ထိုးဖောက်ခြင်းအကြိုအဆင့်
Vol. 40 Ch. 753
အသံများကိုကြားလျှင် ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် သူ၏ခေါင်းကိုလှည့်ကာကြည့်လိုက်သည်။ သူသည် ဒြပ်စင်ငါးပါးဂိုဏ်း၏ခေါင်းဆောင် ပိုင်ကျီလန်သည် သူ့ကိုအေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
ကြောက်စရာကောင်းသည် အရောင်အဝါသည် သူ့ထံမှ ထွက်လာကာ ကျန်းချန်ရွှမ်အား ဖိနှိပ်နေသည်။
“ပိုင်ကျီလန်၊ မင်းအခုနက သင်ခန်းစာမရသေးဘူးလား?
ထိုအချိန်တွင် ချင်ရှန်းဝူ၏ပုံရိပ်သည် ရုတ်တရက် ကျန်းချန်ရွှမ်၏ရှေ့တွင်ပေါ်ထွက်လာခဲ့သည်။
သူသည်ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်အား တည်ငြိမ်သောအသံဖြင့် ခေါ်လိုက်လေသည်။
“ဒါဆို ငါတို့က မင်းရဲ့ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက တပည့်ကို သတ်တော့ကော ဘာဖြစ်လဲ?
ငါတို့အားလုံး မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေထဲဖြစ်ပျက်သမျှ သေရေးရှင်ရေးဖြစ်စေ ကံကြမ္မာကိုသာအပ်ထားပြီး နောက်ပိုင်း ပြန်မတွက်ဘူးလို့ အားလုံးသဘောတူထားကြတာမဟုတ်လား။
ဘာလဲ? မင်းတို့ဂိုဏ်းကတပည့်တွေကိုပဲ အခွင့်ထူးခံတွေလို့ ပြောချင်တာလား? ဒီသဘောတူညီချက်ကို ဖျက်တော့မလို့လား?”
ချင်ရှန်းဝူ၏စကားသည် ပိုင်ကျီလန်အား အနေခက်စေပြီး သူ၏မျက်နှာသည် အလွန်ရှုံ့မဲ့လာသည်။
သူတို့အပြုအမူများသည် မခုခံနိုင်မှန်းသိသော်လည်း သူသည် စိတ်ဆိုးဒေါသထွက်နေသေးပေသည်။
ထိုခံစားချက်များကိုထွက်ပေါက်မပေးနိုင်ဘဲ လွတ်ချရန်ခက်ခဲနေခဲ့သည်။
သို့ရာတွင် ကျန်းချန်ရွှမ်၏ ရှေ့တွင်ရှိနေသော ချင်ရှန်းဝူကိုရင်ဆိုင်ရာတွင် ပိုင်ကျီလန်၏အမူအရာသည် ကြိမ်ဖန်များစွာပြောင်းလဲနေပြီး နောက်ဆုံးမှ အေးစက်စွာထေ့ငေါ့လိုက်သည်။
“ဟောက်ရန်ဂိုဏ်း၊ မင်းတို့ စောင့်ကြည့်နေ။ အနာဂတ်မှာ ငါတို့နဲ့မတွေ့စေနဲ့။”
ပြီးနောက်သူသည် သူ၏တပည့်များဘက်လှည့်ကာ “သွားကြစို့။” ဟု ပြောလိုက်သည်။
ဤသို့ဖြင့်၊ ပိုင်ကျီလန်သည် သူ၏ ပျံသန်းသောလှေကို ဆင့်ခေါ်ပြီး ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ တပည့်များကိုခေါ်ကာ သွားလိုက်တော့သည်။
ထိုအရာကိုမြင်လျှင်၊ ချင်ရှန်းဝူသည် နှာခေါင်းမရှံ့ဘဲမနေနိုင်ခဲ့ပေ။
သို့ရာတွင် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့က အရေးကြီးသော အကျိုးအမြတ်များကို ကာကွယ်ထားနိုင်ခဲ့သည်။
သူသည် ပိုင်ကျီလန်နှင့် ထပ်မံ၍ စကားများနေရန် မလိုပါ။
သူသည် ကျန်းချန်ရွှမ်နှင့် အခြားသူများဘက်သို့လှည့်ကာ ပြုံး၍ ပြောလိုက်သည်။ “ငါတို့လည်း ပြန်ကြစို့။”
မကြာမီ ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့သည် ဟောက်ရန်ဂိုဏ်းသို့ပြန်လာခဲ့ကြသည်။
