← Chapters

ဆုံးဖြတ်ချက်

Vol. 59 Ch. 962

ဆုံးဖြတ်ချက်

Vol. 59 Ch. 962

သွေးမိုး၏ စွမ်းအားက အလွန်ပင် လွှမ်းမိုးပြီး ၎င်းတွင် ‘အကြောက်တရား’ တိုက်စားခြင်း စွမ်းအား ပါရှိသည်။ လူပု အစွမ်းထက် ပုဂ္ဂိုလ် နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ကံကောင်းစွာဖြင့် ဆူးသရဖူ [ကောင်းကင်ကောင်းချီး] နှင့် [ကောင်းကင် ကုသခြင်း] ရှိသောကြောင့် ချန်လွေ့၏ အပြည့်အဝ ကယ်တင်မှုဖြင့် ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင်တို့၏ ဒဏ်ရာများ လျင်မြန်စွာ ထိန်းချုပ်နိုင်ပြီး တိုက်စားခြင်း စွမ်းအားကို ဖယ်ရှား နိုင်ခဲ့သည်။

သို့သော် သူတို့ ပြန်လည်သက်သာရန် အတွက် အချိန်အကြာကြီး အနားယူ ရမည် ဖြစ်သည်။ သူတို့ အပြည့်အဝ မသက်သာခင် ထိုနှစ်ဦးက စွမ်းအားကို မထုတ်နိုင်ရာ တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးသွားခြင်းနှင့် အတူတူပင် ဖြစ်၏။

မိုင်းတွင်းအောက်ခြေရှိ ယဇ်ပလ္လင်ကို လုံးဝဖျက်ဆီးပြီး ထိုအလောင်းများကို လူပုများ ရှင်းလင်းခဲ့သည်။ ယခုတွင် တောင်နေလူပုတို့၏ အကျပ်အတည်း နောက်ဆုံးတွင် လုံးဝပြေလည်သွားပြီ ဖြစ်သည်။ ဟို့ဒ်ဟက်ခ်၊ စတာ့ခ်လင်နှင့် လူပုဘုရင် အိုဗ်ဂီတို့က ချန်လွေ့နှင့် အခြားသူများအား လေးလေးနက်နက် ဆုတောင်းပေးလိုက်ကြသည်။

ပထမဆုံး အနေဖြင့် ချန်လွေ့က အိုဗ်ဂီကို အချိန်မီ မကယ်တင်ခဲ့ပါက သူ သေဆုံးသွားမည် ဖြစ်သည်။ အင်ခီက အာဏာကို သိမ်းပိုက်လိုက်သည်နှင့် မြေထူရဲတိုက် တစ်ခုလုံးက ဒုတိယ ရွှေလင်းလက် မြေအောက် နန်းတော် ဖြစ်လာနိုင်ဖွယ်ရှိပြီး ကျောက်နက်တောင် တစ်ခုလုံးပင်လျှင် အသူရာချောက်နက်မှ ထိန်းချုပ်ထားသော ဒုတိယ အိပ်မက်ဆိုး တောနက် ဖြစ်လာနိုင်ရာ မမျှော်မှန်း နိုင်သော အကျိုးဆက်များ ဖြစ်နိုင်၏။

ထို့နောက် မြေအောက်မိုင်းတွင်း၌ ယဇ်ပလ္လင်၏ ဖုံးကွယ်မှုကို ဖော်ထုတ် ခဲ့သူမှာ ချန်လွေ့ပင် ဖြစ်၏။ နောက်ထပ် တိုက်ပွဲတွင် သူ၏ ‘အစောင့်အရှောက်’ ဇိုလာကြောင့် ကြောက်စရာ ကောင်းပြီး ဆိုးယုတ်သော အမည်မသိ အစွမ်းထက် ပုဂ္ဂိုလ် (ချန်လွေ့က ဆိုစဘတ်၏ ရှုံးနိမ့်မှုကို ဇိုလာထံ နာမည်ပေးခဲ့) ကို တိုက်ထုတ် နိုင်ခဲ့သည်။ အဆိပ်သင့် နေသော လူပုများ အပြင် လူပု အထူး အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးကို ထပ်မံ ကယ်ဆယ်နိုင်ခဲ့သည်။ သူတို့က လူပုမျိုးနွယ် အတွက် ကြီးမြတ်သော ကယ်တင်ရှင်များ ဖြစ်ကြသည်။

