လျို့ဝှက်ချက်၊ သဒ္ဓိ အင်ပါယာဟောင်း
Vol. 59 Ch. 965
ချန်လွေ့က တမန်တော်-ယောင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျောင်းတော်က ဆာ-တမန်တော်ကိုး။ ဒါတွေ အားလုံးက အထင်လွဲနေတာ သက်သက်ပါ။ ကျုပ်တို့က ဒီနေရာကို မတော်တဆ ဖြတ်လာမိတာပါ။”
“ဆာ-ကူးလား။ သူတို့ရဲ့ အလိမ် အညာ စကားကို နားမထောင်ပါနဲ့။” တရားသူကြီးချုပ် စီရက်စ်၏ အသံ ထွက်ပေါ် လာသည်။ ကျုပ်တို့ ဒီကို ရောက်လာတော့ အပျက်အစီးက စဖွင့်လိုက်ရုံပဲ ရှိသေးတယ်။ ဒီစုံတွဲပဲ ရှိတာ။ သူတို့က အပြစ်သား မျိုးဆက် တွေဆိုတာ အသေအချာပဲ။”
အပြစ်သား မျိုးဆက် ဟုတ်လား။ စီရက်စ်က ထိုစကားကို ထပ်ခါတလဲလဲ အလေးပေး ပြောနေခြင်းက ချန်လွေ့၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။ ဒီလိုဆိုရင် ‘အနက်ဝတ်နဲ့ခေါင်းဆောင်’ က အဲဒီ ‘အပြစ်သားမျိုးဆက်’ ပေါ့။ ဒီစကားလုံးက ဘာကို ဆိုလိုတာလဲ။
တမန်တော်-ယောင် ကူးလား၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေပြီး ကြီးမားသော တိုင်းပြည် အဆင့် စွမ်းအားများက ချက်ချင်း စုစည်းသွားသည်။ ဇိုလာက ပြိုင်ဘက်၏ ခွန်အားကို ခံစားမိခဲ့ရာ လေးနက်သော အသွင်ကို ပြသခဲ့ပြီး ဒြပ်စင်၆ခု တိုင်းပြည် အဆင့် စွမ်းအားလည်း လျင်မြန်စွာ စတင် လှိမ့်တက်လာခဲ့သည်။
ထိုအချိန် ချန်လွေ့၏ လက်ထဲမှ ငွေရောင်အလင်း နှစ်ခု လင်းလာ၏။ ထိုအရာက ငွေဖြူရောင် ချိန်းကြိုးနှစ်ခု ဖြစ်ပြီး တဝက် ဖောက်ထွင်း မြင်နေရ သော်လည်း ကူးလား ပတ်ပတ်လည်မှ အလင်းရောင်ပြင်းပြင်းက ဒီငွေဖြူရောင် ချိန်းကြိုးနှစ်ခု၏ တောက်ပမှုကို မလွှမ်းမိုး နိုင်ခဲ့ပေ။
ကူးလားက ချိန်းကြိုးနှစ်ခုကို မြင်သော အခါ အံ့သြသွားပြီး လွှတ်ခနဲ ပြောလိုက် လေသည်။ “စိတ်ချိန်းကြိုး!”
ဒီချိန်းကြိုးနှစ်ခု ပေါ်လာသည်နှင့် တမန်တော်-ယောင်၏ အာရုံစိုက်မှုက ချန်လွေ့ထံ လုံးဝပြောင်းသွား၏။
“ဆာ၊ ဒါက အထင်လွဲတာ သက်သက် ပါလို့ ကျုပ် ပြောခဲ့ပြီးပါပြီ။”
“ဆာ-ကူးလား!” စီရက်စ်က ချိန်းကြိုး နှစ်ခု၏ အဓိပ္ပာယ်ကို နားမလည်ပေ။ ကူးလား၏ သတ်ဖြတ်ချင်စိတ် အရှိန် အဟုန်ဖြင့် အားနည်း သွားကြောင်းကို ခံစားမိသောအခါ သူက အလျင်အမြန် မေးလိုက်သည်။
ကူးလားက စီရက်စ်ကို လျစ်လျူရှုပြီး ချန်လွေ့ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ “မင်းမှာ... တခြား တစ်ခုခု ရှိသေးတယ် မဟုတ်လား။”
ချန်လွေ့ ချက်ချင်းမဖြေဘဲ အနီးအနား ကိုသာ ကြည့်လိုက်၏။ “ဆာ။ ဒီမှာ လူတွေ အရမ်း များနေတယ်လို့ မထင် ဘူးလား။”
“စီရက်စ်...” ကူးလားက ချက်ချင်း ပြောလိုက်၏။ “အားလုံးကို သွားခိုင်း။”
စီရက်စ်က အံ့အားသင့်သွားပြီး ထပ်မံ မမေးရဲတော့ပေ။ သူက ချက်ချင်း အမိန့် ထုတ်ပြန်လိုက်ရာ တရားသူကြီးများ အားလုံးက နေရာမှ လျင်မြန်စွာ ထွက်ခွာ သွားကြသည်။
ချန်လွေ့၏ လက်ထဲတွင် လက်စွပ် တံဆိပ်တစ်ခု ရှိနှင့်နေပြီး ဖြစ်သည်။ ထိုတစ်ခေါက်တွင် စီရက်စ်ပင် ၎င်းကို မှတ်မိသွားပြီး တအံ့တသြနှင့် ပြောလိုက် လေသည်။ “သိဒ္ဓိလက်စွပ် တံဆိပ်!”
