← Chapters

တစ္ဆေမြို့ အပျက်အစီး

Vol. 59 Ch. 963

တစ္ဆေမြို့ အပျက်အစီး

Vol. 59 Ch. 963

တူရင်တိုင်းပြည်၊ မိုးတိမ်မြို့။

ကောင်းကင်ရှိ နေဝင်ဆည်းဆာက နူးညံ့လှပပြီး လောက၏ ယနေ့ပုံစံကို ပြသနေလေသည်။

မိုးတိမ်မြို့ လမ်းမပေါ်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က ရင်းနှီးစွာ လက်ချင်းတွဲ၍ လျှောက်လှမ်း နေကြ၏။ ထိုအမျိုးသားနှင့် အမျိုးသမီး တို့၏ ရုပ်ရည်နှင့် စရိုက်တို့က သာမန် ဖြစ်ကြပြီး လူအုပ်ကြားတွင် မထင်ရှား လှပေ။ ထိုသာမန်လူက ယခုအခါ လောက တစ်ဝှမ်းတွင် ကျော်ကြားနေပြီ ဖြစ်သော နဂါးလင်းလက် အင်ပါယာ၏ တတိယမင်းသား ‘အာသာ’ ဖြစ်မည်ဟု မည်သူမှ ထင်ထားးကြမည် မဟုတ်ပေ။

ချန်လွေ့၏ [ရုပ်ဖျက်ခြင်း] သည် သူ့ကို မည်သူ၏ ပုံစံမဆို ပြောင်းလဲစေနိုင်ပြီး နတ်ဘုရား-ယောင် အဆင့်ပင်လျှင် ဟာကွက်ကို မမြင်နိုင်ပေ။ ဇိုလာ၏ အသွင်ပြောင်းခြင်း ပညာရပ်သည်လည်း အလားတူ ထူးချွန်၏။ ယခုအချိန် လုပ်ကြံ သတ်ဖြတ်သူတစ်ဦး မျက်နှာချင်းဆိုင် လျှောက်လှမ်း သွားလျှင်ပင် သူတို့ နှစ်ဦးသည် လုပ်ကြံ သတ်ဖြတ်ရန် ပစ်မှတ်များ ဖြစ်နေမည်ကို မသိနိုင်ပေ။

ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့သည် ဥယျာဉ်မြို့မှ လိုရာအင်ပါယာ၏ ကြည်လင် ကြေးမုံ မြို့သို့ ‘သတို့သမီး ပို့ဆောင်ရေး အဖွဲ့’ ဖြင့် ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအဖွဲ့က ကြည်လင် ကြေးမုံမြို့ရှိ တယ်လီပို့ လမ်းကြောင်းမှ တစ်ဆင့် ကြယ်အလင်း အင်ပါယာသို့ ရောက်ရှိပြီးနောက် ထိုမှ ကျက်သရေပြာ အင်ပါယာသို့ တိုက်ရိုက် သွားရောက်မည် ဖြစ်သည်။ ထိုအရာက အမြန်ဆုံး ကုန်းလမ်းကြောင်းပင်။

ချန်လွေ့က မစ်-နတ်မိမယ်နဂါးကို တစ်ကိုယ်တည်း လှုပ်ရှားစေခဲ့သည်။ သူ၏ ပထမဦးဆုံး ဦးတည်ရာမှာ ကျက်သရေပြာ အင်ပါယာ မဟုတ်ဘဲ ကျောက်စိမ်းသစ်တောပင်လယ် ဖြစ်၏။ ထို့ကြောင့် ယခုတစ်ခေါက်တွင် သူသည် ကျောက်စိမ်း သစ်တော ပင်လယ်သို့ အမြန်ဆုံး ရောက်နိုင်မည့် လမ်းကို ရွေးချယ်ခဲ့သည်။ ယန်ရှောင်အင်ပါယာ၏ ညနေအရိပ်မြို့မှ တုရင်တိုင်းပြည်၊ စီးနင်းဖြူ တိုင်းပြည် စသည်တို့ကို ဖြတ်သန်းကာ ရေလမ်းဖြင့် ကျောက်စိမ်း သစ်တောပင်လယ်သို့ ဆက်သွားခဲ့၏။

