← Chapters

အဆိပ်ဖြေခြင်း နှင့် ထူးဆန်းမှု

Vol. 59 Ch. 959

အဆိပ်ဖြေခြင်း နှင့် ထူးဆန်းမှု

Vol. 59 Ch. 959

မြေထူရဲတိုက်ထဲသို့ ရောက်ပြီးနောက် ချန်လွေ့က ဟို့ဒ်ဟက်ခ် နောက်သို့ လိုက်သွားပြီး လဟာပြင်သို့ ရောက်သော အခါ မြေပြင်ပေါ်တွင် လူပုအများအပြား လဲလျောင်းနေသည်ကို တွေ့ရသည်။ အများစု နာကျင်စွာ ညည်းတွားနေကြပြီး အချို့က သတိမေ့နေကြကာ အချို့မှာ သေဆုံးနေကြပြီ ဖြစ်သည်။

လူပုတို့သည် နဂိုက မှော်ပညာနှင့် အဆိပ်ဒဏ်ကို ခံနိုင်ရည် ရှိသော်လည်း ထိုအဆိပ်က လူပုများအတွက် အထူး ထုတ်လုပ် ထားပုံရသည်။ အဆိပ်မှာ အလွန်ပြင်းထန်၏။ အဆိပ်သင့်သော လူပုများ၏ ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး အရေပြားမှာ ထူးဆန်းသော နက်မှောင်သော ငွေရောင် တောက်ပ နေသည်။ လူပုကုသသူများ၏ ဆေးပင် များနှင့် အဆိပ်ဖြေ မှော်စာများပင် မည်သည့် အာနိသင်မှ မရှိခဲ့ပေ။

“ပါ့ဂ်လီအို။ ဒီအဆိပ်ကို ဖြေဖို့ နည်းလမ်း ရှိလား။”

“ရှိတာပေါ့။” ပါ့ဂ်လီအိုက နှာခေါင်းရှုံ့ လိုက်ပြီး မကျေနပ်မှု ပြသလိုက်၏။ “ဒီအဆိပ်က အဆင့် နိမ့်လွန်းတယ်။ ငါ့အဆိပ် သာဆိုရင် ဒီလူပုတွေက လေထဲမှာ ပျောက်သွားတာ ကြာပြီ။”

ဟို့ဒ်ဟက်ခ်နှင့် ပါ့ဂ်လီအိုတို့ ယခင်က တိုက်ခိုက်ခဲ့စဉ် အဆိပ်နဂါးသည် အစွမ်း ထက်သော အဆိပ်ကို ပိုင်ဆိုင် ထားသည်ကို သတိပြုမိခဲ့ပြီး တစ်ဖက် လူက သူတို့ကို အဆိပ်ခတ်ခဲ့သည်ဟု ချက်ချင်း ကြိုတင် ယူဆခဲ့သည်။ အဆိပ်နဂါး ထိုအကြောင်း တမင်တကာ ပြောသောအခါတွင် အငြိုး ထားထား သည်မှာ ထင်ရှားပေသည်။

ငွေရောင် မုတ်ဆိတ်နှင့် လူပုက ထိုစကားကို ကြားလိုက်ရာ မျက်နှာ နီရဲ သွားသော်လည်း မအော်ဟစ်ခဲ့ပေ။ လူပုများက စိတ်ဆိုးတတ်သော်လည်း မိုက်မဲသူများ မဟုတ်ကြပေ။ ထိုအမျိုး သမီး၏ စွမ်းအားက မြေထူရဲတိုက် တစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်ပြီး နဂါး၏ အဆိပ်ဖြေနိုင်စွမ်းက သူတို့ကို နှိမ့်ချစေရန် လုံလောက်ပေသည်။

“ဒီလောက် တွက်ကပ်မနေပါနဲ့။ အစောင့်အရှောက်ကြီး။” ချန်လွေ့က ရယ်ပြီး ဆရာသခင် အဆိပ်နဂါး၏ ပခုံးကို ပုတ်လိုက်၏။ “လူပုမိတ်ဆွေတွေကို အမြန် အဆိပ်ဖြေပေးလိုက်ပါ။”

