← Chapters

အတိတ်က အမှန်တရား

Vol. 59 Ch. 955

အတိတ်က အမှန်တရား

Vol. 59 Ch. 955

“ဆရာမ ဘာဖြစ် တာလဲ။” ကောင်လေးက အနည်းငယ် ထူးဆန်း နေသည့် အမျိုးသမီးကို ကြည့်ရင်း အံ့အားသင့်စွာ မေးလိုက်သည်‌။

“ဘာမှ မဖြစ်ပါဘူး။” အမျိုးသမီး၏ အသံက တည်ငြိမ်ပြီး နူးညံ့သော်လည်း သူ၏ တုန်ရီနေသည့် ပခုံးများက သူ့ကို သစ္စာဖောက်လိုက်သည်‌။

ဆယ်ကျော်သက်က အမျိုးသမီး၏ ထူးဆန်းမှုများကို လိမ္မာပါးနပ်စွာ ရှာဖွေ တွေ့ရှိသွားသည်‌။ အမျိုးသမီးက သူ၏ ဦးလေးနှင့် အတင်းအဓမ္မ လက်ထပ်ခဲ့ရ သော်လည်း သူ၏စိတ်ထဲတွင် အမြဲတမ်း အရင်းနှီးဆုံးနှင့် အချစ်ဆုံး အစ်မ တစ်ယောက်နှင့် ဆရာမ တစ်ယောက် ဖြစ်နေမည်‌ ဖြစ်သည်။ အနည်းငယ်မျှ နာကျင်မှု ရှိလျှင်ပင် သူ့ရင်ဘတ်ကို ထိုးဖောက်လိုက်သလိုမျိုးပင်‌။

“ဆရာမ ပြောပါ။ ဘာဖြစ်ခဲ့တာလဲ။”

“ဆရာမ တကယ် အဆင်ပြေ ပါတယ်‌။” နွေးထွေးသည့် အပြုံး ဖြစ်နေဆဲပင်။

“ကျွန်တော် သိပါတယ်။ ကျွန်တော်က အသုံးမကျဘူး။ ဆရာမ ကျွန်တော့်ကို အရမ်းမုန်းနေလိမ့်မယ်။” မူလက ကြောက်တတ်သော လူငယ်သည် နောက်ဆုံးတွင် ရှားရှားပါးပါး ဒေါသ ထွက်လာသည်‌။ သူက အော်ပြော လိုက်သည်‌။ “ကျွန်တော် အဲဒီတုန်းက တုံးအခဲ့တာ။ ကျွန်တော် ဆရာမကို ကောလိပ်ကနေ ခေါ်သွားသင့်တယ်။”

“နင်နဲ့ ဘာမှ မဆိုင်ပါဘူး...” အမျိုးသမီးက ခေါင်းခါပြီး သက်ပြင်း ချလိုက်သည်‌။ “ဒါတွေ အားလုံးက ကံကြမ္မာပဲ။ မွေးကတည်းက ငါ့ရဲ့ ကံကြမ္မာ။ ဆရာမ ဘယ်သူ့ကိုပဲ မုန်းပါစေ၊ နင့်ကိုတော့ မုန်းမှာ မဟုတ်ဘူး။ အာသာလေး၊ နင်က ဆရာမရဲ့ တစ်ဦးတည်းသော... အရင်းနှီးဆုံးလူပဲ။ သွားတော့။ ဆရာမနဲ့ ထပ်မတွေ့နဲ့။ ဆရာမက မကောင်းတဲ့သူ။ ငါနဲ့ နီးစပ်တဲ့သူတိုင်း ကံဆိုးကြတာ။”

“ကျွန်တော် ကံဆိုးတာကို မယုံဘူး။ ဆရာမကို အခုပဲ ခေါ်ထုတ်သွားမယ်။ ဒီလှောင်အိမ်ကနေ ထွက်သွားမယ်။ အရာ အားလုံး စွန့်လွှတ်ရရင်တောင် ကိစ္စမရှိဘူး။”

“အားလုံး... အရာအားလုံးကို မုန်းတယ်။ အရာအားလုံးကို ဖျက်ဆီး။” အမျိုးသမီး၏ ပခုံးများ ပို၍ပင် တုန်ရီ လာသည်‌။ သူက အသူရာ အသူရာချောက်နက် ကဲ့သို့ အေးစက်စွာ တီးတိုးပြော နေသည်‌။ “အမြင့်မြတ်ဆုံး မုန်းတီးမှုကို သည်းခံ၊ စိတ်ဝိညာဉ် အားနည်းချက် တစ်ခုခုမှ မထားခဲ့နဲ့။”

