← Chapters

အကြီးအကဲခန်းမသို့သွားခြင်း

Vol. 40 Ch. 756

အကြီးအကဲခန်းမသို့သွားခြင်း

Vol. 40 Ch. 756

ဝုန်း….ဝုန်း….ဝုန်း….

သန့်စင်သောယန်ရတနာငါးခုကိုပေါင်းစည်းခြင်းသည် အရေးကြီးသောအရာတစ်ခုဖြစ်ပါသည်။

ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်၏ဂူမှ ငါးရောင်ခြယ်မီးတောက်များ ပေါက်ကွဲထွက်လာကာ သူ၏ ငါးရောင်ခြယ်စက်လုံးဆီသို့ တိမ်တိုက်မြူတောင်ထိပ်ရှိ မူလဝိညာဉ်ချီအားလုံးကို ဆွဲဆောင်လိုက်လေသည်။

ငါးရောင်ခြယ်အလင်းသည် ကျန်းချန်ရွှမ်၏မျက်ခုံးထဲတွင်ပေါင်းစည်းသွားသည်အထိ ထိုလှုပ်ရှားမှုသည် ဆယ်စုနှစ်ကြာ ဆက်လက်ဖြစ်ပွားခဲ့လေသည်။

သူသည် ယခုမူ ထိုကားချပ်အား ဝိညာဉ်ရတနာအဆင့်မြင့်များထဲမှတစ်ခုအဖြစ် ပြောင်းလဲရန် သူ၏လက်ရှိ ရတနာ အမြစ်ဖြတ်ဓားကိုဖိနှိပ်ထားရန် လိုအပ်ပါသည်။

သူ၏ဂူကိုသန့်ရှင်းပြီး ကျန်းချန်ရွှမ်သည် တိမ်တိုက်မြူတောင်ထိပ်၏အပြင်ဘက်သို့ကြည့်လိုက်သည်။

သူလည်း အဆင့်တက်တာ အောင်မြင်သွားပြီလား?”

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် ဆက်သွယ်ရေးကျောက်စိမ်းကိုသုံးကာ ရှန်းရူယန်အား အထူးနည်းလမ်းသုံး၍ သတင်းစကားပေးပို့လိုက်သည်။

“ဒါပြီးရင်၊ ငါ ရူယန်ရဲ့သတင်းကိုစောင့်ရမယ်။ အဲ့တာမရခင်၊ ငါ ဆရာနဲ့ အကြီးအကဲခန်းမကို သွားဖို့လိုတယ်။”

ဟောက်ရန်ဂိုဏ်းထဲတွင် ဗလာနယ်ပြန်အဆင့်သို့ရောက်သွားသောကျင့်ကြံသူတိုင်းကို အကြီးအကဲအဖြစ် ခန့်အပ်ကြသည်။

သို့ရာတွင် ဗလာနယ်ပြန်အဆင့်တွင် ဓမ္မပုံစံအဆင့်ကျင့်ကြံသူများသည် သာမန်အကြီးအကဲများဖြစ်ကာသည် ကောင်းကင်ဘုံအလင်းအဆင့် သို့ လျှို့ဝှက်နက်နဲအဆင့်သို့ ထိုးဖောက်နိုင်သူများကိုသာ အဓိကအကြီးအကဲ နေရာကို ပေးရန်ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

“ဆရာ့နေရာကိုအရင်သွားပြီး ငါ့ရဲ့ အဆင့်တက်ခြင်းကို ပြောပြရမယ်။”

ကျန်းချန်ရွှမ်သည် သူ၏ဆရာကို သူ၏အဆင့်တက်ခြင်းအကြောင်း အရင်သတင်းပို့ရန်ဆုံးဖြတ်လိုက်ကာ တိမ်တိုက်မြူတောင်ထိပ်မှ ပျောက်သွားပြီး ချင်ရှန်းဝူ၏ တပည့်တစ်ဦးမှ မသိပဲမဝင်နိုင်သည့် ရှန်းဝူတောင်ထိပ်တွင် ပြန်ပေါ်လာခဲ့သည်။

ထိုအချိန်တွင်

သူရောက်သည်နှင့် သူသည် ချင်ရှန်းဝူ၏အသံကိုစိတ်ထဲမှကြားလိုက်ရသည်။

“ချန်ရွှမ်ဒီကိုရောက်နေပြီဟုတ်လား? ငါ့ဆီတိုက်ရိုက်လာခဲ့။”

“ဟမ်?”