ဟို့ဒ်ဟက်ခ်က ချန်လွေ့ကို ကျေးဇူး တင်စွာဖြင့် ကြည့်လိုက်ပြီး ကျေးဇူး တင်ကြောင်း ဖော်ပြရန် ဦးညွှတ်လိုက်၏။ ငွေရောင် မုတ်ဆိတ်မွေးနှင့် လူပုက တိုင်းပြည် အဆင့် အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်သော်လည်း ထိုမင်းသားတွင် ယန္တရား မဟာဆရာသခင်ဟူသော ဂုဏ်ပုဒ်လည်း ရှိနေလေသည်။ ပို၍ တန်ဖိုး ရှိသည်မှာ သူက အတိတ်ကို လျစ်လျူရှုပြီး လူပုများကို ကူညီရန် လာခဲ့ခြင်းဖြစ်ရာ ထိုဦးညွှတ်ခြင်းနှင့် ထိုက်တန်ပေသည်။

ပါ့ဂ်လီအို၏ ‘အဆိပ်ဖြေခြင်း’ နည်းမှာ အလွန်ထူးခြား၏။ သူက ကိုယ်ပိုင် အဆိပ်ကို အသုံးပြု၍ လူပုများပေါ်ရှိ အဆိပ်ကို စုပ်ယူမပစ်မီ ပေါင်းစပ် လိုက်ခြင်း ဖြစ်သည်။ ထိုအရာက ပိုမို၍ ပင်ပန်းသော်လည်း အဆိပ်ကို ဖြည့်တင်း ပေးခြင်းနှင့် မြှင့်တင်ပေးခြင်း အတွက် များစွာ အကျိုးရှိသည်။ အဆိပ်နဂါးက အဆိပ်မိနေသော လူပုများကြားတွင် အနည်းငယ် လမ်းလျှောက် သွားခဲ့ရုံဖြင့် လူပုများ၏ လက္ခဏာများမှာ များစွာ သက်သာလာခဲ့သည်။ သူတို့ သတိလစ် နေသေးသော်လည်း အန္တရာယ်ကင်း သွားခဲ့ကြသည်။ ၁၀မိနစ်ခန့် အကြာတွင် အဆိပ်မိနေသော လူပု အများစုကို ကုသနိုင်ခဲ့၏။

ပါ့ဂ်လီအိုက နဖူးမှ ချွေးတွေကို သုတ်ပြီး ခေါင်းခါလိုက်၏။ “ရှက်စရာပဲ။ ငါက သူများကို အဆိပ်နဲ့ သတ်တာ အကျင့်ဖြစ်နေပြီ။ ဒါပေမဲ့ ဒီနေ့တော့ အသက်ကယ်တဲ့သူ ဖြစ်နေတယ်။”

“မာနမကြီးနေစမ်းပါနဲ့။” ချန်လွေ့က သူ၏မျက်နှာတွင် ‘မာန’ဟူသော စကားလုံး သေချာ ရေးထားသောသူကို မထီမဲ့မြင် ကြည့်လိုက်၏။ “ခင်ဗျား သိပ်ကိုတော်တယ် ဆိုတာ ကျုပ် သိပါတယ်။ အစောင့်အရှောက်ကြီး။”

“ကျေးဇူး အများကြီး တင်ပါတယ်။ နဂါး အစွမ်းထက် ပုဂ္ဂိုလ်။ အရင်က နားလည်မှု လွဲခဲ့တာပါ။ ကျုပ် ဟို့ဒ်ဟက်ခ်က ခင်ဗျားကို တောင်းပန် ပါတယ်။” လူပုက တည့်တည့် ပြောလိုက်သည်။ အဆိပ်နဂါးက လူများစွာကို ကယ်တင်ခဲ့သောကြောင့် ဟို့ဒ်ဟက်ခ်သည် စိတ်ထဲတွင် အပြစ် ရှိသလို ခံစားရပြီး ကျေးဇူးတင်နေ၏။ တိုင်းပြည်အဆင့် ကနဦးပိုင်းဖြစ်သော အခြား လူပု အစွမ်းထက်ပုဂ္ဂိုလ် စတာ့ခ်လင်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ထားပါတော့။ မင်းနဲ့တိုက်ခိုက်ခဲ့ရတာ အတော်လေး ပျော်ဖို့ကောင်းတယ်။” ဆရာသခင် အဆိပ်နဂါးက ပြုံးလိုက်ပြီးမှ မျက်မှောင်ကြုတ်လိုက်ပြန်သည်။ “ဒါပေမဲ့ သူတို့တွေရဲ့ အဆိပ်က တစ်နည်းနည်းနဲ့ ဗီဇပြောင်းသွားသလိုပဲ။ ဒါကိုတော့ ငါ ဘာမှ မလုပ်နိုင်ဘူး။”