လူပုနှင့် နတ်သူငယ် မျိုးနွယ်စုတို့၏ ပြဿနာကို ဖြေရှင်းပြီးနောက် ချန်လွေ့က ကျောက်စိမ်း သစ်တော ပင်လယ် မှတစ်ဆင့် ကျက်သရေပြာ အင်ပါယာသို့ ဝင်ရောက်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ပါ့ဂ်လီအိုနှင့် အခြားသူများ ကျက်သရေပြာ အင်ပါယာသို့ ရောက်ရှိ ပြီးနောက် အရှိန်တန့်သွားပြီး တကယ့် ဇာတ်လိုက် ‘အာသာ’ ရောက်လာသည် အထိ စောင့်ဆိုင်းကာ ကျက်သရေပြာ မြို့တော်သို့ မင်္ဂလာပွဲ အတွက် အတူတကွ သွားရောက် ကြရမည် ဖြစ်ပေသည်။

ချန်လွေ့နှင့် ဇိုလာတို့သည် ညနေ အရိပ်မြို့ နယ်စပ်ကို ဖြတ်ကျော် လာခဲ့ကြပြီး တုရင် တိုင်းပြည်၏ မိုးတိမ်မြို့သို့ ရောက်ရှိရန် နှစ်ရက် ကြာခဲ့သည်။ နောက်ကျနေပြီ ဖြစ်ရာ စီးနင်းဖြူတိုင်းပြည် နယ်စပ် ဖြစ်သော ငွေလွန်းပျံမြို့နှင့်လည်း ဝေးနေသေးရာ သူတို့နှစ်ဦးက မိုးတိမ်မြို့တွင် တစ်ည တည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

တူရင်တိုင်းပြည်က နိုင်ငံငယ်လေး တစ်ခု ဖြစ်သည်။ မိုးတိမ်မြို့သည် အမည်ကောင်း ရှိသော်လည်း ယန်ရှောင် အင်ပါယာရှိ မြို့များလို မစည်ကားပေ။ နဂါးလင်းလက် အင်ပါယာ ထက်ပင် နည်းပါးသည်။ ကျတ်တီးသော မြို့ငယ် အဖြစ်သာ သတ်မှတ်နိုင်၏။ ချီးကျူး ထိုက်သည့် တစ်ခုတည်းသော အရာမှာ ထိုနေရာမှ လက်မှုပညာများ ဖြစ်ပြီး အတော်လေး အနုစိတ်လှသည်။

“ဇိုလာ။ ဒီနားဆွဲ ကြိုက်လား”

“အင်း။”

“ဒီလည်ဆွဲက မင်းနဲ့ အတော်လေး လိုက်တယ်နော်။”

“အင်း။”

“ဒီဂါဝန်က...”

“အင်း...”

“ဇိုလာ”

“အင်း...”

“ဘာဖြစ်လို့လဲ။”

“အကုန် ကြိုက်တယ်။” (အကုန်လုံး အရမ်းကြိုက်တယ်) အဖြေက ရိုးရှင်း သော်လည်း မစ်-နတ်မိမယ် နဂါး၏ ရင်ထဲတွင်တော့ ပျားရည်လို ချိုမြိန် နေခဲ့သည်။ ချန်လွေ့ ရွေးချယ်သည့်အရာ ဆိုရင် အကုန် လက်ခံပေသည်။

ချန်လွေ့က ဇိုလာ၏ ရယ်မောနေသော မျက်နှာကို ကြည့်လိုက်သည်။ သူက ရုတ်တရက် ဆက်သွယ်မှု တစ်ခုကို ခံစားမိသည်။ သူ ထိုလက်ဆောင်များကို သာမက ထိုဘဝနှင့် ထိုခံစားချက် မျိုးကိုပါ နှစ်သက်သည်။

သူလည်း သဘောကျပေသည်။

အချစ်က အမြဲတမ်း ပြင်းထန်သော လှိုင်းများနှင့် သေရေးရှင်ရေး အခြေ အနေများ ဖြစ်နိုင်မည် မဟုတ်ဘဲ သာမန်ဆန်ပြီး အချင်းချင်း နွေးထွေးမှု များစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သူက သေရေးရှင်ရေး အခြေအနေကို အကြိမ်များစွာ ဖြတ်သန်းခဲ့ရပြီး ပင်ပန်း နွမ်းနယ်နေခဲ့သည်။ နောက်ဆုံးတွင် သူက နတ်ဆိုးဘုံရှိ စစ်ပွဲကို အဆုံးသတ် နိုင်ခဲ့ပြီး လောက နှစ်ခုလုံးတွင် အသူရာ ချောက်နက်ကို ဆန့်ကျင်နိုင်သော မှော်ဂိမ်းကို ထုတ်လွှင့်ခဲ့သည်။ မည်သည့် ကြီးမြတ်သော ရည်မှန်းချက် အတွက်မှ မဟုတ်ဘဲ သူမြတ်နိုးသော လူများနှင့် ပျော်ရွှင်မှုကို ကာကွယ်ရန်သာ ဖြစ်၏။

