← Chapters

လက်ဆောင်၊ အလင်း နတ်ဘုရားကို ကျိန်ဆိုခြင်း

Vol. 59 Ch. 953

လက်ဆောင်၊ အလင်း နတ်ဘုရားကို ကျိန်ဆိုခြင်း

Vol. 59 Ch. 953

“အထင်ကြီးစရာ အာရုံခံနိုင်စွမ်းပဲ။” ရာဖယ်ရယ်၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားပြီး ဖြည်းညှင်းစွာ ပွင့်လာသည်‌။ “ဆူးသရဖူက ရွေးချယ်ထားသည့် ပုဂ္ဂိုလ် ဆိုတဲ့အတိုင်း ငါ့ရဲ့စွမ်းအားကို တစ်ချက် ကြည့်ရုံနဲ့ မြင်နိုင်တယ်။”

ထိုမျက်လုံးက အမှန်တကယ်တမ်း အဖြူရောင် ဖြစ်နေ၏။ အရာအားလုံးကို ထိုးဖောက်နိုင်သည့် စွမ်းအားရှိပုံရပြီး ချန်လွေ့၏ မျက်လုံးထဲသို့ တိုက်ရိုက် ပစ်ခတ်လိုက်သည်‌။ ချန်လွေ့က သူ၏ ဝိညာဉ် တုန်ယင်သည်ကိုသာ ခံစားရပြီး တုန်လှုပ်သွားခဲ့သည်။ ချန်လွေ့ နောက်မှ အဆိပ်နဂါးနှင့် မြနဂါးတို့သည် ချက်ချင်း သတိထားမိပြီး အော်ဟစ်ကာ လှုပ်ရှား လိုက်ကြသည်‌။

ရာဖယ်ရယ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည့်အခါ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့၏ ခန္ဓာကိုယ်များ ထုံသွားသည်ကို ခံစားလိုက်ရပြီး လင်းလက်နေသည့် ပုံရိပ်များက မမြင်နိုင်သည့် သံကြိုးများစွာဖြင့် ရစ်ပတ် ထားသကဲ့သို့ မူလနေရာသို့ ပြန်ရောက် သွားကြသည်‌။ သူတို့၏ စွမ်းအားများ ကလည်း ထိုရစ်ပတ်မှုကြောင့် ပိတ်ဆို့ ခံထားရပြီး လှုပ်ရှား၍ မရတော့ပေ။

“စိတ်မပူပါနဲ့။ နဂါးတို့။” ရာဖယ်ရယ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်‌။ “သူ့ကို နာကျင်အောင် လုပ်ဖို့ ငါ မရည်ရွယ် ပါဘူး။ ငါ တကယ် တစ်ခုခု လုပ်ချင်တယ်ဆိုရင် မင်းတို့ရဲ့ စွမ်းအားနဲ့ ငါ့ကို တားဆီးဖို့ မဖြစ်နိုင်ဘူး။”

ချန်လွေ့၏ ခန္ဓာကိုယ်မှ ရုတ်တရက် အားကောင်းသော အလင်းရောင်များ ထွက်လာသည်‌။ အလင်းစက်ဝိုင်းများ ပတ်လည် လှိုင်းထနေပြီး သူက ကြည်လင် တောက်ပလာ သည်ဟု ထင်ရသည်‌။ မျက်စိတစ်မှိတ် အတွင်း မူလအခြေအနေသို့ ပြန်ရောက်သွား၏။

“သေချာတယ်။ ဒါက [ကျက်သရေ အလင်းခန္ဓာ]ပဲ။ ဒါက သိဒ္ဓိအလင်းကို လုံးဝ စုပ်ယူနိုင်တယ်။” ရာဖယ်ရယ်၏ အဖြူရောင်မျက်လုံးက တဖြည်းဖြည်း အနက်ရောင် ပြောင်းလဲသွားသော်လည်း သူ၏ မျက်နှာသည် ဝါးနေဆဲပင်။

ချန်လွေ့၏ မျက်လုံး ကြည်လင်လာပြီး သူသည် ဦးညွှတ် လိုက်သည်‌။ “ကျေးဇူးပါ ဆာ။”