သူတို့သည် မြစ်တစ်ထောင်လျို့ဝှက်နယ်မြေ၌ သံသရာကင်းလွတ်ခြင်းကျောက်တိုင်နှင့် ဆေးဥယျာဉ်တို့အား ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကြောင့် ရရှိခဲ့သည်ဟု ဆိုလျှင် ချဲ့ကားရာမရောက်ပါ။
ရလဒ်အနေဖြင့် ဂိုဏ်းနှစ်ခုစလုံးက ထိုစုံတွဲအား ရက်ရောစွာ ဆုချခဲ့သည်။
သူတို့သည် ကျမ်းစာစင်မြင့်မှ ကျမ်းစာများနှင့် ထောက်ပံ့မှုအမှတ်သောင်းချီကို ပေးခဲ့လေသည်။
ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းထဲတွင် ထောက်ပံ့မှုအမှတ် တစ်ရာသည်ပင် ဝိညာဉ်ဖွဲ့စည်းခြင်းနည်းပညာနှင့် နတ်ဘုရားစွမ်းအားများကို လဲလှယ်နိုင်သည်။
ဗလာနယ်ပြန်နတ်ဘုရားစွမ်းအားသည်ပင် ထောက်ပံ့မှုအမှတ်ရာချီနှင့် လဲလှယ်နိုင်သည်။
၎င်းသည် ထောက်ပံ့မှုအမှတ်သောင်းချီသောဆုလဒ်သည် မည်မျှရက်ရောသည်ကိုသိနိုင်ပါသည်။
ထိုမျှလောက်သော ထောက်ပံ့မှုအမှတ်များနှင့် ထိုစုံတွဲသည် လာမည့် နှစ်ပေါင်းများစွာတွင် စိုးရိမ်စရာမလိုအပ်ပေ။
...........
တိမ်တိုက်မြူတောင်ထိပ်တွင်။
ဟောက်ရန်ဂိုဏ်းသို့ပြန်ရောက်လာပြီး နှစ်ဝက်အကြာတွင်ဖြစ်သည်။
ထိုအချိန်အတွင်း ရှန်းရူယန်က ကျန်းချန်ရွယ်၏ဘေးတွင်နေခဲ့လေသည်။
သို့ရာတွင် သူမ၏ဆရာယွင်ရီကျန်းက မိုးကြိုးချိုင့်ဝှမ်းသို့ပြန်ရန် အချိန်ရောက်ပြီဖြစ်ကြောင်းသတင်းစကားပေးပို့လိုက်သည်။
လာမည့်နှစ်များတွင်၊ သူမသည် ချိုင့်ဝှမ်းထဲတွင် အရေးကြီးသော အမွေဆက်ခံခြင်းကို ကျော်ဖြတ်ရလိမ့်မည်။
အမွေဆက်ခံခြင်းပြီးဆုံးသွားပါက၊ သူမသည် ဗလာနယ်ပြန်အဆင့်ကို ထိုးဖောက်ရမည့်အချိန်သို့ရောက်ရှိသွားရတော့မည်။
ကျန်းချန်ရွှမ်သည်လည်း ဆင်တူသည့်အခြေအနေတွင်ရှိနေပါသည်။
သူ၏လက်ရှိအခြေခံဖြင့်၊ ဗလာနယ်ပြန်အဆင့်ကိုထိုးဖောက်ခြင်းသည် နှစ်ပေါင်းအနည်းငယ်အတွင်း ဖြစ်လာမည်ဟု ခန့်မှန်းရပါသည်။
ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ယောကျ်ား၊ ကျွန်မရဲ့ဆရာက အကြိမ်တော်တော်များများတိုက်တွန်းနေတယ်။
အကယ်၍ မမျှော်လင့်ထားတာတွေမဖြစ်လာရင်၊ ကျွန်မ ဒီနေ့ ဟောက်ရန်ဂိုဏ်းကနေ ထွက်ခွာတော့မယ်။ နောက်တစ်ခေါက်ကျွန်မတို့တွေ့ရင် နှစ်ယောက်လုံး ဗလာနယ်ပြန်အဆင့်ကို ထိုးဖောက်နိုင်လောက်ပြီ။”
“ကောင်းပြီ။ သွားပါ။”
ကျန်းချန်ရွမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ဆရာပဲမဟုတ်ဘူး။ ကိုယ့်ဆရာလည်း အရမ်းတိုက်တွန်းနေပြီ။
ကိုယ်တို့ နှစ်ယောက်လုံး အောင်မြင်စွာအဆင့်တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“ကောင်းပြီ။ ဒါဆို ကျွန်မအခုသွားတော့မယ်။”
ရှန်းရူယန်သည် ပြုံးကာ ကျန်းချန်ရွှမ်အားဖက်လိုက်သည်။
ပြီးနောက်၊ သူမသည် တိမ်တိုက်မြူတောင်ထိပ်မှ ထွက်သွားပြီး သူ၏အမြင်အာရုံမှ လျှင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
.........
