← Chapters

လျို့ဝှက်ဆန်းကြယ်မှုများ

Vol. 59 Ch. 964

လျို့ဝှက်ဆန်းကြယ်မှုများ

Vol. 59 Ch. 964

အေးစက်သော အလင်းရောင်များ လျင်မြန်စွာ ရောက်ရှိ လာသော်လည်း ချန်လွေ့က ပို၍ပင် လျင်မြန်၏။ သူသည် လျှပ်စီးကဲ့သို့ လေထဲတွင် ပေါ်လာပြီး လက်ဖြင့် စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။ စွမ်းအားက ရေလှိုင်းကဲ့သို့ လှိုင်းထ လာပြီး အေးစက်သော အလင်းရောင်များ ချက်ချင်း ပျံ့လွင့်သွားခဲ့သည်။

ချန်လွေ့က ယခုအခါ ဖုံးကွယ် ထားသော မျက်နှာကို အသုံးပြုနေ၏။ သူသည် အပေါ်ယံ စစ်သည်တော် အဆင့်သာ စွမ်းအား ရှိသော်လည်း သူ၏ စွမ်းအားကို စိတ်ရှိသလို အသုံးပြုနိုင် ပေသည်။

ဇိုလာက မြေပြင်ကို ကြည့်လိုက်ရာ တလက်လက် အနက်ရောင် ပုံရိပ်များက အလေးချိန် ရုတ်တရက် နှစ်ဆတိုးလာပြီး သူတို့၏ အရှိန် ရုတ်တရက် နှေးကွေး သွားသလို ခံစားလိုက်ရသည်။ ချက်ချင် သူတို့က အစွမ်းထက် မြေဆွဲအား ကြောင့် လှုပ်ရှားနိုင်စွမ်း မရှိ‌တော့ပေ။

ထိုအနက်ရောင် ပုံရိပ်များက နတ်ဆိုး အရှင်သခင်အဆင့်များ ဖြစ်ကြပြီး သာမန် အင်ပါယာထဲတွင် ထိပ်တန်း ‘သူတော်စင်’အဆင့် အဖြစ် သတ်မှတ် ခံရသော်လည်း ကံဆိုးစွာပင် ထိုအရာက လာရှေ့တွင် ဘာမှ မဟုတ်ပေ။ ကြွယ်ဝပြီး ကြီးမားသော ဝိညာဉ်စွမ်းအားက မစ်-နတ်မိမယ် နဂါးကို စိတ်ဝင်စား စေသောကြောင့် သူတို့ကို အသက် ရှင်လျက် ထားရန် ဇိုလာ ရည်ရွယ်ခဲ့သည်။

အဝေးရှိ လဟာပြင်မှ လူများက သိသိသာသာပင် ထိတ်လန့်သွားကြပြီး အချို့က ထိုဘက်သို့ အလျင်အမြန် ပြေးလာကြသည်။ သူတို့က ရန်သူ၏ ပုံစံကို မမြင်ရသေးခင်မှာပင် [မြေဆွဲအား] ဖြင့် ဖိနှိပ်ခံရပြီး မလှုပ်ရှား နိုင်တော့ပေ။ ချန်လွေ့နှင့် ဇိုလာတို့က လဟာပြင် အထက် ကောင်းကင်သို့ ရောက်နေကြပြီ ဖြစ်သည်။

လဟာပြင်၏ အလယ်တွင် ယဇ်ပလ္လင် နှင့် ဆင်တူသော စက်ဝိုင်းပုံ ဖွဲ့စည်းမှု တစ်ခုရှိပြီး ၎င်းက မရေမတွက်နိုင်သော အငြိုးများ၏ ရင်းမြစ်လည်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးကဲ့သို့ ပုံစံရှိသော ပုဂ္ဂိုလ်တစ်ဦးက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖွဲ့စည်းမှု၏ ဗဟိုတွင် ရပ်ကာ ယဇ်ပူဇော်မှု ကဲ့သို့ ထုံးတမ်း စဉ်လာတစ်ခုကို ပြုလုပ်နေ၏။

