← Chapters

မူလတြိဂံ ဆင့်ပွားတြိဂံ

Vol. 29 Ch. 435

မူလတြိဂံ ဆင့်ပွားတြိဂံ

Vol. 29 Ch. 435

"ဒီသရဲတွေရဲ့တည်နေရာအရဆို...မူလရှစ်မြှောင့်တြိဂံပုံစံလား။ 'ခွန်‌'နေရာကို ဗဟိုထားတာလား"

(တရုတ် ပါးကွာ(bagua) အယူအဆဖြစ်ပါသည်)

"မူလရှစ်မြှောင့်တြိဂံဟာ လောကရဲ့ သဘာဝဖြစ်စဉ်အားလုံးကို ခြုံငုံရည်ညွှန်းတယ်။ ဒီဖြစ်စဉ်တွေကို ကိုယ်စားပြုဖို့ သရဲတွေကိုသုံးတာ။ ဒီနေရာကိုကြည့်ပါ။ ဒါဟာ ရေနစ်သရဲရဲ့ နေရာပဲ။ သူက ရေနစ်သေခဲ့တာ။ ဒီတော့ ရေကိုကိုယ်စားပြုတယ်။ ဒီနေရာက မြေသရဲရှိတဲ့နေရာ။ အရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရတာ။ မြေကို ကိုယ်စားပြုတယ်။ ဒီနေရာက ညှို့ငင်သရဲ။ ရမ္မက်ရဲ့အဓိပ္ပါယ် မီးကိုကိုယ်စားပြုတယ်။ ပြီးတော့ ဒီနေရာက အရေဆုတ်သရဲ...အင်း ဒါက အပိုအားဖြည့်ထားတာဖြစ်မယ်"

"မဟုတ်ဘူး။ ငါ့အထင်တော့ ဒီမှော်စက်စက်ဝန်းဟာ ဆင့်ပွားရှစ်မြှောင်ြတြိဂံကို ကိုယ်စားပြုတာ။ 'ကျန်း'နေရာဟာ မှော်စက်ဝန်းဗဟိုဖြစ်မယ်"

"မင်းတို့ မှော်စက်ဝန်းပညာတွေနဲ့ပတ်သက်ပြီး ဘာတွေများလေ့လာခဲ့တာလဲ။ သရဲတွေကိုပဲ မှော်စက်ဝန်းဆုံမှတ်တွေအဖြစ်သုံးတာလား။

ဟန်‌ာရွှေ့မြို့အနေအထားကို ကြည့်လိုက်ပါ။ တစ်ဘက်မှာ အလောင်းထိန်းဂိုဏ်းရဲ့ ယင်အလောင်းတောင်တန်းရှိတယ်။ အဆုံးမဲ့ယင်ဓာတ်ကို ကိုယ်စားပြုတယ်။ တစ်ဘက်မှာကျတော့ အဆုံးမဲ့ယန်ဓာတ်တွေပြည့်လျှံနေတဲ့ အဆင့်မြင့်ဆောင်ကြာမြိုင်တွေရှိတယ်။ နယ်စားအိမ်တော်က ဗဟိုတည့်တည့်မှာပဲ။ ယင်နဲ့ယန် မျှတတယ်။ ဒါကြောင့် ဟန်ရွှေ့မြို့ တိုးတက်နေတာ။ ဒါကြောင့်လည်း ဒီနေရာကိုရွေးပြီး မြို့တည်ခဲ့တာပဲ။

အခု နာကျည်းသရဲတွေကို ဟန်ရွှေ့မြို့ထဲမှာထားတော့ ယင်ယန်မျှခြေပျက်တယ်လေ။ ဒီလောက်ရှင်းနေတဲ့သဘောတရားကို မင်းတို့မမြင်ကြဘူးလား"

"အဓိပ္ပါယ်မရှိတာပဲ။ ဟန်ရွှေ့မြို့ ယင်ယန်မျှတတယ်ဆိုတဲ့ ကောလဟာလပေါ်ခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ။ လူတွေက အခုထိယုံနေကြတုန်းပဲ။

ငါမယုံလို့မဟုတ်ဘူး။ ဒါက ယုတ္တိကျဆင်ခြင်သုံးသပ်တာပါ"

"ဘာဆင်ခြင်သုံးသပ်တာလဲ။ ငါတို့အားလုံး ကျင့်ကြံသူတွေချည်းပဲ။ စွမ်းအားက အရေးကြီးဆုံးပဲ။ မင်းမှာအစွမ်းရှိရင် လက်တွေ့လုပ်ပြလေ"

မှော်စက်ဝန်းပညာရှင်များ ငြင်းခုန်နေသံက ပို၍ဆူညံ့လာသည်။ တိုက်ခိုက်ကြတော့မလိုဖြစ်နေသည်။

