← Chapters

လပတ်စာမေးပွဲ စတင်ပြီ

Vol. 01 Ch. 13

လပတ်စာမေးပွဲ စတင်ပြီ

Vol. 01 Ch. 13

ထန်ရှုသည် ကျောင်းတွင် ဟန်ကျင်းဝူ၏တည်ရှိမှုအား ရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီဖြစ်သည်။ ဟန်ကျင်းဝူ၏ဘဝဇာတ်ကြောင်းကိုလည်း ကြားထားခဲ့ဖူးသော်လည်း ယခုကဲ့သို့ သူနှင့်ဆက်နွယ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

အဖြစ်အပျက်မှန်အား သိရှိသွားပြီးတဲ့နောက် ထန်ရှုသည် ဟိုတစ်ချိန်က ပဟေဠိဖြစ်နေခဲ့သော မေးခွန်းများ၏အဖြေများကို ရရှိသွားပြီဖြစ်သည်။

သူသည် အဆင့်တစ်အဖြစ် အမှတ်အများဆုံး ရရှိခဲ့စဉ်က ပြည်နယ်၏အကောင်းဆုံးကျောင်းသားဟု သတ်မှတ်ခြင်း မခံရချေ။ သို့သော်လည်း သူ အဆင့်နှစ်ရရှိသောအချိန်တွင် ပြည်နယ်၏အကောင်းဆုံးကျောင်းသားဟူသော ဆုတံဆိပ်ကို ရရှိခဲ့သည်။

ကားမတော်တဆ ဖြစ်ပြီးသည့်နောက်တွင် ဆေးကုသပေးမှုနှင့် လျော်ကြေးငွေ ရရှိခဲ့သည်။ နောက်မကြာမီ ရဲရင့်မှုအတွက် ဆုကြေးငွေအဖြစ် ယွမ်တစ်သောင်း ထပ်မံရရှိခဲ့သည်။

သူ၏စိတ်တွင် ရောဂါဖြစ်နေစဉ်က ဟူကျူရှင်းသည် သူ့အား မုန်းတီးနေခဲ့သော်လည်း ကျောင်းမှမထုတ်ပယ်ဘဲ အကောင်းဆုံးအတန်းတွင် တက်ခဲ့ရသည်။

သူ၏ဦးလေးငယ်ဖြစ်သူ စုရှန်းဝမ်သည် အကြွေးများအားလုံး ဆပ်ပေးသဖြင့် သူ၏မိသားစုမှ ဦးလေးအပေါ်အမြင်ကောင်းရှိသည့်အပြင် သူ၏မိခင်ဖြစ်သူမှ အထူးကျေးဇူးတင်ရှိနေသော်လည်း သူ့ဦးလေးဖြစ်သူမှာ အကြောင်းမဲ့ကူညီခြင်းမဟုတ် ထန်ရှု အမြဲတမ်း ခံစားနေရသည်မှာ ဒီအကြောင်းကြောင့် ဖြစ်မည်ထင်သည်။

“ဆရာမဟန်… အခုကစပြီး ကျွန်တော့်ကို ကာကွယ်မယ်ဆိုတာ ဟုတ်လား။” တစ်ခဏကြာအောင် ဟန်ကျင်းဝူအား တိတ်ဆိတ်စွာ ကြည့်ပြီးနောက် ဟန်ကျင်းဝူ၏ အာရုံစူးစိုက်မှုကို မြင်ရသောထန်ရှုသည် သည်ဟာသည် စနောက်ပျော်ရွှင်စရာကောင်းသည်ဟု ခံစားလာရသည်။

“အင်း” သူမ ပြုလုပ်လိုက်သော ဆုံးဖြတ်ချက်အတွက် သူမ တာဝန်ယူရပေမည်. ဟန်ကျင်းဝူသည် အခြားခံစားချက်များ မပါဝင်ဘဲ ခေါင်းကို ခပ်လေးလေး ညိတ်လိုက်သည်။

“ဆရာမဟန်… ကျွန်တော့်ကို တစ်သက်လုံးလည်း စောင့်ရှောက်မယ်ဟုတ်တယ်မဟုတ်လား။” ထန်ရှု ဆက်ပြီးမေးလိုက်သည်။

“အွန်း” ဟန်ကျင်းဝူ ခေါင်းကို ဆက်ပြီး ညိတ်လိုက်သည်။

“ဆရာမဟန်… အခုစာမေးပွဲမှာ ကျွန်တော် နောက်ဆုံးနေရာပဲ ရခဲ့ရင်ရော။” ထန်ရှု ထပ်မံ မေးလိုက်ပြန်သည်။

