← Chapters

အိပ်ချင်သူကို ခေါင်းအုံးပေးသော လူကောင်း သိဒ္ဓိဘုရားကျောင်း

Vol. 59 Ch. 951

အိပ်ချင်သူကို ခေါင်းအုံးပေးသော လူကောင်း သိဒ္ဓိဘုရားကျောင်း

Vol. 59 Ch. 951

လရောင်ကို အခွင့်ကောင်း ယူပြီး ဘာမင်ဟမ်နှင့် အစေခံများက ရွှေရောင် နယ်မြေ မြို့တော် အုပ်စိုးသူ၏ စံအိမ်မှ အလျင်အမြန် ထွက်ခွာသွားကြ၏။

သူလိုချင်သည်ကို ရခဲ့ပြီ ဖြစ်သည်။ ဒါမှမဟုတ် တိတိကျကျ ပြောရလျှင် ‘အာသာ’လိုချင်သည့်အရာကို ရခဲ့လေပြီ။

နဂါးတောင်ကြားမှ နဂါးများ တီထွင် အောင်မြင်ခဲ့သည့် မှော်ဂိမ်းက နေရာ အတွင်းမှ လူတိုင်းကို မှော်ပုံရိပ်ယောင် ထဲတွင် လေ့ကျင့်ပြီး တိုးတက်မှု ရရှိစေနိုင်သည်‌။ ဒီကဲ့သို့ဂိမ်းမျိုးက ကမ္ဘာတစ်ဝန်းလုံးကိုပင် လွှမ်းခြုံနိုင်၏။ ထိုအရာက သုံးစွဲသူတိုင်းကို အကျိုးပြု စေမည့် အံ့သြဖွယ် တီထွင်ဆန်းသစ်မှု တစ်ခုဖြစ်ပြီး မင်းသား’အာသာ’ ပြောသလိုပင် ရွှေရောင်စီးပွားရေး အခွင့် အလမ်း တစ်ရပ်လည်း ဖြစ်ပေသည်‌။

နဂါးစစ်သည် ဆမ်မြူရယ် ‘ပြီးမြောက်’ ခဲ့သည့် ရနံ့မွှေး ပြောင်းဆန်ဝိုင်နှင့် မတူဘဲ နဂါးဧကရာဇ်က ‘အာသာ’၏ မှော်ဂိမ်းကို ကမ္ဘာ တစ်ဝန်းလုံးတွင် ကြော်ငြာရန် တောင်းဆိုမှုကို သဘော မတူခဲ့ခြင်းမှာ စိတ်မကောင်း စရာပင်‌။ ထိုအရာက ထိုပစ္စည်းကောင်းကို သူတို့ ဘာသာ သုံးချင်သည့် နဂါးများ၏ တစ်ကိုယ်ကောင်း ဆန်သော သဘော သဘာဝကြောင့် ဖြစ်နိုင်ပေသည်‌။

‘အာသာ’ လိုချင်သည်မှာ မှော်ဂိမ်းကို ရောင်းချခွင့်ပင်။ ထိုအကျိုးအမြတ်က ရွှေရောင်နယ်မြေ တစ်ခုတည်း စား၍ မကုန်နိုင်အောင် ကြီးမားလွန်းသည်မှာ သေချာပေ၏။ ထို့ကြောင့် ‘အာသာ’က မှော်ဂိမ်း၏ အမြတ်များကို သိဒ္ဓိ ကျောင်းတော်နှင့် ခွဲဝေရန် ဆန္ဒရှိခဲ့သည်‌။ ထိုမတိုင်ခင် နဂါးများက အမြတ်များ အပုံလိုက်ကြီး ရရှိလိမ့်မည်မှာတော့ အသေအချာပင်။