ဟို့ဒ်ဟက်ခ်က ပါ့ဂ်လီအိုသည် သတိလစ် နေသော လူပု ဘုရင် အိုဗ်ဂီ နှင့် အင်ခီအပြင် ချန်လွေ့ ယခင်က ကိုင်တွယ် ခဲ့ဖူးသော အကြီးအကဲ အက်စ်ကာရီ အပါအဝင် အကြီးအကဲ အချို့ကို ရည်ညွှန်း နေသည်ကို မြင်သောအခါ ထိတ်လန့်သွားပြီး ပြောလိုက်သည်။ “သူတို့ကို ကယ်တင်ဖို့ နည်းလမ်း ရှာပေးပါ။”

“ငါက မကူညီချင်တာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အဆိပ်က အရမ်းကို ထူးခြားတယ်။ သူတို့ရဲ့ စွမ်းအားကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ကို ခတ်ထားတဲ့ အဆိပ်က သာမန်လူပုတွေနဲ့ မတူဘူး။ ငါ့နည်းလမ်းနဲ့ အတင်းအဓမ္မ အဆိပ် ဖြေမယ်ဆိုရင် သူတို့ရဲ့ အသက်ကိုတော့ ကယ်နိုင်တယ်။ ဒါပေမဲ့ အသိစိတ်တော့ လုံးဝ ပျောက်ဆုံးသွားနိုင်တယ်။ ကုသင့်၊ မကုသင့် ဆိုတာ ခင်ဗျား ဆုံးဖြတ် ရမှာပါ။”

စတာ့ခ်လင်က သူ့မုတ်ဆိတ်မွေးကို ဆွဲနုတ်မိလုမတတ် ဖြစ်သွား၏။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အိုဗ်ဂီနဲ့ အင်ခီက လူပုတွေရဲ့ ခေါင်းဆောင်တွေပဲ။ သူတို့က အစွမ်းအထက်ဆုံးနဲ့ သတ္တိ အရှိဆုံး စစ်သည် တွေလည်း ဟုတ်တယ်။ သူတို့ အသိစိတ် လုံးဝ ပျောက်ဆုံးသွားရင် သေတာထက်ကို ပိုဆိုးလိမ့်မယ်။”

ပါ့ဂ်လီအိုက ခေါင်းခါပြီး အိုဗ်ဂီ၏ အရေပြားပေါ်က မှိန်ဖျော့သော ရွှေရောင် အကွက်များကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ဒီမှာကြည့်။ သူ့ရဲ့ အဆိပ်က ဝိညာဉ်ထဲအထိ နက်နက် ရှိုင်းရှိုင်း စိမ့်ဝင်နေပြီ။ ဒီအကွက်တွေ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့သွားတာနဲ့ သူ သေချာ‌ပေါက် သေမှာပဲ။ အဲ... အဲဒီ အင်ခီက ပိုကောင်းနိုင်တယ်။ သူ့မှာ အဆိပ်ဒဏ်ခံနိုင်တဲ့ စွမ်းရည်တစ်မျိုးမျိုး ရှိတဲ့ပုံပဲ။ သူ့အသက်ကို ကယ်တင်တာ ပြဿနာ မရှိလောက်ဘူး။ ဒါပေမဲ့ အသိစိတ် ပျောက်ဆုံး သွားနိုင်ခြေက အများကြီးပဲ။ ငါတို့မှာ တကယ်ကို နှစ်မျိုးလုံးကောင်းတဲ့ နည်းလမ်းမရှိဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်က မင်းတို့ အပေါ်မှာပဲ မူတည်တယ်။”

ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင် တို့ စိုးရိမ် ပူပန် နေကြသည်။ အဆိပ်မိနေသော လူပုများကို ကြည့်ရှုနေသော ချန်လွေ့က ပြောလိုက်သည်။ “သူတို့ကို သီးခြား အခန်းတစ်ခုဆီ ရွှေ့လိုက်ပါ။ ကျုပ် ကြိုးစားကြည့်မယ်။”

လူပု အထူး အစွမ်းထက် ပုဂ္ဂိုလ် နှစ်ဦးစလုံးက မင်းသားသည် ယန္တရား မဟာဆရာသခင် ဖြစ်ကြောင်း သိရှိ သောကြောင့် နည်းလမ်း တစ်ခုခု ရှိနိုင်မည်ဟု ထင်ကြသည်။ သူတို့က အိုဗ်ဂီနှင့် အခြားသူများကို အခန်း တစ်ခန်းသို့ ပြောင်းရွှေ့ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

“ဆာ-ဟို့ဒ်ဟက်ခ်၊ ဆာ-စတာ့ခ်လင်။ ဒီလူပုမိတ်ဆွေတွေက သေလုနီးပါး ဖြစ်နေကြပြီ။ ဒါကြောင့် ကျုပ်က အသက် လျှို့ဝှက်ပညာရပ်ကို အသက်သွင်း ရပါမယ်။ ဒါပေမဲ့ ဒီလျှို့ဝှက်ပညာရပ်က အန္တရာယ် ပိုကြီးမားပြီးတော့ ဘယ် စွမ်းအားနဲ့မှ အနှောင့်အယှက် ခံလို့ မရဘူး။ ခဏလောက် ရှောင်ပေးလို့ ရနိုင်မလား မသိဘူး။”

အသက်လျှို့ဝှက်ပညာရပ် ဟုတ်လား။ ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့် လိုက်ကြပြီး သူတို့က နားမလည်နိုင် ဖြစ်နေသည်မှာ အသိအသာပင်။ ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “ကျုပ်ကို ယုံကြည်လား။”

“အပြင်မှာရှိတဲ့ လူပုတွေ အားလုံး မင်းသားကြောင့် အသက်ရှင်နေ ကြတာပါ။ မင်းသားက ကျုပ်တို့ရဲ့ ကျေးဇူးရှင်ပါ။ မင်းသားကို ကျုပ်တို့ ဘယ်လိုလုပ် မယုံကြည်နိုင် ဖြစ်ရမှာလဲ။ ကုသတာကို ဆက်လုပ်ပါ။” အိုဗ်ဂီကဲ့သို့ လူပုတို့၏ အဓိကခေါင်းဆောင်များမှာ အမှန်တကယ်ပင် အန္တရာယ် ကျရောက် နေသည်။ မည်သို့ပင်ဆိုစေ ကောင်းသော နည်းလမ်း မရှိသောကြောင့် မဟာ ဆရာသခင်ကို စမ်းသပ်ခွင့် ပေးလိုက်၏။

ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင်တို့ အခန်းမှ ထွက်သွားပြီးနောက် ချန်လွေ့က ဒိုဒိုအား တံခါးစောင့် ခိုင်းခဲ့သည်။ သူက သတိထားပြီး ပစ္စည်းကို ထုတ်ယူကာ နေရာလွတ် အကာအကွယ် တစ်ခုကို ခင်းကျင်းလိုက်သည်။

ထို့နောက် ဆူးသရဖူက ချန်လွေ့၏ ခေါင်းပေါ်တွင် ပေါ်လာပြီး မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။

[ကောင်းကင်ကောင်းချီး] - သိဒ္ဓိစွမ်းအားကို ထုတ်ယူခြင်း၊ မကောင်းဆိုးဝါး စွမ်းအားအားလုံးကို ရှင်းလင်းခြင်း၊ ခန္ဓာအမျိုးအစားကို သန့်စင်ပြီး ပြောင်းလဲခြင်း၊ တစ်နာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်။ (သန့်စင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း နည်းလမ်းကို ရွေးချယ်နိုင်သည်။ ပစ်မှတ်များစွာကို အသေမှတ်နိုင်သည်။)

