ဗလာနယ်ပြန်အဆင့် အတိဒုက္ခ
Vol. 40 Ch. 754
ထိုအချိန်တွင်။
ကျန်းချန်ရွှမ် နေထိုင်သည့် တိတ်ဆိတ်သောနေရာတွင်၊ စွမ်းအင်လှိုင်းများ စတင်၍ လိမ့်တက်လာခဲ့သည်။
သူ၏နောက်တွင်၊ မီးတောက်များ၊ အပြာရောင်အလင်းများ၊ ရွှေရောင်အလင်းတန်းများ၊ လှိုင်းများနှင့် အမျိုးမျိုးသောအနေအထားကိုပြောင်းလဲနိုင်သောမြေတို့သည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် မူလဝိညာဉ်များသည် သိသာစွာတိုးတက်လာသည်ကို ခံစားရပြီး ၎င်း၏မူလအရွယ်အစားမှ ပို၍ ကြီးထွားလာသည်ကို ခံစားလိုက်ရသည်။
သူနှင့်တူသောအရိပ်ဆန်သည့် ပုံရိပ်သည် တဖြည်းဖြည်းသူ၏နောက်တွင်ပေါ်လာကာ မြင့်မားလာပြီး ကြီးမားလာကာ ကျင့်ကြံခြင်းဂူ၏ မျက်နှာကျက်ထိပင် ရောက်ခါနီးဖြစ်နေသည်။
ထို့နောက် ကျန်းချန်ရွှမ်သည် စိမ်းပြာရောင်ဝိညာဉ်အရည်ကိုထုတ်လိုက်သည်။
၎င်းသည် မူလဝိညာဉ်ကောင်းကင်နှင်းစက်သည် မူလဝိညာဉ်ကို သန်မာစေကာ ဓမ္မပုံစံကိုသိပ်သည်းစေပြီး ဗလာနယ်ပြန်အဆင့်ကို ထိုးဖောက်နိုင်ရန် အလွန်အဖိုးတန်သောအရာ ဖြစ်ပေသည်။
၎င်းသည် သူ၏ဆရာချင်ရှန်းဝူမှ စီနီယာအစ်ကို ကျောက်ထျန်းဖန်မှတဆင့် သူ့ကိုပေးထားသောအရာဖြစ်သည်။
ပုလင်းကိုဖွင့်လိုက်လျှင် ကျန်းချန်ရွှမ်က နှင်းစက်ရည်ကိုသောက်လိုက်သည်။
ကျီ..
ချက်ခြင်းပင် မြိုချပြီးနောက်၊ ဓမ္မပုံစံသည် သူ၏မူလဝိညာဉ်ထံမှစတင်၍ ဖွဲ့စည်းလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါသည် သူ့ထံမှစတင်၍ ထွက်ပေါ်လာခဲ့ပြီး ကွဲပြားသောအရောင်ရှိသည့် အလင်းငါးမျိုးသည် ဓမ္မပုံစံမှမြင့်တက်လာကာ ဂူပေါက်ကိုချိုးဖျက်သွားကာ တိမ်တိုက်မြူတောင်ထိပ်အပေါ်ရှိကောင်းကင်ပေါ်သို့ရောက်ရှိသွားသည်။
ဝှစ်ဟူသောအသံမြည်သွားသည်။
ချက်ခြင်းပင်၊ အဆုံးမရှိသော ဒြပ်စင်စွမ်းအားများသည် တိမ်တိုက်မြူတောင်ထိပ်တွင် တောင်ပေါ်တွင် ဝိညာဉ်အပင်များကို အာဟာရပေးနေခဲ့သည်။
ထိုသက်ရှိများသည် အဆမတန်ကြီးထွားလာကြသည်။
ဂူထဲတွင် ချိုးဖောက်ရန်ကြိုးစားနေသည့် ကျန်းချန်ရွှမ်သည် သူ၏ဓမ္မစွမ်းအားသည် အထွတ်အထိပ်သို့ပေါင်းစည်းလာခဲ့သည်။
ကြိုတင်သိမြင်နိုင်သည့်အာရုံကသူ့အားပြောနေသည်မှာ သူ၏ အတိဒုက္ခက ကျရောက်လာလိမ့်မည်ဖြစ်ကြောင်းဖြစ်ကာ သူ၏မျက်လုံးများပိတ်ထားသည်အား ရုတ်တရက် ပွင့်သွားစေသည်။
ထိုအချိန်တွင် သူ၏အကြည့်သည် ငါးရောင်အလင်းဖြင့်ပြည့်နေကာ တလက်လက်ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်။
တစ်ပြိုင်နက်တည်း သူ၏နှလုံးသားထဲမှ အဆက်မပြတ်သတိပေးနေသောအာရုံက မြင့်တက်လာသည်။
“ငါ့ရဲ့အတိဒုက္ခသုံးခုက ရောက်လာပြီပဲ။” သူသည် သူ့ကိုယ်သူတွေးလိုက်သည်။
ဝုန်း….
