ဝင်ရောက်ခြင်း၊ ကျောက်တုံးဘီလူး
Vol. 40 Ch. 745
ဂျုန်း..
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ကြားတွင် ရုတ်တရက် ဝိညာဉ်အလင်းတန်းများက လိမ့်တက်လာပြီး နေရာလပ်ကစတင်၍ ပြင်းထန်စွာတုန်ခါလာခဲ့သည်။
မျက်လုံးများသည် မိုင်အနည်းငယ်ကွာဝေးသော နေရာသို့ ရောက်နေကြသည်။
ထိုနေရာတွင်၊ ဝင်ပေါက်က တဖြည်းဖြည်းပွင့်လာပြီး မူလဝိညာဉ်ချီများလိမ့်တက်လာခဲ့သည်။
ဒါက မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေလား?
ပထမဆုံးဝင်ရောက်မည့်ကျင့်ကြံသူများ အားလုံး၌ ထိုသို့သောအတွေးရှိခဲ့သည်။
ဝင်ပေါက်က အချင်း ခုနစ် သို့ ရှစ် မီတာထိ ကျယ်သွားသည်နှင့် လူများသည် ချက်ခြင်း ထိုနေရာသို့ ပျံသန်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းတွင်၊ ဝင်ပေါက်သို့ ပျံသန်းသွားသည့်သူများသည် ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
“ယောကျ်ား၊ အချိန်ရောက်ပြီး ဝင်သွားကြရအောင်။”
ထိုအချိန်တွင် ရှန်းရူယန်က ကျန်းချန်ရွှမ်အားကြည့်လိုက်သည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ကာ အခြားသူများဘက်သို့ လှည့်ကာပြောလိုက်သည်။
“အားလုံးပဲ၊ သွားကြစို့။”
ထိုသို့ဖြင့် သူသည် ဦးဆောင်လိုက်သည်။
လျှပ်တစ်ပြက်အတွင်း ဝင်ပေါက်ထဲသို့ ရောက်သွားခဲ့သည်။
ဤသည်ကိုမြင်လျှင်၊ အခြားသူများသည်လည်း ဝင်ပေါက်ထဲသို့ ဝင်သွားကြတော့သည်။
အချိန်မကြာခင်တွင်ပင် မြစ်တစ်ထောင်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် ရည်ရွယ်ထားကြသည့် ကျင့်ကြံသူများသည် ဝင်ပေါက်ကို ဖြတ်သွားကြသည်။
မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေသည် တစ်လကြာပွင့်နေမည်ဖြစ်သည်။
တစ်လပြီးလျှင်၊ လူတိုင်းက အပြင်သို့ ထုတ်ခံရလိမ့်မည်။
ကျန်းချန်ရွှမ်သည် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေအကြောင်း သတင်းများကို ပြန်မှတ်မိအောင်လုပ်နေသည်။
သူ၏မျက်လုံးထဲ အလင်းတစ်ခုလက်သွားသည်။
သူ၏အမြင်က ကြည်လင်သွားလျှင် သူသည် သူ့ကိုယ်သူ ကျယ်ပြောသော အဝါရောင်မြေကြီး ပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။
ဝှစ်…ဝှစ်…ဝှစ်
ချက်ခြင်းပင်၊ အနည်းငယ်သောပုံရိပ်များက သူ၏ဘေးတွင်ပေါ်လာခဲ့သည်။
သူတို့သည် ရှန်းရူယန်၊ ဖန်းနန်ချွမ်နှင့် မိုးကြိုးချိုင့်ဝှမ်းမှ ယောင်အန်းရွေ့ဟုခေါ်သော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“ဟမ်? ငါတို့ လေးယောက်ပဲလား?”