“ဆရာမ ဘာပြောတာလဲ။”

“နင်... အမြန် သွားတော့!” အမျိုးသမီး၏ ခန္ဓာကိုယ် တုန်ယင်နေပြီး အသက်ရှုသံများ အနည်းငယ် ပိုလေး လာသည်‌။

“ဆရာမ...” ကောင်လေးက အမျိုးသမီးကို ထောက်ပံ့ရန် အမြန် ပြေးသွားလိုက်သည်‌။

အမျိုးသမီးက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ် ပြန်လည် တည်ငြိမ်လာသည်‌။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကောင်လေး၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်‌။ ပင်လယ်ကဲ့သို့ နက်ရှိုင်းသည့် အကြည့်က အလွန်ပင် ညင်သာနေသည်‌။ သူ၏ နောက်တွင် ဝှက်ထားသည့် ကျန်လက်တစ်ဖက်က တုန်ရီပြီး သွေးများ စီးကျနေသော်လည်း ထိုလက်က နွေးထွေးပြီး ညင်သာနေ၏။

“နှုတ်ဆက်ပါတယ်။ အာသာလေး။ မင်း ဘယ်ကိုပဲ ရောက်သွား ရောက်သွား၊ အသက်ရှင်ပါ။ ငါ့ရဲ့ တပည့်လေး။ ငါ့ရဲ့ မောင်လေး။ အဆုံးမရှိတဲ့ အသူရာ အသူရာချောက်နက်ထဲမှာ ငါမော့ကြည့်လို့ရတဲ့ တစ်ခုတည်းသော နေရောင်ခြည်လေး...”

နွေးထွေးမှုက တဖြည်းဖြည်း မှိန်ဖျော့ သွားသည်‌။ ဘာဖြစ်နေသလဲ သူ နားမလည်သော်လည်း နှုတ်ဆက်ခြင်းနှင့် ဝမ်းနည်းခြင်းကို သူ သေသေချာချာ ခံစားနေရပြီး ကောင်လေး၏ မျက်ဝန်း ကလည်း မျက်ရည်များဖြင့် ဝေဝါး လာခဲ့သည်‌။

ထို့နောက် ချက်ချင်းပင် နေရာလွတ် အက်ကြောင်းတစ်ခု ပေါ်လာပြီး ကောင်လေး၏ ပုံရိပ်က အက်ကြောင်း ထဲသို့ ပျောက်ကွယ်သွားခဲ့သည်‌။

မပျောက်ကွယ်ခင် ကြောက်မက်ဖွယ် ကောင်းသည့် ဟိန်းသံနှင့် နေရာလွတ် ပေါက်ကွဲသံကို ရေးရေးလေး ကြားနိုင်၏။

မှတ်ဉာဏ်ထဲတွင် အသိစိတ်က ဝေဝါးရာမှ ထင်ရှားလာပြီး အကြိမ်ပေါင်း များစွာ ပြောင်းလဲပြီး နောက်ဆုံးတွင် တည်ငြိမ်လာခဲ့သည်‌။

ချန်လွေ့က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်‌။ ဒါက အဲဒီတုန်းက အမှန်တရားပဲ။ ‘အာသာ’ကို နတ်ဆိုးဘုံ ရောက်အောင် လုပ်ခဲ့တဲ့ ‘တကယ့်တရားခံ’က ဗာရိုနီကာ ဖြစ်နေ တာပဲ။

အမှန်တကယ်၌ ဗာရိုနီကာက သူ ထိန်းချုပ်မရဘဲ အရာအားလုံးကို မဖျက်ဆီးခင် ‘အာသာ’ ကို သူ၏ စွမ်းအား အကုန်ဖြင့် နယ်နှင်ရန် နေရာလွတ် စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်‌။ တကယ့် ရည်ရွယ်ချက်မှာ အာသာ၏ အသက်ကို ကယ်တင်ရန်ပင်‌။

ပေါက်ကွဲထွက်မည့် နောက်ဆုံး အချိန်တွင်ပင် နက်ပြာရောင် မျက်ဝန်းက ရေကဲ့သို့ သိမ်မွေ့နေဆဲပင်‌။ ၎င်းက အဆုံးမဲ့ ဖျက်ဆီးခြင်းနှင့် မုန်းတီးခြင်းဖြင့် ရစ်ပတ်ထားသော နူးညံ့မှု အငွေ့အသက် တစ်ခုပင်‌။