ဆူးသရဖူက မကောင်းသော စွမ်းအား အကုန်လုံးကို ထိန်းချုပ်ကာ ဖယ်ရှား နိုင်စွမ်း ရှိသည်။ အမှန်တကယ်၌ စွမ်းအားများက ကောင်းခြင်း ဆိုးခြင်း မဟုတ်ပေ။ ‘ဆိုးခြင်း’မှာ ဆန့်ကျင်ဘက် အသုံးအနှုန်းမျှသာ ဖြစ်၏။ အဆိပ် အတွက် တစ်ခုတည်း ဆိုလျှင် ဆူးသရဖူက အမှန်ပင် ဝိပါက် ဖြစ်သည်။

ချန်လွေ့က [ကောင်းကင်ကောင်းချီး]၏ သန့်စင်မှုပုံစံကို ရွေးချယ် ပြီးနောက် သန့်ရှင်းသော သိဒ္ဓိ တောက်ပမှုက အိုဗ်ဂီ နှင့် အခြားသူများပေါ်သို့ လင်းလက် လာသည်။ အိုဗ်ဂီ၏ ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်သော ရွှေရောင် ‘အကွက်’က သက်ရှိတစ်ခုနှင့် တူသည်။ ၎င်းသည် သိဒ္ဓိစွမ်းအားနှင့် တွေ့သော အခါ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။

[ကောင်းကင်ကောင်းချီး] စွမ်းအားက အလွန် အစွမ်းထက်ပြီး အထူးသဖြင့် ချန်လွေ့၏ [ကျက်သရေ အလင်းခန္ဓာ] ကို ကြားခံအဖြစ် အသုံးပြုသော အခါ ပိုမို၍ အားကောင်းသည်။ မကြာမီပင် သိဒ္ဓိ အလင်းရောင်သည် အိုဗ်ဂီ၏ ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ ‘အကွက်’များ ပုန်းခိုစရာ နေရာမရှိတော့ဘဲ ဝူးဝူးဝါးဝါး အသံနှင့် အတူ အော်ဟစ်နေခဲ့၏။ နောက်ဆုံးတွင် တောက်ပမှု အောက်၌ မီးခိုး အဖြစ် ပျောက်ကွယ်သွားတော့သည်။

အကွက်များ လုံးဝ ပျောက်ကွယ် သွားပြီးနောက် ချန်လွေ့က အိုဗ်ဂီ အပါအဝင် လူအချို့၏ အလွန်အားနည်း နေသော အသက်ဓာတ် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပြီး ရပ်လုနီးပါး ဖြစ်နေသော အသက်ရှူနှုန်းများ ပုံမှန် ဖြစ်လာကာ အန္တရာယ် ကင်းသွားပြီ ဖြစ်ကြောင်း သေချာ ခံစားလိုက်မိသည်။

.

တစ်ခုတည်းသော ခြွင်းချက်မှာ လိုဏ်ဂူနေ လူပုငဘုရင် အင်ခီပင် ဖြစ်၏။

အင်ခီ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အကွက်များက [ကောင်းကင်ကောင်းချီး] ၏ စွမ်းအားဖြင့် လင်းလက်ခံရသောအခါ အငွေ့ပျံခြင်း လက္ခဏာ အနည်းငယ် ရှိသော်လည်း ပိုမို၍ ပေါင်းစည်းလာကာ နက်မှောင်သော ရွှေရောင်မှ ထူးခြားသည့် သွေးရောင်သို့ ပြောင်းသွားသည်။ တချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အငွေ့အသက်များလည်း ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ချန်လွေ့သည် ထိုအရာကို မျှော်လင့် ထားပုံရသည်။ အမှန် တကယ်၌ ထိုအရာက ထိုသီးခြားအခန်း အတွက် သူ၏ ရည်ရွယ်ချက် အမှန် ဖြစ်သည်။

အင်ခီ၏ ပုံမှန် မဟုတ်သော အခြေအနေကို သူ အရင်ကတည်းက သိထားပြီး ဖြစ်သည်။ [သရုပ်ခွဲ မျက်လုံး] တွင် ပြသထားသည်မှာ အောက်ပါ အတိုင်းပင်။

မျိုးနွယ်စု - လူပု (ဝိညာဉ်မျိုးကွဲ)

စွမ်းအားအကဲဖြတ်မှု - S+(S++)

ခန္ဓာအမျိုးအစား - S+( S++)

ခွန်အား - S+( S++)

စိတ်ဝိညာဉ် - S(S++)

အမြန်နှုန်း - S(S++).