အမှန်တကယ်၌ မြေထူရဲတိုက်ရှိ အသူရာချောက်နက် အကျပ်အတည်းကို ချန်လွေ့ ယခုတစ်ခေါက် ဖြေရှင်း လိုက်ခြင်းက စီစဉ်ထားသော အလစ် တိုက်ခိုက်မှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးကွင်းဆက် ဖြစ်နိုင်ခြေများ၏။ ‘အာသာ’နှင့် လူပုတို့၏ အထင်အမြင် လွဲမှားမှုကို ဖြေရှင်းနိုင်ခဲ့လျှင်ပင် အသူရာ ချောက်နက်ထဲ ကျသွားသော လူပုဘုရင် အင်ခီကို ရင်ဆိုင် ရသောအခါ လူပုများ အကြား ဖြစ်လာနိုင်သည့် ‘အဆိပ်သင့်မှု ကပ်ဘေး’ကြားထဲ သေသွားနိုင်၏။

ထိုအရာက အမှန်ပင် ကြောက်စရာ ကောင်းသော လုပ်ကြံ သတ်ဖြတ်မှု အကြံအစည် တစ်ခုပင်။ ကံဆိုးစွာပင် သူတို့က ချန်လွေ့၏ အစောင့်အရှောက်နဲ့ သူကိုယ်တိုင်က ထိုသို့ စွမ်းအားများ ရှိလိမ့်မည်ဟု မထင်ထား ခဲ့ကြပေ။ လုပ်ကြံ သတ်ဖြတ်မှု အကြံအစည် မအောင်မြင် ရုံသာမက လူပုများကို အချိန် ကြာမြင့်စွာ ပစ်မှတ်ထားပြီး ကြံစည်ထားခဲ့သော အကြံအစည်များပင် မအောင်မြင်ခဲ့ပေ။

ထို့နောက် ချန်လွေ့က အိုဗ်ဂီထံမှ လျစ်လျူရှု၍မရသော အကြောင်းအရာ တစ်ခုကို သိရှိခဲ့ရသည်။ ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင် တို့သည် တောင်နေ လူပုများ၏ အထူးအဆင့် အစောင့် အရှောက်များ ဖြစ်ပြီး ဂူနေလူပုများ တွင်လည်း အထူးအဆင့် အစောင့် အရှောက် နှစ်ဦး ရှိသည်။ မူလက အင်ခ်၏ ပြောကြားချက် အရ မြေအောက်နန်းတော် ပြိုကျပြီးနောက် အစောင့်အရှောက် နှစ်ဦးက နတ်သူငယ် မျိုးနွယ်နှင့် ကပ်လျက်ရှိ သစ်တောနေ လူပုများကို ရှာဖွေရန် ကျောက်စိမ်း သစ်တောပင်လယ်သို့ သွားရောက်ကာ မြေအောက်နန်းတော်ကို ပြန်လည် တည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြ၏။

နောက်ပိုင်းတွင် သစ်တောနေလူပုနှင့် ဆက်သွယ်ခဲ့သော ‘အထူးအဆင့် အစောင့်အရှောက်’က ဂူနေလူပုနှင့် တောင်နေလူပုတို့ ပေါင်းစည်းသွားပြီ ဟူသော သတင်းကို အင်ခီထံမှ ရရှိသောအခါ ချက်ချင်း ပြန်မလာခဲ့ပေ။ ထိုအစား မြေအောက်နန်းတော်တွင် မြှုပ်နှံထားသော ရတနာ အချို့ကို တူးဖော်ရန် ကြိုးစားနေခဲ့၏။ ထို့နောက် သူတို့ ကျောက်နက်တောင်သို့ ပြန်သွား ကြမည် ဖြစ်သည်။