အာသာ၏ ကံက အလွန် ဆိုးလှ၏။ သူက နေရာလွတ် စွမ်းအားဖြင့် နတ်ဆိုးဘုံသို့ နယ်နှင်ခံခဲ့ရသည်‌။ သူ၏ ခန္ဓာကိုယ်က အလွန် အားနည်းသည့် အတွက် မှတ်ဉာဏ် အများစုကို ဆုံးရှုံးခဲ့ ရုံသာမက သေလုနီးပါးပင် ဖြစ်နေခဲ့သည်‌။ ထိုအချိန်တွင် ချန်လွေ့၏ ဝိညာဉ်က ကူးပြောင်း ဝင်ရောက်ပြီး အာသာနှင့် ပေါင်းစည်းသွားခဲ့သည်‌။ နောက်ဆုံးတွင် အသိစိတ် ပြန်လည် မွေးဖွားလာပြီး ယခုလက်ရှိ ‘အာသာ-ချန်လွေ့’ ဖြစ်လာလေသည်‌။

ထိုအရာက လုံးဝဝါးမျိုခြင်း မဟုတ်ဘဲ ပေါင်းစည်းခြင်း ဖြစ်သည့် အတွက် အာသာတွင် အသိစိတ် အကြွင်းအကျန် တစ်ခု ရှိနေဆဲပင်‌။ စွမ်းအား မလုံလောက် သည့် အတွက် သူက ၎င်းကို အစက မခံစားရခဲ့ရပေ။ စွမ်းအားအဆင့် ပိုမြင့်လေလေ၊ ထိုအသိစိတ်ကို ပို၍ ရှင်းရှင်းလင်းလင်း ခံစားရလေလေပင်‌။

အစွမ်းထက်လာလေလေ၊ လမ်းခရီးက ပိုခက်ခဲလေလေပင်‌။ အသေးအဖွဲ ကွဲလွဲမှု တစ်ခုစီက အခြေအနေ တစ်ခုလုံးကို သက်ရောက်မှု ရှိနိုင်ပေသည်။ ပိုမြင့်သည့် အဆင့်သို့ ရောက်ရှိရန် ချန်လွေ့က အပို အကြောင်းအရာ အားလုံးကို ဖြေရှင်း ရမည် ဖြစ်ပြီး အာသာ၏ အသိစိတ် ကလည်း ထိုထဲမှ တစ်ခုပင်။

ဗာရိုနီကာက အကြီးမားဆုံးသော စွဲလမ်းမှု ဖြစ်ပြီး ယခုတွင် ထိုစွဲလမ်းမှုက နာမည်နှင့် လိုက်ဖက်နေလေသည်။

အမှန် တကယ်၌ သူစွဲလမ်းသော ဗာရိုနီကာကြောင့် တစ်ခုခု ဖြစ်လာရုံ သာမက အာသာ ချစ်မြတ်နိုးပြီး မုန်းတီး နေသည့် နောက်ထပ် ယောက်ျား တစ်ယောက်လည်း ရှိနေသည်။

လူ့စိတ်က ခန့်မှန်း၍ မရဆုံးအရာပင်။

အခက်ခဲဆုံး တာဝန်က သိဒ္ဓိအလင်း တောင်ရှိ နောက်ဆုံးပန်းတိုင် မဟုတ်ဘဲ နဂါးလင်းလက် အင်ပါယာရှိ ပထမဆုံး ပန်းတိုင် ဖြစ်ပုံရသည်။

သို့သော် သူက ယခု ပထမပန်းတိုင်ကို ခဏ ထားခဲ့ပြီး ဒုတိယပန်းတိုင် ဖြစ်သည့် ကျက်သရေပြာ အင်ပါယာသို့ ဦးတည် သွားနေသည်‌။

အကြိမ် ပေါင်းများစွာ တွေ့ဆုံ ဖူးသော “အသိဟောင်း” တစ်ယောက် ဖြစ်ပြီး ၇နှစ်ကြာ ‘စောင့်ဆိုင်း’ ခဲ့သော စေ့စပ် ထားသူတစ်ယောက် ရှိနေသည်။