[စိစစ်ချက်] - [ထိန်းမရသိမ်းမရ]၊ ဗီဇပြောင်းအဆိပ်၊ သွေးစတေးဝိညာဉ်။

အန္တရာယ်အဆင့် - နိမ့်။

အင်ခီက စွမ်းအား တစ်ပိုင်းတစ်စကို ဖုံးကွယ် ထားချင်ခဲ့ပြီး တိုင်းပြည်အဆင့်နဲ့ တစ်လှမ်းသာ လိုတော့သည်။ အရေး အကြီးဆုံးမှာ ထိုအရာ မဟုတ်ပေ။ ‘ဝိညာဉ်မျိုးကွဲ’ နှင့် ‘သွေးစတေးဝိညာဉ်’ ပင် ဖြစ်လေသည်။ ချန်လွေ့က ထိုဂုဏ်သတ္တိနှစ်ခုကို လူတစ်ယောက်၌ မြင်ခဲ့ဖူးသည်။ ထိုသူက ဗာရိုနီကာပင်။

ဂူနေလူပုရဲ့ အမြင့်ဆုံး ဘုရင်က အသူရာအသူရာချောက်နက်စွမ်းအားကို ပိုင်ဆိုင် ထားတယ်။

ထိုရှုထောင့်အရဆိုလျှင် ဂူနေလူပုများ နေထိုင်သော ရွှေလင်းလက် မြေအောက် နန်းတော် ပျက်စီးခြင်းမှာ အခြားသော လျှို့ဝှက်ချက် တစ်ခု ရှိနိုင်၏။ ထိုမျှ သာမက ‘ဗီဇပြောင်းအဆိပ်’ စွမ်းအား ရှိသော အင်ခီသည် မြေထူရဲတိုက်တွင် အဆိပ်ခတ်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှု တစ်ခုလုံး၏ နောက်ကွယ်မှ အစစ်အမှန် လူသတ်သမား ဖြစ်နိုင်သည်။

ချန်လွေ့၏ မျက်နှာတွင် မျက်နှာဖုံး တစ်ခု ရှိနေသည်။ ထိုအရာက နတ်ဘုရား ဝါးမျို မျက်နှာဖုံးပင်။

သူက အင်ခီကို ထိန်းချုပ်ကာ လျို့ဝှက် အကြံအစည် တစ်ခုလုံး အပြင် ဗာရိုနီကာကို ကယ်တင်ရန် အတွက် ဝိညာဉ် မျိုးကွဲနှင့် သွေးစတေး ဝိညာဉ် လျှို့ဝှက်ချက်ကို နားလည်ချင်နေသည်။

နတ်ဘုရားဝါးမျို မျက်နှာဖုံးပေါ်တွင် အဝါရောင်အလင်း လင်းလက် လာပြီး ရုပ်သေး၏ စွမ်းအားကို အသက်သွင်း လိုက်ပြီ ဖြစ်သည်။

‘သတိမေ့မြော’ နေပြီး မလှုပ်မယှက် ဖြစ်နေသော အင်ခီ၏ ခန္ဓာကိုယ် တုန်ယင် သွားသည်။ သူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး မျက်ဝန်းများတွင် သွေးကဲ့သို့ ထူးဆန်းသော အလင်းရောင် ပေါ်လာသည်။

အဝါရောင်အလင်းနှင့် သွေးရောင် အလင်းတို့ တစ်နေရာတည်းတွင် ရစ်ပစ်ကာ ခဏတာမျှ တိုးမရဆုတ်မရ ဖြစ်နေခဲ့သည်။

နတ်ဘုရားဝါးမျို မျက်နှာဖုံးသည် မိမိထက် စွမ်းအားနိမ့်သော မည်သူကို မဆို ရုပ်သေးအဖြစ် ပြောင်းလဲနိုင်သည်။ ချန်လွေ့က ၎င်းကို ပြဿနာမရှိဘဲ အကြိမ်များစွာ အသုံးပြုခဲ့သည်။ ယခုမူ သူ့ထက် စွမ်းအားနိမ့်သော အင်ခီကို ရင်ဆိုင်ရချိန်တွင် ထိုမျှ ပြင်းထန်သော ခုခံမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

