောဆယ် စိတ်ရှည်ရှည်ထားပြီး စောင့်ကြတာပေါ့"
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ချိုးကျင်အန်းက လေးလေးစားစားပြောသည်။
"အချိန်ခဏအားတယ်ဆိုရင် ကျုပ်နဲ့ဒီလူငယ်ကို နိုင်ငံကံကြမ္မာစွမ်းအား သုံးခွင့်ပေးနိုင်မလား"
********************************