ထိုအသံကိုကြားသည်နှင့် ကျန်းချန်ရွှမ်သည် ခနလောက်တွေဝေသွားပြီးမှ ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါဆရာ။”

.....

မကြာမီ

ကျန်းချန်ရွှမ်သည် ချင်ရှန်းဝူ၏ ဂူသို့ရောက်သွားခဲ့သည်။

ထိုနေရာတွင်၊ သူသည် ချင်ရှန်းဝူက တင်ပျဉ်ခွေထိုင်နေကာ သူရောက်လာလျှင် ကျေနပ်ကာ ခေါင်းညိတ်ပြီး အပြုံးနှင့် နှုတ်ဆက်သည်ကို မြင်လိုက်ရသည်။

“ကောင်းတယ်။ ကောင်းတယ်။ ငါ့တပည့်ဖြစ်ဖို့ထိုက်တန်တယ်။ မင်းက ဗလာနယ်ပြန်အဆင့်ကို မြန်မြန်ထိုးဖောက်နိုင်သွားတာပဲ။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်မွမ်းမံခြင်းကလည် အဆင့် ၇ကို ရောက်သွားပြီပဲ။”

စကားပြောရင်းနှင့် ချင်ရှန်းဝူသည် သူ၏ခန္ဓာကိုယ်မှ တံဆိပ်ကိုယူလိုက်ပြီး ကျန်းချန်ရွှမ်ဆီသို့ လွဲပေးလိုက်ကာ ပြောလိုက်သည်။

“ဒါက ငါ့ရဲ့ တံဆိပ်ပြားပဲ။ ဒီတံဆိပ်ပြားနဲ့ဆိုရင် မင်းဟောက်ရန်ဂိုဏ်းရဲ့ ရတနာသိုက်ကိုသွားပြီး မင်းရဲ့ကျင့်ကြံခြင်းအတွက် အသုံးဝင်တဲ့ ပစ္စည်းသုံးမျိုးကိုရွေးလိုက်ပါ။ ပြီးတော့ အကြီးအကဲခန်းမကို သွားဖို့လည်း သတိရဦး။

အခုမင်းက ဗလာနယ်ပြန်အဆင့်ကို ရောက်ပြီဆိုတော့ ဟောက်ရန်ဂိုဏ်းရဲ့ အကြီးအကဲရာထူးကို ယူဖို့အချိန်ရောက်ပြီ။”

“ဟုတ်ကဲ့ပါဆရာ။”

ကျန်းချန်ရွှမ်က လေးစားစွာဖြင့် အမိန့်ကိုနာခံလိုက်ကာ ချင်ရှန်းဝူထံမှ တံဆိပ်ပြားကိုယူ၍ သူ့အား ထပ်၍ ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် အနာဂတ်မှာ ဆရာ့ရဲ့ကြင်နာမှုကို သေချာပေါက်မမေ့ပါဘူး။”

“ကောင်းပြီ အကယ်၍ မင်းမှာဘာကိစ္စမှမရှိရင် သွားလို့ရပြီ။” ချင်ရှန်းဝူက အပြုံးဖြင့်ပြောကာ လက်ကိုယမ်းလိုက်သည်။

ကျန်းချန်ရွမ်သည် နားလည်ပြီး ချက်ခြင်းပင် ချင်ရှန်းဝူကိုဦးညွတ်လိုက်ပြီး သူ၏ဂူမှထွက်ခွာလာခဲ့လေသည်။

