မင်းဘဝတစ်ခုလုံးကို စောင့်ရှောက်ပေးမယ့်သူက ကိုယ်ရယ်ပါ
Vol. 01 Ch. 12
သူမ စကားပြောနေသည့်အချိန်တွင် ထန်ရှု၏အနမ်းကို ခံရလိမ့်မည်ဟု ဟန်ကျင်းဝူ မထင်ထားခဲ့မိပါချေ။
ငယ်ရွယ်စဉ်ကတည်းက သူမ၏ဖခင်ဖြစ်သူမှလွဲ၍ တစ်စိမ်းယောကျာ်လေးများနှင့် နီးနီးကပ်ကပ်မနေဖူးသောကြောင့် ထန်ရှုမှ ဆွဲဖက်လိုက်သောအခါ ဟန်ကျင်းဝူသည် လှုပ်ရှားမှုရပ်တန့်သွားပြီး တုံ့ပြန်ခြင်းငှာ မစွမ်းသာပါချေ။
ထန်ရှုထံမှ ခပ်ဖျော့ဖျော့ဆပ်ပြာသင်းရနံ့နှင့်အတူ သန်မာလှသောလက်မောင်းအားတို့၏ထိတွေ့မှုကြောင့် ဟန်ကျင်းဝူတစ်ယောက် တုံ့ဆိုင်းသွားရပြီး ငြင်းဆန်ရန်ပင် မေ့လျော့သွားခဲ့သည်။
ထန်ရှု၏အပြုအမူမှာ ပိုမိုပြင်းထန်လာခဲ့ပြီး မသင့်လျော်သည့်နေရာများသို့ပါ ကိုင်တွယ်လာသောကြောင့် ဟန်ကျင်းဝူသည် ရှက်စိတ်နှင့် ဒေါသစိတ်တို့ကို ခံစားလာရသည့်အလျောက် ထန်ရှု၏ပါးအား ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။
“ထန်ရှု… နင်.. နင် လွန်လွန်းတယ်။”
သူမ တန်ဖိုးထားခဲ့ရသည့် ပထမဆုံးအနမ်းသည် ဤကဲ့သို့ အဖိုးမတန်ဖြစ်ရလေသည်ဟု ဝမ်းနည်းမိသောကြောင့် ဟန်ကျင်းဝူတစ်ယောက် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။
“ကျွန်တော့်ကို ပြန်ပေးဆပ်သင့်တယ်လို့ မထင်ဘူးလား။” ထန်ရှုသည် ထိုစကားများအား ရီဝေစွာ ပြောလိုက်သည်။
ထိုစကားများ ပြောပြီးနောက် ထန်ရှုသည် သူ၏လွန်လွန်ကျူးကျူး အနမ်းများမှ လန့်နိုးသွားပြီး ဤ
နေရာသည် အင်မော်တယ်ကမ္ဘာမဟုတ်ဘဲ ကမ္ဘာမြေဖြစ်ကြောင်း သတိရသွားတော့သည်။ သူ၏အရှေ့တွင် ရှိနေသော အမျိုးသမီးသည် သူ့အား သစ္စာဖောက်ခဲ့သော သူ၏ချစ်သူ ရွှဲ့ချင်းချင်းမဟုတ်ဘဲ သူ၏အတန်းပိုင်ဆရာမ ဟန်ကျင်းဝူဖြစ်နေသည်ကို သိလိုက်ရသောအခါ ထန်ရှုတစ်ယောက် အခိုက်အတန့်မျှ စကားမဆိုနိုင်ဘဲ ခြောက်ခြားတုန်လှုပ်သွားသည်။
ထန်ရှုသည် ဟန်ကျင်းဝူအား ရွှဲချင်းချင်းနှင့် မှားခဲ့ရသည့်အကြောင်းမှာ ယခုရက်ပိုင်းအတွင်း သူသည် အင်မော်တယ်ကမ္ဘာတွင် ပိုင်ဆိုင်ခဲ့သော ကျင့်စဉ်များနှင့် ကျင့်ကြံမှုုနည်းစနစ်များအနက်မှ သင့်တော်သည်ကို မှတ်ဉာဏ်ထဲတွင် လဝက်နီးပါး ရွေးချယ်နေသောကြောင့် အင်မော်တယ်ကမ္ဘာနှင့် တကယ့်ကမ္ဘာအား သူ မကြာခဏ ရောနေတတ်ပေသည်။