ရွှေရောင် နယ်မြေက မှော်ဂိမ်း အချက်ပြ မျှော်စင်များ အတွက် ပစ္စည်းကိရိယာ အားလုံး ထုတ်လုပ်ရန်နှင့် မှော်ဂိမ်းနှင့်ပတ်သက်သော အရောင်း အဝယ်၊ လုပ်ငန်းဆောင်တာ အားလုံးကို တာဝန်ယူပေမည်။ ကျောင်းတော်က သူ၏ ကျောင်းတော် ခရိုင်တစ်ခုစီမှ အလင်းခန်းမ များတွင် မှော်ဂိမ်း အချက်ပြ မျှော်စင်များ တည်ဆောက်ပြီး အင်ပါယာ အားလုံးသို့ ကြော်ငြာရန် တာဝန်ယူရပေမည်။

ကျောင်းတော် ခရိုင် တည်ရှိသော မြို့တိုင်းတွင် သိဒ္ဓိကျောင်းတော်အတွက် အချက်ပြ မျှော်စင်များ တည်ဆောက်ရန် လွယ်ကူပေသည်‌။ ကြော်ငြာရန်လည်း သိပ်ပြီး အားထုတ်စရာ မလိုပေ။ မှော်ဂိမ်းများက အာသာ ပြောသကဲ့သို့ ကြီးမားသည့် ရေရှည်အကျိုးအမြတ်များ ရရှိနိုင်မည်ဆိုရင် ထိုရင်းနှီး မြှုပ်နှံမှုက မည်သည်မှ မဟုတ်ပေ။ ထိုအစား ကျောင်းတော်က ကြီးမားသော အကျိုး အမြတ်ကို ရရှိသွားပေလိမ့်မည်။

ရွှေရောင် နယ်မြေ အတွက်လည်း ကောင်းမွန်သော သဘောတူညီမှု တစ်ခုပင်‌။ ထိုအရာက ‘အာသာ’နှင့် ကျောင်းတော်အတွက် အမှန်တကယ် နှစ်ဖက်လုံး အကျိုးအမြတ် ရရှိမည့် အခြေအနေပင်‌။ ထိုအမြင်ကျဉ်းပြီး တကိုယ်ကောင်းဆန်သည့် နဂါးများကိုပါ ထည့်လိုက်လျှင် ထိုအရာက အားလုံး အကျိုးအမြတ် ရရှိသော အခြေအနေ ဖြစ်သွားပေလိမ့်မည်။

အနည်းငယ် အခက်တွေ့ စရာမှာ ‘အာသာ’က ထိုအရာကို ဘက်ရွေးမည့် စံနှုန်းအဖြစ် သတ်မှတ်ထားခြင်းပင်‌။ ထိုအရာက မှော်ဂိမ်း ‘ကိုယ်စားပြုခွင့်’ကို သူ့ဆီ လွှဲပြောင်းပေးနိုင်မည့် အဓိက ဂိုဏ်း ၃ခုထဲက မည်သည့်ဂိုဏ်းကိုမဆို ‘သိဒ္ဓိသားတော်’အဖြစ် ကျောင်းတော်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်မှုကို တရားဝင် လက်ခံမည်ဟု ဆိုလိုခြင်းပင်။ ဒီ’ဖိတ်ခေါ်မှု’က ‘အာသာ’၏ အနာဂတ် အဖွဲ့အစည်းကို အသေအချာ ကိုယ်စား ပြုသည်‌။ ကျောင်းတော်မှ ဂုဏ်သရေရှိ ပုဂ္ဂိုလ် ၃ဦးက ဒီ ‘ပြိုင်ပွဲ’၌ ပါဝင် ရသည်ကို အနည်းငယ် စိတ်မပျော် သော်လည်း ‘အာသာ’တွင် ထိုကဲ့သို့ ညှိနှိုင်းနိုင်သည့် အင်အား ရှိနေပြီ ဖြစ်သည်။ အကြောင်းမှာ ယခုတွင် နှင်းဒဲလက်ပန်းက ပျောက်ဆုံးနေပြီး ဆူးသရဖူက တစ်ခုတည်းသော အစားထိုးစရာ ဖြစ်‌နေ၍ပင်။