ပတ်ပတ်လည်၌ အခြားသူများ မရှိပေ။ ထိုလျှို့ဝှက် နယ်မြေတွင် လူ ၁၀ဦးထက် မပိုနေပေ။

အနက်ရောင်ဝတ် ခေါင်းဆောင်က ရုတ်တရက် မော့ကြည့်လိုက်ရာ လေထဲ ရပ်နေသော လူနှစ်ဦးကို တွေ့လိုက်ရ၏။ ချန်လွေ့နှင့် ဇိုလာတို့ ကလည်း အနက်ရောင်ဝတ် ပုဂ္ဂိုလ်၏ မျက်နှာပေါ်မှ ဖြူဖွေးသော မျက်နှာဖုံးကို မြင်တွေ့ခဲ့ရပြီး မျက်လုံးများသာ ရေးရေးလေး ပေါ်နေ၏။

အနက်ရောင်ဝတ် ခေါင်းဆောင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်သော ပေါ်လာသည်။ တစ်စုံတစ်ယောက် ဝင်ရောက် လာသည်ကို သူ အရင်က သတိပြုမိ ခဲ့သော်လည်း ထုံးတမ်း စဉ်လာကို မရပ်တန့်ခဲ့ပေ။ မထင်မှတ်ဘဲ ရန်သူများက ထိုနေရာသို့ လျင်မြန်စွာ ဖောက်ထွင်း ဝင်ရောက် လာကြသည်။ အနက်ရောင်ဝတ် ခေါင်းဆောင်က မြေပြင်သို့ ချက်ချင်း လက်ညှိုးထိုး လိုက်ရာ ယဇ်ပလ္လင် အနီးရှိ မြေပြင်က ပုံပျက် နေသည့် အဆောက်အအုံများ အဖြစ် လျင်မြန်စွာ စုစည်း သွားပြီး အမြောက်မျှော်စင် များကဲ့သို့ တိုင်များ အလျင်အမြန် မြင့်တက်လာခဲ့သည်။

‘အမြောက် မျှော်စင်များ’ သည် မီးတောက်၊ လျှပ်စီးနှင့် ရေခဲများဖြင့် ရောယှက်နေသော အရောင်အသွေး အမျိုးမျိုး ရှိသည့် တောက်ပသော အလင်းတန်းများစွာကို ပစ်လွှတ်ပြီး ဇိုလာနှင့် ချန်လွေ့တို့ကို မျက်စိတစ်မှိတ် အတွင်း ဝိုင်းရံ ဖုံးလွှမ်း လိုက်သည်။

ဇိုလာက လက်ချောင်းများဖြင့် စက်ဝိုင်း တစ်ခုဆွဲလိုက်ရာ သူနှင့် ချန်လွေ့ ပတ်ပတ်လည်တွင် အရည်လဲ့သော စက်ဝိုင်းပုံ ဒိုင်းတစ်ခု ပေါ်လာ၏။

မီးလျှံက အလင်းဒိုင်းကို ထိသောအခါ ရေပေါ်တွင် ချောမွေ့သော အရာတစ်ခုနှင့် ဆုံသည့်အလား တစ်ခုပြီး တစ်ခု လျှောကျသွား၏။ ၎င်းက ရိုးရှင်းသော ကာကွယ်မှု မဟုတ်ပေ။ တိုက်ခိုက်မှု ဆက်လက် ဖြစ်ပေါ်နေသည်နှင့် အမျှ လျှောကျနေသော မီးလျှံများ၏ အရောင် ပြောင်းလဲလာသည်။ ၎င်းတို့က ဇိုလာ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိကာ ‘အမြောက်မျှော်စင်’ များဆီသို့ ပြန်လည် ပစ်လွှတ် ခံလိုက်ရသည်။ မြေပြင် တုန်ခါ သွားပြီး ‘အမြောက်မျှော်စင်’ များက အမှုန့်များ ဖြစ်ကုန်သည်။