ရာဖယ်ရယ်က အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်‌။ “မင်းရဲ့ ခန္ဓာကိုယ်က ငါ့ကို အနည်းငယ် အံ့အားသင့်စေတယ်။ ငါက မင်းရဲ့ စွမ်းအားကို တိုးတက်အောင် လုပ်ပေး ချင်ခဲ့တာ။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်မှာ အထူးစုပ်ယူနိုင်တဲ့ စွမ်းအား တစ်ခု ရှိနတယ်။ ငါ ပေးခဲ့တဲ့ သိဒ္ဓိအလင်း စွမ်းအားကို တခြားနည်းနဲ့ စုပ်ယူ လိုက်သလိုပဲ။”

“ဟုတ်ပါတယ်။ ဆာ။ ဒါက ကျုပ် ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းကနေ ဆက်ခံထားတဲ့ ဝိညာဉ် အမှတ်အသား စွမ်းအားပါ။ အဲဒီ စွမ်းအားကို ကျုပ် အပြည့်အဝ မချေဖျက်နိုင်သေးလို့ အမှတ်အသားက ပြင်ပစွမ်းအားကို အဂ္ဂိရတ်မဟာဆရာသခင် သိမြင်မှုအဖြစ် အလိုအလျောက် ပြောင်းလဲပေးသည်‌။ ကျုပ် စွမ်းအားကို အခု တိုးတက်အောင် မရဘူး။ အမှတ်အသားကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခါမှပဲ ပြင်ပစွမ်းအား တွေကို စုပ်ယူပြီးတော့ ကျုပ်စွမ်းအားကို တိုးမြှင့်နိုင်မှာ...”

“ရှေးဟောင်းအဂ္ဂိရတ်အဖွဲ့အစည်လား။ အင်း... ဒါကြောင့် မင်း ဒီလောက် ငယ်ငယ်ရွယ်ရွယ်နှင့် ယန္တရား မဟာဆရာသခင် ဖြစ်လာတာကိုး။” ရာဖယ်ရယ်က ရပ်တန့်နေသည့် နဂါး စုံတွဲကို တစ်ချက် ကြည့်လိုက်သည်‌။ “ဒီနဂါးနှစ်ကောင်က မင်းရဲ့ အစောင့် အရှောက်တွေလား။”

ချန်လွေ့ ခေါင်းညိတ်ပြီး ပြောသည်‌။ “အဆိပ်နဂါးနဲ့ မြနဂါးပါ။ ပိုပြီးတော့ တိတိကျကျပြောရရင် သူတို့တွေက ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်း ကျုပ်အတွက် ထားခဲ့တဲ့ အစောင့် အရှောက်တွေပဲ။ သူတို့အပြင် ဒီမှာ မရှိသည့် တခြား လေးယောက်လည်း ရှိနေသေးတယ်။”

ရာဖယ်ရယ် ခေါင်းညိတ်လိုက်သည်‌။ ထိုအချိန် ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ ပိတ်ဆို့မှုများ ပျောက်ကွယ်သွားသည်ကို ခံစားရလိုက်သည်‌။ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်သော်လည်း မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ကြပေ။ ထိုရန်သူ၏ စွမ်းအားက သူတို့ ယှဉ်နိုင်သော အဆင့်ထက် များစွာ သာလွန်သည်‌။ ထိုသူက ချန်လွေ့အပေါ် ရန်လိုသည့် စိတ်ထားရှိမည် မဟုတ်သည့် အတွက် သူတို့က ယခု အားကုန်ထုတ် တိုက်ခိုက်ခြင်း မပြုလုပ်ကြပေ။

ချန်လွေ့ သက်ပြင်း ချလိုက်သည်‌။ အရေးအကြီးဆုံးအဆင့်ကို ကျော်ဖြတ် နိုင်သည့်အတွက် သူက စိတ်ထဲမှ ဝမ်းသာနေ၏။