“ငါ.. ငါ ဒီလ လစာကို မယူတော့ပါဘူး။” ဟန်ကျင်းဝူသည် ဆရာဟူနှင့်လောင်းထားသည်ကို သတိရလိုက်သောကြောင့် မတည်ငြိမ်နိုင်တော့သော်လည်း ထန်ရှုအပေါ် ဖိအားဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ဆရာမဟန်.. ကတိပေးထားတာတွေ မမေ့နဲ့နော်။ ဒီစာမေးပွဲမှာ အစွမ်းကုန် ကျွန်တော် ဖြေဆိုမယ်။ ဟူကျူရှင်း သူရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တ ရစေရမယ်။” မျက်မှောင်ကုတ်လာသော ဟန်ကျင်းဝူအား ကြည့်ပြီး နောက်ဆုံးတွင် ထန်ရှု ဆက်ပြီး မစနောက်ရက်တော့ပေ။

ထိုစကားများ ပြောပြီး ထန်ရှုသည် ထွက်သွားခဲ့ပြီဖြစ်သည်။ နေ့ဘက်တွင် အိပ်မက်မက်နေသူပမာ ဆရာမဟန်သည် ကျန်နေရစ်ခဲ့သည်။

“ဒါတော့ မဟုတ်သေးဘူး။ ဒီကောင်လေး ငါ့ကို ရည်ရွယ်ချက်ရှိရှိ စနောက်နေခဲ့တာပဲ။ သူ့ပုံစံက အရင်လို စိတ်မှာပြသနာဖြစ်နေတဲ့ ပုံစံလည်း မဟုတ်တော့ပါဘူး။”

“ယွမ်ချူးလင်ကလည်း ပြောတယ်။ ထန်ရှုရဲ့အက်ဆီးဒင့်ဒဏ်ရာက ကုသလို့ပျောက်သွားခဲ့ပြီ။ မကြာခင် သူရဲ့ပညာရေးမှတ်တမ်းတွေက ပြန်လည်ကောင်းမွန်လာတော့မှာတဲ့။”

“ဒါပေမယ့် ဒီလတစ်လလုံး ငါလည်း သူ့ကို စောင့်ကြည့်နေတာပဲ။ သူက ဆရာတွေ စာသင်တာ စာရှင်းပြတာ ကြည့်လည်းမကြည့်ဘူး နားလည်းမထောင်ဘူး။ သူ့ဘာသာပဲ စာအုပ်ဖတ်နေခဲ့တာ။ အခု ဒုတိယလဝက်မှာဆိုရင် စာရွက်တောင် လှန်မကြည့်တော့ဘူး။ တစ်နေ့လုံး ငူငူကြီး ထိုင်နေခဲ့တာ။”

ဟန်ကျင်းဝူ ဉာဏ်မီသလောက် စဉ်းစားခဲ့ပါသော်လည်း ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်တော့ပါချေ။ နောက်ဆုံးမှာတော့ ထန်ရှု သူ့အား နမ်းခဲ့သည်မြင်ကွင်းအား ပြန်လည်မြင်ယောင်လာပြီး သူမ၏ပါးနှစ်ဖက်သည် ရှက်စိတ်ကြောင့် ရဲတက်လာကာ မသိလိုက်မသိဘာသာဖြင့် ထိုပါးပြင်လေးများပေါ်သို့ လက်ဖဝါးနုနုလေးများဖြင့် အုပ်လိုက်မိသည်။

ယွမ်ချူးလင်သည် ထန်ရှု စာသင်ခန်းထဲသို့ ပြန်ဝင်လာသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ “အစ်ကိုကြီး… ဆရာမဟန်က ခေါ်ပြီးဆူတာလား။”

“မဟုတ်ပါဘူးကွာ။ ဆရာမဟန်က ငါ့ကို စာမေးပွဲမှာ အကောင်းဆုံးကြိုးစားဖို့ အားပေးတာပါ။ စာတွေ ဘာနားမလည်တာရှိလဲလို့တောင် မေးသေးတယ်။” ထန်ရှု ခေါင်းကို ခါပြလိုက်ရင်း ဂရုတစိုက် ပြန်ဖြေလိုက်သည်။