မှော်ဂိမ်း၏ ရောင်းအားက ယခု တည်ငြိမ်နေလေပြီ‌။ သိဒ္ဓိကျောင်းတော်၏ ‘သြဇာ’က အလွန်ပင် ကြီးမားလှသည်‌။ မှော်ဂိမ်းက ရနံ့မွှေး ပြောင်းဆန်ဝိုင်ထက် ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်‌။ ချန်လွေ့ ကိုယ်တိုင် ရွှေရောင်နယ်မြေတွင် မရှိတော့ သော်လည်း အစ်ဇဘယ်လာ၊ ဆမ်မြူရယ် နှင့် တခြားသူများ ရှိနေသည်‌။ သူ ထွက်သွား လျှင်ပင် မှော်ဂိမ်း၏ ဖွံ့ဖြိုးတိုးတက်မှုက ပြဿနာမရှိပေ။

ဇိုလာ၊ ပါ့ဂ်လီအို နှင့် ဒိုဒို တို့သည် ဒီခရီး၏ ‘အစောင့်အရှောက်များ’ ဖြစ်လာ ခဲ့ကြသည်‌။ ဇိုလာသည် မစ်-ရင်းနီထံမှ လျှို့ဝှက်သတင်း ရရှိခဲ့သည်‌။ ထိုခရီး၌ သူ၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ တစ်စုံတစ်ဦးနှင့် စေ့စပ်ထားသူကြားရှိ ကိစ္စများကို စောင့်ကြည့်ရန်ပင်‌။ ဆရာသခင် ချွဲကျိကောင်သည် ရွှေရောင် နယ်မြေတွင် ခဏတာ နေထိုင်ခဲ့ပြီး အနည်းငယ် ပျင်းလာသည်‌။ ထို့ကြောင့် သူက ‘သခင်နောက် လိုက်ချင်တယ်’ ဟု သစ္စာရှိစွာ ပြောဆိုခဲ့သည်‌။ အမှန် တကယ်၌ သူက သခင်နောက်သို့ လိုက်ကာ အစား အသောက်နှင့် ပျော်ရွှင်မှု များကို ခံစားရန်သာ ဖြစ်၏။ ဆရာသခင် အဆိပ်နဂါးသည် သူ၏ ဇနီးကို ခရီးသွားအဖွဲ့ထဲ ထည့်ရန် မူလက ဆန္ဒရှိခဲ့သော်လည်း မစ်-မြနဂါးသည် အဆင့်တက်ပြီးကာစ ဖြစ်သည့်အတွက် ရွှေရောင်နယ်မြေ၌ တံခါးပိတ် လေ့ကျင့်မှု ပြုလုပ်နေလေသည်‌။

ခရိုဘဲလက်စ်သည် ဥပဒေသ အပိုင်းအစ၏ စွမ်းအားကို လုံးဝ ချေဖျက် ပြီးပြီ ဖြစ်ကာ တိုင်းပြည် ဖန်တီးနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်‌။ လွန်ခဲ့သော ရက် အနည်းငယ်က အစာ စားနေစဉ် မစ်-ဘတ်တီက ရုတ်တရက် စွမ်းရည်များ ပြသပြီး စားစရာအားလုံးကို စားပစ်ခဲ့သည်‌။ ထို့နောက် သူက တံခါးပိတ် သင်ကြားမှု ပြုလုပ်ခဲ့သည်‌။ ထိုကဲ့သို့ တိုးတက်မှု နည်းလမ်းက ချန်လွေ့ကို အနည်းငယ် ဆွံ့အသွား စေ၏။ အစားပုတ်တွေရဲ့ အဆင့်တက်တဲ့ နည်းလား။

လုံခြုံရေးအတွက်တော့ စိတ်ပူစရာ မလိုပေ။ ရွှေရောင်နယ်မြေ၌ အခု နဂါးတစ်ကောင် အုပ်စိုးနေ၏။ ၎င်းက “နဂါးကိုယ်စားလှယ်” ဖြစ်သော သိဒ္ဓိနဂါး ဂွယ်ရိုအက်စ်ပင်။ နတ်သူငယ် ဘုရင်၏ ကမ္ဘာမကြေရန်သူအဖြစ် သတ်မှတ်ခံရပြီး ချန်လွေ့က အနိုင်ယူခဲ့သော်လည်း ထို နတ်ဘုရားတစ်ပိုင်း အဆင့် နဂါး အကြီးအကဲက ဇိုလာ၊ ချန်လွေ့နှင့် တခြား ‘အငယ်လေးများ’ အပေါ် အတော်လေး ကောင်းမွန်သည်‌။ သူ၏ အကာအကွယ်ဖြင့် ရွှေရောင်နယ်မြေက အခြေခံအားဖြင့် မည်သည်မှ မှားယွင်း သွားနိုင်မည် မဟုတ်ပေ။ အဆိုးဆုံး ဖြစ်လာလျှင် အစ်ဇဘယ်လာနှင့် ဆမ်မြူရယ်ကို နဂါးတောင်ကြားသို့ ပြန်ခေါ်သွားနိုင်သည်‌။