ဟန်ကျင်းဝူ၏အကြည့်အောက်တွင် ထန်ရှုသည် အပြစ်ရှိသူတစ်ယောက်ပမာ ခံစားနေရပြီး ပြန်၍ မကြည့်ရဲပါချေ။
ထန်ရှုသည် ဆရာမဟန်အား တောင်းပန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏အကြည့်တို့သည် မရည်ရွယ်ဘဲ ဟန်ကျင်းဝူ၏ နူးညံ့၍ ဖြောင့်စင်းလှပသော ပေါင်တံများသို့ ရောက်ရှိသွားပြိး ထိုမှတဆင့် ပန်းရောင်စကတ်တိုလေးမှတဆင့် အောက်ခံဘောင်းဘီသို့ပါ ထွင်းဖောက် မြင်နေရသောကြောင့် သူ၏နှာခေါင်းသည် ရုတ်တရက် အပူစီးကြောင်း ဖြတ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အကြိမ်ပေါင်းများစွာ သူ၏နှာခေါင်းအား ပွတ်သပ်ပြီး နှာခေါင်းသွေးယိုခြင်းမရှိကြောင်း စိတ်ချရပြီဆိုမှသာလျှင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိတော့သည်။
ဟန်ကျင်းဝူသည်လည်း သူမ၏ဆံပင်များအား သပ်ရပ်အောင်ပြုပြင်ပြီးသောအချိန်တွင် သူမ၏အနီရောင်ဆံနွယ်လေးများသည် ပါးတစ်ဖက်တစ်ချက်စီတွင် ကပ်ပြိနေသည်ကို ကြည့်ရသည်တွင် လှပသောပန်းလေးတစ်ပွင့် ဖူးပွင့်နေသည့်နှယ်ပင်ဖြစ်သည်။ သူမ၏လှပသောအကြည့်တို့ထက် ပိုမိုဆွဲဆောင်နိုင်သော ပိုမိုလွှမ်းမိုးနိုင်မှုရှိသော ခပ်ဖျော့ဖျော့ ညှို့နိုင်စွမ်းတို့အား ထုတ်လွှတ်လျက်ရှိသည်ကိုကြည့်ပြီး ထန်ရှုသည် သူ၏မူလအခြေအနေဖြစ်အောင် မထိန်းထားနိုင်ပါချေ။
“ထန်ရှု… နင် အစောကြီးကတည်းက သိနေခဲ့တာလား။” ထန်ရှု၏စကားများကို ကြားရသည့်နောက် ဟန်ကျင်းဝူ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် ဒေါသအစား အပြစ်ရှိသည်ဟု ခံစားနေရသော အရိပ်အယောင်အများ ထွက်ပေါ်လာခဲ့သည်။
“ထန်ရှု… ငါ တကယ့်ကို တောင်းပန်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က နင် ငါ့ကို ကယ်တင်ခဲ့တယ်။ တချို့သောအခက်အခဲတွေဖြစ်လာမှာစိုးလို့ ငါံရဲ့ကိုယ်ကျိုးအတ္တတွေကြောင့်
ငါ မပြောရဲခဲ့ဘူး။ နင့်ဆီကို တောင်းပန်ဖို့တောင် ငါ မလာဖြစ်ခဲ့ဘူး၊”
သူ၏ဆိုးဝါးလှသောအပြုအမူကြောင့် ကျောင်းထုတ်ခံရတော့မည်လောဟု ထန်ရှုတစ်ယောက် စိုးရိမ်နေစဉ်မှာပင် ဟန်ကျင်းဝူ၏စကားများကြောင့် သူ အံ့အားသင့်သွားရသည်။