ယခု ကြည့်ရတာ အင်ခီပြောတာ တစ်ခုခု လွဲနေတဲ့ပုံပဲ။ အဲဒီ အထူး အစွမ်းထက် ပုဂ္ဂိုလ် နှစ်ယောက်က သေသွားတာ သို့မဟုတ် လမ်းမှား ရောက်တာ ဖြစ်နိုင်တယ်။ ကျောက်နီ တောင်ခြေမှာ ငလျင်လှုပ်တာကလည်း သဘာဝဘေး အန္တရာယ် မဟုတ်ဘဲ လူပုတွေကြောင့် ဖြစ်တဲ့ ကပ်ဆိုးကြီး ဖြစ်ဖို့များတယ်။

ပြိုကျ သွားတဲ့ ရွှေလင်းလက် မြေအောက် နန်းတော်မှာ လှည့်ကွက်တွေ ရှိနေတုန်းပဲလို့ ထင်တယ်။ ဒါပေမယ့် ရန်သူရဲ့ ကြောက်မက် ဖွယ်ရာကို မြင်ပြီးတော့ ဟို့ဒ်ဟက်ခ်နဲ့ စတာ့ခ်လင် တို့လည်း ဒဏ်ရာ အပြင်းထန်ရနေတာ။ ရွှေလင်းလက် မြေအောက် နန်းတော်ကို စူးစမ်းဖို့အတွက် ငါတို့မှာ တိုက်ခိုက်ရေး စွမ်းအား မရှိတော့ဘူး။

အရေးအကြီးဆုံးမှာ ကျောက်စိမ်း သစ်တောပင်လယ်ရှိ သစ်တောနေ လူပုများ နေထိုင်ရာ ကျောက်လက်သီး ရွာဆီသို့ သွားရန် ဖြစ်သည်။ ဂူနေလူပု အစောင့်အရှောက် နှစ်ယောက်က ကျောက်လက်သီးရွာသို့ အမှန်တကယ် သွားသွား မသွားသွား၊ သူတို့က ကျောက်နီတောင်ခြေနှင့် ကျောက်နက် တောင်တွင် ဖြစ်ပျက်ခဲ့သည်များကို သစ်တောနေ လူပုများအား ပြောပြ ရပေမည်။ တစ်ခုက အမှားများ ထပ်မဖြစ်အောင် ရှောင်ရှားရန် ဖြစ်ပြီး နောက်တစ်ခုမှာ သစ်တောနေလူပု၏ အင်အားကို ပေါင်းစည်းပြီး နောင်အခါ ရွှေလင်းလက် မြေအောက် နန်းတော်ကို သွားကာ လူပုများကို အဆိပ်ခတ်သော ဆိုးယုတ်သည့် စွမ်းအားကို ဖယ်ရှားရန် ဖြစ်လေသည်။

“ကျုပ် ဒီတစ်ခါ ကျက်သရေပြာ အင်ပါယာကို သွားရင်းနဲ့ ကျောက်စိမ်း သစ်တော ပင်လယ်က မဟာ ဆရာသခင် ဖီနိုအီယာနဲ့ ဘန်းဒ်တို့ကို သွားတွေ့ ရဦးမယ်။ ခင်ဗျားတို့ ကျုပ်ကို ယုံတယ် ဆိုရင် ဒီတာဝန်ကို အပ်လိုက်ပါ။” ဘန်းဒ်တို့ ဘက်မှ အခြေအနေကို ချန်လွေ့ အနည်းငယ် စိုးရိမ်နေခဲ့၏။ ထို့အပြင် အကယ်၍ ရွှေလင်းလက် မြေအောက်နန်းတော်မှ ဂူနေလူပု အစောင့်အရှောက် နှစ်ယောက်က အင်ခီ ပြောခဲ့သလို ကျောက်စိမ်း သစ်တော ပင်လယ်သို့ တကယ် သွားခဲ့လျှင် သစ်တောနေ လူပုများထံ သူတို့ ယူဆောင် လာမည့်အရာက ကြောက်စရာ ကောင်းသော ကပ်ဆိုးကြီး ဖြစ်ပေ လိမ့်မည်။