ထိုအတွက်ကြောင့် သူက လာမည့် မသိနိုင်သော အန္တရာယ်ကို တိုက်ရိုက် ရင်ဆိုင်ပြီး ရှေ့ဆက်သွားမည် ဖြစ်သည်။

“သူဌေး...” ဇိုလာ၏ မျက်လုံးများ လင်းလက်လာပြီး ပစ္စည်းတစ်ခု ကောက် လိုက်သည်။ “...ဒါ လိုချင်တယ်။”

“အတူတူ ထုပ်လိုက်...” ချန်လွေ့က ပြောလိုက်သည်။

ဇိုလာက ခေါင်းခါသည်။ “ဒါကို ကျွန်မ ပေးမယ်။ သော်သော်အတွက် ဝယ်ပေး မလို့။”

ချန်လွေ့က နူးညံ့သော အရုပ်လေးကို ကြည့်လိုက်သည်။ နေ့တိုင်း မျက်နှာပေါ် တံတွေးရာများ ချန်ထားသည့် ချစ်စဖွယ် ဇာမဏီသမီးလေးကို တွေးလိုက်မိရာ ရင်ထဲ နွေးထွေးသွားပြီး ဇိုလာ၏ လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။

“သော်သော်ကို သတိရနေတာလား။” ဇိုလာနှင့် ချန်လွေ့တို့၏ အပြန်အလှန် နားလည်မှုက ပိုမို၍ နက်ရှိုင်းလာ၏။ “ပြီးတော့ အသီနာနဲ့ တခြားသူတွေ ကိုရောလား...”

ချန်လွေ့ ခေါင်းညိတ် ပြလိုက်ရာ ဇိုလာက သူ့ပခုံးပေါ် ခပ်ဖွဖွ မှီလိုက်၏။ “နောက်တစ်ခါ အသီနာနဲ့ တခြား သူတွေကို ခေါ်လာခဲ့ဦး။”

“အင်း။” ထိုအရာက အမှန်တကယ် ခက်ခဲကြောင်း ချန်လွေ့ သိသည်။ ရှီရာ၊ ကတ်သရင်း၊ အသီနာတို့ အားလုံးက အရေးကြီးတဲ့ ရာထူးများကို တာဝန်ယူ ထားကြတယ်။ သူတို့၏ တာဝန်များကို အချိန်ကြာကြာ ပစ်ထားရန် မဖြစ်နိုင် သလောက်ပင်။ အထူးသဖြင့် ဧကရီ နှစ်ပါးပင်။ တစ်နေ့ သူတို့၏ အရေးကြီး တာဝန်တွေကို လုံးဝ ဖယ်ရှားနိုင်ခဲ့လျှင် အမှန်တကယ် အနားယူနိုင် ကြပေမည်။

“ဧည့်သည်တို့။ ဒါတွေက မင်းတို့ ရွေးထားတဲ့ပစ္စည်းတွေပါ။” ဆိုင်ပိုင်ရှင်က အဘိုးကြီး တစ်ယောက် ဖြစ်ပြီး ဇနီးမောင်နှံကို ပြုံးပြီး ကြည့်နေ၏။ “မင်းရဲ့ ပစ္စည်းက သလင်းကျောက်နက် ဒင်္ဂါး ၄ ပြားနဲ့ သလင်းကျောက်ဖြူ ဒင်္ဂါး ၁၂ပြား။ ဒီမိန်းကလေး ဝယ်ထားတဲ့ အရုပ်လေးက ခရမ်း သလင်းကျောက် ဒင်္ဂါး ၃ ပြားနဲ့ သလင်းကျောက်ဖြူ ဒင်္ဂါး ၇ပြားပါ။ အပိုအနုတ်တွေ လျှော့ပေး ပါ့မယ်။။ စုစုပေါင်း သလင်းကျောက်နက် ဒင်္ဂါး ၄ ပြားနဲ့ ခရမ်းသလင်းကျောက် ဒင်္ဂါး ၃ပြား ကျပါမယ်။ ကျေးဇူးပါ။”

