အထင်လွဲခြင်းနှင့် လျို့ဝှက်ကြံစည်မှု
Vol. 59 Ch. 957
ပါ့ဂ်လီအို မတ်တပ်ရပ်လိုက်သည်နှင့် တပြိုင်နက် အဝေးမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
အသံက အလွန် ကျယ်လောင်လွန်း၍ ဝိညာဉ်ကို ထိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိသည်။ စစ်သည်တော်များက နှလုံးများ တုန်တုန်ယင်ယင် ဖြစ်သွားကာ ဓားကို ကိုင်ထားသည့် လက်များလည်း တုန်ယင်လျက် ရင်ဘတ်ကို ဖိထားကြပြီး မသက်မသာ ဖြစ်နေသည့် ပုံစံမျိုး ပေါ်လွင်နေသည်။ ပရိုယိုနှင့် သူတော်စင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ၂ဦးပင်လျှင် ထိုအတိုင်း ဖြစ်လေသည်။
ချန်လွေ့က ဒိုဒိုနှင့် ဇိုလာတို့၏ ‘ကာကွယ်မှု’ ကြောင့် ထိခိုက်ခြင်း မရှိခဲ့ပေ။
ပါ့ဂ်လီအိုက နှာခေါင်းရှုံ့ လိုက်ပြီး တိုးတိုးလေး ဟိန်းလိုက်သည်။ နဂါးဟိန်းသံ။
ထိုနဂါးဟိန်းသံက သိပ်ပြီး မကျယ် လှသော်လည်း ပြိုင်ဘက် ကင်းသော စွမ်းအားရှိပြီး ပြိုင်ဘက်၏ ထူးဆန်းသော စွမ်းအားကို လုံးဝ ဖျက်ဆီးပစ် လိုက်သည်။ ထို့နောက် လူတိုင်း၏ ပုံမှန် မဟုတ်သော အခြေအနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဒေါသတကြီး လေတိုးသံက နဂါးဟိန်းသံ ဦးတည်ရာကို ချက်ချင်း ရှာဖွေတွေ့ရှိ သွားသည်။ မျက်စိတစ်မှိတ် အတွင်း တစ်စုံတစ်ဦး ချဉ်းကပ်လာ၏။ ပါ့ဂ်လီအိုက ခုန်ထွက်ပြီး လှည်းပေါ်မှ ပျောက်ကွယ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းတွင် အဝေးမှ ကောင်းကင်ယံတွင် အသံတိုးတိုး တစ်ခုဖြင့် ထွက်လာပြီး ဒေါသတကြီး ဟိန်းသံနှင့် ပြင်းထန်သော တိုက်ခိုက် သံများ ပါဝင်လာ၏။ ထိုနေရာရှိ လရောင်က ယိုယွင်းနေပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။
ချန်လွေ့သည် သူ၏ အမြင်အာရုံကို အသုံးပြု၍ ကြည့်လိုက်ရာ ပါ့ဂ်လီအို နှင့် ပုံရိပ်တစ်ခု ပြင်းထန်စွာ တိုက်ခိုက် နေသည်ကို တွေ့မြင်ရသည်။ ထိုသူက ငွေရောင်နှင့် အဖြူရောင် ဆံပင်ရှိပြီး အနက်ရောင် ကိုယ်လုံးပြည့် ချပ်ကာ ဝတ်ဆင်ထားကာ နက်မှောင်နီရဲသော ကြီးမားသည့် တူတစ်ချောင်း ကိုင်ဆောင် ထားသည်။ သူ၏ စွမ်းအားမှာ တိုင်းပြည်အဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သော အဆိပ်နဂါးနှင့် နှိုင်းယှဉ်နိုင်သော်လည်း သူ၏ အရပ် အမောင်းမှာ မမျှော်လင့်ဘဲ အလွန် တိုတောင်း နေ၏။ လူပုပဲ...