ဗာရိုနီကာ။ ကျုပ်ကို စောင့်နေပါ။

ကျုပ်တို့ ပြန်ဆုံကြဦးမှာပါ။

ကျုပ်က ခင်ဗျားရဲ့ တကယ့်ပုံစံကို ရင်ဆိုင်မယ်။

ကျုပ်ရဲ့ တကယ့်ပုံစံနဲ့ ဒီလက်တွေနဲ့... ချန်လွေ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်‌။

“သခင်။ ပြုံးစိစိ မလုပ်နဲ့တော့။ သခင့်ရဲ့ လက်ထဲမှာ ဘာကောင်းတာတွေ ရှိလို့လဲ။ ဒီပွဲက ရှုံးတော့မယ်” ချွဲကျိကောင်၏ အသံထွက်ပေါ်လာသည်‌။

ပါ့ဂ်လီအို၏ ဘဝင်ခိုက် နေသော ရယ်သံ တစ်ဖက်မှ ထွက်ပေါ်လာသည်‌။ “ဟားဟား။ မှော်ဖဲချပ်ဘုရင် ဟုတ်လား။ ခုနက ကြွားလုံးထုတ်နေတာမဟုတ်လား။ ဘာလို့ အခု ဆရာသခင် အဆိပ်နဂါးက မင်းရဲ့ အဓိကတပ်ဖွဲ့ကို စားပစ်လိုက် တာလဲ။ အမ်... ဇိုလာ၊ မင်းက ဒီကောင် အတွက် ညစ်နေတာပဲ။”

သူတို့က လှည်းထဲတွင် ‘ကြမ္မာတိုက်ပွဲ’ ဟူသည့် ရှေးဟောင်း မှော်ဖဲချပ် ကစားနည်းကို ကစားနေ ကြသည်‌။ ပါ့ဂ်လီအိုက တကယ်တမ်း လူသစ်တစ်ဦး ဖြစ်ပြီး ယခု ‘စွဲလမ်းနေသည့်’ အဆင့် တွင်သာ ရှိနေသေးသော်လည်း သူ၏ စိတ်ဝင်စားမှုက အတော်လေး ကြီးမား ပေသည်‌။

ချန်လွေ့၏ အာရုံပျံ့လွင့်နေသည်ကို အခွင့်ကောင်းယူကာ အဆိပ်နဂါးက ချန်လွေ့၏ အဓိကတပ်ဖွဲ့ကို ဦးဆောင်သည့် ကျက်သရေဆောင် စစ်သည်တော် ခေါင်းဆောင်များ အားလုံးကို သတ်ဖြတ်ရန် တပ်တစ်တပ် စေလွှတ်ခဲ့သည်‌။ အဆိပ်နဂါး၏ စစ်တပ် အနိုင်ရပြီးနောက် လိုက်လံတိုက်ခိုက်ကာ ရဲတိုက်ရှိရာ နေရာသို့ တိုက်ရိုက် ဦးတည်ခဲ့သည်‌။

ချန်လွေ့ဘေးရှိ မစ်-နတ်မိမယ် နဂါးက အဆိပ်နဂါး၏ အောင်နိုင်သူအမူအရာကို မြင်ရသည်ကို မခံနိုင်တော့ဘဲ သူ့ကို လျှပ်စီးဖြင့် ပစ်လိုက်၏။ ရလဒ်အနေဖြင့် ဆရာသခင် အဆိပ်နဂါး၏ ဆံပင်များ ထောင်တက်ပြီး ပန့်ပုံစံ ပေါက်ကွဲသည့် ဆံပင်ပုံစံ ဖြစ်သွား၏။