ချန်လွေ့နှင့် ဇိုလာတို့ ငွေရှင်းလိုက်ရာ ဆိုင်ရှင်က စေတနာဖြင့် ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက်က မြို့ပြင်က လာတဲ့သူတွေ ဖြစ်မယ်။ အခု ညနေ စောင်းနေပြီဆိုတော့ မြန်မြန် ဟိုတယ် ရှာပြီး တည်းလိုက်ကြ။ ညဘက် အပြင် မထွက်နဲ့။ ငါလည်း ဆိုင်ပိတ်တော့မှာ။”

ချန်လွေ့ အံအားသင့် သွားပြီး မေးလိုက်သည်။ “ညမထွက်ရ အမိန့် ထုတ်ထားလို့လား။ အဲဒီလို ဆိုရင်တောင် စောနေသေးတာပဲ။”

“ညမထွက်ရအမိန့်တော့ မဟုတ်ဘူး... ဒီအတောအတွင်းမှာ အခြေအနေ တစ်ခု ရှိတယ်။ အစောင့်တွေတောင် ညဘက် အပြင်ကို သိပ်ပြီး မထွက်ရဲကြဘူး။”

ဇိုလာက အပြင်ဘက် လမ်းမ၏ မူမမှန်ခြင်းကို သတိပြုမိ သွားသည်။ မိုးတိမ်မြို့သို့ ဝင်လာစဉ်က အတော်လေး စည်ကားခဲ့သည်။ ဆိုင်အနည်းငယ် လည်ပြီးနောက် လမ်းသွား လမ်းလာများ အမှန်တကယ်ပင် အလွန် နည်းပါး သွားခဲ့သည်။ အများစုမှာ အလျင်စလို ပြန်လိုနေပုံရပြီး ဆိုင် သုံးပုံ နှစ်ပုံကလည်း ပိတ်ထားသည်။

ချန်လွေ့ သိချင်စိတ်ဖြင့် မေးလိုက်၏။ “ဒီမှာ ဘာတွေဖြစ်နေတာလဲ။”

“မင်းတို့ မိုးတိမ်မြို့ကို ရောက်လာပြီး တာတောင် ဒါကို မကြားဖူးသေး ဘူးလား။ ဒါက နာမည်ကြီး တစ္ဆေမြို့ ပဲ!” ဆိုင်ပိုင်ရှင်က အနီးအနား ဝေ့ကြည့်ရင်း ဂရုတစိုက် ပြောလိုက်သည်။ “ညတိုင်း မိုးတိမ်မြို့ ပတ်ဝန်းကျင်မှာ လျှို့ဝှက် ဆန်းကြယ်တဲ့ စွမ်းအား တစ်ခုနဲ့ ဖုံးလွှမ်းနေတယ်။ အဲဒါက ကြောက်စရာ ကောင်းပြီးတော့ လူသားတွေရဲ့ ဝိညာဉ်နဲ့ အသက်ဓာတ်ကို စုပ်နိုင်တယ်။ အပြင်မှာ လမ်းလျှောက်သွားရင်တောင် မင်းရဲ့ စွမ်းအားတွေ စုပ်ယူ ခံရလိမ့်မယ်။ ကြောက်စရာ ကောင်းတဲ့ ဝိညာဉ် တစ်မျိုးက လုပ်နေတာလို့ ပြောကြတယ်။ အပြင်ထွက်တဲ့ သူတွေရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်တွေ စုပ်ယူခံရလိမ့်မယ်။ ဒါက ကျိန်စာတစ်မျိုးလို့ ပြောတဲ့ ဒဏ္ဍာရီတွေ ရှိတယ်။ ကျိန်စာရဲ့ အလင်းနောက်က အမှောင်ထု... ဒီအခြေအနေက နှစ်ပေါင်း များစွာ ကြာနေပြီ။ တိကျတဲ့အချိန်တော့ မသိဘူး။ ညဘက်မှာ စူးစမ်းဖို့ ရည်ရွယ်ချက်ရှိရှိ အပြင်ထွက်ခဲ့တဲ့ သတ္တိခဲ စွန့်စားသူတွေ အများကြီး ရှိခဲ့တယ်။ နောက်နေ့ကျတော့ သူတို့တွေ သေဆုံးသွားတဲ့ အရိုးစုတွေ ဖြစ်နေပြီ။ ဒီလို ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပြီးတော့ ဘယ်သူမှ ထပ်မစမ်းရဲကြတော့ဘူး။ ကျောင်းတော်က လူတွေတောင် ညဘက် အပြင်မထွက်ဖို့ အကြံပေးခဲ့တယ်။ ကျက်သရေဆောင် အလင်းစစ်သည်တွေ အကြိမ် အများကြီး လာစစ်ဆေးပေမယ့် ဘာမှ မတွေ့ခဲ့ရဘူး။ မင်းတို့ အချိန်မှား ရောက်လာတာ။ နှစ်တိုင်း ဒီအပတ်က ထူးဆန်းတဲ့ ကျိန်စာ အပြင်းထန်ဆုံး အချိန်ပဲ။ မင်းတို့ ဟိုတယ်တစ်ခု ရှာပြီး တည်းတော့။ နောက်ကျရင် အန္တရာယ် များမယ်။”