ထိုအချိန်တွင် သူ၏စီနီယာအစ်ကို ကျောက်ထျန်းဖန်နှင့် စီနီယာအစ်မ ရှီရှန်းယောင်တို့က ရှန်းဝူတောင်ထိပ်တွင်မရှိနေဘဲ အခြားနေရာတွင်ရှိနေခြင်းဖြစ်နိုင်သည်။

သူသည် သူ၏ဗလာနယ်ပြန်အဆင့်ကိုထိုးဖောက်ခြင်းကို သူတို့အား သတင်းစကားသာပေးပို့လိုက်ကာ ဟောက်ရန်ဂိုဏ်း၏ အကြီးအကဲခန်းမဆီသို့ အလင်းတန်းအဖြစ်ထွက်ခွာလိုက်လေသည်။

အကြီးအကဲခန်းမတွင်၊ တာဝန်ရှိသော ကျင့်ကြံသူများသည် စကားပြောနေကြနေချိန်တွင် အလင်းတန်းတစ်ခုသည် ရုတ်တရက် အဝေးမှ ပျံလာခဲ့လေသည်။

၎င်းသည် တာဝန်ရှိသည့် ကျင့်ကြံသူနှစ်ဦးကို ထိတ်လန့်သွားစေသည်။

“ဒါက အကြီးအကဲပဲ၊ အကြီးအကဲလာတယ်။”

သူတို့၏မျက်လုံးထဲတွင်၊ ဗလာနယ်ပြန်အဆင့်သို့ရောက်သည့် မည်သူမဆိုဟောက်ရန်ဂိုဏ်း၏ အကြီးအကဲပင် ဖြစ်သည်။

ကျန်းချန်ရွှမ်က အလင်းတန်းပေါ်မှ ဆင်းလာလျှင်၊ ကျင့်ကြံသူနှစ်ဦးက ချက်ခြင်းပင် ဦးညွတ်ကာ ပြောလိုက်သည်။

“မင်္ဂလာပါ၊ အကြီးအကဲ။”

ကျန်းချန်ရွှမ်သည် အနည်းငယ်ကြောင်အသွားပြီးမှ တုံ့ပြန်လိုက်လေသည်။

သူသည် ပြုံးကာခေါင်းခါလျှက် ထိုသူနှစ်ဦးအား ပြောလိုက်သည်။

“ကျွန်တော်ကအကြီးအကဲမဟုတ်သေးပါဘူး။

ဒါမဲ့ ကျွန်တော်ဒီကို အကြီးအကဲရာထူးကို ယူဖို့လာခဲ့တာပါ၊ ဒီမှာ လက်ရှိတာဝန်ရှိနေတာ ဘယ်အကြီးအကဲလဲဆိုတာ သိလို့ရမလား?”

“ဟမ်?”

ကျန်းချန်ရွမ်၏ စကားကိုကြားလျှင် ကျင့်ကြံသူနှစ်ဦးက နောက်ဆုတ်သွားပြီးမှ အမြန်ပင် သူတို့၏စီနီယာသည် ယခုလေးတင် ဗလာနယ်ပြန်အဆင့်သို့ တက်ရောက်ထားကြောင်း နားလည်သွားခဲ့သည်။

ဝတ်ရုံရှည်နှင့် လူတစ်ဦးက တုံ့ပြန်လိုက်သည်။

“စီနီယာ၊ ဒီနေ့တာဝန်ရှိတဲ့အကြီးအကဲက အကြီးအကဲဟုန်မေပါ။”

“အို၊ စီနီယာအစ်မ ဟုန်မေလား?”