ချန်လွေ့က ထိုသို့ ဖြစ်ခွင့် မပြုနိုင်။ ဖီနိုအီယာ၏ ဖိတ်ခေါ်ချက် မရှိလျှင်ပင် ကျောက်စိမ်း သစ်တော ပင်လယ်သို့ မဖြစ်မနေ သွားရပေမည်။

“ဒါပေါ့။ ခင်ဗျားက လူပုတွေရဲ့ လုံးဝ ယုံကြည်ရတဲ့ မိတ်ဆွေပါ။” လူပုဘုရင် အိုဗ်ဂီက ရိုးသားစွာ ပြောလိုက်သည်။ “မင်းသား အာသာ ရိုလန်။ လူပုတွေက ခင်ဗျားရဲ့ မိတ်ဆွေ စိတ်ဓာတ်နဲ့ ကြင်နာမှုကို အမြဲတမ်း မှတ်မိနေမှာပါ။”

ချန်လွေ့ မျက်တောင် ခတ်လိုက်ရင်း ပြောသည်။ “‘ရိုလန်’ နဲ့ ‘မင်းသား’ ဆိုတဲ့ ဘွဲ့တွေ မပါရင်ကော။”

အိုဗ်ဂီက တစ်ခဏမျှ မှင်တက်သွားပြီး ချက်ချင်း နားမလည်သေးပေ။

ထိုအချိန် လူပုဘုရင်၏ ဆရာနှင့် ပညာရှိ အကြီးအကဲ အက်စ်ကာရီက ရှေ့သို့တက်လာပြီး စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။ အိုဗ်ဂီက အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး ပြောလိုက်၏။ “မင်းက ဘယ်လို လူမျိုးပဲဖြစ်ဖြစ် လူပုတွေရဲ့ ထာဝရ မိတ်ဆွေနဲ့ ကယ်တင်ရှင်ပါပဲ။”

“မိတ်ဆွေ ဆိုမှတော့ ‘ကယ်တင်ရှင်’ ဆိုတဲ့ အပိုဘွဲ့ကို ထားလိုက်ပါတော့။ လူပုမိတ်ဆွေ။” ချန်လွေ့ ပြုံးလိုက်၏။ “ကျုပ်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်၊ ကျုပ်တို့ရဲ့ မိတ်ဆွေ ဖြစ်မှုကို လျှို့ဝှက် ထားပေးပါ... တကယ်တော့ ကျုပ်မှာ တခြား လျှို့ဝှက်ချက်တွေ ရှိနေလို့ပါ။ အဲဒါကြောင့် အစောင့်တွေနဲ့ ကျုပ် ရည်ရွယ်ချက်ရှိရှိ ဝေးဝေးနေနေတာ။ အခုတော့ မရှင်းပြ သေးပါဘူး။ ကျုပ် စိတ်ထဲမှာ သစ်တောနေလူပု ဖြစ်ဖြစ်၊ ဂူနေလူပု ဖြစ်ဖြစ်၊ တောင်နေလူပု ဖြစ်ဖြစ်၊ လူပုဆိုတာ မရှိမဖြစ်လိုအပ်တဲ့ စစ်မှန်တဲ့ မိတ်ဆွေတွေပဲလို့ ပြောချင်ပါတယ်။”

အိုဗ်ဂီ၏ စိတ်ဓာတ်က အလွန် ရိုးသား ဖြောင့်မတ်သောကြောင့် သူက မေးခွန်းမထုတ်ဘဲ ခေါင်းညိတ်ကာ ရှေ့တက်၍ ချန်လွေ့ကို တင်းကြပ်စွာ ဖက်လိုက်၏။