ချန်လွေ့က ထိုနေရာမှာ ကျောက်နက် တောင်ဖြစ်ကြောင်း ရုတ်တရက် သတိရ လိုက်သည်။ သူနှင့် အီနာတို့ သံမဏိဒိုင်း ကြေးစားအဖွဲ့ ဥယျာဉ်မြို့သို့ သွားရောက် စဉ်တွင် လူပုများ၏ မြေထူရဲတိုက်သို့ သွားရောက်ခဲ့ဖူးသည်။ သူက ပန်းပဲ ပညာဖြင့် သူ့ကိုယ်သူ သက်သေပြခဲ့၏။ ချန်လွေ့က ယန္တရား ပညာတွင် မဟာ ဆရာသခင်-ယောင် အဆင့်အထိ နားလည်ခဲ့ပြီး လူပုဘုရင် အိုဗ်ဂီနှင့် မိတ်ဆွေဖွဲ့ကာ ကျောက်စိမ်း သစ်တော ပင်လယ်သို့ တောင်နေလူပုများ ကိုယ်စား သံတမန်အဖြစ် သိဒ္ဓိသစ်ရွက် သံတော်ဆင့်ကို လက်ခံခဲ့လေသည်။
ပါ့ဂ်လီအိုနှင့် တိုက်ခိုက်နေသော လူပု သည် တောင်နေလူပုကို ကာကွယ် ထားသော အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လောက်သည်။ ပုံမှန်အားဖြင့် မိမိ ကိုယ်ကို ကာကွယ်ခြင်းမှအပ လူပုသည် လူသားများကို အရင် တိုက်ခိုက်မည် မဟုတ်ပေ။ သူတို့က သိဒ္ဓိအင်ပါယာရဲ့ မင်းသားဖြစ်တဲ့ ငါ့ကို ဘာလို့ လုပ်ကြံ ချင်ရတာလဲ။
ထိုအချိန်တွင် ရှေ့မှ လေးလံသော အသံများကို ကြားနေရသည်။ ၎င်းက ခြေသံဖြစ်သည်။ ရန်သူ အများအပြား ချဉ်းကပ် လာနေပုံရသည်။
“လူပုတွေပဲ။ သူတို့က တောင်နေလူပု တွေရဲ့ ထိပ်တန်း ဒိုင်းကြီး စစ်သည် တွေပဲ။” ရှေ့မှ ကင်းထောက် စစ်သည်က မောဟိုက်စွာ အစီရင် ခံလာသည်။ “ထောင်နဲ့ချီ ရှိတယ်။
စစ်သည်တော်များ တုန်လှုပ်သွားပြီး ပရိုယိုက လေးနက်သော အမူအရာ ပြသခဲ့သည်။ လူပုများသည် အနီးကပ် တိုက်ခိုက်နိုင်စွမ်း အလွန်ကောင်းသည်။ ထိပ်တန်း ဒိုင်းကြီး စစ်သည်များသည် လူပုများ၏ အဓိက ခြေလျင်တပ်ဖွဲ့များ ဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ နဂါးကြေးခွံ ဗိုလ်ခြေထက် သာလွန်သည်။ ထို့အပြင် သူတို့သည် ထောင်နှင့်ချီ ရှိနေသည်။ သူတို့ကို ဦးဆောင်နေသော သူတော်စင်အဆင့် လူပု အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး ရှိရမည်။ ခွန်အားနဲ့ လူအင်အား ကွာခြားမှုအရ၊ ငါတို့ဘက်မှ အစွမ်းထက် ပုဂ္ဂိုလ်တွေ ထိန်းချုပ်ခံထား ရတဲ့အတွက် အနိုင်ဖို့ အခွင့်အရေးက သုညနီးပါးပဲ။
ပရိုယိုက ချက်ချင်း အမိန့်ပေးလိုက်၏။ “နောက်က အတားအဆီး တွေကို ချက်ချင်းရှင်းပြီး ဆုတ်ခွာကြ။ လှည်းကို စွန့်လွှတ်ပြီး ယန်ရှောင် မြို့တော်ဆီကို အရှိန်အပြည့်နဲ့ ဆုတ်ခွာမယ်။”
စစ်မြင်းများ၏ အရှိန်ကို အသုံးပြု၍ လူပု စစ်တပ်ကို နောက်ကောက်ချ ချန်ခြင်းသည် အသက်ရှင် နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