ဘာမင်ဟမ်ကို အပျော်ရွှင်ဆုံး ဖြစ်စေသည်မှာ ‘အာသာ’က သူ့ကို သတင်း အရင်ပေးသိပြီး အကြီးမားဆုံး အကျိုးအမြတ် ပေးခဲ့ခြင်းပင်‌။ ၎င်းမှာ တခြား ဂိုဏ်း၂ခုက ‘အာသာ’၏ ဆုံးဖြတ်ချက်ကို မသိသေးကြောင်း ဆိုလိုခြင်းပင်။ ထိုပြိုင်ပွဲတွင် အချိန်က အောင်နိုင်ရန် အဓိကသော့ချက်ပင်‌။

ပြောရလျှင် နဂါးများဘက်တွင်လည်း အနည်းငယ် အခက်အခဲ ရှိနေသည်‌။ အကြောင်းမှာ သိဒ္ဓိနဂါး၏ အစွမ်း အထက်ဆုံး အဖွဲ့ခွဲက ဂိုဏ်း၂ဂိုဏ်း အဖြစ် ခွဲထွက် သွားခဲ့၍ပင်‌။ နဂါးတောင်ကြား အပြင် တခြားဂိုဏ်းခွဲက ကျောင်းတော်၌ ခိုလှုံသူများအဖြစ် နေနေကြသည်‌။ မည်သို့ပင် ဆိုစေကာမူ ရိုဒရီဂူးဇ်က နောက်ပိုင်း သစ္စာဖောက် ခဲ့ပြီးနောက် ကျောင်းတော်နှင့် နဂါးများ အကြားတွင် အမြဲပင် ရန်ငြိုးများ ရှိနေခဲ့သည်‌။ သူက နဂါးတောင်ကြားကို ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးရန် သွားမည်ဆိုရင် ရလဒ်ကို မသိနိုင် သော်လည်း အထင်သေး ခံရမည်မှာ အသေအချာပင်။

နဂါးများနှင့် မည်သို့ ညှိနှိုင်းရန်မှာ အထက်မှလူများ အပေါ် မူတည်သည်‌။ သူ့နှင့် မဆိုင်ပေ။ ‘အာသာ’ဆီမှ အဖြေ ရရှိခြင်းက ကြီးမားသော အောင်မြင်မှု မဟုတ် သော်လည်း အထက်မှ လူများ၏ တာဝန်ကို အောင်မြင်စွာ ပြီးသွားပြီဟု ယူဆ၍ ရနိုင်ပေသည်။

ယခုတွင် ဘာမင်ဟမ် အလိုဆုံးမှာ ထိုကိစ္စကို ပက်စ်မီယာထံ ချက်ချင်း အစီရင်ခံပြီး ကြယ်ခန်းမ လုပ်ရပ်များကို အခြား ဂိုဏ်း၂ခုထက် ရှေ့ရောက် နေအောင် ပြုလုပ်ရန်ပင်။

နောက်နေ့မနက်တွင် ချန်လွေ့က စံအိမ်သို့ ရောက်လာသည့် ‌ရေဖျန်း ဘုန်းတော်ကြီး ရော်ဂျာနှင့် တွေ့ဆုံခဲ့၏။ သူက ဘာမင်ဟမ်၏ အပေးအယူများကို ‘မတော်တဆ’ ထောက်ပြခဲ့သည်‌။ ဆာ-ရော်ဂျာက သူ၏ အပေးအယူများကို ချက်ချင်းပင် တိုးမြှင့် လိုက်ပြီးနောက် အကျိုးအမြတ် ရသွားသော မင်းသား ‘အာသာ’က နောက်ဆုံးတွင် သူ လိုချင်နေသော မှော်ဂိမ်းအကြောင်းကို ပြောခဲ့လေသည်။

ဆာ-ရော်ဂျာ အမြန် ထွက်သွားခဲ့၏။

နေ့လယ်ခင်းတွင် ချန်လွေ့ နယ်မြေ အတွင်း ရှိနေဆဲမှာပင် ဂရာလင်က သွားရောက် တွေ့ဆုံခဲ့ပြီး အရင်က ဖြစ်ရပ်များအတိုင်း ဖြစ်သွားခဲ့ပြန်သည်။