“သိပ်ပြီးပျော်မနေနဲ့။ လူသစ်လေး။” ချန်လွေ့က မစ်-နတ်မိမယ် နဂါး၏ လက်ကို လှုပ်ခါလိုက်ပြီး ထိုကဲ့သို့ လူသစ်အတွက် ဇနီးကို မလိုအပ်ကြောင်း ပြသလိုက်သည်‌။

အသေအချာပင်။ ဆရာသခင် အဆိပ်နဂါး ဆက်မရယ်နိုင်တော့ပေ။ သူ၏ တပ်က နေရာသို့ ရောက်ရှိသွား ပြီးနောက် ရဲတိုက်မရှိဘဲ ခံစစ်မျှော်စင် များစွာသာ ရှိနေသည်‌။ ထို့ကြောင့် တပ်တစ်ခုလုံး အသေအပျောက်များစွာ ဖြစ်ခဲ့သည်‌။ တစ်ချိန်တည်းမှာပင် ငွေဘုရင်မ ဦးဆောင်သည့် ချန်ပီယံ ဓားသမားအချို့က အဆိပ်နဂါး၏ ကိုယ်ပိုင်နေရာတွင် အိမ်များကို ဖြိုချရင်း ခံစစ်မျှော်စင်၊ လယ်ယာအိမ်၊ သစ်တော ခုတ်လှဲနေရာ စသည့် ကာကွယ်ရေးနှင့် အရင်းအမြစ် အဆောက်အအုံ အားလုံး ဖြိုချပစ်ခဲ့လေသည်‌။ အဆိပ်နဂါးတွင် ထုတ်လုပ် နိုင်သည့် စစ်သား ရာနှင့်ချီ ရှိသော်လည်း ၎င်းကို တည်ဆောက်ရန် ပိုက်ဆံမရှိသည့်အတွက် သူ၏ကိုယ်ပိုင် နယ်ပယ်အတွင်း၌ပင် အခြေခံအကျဆုံး ချန်ပီယံ ဓားသမားများ ပွင့်ပွင့်လင်းလင်း ဖြိုချနေသည်ကိုသာ ကြည့်နေနိုင်၏။ တည်ဆောက်ပြီး အဆင့်မြှင့်တင်ရန် ခက်ခဲခဲ့သည့် အဆောက်အအုံများ တစ်ခုပြီးတစ်ခု ဖြိုချခံရသည်‌။ ၎င်းကို ကြည့်ရသည်မှာ အတော်လေး နာကျင်ရ၏။ ဆရာသခင် အဆိပ်နဂါးက ဒေါသပေါက်ကွဲသွားပြီး အရှုံးပေးလိုက် ရတော့သည်။

“ကောက်ကျစ်တဲ့ လူသား...”

“ကြွားလုံးထုတ်တယ် ဆိုတာက ခင်ဗျားရဲ့ အာရုံကို ဖမ်းစားဖို့ပဲ။ လူသစ်။ တကယ့် အဆုံးသတ် အကွက်က နောက်မှလာမှာ။ နည်းလမ်းက မှန်တယ် ဆိုရင် အသေးငယ်ဆုံး စွမ်းအား ကတောင် တိုက်ပွဲတစ်ခုလုံးကို ပြောင်းလဲ နိုင်သည်‌။” ချန်လွေ့က သွယ်ဝိုက် ပြောလိုက်သည်‌။ သူက ဖဲကစားနည်းကို ရည်ရွယ်သည်လား၊ တခြားအရာကို ရည်ရွယ်သည်လား မည်သူမှ မသိပေ။

မစ်-နတ်မိမယ်နဂါးက စိတ်ပျက် နေသည့် ဆရာသခင် အဆိပ်နဂါးကို ကြည့်လိုက်ပြီးနောက် ချန်လွေ့၏ ပခုံး ပေါ်တွင် အေးအေးဆေးဆေး မှီနေ၏။

“သခင် တကယ် ခန့်ညား...” ဆရာသခင်ချွဲကျိကောင်က အလျင်အမြန် မြှောက်ပင့် ပြောလိုက်သည်‌။ သူ၏ ‘လက်’ တစ်ဖက်က ဝိုင်ပုလင်းတစ်လုံးကို ခိုးပြီး တစ်ငုံသောက်သည်‌။ ထိုအရာက ပါ့ဂ်လီအို ၏ ဝိုင်ပင်‌။

လှည်းစီးနေသော်လည်း ထိုကဲ့သို့ သီးခြားနေရာလွတ် ပစ္စည်းထဲတွင် မတည်ငြိမ်မှု အဆင့်က အတော်လေး နိမ့်ကျပေသည်။ ထို့ကြောင့် သာမန် အခန်းတစ်ခုကဲ့သို့ ဖြစ်နေ၏။