ကျန်းချန်ရွှမ်က အနည်းငယ်မျက်မှောင်ကုပ်လိုက်သည်။
သူ၏မူလမျှော်လင့်ထားချက်အရ၊ သူတို့ဂိုဏ်းနှစ်ခုမှ တစ်ဒါဇင်ထပ်ပိုသော လူများက မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေသို့ဝင်လာကြပြီး အနည်းဆုံးတစ်ဝက်ကျော်လောက်က အတူတူ ဖြစ်နေနိုင်မည်ဟု ထင်ထားခဲ့သည်။
သို့သော် ယခုမူ သူတို့လေးဦးသာ ရှိပေသည်။
အခြားသူများသည် ရှင်းလင်းစွာပင် အခြားနေရာများသို့ ပို့ဆောင်သွားခံရခြင်း ဖြစ်နိုင်ပေသည်။
“လှုပ်ရှားကြရအောင်။ ငါတို့ ပတ်ဝန်းကျင်ကို ပတ်ကြည့်ပြီး အခြားညီအစ်ကို ညီအစ်မတွေများ ရှိမလားဆိုတာ ကြည့်ကြမယ်။”
ကျန်းချန်ရွှမ်က ရှန်းရူယန်နှင့် အခြားသူများအား ပြောလိုက်သည်။
ထို့နောက် သူသည် ဦးဆောင်ကာ၊ သူတို့ရှေ့မှ တစ်နေရာသို့ ပျံသန်းသွားလေသည်။
ရှန်းရူယန်နှင့် အခြားသူများက ချက်ခြင်းပင် လိုက်သွားကြသည်။
သို့ရာတွင် အချိန်တစ်ချို့ကြာပြီးနောက် ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့သည် သူတို့အဖွဲ့မှ မည်သည့် အဖွဲ့ဝင်နှင့်မျှမတွေ့ခဲ့ရပါ။
သူတို့သည် အခြားဂိုဏ်းများမှ တပည့်အချို့နှင့် တွေ့ခဲ့ရသော်လည်း ကံကောင်းစွာပင် သူတို့၏ ရန်သူများမဟုတ်ကြပေ။
လူတိုင်းက မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေသို့ ဝင်လာသည်နှင့် တိုက်ခိုက်စရာမလိုအပ်သေးပေ၊ ထို့ကြောင့် သူတို့သည် ငြိမ်းချမ်းစွာနေထိုင်ရန်ပင် ရွေးချယ်ခဲ့သည်။
“ကြည့်ရတာ ဂိုဏ်းတူညီလေးညီမလေးတွေက ငါတို့ နေရာနဲ့ဝေးနေပုံရတယ်။
သူတို့ကိုရှာပြီး လူစုဖို့ရာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဒါကြောင့် လာမဲ့အချိန်တွေမှာ၊ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေကိုပဲ အရင် လေ့လာကြည့်ရအောင်။
ကန့်ကွက်ဖို့ရှိလား?”
ကျန်းချန်ရွှမ်သည်ဖန်းနန်ချွမ်နှင့် ယောင်အန်းရွေ့တို့အားသူတို့၏ထင်မြင်ချက်ကို မေးရန်ကြည့်လိုက်သည်။
အကြည့်ချင်းဖလှယ်ပြီးနောက်၊ ဖန်းနန်းချွမ်နှင့် ယောင်အန်းရွေ့တို့က ခေါင်းခါလိုက်ကြပြီး သူတို့၌ ကန့်ကွက်ရန်မရှိကြောင်း ပြလိုက်သည်။
သူတို့၌ ကန့်ကွက်ရန်မရှိဘဲ ကျန်းချန်ရွှမ်၏ တာအိုအဖော်ဖြစ်သော ရှန်းရူယန်သည်လည်း ရှင်းလင်းစွာပင် ကန့်ကွက်ရန်မရှိသောကြောင့် ထိုလေးယောက်အုပ်စုသည် ဦးတည်ချက်ကို ဆုံးဖြတ်ကာ သူတို့၏လေ့လာရေးကို စတင်လိုက်သည်။