“နှစ်ပေါင်းများစွာ မြို့မှာ စွဲကပ်နေတဲ့ ကျိန်စာလား။” ဆိုင်ထဲမှ ထွက်လာ ပြီးနောက် မစ်-နတ်မိမယ်နဂါး၏ မျက်လုံး အနည်းငယ် တောက်ပလာ၏။ ဆိုင်ရှင်၏ စေတနာနှင့် သတိပေးစကားက ဇိုလာကို သတိထားရန် မဖြစ်စေရုံသာမက သူ့၏ စိတ်ဝင်စားမှုကိုပါ နှိုးဆွလိုက်သည်ကို ချန်လွေ့ မြင်နေရသည်။

သိပ္ပံပညာရှင် မစ်-နတ်မိမယ်နဂါး အတွက် အငြိုးက ဝိညာဉ်စွမ်းအား ပိုမိုအားကောင်းသော မသေမျိုးသာ ဖြစ်ပြီး ကျိန်စာက မှော်နှင့် ဒြပ်စင် တိုက်ခိုက်မှု၏ နောက်ထပ်ပုံစံ တစ်ခု မျှသာ ဖြစ်သည်။ ထိုမျှ ရှားပါးသော သုတေသန ပစ္စည်းကို သူ မည်သို့ လက်လွှတ် ခံနိုင်မည်နည်း။

အငြိုးကြိးဝိညာဉ်များနှင့် ကျိန်စာများ အတွက် ချန်လွေ့ စိတ်ထဲမထားပေ။ သူ့တွင် စူပါစနစ်နှင့် စွမ်းရည်များစွာရှိပြီး ဇိုလာတွင် [ဒြပ်စင်၆ခုတိုင်းပြည်] ရှိသောကြောင့် သူတို့၏ စွမ်းအားက တိုင်းပြည်အဆင့်၏ ထိပ်သီးပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ အငြိုးကြီးဝိညာဉ် နှင့် ကျိန်စာ ရှိလျှင်ပင် ကြောက်စရာ မလိုပါ။

“အရင်ဆုံး နားဖို့နေရာ ရှာပြီးတော့ သောက်ကြတာပေါ့။” ချန်လွေ့၏ စကားကြောင့် ဇိုလာ ခဏတာ မှင်တက် သွားပြီးနောက် ထိုလူက သူ့လက်ဖမိုးကို နမ်းလိုက်၏။ “ပြီးတော့ ညမှောင်လာရင် အဲဒီ အငြိုးကြီးဝိညာဉ် ဆိုတာကို သွားကြည့်ကြမယ်။ မဒမ်-တောင်ကြား သခင်မ။”

နောက်ဆုံး ဘွဲ့အမည်က ချန်လွေ့ ပထမဆုံး သက်တန့်တောင်ကြားကို ‘လက်ထောက်’ အဖြစ် စဝင်ခါစ အချိန်ကို ဇိုလာအား သတိရစေခဲ့သည်။ သူ၏ မျက်လုံးများ နူးညံ့လာပြီး ‘အိုး..’ ဟု ခပ်ဖွဖွ ပြောကာ သူ့ဆီသို့ ကိုယ်ကို ပို၍ နီးနီးကပ်ကပ် မှီလိုက်၏။