ရာဖယ်ရယ်၏ အလင်းဒြပ်စင် သိဒ္ဓိ စွမ်းအားကို [ကောင်းချီးအလင်းခန္ဓာ] က စုပ်ယူခဲ့သည်မှာ မှန်ပေသည်‌။ သို့သော် သူသည် စူပါစနစ်၏ [အသက်အောင့်] အစွမ်းကို အသုံးပြုပြီး စစ်သည်တော် (အမြင့်ဆင့်နတ်ဆိုး) အဆင့် စွမ်းအားကို ပြသခဲ့သည့်အတွက် ရာဖယ်ရယ်၏ အစွမ်းထက် အမြင်အာရုံဖြင့် ဆိုလျှင် အ‌‌ငွေ့အသက်ကို လွယ်လွယ် ‘တိုးမြှင့်’ ခဲ့မည်ဆိုပါက ဟာကွက်များ ပေါ်သွား နိုင်သည်‌။ ကံကောင်းစွာပင် သူက ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းကို အမွေဆက်ခံ ခြင်းဖြင့် အောင်မြင်စွာ လှည့်စားနိုင်ခဲ့လေသည်‌။

“ငါ့ကို ဆူးသရဖူရဲ့ စွမ်းအား ပြကြည့်။”

“ဟုတ်ကဲ့။” ချန်လွေ့က ရိုသေစွာ ပြန်ဖြေသည်‌။ ခေါင်းပေါ်တွင် ကြည်လင် တောက်ပသည့် အဖြူရောင်သရဖူတစ်ခု ပေါ်လာပြီး မြင့်မြတ်သော အလင်း စက်ဝိုင်းများ ပျံ့နှံ့သွားခဲ့သည်‌။

“အတော်လေး သန့်စင်တဲ့ [ကောင်းကင် ကောင်းချီး] စွမ်းအားပဲ။ သိပ်ကောင်းတယ်။ ဆူးသရဖူ ရွေးချယ်တဲ့ သခင်ဆိုတဲ့အတိုင်းပဲ။” ရာဖယ်ရယ်၏ လေသံက ထောက်ခံမှု ပြည့်နှက်နေသည်‌။ “ငါ့နာမည်က ရာဖယ်ရယ်။ အဓိက ကောင်းကင်တမန် ၃ပါးထဲက တစ်ပါးပဲ။”

ချန်လွေ့က ရာဖယ်ရယ်၏ ကိုယ်ပွား ဖြစ်သည်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ရာ သူ၏ မျက်နှာပေါ်တွင် နားလည် သွားသည့် အမူအရာကို ပြလိုက်သည်‌။ သူက တဖန် လေးလေးနက်နက် ဦးညွှတ် လိုက်သည်။ “ဆာ-ရာဖယ်ရယ်ကိုယ်တိုင် ဖြစ်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။”

“[ကျက်သရေအလင်းခန္ဓာ]၊ ဆူးသရဖူ အသိအမှတ်ပြုခဲ့ရသူ။ မင်းက ငါ့ရဲ့ ခြေလှမ်းအတိုင်း လိုက်ပြိးတော့ သိဒ္ဓိ အလင်းရောင်ရဲ့ ကောင်းချီးအောက်မှာ တသက်လုံးနေဖို့ ဆန္ဒရှိလား။”

ချန်လွေ့၏ အတွေးများ မြန်ဆန် သွားပြီး မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။ “ဆန္ဒရှိပါတယ်။”

“ဒီနေ့ကစပြီးတော့ မင်းက သိဒ္ဓိ ကျောင်းတော်ရဲ့ သိဒ္ဓိသားတော် ဖြစ်သွားပြီ။ သွန်သင်ချက်များကို ပြန့်ပွား စေဖို့၊ ဆူးသရဖူနဲ့ သစ္စာအရှိဆုံး ယုံကြည်သူတွေကို ပြောင်းလဲပေးဖို့ တာဝန်ရှိတယ်။ မင်းရဲ့ အဆင့်က ဂိုဏ်းချုပ် ၃ပါးထက် အနည်းငယ် နိမ့်ပြီးတော့ ရေဖျန်းဘုန်းတော်ကြီးထက် မြင့်သည်‌။ မင်းက ကိုးကွယ်ယုံကြည်မှုကို ထိန်းသိမ်းပြီး သတိထား နေသရွေ့ ကျောင်းတော်ရဲ့ အနာဂတ် ရှေ့ဆောင် လမ်းပြ ဖြစ်လိမ့်မယ်။ သစ္စာစောင့်သိမှု အတွက်ကတော့... မင်းက ပါးနပ်တဲ့သူ တစ်ယောက်ပါ။ ဒါကို သတိပေးစရာ မလိုဘူးလို့ ထင်ပါတယ်။”