သူမက ငါ့ကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းသင့်တာ ဖြစ်ဖြစ်၊ ငိုယိုပြီး ကျောင်းအုပ်ကြီးရုံးခန်းသွားတိုင်တာပဲဖြစ်ဖြစ် လုပ်သင့်တာမဟုတ်လား။ အဲ့ဒီအစား ငါ့ကို တောင်းပန်နေတာလား။
ဟန်ကျင်းဝူ၏စကားများအား နောက်တစ်ကြိမ် ထပ်ပြီး စဉ်းစားလိုက်သောအခါ မှတ်ဉာဏ်အဟောင်းတစ်ခုကို သတိရသွားပြီး သူ၏မျက်နှာထက်တွင် အမည်မဖော်ပြနိုင်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“လွန်ခဲ့တဲ့တစ်နှစ်ကလူက ဆရာမ…. ဆရာမလား။” ထန်ရှုသည် ဟန်ကျင်းဝူအား တစ်ခဏမျှ တွေတွေကြီး စိုက်ကြည့်နေပြီး အသိဝင်လာပြီးနောက် ရုတ်တရက် ထအော်လိုက်မိသည်။
သူ၏အော်သံမဆုံးမီ ဟန်ကျင်းဝူ၏လက်ဖဝါးနုနုလေးက သူ၏နှုတ်ခမ်းပေါ်သို့ ဖုံးအုပ်လာသည်။
“ငါ တောင်းပန်ပါတယ် ထန်ရှု… ဒီဟာကို ထပ်ပြီး မပြောပါနဲ့တော့။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ ထပ်မပြောပါနဲ့တော့။”
ထန်ရှု၏ပထမဆုံးစကားအနည်းငယ်ကို နားထောင်ပြီး ဟန်ကျင်းဝူ၏မျက်နှာအမူအရာ ပြောင်းသွားကာ တောင်းပန်စကားဆိုတော့သည်။
ဟန်ကျင်းဝူသည် သူမ၏ဂုဏ်သိက္ခာအတွက် ထန်ရှုအား တောင်းပန်နေရင်း သူ၏အပြုအမူအား ကြည့်ပြီး ဇဝေဇဝါ ဖြစ်လာရသည်။
ငါ သူ့ကို ရိုးရိုးသားသား ဖွင့်ဟမပြောခင် သူ အဲ့ဒါကို မမှတ်မိသလိုပါပဲ.. ဒါပေမယ့် ဘာလို့ သူက ငါ့ကို ပြန်ပေးဆပ်သင့်တယ်လို့ ပြောတာလဲ။
ဟန်ကျင်းဝူသည် မည်သည့်အရာကိုမှ သတိမထားမိသော်လည်း ယခုအချိန်တွင် သူမနှင့်ထန်ရှု၏အနေအထားသည် အမြင်မရှင်းသောအခြေအနေဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ်သည် ထန်ရှု၏ပွေ့ဖက်ထားမှုကြောင့် နီးကပ်စွာတည်ရှိနေပြီး သူမ၏လက်တစ်ဖက်သည် သူ၏လည်ပင်းတွင် ချိတ်လျက် အခြားလက်တစ်ဖက်သည် သူ၏နှုတ်ခမ်းတွင် အုပ်မိုးလျက်ရှိနေရာ အမှတ်တမဲ့ကြည့်ပါက သူမတို့နှစ်ယောက်မှာ သမီးရည်းစားနှစ်ယောက် ကလူသည့်နှယ်ဖြစ်နေသည်။