အကြီးအကဲဟုန်မေ၏ သတင်းများက ကျန်းချန်ရွမ်၏ စိတ်ထဲတွင်ချက်ခြင်းပေါ်လာခဲ့သည်။

ထိုမတိုင်မီတွင် သူသည် အကြီးအကဲများနှင့် အကြီးအကဲချုပ်များအကြောင်းလေ့လာခဲ့ပြီဖြစ်သည်။

တိုက်ဆိုင်စွာပင်၊ အကြီးအကဲဟုန်မေသည်လည်း သူကဲ့သို့ မကြာသေးခင် နှစ်ပေါင်းငါးရာအစောပိုင်းကမှ ဗလာနယ်ပြန်အဆင့်သို့ တက်လှမ်းထားသော အကြီးအကဲတစ်ဦးဖြစ်သည်။

နှစ်သောင်းပေါင်းများစွာနေနိုင်သော ဗလာနယ်ပြန်နတ်ဘုရားအရှင်တစ်ဦးအနေဖြင့် နှစ်ပေါင်းငါးရာသည် မပြောပလောက်ပေ။

“ငါက ဒီနေ့ ငှက်ပုတီးလေးတွေ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘာလို့သီချင်းဆိုနေလဲဆိုတာ သိချင်နေတာ၊ ငါတို့ဂျူနီယာမောင်လေးက ဗလာနယ်ပြန်အဆင့်ကို ထိုးဖောက်နိုင်သွားတာဖြစ်နေတာပဲ။” ထိုအချိန်တွင် အနီရောင်ဝတ်စုံနှင့် လှပသည့် မိန်းကလေးက အကြီးအကဲခန်းမမှထွက်လာခဲ့သည်။

၎င်းသည် သူတို့ပြောနေသည့် အကြီးအကဲ ဟုန်မေပင်ဖြစ်သည်။

သူပြောသည့် ငှက်ပုတီးလေးဆိုသည်မှာ ကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ်တွင်ရှိသည့် ငှက်တစ်မျိုးဖြစ်ကာ ကောင်းမွန်သောကံကြမ္မာကို ကိုယ်စားပြုပြီး ကျန်းချန်ရွမ်၏ လက်ရှိဘဝနှင့် ဆင်တူပေသည်။

ဟုန်မေကိုတွေ့လိုက်ရသောအခါ ကျင့်ကြံသူနှစ်ဦးသည် ချက်ခြင်းပင် လေးစားစွာဖြင့် ဦးညွတ်လိုက်ကြကာ ပြောလိုက်ကြသည်။

“မင်္ဂလာပါ အကြီးအကဲဟုန်မေ။”

ဟုန်မေသည် ဖြည်းဖြည်းခေါင်းညိတ်လိုက်ကာ ကျန်းချန်ရွှမ်ကိုပြန်၍ အာရုံစိုက်လိုက်သည်။ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

“အကယ်၍ ငါ မမှားရင်၊ မင်းက ဦးလေးချင်ရဲ့တပည့် ဂျူနီယာမောင်လေးကျန်း၊ ကျန်းချန်ရွမ် ဟုတ်တယ်မလား?”

“မင်္ဂလာပါ။ စီနီယာအစ်မ ဟုန်မေ။”

ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ပြုံးကာ လက်များကိုဆုပ်လိုက်သည်။

“ကျွန်တော်ကျန်းချန်ရွှမ်ပါ။”

“ဟီးဟီး၊တကယ်ပဲ မင်းပါလား။”

ဟုန်မေက ပြုံးလိုက်သည်။

“မြစ်တစ်ထောင်လျို့ဝှက်နယ်မြေမှာ မင်း ငါတို့ဟောက်ရန်ဂိုဏ်းအတွက် အရည်အချင်းပြပေးပြီး ရတနာနှစ်ခု ရလာတယ်လို့ ကြားတယ်။

ဒါက ငါ့တို့ဂိုဏ်းရဲ့ ဂိုဏ်းသားတွေအတွက် အကျိုးဖြစ်စေတာပဲ၊ ငါက မင်းရဲ့ စီနီယာအစ်မအနေနဲ့ မင်းရဲ့လုပ်ရပ်အတွက် ကျေးဇူးတင်ရမယ်။”

***

All Chapters