ဆူးသရဖူ၏ စွမ်းအားက အင်ခီ အပေါ် ပြင်းထန်စွာ ထိန်းချုပ် ထားပုံရပြီး နတ်ဘုရား ဝါးမျို မျက်နှာဖုံးသည် လျင်မြန်စွာ အသာစီးရကာ သွေးရောင် အလင်းက တဖြည်းဖြည်း အားနည်း လာလေသည်။ ချန်လွေ့က သွေးရောင် အလင်းသည် အင်ခီ၏ ဝိညာဉ်နှင့် ပေါင်းစည်း သွားပြီ ဖြစ်ကြောင်း သေသေချာချာ ခံစားရသည်။ လုံးဝ ဖယ်ရှား လိုက်သည်နှင့် အင်ခီ၏ အသက်လည်း ပျောက်ကွယ် သွားပေ လိမ့်မည်။

ဒါ သွေးစတေးဝိညာဉ် စွမ်းအားလား။ အတော်လေး ခေါင်းမာတာပဲ။ ချန်လွေ့ အနည်းငယ် စိတ်လေးလံသွားသည်။ သူက နတ်ဘုရား ဝါးမျို မျက်နှာဖုံး၏ ရုပ်သေးစွမ်းအားကို ဖယ်လိုက်သည်။

ထိုအားကောင်းသော ထိန်းချုပ် စွမ်းအား ပျောက်ကွယ် သွားသည်နှင့် အင်ခီက ‘သတိလစ်’ နေဟန်မဆောင် နိုင်တော့ဘဲ မျက်လုံးတွေက သွေးများနှင့် ပြည့်နေပြီး အသံတိုးတိုးဖြင့် ချန်လွေ့ထံ ပြေးဝင်လာခဲ့သည်။

ချန်လွေ့က လက်ဝှေ့ယမ်းလိုက်ရာ အနီရောင် အလင်းတစ်ခု လင်းသွား၏။ အင်ခီ၏ ခန္ဓာကိုယ်နားမှာ မီးခိုးငွေ့ ကဲ့သို့ ထူးဆန်းသော ချိန်းကြိုး ၂ခု ပေါ်လာပြီး မီးတောက် အငွေ့အသက် ထွက်လာ၏။ အင်ခီ အနားမကပ် နိုင်ခင်မှာပင် သူ့ကို လက်ဝါးကပ်တိုင် ပုံစံဖြင့် ချိန်းကြိုးနှင့် ချိတ်ပြီးသား ဖြစ်နေလေပြီ။ ချိန်းကြိုး နှစ်ခုက အိပ်မက်ဆန်ပြီး အစွမ်းထက် ချုပ်နှောင်စွမ်းအား တစ်ခု ပိုင်ဆိုင်ထား လေသည်။ အင်ခီက လေထဲ၌ပင် အေးခဲ သွားခဲ့သည်။

အင်ခီက ချုပ်နှောင် မခံချင်ပေ။ ကိုယ်ပေါ်က ရွှေအိုရောင် အကွက်များက သွေးနီရောင် ပြောင်းသွားပြီး ခန္ဓာကိုယ် ၂ဆ ကြီးမားလာကာ လက်ဖဝါးက သားရဲ လက်သည်းကဲ့သို့ ဖြစ်လာရင်း အဆိပ်နံ့ ရေးရေးလေး ထွက်လာ နေသည်။ သူ၏ စွမ်းအား အဆများစွာ တိုးမြင့်လာ‌သော်လည်း ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်သေးပေ။