ဒီတံဆိပ်က သာမန်အရာမဟုတ်ပေ။ ၎င်းက ကောင်းကင်တမန် ရာဖယ်ရယ်ကို ကိုယ်စားပြု၏။ စီရက်စ် သိထား သလောက်မှာ ဂိုဏ်းချုပ်နှင့် သိဒ္ဓိ ကောင်းချီးခန်းမရှိ သိဒ္ဓိမိန်းမပျိုတို့၌ပင် တစ်ခုစီ ရှိကြသည်။ ဒီ‘အပြစ်သား မျိုးဆက်’မှာ ရှိနေမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။
“သေချာတယ်။ မင်းပဲ!” ကူးလားက အငွေ့အသက်ကို လုံးဝ ထိန်းချုပ်ထားပြီး ပြောလိုက်သည်။ “မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ။”
ချန်လွေ့က မချိပြုံး ပြုံးလိုက်သည်။ “ဆာ-စီရက်စ်ကို ကျုပ် ခုနက ပြောခဲ့ ပါတယ်။ လမ်းကြုံဖြတ်လာတာလို့။ ဒါက လုံးဝ အထင်လွဲနေတာပါ။”
စီရက်စ်က အံ့ဩတကြီး သတိထားပြီး မေးလိုက်၏။ “ဆာ-ကူးလား။ ဒီ လူကြီးမင်းက...”
“မင်း သူ့ကို ‘အရှင်သူမြတ်’လို့ ခေါ်သင့်တယ်။” ကူးလားက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “တရားဝင် ဘိသိက်ခံပွဲ မဖြစ်သေးပေမယ့်လို့ပေါ့။”
“ဒါဆို သူက...” စီရက်စ် နောက်ဆုံး နားလည်သွား၏။ သူ ဘာမှ သံသယ မရှိတော့ဘဲ ချန်လွေ့ကို ချက်ချင်း အရိုအသေ ပြုလိုက်၏။ “အရှင်သူမြတ် အာသာ!”
စီရက်စ်က အဆင့်မြင့် ကျောင်းတော် ခေါင်းဆောင် တစ်ဦး ဖြစ်သောကြောင့် ဆူးသရဖူ၏ ပိုင်ရှင်အသစ် ဖြစ်သည့် မင်းသား အာသာကို ရာဖယ်ရယ်မှ သန့်ရှင်းစေခဲ့ပြီး သူက ကျောင်းတော်၏ သိဒ္ဓိသားတော် ဖြစ်လာတော့မည် ဖြစ်ကာ နောက်ထပ် ပုပ်ရဟန်းမင်း၏ အရိုက်အရာဆက်ခံသူ ဖြစ်လာတော့မည် ဖြစ်ကြောင်းကို သိရှိထားခဲ့သည်။
တရားရုံးက ပုပ်ရဟန်းမင်း၏ တိုက်ရိုက် အင်အားစုဖြစ်သောကြောင့် စီရက်စ်က ကျောင်းတော် အုပ်ချုပ်သူ အလောင်းအလျာနှင့် တိုက်ရိုက် အထက် အရာရှိအပေါ် လေးစားသမှု ပြသခဲ့သည်။
“ဒါက များလွန်းနေပါပြီ။ ကျုပ်က တရားဝင် ရာထူးမတိုးသေးဘူး ဆိုတော့ နာမည်ရင်းကိုပဲ ခေါ်ပါ။” ချန်လွေ့က တစ်ခုခုကို သတိရသွားသလို ဇိုလာကို ပြောလိုက်သည်။ “ရုပ်ဖျက် ပညာရပ်ကို အရင် ပြန်ဖျက်ပေးပါဦး။”
ဇိုလာက လက်ကို ဝှေ့ယမ်း ဟန်ဆောင် လိုက်ရာ ချန်လွေ့က သူ့၏ မူရင်း ‘အာသာ’ ပုံစံသို့ ပြောင်းလဲ လိုက်သည်။ သူက စီရက်စ်ကို ပြန်လည် နှုတ်ဆက်လိုက်သည်။ “ကျုပ်က ဒီတစ်ခါ ကျက်သရေပြာ အင်ပါယာကို သွားမှာပါ။ ဒါပေမယ့် ယန်ရှောင်အင်ပါယာမှာ လုပ်ကြံ ခံခဲ့ရတယ်။ တစ်ဖက်လူရဲ့ ထောင်ချောက်ထဲကို ကျသွားပြီးတော့ လူပုတွေ လက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့တယ်။ အဲဒါကြောင့် လူခွဲပြီး သွားဖို့ စီစဉ်ခဲ့တာ။ ကျုပ်နေရာမှာ ဟန်ဆောင်ပြီး အစောင့်အရှောက် အဖွဲ့နဲ့ ဆက်သွား ခိုင်းပြီးတော့ ကျုပ်က လမ်းကြောင်း ပြောင်းပြီး သွားနေတာပါ။”
“သြော်... သဘောပေါက်ပြီ။” ကူးလား ခေါင်းညိတ်လိုက်သည်။ “မင်းက တကယ် ဉာဏ်များပြီး ဆာ-ရာဖယ်ရယ် တန်ဖိုးထားရတဲ့ ပါရမီရှင်တစ်ဦး ဆိုတာ အသေအချာပဲ။”