အနက်ရောင်ဝတ် ခေါင်းဆောင်က အံ့အားသင့် သွားလေသည်။ ထိုဒြပ်စင် မှော်ဒြပ်စင် ကျောက်တိုင် များတွင် အပျက်အစီး၏ ဗဟိုရှိ မှော်စာဖွဲ့စည်းမှု၏ ကြီးမားသော စွမ်းအားများ ပါဝင်သည်။ အထူး အစွမ်းထက်ပုဂ္ဂိုလ်များပင် ၎င်းကို မရင်ဆိုင်ရဲကြသော်လည်း မယုံနိုင်စရာ နည်းလမ်းဖြင့် ပြိုင်ဘက်က လုံးဝ ဖျက်ဆီးပစ် လိုက်လေသည်။

ဤသည်က ဒြပ်စင်၆ခု တိုင်းပြည် စွမ်းအား ဖြစ်၏။ ဤသည်က ဇိုလာပင်။

ချန်လွေ့က ဘေးမှနေ၍ အံ့အားသင့် နေသည်။ ဇိုလာ၏ ‘ကိုယ့်အစွမ်းနှင့် ပြန်ခံရခြင်း’က အသူရာ၏ ထူးဆန်းသော စွမ်းအားနှင့် မတူပေ။ ၎င်းက ဒြပ်စင်၏ ဇစ်မြစ် စွမ်းအားကို နားလည်ကာ အပြည့်အဝ အသုံးပြုခြင်း ဖြစ်ပြီး အစစ်အမှန် ‘အရည်အသွေးအရ’ နားလည်ခြင်း ဖြစ်သည်။ ထိုကဏ္ဍတွင် ဇိုလာက စူပါစနစ်ကို ထိန်းချုပ်ထားသော ချန်လွေ့ထက်ပင် ကျော်လွန်သွားလေပြီ။

[ဒြပ်စင်၆ခုတိုင်းပြည်]တွင် လျှို့ဝှက် ဆန်းကြယ်မှုများနှင့် အန္တိမ တိုက်ကွက် များစွာ ရှိလေသည်။ ၎င်းတို့သည် သာမန်လေ့ကျင့်မှုတွင် အသုံးပြု၍ရသော အရာများ မဟုတ်ပေ။ ချန်လွေ့သာ အဆင့်တူ စွမ်းအားဖြင့် အသက်ရင်းကာ တိုက်ခိုက်ရလျှင် ဇိုလာကို အနိုင်ရမည်ဟု မပြောနိုင်ပေ။ သို့သော်လည်း ထိုအရာ လုံးဝ ဖြစ်လာမည် မဟုတ်ပေ။

ဇိုလာ၏ လှုပ်ရှားမှုများက လျင်မြန်၏။ ‘အမြောက်မျှော်စင်များ’ကို ရှင်းလင်း ပြီးနောက် သူက မျက်တောင် ခတ်လိုက်သည်။ အနက်ရောင်ဝတ်ရုံဝတ် ခေါင်းဆောင်ဘေးရှိ အပူချိန် ရုတ်တရက် ကျဆင်းပြီး ရေခဲ သလင်းကျောက်များ ပေါ်လာကာ ကိုယ်ခန္ဓာသည် လျင်မြန်စွာ မာကျောလာလေသည်။

အနက်ရောင်ဝတ် ခေါင်းဆောင်၏ ကိုယ်ခန္ဓာက ရုတ်တရက် ဟင်းလင်းပြင် ဖြစ်သွားပြီး ဇိုလာ၏ အေးခဲစေသော စွမ်းအားကို လျစ်လျူရှု လိုက်သည်။ သူက ရေခဲသလင်းကျောက်များမှ အဝေး ရောက်သွားခဲ့သည်။ ဇိုလာ အနည်းငယ် အံ့အားသင့် သွားခဲ့ပြီး ရေခဲ သလင်းကျောက်က ခရမ်း လျှပ်စီးအဖြစ် ချက်ချင်း ပြောင်းလဲကာ အနက်ရောင် ဝတ်ရုံဝတ် ခေါင်းဆောင်ထံသို့ ရိုက်ခတ် သွားခဲ့သည်။

အနက်ရောင်ဝတ် ခေါင်းဆောင်က ဝတ်ရုံကို ခါလိုက်ရာ ပတ်ဝန်းကျင်ရှိ နေရာလွတ်က ရုတ်တရက် သွေးနီရောင် ပြောင်းသွားသည်။ ခရမ်း လျှပ်စီးက ရွှံ့ထဲတွင် ပိတ်မိနေသကဲ့သို့ စွမ်းအားကို မထုတ်နိုင်ဘဲ တဖြည်းဖြည်း မှိန်ဖျော့ သွားခဲ့သည်။