“မကောင်းဘူးတော့ဘူး။ ဗိုလ်ချုပ်။ နောက်က တောင်ပေါ်ကနေ ရန်သူတွေ အများကြီး ထွက်လာတယ်။ အဲဒါက တောင်နေလူပုတွေရဲ့ ဝက်ဝံစီးတပ်ဖွဲ့ပဲ! ကျွန်တော်တို့ အဝိုင်းခံနေရပြီ။”
ဝက်ဝံစီး တပ်ဖွဲ့က လူပုများ၏ ထူးခြားသော တပ်ဖွဲ့ ဖြစ်လေသည်။ စစ်မြင်းများ မဟုတ်ဘဲ လူပုများ မွေးမြူ ထားသော စစ်ဝက်ဝံ ဖြစ်သည်။ ပြင်းထန်ပြီး ဒေါသထွက် လွယ်ကာ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးစွမ်းရည် အားကောင်းသည်။ တောင်ပေါ်တိုက်ပွဲ၌ အကောင်းဆုံးဖြစ်ပြီး စစ်မြင်းများအပေါ် သဘာဝအတိုင်း ခြိမ်းခြောက်နိုင်သော အကျိုးသက်ရောက်မှု ရှိသည်။
“တောက်။ တောင်နေလူပုတွေက လုပ်ကြံ သတ်ဖြတ် သူတွေနဲ့ ပူးပေါင်း နေတာပဲ” ပရိုယို က အံကြိတ်ကာ ပြောလိုက်သည်။ “အခြေအနေက အခု အတော်လေး အရေးကြီးနေပြီ။ ဒါကြောင့် ငါတို့ စွန့်စားပြီး ထိုးဖောက်ဝင်ရောက်ဖို့ပဲ တတ်နိုင်တယ်။ ငါ ဦးဆောင်ပြီးတော့ နဂါးကြေးခွံဗိုလ်ခြေရဲ့ စစ်သည်တော် တွေကို တပ်ဖွဲ့ ၂ဖွဲ့ ခွဲပြီး လူပုတွေကို မျှားခေါ်သွားမယ်။ အဓိကတပ်ဖွဲ့က ဘီဒယ်၊ ခါဒိုနဲ့ အစောင့်အရှောက်က မင်းသား အာသာကို ကာကွယ်ပြီး တောင်ပေါ် ထွက်ပြေးဖို့ အခွင့်အရေးကို စောင့်နေကြ။”
ပရိုယို၏ ဆုံးဖြတ်ချက်က နဂါးကြေးခွံ ဗိုလ်ခြေ၏ ထိပ်တန်း စစ်သည်များကို ချန်လွေ့၏ ထွက်ပြေး လွတ်မြောက်မှုကို ကာကွယ်ရန် အတွက် သူ့ကိုယ်သူ စွန့်လွှတ်ခြင်းနှင့် တူညီသည်။ ဘီဒယ်နှင့် ခါဒို နှစ်ဦးလုံးက တပြိုင်နက်တည်း ရင်ထဲထိသွားကြသည်။ ချန်လွေ့က ရုတ်တရက် ပြောလိုက်သည်။ “လူပု တွေက လုပ်ကြံ သတ်ဖြတ်သူတွေရဲ့ ပူးပေါင်းတဲ့သူတွေ မဟုတ်လောက်ဘူးလို့ ကျုပ် ထင်တယ်။ တစ်ခုခု နားလည်မှု လွဲနေတာ ရှိရမယ်။”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းသား အရင်ဆုံး အန္တရာယ်ကင်းရမယ်။” ပရိုယိုက မျက်မှောင် ကြုတ်သည်။ “ကျုပ်တို့ ကြန့်ကြာနေတဲ့ မိနစ်တိုင်းက မင်းသား အတွက် အန္တရာယ် ၁ခုစီ တိုးလာတာပဲ”
“ခင်ဗျားတို့အားလုံးက သစ္စာအရှိဆုံး နဲ့ သူရဲကောင်း ဆန်တဲ့ စစ်သည်တော် တွေပါ။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ခင်ဗျားတို့ အားလုံးရဲ့ အသက်တွေကို စတေးပြီး ထွက်ပြေးမှာ မဟုတ်ဘူး။ ပြီးတော့ အခုက စိတ်ဒြပ်စင်ကျ နေရမယ့်အချိန်လည်း မဟုတ်သေးဘူး။ ပရိုယို၊ ကျုပ် ခင်ဗျားကို အမိန့်ပေးတယ်။ ရှေ့မှာရှိတဲ့ ဒိုင်းကြီးတပ်သား လူပုနဲ့ ဆက်သွယ်ဖို့ တစ်ယောက် လွှတ်လိုက်။ ဆက်သွယ်လို့ မရရင် ချက်ချင်း ပြန်လာဖို့ ပြောလိုက်။”
“မင်းသား။ အခုက...”