“ဆာ-ကူးလား ချီးမွမ်း လွန်းနေပါပြီ။” ချန်လွေ့က နှိမ့်ချလျက် ပြောလိုက်ပြီး စကားစကို ပြန်ပြောင်းလိုက်သည်။ “ဒီနေ့မွန်းလွဲပိုင်းမှာ မိုးတိမ်မြို့ကို ရောက်လာတော့ ညဘက်မှာ ထူးဆန်း တာတွေ ရှိတယ်လို့ ကြားလို့ အစောင့် အရှောက်နဲ့အတူ ဘာဖြစ်မလဲဆိုတာ သွားရှာခဲ့တာပါ။ မထင်မှတ်ဘဲ ဆာ-စီရက်စ်နဲ့ အချိန်ကိုက် တွေ့ပြီးတော့ အထင်လွဲမှုတွေ ဖြစ်သွားခဲ့တယ်။”
“ခင်ဗျားရဲ့ အစောင့်အရှောက်က... စွမ်းအား အတော်လေး ကောင်းတယ်။” ကူးလားက ဇိုလာကို ကြည့်ပြီး ချီးကျူး လိုက်သည်။ ရှေးဟောင်းအဖွဲ့အစည်း၏ အစောင့်အရှောက်က သာမန်ထက် ထူးချွန်မည်မှာ သေချာ ပေသည်။ သို့သော် ‘သိဒ္ဓိသားတော်’၏ အစောင့် အရှောက် ဖြစ်ရာ ကျောင်းတော်၏ စွမ်းအားနှင့် ညီမျှပေသည်။ ထို့ကြောင့် စွမ်းအားကြီးလေ ပိုကောင်းလေပင်။
ဇိုလာက ကူးလားကို လေးစားသမှုနှင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ မစ်-နတ်မိမဘ်နဂါးက နတ်ဘုရားတစ်ပိုင်း နှင့် အတော်လေး နီးစပ်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်ခါနီး နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိ သွားခြင်းက လုံးဝ ကွာခြားပေသည်။ သူတို့ တကယ်တမ်း တစ်ယောက်ချင်း တိုက်ခိုက်ရလျှင် ဇိုလာက ကူးလား၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။ သူ လွတ်မြောက်နိုင်လျှင်ပင် ကံကောင်းပြီဟု ဆိုရပေမည်။
သို့သော်လည်း နှစ်ဖက်လုံး တကယ် တိုက်ခိုက်ကြလျှင် ချန်လွေ့က [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] ဖြင့် ကူးလား အပါအဝင် အားလုံးကို အဆုံးသတ်ပစ်နိုင်၏။ ‘သိဒ္ဓိ သားတော်’ အဖြစ် သူ့သရုပ်ကို ဖော်ပြရန် ရွေးချယ် ခဲ့ခြင်းက ကိုယ်တိုင် စဉ်းစားထားသော အရာများကြောင့်ပင်။
“တကယ်တော့ ဆာ-စီရက်စ် မရောက် လာခင်မှာ အနက်ရောင် ဝတ်ရုံဝတ် လူအချို့နဲ့ ကျုပ်တို့ တိုက်ခိုက်ခဲ့တယ်။ အနက်ရောင် ဝတ်ရုံဝတ် ခေါင်းဆောင် တစ်ဦးကို ကျွန်တော့် အစောင့် အရှောက်က အနိုင်ယူပြီး ထွက်ပြေး သွားတယ်။ ကျန်တဲ့ အနက်ရောင် ဝတ်ရုံဝတ် လူတွေက ကိုယ့်ကိုယ်ကို သတ်သေသွားပြီး ဘယ်သူမှ မကျန်ဘူး။ သူတို့က တော်တော် ပြတ်သားတယ်။... ဒီလူတွေရဲ့ ဇစ်မြစ်က ဘာများလဲ။”
“ဒါက ကျောင်းတော်ရဲ့ လျှို့ဝှက်ချက် ဖြစ်ရမှာ။” စီရက်စ် ခဏစဉ်းစားလိုက်ပြီး ကူးလားကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြောသည်။ “ဒါပေမယ့် အရှင်သူမြတ် အာသာ...အရှင်မင်းသားက နောက်ဆုံး ဒီအချက် အလက်တွေကို သိရမှာပဲ ဆိုတော့ ကျုပ် မဖုံးကွယ်တော့ပါဘူး။ တိမ်စီးနင်း အင်ပါယာ အကြောင်း ကြားဖူးလား။”
“တိမ်စီးနင်းအင်ပါယာလား။” ချန်လွေ့ စိတ်ထဲ လှုပ်ရှားသွားပြီး ခေါင်းညိတ် လိုက်သည်။ “ဆာ-ဂရာလင်က တိမ်စီးနင်း အင်ပါယာ အကြောင်း ပြောပြဖူးတယ်။”