ဇိုလာက လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ မှိန်ဖျော့နေသော လျှပ်စီးက တောက်ပသော အနီရောင်သို့ ပြောင်းလဲကာ ပေါက်ကွဲသွား၏။

သွေးနီရောင် နေရာလွတ် တစ်ခုလုံးက ပေါက်ကွဲမှု၏ စွမ်းအားအောက်တွင် အစိတ်စိတ် ကြေမွသွားသော်လည်း ပြန့်ကျဲနေသော သွေးရောင်က အနက်ရောင် ဝတ်ရုံဝတ် ခေါင်းဆောင်၏ ပုံသဏ္ဌာန်အဖြစ် ပြန်လည်စုစည်းသွား လေသည်။ ပေါက်ကွဲပြီးနောက် ရန်သူက အန္တရာယ်ကင်း နေဦးမည်ဟု ဇိုလာ မထင်ထားခဲ့ပေ။ သူ နှာခေါင်းရှုံ့လိုက်ပြီး လက်ချောင်း ၅ ချောင်းကို ခပ်ဖွဖွ လှည့်လိုက်သည်။ အရောင် ၆ ရောင် အလင်းများ စုစည်းလာပြီး ပတ်ဝန်းကျင် လေထုက ကြီးမားသော ဒြပ်စင်စွမ်းအား အောက်တွင် လုံးဝ မာကျောသွားပုံ ရသည်။ ထိုတိုက်ခိုက်မှုက ကမ္ဘာမြေ တုန်လှုပ်စေမည့် အဆုံးသတ် တိုက်ကွက် တစ်ခု ဖြစ်ရပေမည်။

“ခဏလေး...” ချန်လွေ့၏အသံ ထွက်လာရာ ဇိုလာ၏ စွမ်းအားက ရုတ်တရက် ရပ်တန့်သွား၏။ အနက်ရောင် ဝတ်ရုံနဲ့ ခေါင်းဆောင်က အခွင့်ကောင်း ယူပြီး သွေးရောင်အလင်း အဖြစ် ပြောင်းလဲပြီး လျှပ်စီးကဲ့သို့ အဝေးကို ထွက်ပြေးသွားခဲ့လေသည်။

“ဆက်မလိုက်နဲ့တော့။”

ဇိုလာက ချန်လွေ့ကို ပြန်ကြည့်လိုက်ပြီး မျက်စိ တစ်မှိတ်အတွင်း သူ့ဘေးသို့ ပြန်ရောက်လာသည်။ ထိုအချိန် အနက်ရော င်ဝတ်ရုံဝတ် ခေါင်းဆောင်၏ ပုံရိပ်က ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ဘာလို့လဲ။ သူ့ကို ရှင် သိလို့လား။” မစ်-နတ်မိမယ်နဂါးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ တိုက်ပွဲက တစ်မိနစ်ပင် မကြာသေးပေ။ သူက အပြတ်အသတ် အသာစီးရခဲ့သည်ဟု ဆိုနိုင်သော်လည်း အနက်ရောင် ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ နည်းလမ်းများက ထူးဆန်းပြီး ခန့်မှန်းရ ခက်လေသည်။ ထိုသူက သူ့ထက် သိသိသာသာ အားနည်းသော်လည်း သူ မည်သည့် နည်းလမ်းကို အသုံးပြု စေကာမူ ထိုသူ့ကို အနိုင်မယူနိုင်ခဲ့ပေ။

“နောက်မှ အသေးစိတ် ရှင်းပြမယ်။” ချန်လွေ့က ဇိုလာကို ထိုသူအား မသတ်ခိုင်း ရသည့် အကြောင်းရင်း ရှိလေသည်။ သူ၏ အာရုံခံစားမှုအရ ထိုသူ၏ စွမ်းအား အတိအကျ မှန်းဆရန် မဖြစ်နိုင်သော်လည်း [သရုပ်ခွဲမျက်လုံး] က ထိုသူ၏ အချက်အလက်များကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