“ဒါ ကျုပ်ရဲ့ အမိန့်ပဲ...”
ပရိုယို သက်ပြင်းချကာ ခေါင်းငုံ့ လိုက်သည်။ “ဟုတ်ကဲ့။”
ပတ်ဝန်းကျင်ရှိ စစ်သည်တော်များက သူတို့လက်ထဲရှိ ဓားများကို ကျစ်ကျစ် ဆုပ်ထားကြသည်။ မည်သို့ပင်ဖြစ်စေ ထိုတတိယမင်းသားက လူတိုင်းနှင့်အတူ ဒုက္ခတွေကို ဝေမျှရန် နေထိုင်ခဲ့ ခြင်းကြောင့် လူတိုင်း၏ လေးစားမှုကို ရရှိခဲ့သည်။ သူတို့က နောက်ဆုံး သွေးစက် ကျသည်အထိ မင်းသား အရှေ့တွင် ရပ်တည်နေမည် ဖြစ်သည်။
မကြာခင် ရှေ့မှ စေလွှတ်လိုက်သော စစ်သည်တော်က မြင်းကို အမြန်စီးကာ အစီရင်ခံရန် ရောက်လာသည်။ “လူပု တွေက လုံးဝ မတုံ့ပြန်ဘဲနဲ့ သူတို့က ရန်လိုမှုအပြည့်နဲ့ ဆက်လက် ရှေ့တိုး လာနေကြတယ်။”
နောက်ဘက် ကင်းထောက်နေသော စစ်သည်တော်ကလည်း အစီရင်ခံရန် ရောက်လာသည်။ “ဝက်ဝံစီးတပ်ဖွဲ့က ပတ်ပတ်လည် ဝိုင်းရံထား ပြီးတော့ ချဉ်းကပ်လာနေပြီ။”
ရှေ့မှ လေးလံသော ခြေသံများသည် လူတိုင်း၏ နှလုံးသားများကို နင်းချေနေ သကဲ့သို့ ပို၍ ရှင်းလင်းစွာ ကြားလာ ရသည်။ အခြားတစ်ဖက်တွင်မူ တိရစ္ဆာန် ဟိန်းသံများ နောက်ဘက်မှ တိုးတိုး ထွက်ပေါ်လာသည်။ စစ်သည်တော်များ အားလုံး စိတ်သောက ရောက်နေကြ သော်လည်း ချန်လွေ့၏ မျက်နှာ အမူအရာ မပြောင်းလဲပေ။ ဇိုလာက သူ၏ ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါးလေး မှီနေပြီး ထိုအသံများကို မကြားရသလိုပင်။ ဒိုဒို၏ စိတ်ဒြပ်စင်မှာ အလွန် တက်ကြွနေ၏။ နောက်ဆုံးတော့ ငါ့အရည်အချင်းတွေကို ပြသရမယ့် အလှည့် ရောက်ပြီ။ ဒီဆီးသီးပျော့တွေက ဆရာသခင် တကယ်ခန့်ညားကို ပေးနေတာပဲ... အဲဒါကို မှော်ဂိမ်းထဲမှာ ဘယ်လို ခေါ်ပါလိမ့်.... သြော်၊ သိပြီ။ အကျိုးပြု အမှတ်တွေ။
လူပု၏ ထိပ်တန်း ဒိုင်းကြီး တပ်သား များသည် စစ်သည်တော်များ၏ အမြင် အာရုံတွင် ပေါ်လာသည်။ သူတို့ အားလုံးသည် သံချပ်ကာပြည့် ဝတ်စုံနှင့် လေးလံသော ခြေလျင် တပ်သားများ ဖြစ်ပြီး သံမဏိဒိုင်းများနှင့် တိုက်ခိုက်ရေး ပုဆိန်များ သို့မဟုတ် စစ်တူများဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထား၏။ သူတို့၏ အရပ်အမောင်းက ပုံမှန်အားဖြင့် တိုတောင်းသော်လည်း လူသားများ အပေါ် များစွာ ဖိအားပေးနေခဲ့သည်။