လုယန် သူတို့ကို သွားတားချင်သည်။ သို့သော် သူ့လိုပါ့မွှားကောင်က ထိုသက်ကြားအိုပညာရှင်ကြီးများကို တားနိုင်မည်မဟုတ်။

အမှန်တော့ ထိုပညာရှင်များရပ်သွားအောင်လုပ်နိုင်သည့် နည်းလမ်းတစ်ခုတော့ ရှိပါသည်။ သူသည် တာအိုရှင်ဝစီပိတ်၏တပည့်ဖြစ်ကြောင်း ပြောလိုက်လျှင် သူတို့အာရုံက မှော်စက်ဝန်းကိစ္စမှ သူ့ဆီပြောင်းလာလိမ့်မည်။

သို့ထိုသို့လုပ်သည်က အန္တရာယ်များလွန်းသည်။ ထာဝရနတ်မယ်ပင် သူ့ကိုကာကွယ်ဖို့ခက်လိမ့်မည်။

အထိုမျှအန္တရာယ်မများလျှင်ပင် နတ်မယ်က ကာကွယ်ပေးနိုင်မည်မဟုတ်။

"ဆရာတို့၊ မှော်စက်ဝန်းအကြောင်းလေ့လာတာ ဘယ်လိုလဲ"

နယ်စားလွီ ကျောက်သားခန်းမထဲမှ ထွက်လာပြီး ထိုနေရာသို့ ဦးတည်လျှောက်လာပြီး အခြေအနေမေးသည်။

ချိုးကျင်အန်းနှင့် မုန်ကျင်းကျိူး စိတ်သက်သာရာရသွားကြသည်။ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ပါးသွားသလိုခံစားရသည်။

"စိတ်မပူပါနဲ့။ မင်းကိုငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာတစ်ခုသင်ပေးမယ်လို့ ငါကတိပေးထားတယ်။ ဒီကိစ္စပြီးသွားရင် သင်ပေးမယ်"

မုန်ကျင်းကျိုးကိုထိန်းချုပ်ပြီး လောင်ပါးကိုတိုက်ခိုက်စဉ်က သူကတိပေးခဲ့သည်။

သူ့ကတိသူ အမြဲတမ်းတည်သည်။

"အားလုံးအဆင်ပြေကြလား"

ခိုးနားထောင်သည်ကို မရိပ်မိစေရန် ဘာမှမသိသေးဟန်ဖြင့် လုယန်မေးလိုက်သည်။

"အကိုမုန်ရဲ့ကျိန်စာ ပြယ်သွားပြီပေါ့"

အရိုးရိုင်းက မုန်ကျင်းကျိုးအတွက် တကယ်စိတ်ပူခြင်းသည်။ သူ့နောက်မှလိုက်လာသည့် ကျောက်ပိုလည်း ထိုနည်းတူပင်ဖြစ်သည်။

"အခုအားလုံးအဆင်ပြေသွားပါပြီ။ ငါသခင်လေး လွတ်လပ်သွားပြီ"

"ငါပြောတဲ့နည်းလမ်းအတိုင်း တစ်ခါလောက်သတ်သေလိုက်ရင် ကျိန်စာအစောကြီးကတည်းက ပြယ်ရမှာ"

နတ်မယ်က ပွစိပွစိပြောနေသည်။ ကျိန်စာဖျက်သည့်အလုပ်က အတော်နှေးလွန်းသည်ဟု သူမြင်သည်။

"အကိုမုန်ရဲ့ကျိန်စာကို ဘယ်လိုဖျက်လိုက်တာလဲ"

မုန်ကျင်းကျိုး နားမလည်ဟန်ဖြင့် ရုတ်တ်ရက် ပြန်မေးသည်။ ခုနက ထိုအကြောင်း မှတ်မိခဲ့သလို ခံစားရသည်။ သို့သော်ယခု ပြန်စဉ်းစားမရတော့။

ကျောက်ပိုလည်း ထိုနည်းတူဖြစ်သည်။

မသေမျိုးအရိယဖလ၏ စွမ်းအားဖြစ်သည်။

မုန်ကျင်းကျိုး ပြန်မဖြေဘဲ ရယ်၍သာနေလိုက်သည်။

တစ်ခါဖြေပြီးလည်း ခဏကြာလျှင် အရိုးရိုင်း ထပ်မေးမည်။ သူနောက်တစ်ကြိမ် ပြန်ဖြေရမည်။ ဆုံးနိုင်တော့မည်မဟုတ်။

"အမယွမ်မရှိတာ ဆိုးတာပဲ။ မဟုတ်ရင် ငါတို့ အရိုင်းနယ်မြေကို လာစရာတောင်မလိုဘူး"