မျိုးနွယ်စု - လူသား (ဝိညာဉ်မျိုးကွဲ)

စွမ်းအားအကဲဖြတ်မှု - SS (D)

ခန္ဓာအမျိုးအစား - SS-(D-)

ခွန်အား - SS-(D-)

စိတ်ဝိညာဉ် - SS+(D)

အမြန်နှုန်း - SS(D)

[စိစစ်ချက်] - မေးမှိန်မျက်လုံး၊ ဖုံးကွယ် ခန္ဓာ၊ သွေးစတေးဝိညာဉ်၊ အမုန်းတရား နှလုံးသား။

ထိုအသေးစိတ်အချက်အလက်များက တစ်ယောက်ယောက်နဲ့ အတိအကျကို တူညီနေ၏... ရှီအွန် နန်းတော်မှ အမျိုးသမီးနှင့်ပင်။

သူသာဆိုရင် ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။ ချန်လွေ့ စိတ်ထဲတွင် သံသယများ ဝင်လာခဲ့သည်။

ရုတ်တရက် ပတ်ဝန်းကျင်မှ အသံ တိုးတိုး ထွက်ပေါ်လာပြီး ထိုအနက်ရောင် ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျကာ အလင်းမှုန်များ အဖြစ် ပျောက်ကွယ် သွားကြသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် သတ်သေရန် နည်းလမ်းတစ်ခု အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုသူများက ခေါင်းဆောင် ထွက်ပြေးသွားသည်ကို မြင်လိုက်ရပြီး ရန်သူကို မရင်ဆိုင် နိုင်သောကြောင့် အသက်ကို ချက်ချင်း အဆုံးသတ်လိုက် ကြပြီး ခန္ဓာကိုယ်များကိုပင် မချန်ခဲ့ပေ။

မရဏနက်နောက်လိုက်တွေလား။ ချန်လွေ့ မျက်မှောင်ကြုတ်ရင်း မြေပြင်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ဧရာမ ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။ ၎င်း၏ ဗဟိုချက်က အမှန်တကယ် တိမ်တိုက် ပုံစံသင်္ကေတ ဖြစ်သည်။ အရောင်က အနီရင့်ရောင်ရှိပြီး အလွန်ငြီးငွေ့စရာ ကောင်းလေသည်။

ထိုယဇ်ပလ္လင်က အိပ်မက်ဆိုး တောနက်နှင့် မြေထူရဲတိုက် မြေအောက် ချန်လွေ့ တွေ့ခဲ့ရသော ယဇ်ပလ္လင်များနှင့် မတူပေ။ အဖျက်စွမ်းအား သို့မဟုတ် သွေးပျယ်စရာ စွမ်းအားများ မရှိနေဘဲ ‘အငြိုး’၏ ဝိညာဉ်စွမ်းအား ပိုများ၏။ နှစ်ပေါင်းများစွာ စုစည်းလာခဲ့သော ခံစားချက်ကဲ့သို့ပင် နှိုင်းယှဉ်မရအောင် ကျယ်ပြန့်လွန်းလှသည်။

ဒါက လူတွေ အများကြီး သေဆုံးခဲ့တဲ့ ရှေးဟောင်း စစ်မြေပြင် ဒါမှမဟုတ် သင်္ချိုင်း နေရာ တစ်ခုများလား။ ဒါပေမယ့် အပျက်အစီးကို ကြည့်ရတာ နန်းတော် တစ်ခုနဲ့ ပိုတူသလိုပဲ။

ခုနက ထုံးတမ်းစဉ်လာက တကယ့် ယဇ်ပူဇော်ပွဲနဲ့ နည်းနည်းဆင် တူတယ်။

စဉ်းစားနေရင်း ဇိုလာက ရုတ်တရက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ချန်လွေ့လည်း လူများ ရောက်လာ နေသည်ကို ခံစားမိလိုက်ရသည်။

“အကျဉ်းသား ဖမ်းရမယ့် အချိန်ပဲ။” ချန်လွေ့နှင့် ဇိုလာတို့ အချင်းချင်း ကြည့်ပြီး တစ်ဦး၏ အတွေးကို တစ်ဦးက သိလိုက်သည်။