နောက်ဘက်ရှိ စစ်သည်တော်များက ပို၍ စိတ်လှုပ်ရှား နေ၏။ အကြောင်းမှာ မြင်းများက ကြောက်လန့်မှု အမျိုးမျိုး ဖြစ်ပေါ်နေခြင်းကြောင့်ပင်။ ဆိုလိုသည်မှာ လူပု၏ စစ်ဝက်ဝံများ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ထိုစစ်သည်တော် များမှာ နဂါးကြေးခွံဗိုလ်ခြေ၏ ထိပ်တန်း စစ်သည်များ ဖြစ်သော်လည်း နဂါးကြေးခွံ ဗိုလ်ခြေက အင်အား အကောင်းဆုံး နဂါးလက်သည်း ဗိုလ်ခြေတော့ မဟုတ်ပေ။ စစ်ဝက်ဝံ များ၏ သဘာဝ ရန်ဘက်ကို ရင်ဆိုင်ရ သောအခါ ကောင်းစွာ လေ့ကျင့် ထားသော စစ်မြင်းများပင် ထိတ်လန့်မှုကို မထိန်းနိုင်ကြတော့ပေ။
“ကျုပ်တို့ အသက်ရှင်ဖို့ တိုက်ခိုက် ရတော့မယ်။ မင်းသားကို ခရီးဆုံးအထိ မစောင့်ရှာက် ခဲ့တဲ့အတွက် တောင်းပန် ပါတယ်။” ပရိုယိုက ဓားရှည်ကို ဆွဲထုတ် လိုက်ရာ မျက်လုံးထဲ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ပြည့်နှက်နေသည်။
“ကျုပ် အမိန့် မပါဘဲ မလှုပ်နဲ့။” ချန်လွေ့ ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူက မှော်ချဲ့စက်ဟု ထင်ရသော ကိရိယာ တစ်ခု ထုတ်ယူပြီး အော်ပြော လိုက်သည်။ “လူပုတွေ။ ခင်ဗျားတို့ရဲ့ စစ်တူတွေကို မိတ်ဆွေတွေဆီ ဘာလို့ ချိန်နေကြတာလဲ။ ကျုပ်က မဟာ ဆရာသခင် ရစ်ခ်ရဲ့ မိတ်ဆွေပါ။”
လူပုတပ်ဖွဲ့က အမိန့်တစ်ခုခု ရရှိသွား သကဲ့သို့ ရပ်တန့်သွားသည်။
အနက်ရောင် မုတ်ဆိတ်မွေး ရှိဟန် တူသော လူပု တပ်မှူးတစ်ဦးက ထွက်လာသည်။ “ယုတ်မာပြီးတော့ ကောက်ကျစ်တဲ့ လူသား။ လူပုတွေက မင်းတို့ကို ထပ်မယုံတော့ဘူး။”
“တစ်ခုခု အထင်အမြင်လွဲနေတာလို့ ထင်တယ်။ ခင်ဗျားက တက်ခ်လင် မဟုတ်လား။ ကျုပ်က ခင်ဗျားအကြောင်း ရစ်ခ် ပြောတာ ကြားဖူးတယ်။ ခင်ဗျားက ဝိုင်သောက်ရတာ ကြိုက်တယ်မလား။ တစ်ခါက ဝိုင်သောက်ရင်းနဲ့ ခင်ဗျားရဲ့ မုတ်ဆိတ်က မီးလောင် တော့မလို ဖြစ်ခဲ့တယ်။”
“မင်း ဘယ်လို သိတာလဲ။” အနက်ရောင် မုတ်ဆိတ်မွေးနှင့် လူပု အံ့အားသင့်သွားသည်။ သူ့နောက်မှ လူပု စစ်သည်တော်များ၏ ထူးဆန်းသော အကြည့်ကို မြင်သောအခါ သူက အမြန် ပြင်လိုက်သည်။ “ပေါက်ကရတွေ။ ငါ့မုတ်ဆိတ်က ပန်းပဲ ပုံသွင်းတုန်းက မီးလောင်တာ...”