ယွမ်ကျိ ဂိုဏ်းတွင်မရှိသည့်ကိစ္စကို မုန်ကျင်းကျိုးပြန်သတိရသည်။

သူ့စကားကြောင့် ချိုးကျင်အန်း စဉ်းစားရကြပ်သွားသည်။

"မင်းက ယွမ်ကျိကိုပြောနေတာလား။ သူတာအိုလမ်းစဉ်ဂိုဏ်းမှာ ရှိပါတယ်။ မင်းအကြောင်းသွားမေးတော့ ငါသူ့ကိုမြင်ခဲ့တယ်"

"အမယွမ်က ဂိုဏ်းကို ဘယ်တုန်းကပြန်ရောက်တာလဲ"

"အရိုင်းနယ်မြေကို မင်းတို့သွားပြီး နောက်နေ့လေ"

မုန်ကျင်းကျိုး - "..."

လုယန် - "..."

"မင်းကဘာလို့ အရိုင်းနယ်မြေကိုလာဖို့ ဒီလောက်စိတ်လောခဲ့တာလဲ"

လုယန်က ဦးအောင်အပြစ်တင်သည်။

"ငါစိတ်လောတယ်ဆိုတာ ဘာစကားလဲကွ။ အမယွမ် ဒီလိုမြန်မြန်ပြန်ရောက်မယ်ဆိုတာ ငါဘယ်လိုကြိုသိမှာလဲ။ မင်းက အမယွမ်နောက် တကောက်ကောက်လိုက်နေပြီးမှ သူဘယ်သွားလဲဆိုတာတောင် မသိဘူးလ,'"

မုန်ကျင်းကျိုးက အပြစ်လွှဲချသည်။

"အမယွမ်ဘယ်သွားမလဲဆိုတာ ဘယ်သူမေးရဲမှာလဲ။ မင်းရောမေးရဲလို့လား"

"မမေးရဲဘူး"

မုန်ကျင်းကျိုး အခိုင်အမာပြန်ဖြေသည်။

"ယွမ်ကျိဘာလုပ်နေလဲ မင်းတို့သိချင်ရင် ငါပြောပြပါမယ်"

ချိုးကျင်အန်းက ဝင်ပြောသည်။

"သူက ဝစီပိတ်ကို ထောင်ကထုတ်ဖို့ ရုံးတော်မှာ တရားဝင်စာရွက်စာတမ်းတွေ သွားစီစဉ်နေတာ"

မုန်ကျင်းကျိူး - "..."

လုယန် - "..."

"ဂိုဏ်းချုပ်က နောက်တစ်ခါ ဒုက္ခရောက်ပြန်ပြီလား"

အရိုးရိုင်း အတော်အံ့အားသင့်သွားသည်။

နယ်စားလွီက မှော်စက်ဝန်းပညာရှင်များ၏အမြင်ကို နားထောင်နေသည်။

"ငါပြောတာယုံလိုက်ပါ၊ ဒီမှော်စက်ဝန်းစည်းမျဉ်းဟာ သေချာပေါက် မူလရှစ်မြှောင့်တြိဂံပဲ"

"ဘာမူလတြိဂံလဲ။ ဒါက ဆင့်ပွားတြိဂံဆိုတာ ရှင်းနေတာပဲလေ"

ချိုးကျင်အန်း ခေါင်းနည်းနည်းကိုက်လာသဖြင့် သက်ပြင်းချလိုက်သည်။

"မူလတြိဂံနဲ့ဆင့်ပွားတြိဂံ ငြင်းကြပြန်ပြီ။ တကယ်စိတ်ရှုပ်စရာပဲ"

"အဲဒါက ဘာကိုပြောတာလဲ"

လုယန်တို့လူစု ထိုအကြောင်း လုံးဝမကြားဖူးကြ။

"အဆင့်မြင့်မှော်စက်တန်း အယူအဆပါ။ မင်းတို့မကြားဖူးတာလည်း သဘာဝကျပါတယ်။ ဒီရှစ်မြှောင့်တြိဂံတွေက ရှေးဟောင်းခေတ်မှာ စ‌ပေါ်ခဲ့တာ။ ရှေးခေတ်မသေမျိုးတစ်ယောက် မိုးမြေကိုအကဲခတ်ပြီး အယူအဆတစ်ခု ဖော်ထုတ်ခဲ့တယ်လို့ ပြောကြတယ်။ အဲဒီ့အယူအဆဟာ သဘာဝလောကနိယာမနဲ့ ထပ်တူကျနေရမယ်။

ဒီရှေးဟောင်းမသေမျိုးက ဒီအယူအဆကို ရှစ်မြှောင့်တြိဂံတွေသုံးပြီး ပြခဲ့တယ်။ ဒါပေမယ့် ရှေးဟောင်းခေတ်ယဉ်ကျေးမှုက ကွယ်ပျောက်ခဲ့တော့ ဒီနေ့ခေတ်မှာ မူလနဲ့ဆင့်ပွား ရှစ်မြှောင့်တြိဂံတွေပဲကျန်တယ်။ ဘယ်ဟာက မူရင်းအယူအဆလဲဆိုတာ အဆက်မပြတ်ငြင်းခုံခဲ့ကြတယ်လေ။