သည်အချိန်အတွင်း ထန်ရှုသည် ပျော်ရွှင်မှုနှင့် နာကျင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ သူတို့နှစ်ယောက်ကြားတွင် အဝတ်ပါးလေးတစ်ထည်သာ ခြားထားသည်။ ထန်ရှုသည် ဟန်ကျင်းဝူ၏ကိုယ်ငွေ့နွေးနွေးလေးနှင့် နူးညံ့အိစက်သော ခန္ဓာကိုယ်အထိအတွေ့ကို ခံစားမိနေရသည်။ ထန်ရှုနောက်သို့ တစ်လှမ်းဆုတ်လိုလျှင်တောင်မှ နေရာမရှိချေ။ ဟန်ကျင်းဝူသည် ဒေါက်ဖိနပ်စီးထားသောအချိန်တွင် ထန်ရှု၏အရပ်နှင့် အတူတူနီးပါးဖြစ်နေပြီး သူတို့နှစ်ယောက်၏မျက်လုံးအကွာအဝေးမှာ ၁၀စင်တီမီတာခန့်ပင် မဝေးချေ။ ဟန်ကျင်းဝူ၏မျက်လုံးအိမ်အတွင်းမှ ရေစာမှတ်ကလေးများပင် မြင်တွေ့ရလုနီးပါးဖြစ်နေသည်။
နှစ်ဦးစလုံး၏မျက်နှာများသည် မတော်တဆ ခပ်ဖွဖွထိသွားခဲ့သောကြောင့် တစ်ယောက်မှ အသက်အရှူအသွင်း ပြုလုပ်လိုက်မှုသည် နောက်တစ်ယောက်၏ နားရွက်ဆီသို့ပင် နွေးနေစေသည်။ ရုတ်တရက်ဖြစ်ပေါ်လာသောဆန္ဒအရ ထန်ရှုသည် ဟန်ကျင်းဝူ၏ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးအား အထက်အောက် ကြည့်မိသွားရသည်။
ထန်ရှုသည် ဆရာမဟန်အား နောက်တစ်ကြိမ် နမ်းရှိုက်လိုသေးသော်လည်း ဟန်ကျင်းဝူ၏ လက်သံပြင်းလှသော ပါးရိုက်ချက်နှင့် သတိအနေအထားဖြစ်နေသောဟန်အမူအရာအား ကြည့်ပြီး သူ၏အရှေ့မှ အလှနတ်သမီးလေးအား အနှောင့်အယှက်မပေးလိုတော့ပါချေ။
ထန်ရှု၏ အသက်ရှုသံတဖြည်းဖြည်း မြန်လာမှုနှင့် သူမအပေါ် စိတ်လှုပ်ရှားစွာ သူကြည့်လိုက်သောအကြည့်တို့ကို သတိထားလိုက်မိသောကြောင့် အခိုက်အတန့်မျှ သူမ သတိလက်လွတ်ဖြစ်သွားသည်ကို နားလည်သွားရသည်။ ထန်ရှု၏နှုတ်ခမ်းတွင် အုပ်ထားသော သူမ၏လက်ဖဝါးအား အလျင်အမြန် ဖယ်ခွာလိုက်ပြီးနောက် သူမ၏လှပ၍ဆွဲဆောင်မှုရှိသော မျက်နှာလေးသည် ရှက်စိတ်ကြောင့် နီရဲနေပြီး မျက်ဝန်းများမှာလည်း ဖော်ပြခြင်းငှာမစွမ်းသာနိုင်လောက်အောင် အရောင်လက်နေခဲ့သည်။
“ထန်ရှု… တစ်စုံတစ်ယောက်အပေါ်ကျေးဇူးတင်နေရင် ငါက ဒီလိုကျေးဇူးဆပ်တတ်တဲ့လူမျိုးမဟုတ်ဘူး။ အဲ့ဒီအချိန်မှာ နင့်ကို ငါ လာရှာရတာ အဆင်မပြေခဲ့ဘူး။ ငါ နင့်ကို လာရှာပြီး ရှင်းပြချင်ခဲ့ပေမယ့် နင့်ရဲ့စိတ်တွေမှာ ပြသနာတွေဖြစ်နေခဲ့တယ်လို့ ငါ ကြားရလို့ နောက်ကွယ်ကနေ စောင့်ရှောက်ရုံပဲ ငါ တတ်နိုင်ခဲ့တယ်။”