“

ဂရာလင်နှင့် မီရန်ဒါတို့ ထူးဆန်းသော အမူအရာများ ပြသလိုက် ကြသည်‌။ ထိုအရာက ပို၍ ရိုသေပြီး ပျော်ရွှင်စရာ ပိုလေသည်‌။ ရာဖယ်ရယ်၏ စကားက ရှင်းလင်း ပေသည်‌။ ‘အာသာ’က နောက်ထပ် ပုပ်ရဟန်းမင်း ဖြစ်လာမည် ဖြစ်ပြီး ထိုအရာက နောင်တွင် သိဒ္ဓိ ကောင်းချီးတောင်ထွတ် တစ်ခုလုံး၏ အမြင့်ဆုံး အုပ်ချုပ်သူကို ကိုယ်စားပြု၏။

“သိဒ္ဓိသားတော်ရဲ့ တရားဝင် ခန့်အပ်ပွဲ အခမ်းအနားကို နောက်တော့မှ သိဒ္ဓိ အလင်းတောင်မှာ တရားဝင် ကျင်းပမယ်။” ရာဖယ်ရယ် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်‌။ “အခု မင်း လုပ်ချင်တာ လုပ်နိုင်တယ်။ ကျောင်းတော်က အကောင်းဆုံး ထောက်ပံ့ ပေးမယ်။ ထီးနန်း၊ သိဒ္ဓိအမွေအနှစ်... နဲ့ အရာ အားလုံး အပါဝင်အဝင်ပေါ့။”

“နားလည်ပါပြီ။ ဆာ-ရာဖယ်ရယ်။” ချန်လွေ့က ပျော်ရွှင်သည့် အမူအရာကို ပြသလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် လန်းဆန်းသွားခဲ့သည်‌။ သိဒ္ဓိကောင်းချီး တောင်ထွတ်ရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ် ကိုယ်တိုင် ဆင်းသက်လာပြီး ကိုယ်တိုင် ခန့်အပ်ခြင်းက နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်လို့ပဲ။ အဲဒါက ‘အာသာ’ ကို ‘ရာဖယ်ရယ်’ အမှတ်အသား ကပ်ထား လိုက်ပြီးတော့ အခြားဂိုဏ်းဘက် ပြောင်းလို့ မရအောင် လုပ်လိုက်တာပဲ။

အဓိက ကောင်းကင်တမန် ၃ပါး ကြားထဲတွင်လည်း သက်ဆိုင်ရာ ပြိုင်ဆိုင်မှုများ ရှိလောက်ပေသည်။ ၎င်းတို့သည် ယုံကြည်ခြင်း စွမ်းအား ကဲ့သို့သော ကဏ္ဍများတွင် ဖြစ်နိုင်သည်‌။ သို့သော် ထိုအရာက ချန်လွေ့အတွက် အရေးမကြီးပေ။ ရာဖယ်ရယ်၏ ‘ပံ့ပိုးမှု’ ကတိကသာ သူအလိုချင်ဆုံး အရာပင်‌။

ချန်လွေ့၏ ခန့်မှန်းချက်က သိပ်ပြီး မဝေးကွာလှပေ။ သူ၏ တကယ့် တန်ဖိုးက [ကျက်သရေ အလင်းခန္ဓာ] နှင့် ဆူးသရဖူပင်‌။