ရှစ်မြှောင့်တြိဂံတွေသာ ပြည့်စုံသွားရင် မူလတြိဂံနဲ့ ဆင့်ပွားတြိဂံ ငြင်းခုံတာတွေ အဆုံးသတ်သွားလိမ့်မယ်"

"ရှစ်မြှောင့်တြိဂံအယူအဆလား။ အဲဒီ့အကြောင်း ငါသိတာပေါ့"

ရှေးဒဏ္ဍာရီအဖြစ်အပျက်များကို ကိုယ်တွေ့မျက်မြင်ကြုံပြီး စီမံခန့်ခဲ့သည့် ထာဝရနတ်မယ်က ကျယ်ပြန့်သည့် သူ့အတွေ့အကြုံကို ထုတ်ပြလာပြန်သည်။

"ခင်ဗျားသိတယ်ပေါ့"

"သိတာပေါ့။ ငါအားလုံးသိတယ်။ ရှစ်မြှောင့်တြိဂံအယူအဆပေါ်လာတာက ငါနဲ့အတော်လေးဆက်စပ်မှုရှိပါတယ်။

"ဒီအယူအဆကို ခင်ဗျားတီထွင်ခဲ့တာလား"

လုယန် အံ့အားသင့်သွားသ်ည။ နတ်မယ်ကို အတော်ပညာဉာဏ်ကြီးသည်ဟု မြင်လာသည်။

ထာဝရနတ်မယ် လက်ခါပြသည်။ ချီးကျူးမှုကို မခံယူ။

"အဲလိုတော့မဟုတ်ဘူး။ ဒီအယူအဆကို ယင်ထန်မသေမျိုး တွက်ချက်ခဲ့တာပါ။ အဲဒီတုန်းက ငါသူ့ဘေးကနေ အားပေးနေတာလေ"

လုယန် စဉ်းစားသည်။ အပြစ်ပေးနည်းတစ်ခုများ ဖြစ်နေမလား။ သတ်မှတ်ထားသည့်အချိန်အတွင်း ထိုအယူအဆကို ယင်ထန်မသေမျိုး မဖော်ထုတ်နိုင်လျှင် နတ်မယ်က သူ့ကိုဟင်းအိုးထဲထည့်ချက်မည်ဟု ပြောထားသလားမသိ။

ထာဝရနတ်မယ်က လုယန်အတွင်းစိတ်ကိုမသိဘဲ သူ့အတွေ့အကြုံကို ဆက်ပြောသည်။

"သူက ကြယ်တွေကို မော့ကြည့်တယ်။ ဆောင့်ကြောင့်ထိုင်ပြီး မြေပြင်ကိုအကဲခတ်တယ်။ ပြီးတော့ လက်ချိုးတွက်ချက်တယ်။ အဲလိုနဲ့ ဒီအယူအဆကို စဉ်းစားမိသွားတာ။

သူပြောတာတော့ ဒီရှစ်မြှောင့်တြိဂံတွေဟာ လောကသဘာဝဖြစ်စဉ်အားလုံးနဲ့ အကျုံးဝင်တယ်တဲ့။ မှော်စက်ဝန်းတွေအတွက် အခြေခံစွမ်းအားအဖြစ် သုံးလို့ရတယ်။ ရှစ်မြှောင့်တြိဂံတွေနဲ့ စီစဉ်ထားတဲ့ မှော်စက်ဝန်းတွေဟာ အဆင့်မြင့်တယ်။

အဆင့်တူကျင့်ကြံသူတွေ နားလည်ဖို့ ချိုးဖျက်နိုင်ဖို့ ခက်တယ်။ ထိပ်တန်းမှော်စက်ဝန်းပညာတစ်ခုဖြစ်လာတယ်။

ပြည့်စုံတဲ့ ရှစ်မြှောင့်တြိဂံအယူအဆကို လေးပိုင်းခွဲထားတယ်။ မူလရှစ်မြှောင့်တြိဂံ၊ ပစ္စုပ္ပာန်ရှစ်မြှောင့်တြိဂံ၊ အနာဂတ်ရှစ်မြှောင့်တြိဂံ၊ ဆင့်ပွားရှစ်မြှောင့်တြိဂံတဲ့။ ဒါပေမယ့် ဘယ်လိုဖြစ်ခဲ့လဲတော့မသိဘူး။ ဒီနေ့ခေတ်မှာ မူလနဲ့ဆင့်ပွားတြိဂံနှစ်ခုပဲကျန်တယ်"

*************************************

All Chapters