လူသားလောကတွင် နဂါးလင်းလက် အင်ပါယာ၊ ကျက်သရေပြာ အင်ပါယာနှင့် တိမ်စီးနင်းအင်ပါယာဟူ၍ သိဒ္ဓိအင်ပါယာ သုံးခု ပူးတွဲ တည်ရှိခဲ့ကြသည်။ လက်ရှိ ချန်လွေ့ ပိုင်ဆိုင်သော ဆူးသရဖူက တိမ်စီးနင်းအင်ပါယာ၏ သိဒ္ဓိအမွေအနှစ် တစ်ခု ဖြစ်သည်။ သို့သော် တိမ်စီးနင်း အင်ပါယာ၏ ကံကြမ္မာက အလွန် ဝမ်းနည်းဖွယ် ကောင်းပြီး ၎င်းတို့ကို မရဏနက် နောက်လိုက်များက လုံးဝ ထိန်းချုပ်ထားခဲ့လေသည်။ သူတို့က တိုင်းပြည်ရှိ မြို့နှင့်မြို့ငယ် ၃၀မှ လူအားလုံးကို လူမဆန်စွာ ယဇ်ပူဇော် ခဲ့ကြသည်။ ထိုဖြစ်ရပ်မှ ထွက်ပြေး လွတ်မြောက် လာသော အသက်ရှင် ကျန်သူများက ထုတ်ဖော် လိုက်သော အခါ လူသားလောက တစ်ခုလုံး တုန်လှုပ် ခဲ့ကြသည်။ ကျောင်းတော်၏ ဦးဆောင်မှု အောက်၌ နဂါးလင်းလက် အင်ပါယာနှင့် ကျက်သရေပြာ အင်ပါယာတို့ကို ခေါင်းဆောင် အဖြစ်ထားကာ အင်ပါယာ အားလုံးနီးပါး ပူးပေါင်းပြီး ကြောက်စရာ ကောင်းသော ကပ်ဘေးကို ဖြေရှင်းရန် တိမ်စီးနင်း အင်ပါယာကို ချေမှုန်းခဲ့ကြ လေသည်။
“ဒီလိုဆိုရင် အသေးစိတ် မပြော တော့ပါဘူး။ မိုးတိမ်မြို့က တိမ်စီးနင်း မြို့တော်ရဲ့ နေရာဟောင်း ဖြစ်ပြီးတော့ အရင်က အစွန်းရောက်တွေ စတေးတဲ့ ဗဟိုချက် ဖြစ်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ စတေးမှုတွေရဲ့ အငြိုး စွမ်းအားတွေ စုစည်းရာ နေရာပေါ့။ အမှောင်ထု ထုံးတမ်းစဉ်လာတွေကြောင့် ဒီအငြိုးတွေ နှစ်ပေါင်းများစွာ မပျောက်သွားဘဲ တည်ရှိနေတယ်။ အခုချိန်ထိ မိုးတိမ်မြို့ နယ်မြေက ကြောက်မက်ဖွယ်ရာ ဝိညာဉ် စွမ်းအားတွေနဲ့ ပြည့်နေတုန်းပဲ။ ညတိုင်း အပြင်ကို ပျံ့နှံ့ပြီး သက်ရှိအားလုံးကို ထိခိုက်စေတယ်။ အရင်က ပြန်လည် တည်ဆောက် ပြီးနောက် ဒီနေရာက စည်ပင်သာယာတဲ့ မြို့တစ်မြို့ ဖြစ်လာ ခဲ့ပေမယ့် ဒီအကြောင်းအရင်းကြောင့် တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာခဲ့တယ်။ တုရင် အင်ပါယာရဲ့ မိုးတိမ်မြို့က လုံးဝ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ရောက်နေပြီ။ နှစ်တိုင်း ဒီအပတ်မှာ အငြိုး စွမ်းအားတွေ ဆက်ပြီးတော့ နက်ရှိုင်း လာခဲ့တယ်။ နောက်ဆုံး လေ့လာဆန်းစစ်မှုတွေ အရ ဒါက လူလုပ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီအချိန်က တိမ်စီးနင်း အင်ပါယာ ကျဆုံးတဲ့နေ့ ဖြစ်လို့ပဲ။ ဒါကတော့ အမှောင်ထုရဲ့ လုံးဝ တိုက်စားတာ ခံထားရတဲ့ တိမ်စီးနင်း အင်ပါယာက ရှင်ကျန်သူတွေ...တော်ဝင် မျိုးနွယ်တွေရဲ့ မျိုးဆက်တွေက တမင် ဆိုးယုတ်တဲ့ ထုံးတမ်းစဉ်လာတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဆာ-ကူးလားကို ခုံသမာဓိအဖွဲ့ရဲ့ လက်ရွေးစင်တွေကို ဒီနေရာဆီ ဦးဆောင်ပြီး ချောင်းမြောင်းတို က်ခိုက်ဖို့ ဖိတ်ခေါ်ခဲ့တာ။ ဒါပေမယ့် မထင်မှတ်ဘဲ အရှင်မင်းသားနဲ့ တိုက်ဆိုင် သွားတာပါ။”
တိမ်စီးနင်း အင်ပါယာ တော်ဝင် မျိုးဆက်၊ ထုံးတမ်းစဉ်လာ၊ အနက်ရောင် ဝတ်ရုံနဲ့ ခေါင်းဆောင်...