ထိုအရာက ချန်လွေ့ စုပ်ယူခဲ့သော အစစ်အမှန် မီးတောက် အချုပ်အနှောင် ဥပဒေသပင်။ ချုပ်နှောင်ခံထားသူက ရုန်းကန်လျှင် ချိန်းကြိုး စွမ်းအားက အသက်ဝင်လာပြီး အသွေးအသားကို ဝါးမျိုပေလိမ့်မည်။ သို့သော် အင်ခီက ထိုကြောက်စရာ ဝါးမျိုခြင်း စွမ်းအားကို ခံစားရဟန် မတူပေ။ သူက [ထိန်းမရ သိမ်းမရ] စွမ်းရည်နဲ့ ဆက်ပြီး အပြင်း အထန် ရုန်းကန်နေဆဲပင်။

ချန်လွေ့က အင်ခီကို လက်ညှိုးထိုး လိုက်ရာ အနီရောင် ‘မီးခိုးငွေ့’ ဘေး၌ အရည်လဲ့သော ငွေဖြူရောင် ချိန်းကြိုး ၂ခု ရှိနေသည်။ ရာဖယ်ရယ် ပေးခဲ့သော ‘စိတ်ချိန်းကြိုး’က ဝိညာဉ်နဲ့ စိတ်ဝိညာဉ် စွမ်းအားကို အကျဉ်းချ နိုင်သော အစွမ်းထက် အဆောင်ပစ္စည်းပင်။

ထိုရက်ပိုင်း အတွင်း ချန်လွေ့က စိတ်ချိန်းကြိုးကို လေ့လာပြီး ခွဲခြမ်း စိတ်ဖြာပြီးသားဖြစ်၍ အလွယ်တကူ အသုံးပြု နိုင်ခြင်း ဖြစ်သည်။ သို့သော် အစစ်အမှန်မီးတောက်အချုပ်အနှောင် နှင့် ပေါင်းစပ်ပြီး ‘မီးနှင့်လေချိပ်ပိတ်’ အဖြစ် ဖန်တီးရန်အတွက် ဥပဒေသကို စုပ်ယူရန် အချိန်အတော် ကြာလိမ့်မည်။

စိတ်ချိန်းကြိုးကို သုံးလိုက်သည်နှင့် အင်ခီက ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကို ထုတ်လွှတ် လိုက်ပြီး ရုန်းကန်မှု ရုတ်တရက် လျော့ကျ သွားသည်။ ဝိညာဉ် အကျဉ်းချမှုက အင်ခီအတွက် ပိုမိုအားကောင်းသော ထိန်းချုပ်မှု ရှိနေသည်မှာ ထင်ရှား၏။

ချန်လွေ့၏ အတွေးများ လှုပ်ရှား သွားပြီး ဆူးသရဖူက ဖိနှိပ်နေသော [ကောင်းကင်ကောင်းချီး] ကို ဆက်လက် သုံးထားသည်။ သူက နတ်ဘုရား ဝါးမျို မျက်နှာဖုံး၏ ရုပ်သေးစွမ်းအားကို ထပ်မံ အသက်သွင်းလိုက်ပြီး [သရုပ်ခွဲမျက်လုံး] က ဝိညာဉ် အဆက်အသွယ် တစ်ခုကို ပေးပို့လိုက်သည်။ “အသက်ရှင်ချင်ရင် ခုခံမှုကို လက်လျှော့ပြီးတော့ ငါ့ရဲ့ လက်အောက်ခံ ဖြစ်လာလိုက်။”

သူ၏ လက်ရှိစွမ်းအားဖြင့် အင်ခီကို သတ်ပစ်ရန်မှာ အားထုတ်စရာ မလိုပေ။ သူ လုပ်ချင်သည်မှာ ထိန်းချုပ်ရန် ဖြစ်သည်။

“ဟားဟား။” အင်ခီက မထီမဲ့မြင် ရယ်မောလိုက်သည်။ “ငါ့ရဲ့ သခင် ဆိုစဘတ်က အကြောက် တရားကို ထိန်းချုပ်တဲ့ အကြီးမြတ်ဆုံး တည်ရှိမှုပဲ။ အမုန်းတရားသခင် ပြီးရင် ဒုတိယပဲ။ ငါ့သခင်ရဲ့ ကြီးမြတ်တဲ့ ဆန္ဒကို ငါ လက်ခံပြီးသား။ မင်းလို နိမ့်ကျတဲ့ ပုရွက်ဆိတ် တစ်ကောင်ကို ဘာလို့ အညံ့ခံရမှာလဲ။”

All Chapters