အချိန်တစ်ချို့ကြာပြီးနောက်။
ကျန်းချန်ရွှမ်က ရှန်းဝူတောင်ထိပ်သို့သွားလိုက်သည်။
ထိုနေရာတွင်၊ သူ၏စီနီယာအစ်ကိုကျောက်ထျန်းဖန်သည် ရုတ်တရက်သူ၏ရှေ့တွင်ပေါ်လာပြီး သိုလှောင်လက်စွပ်ကိုပေးလိုက်သည်။
“ဂျူနီယာညီလေးကျန်း၊ ငါတို့ဆရာက လက်ရှိမှာဂူပိတ်ကျင့်ကြံနေတယ်။ ဒါမဲ့ သူ ဂူထဲမဝင်ခင်၊ မင်းကို ဒီသိုလှောင်လက်စွပ်ကိုပေးဖို့ မှာထားတယ်။
အဲ့ဒီထဲမှာ၊ ဗလာနယ်ပြန်အဆင့်ကို ထိုးဖောက်နိုင်ဖို့အသိအမြင်တွေနဲ့ သက်ဆိုင်တဲ့ သယံဇာတများစွာ ပါဝင်တယ်။
ယူလိုက်ပါ။”
“ဟုတ်ကဲ့ပါ။”
ကျန်းချန်ရွှမ်သည် ကျောက်ထျန်းဖန်ထံမှသိုလှောင်လက်စွပ်ကိုယူကာ ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။
“ဆရာ့ကိုကျေးဇူးတင်ပါတယ်။ပြီးတော့ စီနီယာအစ်ကိုကျောက် ဒီပစ္စည်းကို တဆင့်ပေးပေးလို့ ကျေးဇူးတင်ပါတယ်။”
“အာ၊ ဂျူနီယာအစ်ကိုကျန်း၊ အရမ်းယဉ်ကျေးနေပါပြီ။” ကျောက်ထျန်းဖန်သည်ရယ်လိုက်ကာ ခေါင်းခါလိုက်သည်။
“ငါတို့နှစ်ယောက်လုံးက ဆရာရဲ့တပည့်တွေပဲ။ အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။
မှတ်ထားပါ၊ ဗလာနယ်ပြန်အဆင့်ကိုထိုးဖောက်တာဟာ အတိဒုက္ခသုံးခုကိုဖြတ်ကျော်ဖို့လိုတယ်။
ဂရုစိုက်ပါ၊ပြီးတော့ ဒီအသိအမြင်တွေအားလုံးကိုကြည့်ပြီး ယုံကြည်ချက်အပြည့်ရှိမှသာ ထိုးဖောက်ဖို့ကြိုးစားပါ။”
“နားလည်ပါပြီ။ ကျွန်တော်အဲ့လိုလုပ်ပါ့မယ်။ သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကျောက်။”
ကျန်းချန်ရွှမ်သည် ကျေးဇူးတင်သောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
နောက်တွင်၊ နှစ်ဦးလုံးသည် အချိန်အနည်းငယ်စကားပြောခဲ့ကြသည်။
စကားပြောပြီးနောက်၊ ညီအစ်ကိုနှစ်ဦးသည်လမ်းခွဲလိုက်ကြပြီး ကျန်းချန်ရွှမ်သည် တိမ်တိုက်မြူတောင်ထိပ်ရှိဂူဗိမာန်သို့ ပြန်သွားခဲ့သည်။
သူပြန်ရောက်ချိန်တွင်၊ သူသည် ဗလာနယ်ပြန်အဆင့်သို့ထိုးဖောက်ရန် ဂူပိတ်ကျင့်ကြံခြင်းကိုစတင်လိုက်သည်။
သူ၏ဆရာချင်ရှန်းဝူသည် ယခင်က ရှင်းပြထားချက်အရ ဝိညာဉ်ဖွဲ့စည်းခြင်းမှ ဗလာနယ်ပြန်အဆင့်သို့ ပြောင်းလဲခြင်းသည် မူလဝိညာဉ်ကို သန်မာစေခြင်းအစီအစဉ်ပင်ဖြစ်သည်။
၎င်းသည် မူလဝိညာဉ်ပြောင်းလဲခြင်းပါဝင်ကာလူတစ်ဦး၏အရပ်အမြင့်မှ ဓမ္မပုံစံသို့ပြောင်းလဲခြင်းဖြစ်ပေသည်။