အမုန်းတရား၊ သွေးစတေးတာ...
ချန်လွေ့ မှတ်ဉာဏ်ထဲ စကားလုံးများ နားထဲသို့ ပဲ့တင်ပြန်ထပ်နေ သလိုပင်။ “ဒါတွေ အားလုံးက ငါ့ရဲ့ ကံကြမ္မာပဲ။ ငါ့ရဲ့ကံကြမ္မာက မွေးကတည်းက ကံဆိုး နေပြီးသား။”
ရုတ်တရက် ချန်လွေ့က တစ်ခုခုကို နားလည်သွားသည်။
“ကံဆိုးချင်တော့ ခေါင်းဆောင်ကို မဖမ်းမိခဲ့ဘူး။ ဒီက အငြိုးတွေကို ပယ်ဖျက်ပေးဖို့ ကြိုးစားကြည့်မယ်။” ချန်လွေ့က အမြန် စဉ်းစားလိုက်ပြီး ခေါင်းပေါ်မှာ ဆူးသရဖူ ပေါ်လာကာ မြင့်မြတ်သော အငွေ့အသက်များ တဖြည်းဖြည်းထွက်လာ၏။ အနီးအနားမှ ပြင်းထန်တဲ့ အငြိုးများ ချက်ချင်း သိသိ သာသာ လျော့ကျသွားခဲ့သည်။
[ကောင်းကင်ကောင်းချီး]! စီရက်စ်၏ မျက်လုံးများ လင်းလက်လာပြီး ကူးလား ခေါင်း အနည်းငယ် ညိတ်လိုက်သည်။ ဆူးသရဖူက အသိအမှတ်ပြုထားသော ပိုင်ရှင်နှင့် [ကျက်သရေ အလင်းခန္ဓာ] ပိုင်ရှင်တစ်ဦး ဆိုသည့် အတိုင်းပင်။ သူသည် စစ်သည်တော် အဆင့်တွင်သာ ရှိသော်လည်း ထိုမျှ အစွမ်းထက်သော [ကောင်းကင်ကောင်းချီး] စွမ်းအားကို ထုတ်လွှတ်နိုင်နေသည်။
သို့သော် ဆူးသရဖူ၏ [ကောင်းကင် ကောင်းချီး] စွမ်းအား ပျောက်ကွယ် သွားသောအခါ အငြိုးက မူလ သိပ်သည်းမှုသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ လျော့နည်းသွားသော လက္ခဏာ မရှိနေပေ။
“အာသာ။ အလဟဿ အားအင်တွေ မဖြုန်းတီးနဲ့။” ကူးလား ခေါင်းခါ လိုက်သည်။ “[ကောင်းကင်ကောင်းချီး] ရဲ့ စွမ်းအားက ဒီက အငြိုးတွေကို ထိန်းချုပ်နိုင်ပေမယ့် ‘ပမာဏ’က ကြီးမား လွန်းတယ်။ ပြီးတော့ အရင်က ထုံးတမ်း စဉ်လာတွေက မသိရသေးတဲ့ လျှို့ဝှက် အန္တရာယ်တွေ အများကြီး ချန်ထား ခဲ့တယ်။ အဲဒါကြောင့် ဆူးသရဖူ တစ်ခုတည်းနဲ့ ဒီဆိုးယုတ်တဲ့ စွမ်းအား တွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။”
ချန်လွေ့က ဝမ်းနည်းကြောင်း ပြောပြီး မေးလိုက်သည်။ “ဆာ-ကူးလား၊ ကျုပ် ဆူးသရဖူကို အသက်သွင်းတုန်းက ထူးဆန်းတဲ့ တုံ့ပြန်မှုတွေ ရခဲ့တယ်။ ‘ဝိညာဉ်မျိုးကွဲ’၊ ‘သွေးစတေးဝိညာဉ်’၊ ‘အသူရာချောက်နက်သခင်’ အဲဒီလိုမျိုး စကားလုံးတွေ ရှိနေတဲ့ပုံပဲ။ အဲဒါတွေရဲ့ အဓိပ္ပာယ်ကို သိချင်ပါတယ်။”
ထိုမေးခွန်းမှာ ကျောင်းတော်နှင့် ‘မိတ်ဆွေဖွဲ့’ခြင်းနှင့် ဆူးသရဖူကို ထုတ်ဖော်ပြသ ရသည့် တကယ့် ရည်ရွယ်ချက်ပင်။
“တကယ် အဲဒီလိုမျိုး ရှိတာလား။” ကူးလားက ထိတ်လန့်သွားပြီး ကြောက်ရွံ့ တုန်လှုပ်သော မျက်နှာကို ပြလိုက်၏။ “အသေးစိတ်က ဘယ်လိုလဲ။”