ထန်ရှု၏စိတ်လှုပ်ရှားနေသောအကြည့်တို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ဟန်ကျင်းဝူတစ်ယောက် စိတ်သက်သာရာ၇သွားဟန်ဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သော်လည်း သူမ၏နှလုံးသားသည် တစ်စုံတစ်ခုအား စိတ်ပျက်သွားဟန်ရှိရသည်။
ထန်ရှု၏စူးစမ်းသောအကြည့်အောက်တွင် ဟန်ကျင်းဝူသည် ထိုလွန်ခဲ့သောတစ်နှစ်ကျော်က ဖြစ်ပွားခဲ့သော မတော်တဆမှုအား ပြန်လည်ပြောပြခဲ့ရသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ရှန်ကွမ်းယိပြည်နယ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ဖြစ်ပွားခဲ့သော မသမာသောလုပ်ရပ်သည် တစ်နိုင်ငံလုံးအား တုန်လှုပ်သွားစေသည်။ ထိပ်သီးစီမံခန့်ခွဲမှုမှ ထိုပြည်နယ်၏ပညာရေးစနစ်အား စုံစမ်းစစ်ဆေးမှု သတိပေးမှုများ ပြုလုပ်လာကြသည်။ ထိုအချိန်တွင် ကြယ်တာရာမြို့တော်၏ပညာရေးဝန်ကြီးသည် သူမ၏ဖခင်ဖြစ်သူ ဟန်ဖူဖြစ်နေသောကြောင့် ထောင်သွင်းအကျဉ်းချခံရသည်။
ဟန်ကျင်းဝူသည် သူမ၏ဖခင်၌ အပြစ်မရှိကြောင်း အခိုင်အမာ ယုံကြည်ခဲ့သော်လည်း ထိုအချိန်က သူမသည် တက ္ကသိုလ်ကျောင်းသို့ တက်ရောက်ခါစဉ်ပင် ရှိသေးသည်။ သူမဖခင်၏မိတ်ဆွေများသည် အလျှိုလျှို ကွယ်ပျောက်သွားကြပြီး ဆွေမျိုးများပင် ဖယ်ရှောင်နေကြသည်။
မည်သို့မျှ မတတ်နိုင်သည့်အဆုံး ဟန်ကျင်းဝူသည် သူမကိုယ်တိုင် နည်းလမ်းရှာဖွေရတော့သည်။
ဘုရားသခင်သည် ကြိုးစားနေသောသူများအား စိတ်မပျက်စေခဲ့ချေ။ သူမ၏ နေ့ရက်များစွာ ရှာဖွေစုံစမ်းမှုအောက်တွင် အဆိုပါဖြစ်ရပ်၏နောက်ကွယ်၌ အမှန်တရားတစ်ခုရှိနေသည်ကို နားလည်လာခဲ့သည်။ သူမကိုယ်သူမ ဆက်ဆီကျကျ ဝတ်စားဆင်ယင် ပြုမူနေထိုင်ကာ အဓိကကျသောသက်သေဆီသို့ ချဉ်းကပ်ပြီး အရေးကြီးသောသတင်းသက်သေများရယူခဲ့သည်။
သူမသတိမထားခဲ့သည်မှာ ထိုသက်သေသည် အမြဲတမ်းသတိရှိသောသူတစ်ယောက်ဖြစ်ပြီး ဟန်ကျင်းဝူသည် အဆိုပါ အရေးကြီးသောသတင်းသက်သေများရယူသွားခဲ့ပြီးနောက် တစ်စုံတစ်ခုလွဲချော်နေကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် သူမ၏နောက်သို့ လိုက်လာခြင်းပင်ဖြစ်သည်။