ဂရာလင်လည်း အလားတူပင် အမြန် ထွက်သွားခဲ့သည်‌။

သူ၏ နောက်တွင်တော့ ပြုံးနေသော နယ်မြေပိုင်ရှင် ရှိနေ၏။

မှော်ဂိမ်းနဲ့ပတ်သက်ပြီးတော့ စိုးရိမ် နေတုန်းမှာ သိဒ္ဓိကျော်ငးတော်က ငါ့ကို လာကမ်းလှမ်းခဲ့တယ်။ ဒါက ငါ အိပ်ချင် နေတုန်း ခေါင်းအုံးလာပေးသလိုမျိုးပဲ။ သိပ်ကောင်းတဲ့ ကျောင်းတော်။

ပြီးတော့ မှော်ဂိမ်းကို ဒီလိုမျိုးပုံစံနှင့် စတင်လိုက်ပြီ ဆိုတော့ နောက်ကျရင် ‘အာသာ’ ပေါ်သွားတာပဲ ဖြစ်ဖြစ်၊ ကျောင်းတော်ကို ဆန့်ကျင်ခဲ့ရင်ပဲ ဖြစ်ဖြစ် တားမြစ်ခံရမှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆို ဒါက ‘တစ်ကိုယ်ကောင်း ဆန်တဲ့’ နဂါးတွေရဲ့ ကိုယ်ပိုင် ဖျော်ဖြေမှု ပဲလေ။ ‘အာသာ’က ကြီးမားတဲ့ အမြတ်အစွန်းတွေ လိုချင်ပြီးတော့ ကျောင်းတော်ကနေ ပိုက်ဆံရှာချင်တာပဲ။ ပြီးတော့ ကျောင်းတော်က မှော်ဂိမ်းရဲ့ ကြီးမားတဲ့ အကျိုး ကျေးဇူးတွေကို ရပြီဆိုတာနဲ့ ဒီငွေထုတ်စက်ကို စွန့်လွှတ်ဖို့ ပိုခက်လာလိမ့်မယ်။

သိဒ္ဓိကျောင်းတော်ရဲ့ အင်အားနဲ့ဆို မှော်ဂိမ်းက လူသား လောက တစ်ခုလုံးကို မျှော်မှန်းထားတာထက် အများကြီး ပိုမြန်တဲ့နှုန်းနှင့် ပျံ့နှံ့လာမှာ။ ချန်လွေ့က ရွှေရောင် နယ်မြေ၌ မရှိလျှင်ပင် စိတ်ပူစရာ မလိုတော့ပေ။ ဒါကြောင့် သူက နောက်ထပ် အစီအစဉ်ကို စိတ်အေးလက်အေး အကောင် အထည်ဖော်နိုင်ပြီ ဖြစ်သည်။

ထိုသို့ တွေးမိပြီးနောက် မနေနိုင်ဘဲ ရယ်လိုက်မိသော ချန်လွေ့က ရေဖျန်း ဘုန်းတော်ကြီး သုံးပါးကို စိတ်ထဲ၌ လက်မများ ထောင်ပြလိုက်မိပြန်သည်။

၂ရက် ကြာပြီးနောက် နယ်မြေပိုင်ရှင် စံအိမ်၌ -

“အန်တီ မာရီယာ။” ချန်လွေ့က ယောက္ခမနဂါး၏ ဆက်သွယ်ရေး ပုံရိပ်ကို ကြည့်လိုက်သည်‌။ သူက ဘေးနားမှ အစ်ဇဘယ်လာနှင့် ဇိုလာ၏ လက်ကို ကိုင်ရင်း ပြုံးလိုက်သည်‌။

ယောက္ခမက လူသား သားမက် ဘေးနားတွင် ပျော်ရွှင်စွာ ပွေ့ဖက် နေသော သမီးနှစ်ယောက်ကို ကြည့်ရင်း ပြောလိုက်သည်။ “ကြည့်ရတာ မင်းတို့ အားလုံး သိပ်မကြာခင် ပျော်ခဲ့ကြတဲ့ ပုံပဲ။ ငါ့သမီးလေးတွေ။ မိန်းမ နှစ်ယောက်ကို ဖက်ထားတဲ့ လောဘကြီးတဲ့ လူသား၊ မင်းအတွက်ကတော့ မင်းရဲ့ စိတ်အား ထက်သန်မှုက ငါ့ကို အများကြီး မကျေနပ် စေပေမယ့် ဆာ-နဂါး ဧကရာဇ်ကတော့ မင်းကို အတော်လေး ချီးကျူးနေတယ်။ ဒါကြောင့် ငါလည်း မင်း ဒီကိစ္စကို ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့ အတွက် စိတ်မပါမယ့် ချီးကျူးရမှာပဲ။”