“ကျုပ်လည်း မသိဘူး။ အချက် အလက်တွေက ပြန့်ကျဲနေသလိုပဲ။ အဲဒီ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို အရင်ဆုံး နားလည်ရမယ်လို့ ထင်တယ်။”
ကူးလားက စီရက်စ်ကို ကြည့်လိုက်ရာ စီရက်စ်က ချက်ချင်း နားလည်သွား၏။ “ကျုပ် အရင်ဆုံး တရားသူကြီးတွေကို စုစည်းပြီး ဒီနယ်မြေက ထောင်ချောက် တွေနဲ့ ယဇ်ပလ္လင်နဲ့ သက်ဆိုင်တဲ့ ပစ္စည်း တွေကို ရှင်းလင်းလိုက်ပါ့မယ်။”
စီရက်စ် သွားပြီးနောက် ကူးလားက ဇိုလာကို ထပ်မံ ကြည့်လိုက်သည်။ ချန်လွေ့က ပြုံးပြီး ပြောလိုက်သည်။ “ဆာ။ ဒီမစ်-ဇိုလာက ကျုပ် ဆက်ခံခဲ့တဲ့ ရှေးဟောင်းအဖွဲ့အစည်းရဲ့ အမြင့်ဆုံး အစောင့်အရှောက်ဖြစ်သလို ကျုပ်ရဲ့ ဇနီးလည်း ဖြစ်တယ်။ သူက ကျုပ်ကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သူ့ကို ဖယ်ခိုင်းစရာ မလိုပါဘူး။”
ကူးလား ခဏတာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ “ဒါက တကယ့်ကို ရှေးဟောင်း လျှို့ဝှက်ချက် တွေ ပါဝင်နေလို့ ကျုပ် သတိထားရမယ်.. မင်းက ဂရာလင်ဆီကနေ တိမ်စီးနးင်း အင်ပါယာ အကြောင်းကို ပြောတာ ကြားဖူးတယ် ဆိုတော့ မရဏနက် နောက်လိုက်တွေ အကြောင်း သိမှာပေါ့။ အဲဒီ မရဏနက် နောက်လိုက်တွေက အရာရာကို ဖျက်ဆီးပြီးတော့ ဆိုးညစ်တဲ့ သတ္တဝါတွေကို ကိုးကွယ်ကြတယ်။ အဲဒီ သတ္တဝါတွေကို ‘အသူရာချောက်နက်’ လို့ ခေါ်ပြီးတော့ ရှေးစကားနဲ့ ဆိုရင် ‘တားမြစ်ချက်’ လို့ အဓိပ္ပာယ်ရတယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်၏။ သူက ထယ်တင်းနစ်ကို ‘အသူရာချောက်နက်’ အကြောင်း မေးသောအခါ လွန်ခဲ့သော နှစ်၁၀၀၀က အသိပညာကို ဆက်ခံ ထားသော အဘိုးကြီးက အချိန် အကြာကြီး စဉ်းစားပြီး ‘တားမြစ်ချက်’ ဟူသော စကားလုံး တစ်လုံးတည်းသာ ဖြေခဲ့လေသည်။
“ဒီဘာသာရေးဂိုဏ်းရဲ့ ယုံကြည်မှုက အတော် ကြောက်စရာ ကောင်းတယ်။ အထူးသဖြင့် ခိုင်မာတဲ့ ယုံကြည် သူတွေဆို ပိုဆိုးတယ်။ ရူးသွပ်မှု အဆင့်က ကြောက်စရာပဲ။ တိမ်စီးနင်း အင်ပါယာမှာ တစ်ချိန်က ကမ္ဘာကို တုန်လှုပ် စေခဲ့တဲ့ ကြောက်စရာ သွေးစတေးမှု သွေးတစ်ခု ရှိခဲ့တယ်။ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ် ခဲ့တယ်။ သွေးတွေက မြစ်လို စီးဆင်း နေပြီးတော့ အသူရာ ချောက်နက် သတ္တဝါတွေကို ယဇ်ပူဇော်ခဲ့တယ်။ အသူရာချောက်နက် သတ္တဝါတွေက ငါတို့ ကမ္ဘာမှာ မရှိဘူး။ ဒါပေမယ့် တစ်နေရာရာမှာ ပိတ်လှောင် ခံထား ရတယ်။ မရဏနက် နောက်လိုက်တွေရဲ့ ရည်ရွယ်ချက်က အဲဒီသတ္တဝါတွေကို ပိတ်လှောင် ထားတာ ချိုးဖောက်ပြီး ဒီကမ္ဘာထဲ ဝင်လာစေပြီး အရာရာကို ဖျက်ဆီးဖို့ပဲ။”