ဆူးသရဖူ၏ [ကောင်းကင်ကောင်းချီး] သည် တစ်စုံတစ်ဦးကို အလင်းဒြပ်စင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်သည်‌။ အာနိသင်က နှင်းဒဲလက်ပန်းထက် နိမ့်ကျသော်လည်း နှင်းဒဲလက်ပန်း ပျောက်ဆုံးသွားပြီ ဖြစ်သည့်အတွက် ဆူးသရဖူက လိုအပ်သည့် အစားထိုး ဖြစ်လာသည်‌။ သို့မဟုတ်ပါက သိဒ္ဓိ ကျောင်းတော်က ကိုယ်ပိုင် သွေးထုတ် နိုင်စွမ်း ဆုံးရှုံးခြင်းနှင့် ညီမျှပြီး သိဒ္ဓိအင်ပါယာ နှစ်ခုမှ လူများကိုသာ ကျောင်းတော်၏ ကျောထောက်နောက်ခံ ဖြစ်လာစေရန် စုပ်ယူရ ပေလိမ့်မည်။ [ကျက်သရေအလင်းခန္ဓာ]က သိဒ္ဓိ အင်ပါယာ နှစ်ခုတွင် သိဒ္ဓိ အမွေအနှစ် နှစ်ခုကြောင့် ‌ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ကိုယ်ပိုင် ပြောင်းလဲခြင်း လုပ်ဆောင်ချက် ရှိသည့် ဆူးသရဖူနှင့် မတူဘဲ သိဒ္ဓိခွက်နှင့် သိဒ္ဓိအလင်း ဝတ်ရုံတွင် ပြောင်းလဲခြင်းလုပ်ဆောင်ချက် မရှိပေ။ ကိုယ်ပိုင် မြင့်မြတ်သော စွမ်းရည်က သွေးမျိုးဆက် သက်ရောက်မှု ရှိပြီး အလင်းဒြပ်စင် ခန္ဓာကိုယ် ဖန်တီး နိုင်သည့် အခွင့်အရေး အနည်းငယ် ရှိလေသည်‌။ ထိုအခွင့်အရေးက ကံပေါ်၌ အလွန် မူတည်နေသည်‌။ ဖြစ်နိုင်ခြေက ဆူးသရဖူထက် အများကြီး နိမ့်ကျသည်‌။

နှင်းဒဲလက်န်းပင် ‘ပျောက်ကွယ်’ သွားပြီး နောက်တွင် ကျောင်းတော်က အလင်းဒြပ်စင် ခန္ဓာကိုယ်ကို မပြောင်းလဲ နိုင်တော့ပေ။ ထို့ကြောင့် [ကောင်းချီး အလင်းခန္ဓာ] ပိုမို၍ နည်းပါးလာပြီး [ကျက်သရေ အလင်းခန္ဓာ] သည် ပို၍ပင် ရှားပါးလာသည်‌။ ထုံးတမ်းစဉ်လာအရ ပုပ်ရဟန်းမင်းကြီးအတွက် လိုအပ်ချက် တစ်ခုမှာ [ကျက်သရေ အလင်းခန္ဓာ]ပင်‌။ ဗန်တီ-စ် ရှိနေသေး သော်လည်း အလင်းဒြပ်စင် ခန္ဓာကိုယ် မရှိသော အခြေအနေ၌ ချန်လွေ့က [ကျက်သရေ အလင်းခန္ဓာ] တစ်ခုတည်းဖြင့် ကျောင်းတော်၏ အဆင့်မြင့်ပိုင်း ထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်‌။

ထို့ကြောင့် အဓိက ကောင်းကင်တမန် ၃ပါးထဲမှ တစ်ပါးဖြစ်သော ရာဖယ်ရယ်က မင်းသား၊ ပြည်တွင်းရေး ပါရမီရှင်၊ အဂ္ဂိရတ် မဟာဆရာသခင်၊ [ကျက်သရေ အလင်းခန္ဓာ] နှင့် ဆူးသရဖူပိုင်ရှင် စသည့် ဘွဲ့အမည်များစွာကို ရရှိထားသော ထို’ပါရမီရှင်’ကို ကိုယ်တိုင် လာရောက် ခေါ်ယူခြင်း ဖြစ်ပေသည်။