လူများ ပို၍ပို၍ ပြေးလာကြပြီး အမှန် တကယ်ပင် ရာနှင့်ချီ ရှိလာခဲ့သည်။

တောက်ပသော အလင်းတန်းများ တစ်ခုပြီးတစ်ခု ကောင်းကင်သို့ မြင့်တက် လာပြီး လဟာပြင်တစ်ခုလုံးကို နေ့ဘက် ကဲ့သို့ ထွန်းလင်းသွားစေသည်။ သူတို့၏ အရှိန်အဟုန်သည် အလွန်ကြီးမား၏။

မျက်စိ တစ်မှိတ်အတွင်း ချန်လွေ့နှင့် ဇိုလာတို့အား အရပ်မျက်နှာအသီးသီးမှ လူများက ဝိုင်းရံ ပိတ်ဆို့ ထားလိုက် ကြသည်။ သူတို့က မှော်ဒူးလေးများကို ကိုင်စွဲထားကြပြီး ကျောပေါ်တွင် လက်နက် အမျိုးမျိုးကို သယ်ဆောင် ထားကြသည်။ သူတို့ လှုပ်ရှားမှုများက ရိုးရှင်းပြီး မြန်ဆန်ကာ ကောင်းကောင်း လေ့ကျင့်ထားပုံရသည်။

မီးခိုးရောင် ဝတ်ရုံဝတ် အမျိုးသား တစ်ဦးက အတော်လေး ထင်ရှားနေ၏။ ထိုအမျိုးသားက ဆံပင်နက်တိုတိုနှင့် ပိန်သွယ်သော ခန္ဓာကိုယ်ရှိပြီး ပါးပြင်တွင် အမာရွတ်အချို့ ရှိကာ သူ၏ မျက်နှာ အမူအရာကို ပို၍ပင် ကြမ်းတမ်း စေသည်။ သူက ဘယ်လက်တွင် ဓားတစ်လက်ကို ကိုင်ထားပြီး ညာလက်၌ မှော်တုတ်တံတစ်ချောင်းကို ကိုင်ထား၏။

“ဒီနေ့ ကံကောင်းတဲ့ပုံပဲ။ ရောက်တာနဲ့ ဒီလို ကြီးမားတဲ့ ရိတ်သိမ်းမှု ရနေတယ်။” ထိုလူက ချန်လွေ့တို့ နှစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “အပြစ်သားတွေရဲ့ မျိုးဆက်တွေ။ မင်းတို့ ဆိုးသွမ်းတဲ့ပုံကို နောက်ဆုံးတော့ ပြလာပြီပဲ။။ တစ်မိနစ် အချိန်ပေးမယ်။ လက်နက်ချပါ။ ဒါ မင်းတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ မဟုတ်လို့ကတော့ ငါက အလင်းကို ကိုယ်စားပြုပြီး မင်းတို့ကို နောက်ဆုံး စီရင်ချက်ချပစ်မယ်။”

[သရုပ်ခွဲမျက်လုံး] မပါဘဲ နှင့်ပင် ထိုသူ၏ စွမ်းအားက တိုင်းပြည်ဖန်တီးရန် ခြေတစ်လှမ်းလိုနေပြီး S++ အဆင့်သာ ရှိသေးကြောင်း ချန်လွေ့ ခံစားမိနိုင်သည်။ သူ၏ အကြည့်က ခက်ထန်ပြီး သတ်ဖြတ်ချင်စိတ် အနည်းငယ် ပါဝင်၏။ သူက တိုက်ပွဲများတွင် အတွေ့အကြုံ ရှိသည်မှာ ထင်ရှားပေသည်။

ထိုကဲ့သို့ စွမ်းအားမျိုးက သူ့အတွက် ဘာမှမဟုတ်ပေ။ ဒါပေမယ့် [သရုပ်ခွဲ မျက်လုံး] ထဲ၌ ချန်လွေ့ရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သော အချက်အလက် တစ်ခု ရှိလေသည်။ ထိုအရာက [ကောင်းချီးအလင်းခန္ဓာ] ပင်။