ညနက်ပိုင်း၌-

မိုးတိမ်မြို့တွင် လမ်းသွားလမ်းလာ တစ်ယောက်မျှ မတွေ့ရဘဲ တံခါးစောင့် များပင် ရဲတိုက်ထဲတွင် ခိုလှုံနေကြပြီး အပြင်မထွက်ရဲကြပေ။ အမှန်တကယ်၌ ညဘက်တွင် ‘တစ္ဆေမြို့’ တစ်ခုလုံး၌ မြို့ထဲ ဝင်ထွက်ပြီး ပြဿနာ ရှာရဲသူ မရှိပေ။ မြို့သို့ အသစ် ရောက်လာသော ‘ခရီးသွား’ နှစ်ဦးမှလွဲ၍။

“ဒါက တကယ့် ပြင်းထန်တဲ့ အငြိုး အငွေ့အသက်ပဲ။ မသေမျိုးနဲ့ တူတယ်။ ဒါကြောင့် အငြိုးကြီးဝိညာဉ်လို့ သတ်မှတ် ကြတာ။” ဇိုလာက မြို့ထဲမှ ပြင်းထန်တဲ့ အမှောင် ဒြပ်စင် စွမ်းအားကို သေချာ ခံစားလိုက်မိတယ်။ “ဒါပေမယ့် မသေမျိုး အငွေ့အသက် စစ်စစ် လိုမျိုးတော့ မခံစားရဘူး။”

ချန်လွေ့ ထပ်ပြောလိုက်သည်။ “ဒီလို အငွေ့အသက် မျိုးက ဝိညာဉ်ကို တိုက်စား နိုင်တဲ့ အကျိုးသက်ရောက်မှု တစ်ခု ရှိပြီး၊ စိတ်အာရုံ ချောက်ချားမှုတွေ ဖြစ်စေဖို့လွယ်တယ်။ ဒါပေမယ့် ထိခိုက်မှု ကြီးကြီးမားမားတော့ မဖြစ်စေဘူး။ ဒါက ‘ကျိန်စာ’လို့ သတ်မှတ်ခံရတဲ့ အကြောင်း ဖြစ်လောက်တယ်။”

ဇိုလာ ခေါင်းညိတ်လိုက်ပြီး မျက်လုံး မှိတ်ကာ အာရုံခံနိုင်စွမ်းကို အားကုန် သုံးလိုက်သည်။ “ဒါက အတော်လေး အားကောင်း ပြီးတော့ ထူးဆန်းတဲ့ စွမ်းအား တစ်ခုပဲ။ အာရုံခံနိုင်စွမ်း အတော်များများ ကိုလည်း အနှောင့် အယှက် ပေးတယ်။ ဒါပေမယ့် အမှောင် ဒြပ်စင်တွေရဲ့ တလက်လက် ဦးတည်ချက် ကတော့ ဇစ်မြစ်က မြို့ပြင်မှာလို့ ပြောနေတယ်။”

“ဒါဆို ပဟေဠိကို ဖြေရှင်းကြတာပေါ့။”

သူတို့နှစ်ဦးက နေရာ ရွှေ့ပြောင်းစရာ မလိုကြပေ။ အရှိန်တစ်ခု ထိန်းသိမ်းကာ လက်ချင်းတွဲ၍ ပျံသန်း နေကြသည်။ ဇိုလာ၏ အာရုံခံနိုင်စွမ်းဖြင့် သူတို့က ကွဲပြားသောစွမ်းအား၏ အရင်းအမြစ်သို့ တစ်လှမ်းချင်း ချဉ်းကပ် လာကြသည်။ သစ်တော ထဲတွင် အပျက်အစီးများ ပြန့်ကျဲလျက် ရှိနေသည်။

ထိုအပျက်အစီး နေရာက မိုးတိမ်မြို့ ဆင်ခြေဖုံးတွင် ရှိနေပြီး အတော်အတန် ဝေးကွာ သော်လည်း ထုတ်လွှတ်သော ထူးဆန်းသည့် စွမ်းအားက အမှန်ပင် မြို့တစ်ခုလုံးကို ဖုံးလွှမ်းထား၏။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဒီအပျက်အစီးရဲ့ အရွယ်အစားက အတော် ကြီးမားတယ်။ အသက်မဲ့တဲ့ ရှေးဟောင်း အပျက်အစီးလိုပဲ။ ဘယ်လို သက်ရှိသတ္တဝါတွေရဲ့ အငွေ့အသက်ကိုမှ မခံစားရဘူး။ ထူးခြားတဲ့ စွမ်းအား အငွေ့အသက်တစ်မျိုး ရှိနေသလိုပဲ။ ဒါက...”