ခဏ အနားယူပြီးနောက် ချန်လွေ့က ခဏတာ ကင်းကွာနေခဲ့သော ပရိုယိုနှင့် အခြားသူများကို တွေ့လိုက်ရသည်။ မင်းသား ‘အာသာ’ ဘေးကင်းကြောင်း တွေ့ရသောအခါ ပရိုယို သက်ပြင်းချ လိုက်သည်။ “အရှင်မင်းသား၊ လူပုတွေ မင်းသားကို ဒုက္ခပေးခဲ့သေးလား။”

“ဘာလို့ ပေးရမှာလဲ။” ချန်လွေ့က ယုံကြည်ချက်ရှိရှိ ခေါင်းခါလိုက်သည်။ “ကျုပ်က လူပုတွေနဲ့ အောင်မြင်တဲ့ အရောင်းအဝယ် တစ်ခု လုပ်ခဲ့တယ်။ အဆိပ်သင့်နေတဲ့ လူပုတွေကို ကုပေး ခဲ့ပြီးတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ သတ္တုရိုင်းတွေကို ရခဲ့တယ်။ ခင်ဗျားတို့ရဲ့ သတ္တိနဲ့ သစ္စာရှိမှုတွေကို ကျုပ် အတော် သဘောကျတယ်။ ဆုလာဘ် အနေနဲ့ ခင်ဗျားတို့ တစ်ယောက်ချင်းစီ အတွက် ချပ်ကာအစုံနဲ့ လက်နက်တွေကို နောက်မှ ရွေးပေးမယ်။”

လူပုများ၏ ပန်းပဲစွမ်းရည်သည် ‘အာသာ’၏ ယန္တရား မဟာဆရာသခင် အဆင့်နှင့် နှိုင်းယှဉ်၍ မရသော်လည်း ၎င်းတို့၏ ထူးချွန်သော စွမ်းရည် များကြောင့် ကမ္ဘာကျော်၏။ လူပုများ ထုတ်လုပ် ထားသော အထူး ကောင်းမွန်သည့် ပစ္စည်းအစုံ ရရှိခြင်းက ထိုဗိုလ်ခြေ၏ လက်‌ရွေးစင် စစ်သည် အတွက်ပင် အဖိုးတန်သော အဆင် တန်ဆာများ ဖြစ်ပေသည်။

လူတိုင်း ပျော်ရွှင်ဝမ်းသာစွာ ဦးညွှတ် အရိုအသေပြုလိုက်ကြသည်။ “ကျေးဇူးတင်ပါတယ်။ အရှင်မင်းသား!”

ထိပ်တန်းပစ္စည်းများနှင့် သတ္တုရိုင်း များက အမှန်တကယ် အိုဗ်ဂီက ပေးအပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဆုလာဘ် အနေဖြင့် ချန်လွေ့က အိုဗ်ဂီအား အရည်အသွေး မြင့်မားသော ရနံ့မွှေး ပြောင်းဆန် ဝိုင်အရက်နှင့် အထူးသန့်စင်ထားသော ကုန်ကြမ်း ပစ္စည်း များစွာကို ပေးခဲ့သည်။ ထိုသို့ အလွန် ကောင်းမွန်သော ရနံ့မွှေး ပြောင်းဆန်ဝိုင်က လူပုများကို ပြုံးစေခဲ့ပြီး ၁၀၀% သန့်စင်ထားသော သတ္တုရိုင်း များကလည်း ဝယ်ယူရန် ခက်ခဲသော ပစ္စည်းကောင်းများ ဖြစ်ကြသည်။ ၎င်းတို့ကို လေလံပွဲများတွင် အလွန် မြင့်မားသော စျေးနှုန်းများဖြင့် ရောင်းချ နိုင်လေသည်။ ဈေးကွက်ပေါက်ဈေးအရ ချန်လွေ့၏ လက်ဆောင်က အိုဗ်ဂီ၏ လက်ဆောင်ထက် များစွာ ပိုနေ၏။