ရာဖယ်ရယ် ခေါင်းညိတ်လိုက်သည်‌။ “ဒီမှာ နောက်ထပ် ၂ခု ရှိသေးတယ်။ ပထမတစ်ခုက သိဒ္ဓိလက်စွပ် တံဆိပ်ပဲ။ ဒီတံဆိပ်က ငါ့ရဲ့ ဆန္ဒနှင့် လုပ်ပိုင်ခွင့်ကို ကိုယ်စားပြုတယ်။ ဂိုဏ်းချုပ်အောက်မှာ ရှိတဲ့ ကျောင်းတော် ဝန်ထမ်းတွေကို အမိန့်ပေးလို့ရတယ်။ ကျက်သရေဆောင် စစ်သည်တော်နဲ့ တရားသူကြီးလည်း ပါတယ်။ ဒီတံဆိပ်မှာ နောက်ထပ် လုပ်ဆောင်ချက် တစ်ခုလည်း ရှိသည်‌။ အဲဒါက ငါ့ရဲ့ ကိုယ်ပွားကို ဆင့်ခေါ် နိုင်တာပဲ။ ဒါပေမဲ့ ဒီလို ဆင့်ခေါ်တာကို တစ်ကြိမ်ပဲ အသုံးပြုနိုင်မယ်။ ပြီးတော့ ငါ့ရဲ့ မူလခန္ဓာလည်း စွမ်းအား အများကြီး သုံးရတယ်။ အဲဒါကြောင့် အရေးပေါ် အခြေအနေက လွဲပြီး မသုံးသင့်ဘူး။ ဒုတိယတစ်ခုက ‘စိတ်ချိန်းကြိုး’ ပဲ။ ဒါက ဝိညာဉ်နဲ့ စိတ်စွမ်းအားကို အကျဉ်းချ နိုင်တဲ့ အစွမ်းထက် အဆောင်ပစ္စည်း တစ်ခုပဲ။ ပြိုင်ဘက်က တိုင်းပြည်အဆင့် ဖြစ်ရင်တောင် ဒါကို လုံးဝပြီးမှာ မဟုတ်ဘူး။ ဒီအဆောင်ပစ္စည်းနဲ့ သိဒ္ဓိလက်စွပ် တံဆိပ်၊ ပြီးတော့ တိုင်းပြည်အဆင့် အဆိပ်နဂါး အစောင့် အရှောက်နဲ့ ဆိုရင် မင်းသားက သိဒ္ဓိ သားတော်အနေနဲ့ သိဒ္ဓိအလင်းတောင်ကို မလာခင် အန္တရာယ် ကင်းလောက်မှာပါ။”

“ကျေးဇူးပါ ဆာ။။” ချန်လွေ့က ရှေ့တွင် ပေါ်လာသော ငွေသံကြိုးနှင့် တံဆိပ်ဝိုင်းကို ကြည့်ကာ အလွန် စိတ်လှုပ်ရှား နေသည့် အမူအရာကို ပြသလိုက်သည်‌။ သူက သံကြိုးကို စိုက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်၏။ “ဆာ-ရာဖယ်ရယ်၊ လေးစားသမှုနဲ့ပါ၊ ဒီအဆောင်ပစ္စည်းက...”

“မင်း တကယ် မြင်နိုင်တာလား။” ရာဖယ်ရယ်က အနည်းငယ် အံ့သြ သွားခဲ့သည်‌။ “မင်းရဲ့ အမြင်အာရုံက ငါထင်ထားတာထက် ပိုကောင်းနေတယ်။ ရှေးဟောင်း အမွေအနှစ် အဂ္ဂိရတ် မဟာဆရာသခင်ကို လက်ခံဖို့ မင်းက ထိုက်တန်ပါပေတယ်။ ‘စိတ်ချိန်းကြိုး’က တကယ်တမ်းတော့ အစွမ်းထက်တဲ့ အဆောင်ပစ္စည်း တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ နောက်ထပ် အစိတ်အပိုင်း တစ်ခုကို ‘အစစ်အမှန် မီးတောက် အချုပ်အနှောင်’လို့ ခေါ်သည်‌။ ဒီနှစ်ခု ပေါင်းလိုက်ရင် ပိုပြီး အစွမ်းထက်တဲ့ အဆောင်ပစ္စည်းတစ်ခု ဖြစ်တဲ့ ‘မီးနဲ့လေ ချိပ်ပိတ်’ ကို ဖန်တီးနိုင်တယ်။ နတ်ဘုရား-ယောင် အဆင့်တွေတောင် ဒါရဲ့ ချုပ်နှောင်မှုကနေ ရှောင်ရှားနိုင်မှာ မဟုတ်ဘူး။ ကံဆိုးချင်တော့ ဒါက အထူး ဥပဒေသ ပေါင်းစည်းဖို့ လိုအပ်တယ်။ အသင့်တော်ဆုံးနည်းလမ်းကို ရှာမတွေ့ သေးတဲ့အတွက် အဆောင်ပစ္စည်း နှစ်ခုကို သီးခြားပဲ အသုံးပြုလို့ ရတယ်။ ငါက ‘အစစ်အမှန် မီးတောက် အချုပ်အနှောင်’ကို တခြားသူတွေဆီ ပေးခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါ အဲဒါကို မမျှော်လင့်ဘဲနဲ့ ဆုံးရှုံး သွားခဲ့တယ်။ မဟုတ်ရင် မင်းရဲ့ ယန္တရား မဟာဆရာသခင်အဆင့် ကျွမ်းကျင်မှုနဲ့ ဒီနှစ်ခုကို တကယ့် “မီးနဲ့လေချပ်ပိတ်” အဖြစ် ပေါင်းစည်းနိုင်မယ့် အခွင့်အရေး ရနိုင်တယ်။”