တစ်ခုခု အထင်လွဲစရာ ဖြစ်နေကြောင်း ချန်လွေ့ သိလိုက်ရသည်။ တစ်ချိန် တည်းမှာပင် တစ်ဖက်လူကလည်း သူ့ကို အထင်မှားခဲ့သည့် အတွက် သူက အစမ်းသဘော မေးကြည့်လိုက်သည်။ “ခင်ဗျားတို့က... သိဒ္ဓိကျောင်းတော် ကလား။”

“ဒီလောက် ရှင်းနေတာကို ဘာလို့ မေးနေရတာလဲ။” ထိုအမျိုးသား ရယ်လိုက်သည်။ “ငါ စီရက်စ်ရဲ့ နည်းလမ်းတွေကို မင်း ကြားဖူးမှာပါ။ ငါက မင်းတို့အတွက် ကံကောင်းမှု နည်းနည်းလေးတောင် ချန်ထားခဲ့မှာ မဟုတ်ဘူး။ မင်းတို့မှာ စက္ကန့် ၄၀ အချိန် ရသေးတယ်။”

“တရားသူကြီးချုပ် စီရက်စ်။” ချန်လွေ့ ရင်းနှီးသော နာမည်တစ်ခုကို သတိရ လိုက်သည်။ နောက်ဆုံး နှင်းဒဲလက်ပန်း ဖြစ်စဉ်က သူသည် သိဒ္ဓိကျောင်းတော်မှ အဆင့်မြင့် အရာရှိများစွာနှင့် တိုက်ခိုက်ခဲ့ ဖူးသော်လည်း ထိုတရားသူကြီးချုပ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

စီရက်စ်က တကယ့် တိုက်ခိုက်ရေး သမားတစ်ဦး ဖြစ်ပုံရ၏။ တနည်းအားဖြင့် ဘုရားကျောင်း၏ လူသတ်ဓားပင်။ သူက သဘောထား မတူသူများကို ဖယ်ရှားရန် မည်သည့် အရာမဆို လုပ်ဆောင် လိမ့်မည်။ တရားသူကြီး တိုက်ခိုက်ရေး စွမ်းရည်က အရပ်ဘက်ဝန်ထမ်းများနှင့် သာမန်စစ်သည်တော်များထက် များစွာ သာလွန်သည်။ ကျက်သရေဆောင် ဓားဆရာသခင် ပါဆာလီပင် ပင်လျှင် ရန်သူအပေါ် ရက်စက်မှုနှင့် မဆင်မခြင် ဆောင်ရွက်မှုတို့တွင် စီရက်စ်ထက် များစွာ နိမ့်ကျပေသည်။

သို့သော် စီရက်စ်၏ ခွန်အားက ချန်လွေ့အတွက် နိမ့်ကျသည်။။ ချန်လွေ့ စိတ်ပြောင်းပြီး ပြောလိုက်။ “ဆာ-စီရက်စ်။ ဒါက အထင်လွဲတာပါ။”

“စက္ကန့် ၃၀...” စီရက်စ်က အေးစက်ပြီး ပြင်းထန်သော အပြုံးကို ပြသ လိုက်သည်။ သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ တရားသူကြီးများအားလုံး လက်ချောင်းများကို မှော်ဒူးလေးများ၏ ခလုတ်ပေါ်တွင် တင်ထားလိုက်ကြသည်။

ချန်လွေ့ သက်ပြင်းချကာ ဇိုလာအား ဦးညွှတ်လိုက်၏။ “အလှဆုံး အမျိုးသမီး အစောင့် အရှောက်။ ဒီစိတ်ဓာတ် ပြင်းပြတဲ့ တရားသူကြီးတွေရဲ့ စိတ်ကို အောင်လုပ်ဖို့ ခင်ဗျားရဲ့ အကူအညီ လိုအပ်နေတဲ့ပုံပဲ။”

ဇိုလာ မျက်တောင် ခတ်လိုက် သောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း တပြိုင်နက်တည်း တုန်လှုပ်သွားကြ၏။ ထို့နောက် သူတို့၏ လက်များနှင့် ခြေထောက်များ အေးခဲသွားသကဲ့သို့ တောင့်တင်းနေ သလို ခံစားလိုက်ရသည်။ အကြီးအကဲ တရားသူကြီး စီရက်စ်ပင် အလားတူ ဖြစ်သည်။