“ရှေးမှော်စာတွေ။ အငွေ့အသက်က တော်တော်လေး ဖုံးကွယ်နေတုန်းပဲ... ကျွန်မ ဗဟိုချက်တစ်ခုကို တွေ့ပြီလို့ ထင်တယ်။” ဇိုလာက ပြန်ဖြေပြီး လက်ဝှေ့ယမ်းလိုက်၏။ ကျောက်တုံးထဲ မြှုပ်နေသော ဧရာမ ကျောက်တိုင် အကျိုးကြီးတစ်ခု ဖြည်းဖြည်းချင်း ထောင်လာသည်။ ဇိုလာ၏ လှုပ်ရှားမှုက အတော်လေး သတိထားနေ၏။ လရောင် အောက်တွင် ချန်လွေ့က ကျောက်တိုင် အကျိုးပေါ်မှ ထူးခြားသော စက်ဝိုင်းပုံ သင်္ကေတ တစ်ခုကို ရေးရေးလေး မြင်လိုက်ရလေသည်။

ကျောက်တိုင် ထောင်လာပြီးနောက် တစ်ခုခု ဖွင့်လိုက် သကဲ့သို့ပင် ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို ချန်လွေ့၏ စိတ်ဝိညာဉ် စွမ်းအားက အသေအချာ ခံစားလိုက်မိသည်။ မှန်ပေသည်။ လူတိုင်းက ဇိုလာနှင့် သူ့လို အာရုံခံနိုင်စွမ်း မရှိကြပေ။ အထူးသဖြင့် ရှေးမှော်စာကို နားလည်နိုင်စွမ်း မရှိကြ။ အပျက်အစီးများအကြား ထိုဗဟိုချက်ကို ချက်ချင်း ရှာတွေ့ရန် ဆိုသည်မှာ ပို၍ မဖြစ်နိုင်ပေ။

“ဒါက အခင်းအကျင်းတွေထဲက ပုံစံကွက်တွေကို ရှာဖွေတဲ့ ဂိမ်းလိုပဲ။” မျက်နှာ ပြောင်းလဲသွား သော်လည်း မစ်-နတ်မိမယ်နဂါး၏ ခရမ်းရောင် မျက်လုံးမှ အလင်းရောင်က ချန်လွေ့ အတွက် ရင်းနှီးနေ၏။ ကလေး တစ်ယောက်က စိတ်ဝင်စားစရာ ကစားစရာ တစ်ခုခုကို ရှာတွေ့လိုက် သလိုပင်။ “ကျွန်မ သိတယ်။ ဒါက ရှင့်ရဲ့ ဆူဒိုခုဂိမ်းနဲ့ အတူတူပဲ။ သင့်တော်တဲ့ နံပါတ်တွေကို တွက်ချက်ပြီးတော့ တစ်ခုချင်းစီ ဖွင့်ရမှာ။ ကျွန်မ ကြည့်လိုက်မယ်...”

ထိုသို့သော ပြဿနာဖြေရှင်းနည်းက ဇိုလာအတွက် ပျော်ရွှင်မှု တစ်မျိုးပင်။ ချန်လွေ့က သူကို အနှောင့်အယှက် မပေးခဲ့ပေ။ သူက ပတ်ဝန်းကျင် အခြေအနေကို ကြည့်နေ၏။ သစ်တောက အလွန် ကြီးမားသော်လည်း အပျက်အစီးများ၏ အတိုင်းအတာကို လုံးဝမ ဖုံးလွှမ်းနိုင်ပေ။ ချန်လွေ့က ကြယ်ကြွေတမန် အင်ပါယာရှိ အရိပ် လေပြေ အင်ပါယာမှ ထရီဗန်တီ အပျက်အစီးသို့ သွားခဲ့ဖူးသော်လည်း ယခု အပျက်အစီး၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် များစွာ သေးငယ်ပေသည်။