“အတန်းပြောင်းပြီးတဲ့နောက် ဖိအားတွေ အရင်ကလောက် မရှိတော့သလို ချန်းယန်နန်ရဲ့အကာအကွယ်အောက်မှာ ကျွန်တော်တို့ကို ဘယ်သူမှ မနှောင့်ယှက်တော့ဘူး။ ဒါကြောင့်မို့ ကျွန်တော် ဒီလမှာ စာကောင်းကောင်းလုပ်နိုင်တယ်။ ဒီအတိုင်း နောက်၂လကို ဆက်လုပ်သွားရင် ကောလိပ်အဆင့်တော့ တက်နိုင်ပြီ။” ယွမ်ချူးလင် တစ်ခဏမျှ တွေးလျက် ကျယ်လောင်စွာ ပြောလိုက်သည်။

“ကောလိပ်ဟုတ်လား။ ငါတို့ရဲ့ အဓိကပန်းတိုင်က ပင်မတက္ကသိုလ် (ဒါမှမဟုတ်) နာမည်ကြီး တက္ကသိုလ်ပဲ။”

ထန်ရှုသည် ယွမ်ချူးလင်၏ပခုံးအား ပုတ်လျက် ညင်သာစွာ ပြောလိုက်သည်။

ယွမ်ချူးလင်တစ်ယောက် အထင်ကြီးသောအကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ထန်ရှုအား တုံ့ပြန်စကားဆိုလိုက်ချင်သော်လည်း သည်လအတွင်း ထန်ရှု ငြိမ်သက်နေသည်ကို ပြန်လည်တွေးမိသွားသည်။

တတိယနှစ်ကျောင်းသားတစ်ယောက်၏မျှော်လင့်ချက်တို့ဖြင့် ဒုတိယလပတ်စာမေးပွဲသည် စတင်ခဲ့ပြီဖြစ်ပြီး ထိုစာမေးပွဲသည် ထန်ရှု၏စိတ်ဝိညာဉ် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိပြီး ပထမဆုံးဖြေဆိုရသော စာမေးပွဲဖြစ်သည်။

ပုံမှန်လပတ်စာမေးပွဲဖြစ်သော်လည်း ကျောင်းသားများသာမက ဆရာများပါ စိတ်လှုပ်ရှားစွာ ကြိုးစားကြသောစာမေးပွဲဖြစ်သည်။ မေးခွန်းပုံစံသည် အလွန်ခက်ခဲပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့်ဆင်တူသည်။ ကောင်းမွန်သောဘွဲ့ဒီဂရီ ရရှိရန် အရေးကြီးသော ကောလိပ်ဝင်ခွင့်စာမေးပွဲများ လေ့ကျင့်မှုပုံစံနှင့်ဆက်စပ်နေသော လပတ်စာမေးပွဲအမှတ်များသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအမှတ်များသို့ အထောက်အကူဖြစ်စေသည်။

ဆိုးဆိုးဝါးဝါး အမှတ်စာရင်းများ ရရှိထားသောအချို့ကျောင်းသားများသည် အမှတ်ကောင်းကောင်းရရန် မျှော်လင့်ချက်မဲ့လျက်ရှိသည်။

စာမေးပွဲခန်းတွင် စာပေအနုပညာနှင့် သိပ္ပံအတန်းနှစ်တန်းမှ ကျောင်းသားများသည် ကြက်ခြေခတ်ပုံစံထိုင်ရသည်။ ထို့ကြောင့် ခိုးချရသည်မှာ ဖြစ်နိုင်ချေရှိသည်။

“ထန်ရှု… ဘေးတွေ မကြည့်နဲ့။ စာမေးပွဲကို သေချာဖြေ။ အမှတ်ထွက်လာလို့ စုတ်ပြတ်သတ်နေရင် နင့်ကို ငါ အထင်သေးမှာနော်။” ထန်ရှု ဘေးပတ်လည်မှ ဖြေဆိုမည့်ကျောင်းသားများအား ကြည့်နေစဉ်မှာပင် သူ၏နောက်ခုံမှ ချန်းယန်နန်မှ စူးရှသောအသံဖြင့် ပြောလိုက်သည်။

“လာလိုက်စမ်းပါ။” ထန်ရှုသည် ပြုံးလိုက်ပြီးနောက် သူ၏ဖြေဆိုမည့်ကိရိယာများအား ထုတ်လိုက်သည်။