မဝင်ခင်က သူတို့စုပေါင်းထားသော အသိဉာဏ်များအရ သူတို့ဦးတည်ချက်ကို ဆုံးဖြတ်လိုက်သည် နှင့်၊ သူတို့အတွက် အခွင့်အလမ်းများသည် လမ်းတစ်လျှောက် ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။
သူတို့ပြုလုပ်ရန်လိုအပ်သည်မှာ လမ်းတစ်လျှောက် လျှိုဝှက်နယ်မြေမှ အတားအဆီးများအပါအဝင် အခြားဂိုဏ်းများမှကျင့်ကြံသူများကို ကျော်ဖြတ်ရန်သာဖြစ်ပါသည်။
ဖတ်…ဖတ်…ဖတ်
နာရီများစွာ ပျံသန်းပြီးနောက်၊ ကျယ်လောင်ကာ မိုးချိုန်းသံကဲ့သို့ဆူညံသံများက ရုတ်တရက် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ပေတစ်ထောင်ခန့်ရှည်သော ဘီလူး ၇ ကောင် သို့ ၈ ကောင်ခန့်က သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။
ဘီလူးတစ်ကောင်ဆီတိုင်း၏အရေပြားသည် ကျောက်တုံးများနှင့် ပြုလုပ်ထားပုံရပြီး၊ အလွန်ကြမ်းကြုတ်ကာ စွမ်းအားကြီးသော အရောင်အဝါကို ထုတ်လွတ်နေသည်။
မိုးကြိုးချိုင့်ဝှမ်းမှ ယောင်အန်းရွေ့သည် မျက်မှောင်ကုပ်လိုက်ပြီး ပြောလိုက်သည်။
“အဲ့တာတွေက ကျောက်တုံးဘီလူးတွေပဲ။”
“ကျောက်တုံးဘီလူးတွေ?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယာယီနောက်သို့ ပြန်ဆုတ်သွားကြသည်။ ထို့နောက် ကျောက်တုံးဘီလူးများအကြောင်း အသေးစိတ်အချက်အလက်များက ခေါင်းထဲသို့ ဝင်လာခဲ့သည်။
ကျောက်တုံးဘီလူးဟုခေါ်ရခြင်းမှာ သူတို့၏ခန္ဓာကိုယ်သည် ကျောက်တုံးများနျင့် ပြုလုပ်ထားခြင်းကြောင့် မဟုတ်ဘဲ၊ သူတို့၏ခန္ဓာကိုယ်သည် ကျောက်တုံးများအတိုင်း သန်မာကာ စွမ်းအားကြီးကြသောကြောင့် ဖြစ်သည်။
ကျောက်တုံးဘီလူးတစ်ကောင်ဆီတိုင်းက မြေဓာတ်နတ်ဘုရားစွမ်းအားကိုထုတ်လွတ်နိုင်ကြသည်။
အရေးအကြီးဆုံးအချက်မှာ သူတို့သည် မြေကြီးနှင့် ထိနေသရွေ့၊ သူတို့သည် မြေကြီးမှ အဆုံးမဲ့ စွမ်းအားကို ဆွဲယူနိုင်ကြသည်။ ၎င်းသည် ကျောက်တုံးဘီလူးများအား ရှိန်လောက်စေသော အချက်ဖြစ်သည်။
မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေတွင် ပေါ်လာသော သက်ရှိများသည် လျှို့ဝှက်နယ်မြေမှ ဖန်တီးမှုသာ ဖြစ်ပြီး အစစ်အမှန်သက်ရှိများမဟုတ်ကြပါ။ သူတို့၏စွမ်းအား၊ အင်အား၊ အရည်အချင်းနှင့် နတ်ဘုရားစွမ်းအားတို့သည် အစစ်အမှန် သက်ရှိများနှင့် ကွာခြားချက်မရှိပေ။
ထိုအချိန်တွင်။
ကျောက်တုံးဘီလူးက ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့ကို အာရုံခံမိပုံပေါ်ပြီး ကြမ်းတမ်းကာ ရက်စက်သော အလင်းက သူတို့၏မျက်လုံးများထဲ လင်းလက်လာသည်။