များပြားလှသောကားတန်းကြီး၏ရှေ့လမ်းမှ ဟန်ကျင်းဝူတစ်ယောက် ခပ်သုတ်သုတ်ဖြတ်ကူးခဲ့သည်။ မြို့ထဲဧရိယာတွင် ကားများသည် အရှိန်လျှော့မောင်းနှင်သော်လည်း မတော်တဆမှုဆိုသည်မှာ မမျှော်လင့်ဘဲ ဖြစ်ပွားနိုင်သည်။ သူမဆီသို့ ဦးတည်လျက် အရှိန်ပြင်းကာ မောင်းနှင်လာသော ကားတစ်စီးကြောင့် ဟန်ကျင်းဝူတစ်ယောက် ကြောက်လန့်မှုကြောင့် အော်ဟစ်လိုက်မိပြီး ရှောင်ပြေးမလွတ်နိုင်ပါချေ။
ကံကောင်းထောက်မစွာဖြင့် ထန်ရှုသည် ထိုအချိန်တွင် ရှိနေပြီး ဟန်ကျင်းဝူအား ကယ်တင်လိုက်နိုင်ပါသော်လည်း သူ့မှာမူ ကားဖြင့်တိုက်မိပြီး အရှိန်ကြောင့် လွင့်ထွက်သွားခဲ့ရသည်။
ကယ်တင်ခြင်းခံလိုက်ရပြီးနောက် ကြောက်ရွံ့စိတ်ဖြင့် ဟန်ကျင်းဝူသည် လက်ထဲရှိသက်သေအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ထန်ရှုအား တစ်ချက်လေးပင် စောင်းငဲ့မကြည့်နိုင်တော့ဘဲ လူအုပ်ထဲမှ ပုန်းရှောင်ထွက်ခွာသွားရသည်။
အဆိုပါအရေးကြီးသောသက်သေကြောင့် ဟန်ကျင်းဝူ၏ဖခင်ဖြစ်သူ ဟန်ဖူသည် သူ့အား စွပ်စွဲထားသောစွဲချက်များ ကင်းစင်ပြီး ထိုမုန်တိုင်းထန်သောဖြစ်ရပ်အား ဘေးမှထိုင်ကြည့်ကာ ပညာရေးဝန်ကြီးဖြစ်လာသော ကြယ်တာရာမြို့တော်၏ပညာရေးဝန်ကြီးသည် ထောင်သွင်းအကျဉ်းချခံရတော့သည်။ ဟန်ဖူ၏ပြိုင်ဘက်များသည်လည်း အရေးယူခြင်းမှ မလွတ်ကင်းနိုင်ချေ။ ထို့နောက် အခက်အခဲတစ်စုံတစ်ရာမရှိတော့ဘဲ ဟန်ဖူသည် ကြယ်တာရာမြို့တော်၏ပညာရေးဝန်ကြီး ပြန်ဖြစ်လာသည်။
ထိုအရေးကြီးသောအချိန်၌ ထိုလူသာ သူမအား မကယ်တင်ခဲ့ပါက သူမ၏အသက်ဆုံးရှုံးရမည့်အပြင် သူမ၏ဖခင်လည်း ထောင်ထဲ၌ နှစ်ပေါင်းများစွာ အကျဉ်းချခံရမည်ဖြစ်ကာ သူမ၏ပျော်ရွှင်စရာကောင်းလှသောမိသားစုဘဝလေးသည် ပျောက်ပြယ်သွားလိမ့်မည်ကို သူမ သိခဲ့သည်။
ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာနှစ်လကြာခဲ့ပြီဖြစ်သော်လည်း ဟန်ကျင်းဝူသည် ယာဉ်ထိန်းရဲရုံးမှတဆင့် ထိုအမှုအား သတင်းပြန်လည်ရယူနိုင်ခဲ့သည်။
ထိုညက မောင်းလာသော အငှားယာဉ်မောင်းသည် သောက်စားမူးယစ်လာပြီး ဘရိတ်နှင့်လီဗာအား မှားနင်းမိသည့်အပြင် ကားလက်ကိုင်အား ဦးတည်ရာအမှားသို့ ရွှေ့လိုက်မိခြင်းကြောင့် ထိုမတော်တဆမှုဖြစ်ပွာရခြင်းဖြစ်သည်။