ထိုအချိန်တွင် ထိတွေ့နိုင်သောအရာနှင့် မထိတွေ့နိုင်သည့်အရာကြားမှ မီးတောက်သည် ရုတ်တရက် ကျန်းချန်ရွှမ်၏ နှလုံးသားထဲမှမြင့်တက်လာခဲ့သည်။
၎င်းသည် ဗလာနယ်ပြန်အဆင့်သို့ ထိုးဖောက်ရာတွင် ပထမဆုံးအတိဒုက္ခဖြစ်သည့် မီးအတိဒုက္ခဖြစ်သည်။
၎င်းသည် ကျင့်ကြံသူ၏နှလုံးသား၏နက်ရှိုင်းသောနေရာမှဖြစ်ပေါ်လာကာ သူတို့၏မူလဝိညာဉ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးအား သိမ်းပိုက်သွားသည်။
ထိုအတိဒုက္ခအား ဖြတ်ကျော်ရန်ကျရှုံးခဲ့လျှင် ရလဒ်မှာ ကျင့်ကြံသူသည် မီးတောက်များမှ လုံးဝဝါးမြိုခံရလိမ့်မည်။
ဝှစ်…ဝှစ်…ဝှစ်….
ချက်ခြင်းတွင် ကျန်းချန်ရွမ်သည် မီးတောက်များဖြင့် ဖုံးလွယ်သွားခဲ့ပြီး အပူလှိုင်းများသည်လည်း ကျင့်ကြံခြင်းဂူတစ်ခုလုံးကိုပြည့်နှက်သွားသည်။
ဂူ၏အထဲရှိအပူချိန်သည် ဒီဂရီထောင်ကျော်ထိုးတက်သွားခဲ့သည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်မှလွဲ၍ ဂူ၏ကျန်သည့်နေရာများသည် မီးတောက်မှ သက်ရောက်ခြင်းရှိပုံမပေါ်ပေ။ အပူချိန်သည်ဆက်တိုက်မြင့်တက်လာနေသော်လည်း၊ ဂူသည် မထိခိုက်မပျက်စီးပေ။
ကျီ….
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်နှင့် သူ၏မူလဝိညာဉ်မှဖွဲ့စည်းထားသော ဓမ္မပုံစံသည် နှစ်ခုလုံးက ဒြပ်စင်ငါးပါးရောင်ခြည်စက်ဝန်းကို ထုတ်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိမီးတောက်သည်ထိုရောင်ခြည်စက်ဝန်းနှင့် ဆက်သွယ်ကာ တိုက်ရိုက်လွမ်းခြုံသွားခဲ့သည်။
“ရတနာနဲ့ နတ်ဘုရားစွမ်းအားတွေက အတိဒုက္ခကိုဖြတ်ကျော်တဲ့အခါ တကယ်ပဲ သက်ရောက်မှုနည်းနည်းပဲရှိတာ ဖြစ်နိုင်မလား?”