လူပုများဆီမှ ပစ္စည်းများက ချန်လွေ့ ညပိုင်းက လုပ်ခဲ့သော အရာများကို ဖုံးကွယ်ရန် အထောက်အကူ ဖြစ်စေ ခဲ့တယ်။ အကြောင်းမှာ ‘မင်းသား’ ကိုယ်တိုင်က ပရိုယိုနဲ့ တခြားသူတွေကို ထိုအရာက အရောင်းအဝယ် တစ်ခု ဖြစ်ကြောင်း ပြောခဲ့၍ပင်။ မင်းသား ‘အာသာ’က ယန္တရား မဟာဆရာသခင် တစ်ယောက် ဖြစ်သလို စီးပွားရေးသမား တစ်ယောက်လည်း ဖြစ်လေသည်။ သို့မဟုတ်ပါက ရွှေ‌ရောင်နယ်မြေသည် လောက တဝှမ်းလုံး၏ စီးပွားရေး ဗဟိုချက် ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဒါကြောင့် လူပုများကို ကယ်တင်ခဲ့သော အရောင်းအဝယ်က လုံးဝ ကျိုးကြောင်း ဆီလျော်ပေသည်။

ပရိုယိုက ပြောလိုက်၏။ “လူပုတွေနဲ့ အထင်လွဲတာကို ဖြေရှင်းပြီးပြီ ဆိုတော့ ဥယျာဉ်မြို့ကို အမြန်ဆုံး သွားကြ ရအောင်ပါ။ အရှင်မင်းသား။”

ချန်လွေ့က ချက်ချင်း ထွက်ခွာရန် အမိန့်မပေးဘဲ လေသံ ပြောင်းလိုက်၏။ “ခုနတုန်းက ကြုံတွေ့ခဲ့ရတဲ့ လုပ်ကြံ သတ်ဖြတ်မှုကို ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ ရန်သူရဲ့ အစီအစဉ်က တော်တော်လေး ကြောက်စရာကောင်းတယ်။ အရင်ဆုံး ချောင်းမြောင်း တိုက်ခိုက်ပြီးတော့ လူပုတွေကို အဆိပ်ခတ်တဲ့ နည်းနဲ့ အသုံးချပြီး ကျုပ်တို့ကို သတ်ခိုင်းဖို့ လှုံ့ဆော်ခဲ့တာ။ ကျုပ် အစောင့် အရှောက်ရဲ့ စွမ်းအားသာ မရှိခဲ့ရင် လူတိုင်း လူပုတွေ လက်ထဲမှာ သေဆုံး သွားမှာပဲ။ ကျုပ်တို့ ရင်ဆိုင်နေရတဲ့ ရန်သူက အတော်လေးကို ရက်စက်ပြီး ဉာဏ်များတယ်။ လမ်းမှာ ပိုပြီးတော့ ကြောက်စရာ ကောင်းတဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေ ကြုံတွေ့ရနိုင်တယ်။ ခင်ဗျားတို့ အားလုံးကို မေးချင်တယ်။ ကျုပ်ကို ကာကွယ်ဖို့ အတွက် တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားလား။”

“ဟုတ်ကဲ့ပါ။” ပရိုယိုနှင့် စစ်သည်များ တပြိုင်နက်တည်း အော်ဟစ်လိုက်ပြီး အင်အားကြီး သူတော်စင်အဆင့် ၂ဦး ကလည်း ခေါင်းညိတ်လိုက်ကြသည်။

“ခင်ဗျားတို့ရဲ့ သစ္စာရှိမှုနဲ့ သတ္တိ အတွက် ကျေးဇူးတင်ပါတယ်။” ချန်လွေ့ ပြုံးပြုံးလေး ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ဆုံးဖြတ်ချက် တစ်ခု ချမယ်။ နောက်ခရီးစဉ်မှာ ကျုပ်တို့ အားလုံး လမ်းခွဲကြရမယ်။”