ထိုသို့ ပြောပြီးနောက် ယောက္ခမ နတ်မိမယ်နဂါးက လူသားကို အလွန် ကျေနပ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူ၏ သားမက်က အလွန် တော်သည့် အတွက်ကြောင့် နဂါး ဧကရာဇ်ရှေ့တွင် ဂုဏ်ယူ ခဲ့ရသည်‌။ အရေးအကြီးဆုံးမှာ သူ၏ သမီး နှစ်ယောက် ပျော်ရွှင်နေခြင်းပင်‌။

“သိဒ္ဓိ ကျောင်းတော်က နဂါး တောင်ကြားနှင့် အမြဲတမ်း ပဋိပက္ခတွေ ရှိနေပြီး အခု သူတို့က နဂါး တောင်ကြားနှင့် ပူးပေါင်းဖို့ ပြိုင်ဆိုင် နေကြတယ်။ ဒါက တော်ဝင် ဧကရာဇ် ပါဂရစ်ဇ်ကို တကယ်ပျော်စေတယ်။”

ချန်လွေ့လည်း ရယ်လိုက်သည်‌။ အဲဒီ တော်ဝင်ဧကရာဇ်က ကြင်နာတတ်တဲ့သူ မဟုတ်ဘူး။ သိဒ္ဓိကျောင်းတော်မှာရှိတဲ့ ဂိုဏ်းအများကြီးက လာပြီး တောင်းဆို နေတာဆိုတော့ သတ်မှတ်ချက်တွေကို မပြောရင် ပါဂရစ်ဇ် မဟုတ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာလေ။

“တော်ဝင် ဧကရာဇ် ပါဂရစ်ဇ်က ကျောင်းတော်ကို သိပ်ပြီး ခပ်ကြမ်းကြမ်း လုပ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက နဂါးတွေ ကိုလည်း ကြီးမားတဲ့ အကျိုးအမြတ် ယူဆောင်လာပေးမယ့် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်နေလို့ပဲ။ ဒါပေမဲ့ နဂါးတွေက ‘ရစ်ချတ်’အကြောင်း၊ အထူးသဖြင့် စတန်ဝဲလ်၊ ပီလင်နှင့် အဲဒီသူတွေပဲ။”

“စိတ်ချပါ။ ဒါက နဂါးတွေအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတာ ဆိုတော့ တော်ဝင် နဂါးဧကရာဇ်မှာ ကိုယ်ပိုင် အစီအစဉ် ရှိမှာပဲ။ ဒီလောကမှာ မှတ်ဉာဏ် ဖျောက်ဖျက်တဲ့ မှော်ပညာ ဆိုတာ ရှိတယ်။ လိုအပ်ရင် တော်ဝင် ဧကရာဇ် ပါဂရစ်ဇ်က နဂါးတွေအားလုံးကို အဲဒါ သုံးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”

နောက်ဆုံး စကားက ချန်လွေ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်‌။ ပျင်းတဲ့ပုံပေါ်တဲ့ နဂါးဧကရာဇ် ပါဂရစ်ဇ်ရဲ့ သတ္တိက တကယ် အံ့သြစရာပဲ။

“ဒါနဲ့ နဂါးဧကရာဇ်က မင်းရဲ့ အမြင်ကို မေးခိုင်းလိုက်တယ်။ ဘယ်အဖွဲ့က ဒီကိုယ်စားပြု အာဏာကို ရသင့်တာလဲ။”