ထိုအချိန် တစ်စုံတစ်ဦးက တံခါး လာခေါက်သည်‌။ ထိုသူက ပရိုယို ပင်‌။

ပရိုယိုက အသက် ၂၀ကျော် လူငယ် တစ်ဦးနှင့် တူသော်လည်း သူ၏ တကယ့် အသက်သည် ၃၀ ကျော်ပြီ ဖြစ်သည်။ သူ၏ စွမ်းအားက သူတော်စင်-ယောင် (နတ်ဆိုးဧကရာဇ်) အဆင့် ဖြစ်ပြီး အင်ပါယာ နဂါးကြေးခွံဗိုလ်ခြေ၏ ဒုတိယ တပ်မှူးပင်‌။ သူက ထိုအစောင့်အရှောက် အဖွဲ့၏ ခေါင်းဆောင် အဖြစ် ခန့်အပ် ခံခဲ့ရသည်‌။ သူတော်စင်အဆင့် (နတ်ဆိုး အရှင်သခင်) စွမ်းအားရှိသူ ဘီဒယ်နှင့် ကာဒိုတို့လည်း ရှိပြီး နဂါးကြေးခွံ ဗိုလ်ခြေ၏ လက်ရွေးစင် ဒါဇင်ခန့် ရှိသည်‌။ သူတို့အားလုံးက ပရိုယို၏ အမိန့်ကို နာခံကြရသည်‌။

ပရိုယိုက အလုပ်လုပ်ပြီး ရွှင်မြူးသည့် စရိုက်ရှိ၏။ ထိုအရာက ကောင်းမွန်သော ပထမဆုံး အထင်အမြင်ကို ပေးသည်‌။ မည်သို့ပင်ဆိုစေကာမူ သူက ဖရီယာနှင့် စေ့စပ်ထားသူလည်း ဖြစ်သည့်အတွက် ချန်လွေ့၏ သဘောထားက ပို၍ပင် ဖော်ရွေနေသည်‌။

ဒိုဒို၏’လက်’က မီတာ အနည်းငယ် အကွာအထိ ဆန့်ထွက်ပြီး တံခါးကို ဖွင့်လိုက်သည်‌။ ပရိုယိုက စားပွဲပေါ်ရှိ မှော်ဖဲချပ်များကို မြင်လိုက်ရာ ခဏတာ ကြောင်သွားပြီးနောက် ပြောလိုက်သည်‌။ “အရှင်မင်းသား။ ကျုပ်တို့ ယန်ရှောင် မြို့ကို ရောက်ရှိပါပြီ။”

ထိုစဉ် အခြားနေရာတစ်ခု၌ -

နောက်ထပ် ချန်လွေ့ တစ်ဦးက ကြောက်မက်ဖွယ် အနီရောင် အလင်းများ လင်းလက်နေသော မျက်လုံးများဖြင့် မသိမသာ ပြုံးလိုက်သည်‌။ အရှေ့ပိုင်း ခရိုင်၏ ဂိုဏ်းအုပ်အချုပ် ဆိုရန်လီ၏ အယုံကြည်ဆုံး အစောင့်အရှောက် ဖြစ်သည့်အလျောက် သူက ဆိုရန်လီထံမှ ခုနက ရခဲ့သော လျှို့ဝှက်အမိန့်တစ်ခုကို ကိုင်ဆောင်ထားသည်‌။

ထိုလျှို့ဝှက်အမိန့် တာဝန်က အရှေ့ပိုင်း ခရိုင်ကိုသာ ပစ်မှတ်ထားခြင်း မဟုတ်ပေ။ လျို့ဝှက် ဘာသာရေးဂိုဏ်း၏ နေရာ အားလုံးမှ အကြီးအကဲများ ကိုလည်း ပါဝင်သည်‌။ အကြောင်းအရာက တစ်ခု တည်းသာ ဖြစ်သည်‌။ ကျက်သရေပြာ အင်ပါယာသို့ လက်ထပ်ပွဲ ကျင်းပရန် သွားမည့် နဂါးလင်းလက်အင်ပါယာမှ တတိယမင်းသား အာသာရိုလန်ကို အစွမ်းကုန်သုံးပြီး သတ်ပစ်ရန်ပင်။

All Chapters