လမ်းခွဲရမယ် ဟုတ်လား။ လူတိုင်း အံ့ဩသွားကြပြီး ပရိုယို၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းသွား၏။ “အရှင်မင်းသား ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့ရဲ့ အစွမ်းအစက အစောင့် အရှောက်တွေနဲ့ နှိုင်းယှဉ်လို့ မရပေမယ့် ကျုပ်တို့ရဲ့ သစ္စာရှိမှု ကတော့ သူတို့အောက် လုံးဝ မကျပါဘူး။ ကျုပ်တို့ အချိန်မရွေး အသက်စွန့်ပြီး အရှင်မင်းသားကို ကာကွယ်နိုင်ပါတယ်။”

“မဟုတ်ဘူး။” ချန်လွေ့ ခေါင်းခါ လိုက်သည်။ “ခင်ဗျားတို့က ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး။ ပြောရရင် ခင်ဗျားတို့က ကျုပ် ဒီတစ်ခါ ရည်မှန်းထားတဲ့ နေရာကို ဘေးကင်းကင်း ရောက်ဖို့ အတွက် လိုအပ်တဲ့ အင်အားပဲ။ ကျုပ်ရဲ့ အစီအစဉ်က ခင်ဗျားတို့တွေ ‘ကျုပ်’ လိုမျိုး ဟန်ဆောင်ပြီး ကျက်သရေပြာ အင်ပါယာကို တိုက်ရိုက် သွားရမယ်။ တကယ့်ကျုပ်ကတော့ အသွင်ပြောင်း ရုပ်ဖျက်ပြီးတော့ ပိုလုံခြုံတဲ့ လမ်းကို ရွေးချယ်မယ်။”

ပရိုယိုက အလျင်မြန်ဆုံး တုံ့ပြန်ခဲ့ပြီး သဘော‌ပေါ်သော အမူအရာ ပြသ ခဲ့သည်။ ချန်လွေ့က လေးနက်နေပြီး ပခုံးပေါ်ရှိ ဒိုဒိုကို လက်ညှိုးထိုးလိုက်၏။ “ကျုပ်ရဲ့ အစောင့် အရှောက်မှာ အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိတယ်။ ခင်ဗျားတို့နဲ့အတူ ခရီးသွားဖို့ ကျုပ်ရဲ့ ပုံစံကို ပြောင်းနိုင်တယ်။ ရန်သူကို ပိုပြီး ရှုပ်ထွေးအောင် လုပ်ဖို့နဲ့ ခင်ဗျားတို့ ဘေးကင်းစေဖို့အတွက် ကျုပ်က အင်အားကြီးတဲ့ နဂါးတွေကို အဖွဲ့ထဲ ထည့်ပေးလိုက်မယ်။ မစ်-ဇိုလာက... ကျုပ်ကိုပဲ ကာကွယ်ပေးလိမ့်မယ်။ ကျက်သရေပြာ အင်ပါယာ ထဲကို တရားဝင် မဝင်ခင်မှာ ဆုံမှတ်တစ်ခုမှာ တွေ့ကြတာပေါ့။”

“အရှင် မင်းသားက ကျုပ်တို့ကို ရန်သူရဲ့အာရုံ ဆွဲဆောင်စေချင်တာကိုး။” ပရိုယိုက လူအုပ်ကို ရှင်းပြလိုက်သည်။ “ငှက်ဖမ်းရန် သားကောင်ကို အသုံးချတဲ့ နည်းဗျူဟာက တကယ် ကောင်းမွန်တဲ့ စစ်ဗျူဟာပါပဲ။ ဒါပေမယ့် အရှင်မင်းသား ဘေးကင်းဖို့က...”