ချန်လွေ့က အများကြီး မစဉ်းစားဘဲ ဂိုဏ်းတစ်ခု၏ နာမည်ကို တိုက်ရိုက် ပြောလိုက်သည်‌။ ထိုအရာက ရေဖျန်း ဘုန်းတော်ကြီး ၃ပါးနှင့် စကားပြောပြီး ရခဲ့သော အကျိုးအမြတ်များထဲမှ တစ်ခု ဖြစ်လေသည်။

ထိုအချက်က သူ၏ အစီအစဉ်ကို စိတ်အေးလက်အေး အကောင်အထည် ဖော်နိုင်စေခဲ့ပြီး သိဒ္ဓိအလင်းတောင်ကို လူသားလောကရှိ ယခုတစ်ခေါက် ‘အဓိကတာဝန်’၏ နောက်ဆုံးပန်းတိုင် အဖြစ် သတ်မှတ်ထားလိုက်သည်‌။

“သင့်လျော်တဲ့ စိတ်ရှည်မှုက ပိုပြီး အကျိုးအမြတ်တွေ ယူဆောင်လာပေး နိုင်ပေမယ့် ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့။ ပြီးတော့ ကျုပ်မှာက အချိန် သိပ်ပြီး မရှိတော့ဘူး။ နဂါးဧကရာဇ်ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် အချိန်ကိုက်အောင် လုပ်နိုင်လောက်တယ်မလား။”

“ဒါပေါ့။” မာရီယာ ခေါင်းညိတ် လိုက်သည်။ “မှော်အဆက်အသွယ်က အဆုံးသတ်တော့မယ်... ဇိုလာ၊ ရင်းနီ၊ သမီးတို့အားလုံး သတိထားရမယ်။ အမေက သမီးတို့ဘေးမှာ မရှိတော့ ပေမယ့် အမြဲတမ်း နောက်ကနေ စောင့်ကြည့်နေမှာပါ...”

မာရီယာ၏ပုံရိပ် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသည်နှင့် ဇိုလာနှင့် အစ်ဇဘယ်လာတို့က တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်‌။

“ဟေ့ မင်းတို့ မျက်လုံးများ ဘာလို့ နီရဲနေတာလဲ။ နဂါးတောင်ကြားကနေ ထွက်လာတာတောင် သိပ်မကြာသေးဘူး မဟုတ်လား။ အထူးသဖြင့် မင်းပဲ ဇိုလာ။ နတ်ဆိုးဘုံမှာ အနှစ် ၁၀၀၀၀ နေခဲ့တာ။ အခု ဒေါ်လေး မာရီယာနှင့် တွေ့ပြီးတော့ ဘာလို့ ထိခိုက်လွယ် လာသလို ဖြစ်နေ တာလဲ... အား....”

စကားမဆုံးခင်မှာပင် သူ၏ ခါးမှ အသားပျော့ပျော့ကို ဘယ်နှင့် ညာမှ လက်သည်းများဖြင့် တချိန်တည်း ဆွဲညှစ် လိုက်ကြသည်‌။

“ဇိုလာ။ တစ်ယောက်ယောက်က ကျက်သရေပြာအင်ပါယာကို သွားပြီး စေ့စပ်ထားတဲ့သူနဲ့ လက်ထပ်မယ်လို့ ကြားတယ်။”

“အဲဒီ ပုလဲ မင်းသမီး နာမည်က လန်ဘိစ်ရှာဘတ်တဲ့။” အရေးကြီးသော ကိစ္စများတွင် မစ်-နတ်မိမယ်နဂါးက ဟန်ဆောင် ငေးငိုင်မနေပေ။ “သူက နာမည်ကြီး မိန်းမလှ တစ်ယောက်လို့ ကြားတယ်။”

“ဟုတ်လား။ ဒီလူအတွက် မိန်းမ တစ်ယောက် ထပ်တိုးတော့မှာလား။”