သူမအား ကယ်တင်ခဲ့သောသူသည် ကြယ်တာရာမြို့တော်အထက်တန်းကျောင်းမှဖြစ်ပြီး ဝင်ခွင့်စာမေးပွဲတွင် ပထမအဖြစ် ဝင်ရောက်လာသူဖြစ်သည်။
သူမ၏ဖခင်အား အကူအညီတောင်းပြီး ထန်ရှုအား ပြည်နယ်၏ကျောင်းသားကောင်းတစ်ယောက်အဖြစ် ဆုချီးမြှင့်ရန် စီမံခဲ့ပြီး တစ်ချိန်တည်းမှာပင် ယာဉ်ထိန်းရဲရုံးမှတဆင့် သူ၏ရဲရင့်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်နှင့်ဆုတံဆိပ် ချီးမြှင့်ပေးခဲ့သည်။
ဟန်ကျင်းဝူသည် ထန်ရှုအား လူကိုယ်တိုင် ကျေးဇူးတင်စကားပြောကြားလိုခဲ့သော်လည်း သူမ၏သတင်းပေးများမှတဆင့် သိရသော ဆရာဝန်များ၏စကားအရ ထန်ရှုသည် ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရန် မသေချာတော့ဟု သိလိုက်ရသည်။ နောက်နှစ်များတွင် ထန်ရှု၏မှတ်ဉာဏ်စွမ်းရည်သည် ဆိုးဆိုးဝါးဝါး ကျဆင်းလာပြီး သူ၏မှတ်ဉာဏ်များမှာလည်း ကောင်းမွန်ခြင်းမရှိတော့ချေ။ အဆုံးသတ်တွင် အိမ်ထောင်ပြုခြင်းပင် လုပ်နိုင်တော့မည်မဟုတ်ချေ။
ဟန်ကျင်းဝူသည် သည်ရက်စက်လှသောဖြစ်ရပ်မှန်အား လက်ခံလိုခြင်းမရှိသော်လည်း ထန်ရှုအား မတွေ့ရဲခဲ့ချေ။
သို့သော် သူမ၏စိတ်နှလုံးတွင် အပြစ်ရှိသည်ဟု ခံစားနေရသောကြောင့် တစ်လအကြာ စဉ်းစားပြီးသည့်နောက်တွင် ဟန်ကျင်းဝူသည် သူမ၏လစာကောင်းသောအလုပ်အား စွန့်လွှတ်ပြီး ထန်ရှုအား ကူညီနိုင်ရန် ကြယ်တာရာမြို့တော်အထက်တန်းကျောင်းတွင် ဆရာမအဖြစ် ဝင်လုပ်ခဲ့သည်။
ဟန်ကျင်းဝူသည် အချိန်အတန်ကြာအောင် လေ့လာပြီးသည့်နောက် ထန်ရှု၏မှတ်ဉာဏ်စွမ်းရည်သည် ဆိုးဆိုးဝါးဝါး ကျဆင်းလာပြီး သူ၏မှတ်ဉာဏ်များမှာလည်း ကောင်းမွန်ခြင်းမရှိတော့ကြောင်း သိလာခဲ့ရသည်။ သူ၏နားလည်မှုစွမ်းရည်နှင့် တွေးခေါ်မှုစွမ်းရည်တို့သည် စာမေးပွဲအောင်ရန်အတွက်ပင် မလွယ်ကူကြောင်း သိလာရသည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့စဉ်က အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုပါက ကောင်းကင်နှင့်မြေကြီးပင်ဖြစ်သည်။
ထန်ရှု၏အခြေအနေ ဆိုးရွားလာလေ ဟန်ကျင်းဝူတစ်ယောက် သူမကိုယ်သူမ အပြစ်ရှိသည်ဟု ပိုမိုခံစားရလေဖြစ်လာရသည်။ ထန်ရှုနှင့် နီးနီးကပ်ကပ်မနေရဲရုံသာမက ထန်ရှု (သို့မဟုတ်) စုလင်းယွမ်အား ကားမတော်တဆမှု၏ဖြစ်ရပ်မှန်အားလည်း မပြောပြရဲခဲ့ပါချေ။