သားကောင်ကို အသုံးချတဲ့နည်း ဟုတ်လား။ ဒါက တကယ်တော့ လျှို့ဝှက် လမ်းကြောင်းကနေ တိတ်တိတ်လေး ကြိုသွားတာပဲလေ၊ ဟုတ်တယ်မလား... ချန်လွေ့က ပြုံးလိုက်ပြီး မစ်-နတ်မိမယ် နဂါးကို ကြည့်လိုက်သည်။ “ခင်ဗျားက ကျုပ်ကို မစ်-ဇိုလာ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်တာလား။”

“အရှင်မင်းသား အထင်လွဲနေပါပြီ။ မဒမ် ဇိုလာတောင် အရှင်မင်းသားကို မကာကွယ်နိုင်ဘူးဆိုရင် ကျုပ်တို့က တကယ်ပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပါ။” ပရိုယိုက မစ်-နတ်မိမယ် နဂါးရဲ့ မနှစ်သက်သော အကြည့်ကို သတိထား မိသွားသောအခါ ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။ “ဒီလိုဆိုရင် အရှင်မင်းသား ပြောတဲ့အတိုင်းပဲ လိုက်နာပါ့မယ်။”

“ခင်ဗျားတို့အတွက်တော့ ဒီတာဝန်က မလွယ်ဘူး။ အန္တရာယ်တွေ ပိုပြီးတော့ ကြုံတွေ့ရနိုင်တယ်။” ချန်လွေ့က ပရိုယို၏ ပခုံးကို ပုတ်လိုက်ပြီး သူတော်စင်အဆင့် နှစ်ယောက်နှင့် စစ်သည်တော်များကို ကြည့်လိုက်သည်။ “ခင်ဗျားတို့ အားလုံးကို အမိန့်ပေးမယ်။ ဘယ်လို အခြေအနေမျိုးပဲ ကြုံရကြုံရ၊ ပထမဆုံး ရွေးချယ်ရမှာက ကိုယ့်ရဲ့ အသက်ကို ကယ်တင်ဖို့ပဲ။”

အားလုံးက စိတ်လှုပ်ရှားစွာ ပြောလိုက် ကြသည်။ “အမိန့်အတိုင်းပါ!”

အစောပိုင်းကတည်းက ညွှန်ကြားချက် ရရှိခဲ့ပြီး ဖြစ်သော ဆရာသခင် အဆိပ်နဂါးက မကျေနပ်စွာဖြင့် ဝိုင် တစ်ငုံ သောက်လိုက်သည်။ ဆက်ပြီးတော့ သရုပ်ဆောင် နေလိုက်စမ်းပါ။ ချစ်သူကို မိတ်ဆွေထက် ပိုကြိုက်တဲ့ကောင်။ တကယ့် အတုအယောင်ပဲ။ ဒိုဒိုနဲ့ ငါ့ကို ပစ်မှတ်တွေအဖြစ် ပစ်ထားပြီး မင်းတို့ အတွဲက ပျော်နေလိုက်...

ဒိုဒိုက အပစ်ခံရသော အိမ်မွေး တိရစ္ဆာန် တစ်ကောင်ကဲ့သို့ သခင်ကို သနားစဖွယ် ကြည့်နေသည်။ ချန်လွေ့၏ လက်တွင် တောက်ပပြီး ကြည်လင်သော သလင်းကျောက်ကဲ့သို့ ကျောက်မျက်နီ နှစ်လုံး ပေါ်လာပြီးနောက် ဆရာသခင် ချွဲကျိကောင်က ချက်ချင်း စိတ်ဓာတ် ပြန်လည် တက်ကြွကာ လက်၅ချောင်း ၅ ဆန့်ထုတ်လိုက်သည်။ စဉ်းစားကြည့် လိုက်ရာ မလုံလောက် သေးပေ။ လက်ဝါးက ရုတ်တရက် လက်ချောင်း ၁၀ချောင်းသို့ ပြောင်းသွား၏။ သူက အမှန်တကယ်ပင် စတင်၍ စျေးဆစ် တော့သည်။

နောက်ဆုံးတွင် တကယ်ခန့်ညား ဆရာသခင်က မီးသလင်းကျောက် ၁၀ခု ဖြင့် ကိုယ့်ကိုယ်ကိုယ် ရောင်းစားခဲ့၏။

(မရိုးဖြောင့်သော သခင်၏ မှတ်ချက်- မီးသလင်းကျောက်ဆိုတာ လူ့လောကမှာ အပေါဆုံး မှော်ပစ္စည်းလေ။)

All Chapters