“ဒီလိုကိုး။” ချန်လွေ့၏ နှမြောသော အမူအရာ လက်ခနဲ ဖြစ်သွား၏။ သူက စိတ်ချိန်းကြိုးနှင့် သိဒ္ဓိလက်စွပ် တံဆိပ်ကို ယူပြီး လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဆာ။ စိတ်မပျက်စေရဘူးလို့ ကျုပ် အာသာရိုလန်က ကြီးမြတ်တဲ့ အလင်း နတ်ဘုရားဆီမှာ ကျိန်ဆိုပါတယ်။”

ဟုတ်တယ်။ ဖရိုဖရဲဘုံမှာရှိတဲ့ အလောင်းတွေနဲ့ ကျိန်ဆိုတာ...

ရာဖယ်ရယ်က ‘သိဒ္ဓိသားတော်’၏ စိတ်ကူး အသေးစိတ်ကို မည်သို့ သိနိုင်မည်နည်း။ သူက ပုရွက်ဆိတ်ကို လုံးဝ လက်အောက်ခံစေပြီးမှသာ သူ၏ အနည်းငယ်ဝါးနေသည့် မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း မှိန်ဖျော့ သွားခဲ့သည်‌။

ဆာ-ကောင်းကင်တမန်တော်က သူ၏ ခေါင်းငုံ့ထားသည့် လူသား တစ်ဦး၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်သော အမူအရာကို မမြင်ခဲ့ရပေ။ အစစ်အမှန် မီးတောက် အချုပ်အနှောင်လား။ ဟုတ်တယ်။ ကျုပ် သေချာ‌ပေါက်ကို ကောင်းကောင်း လုပ်မှာပါ။ လုံးဝ “စိတ်မပျက်”စေရဘူး။

ဟုတ်ပြီ။ ကျုပ်က ခင်ဗျားရဲ့ အကူအညီ အားလုံးကို ရသွားပြီ။ ဆာ-ရာဖယ်ရယ်။

တကယ်တော့ ချန်လွေ့က စိတ်ချိန်းကြိုး၏ အထူးသီးသန့်အရာကို ခုနက မမြင်ခဲ့ပေ။ သို့သော် ကိုယ်ထဲရှိ တစ်စုံ တစ်ခုသော စွမ်းအားက စိတ်ချိန်းကြိုးကြောင့် သဲ့သဲ့လေး လှုပ်ရှားနေ၏။ ရာဖယ်ရယ် ကိုယ်တိုင် ပြောခဲ့သည်မှာ ထူးဆန်းပေသည်‌။

ဥပဒေသ ပေါင်းစည်းခြင်းလား။

ထိုစဉ်က တိုက်ပွဲတွင် သူက စူပါစနစ်၏ ‘စုပ်ယူခြင်းဥပဒေသ’ကို အသုံးပြုပြီး အစစ်အမှန်မိးတောက်အချုပ်အနှောင်ကို ‘စားသုံး’ ခဲ့သည်‌။ အခု စိတ်ချိန်းကြိုးကို ‘စားသုံး’ နိုင်ခဲ့လျှင် အသန့်စင်ဆုံးနှင့် အစွမ်းထက်ဆုံး ဥပဒေသ၂ခုကို ရရှိနိုင်မည်‌။ ဥပဒေ ၂ခုကို အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့ပါက ‘မီးလေချိပ်ပိတ်’ ကို မရရှိခဲ့လျှင်ပင် အစစ်အမှန် မီးတောက် အချုပ် အနှောင်ထက် ပိုမို၍ အစွမ်းထက်သော စည်းနှောင် စွမ်းအားကို ထုတ်နိုင်ပေမည်။