ထိုပုံစံသည် လှုပ်ရှားမှုတိုင်းတွင် မယုံကြည်နိုင်သောစွမ်းအားများပါဝင်ကာ ဗလာနယ်ပြန် အဆင့်၏ကနဦးအဆင့်ဖြစ်သည့် ဓမ္မပုံစံအဆင့်ဖြစ်သည်။
ထိုအဆင့်တွင်၊ တစ်ဦးသည် ဗလာနယ်ပြန်အဆင့်သို့ရောက်နိုင်ရန် အတိဒုက္ခသုံးခုကိုဖြတ်ကျော်ရန်လိုအပ်ပြီး ထိုမှသာ အဆုံးမရှိဘဝသက်တမ်းကို ရရှိနိုင်မည်ဖြစ်သည်။
သီအိုရီအရ၊ နှစ်တစ်သောင်းကြာတိုင်းဖြစ်ပေါ်သည့် ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်နိုင်လျှင်၊ သူတို့သည်အဆုံးမဲ့နေထိုင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ၎င်းသည် သီအိုရီတစ်ခုပင်ဖြစ်သည်။
အကယ်၍ တစ်ဦး၏ကျင့်ကြံခြင်းသည် မတိုးတက်ပါက သူတို့ရင်ဆိုင်ရမည့် နှစ်တစ်သောင်းတိုင်းဖြစ်ပေါ်လာမည့် အတိဒုက္ခသည် တိုးလာမည်ဖြစ်သည်။
ဗလာနယ်ပြန်၏ ဒုတိယအဆင့်ဖြစ်သည့် ကောင်းကင်ဘုံအလင်းအဆင့်တွင် ကောင်းကင်အတိဒုက္ခ၏ စွမ်းအားက တိုးပွားလာသည်နှင့် မဖြတ်ကျော်နိုင်ဘဲ အတိဒုက္ခ၏အောက်တွင် အမှန်အကန်သေဆုံးရလိမ့်မည်ဖြစ်သည်။
ကျင့်ကြံသူသည် ကောင်းကင်ဘုံအလင်းအဆင့်ကို ထိုးဖောက်နိုင်သွားလျှင်၊ ကောင်းကင်၊မြေကြီးနှင့် အတူ သူတို့၏ မူလဝိညာဉ်၏အစိတ်အပိုင်းတိုင်းကို တိုးမြင့်နိုင်ကာ သက်ဆိုင်သောစွမ်းအား၏အတိဒုက္ခကို ကျော်လွန်နိုင်ရန်လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ထို့အပြင် တိုးမြင့်ပြီးသည်နှင့် ကောင်းကင်အတိဒုက္ခ၏ အချိန်အပိုင်းအခြားသည် ရှည်ကြာလာလိမ့်မည်ဖြစ်သည်။
အကယ်၍ ဓမ္မပုံစံအဆင့်တွင် နှစ်ပေါင်းနှစ်သောင်းမှတစ်ကြိမ်ဖြစ်လျှင်၊ ကောင်းကင်ဘုံအလင်းအဆင့်အား နှစ်ပေါင်းငါးသောင်းမှတစ်ကြိမ်ဖြစ်လာနိုင်သည်။
ဗလာနယ်ပြန်အဆင့်၏ တတိယအဆင့်ဖြစ်သည့် လျှို့ဝှက်နက်နဲအဆင့်သို့ရောက်သည်နှင့် ကောင်းကင်ဘုံအတိဒုက္ခ၏အချိန်သည် ပို၍ ရှည်ကြာသွားလိမ့်မည်။
အကျဉ်းချုပ်အားဖြင့် ကျင့်ကြံသူသည် ဗလာနယ်ပြန်အဆင့်သို့ ရောက်ပြီး အဆုံးမဲ့ဘဝသက်တမ်းကို ပိုင်ဆိုင်နိုင်ပုံရ၍ အရေးကြီးသော အရာများက သူတို့၏ကျင့်ကြံခြင်းကို ဖမ်းဆုပ်ခြင်းမပြုရန်တိုက်တွန်းခြင်းရှိနေသေးသည်။
အကယ်၍ ကျင့်ကြံခြင်းကိုရပ်လိုက်လျှင်၊ နှစ်ပေါင်းတစ်သိန်းအကြာတွင် သူတို့အားစောင့်နေသည်မှာ သေခြင်းပင်ဖြစ်ပေသည်။
***