ချန်လွေ့က တက်ခ်လင်၏ မုတ်ဆိတ် အကြောင်းကို ယခင် အီနာက မြေထူရဲတိုက်၌ ပြောခဲ့ခြင်းမှ သိခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက်တွင် အနက်ရောင် မုတ်ဆိတ်နှင့် လူပု ကို အငိုက်မိသွား စေခဲ့ပြီး စိတ်ဒြပ်စင် ကျနေသော အငွေ့အသက် အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။
ချန်လွေ့က အခွင့်အရေးကို ယူကာ ပြောလိုက်သည်။ “လူပုမိတ်ဆွေ။ ကျုပ်ရဲ့ ခရီးပန်းတိုင်က ဥယျာဉ်မြို့ကိုပါ။ ဒါပေမဲ့ ခုနကပဲ လုပ်ကြံ သတ်ဖြတ်သူတွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဒီမှာ လုံးဝ မရှင်းလင်း ရသေးတဲ့ အလောင်း တွေကို ခင်ဗျားတို့ မြင်မှာပါ။ ကျုပ်က စစ်ပွဲကို မကြောက်ဘူး။ ဒါပေမဲ့ အလကား အပြစ်ခံရမှာ မဖြစ်ချင်ဘူး။ လူပုမိတ်ဆွေတွေ မျက်လုံးဖွင့်ပြီးတော့ ဘယ်သူက မိတ်ဆွေလဲ၊ ဘယ်သူက ရန်သူလဲဆိုတာ မြင်နိုင်မယ်လို့ မျှော်လင့် ပါတယ်။”
တက်ခ်လင် ခဏတာမျှ တွေဝေနေစဉ် ကောင်းကင်မှ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။ “သူ့ရဲ့ အကြောင်း ပြချက်တွေကို မယုံနဲ့။ ဒီနဂါးမှာ ကြောက်စရာ အဆိပ်တွေ ရှိနေတာ ရှင်းနေတာပဲ။ သူတို့ပဲ ငါတို့ကို အဆိပ် ခတ်ခဲ့တာ။ ဒီလူသားတွေကို အရင်ဆုံး သတ်ပစ်ပြီးမှ မြေထူရဲတိုက်ကိုသွားပြီး စတာ့ခ်လင်ကို ပြောပြီးတော့ အဆိပ် နဂါးကို ငါနဲ့အတူ ဖမ်းခိုင်းလိုက်။”
အဆိပ်ခတ်ခံရတာလား။ ထိုစကားကို ကြားလိုက်သည်နှင့် ချန်လွေ့က မြေထူ ရဲတိုက်တွင် ဖြစ်နိုင်သော အပြောင်း အလဲများကို ချက်ချင်း နားလည်လိုက်၏။ မြေထူရဲတိုက် အဆိပ်ခတ်ခံရတာ၊ အဖွဲ့ ချုံခိုတိုက်ခိုက်ခံရတာ၊ လူပုရဲ့ တိုက်ခိုက်မှု... ဒီအရာတွေ အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အဖြစ်အပျက် တစ်ခုလုံးရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်။ အဆိပ်နဂါးရဲ့ အဆိပ်က မတော်တဆ ဖြစ်ခဲ့တာ ဆိုရင်တောင် အဖြစ်အပျက်ရဲ့ အပိုင်းတိုင်းက လုံးဝ မတော်တဆ မဟုတ်ဘူး။ ဒါက သေချာ စီစဉ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုပဲ။
အဝေးမှ ကောင်းကင်ရှိ လူပုက ရုတ်တရက် ပြောင်းလဲသွားပြီး ဧရာမ... လူပု တစ်ကောင် ဖြစ်လာ၏။ ကိုယ်လုံး ကြီးမား လာသော်လည်း ကိုယ်ခန္ဓာ၏ အချိုးအစား မပြောင်းလဲဘဲ လက်တို ခြေတို ဖြင့်ပင် ရှိနေသည်။ လူပု၏ လက်ထဲရှိ တူသည် မီးတောက် စစ်စစ်အဖြစ် ပြောင်းလဲသွားပြီး နေမင်း ကဲ့သို့ တောက်ပလုနီးပါး ဖြစ်နေသည်။ သူ၏ စွမ်းအား တဟုန်ထိုး တိုးတက် သွားတော့သည်။