ချန်လွေ့ ထိုအကြောင်း အသေအချာ နားလည်သွားခဲ့သည်။ သူ ဆက်ခံခဲ့သော ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းသည် အသူရာချောက်နက် သတ္တဝါများကြောင့် ဖျက်ဆီးခံခဲ့ရသည်။ ကောင်းကင်ဘီးတွင် သူ တွေ့ခဲ့ရသော ဝေါဟာရ အသစ် တစ်ခုကို သတိရရင်း ချက်ချင်း မေးလိုက်သည်။ “ဒါနဲ့ ဆာ။ နောက်ထပ် ဝေါဟာရ တစ်ခု ရှိသေးတယ်။ ‘အဓိကုန်းမြေ’ ဆိုတာ ဘာလဲ။”
“ငါတို့ ရှိနေတဲ့ လူ့လောကအပြင် နတ်ဆိုးဘုံလည်း ဒီကမ္ဘာမှာ ရှိတယ် ဆိုတာ မင်း သိလောက်မှာပါ။ ဒီကမ္ဘာ နှစ်ခုဟာ နဂိုက တစ်ခုတည်းလို့ ပြောကြတယ်။ နတ်ဘုရားတွေက အဲဒီကို အကြိမ်ပေါင်း များစွာ ဆင်းသက် ခဲ့ကြတယ်။ အဲဒီမှာ အသက်စွမ်းအားက အစွမ်း အထက်ဆုံး ဖြစ်ပြီးတော့ စုပေါင်းပြီး ‘အဓိကုန်းမြေ’ လို့ ခေါ်ကြတယ်။ ဒါပေမယ့် ‘အဓိက ကုန်းမြေ’အပြင် မတူညီတဲ့ နေရာလွတ် တွေမှာ ‘လောကခွဲတွေ’ အများကြီး ရှိသေးတယ်။ တချို့ လောကတွေမှာ ငါတို့နဲ့ ဆင်တူတဲ့ ဉာဏ်ရည်ရှိတဲ့ သက်ရှိ မျိုးနွယ်တွေ ရှိပေမယ့် အခြေခံအားဖြင့်တော့ ဘာမှ အံ့သြ ဖွယ်ရာတွေ မတွေ့ရဘူး။ အသူရာ ချောက်နက်ကို လောကခွဲ တစ်ခုမှာ ပိတ်လှောင်ထားတာ။”
ချန်လွေ့ ချက်ချင်း နားလည်သွား၏။ သူ့စိတ်ထဲ စကြဝဠာ၏ ပုံကြမ်းကားချပ် တစ်ခုကို ရရှိခဲ့ပြီး ဖြစ်သည်။ နတ်ဘုရားများက အဓိကကုန်းမြေ သို့ ဆင်းသက်လာကြပြီး ကျန်အရာများမှာ လောကခွဲများ ဖြစ်ကြကာ အသူရာ ချောက်နက် သတ္တဝါများ (ယခု လောကခွဲတွင်ရှိနေကြ) သည် အဓိက ကုန်းမြေသို့ ပြန်လာရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစားနေကြသည်။
ကူးလားက ဆက်လက် ရှင်းပြသည်။ “အသူရာချောက်နက်ရဲ့ အမြင့်ဆုံး အုပ်ချုပ်သူက အသူရာ ချောက်နက် စစ်တပ်ကို ဦးဆောင်တဲ့ အရှင်သခင်ပဲ။ စုစုပေါင်း အရှင်သခင် ၃ပါး ရှိပြီးတော့ အမုန်းတရား၊ အကြောက်တရားနဲ့ စိတ်ပျက်ခြင်း ဆိုပြီး နာမည်ရှိတယ်။ မရဏနက် နောက်လိုက်တွေရဲ့ စွမ်းအား ဒါမှမဟုတ် ကိုယ်ခန္ဓာက အမှောင် အရှင်သခင်တွေရဲ့ စိတ်ဆန္ဒကို သယ်ဆောင် နိုင်ပြီးတော့ အဲဒီအခါ ‘ဝိညာဉ်မျိုးကွဲ’လို့ ခေါ်တဲ့အရာ ဖြစ်ပေါ် လာတယ်။ ဝိညာဉ်မျိုးကွဲမှာ အဆင့်မြင့်နဲ့ အဆင့်နိမ့် ရှိတယ်။ အဆင့်နိမ့်သူက သခင်ရဲ့ စိတ်ဆန္ဒကြောင့် ထိခိုက်ခံရပြီး အမြင့်ဆုံးအဆင့် ဝိညာဉ်မူကွဲကတော့ ကြောက်စရာကောင်းတဲ့ အသူရာ ချောက်နက် တစ်ပိုင်း