ချန်လွေ့သည် လက်နှစ်ဖက်လုံးမှ လက်ချောင်းများ တပြိုင်နက်တည်း အားစိုက်လိုက်သည်ကို ခံစားလိုက်ရပြီး ခါးရှိ အသားများက ရုတ်တရက် ၃၆၀ ဒီဂရီ လည်သွားခဲ့သည်‌။ သူက နာကျင်မှုကြောင့် အံကြိတ်လိုက်မိ၏။ “တကယ်တော့ သူက ကိုယ့်ကို လုံးဝ လက်မထပ်ချင်ပါဘူး။ ကိုယ်က သိဒ္ဓိ အမွေအနှစ်တစ်ခု ဖြစ်တဲ့ သိဒ္ဓိခွက်ကို ရဖို့အတွက် သူနဲ့ အပေးအယူ လုပ်ချင်ရုံပါ။”

“သူက ရှင့်ကို လက်မထပ်ချင်ဘူး ဟုတ်လား။” အစ်ဇဘယ်လာ ပြုံးပြီး လက်ကို လွှတ်လိုက်သည်‌။ “ရှင် ဘယ်လို သိတာလဲ။ သူ့ကို ရှင်တွေ့ခဲ့တာ သိပ်ပြီး မကြာသေးတဲ့ပုံပဲ။ မှန်းစမ်း။ လူသား လောကကို ရှင် ပထမဆုံး ရောက်တဲ့ အချိန်တုန်းကများလား။ ပြီးတော့ အခုတလော ရယ်ရိုဒီရှာနန်းတော်မှာ ရှင် အမြဲတမ်း တွေ့နေတဲ့ ချစ်သူဟောင်း ကရော။ သူ့နာမည်က ဘာပါလိမ့်...”

“ဗာရိုနီကာလေ။” မစ်-နတ်မိမယ် နဂါးက မီးလောင်ရာ လေပင့်ပေးလိုက်၏။

“တတိယမင်းသားနဲ့ အဲဒီတုန်းက ကြင်ရာတော်မင်းသားရဲ့ ဇနီးအကြောင်း ဇာတ်လမ်းတချို့ ကြားထားတယ်။ ကြည့်ရတာ တစ်ယောက်‌ယောက်က ငါတို့ကို ကိစ္စတချို့ ဝှက်ထားတဲ့ပုံပဲ။”

ကျန်နေသော လက်တစ်ဖက် ပိုမို၍ အားကောင်းလာသည်ကို ခံစားလိုက်ရပြီး ချန်လွေ့က ဘေးနားရှိ ဇိုလာကို အပြစ် ကင်းစင်စွာ ကြည့်လိုက်သည်‌။ မစ်-နတ်မိမယ်နဂါးက သူ့ကို ငေးငိုင်လျက် ပြန်ကြည့်နေပြီး အသားပျော့ပျော့ကို လိမ်နေသော လက်က တခြားသူ၏လက် ဖြ‌စ်နေသကဲ့သို့ပင်။

“ဇိုလာ...”

“ဘာလဲ”

“မဆွဲလိမ်ပါနဲ့တော့။”

“အိုး...” (အားပိုစိုက်ထုတ်)

“...”

“ဟုတ်ပါပြီ။ ယောက်ျားတွေက တစ်ခါတလေ လိမ်တာကို ရှောင်လွှဲလို့ မရဘူး။ ဒါပေမဲ့ ဒါတွေက အဖြူရောင် မုသားတွေပါ။” ချန်လွေ့က ချစ်သူ နှစ်ယောက်ကို ချစ်ခင်စွာ ကြည့်လိုက်၏။ “ကိုယ့်ရဲ့စိတ်ထဲမှာ တန်ဖိုးအထားရဆုံး အမျိုးသမီးအတွက် ပိုပြီးတော့ ငြိမ်းချမ်း ပျော်ရွှင်ရဖို့ပါ။”

မစ်-နတ်မိမယ်နဂါးက ရင်ထဲထိသွား ပုံရပြီး ပြင်းထန်သော လက်ချောင်းကို လွှတ်လိုက်ကာ မဒမ်-ဒေါ်လေးကို ကြည့်ပြီး သူတို့နှစ်ဦး ရုတ်တရက် တပြိုင်နက်တည်း ပြောလိုက်၏။ “ရှင် တန်ဖိုးအထားဆုံး အမျိုးသမီးက ဘယ်သူလဲ။”

ချန်လွေ့- “...”