ပါ့ဂ်လီအိုကလည်း အရှုံးမပေးဘဲ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ကြီးမားသည့် အဆိပ်နဂါး အဖြစ် ပြောင်းလဲ သွားသည်။ နှစ်ဖက်စလုံး၏ တိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့သည်။
လူပု၏ စွမ်းအားသည် ပါ့ဂ်လီအိုနှင့် တူညီသော အဆင့်တွင် ရှိသည်။ အမှန်အတိုင်း ပြောရလျှင် ပါ့ဂ်လီအိုက နဂါးဖြစ်ပြီး ကြယ်အပ်နှင်းစွမ်းအားနှင့် [ကြယ်အဆင့် တိုးမြှင့်မှု] အပြင် အရှင်သခင်ချပ်ကာ ကဲ့သို့သော အဆောင် ပစ္စည်း-ယောင် များ ရှိသောကြောင့် သေချာပေါက် အနိုင်ရ သင့်ပေသည်။ သို့သော် လူပုများက ဧရာမသတ္တဝါများအပေါ် တိုက်ခိုက်ရေး စွမ်းအား နှစ်ဆတိုးသည့် အလွန် ထူးခြားသော စွမ်းရည် ရှိသည်။ ဆိုလိုသည်မှာ သတ္တဝါ ကြီးလေလေ၊ သူတို့၏ တိုက်ခိုက်ရေး စွမ်းအား ပိုမို၍ အားကောင်းလေလေဖြစ်သည်။ ထိုပါရမီ ကြောင့် လူပုသည် ပါ့ဂ်လီအိုနှင့် အမှန်တကယ်ပင် သရေ ဖြစ်နေ၏။
လူပု အစွမ်းထက်ပုဂ္ဂိုလ်၏ စကားများ ထွက်ပေါ်လာသည်နှင့် တက်ခ်လင်သည် တွန့်ဆုတ် မနေတော့ဘဲ ချက်ချင်းပင် အဖွဲ့သို့ ပြန်လည် ဝင်ရောက်ကာ တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ရှေ့ရှိ ဒိုင်းကြီးစစ်သည်များ စတင်တိုက်ခိုက် တော့မည် ဖြစ်ပြီး ဝက်ဝံစီးတပ်ဖွဲ့က ဘီဒယ်ကို အလျင်အမြန် ဝိုင်းရံလိုက်၏။ တစ်ချိန်တည်းပင် အထူး အငွေ့အသက် အချို့က ဘီဒယ်နှင့် ခါဒို၊ သူတော်စင် အဆင့် အစောင့်အရှောက် ၂ဦးကို ခိုင်မြဲစွာ ပိတ်ဆို့လိုက်သည်။ ၎င်းတို့က အသေအချာပင် လူပုများ၏ သူတော်စင် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်လေသည်။
လမ်းဆုံး ရောက်နေပြီမှာ သေချာ နေ၏။ နဂါးကြေးခွံ ဗိုလ်ခြေ၏ စစ်သည်တော်များ၏ ဓားကိုင်ထားသော လက်ဖဝါးများမှ ချွေးများ စို့လာသည်။ ခြွင်းချက် တစ်ခုမှာ ချန်လွေ့နှင့် ချွဲကျိကောင်တို့သာ ဖြစ်သည်။
“ဒိုဒို။ မလှုပ်နဲ့။” ချန်လွေ့က ‘အကျိုးပြုအမှတ်များ’ ရယူလိုစိတ် ပြင်းပြနေသော ချွဲကျိကောင်ကို တားမြစ် လိုက်ပြီး ဇိုလာအား ပြောလိုက်သည်။ “ကျုပ်ရဲ့ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး အစောင့်အရှောက်။ ကျေးဇူးပြုပြီးတော့ လှုပ်ရှားပေးပါ။ သေတာတွေ မမြင် ချင်ဘူး။ အဲ... လေထဲမှာရှိတဲ့ အဲဒီ နှစ်ယောက်ပါ အပါအဝင်ပေါ့။”
“အိုး..” နတ်မိမယ်နဂါးက သူ့အား ပြုံးပြုံးလေး ကြည့်လိုက်သည်။ သူ၏ အခေါ်အဝေါ်ကို အသေအချာပင် ကျေနပ် နေပုံရသည်။ ထို့နောက် သူသည် စစ်သည်တော်များ၏ အံ့အားသင့် နေကြသော အကြည့်အောက်တွင် တဖြည်းဖြည်း မတ်တပ်ရပ်လိုက်၏။