ထန်ရှုသည် တစ်စုံတစ်ယောက်မှ သူ့အကြောင်း ပြောနေသောအသံနှင့် သူ့အား လက်ညှိုးထိုးနေသည်ကို ကြားရခံစားရသော်လည်း ဂရုမစိုက်ချေ။

“လပတ်စာမေးပွဲအမှတ် ထွက်လာလို့ကတော့ မင်းတို့တွေ တုန်လှုပ်သွားစေရမယ်။”

ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏စိတ်အား အကောင်းဆုံးအခြေအနေသို့ရောက်အောင် ပြင်ဆင်လိုက်သည်။

မကြာမီ စာမေးပွဲကြီးကြပ်သူနှစ်ယောက်သည် ထူထဲသော စာမေးပွဲစာရွက်များအား သယ်ဆောင်လျက် အခန်းတွင်းသို့ ဝင်ရောက်လာသည်။

ကြီးကြပ်သူများသည် စာရွက်များအား ချက်ချင်းမဝေသေးဘဲ အခန်းတွင်းအား သိမ်းကျုံးကြည့်လိုက်သောကြောင့် ကျောင်းသားများသည် ဖိအားတစ်ရပ်ကို ခံစားမိရသည်။

ကျောင်းသားတစ်ယောက်ချင်းစီ၏လက်ထဲသို့ စာမေးပွဲစာရွက်များကိုလည်း အလျင်စလို မထည့်ချေ။

ထန်ရှုရှေ့သို့ရောက်ရှိလာသော ကြီးကြပ်သူသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဂရုဏာသက်သောအရိပ်အယောင်များ ပေါ်ထွက်လာသည်။

ထန်ရှုသည် ထိုအခြေအနေအား အပြုံးဖြင့် ရင်ဆိုင်လိုက်သည်။ ထိုကြီးကြပ်သူမှာ တန်းခွဲ-၅တွင် ရူပဗေဒပညာရပ်ကို သင်ကြားပေးသူ ရှမင်ကျီ ဖြစ်ပြီး သူ၏အခြေခံဘာသာကိုပင် ကျော်လွှားနိုင်လိမ့်မည်ဟု ထင်မထားချေ။

စာရွက်များ ရရှိပြီးသည့်နောက် ထန်ရှုသည် မေးခွန်းများအား အစအဆုံး ဖတ်ပြီးနောက် မည်သည့်အမှားမျှ ပါရှိခြင်းမရှိကြောင်း သေချာအောင်စစ်လိုက်သည်။ ထို့နောက် မေးခွန်းစာရွက်နှင့်သက်ဆိုင်သော စာပေဗဟုသုတများအား ပြန်လည် စဉ်းစားလိုက်သည်။

မကြာမီ ထန်ရှုသည် အဖြေများအား တစ်ခုပြီးတစ်ခု လျင်မြန်စွာ ချရေးတော့သည်။

တစ်နာရီခွဲ ကြာပြီးသောအခါ ထန်ရှုသည် စာစီစာကုံးမှလွဲ၍ မေးခွန်းအားလုံးအား ဖြေဆိုပြီးသွားပြီဖြစ်သည်။

“အဖေ့ရဲ့အချစ်က တောင်ကြီးတစ်လုံးနဲ့တူတယ်လို့ လူတိုင်းက တင်စားကြတယ်။ ဒါဆိုရင် အမေ့ရဲ့အချစ်ကရော။ နွေဦးရဲ့လေပြည်ညှင်းလေးလား။ နွေရာသီရဲ့ လေဋ္ဌာနီလေးလား။ ဆောင်းဦးရဲ့ သစ်သီးလေးများလား။ ဆောင်းတွင်းရဲ့ နေရောင်ခြည်နွေးများ ဖြစ်လေမလား။ မှောင်သောညကို လင်းလက်စေတဲ့ အလင်းရောင်လေးများ ဖြစ်လေမလား။ အမေ့ရဲ့အချစ်ကို စာလုံးရေ၁၀၀၀အောက် မလျော့စေဘဲ စာစီကုံးပါ။”

စာစီစာကုံး၏ခေါင်းစဉ်အား ဖတ်ပြီး ထန်ရှု သတိလက်လွတ် မတ်တတ်ရပ်လိုက်မိပြီး သူ၏စိတ်ခံစားမှုသည် ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ရှိသည်။ သူ၏မျက်ဝန်းအစုံမှလည်း မျက်ရည်များ တသွင်သွင် စီးဆင်းလာခဲ့ရသည်။