ဒါမှမဟုတ် တကယ့် အသူရာချောက်နက် သတ္တဝါ အဖြစ် ပြောင်းလဲနိုင်တယ်။ သူတို့က ယဇ်ပလ္လင် ဒါမှမဟုတ် တခြား နေရာတွေ ကနေ ခွဲထွက်ပြီး အရှင်သခင်ရဲ့ စွမ်းအား တစ်စိတ် တစ်ပိုင်းကို တိုက်ရိုက် အသုံးပြုနိုင်တယ်။ သွေးစတေးဝိညာဉ်နဲ့ ပတ်သက်ရင်တော့... အမှောင် အရှင် သခင်က ဝိညာဉ်စွမ်းအားကို ပို့လွှတ်ပြီး အဓိက ယဇ်ပလ္လင်ကနေ တဆင့် စိတ်ဆန္ဒ ထိန်းချုပ်မှုကို အားကောင်းစေတယ်လို့ နားလည်လို့ရတယ်။ အဓိက ယဇ်ပလ္လင်ရဲ့ စတေးမှု စွမ်းအား မြင့်မားလေလေ၊ အရှင်သခင် ဝိညာဉ်မျိုးကွဲကို ပို့လွှတ်တဲ့ စိတ်ဆန္ဒ ပိုအားကောင်း လေလေ ဖြစ်ပြီးတော့ အသုံးပြုတဲ့ စွမ်းအားတွေ ပိုပြီး အစွမ်းထက်လေလေပဲ။”
“အဓိက ယဇ်ပလ္လင် ဟုတ်လား။” ချန်လွေ့က အရေးကြီးသော စကားလုံး တစ်ခုကို သတိပြုမိလိုက်သည်။
“အဓိက ယဇ်ပလ္လင်က အမှောင် အရှင်သခင်ကို တိုက်ရိုက် ယဇ်ပူဇော်တဲ့ ယဇ်ပလ္လင်ပဲ။ အဲဒီမှာ အထူးစည်းမျဉ်း တွေနှင့် အစွမ်းထက်ဆုံး စွမ်းအားတွေ ရှိနေတယ်။ အဲဒါက လျှို့ဝှက် အသူရာ ချောက်နက် ယဇ်ပလ္လင်တွေ အားလုံးရဲ့ ယဇ်ပူဇော်မှုတွေကို အလိုလို စုပ်ယူ နိုင်တယ်။ သီဝရီအရ အမှောင် အရှင်သခင် တစ်ပါးစီ အတွက် အဓိက ယဇ်ပလ္လင် တစ်ခုပဲ ရှိတယ်။”
ချန်လွေ့၏ မျက်လုံးများ လင်းလက် လာသည်။ “ဒါဆို အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးလိုက်ရုံနဲ့ အမှောင် အရှင်သခင်ရဲ့ မရဏနက် နောက်လိုက်အပေါ်မှာ ထိန်းချုပ်ထားတာကို ဖြတ်တောက် နိုင်ပြီပေါ့... အထူးသဖြင့် ဝိညာဉ် မျိုးကွဲတွေကိုလေ။”
“အနည်းဆုံး အများကြီး အားနည်း သွားနိုင်တယ်။” ကူးလား သက်ပြင်းချ လိုက်သည်။ “ဒါပေမယ့် ပြောရတာ လွယ်တယ်။ လုပ်ဖို့က ခက်တယ်။ အဓိက ယဇ်ပလ္လင်က မရဏနက် နောက်လိုက်တွေရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ နှစ်ပေါင်း များစွာ အဲဒီ အဓိက ယဇ်ပလ္လင်ကို ရှာဖွေဖျက်ဆီးဖို့ ကြိုးစားပေမယ့် ဘာမှ သဲလွန်စ မရဘူး။ မင်း ဆူးသရဖူဆီက ရတဲ့ အချက် အလက်တွေက တော်တော် အရေးကြီး လိမ့်မယ်။ နောက်ပိုင်း သက်ဆိုင်ရာ အချက်ပြမှုတွေ ဆက်ရလာရင် သေချာ ဂရုစိုက်။ တကယ်တော့ အသူရာ ချောက်နက် အကြောင်း ငါ နည်းနည်းပဲ သိတာ။ မင်းမှာ သံသယတွေ ထပ်ရှိရင် ဆာ-ရာဖယ်ရယ်ကို နောက်တော့ မေးလို့ ရတယ်။”
ချန်လွေ့က မျက်လုံးထဲ ထူးဆန်းသော အကြည့်ဖြင့် ခေါင်းညိတ် လိုက်သည်။ အနည်းဆုံးတော့ သူက ထိုလျို့ဝှက် ဘာသာရေး ဂိုဏ်း၌ အသူရာ၏ အကြီးမားဆုံး တာဝန်ကို သိသွားလေပြီ။