ကျန်းချန်ရွှမ်၏မျက်ဆံများကျဉ်းသွားသည်။
သူသည် ဗလာနယ်ပြန်အတိဒုက္ခအားဖြတ်ကျော်ရန် ပြင်ပမှ အင်အားသုံးခြင်းသည် ဖြစ်နိုင်ချေနည်းပါးကြောင်း ကြိုသိခဲ့ပြီးဖြစ်သည်။
၎င်းသည် မီး၊ ရေ နှင့် လေအတိဒုက္ခများဖြစ်ပါစေ၊ ၎င်းတို့သည် တစ်နေရာထဲမှ အစပြုလာခြင်းဖြစ်သည်။
သူတို့၏စွမ်းအားများသည် တစ်ခုတည်းမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
ဤအတိဒုက္ခများကို ကျော်ဖြတ်ရန် ပြင်ပစွမ်းအားများသုံးခြင်းသည် ကိုယ်ပိုင်စွမ်းအားကို ရင်ဆိုင်နေသလိုပင်ဖြစ်ကာ အလကားပင်ဖြစ်သည်။
ထို့ကြောင့်။
ထိုအတိဒုက္ခကိုဖိနှိပ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ကိုယ်ကိုယ်တိုင်အပေါ်မှီခိုရန်သာဖြစ်ကာ၊ ကိုယ်တိုင်၏အင်အားနှင့် တာအိုအပေါ်နားလည်မှုကိုမှီခိုရမည်သာဖြစ်သည်။
ဝုန်း…
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏အပေါ်မှ မီးတောက်များသည် ပို၍ ပြင်းထန်လာပြီး၊ သူ၏မျက်လုံးများ၊ နားများနှင့် နှာခေါင်းများနှင့် သူ၏နောက်မှ ဓမ္မစွမ်းအားများသည် မီးတောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။
မူလဝိညာဉ်မှ မြစ်ဖျားခံလာသည့် နာကျင်မှုသည် အလွန်ပြင်းထန်လာသဖြင့် ကျန်းချန်ရွှမ်ကဲ့သို့သောလူ၏ ခံနိုင်ရည်သည်ပင် မနေနိုင်ဘဲ မျက်မှောင်ကုပ်မိတော့သည်။
အမှန်တကယ်ပင်။
ဗလာနယ်ပြန်၏ ပထမအဆင့် အတိဒုက္ခသည် လွယ်ကူစွာကျော်ဖြတ်နိုင်သည့်အရာမဟုတ်ပါ။
သို့ရာတွင်၊ ၎င်းကိုပင်စဉ်းစားကြည့်လျှင်လုံလောက်သည်ထပ် ပိုပါသည်။
ကျီ…
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ စိတ်ဓာတ်သည် သတ္တုကဲ့သို့ခိုင်မာသွားပြီး စွမ်းအင်များသည် သူ၏ပတ်လည်တွင် လည့်ပတ်ကာ မြင့်တက်လာနေသည်။
ဝုန်း….