“အပြင်လူတွေက ၊ သေရမယ်။”
သူတို့သည် ပြောပြီး၊ များစွာသော ကျောက်တုံးဘီလူးများသည် ရုတ်တရက် သူတို့၏လက်များကို ကောင်းကင်ဆီသို့ မြောက်လိုက်ကြသည်။
ဝုန်း…
ချက်ခြင်းပင် တိမ်များကင်းစင်သောကောင်းကင်သည်၊ ရုတ်တရက်မဲမှောင်လာလေသည်။
ခနအကြာတွင်၊ ကြီးမားသော ကျောက်တုံးများသည်၊ မယှဉ်နိုင်သော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များဆီသို့ ဦးတည်၍ လာနေလေသည်။
“ငါ့ကို အရင်ဆုံးကိုင်တွယ်ခွင့်ပြုပါ။” ကျန်းချန်ရွှမ်က ရှန်းရူယန်နှင့် အခြားသူများကို လှည့်၍ ပြောလိုက်သည်။
ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝှစ်….ဝှစ်….ဝှစ်
မြင့်မားသောကောင်းကင်ပေါ်တွင်၊ များစွာသော ရွှေရောင်ချည်မျှင်များက အဖြူရောင် စာရွက်ပေါ်တွင် လိုင်းများဆွဲထားသကဲ့သို့ ပေါ်လာခဲ့သည်။
ထိုလိုင်းများသည် လျှင်မြန်စွာပင် လေထဲတွင် ယက်သွားကာ ကြီးမားသည့် ပိုက်ကွန်ကဲ့သို့ ဖြစ်သွားလေသည်။
ထိုကျောက်တုံးများက ကောင်းကင်ပေါ်မှ ကျလာသောအခါ ရွှေရောင်ချည်မျှင်ပိုက်ကွန်ပေါ်သို့ တည့်တည့်ကျသွားကြတော့သည်။
ခီ…ခီ….ခီ….
ထောပတ်ကို ဓားဖြင့်လှီးဖြတ်လိုက်သကဲ့သို့၊ ကြီးမားသည့် ကျောက်တုံးများသည် ချက်ခြင်းပင် ရွှေရောင်ပိုက်ကွန်မှ မရေတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ခွဲခြားခံလိုက်ရပြီး ကျန်းချန်ရွှမ်နှင့် သူ့အဖော်များကို မည်သည့်ချိန်းခြောက်မှုမှမဖြစ်နိုင်တော့ပေ။
“ဒါက စီနီယာအစ်ကိုကျန်း နားလည်သဘောပေါက်ထားတဲ့ သတ္တုဒြပ်စင်နတ်ဘုရားစွမ်းအား မဟုတ်လား? ဒီလောက်ထက်တဲ့ ဖြတ်တောက်ခြင်းအင်အားနဲ့၊ ဒီလောက်လွှမ်းမိုးနိုင်တဲ့ အရှိန်တွေရှိတယ်။” ဖန်နန်ချွမ်းက မနေနိုင်ဘဲ ချီးကျူးပြောဆိုလိုက်သည်။
ဟိန်းသံများ….
သို့ရာတွင် ကျန်းချန်ရွှမ်၏လုပ်ရှားမှုက ကျောက်တုံးဘီလူများကို စိတ်ဆိုးစေခဲ့သည်။
ကျောက်တုံးဘီလူးသုံးကောင်သည် သူတို့၏အောက်မှမြေကြီးကို ပုတ်လိုက်သည်။
ခနအကြာတွင်၊ သူတို့၏ကြီးမားသောခန္ဓာကိုယ်များသည် လေထဲသို့ မြောက်တက်သွားသည်။
ဖြူး…..
လေထဲတွင် တစ်ဒါဇင်ထပ်ကျော်သည့် တောင်အရွယ်အစားရှိသော အစီအရင်ချပ်ပြားဝိုင်းများ ပေါ်လာကာ အော်မြည်ကာ လှည့်ပတ်လျှက် ကျန်းချန်ရွှမ်ကိုရွေးကာ တိုက်ခိုက်တော့သည်။
***