ထန်ရှာ သုံးနှစ်သားအရွယ်ကတည်း ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ရပြီး မိခင်ဖြစ်သူကသာ လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့ရသည်။

ထန်ရှု၏မှတ်ဉာဏ်ထဲတွင် ဖခင်ဖြစ်သူ၏တည်ရှိမှုသည် စွဲထင်မကျန်ရစ်ခဲ့ဘဲ မိခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှု၊ လုပ်ကိုင်ရှာဖွေကျွေးမွေးမှုတို့သာ တည်ရှိနေသည်။ ထန်ရှု၏မှတ်ဉာဏ် ချို့ယွင်းနေသော်လည်း စိတ်မရှည်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့အား မိခင်ဖြစ်သူသည် နည်းနည်းလေးမှ မဖြစ်စေဘဲ ခေါင်းမာစွာနှင့် စောင့်ရှောက်ခဲ့သည်။

သူ၏မိခင်နှင့်ပတ်သက်သော မှတ်ဉာဏ်များသည် များပြားလျက်ရှိပြီး နှစ်ပေါင်းတစ်သောင်းတိုင် အင်မော်တယ်ကမ္ဘာတွင် နက်ရှိုင်းသည်ထက်ပိုမိုနက်ရှိုင်းလာသည်။ ထန်ရှုတစ်ယောက် ဘယ်လိုမျှ မမေ့ခဲ့နိုင်ပါချေ။

မိခင်နှင့်ပတ်သက်သော မှတ်ဉာဏ်များသည် အချိန်ကြာသည့်တိုင်အောင် စွဲထင်နေသောကြောင့် ထန်ရှုသည် သူ၏သတိလက်လွတ်ပြုမူလိုက်သော အပြုအမူကြောင့် စာမေးပွဲခန်းတွင် လူအများ၏အာရုံစိုက်စရာ ဖြစ်နေသည်ကို သတိမထားမိခဲ့ပါချေ။

“မင်း တွေ့လား။ မျက်ရည်ကျနေတဲ့ကောင်က ထန်ရှုတဲ့။ ဒီကောင်က အရင်တုန်းက ပထမပေါ့ကွာ။ အခုလည်း ပထမပါပဲ နောက်ဆုံးကနေ ရေရင်ပေါ့ ဟား ဟား။”

“အဖြေမသိတာနဲ့ပဲ ငိုစရာလားဟ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ သူ့စိတ်က လွတ်နေပြီထင်ပါရဲ့။”

“သူ့ရဲ့ဦးနှောက်မှာ ပြသနာဖြစ်နေကတည်းက အိမ်ပြန်သင့်နေပါပြီကွာ။ ဘာလို့ကျောင်းမှာ ရှိနေသေးတာလဲမသိဘူး။ သူများတွေကို ရန်မူရင် ဘယ်လိုလုပ်မလဲ။”

ကြီးကြပ်သူနှစ်ယောက်သည် ထန်ရှု၏မူမမှန်သောပုံစံကို သတိထားမိသော်လည်း အခြားကျောင်းသားများအား အနှောင့်အယျက်မပေးဘဲ ငြိမ်သက်နေသောကြောင့်  သူတို့သည် ဘာမျှမပြောခဲ့ချေ။

ကျောင်းသားများ အာရုံစိုက်သည်ထက် စိုက်လာသောကြောင့် ထန်ရှုအား သတိပေးပြီး စာမေးပွဲခန်းထဲမှ ထွက်ခွာရန် ကြံရွယ်ခဲ့သည်။

ကြီးကြပ်သူနှစ်ယောက်အနက်မှ အငယ် ရန်ပန်သည် ထန်ရှုအား ရိုက်ရန် စိတ်ဆိုးမာန်ဆိုးဖြင့် သွားသဖြင့် ရှမင်ကျီသည် အလျင်အမြန် တားလိုက်ရသည်။

“ထန်ရှု… အခုက စာမေးပွဲအချိန်နော်။ စာကို သေချာဖြေပါ။ နိုမို့ဆိုရင် အချိန်တွေကုန်သွားလို့ မဖြေလိုက်ရဘဲနေမယ်။”

ရှမင်ကျီသည် စားပွဲအား ခပ်ဖွဖွပုတ်ကာ ထန်ရှုအား ညင်သာစွာ သတိပေးလိုက်သည်။

သူ၏သတိပေးသံကြောင့် ထန်ရှု အသိဝင်လာပြီး စာမေးပွဲဖြေဆိုရန် တစ်နာရီခွဲမျှပင် မကျန်တော့သောကြောင့် စာစီစာကုံးအား အလျင်အမြန်ပင် ရေးနေတော့သည်။