ဂြိုလ်များက ကြယ်များနှင့် တိုက်မိသွားသကဲ့သို့ ကျန်းချန်ရွှမ်ပေါ်၌ တောက်လောင်နေသည့်မီးတောက်သည် ရုတ်တရက် မမြင်ရသော စွမ်းအားတစ်ခုမှ နှောက်ယှက်ခံလိုက်ရပုံပေါ်သည်။
မီးတောက်များသည် ပပျောက်သွားကာ ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာမြင်တွေ့နိုင်ပါသည်။
ခနအကြာတွင်၊
အေးစက်သော အာရုံက ပျောက်ကွယ်သွားကာ ကျန်းချန်ရွှမ်ပေါ်မှ မီးတောက်များ ပပျောက်သွားခဲ့သည်။
သို့ရာတွင်၊ သူသည် အသက်မရှုနိုင်ခင်တွင်ပင် များစွာသော ရေစက်များက သူ၏မူလဝိညာဉ်မှဖွဲ့စည်းထားသော ဓမ္မပုံစံပေါ်တွင် ပေါ်လာခဲ့ကာ သူ၏စိတ်ထဲသို့ မူးဝေကာ ရေနစ်နေသော အာရုံမျိုးကိုခံစားရတော့သည်။
“ဒါက ရေအတိဒုက္ခပဲ။”
ကျန်းချန်ရွှမ်က ချက်ခြင်းသတိပြုမိသွားခဲ့သည်။
မီးအတိဒုက္ခ၏ပေါက်ကွဲတတ်သောသဘာဝနှင့် မတူညီစွာပင်၊ ရေအတိဒုက္ခသည် ထိုင်းမှိုင်းတွေဝေမှုကိုဖြစ်စေကာ၊ ရေနစ်နေသကဲ့သို့ဖြစ်စေပြီး တဖြည်းဖြည်းနှင့် သွက်လက်မှုကိုပျောက်ဆုံးသွားစေသည်။
၎င်းသည် ဗလာနယ်ပြန်အတိဒုက္ခထဲတွင် အကြာဆုံးဖြစ်ပေသည်။
ကံကောင်းစွာပင်၊ ကျန်းချန်ရွှမ်၏အခြေခံက သူအား စိတ်ညို့ခြင်းစွမ်းအားနှင့် ဆုံးရှုံးစေရန်ပြုလုပ်ခြင်းသည် သူ့အတွက်ချိန်းခြောက်မှုပင် မဖြစ်စေပါ။
တဖက်တွင်၊ သူသည် ဤရေအတိဒုက္ခကိုသုံးလျှင် သူ၏မူလဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုသန်မာအောင်လုပ်ဖို့ အခွင့်အရေးရနိုင်သည်။
ကျီ…ကျီ…ကျီ,,,,
လပေါင်းအနည်းငယ်အကြာတွင်။
ကျန်းချန်ရွှမ်၏ အဆီအနှစ် ချီနှင့် ဝိညာဉ်တို့သည် ပြန်လည်နုပျိုလာပုံရပေသည်။
သူ၏ခန္ဓာကိုယ်နှင့် ဆံပင်များက တလက်လက်တောက်ပနေပုံပြသည်။
သူ့ထံမှ စွမ်းအားကြီးသောအရောင်အဝါထွက်လာသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်မှ ရေစက်များအငွေ့ပျံသွားခဲ့သည်။
ဝုန်း….
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် စိတ်ချမှုကိုခံစားလိုက်ရသည်။
သူ၏ဓမ္မစွမ်းအားသည် ပို၍ သန်မာလာပြီး သူ၏မူလဝိညာဉ်သည် ပို၍ ခိုင်မာလာသည်။
သို့ရာတွင် ထိုအချိန်၌ ကျန်းချန်ရွှမ်၏အောက်တွင် မမြင်ရသောလေက မြင့်တက်လာခဲ့သည်။
အစိမ်းနှင့် အနက်အရိပ်အယောင်ရှိသောပုံရိပ်များသည် လေတွင်ပေါ်လာခဲ့ပြီး အသား၊ အရိုးနှင့် ဝိညာဉ်ကို ဝါးမြိုသွားနိုင်သည့် စွမ်းအားကိုသယ်ဆောင်လာသည်။
၎င်းသည် ဗလာနယ်ပြန်အဆင့်ကိုထိုးဖောက်ရာတွင် တွေ့ကြုံရမည့် နောက်ဆုံးအတိဒုက္ခဖြစ်သည့် လေအတိဒုက္ခပင်ဖြစ်ပါသည်။
လေသည် မီးနှင့် ရေတို့နှင့် အတူတူပင်ဖြစ်သည်။ ၎င်းသည် မူလဓမ္မရတနာနှင့် နတ်ဘုရားစွမ်းအားတို့ဖြင့် တားဆီး၍မရပါ။
အရာအားလုံးသည် ကျင့်ကြံသူ၏မူလအင်အားပေါ်တွင်သာ မူတည်နေပါသည်။
***