“အနောက်ဘက်ကို ၃၅ မီတာ၊ ဒါ... ပြီးတော့ မြောက်ဘက်ကို ၁၂ မီတာ...” ဇိုလာသည် ဗဟိုချက်၏ အစီအစဉ်နှင့် တည်နေရာကို လျင်မြန်စွာ တွက်ချက် နေသည်။ လက်များကို ဝှေ့ယမ်းလိုက်ရာ အရာဝတ္ထုများ ထောင်လာ၏။

ထို ‘ဗဟိုချက်များ’က တင်းကျပ်သော အစီအစဉ် လိုအပ်ချက်များ ရှိပြီး အလွန် ရှုပ်ထွေးပုံ ရသော်လည်း ချန်လွေ့နှင့် ဇိုလာတို့ နှစ်ဦးလုံးက ရှေးမှော်စာများကို ကျွမ်းကျင်ကြသည်။ မှော်စက်ဝိုင်း၏ မဟာ ဆရာသခင်အဆင့်ဖြင့် ထိုအဆင့်၏ အခက်အခဲက သူတို့အတွက် မခက်ပေ။

ချန်လွေ့က ထိုဗဟိုချက် ပတ်လည်၌ လှုပ်ရှားမှု သဲလွန်စများ ရှိနေကြောင်း သတိပြုမိလိုက်သည်။ ဇိုလာက ၎င်းကို ပထမဆုံး ဖွင့်သူ ဟုတ်ဟန် မတူပေ။ စက်ဝိုင်းပုံ သင်္ကေတကို အပျက်အစီး နေရာများစွာတွင် မြင်နိုင်ပြီး တိမ်တိုက် တစ်ခုကဲ့သို့ပင်... မိုးတိမ်မြို့လား။

တဝုန်းဝုန်းအသံများ ထွက်ပေါ်လာရာ ချန်လွေ့၏ အတွေးများကို ဖြတ်တောက် လိုက်သည်။ ဇိုလာက ဗဟိုချက် အားလုံးကို အောင်မြင်စွာ အသက်သွင်း နိုင်ခဲ့ပြီး ထောင်ထားသော အရာဝတ္ထုများ စတင်လင်းလက်လာ၏။ ၎င်းတို့က တစ်ခုနှင့် တစ်ခု ဆက်သွယ်ကာ ထူးဆန်းသော ပုံစံတစ်ခု အဖြစ် ရောယှက် သွားပြီး အလင်းရောင်က တစ်ခဏ အတွင်း ပျောက်ကွယ် သွားလေသည်။ အောက်ဘက်ရှိ မြင်ကွင်း သည်လည်း လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။

ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား တစ်ခု လှိမ့်တက်သွားပြီး ဝိညာဉ်ကို တိုက်စားသော မကျေနပ်မှုများနှင့် ရောနှောနေ၏။ ၎င်းက နတ်ဆိုးဘုံ၌ ပင်လယ်သေ အောက်ခြေတွင် ချန်လွေ့ တွေ့ခဲ့ရသော အငြိုးကြီး ဝိညာဉ်များ ကဲ့သို့ပင်။

အောက်ဘက်တွင်ရှိသော မြင်ကွင်းက တဖြည်းဖြည်း ရှင်းလင်း လာသည်။ မူလက နေရာလွတ် ဖုံးကွယ် စွမ်းအား တစ်ခု ဖြစ်သော်လည်း ယခုအခါ ဇိုလာက ပိတ်ထားလိုက်ပြီ ဖြစ်သည်။ သူတို့ရှေ့တွင် လဟာပြင်နှင့် ဆင်တူသော နေရာသို့ ဦးတည်သော လမ်းမကြီး တစ်ခုကို မြင်တွေ့နိုင်ပြီး မှိန်ပြပြ လင်းလက်နေလေသည်။

“ရွှတ်! ရွှတ်! ရွှတ်...” အေးစက်သော အလင်းတန်းများစွာက လေထဲရှိ ဇိုလာထံ ပျံသန်းလာပြီး အရှိန် အလွန်မြန်လှသည်။ အောက်ဘက်တွင် အနက်ရောင် ပုံရိပ် တစ်ခု လက်ခနဲ ပေါ်လာ၏။

တစ်ယောက်ယောက် ရှိနေတယ်။

All Chapters