ဂရာလင်၏ ကတိက အသေအချာပင် ထိရောက် လှပေသည်။ နဂါးများက နောက်တစ်နေ့တွင် မှော်ဂိမ်းနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်သည်‌။

‘အသိဟောင်း’ ဖြစ်သော သိဒ္ဓိနဂါး ဂွယ်ရိုအက်စ်ပင်‌။

အပြန်အလှန် ‘ညှိနှိုင်းမှု’ အချို့ ပြုလုပ်ပြီး နှစ်ဖက်က အကျိုးအမြတ် ခွဲဝေမှုနှင့်ပတ်သက်ပြီး ‘သဘောတူညီမှု’ ရရှိခဲ့သည်‌။ ထို့နောက်တွင် နဂါး တောင်ကြားက ရွှေရောင်နယ်မြေအား မှော်ဂိမ်း တည်ဆောက်ရန် လိုအပ်သည့် အချက်ပြ မျှော်စင်များနှင့် မှော်ခေါင်းစွပ် ‘နည်းပညာ’ ကို အပ်နှံခဲ့သည်‌။

ထိုကဲ့သို့ မှော်ဂိမ်းခေါင်းစွပ်သည် အမှန်တကယ်၌ ရိုးရှင်းအောင် ပြုလုပ် ထားသည့် ပုံစံတစ်မျိုး ဖြစ်ပြီး မှော်ရုပ်မြင်သံကြားမှ ခွဲထုတ်ထားကာ ရိုးရှင်းသည့် ဂိမ်း လုပ်ဆောင်ချက်သာ ရှိသည်‌။

အချိန်အကြာကြီး ပြင်ဆင်ထားသော ရွှေရောင် နယ်မြေက မှော်ခေါင်းစွပ်နှင့် အချက်ပြ မျှော်စင် အစိတ်အပိုင်းများကို ချက်ချင်းပင် စတင်ထုတ်လုပ်ပြီးနောက် ထုတ်လုပ်ပြီးသည့် အချက်ပြ မျှော်စင် အစိတ်အပိုင်းများကို လာရောက် ယူဆောင်သော သိဒ္ဓိကျောင်းတော်သို့ ချက်ချင်း လွှဲပြောင်း ပေးခဲ့သည်‌။ တစ်ချိန်တည်းမှာပင် ကျောင်းတော်က ဦးဆောင်သော ဝါဒဖြန့်ခြင်းကလည်း လူသားလောကတွင် အပြည့်အဝ စတင် လာတော့သည်‌။

သိဒ္ဓိကျောင်းတော်၏ သြဇာ ပျံ့နှံ့မှုက အလွန်ကြီးမားပြီး မည်သည့် အင်အားစု ကိုမဆို အလွန်ပင် သာလွန်သည်‌။ လူသားအင်ပါယာနှင့် တိုင်းပြည်အားလုံး ပေါင်းစည်းခြင်းဟုပင် ပြောနိုင်၏။

မှော်ဂိမ်းများအတွက် ထိုအရာက ကြောက်စရာကောင်းသော စီးပွားဖြစ် ဝါဒဖြန့်သော အဖွဲ့တစ်ခုနှင့် ညီမျှသည်‌။ လေ့ကျင့်ရေး၊ ဖျော်ဖြေရေး၊ ဘုန်း ကျက်သရေ၊ တိုက်ပွဲ... စသည့် မှော်ဂိမ်းနှင့် ပတ်သက်သည့် အဓိက စကားလုံးများက ခဏကြာပြီးနောက် လူသားလောက တစ်ဝန်းလုံးသို့ ပျံ့နှံ့ သွားလေသည်‌။

မှော်ဂိမ်းမုန်တိုင်းက လူသားလောက တစ်ခုလုံးကို စတင် လွှမ်းခြုံသွားတော့၏။

All Chapters