စီရက်စ်က မှော်နှင့် သိုင်းပညာကို ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ဒြပ်စင် စွမ်းအားကို ချက်ချင်းခံစားလိုက်ရသည်။ သူ အံ့အားသင့်သွားပြီး မှော်တုတ်တံ ပေါ်ရှိ အမှတ်အသားတစ်ခုကို ချက်ချင်း အသက်သွင်း လိုက်သည်။ ထိုအရာက ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်ပြီး ကောင်းကင်သို့ ထွန်းလင်း တောက်ပသော အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းပင် ထိုအလင်းတန်းထဲတွင် နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုသူက ဆံပင် ရွှေရောင်နှင့် အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ဖြစ်သည်။ သူ၏ကိုယ်ခန္ဓာက အဖြူရောင် အလင်းဖြင့် တောက်ပနေပြီး နောက်ကျောတွင် အဖြူရောင်တောင်ပံ ၆စုံ ရှိနေသည်။

မျိုးနွယ်စု - လူသား

စွမ်းအားအကဲဖြတ်မှု - SSS-

ခန္ဓာအမျိုးအစား - SSS-

ခွန်အား - SSS-

စိတ်ဝိညာဉ် - SSS

အမြန်နှုန်း- SSS-

[စိစစ်ချက်] - အလင်းဒြပ်စင်၊ ရေဒြပ်စင်၊ ကုသနိုင်စွမ်း၊ အချိန်သဲ။

အန္တရာယ်အဆင့် - မြင့်မား။

တကယ့် ကောင်းကင်တမန်များ ဖြစ်သော ရာဖယ်ရယ်နှင့် ကာမေရယ်နှင့် မတူဘဲ ရောက်လာသူက တမန်တော်ဘွဲ့ ရရှိထားသော လူသားတစ်ဦး ဖြစ်နိုင် ပေသည်။ ချန်လွေ့က ထိုလူမျိုးကို သိပ္ပံနည်းကျ အမည်တစ်ခု ပေးထား၏။ တမန်တော်-ယောင် ဟူ၍ပင်။

ထိုတမန်တော်-ယောင် ပေါ်လာ သည်နှင့် တပြိုင်နက် စီရက်စ်နှင့် အခြားသူများ ကြုံရသော အအေးဓာတ် လျော့ကျသွားပြီး သူတို့၏ မျက်လုံးများ လင်းလက်လာခဲ့သည်။

တမန်တော်-ယောင်က မျက်မှောင် ကြုတ်သွားသည်။ စီရက်စ်နှင့် အခြား သူများ ခံစားခဲ့ရသော အအေးဓာတ်က ရေဒြပ်စင်စွမ်းအားဖြစ်ပြီး ပြင်းထန်မှုက တိုင်းပြည်အဆင့်သာ ရှိနေသေးသည်မှာ သိသာ၏။ သို့သော် သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် အအေး သက်ရောက်မှုကို လုံးဝဖျက်သိမ်း၍ မရပေ။ ထိုအရာမှာ ရန်သူ၏ ရေဒြပ်စင်ကို ထိန်းချုပ်နိုင်စွမ်းက ရေဒြပ်စင်ကို အထူးပြုသော နတ်ဘုရား တစ်ပိုင်း တစ်ဦးဖြစ်သည့် သူထက်ပင် သာလွန်ကြောင်း ပြသနေ၏။

တမန်တော်-ယောင်၏ မျက်လုံးများက ချက်ချင်းပင် ဇိုလာကို ကြည့်လိုက်သည်။ ချန်လွေ့ကဲ့သို့ ‘စစ်သည်တော်’ အဆင့် ‘ပုရွက်ဆိတ်’ကို ဒုတိယ အကြိမ်ပင် လှမ်းမကြည့်ခဲ့ပေ။ သို့သော်လည်း ထို‘ပုရွက်ဆိတ်’ တွင် သူတို့အားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားရှိနေသည်ကို တမန်တော်-ယောင် မသိခဲ့ပေ။

All Chapters