“စီနီယာရှ… ထန်ရှုရဲ့စွမ်းရည်နဲ့ဆိုရင် သူဘယ်လောက်ပဲ စာမေးပွဲခန်းထဲနေနေ ဘယ်လောက်ပဲဖြေဖြေ သူ့အမှတ်က ထူးခြားလာမှာမဟုတ်ပါဘူး။”

ထန်ရှုသည် စာမေးပွဲအား အသည်းအသန်ဖြေနေသောကြောင့် ကြီးကြပ်သူအငယ် ရန်ပန်က စာမေးပွဲအချိန်နှင့် စာမေးပွဲစည်းကမ်းများ၏ဖိအားကို ခံစားနေ၇သော်လည်း ရှမင်ကျီအား ခွန်းတုံ့မပြောဘဲ ထွက်သွားတော့သည်။

“ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ကလေးလဲ။ ကားမတော်တဆမှုသာမဖြစ်ခဲ့ရင် သူ့ရဲ့အနာဂတ်က တောက်ပနေတော့မှာ။” ရှမင်ကျီတစ်ယောက် ဂရုဏာဖြင့် ကြည့်လိုက်မိသည်။

“ဒါ ဘဝပဲ။ ပထမအဆင့်နဲ့ ကျောင်းကို ဝင်လာခဲ့တယ်။ အခုတော့ နောက်ဆုံးအဆင့်ဖြစ်နေပြီ။ ဒီနှစ်ခုကြားထဲက ကွာခြားချက်က ကြီးလိုက်တာ။” ရန်ပန်သည် ထန်ရှု၏လုပ်ဆောင်မှုကို ပြန်လည်တွေးတောပြီး သက်ပြင်းချလိုက်မိသည်။

“အိုလံပစ်အဆင့် ရူပဗေဒပြိုင်ပွဲမှာ သူ ပထမရခဲ့တုန်းက သူပြောတဲ့မိန့်ခွန်းကို ခုထိ သတိရမိသေးတယ်။ သူရဲ့ ကြီးကျယ်တဲ့ စိတ်နေစိတ်ထားတွေ အမြင်တွေ ပန်းတိုင်တွေကို သဘောကျလွန်းလို့ သူ့ရဲ့ဆရာဖြစ်ရတာ ဂုဏ်ယူနေခဲ့ရတာ။ သူ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။”

“စီနီယာရှ… ထန်ရှု ပုံမှန်းအတိုင်း ဖြစ်လာလိမ့်မယ်လို့ထင်လား။ ဒီ၃လအတွင်းမှာ ပြန်ကောင်းလာပြီး ဆုတွေ ပြန်ယူနိုင်လိမ့်ဦးမယ်လို့ ထင်ရလား။” စာစီစာကုံးအား ခပ်သွက်သွက်ရေးနေသော ထန်ရှုအား ကြည့်ပြီး ရန်ပန် မေးလိုက်သည်။

ထိုစကားများ ကြားလိုက်သောအခါ ရှမင်ကျီသည် မျက်လုံးပင့်ကာ ကြည့်လိုက်မိပြီး ဝမ်းနည်းမှုတို့ဖြင့်

“ဒီနှစ်တွေမှာ ထူးခြားတာတွေဖြစ်လာမလားလို့ ငါ စောင့်ကြည့်ခဲ့ပေမယ့် နောက်ဆုံးတော့ ထန်ရှုက တန်းခွဲ-၁၀ကိုပဲ ပြောင်းသွားရတော့တယ်။ ဒီနှစ်လအတွင်းမှာ ပုံမှန်ပြန်ဖြစ်ရင်တောင်မှ အမှတ်တွေ လိုက်မီဖို့ ခက်ခဲလိမ့်မယ်။”

အမှန်တကယ်အားဖြင့် ရန်ပန်သည် ထိုစကားများအား ရှမင်ကျီနှင့် ကျေနပ်စွာ ဆွေးနွေးနေရင်း မပြုံးဘဲ မနေနိုင်အောင်ဖြစ်လာသောကြောင့် ခေါင်းကိုညိတ်ကာ လျင်မြန်စွာ အကြောင်းအရာပြောင်းကာ ဆွေးနွေးလိုက်ရသည်။

All Chapters