ဟန်ကျင်းဝူသည် ထန်ရှုအား မည်ကဲ့သို့ ပေးဆပ်ရမည်ကို မသိတော့သော်လည်း သူမ လုပ်နိုင်သောတစ်ခုတည်းသောအရာမှာ ထန်ရှုအား လျှိ့ဝှက်စွာ စောင့်ရှောက်၍ ထန်ရှုအား မကောင်းပြောသူများအား ဆူပူကြိမ်းမောင်းခြင်းပင်ဖြစ်သည်။
ထန်ရှုအား ကျောင်းမှထုတ်ပယ်ရန် ဆွေးနွေးစဉ်အခါက ဟန်ကျင်းဝူသည် စည်းမျဉ်းစည်းကမ်းနှင့်ပင် ကင်းလွတ်သွားခဲ့ပြီး အဆိုတင်သွင်းသူ ဟူကျူရှင်းအား သူမ၏နာမည်ပျက်စာရင်းတွင်ပင် ထည့်သွင်းလိုက်သည်။
“ထန်ရှု… ငါတောင်းပန်ပါတယ်။ အရင်ကတည်းက ငါ နင့်ကို တောင်းပန်သင့်တာပါ။ ငါ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်သွားတယ်။ ငါ့ရဲ့သိက္ခာကို ထိခိုက်မှာ ကြောက်ခဲ့တယ်။ အဲ့ဒါကြောင့် အမှန်တရားကို ပြောပြဖို့ ငါ အချိန်အကြာကြီး ချီတုံချတုံ ဖြစ်ခဲ့ရတယ်။ ငါ့ရဲ့စိတ်နှလုံးထဲမှာ ဒါကို ခံနိုင်ရည်ရှိဖို့ အတော်ကြီး ခက်ခဲခဲ့တယ်။”
အမှန်တရားကို ပြောပြလိုက်ရသောကြောင့် ဟန်ကျင်းဝူတစ်ယောက် စိတ်လက်ပေါ့ပါးသွားသည်။ ကားမတော်တဆမှုဖြစ်ပြီးသည့်နောက်ပိုင်း ညဖက်များတွင် သူမသည် အိပ်မက်ဆိုးများမက်ကာ ကောင်းမွန်စွာ အိပ်စက်ရခြင်းမရှိချေ။ တစ်နှစ်ကျော်သည့်တိုင်အောင် ဟန်ကျင်းဝူ၏စိတ်နှလုံးတွင် လေးလံထိုင်းမှိုင်းကာ နေရသည်။ အပြစ်ရှိသည်ဟု ခံစားနေရသောစိတ်သည် သူမအား ဖိစီး၍ ညဘက်များတွင် နှစ်ခြိုက်စွာ အိပ်စက်ရခြင်းမရှိဘဲ သူမကိုယ်သူမ မုန်းတီးလာပေသည်။
“ထန်ရှု… ဒီနေ့ကစပြီး ငါ့ကိုယ်ငါ အပြစ်တင်နေတာတွေ ရပ်လိုက်ပြီ။ ငါ အမြဲတမ်း နင့်ဘေးနားမှာရှိပြီး ကာကွယ်စောင့်ရှောက်ပေးမယ်။ နင် တကယ်လို့ အိမ်ထောင်ပြုလို့မရတဲ့အဖြစ်မျိုးထိရောက်ခဲ့ရင်တောင် နင့်ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ငါ ဂရုတစိုက်နဲ့ ရှိနေပေးမှာပါ။”
အထက်ပါစကားများကိုတော့ ဟန်ကျင်းဝူတစ်ယောက် ထန်ရှုမျက်နှာအား စေ့စေ့ကြည့်ပြီး တစ်လုံးချင်းပြောကာ ကတိပေးလိုက်ခြင်းပင် ဖြစ်တော့သည်။ သည်အချိန်မှာတော့ ထန်ရှုတစ်ယောက် လုံးဝကို ကျောက်ရုပ်ဖြစ်သွားရတော့သည်။