ထိုအရာများက မသက်ဆိုင်သော အသေးအဖွဲများသာ ဖြစ်၏။ စိတ်မပူ ပါနှင့်။ နောက်ဆုံးတွင် ဇာတ်လိုက်က သူ့မိန်းမ နှစ်ယောက်ကို ချော့နိုင်ခဲ့သည်‌။ သူ၏ ခါးပေါ်က လခြမ်းပုံစံ အနီရောင် အရာ ၄ခုမှာ ဇာတ်လိုက်၏ သွေးစတေးမှု လိုအပ်သော သလင်းကျောက် မောင်းမဆောင် အတွက် လုံးဝ မပြောပလောက်သည့် ဆုံးရှုံးမှုပင်‌။

ထို့ကြောင့် မစ်-နတ်မိမယ်နဂါးက ကျေနပ်စွာဖြင့် တံခါးပိတ် လေ့ကျင့် နေခဲ့သည်။ သူက ဖိုက်သွန်၏ နတ်ဘုရား-ယောင် အဆင့် ဝိညာဉ် အမှတ်အသားကို အခုတွင် လုံးဝ စုပ်ယူပြီးပြီ ဖြစ်သည်။ ထို့အပြင် ယခင်က နဂါးတောင်ကြားတွင် သူ၏ မိဘများနှင့် အထူးလေ့ကျင့်ထားရာ တိုင်းပြည်-ယောင်ကို တကယ့် တိုင်းပြည် အဖြစ် ပြောင်းလဲနိုင်သည့် စွမ်းရည် တစ်စိတ် တစ်ပိုင်းကို ‌ရေးရေးလေး ခံစားမိနေပြီ ဖြစ်သည်။ ထိုအရာက နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ရောက်ရှိရန် အတွက် ပထမဆုံး ခြေလှမ်းပင်‌။

ချန်လွေ့ မျက်လုံးမှိတ်ပြီး နောက်ထပ် အကွက်ကို စဉ်းစားနေစဉ် ဆမ်မြူရယ်က ယဉ်ကျေးမှု ဓလေ့ထုံးတမ်း သင်ကြား ပေးရန် မဟာလက်ဇ် စေလွှတ်လိုက်သော အမျိုးသမီး အရာရှိ ရောက်ရှိနေပြီ ဖြစ်ကြောင်း လာရောက်သတင်းပို့သည်‌။

“ဓလေ့ထုံးတမ်း သင်ပေးတာလား။ သူ့ကို တွေ့ဖို့ အချိန် မရှိဘူး။” ချန်လွေ့သည် မဟာလက်ဇ် ပြောခဲ့သည့် စကားကို သတိရသွား၏။ ကျက်သရေပြာ အင်ပါယာသို့ စေ့စပ်ပွဲ တက်ရောက်ရန် မသွားခင် တော်ဝင် ဓလေ့ထုံးတမ်း သင်ယူရန် ပြောခဲ့ခြင်းပင်။ သူသည် လျှို့ဝှက်စွာ ပြုံးလိုက်၏။ စေ့စပ်ပွဲက ဘယ်လိုဖြစ်လာမလဲ ဘယ်သူသိမှာလဲ။

“မဒမ် အစ်ဇဘယ်လာက သူနှင့် တွေ့နေပါတယ်...”

“ဒါဆို ပြဿနာမရှိဘူး။ ရင်းနီက သူ့ကို ပြန်ခိုင်းလိမ့်မယ်။”

“မင်းသား။ ဒီလိုဆိုရင် ပြဿနာက ပိုကြီးသွားလိမ့်မယ်...” ဆမ်မြူရယ်က ထူးဆန်းသော အမူအရာ ဖြစ်နေသည်‌။ “မင်းသား ကိုယ်တိုင် သွားတွေ့တာ ပိုကောင်းမယ် ထင်တယ်။”

“မင်း ဘာကို ပြောတာလဲ။”

“အဲဒီ အမျိုးသမီး အရာရှိက... အရှင်မ ဗာရိုနီကာ ဖြစ်နေလို့ပါ။”

All Chapters