အန္တိမရတနာ၊ ဟောက်ရန် ရတနာမှန်
Vol. 40 Ch. 757
“စီနီယာအစ်မ၊ အစ်မအရမ်းအတည်ကြီးဖြစ်နေပါပြီ။”
ကျန်းချန်ရွှမ်က ချက်ခြင်းပင် အပြုံးဖြင့် ခေါင်းခါလိုက်လေသည်။
“ဒီအောင်မြင်မှုက ကျွန်တော်တစ်ယောက်ထဲ လုပ်တာမဟုတ်ပါဘူး၊ အခြားစီနီယာအစ်ကိုနဲ့ အစ်မတွေလည်း အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။
သူတို့သာ မပါရင် ကျွန်တော့်အတွက် ဒီရတနာနှစ်ခုကိုရဖို့ရာခက်ခဲမှာပါ။”
“ဟီးဟီး၊ ဂျူနီယာမောင်လေး မင်းက အရမ်း နှိမ့်ချတာပဲ။”
ဟုန်မေက ရယ်လိုက်သည်။
သူမသည် မနေနိုင်ဘဲ ထိုဂျူနီယာမောင်လေးကို ကောင်းမွန်သော ထင်မြင်ချက်ရှိနေသည်။
သူမသည် မြစ်တစ်ထောင်နယ်မြေတွင် ဟောက်ရန်ဂိုဏ်းမှ ရရှိခဲ့သည့် အကျိုးအမြတ်များသည် ကျန်းချန်ရွှမ်နှင့် သူ၏အဖော်ဖြစ်သည့် ရှန်းရူယန်တို့၏ ကြိုးစားအားထုတ်မှု များစွာပါရှိကြောင်း သေချာသိပါသည်။
အမှန်မှာ အခြားသူများ၏ ပါဝင်မှုက ယှဉ်ကြည့်လျှင် အနည်းငယ်ပင်ဖြစ်ပေသည်။
သို့သော် ကျန်းချန်ရွှမ်သည် ရရှိသည့်အကျိုးအမြတ်များကို လက်ဝါးကြီးအုပ်ရန် မရွေးချယ်ဘဲ၊ လူတိုင်း၏အားထုတ်မှုကို ရက်ရောစွာပါဝင်စေခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ထိုလုပ်ရပ်သည် အလွန် ချီးကျုးထိုက်ပါသည်။
“မင်းဒီကိုလာတာက ငါတို့ဟောက်ရန်ဂိုဏ်းရဲ့ အကြီးအကဲနေရာကို တာဝန်ယူဖို့ ဟုတ်တယ်မလား?”
ဟုန်မေက အဓိကအချက်ကို နောက်ဆုံးတွင် ပြောလိုက်သည်။
ကျန်းချန်ရွှမ်သည် ပြုံးကာ သဘောတူညီစွာ ပြုံးလိုက်သည်။
“တကယ်ပဲ အခုကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက ဗလာနယ်ပြန်ကို ရောက်သွားပြီဆိုတော့ ဂိုဏ်းစည်းမျဉ်းအရ အကြီးအကဲတာဝန်ကို ယူဖို့လာတာပါ။”
“ကောင်းပြီ။ ဒါဆိုငါ့နောက်လိုက်ခဲ့ပါ။” ဟုန်မေက အပြုံးဖြင့် ပြောလိုက်ကာ အကြီးအကဲခန်းမထဲသို့ လမ်းပြခေါ်ဆောင်သွားလေသည်။
ကျန်းချန်ရွမ်သည် လိုက်သွားခဲ့သည်။
“ဂျူနီယာမောင်လေးကျန်း၊ မင်းသိကောင်းသိလိမ့်မယ်။ ဟောက်ရန်ဂိုဏ်းရဲ့ကျင့်ကြံသူဘယ်သူမဆို ဗလာနယ်ပြန်အဆင့်ကိုဖြတ်ကျော်ပြီးရင် အလိုအလျောက် ငါတို့ဂိုဏ်းရဲ့ အကြီးအကဲဖြစ်လာလိမ့်မယ်။”
ဟုန်မေက လမ်းလျောက်နေကြရင်း ကျန်းချန်ရွှမ်အားပြုံး၍ ပြောပြလိုက်သည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် အဲ့တာကိုသတိထားမိပါတယ်။ ဒါမဲ့အကြီးအကဲဖြစ်လာဖို့ ဘာတွေလုပ်ရမယ်ဆိုတာ မသေချာဘူး။
ပြီးတော့လည်း ကျွန်တော်အကြီးအကဲဖြစ်လာရင် ကျွန်တော်ထမ်းဆောင်ရမဲ့ တာဝန်တွေများ ရှိမလား?”
“လုပ်ငန်းစဉ်တွေက ရှင်းလင်းပါတယ်။ မင်းရဲ့အချက်အလက်တွေကို ဟောက်ရန်ဂိုဏ်းအကြီးအကဲခန်းမရဲ့ စနစ်ထဲမှာ ထည့်ဖို့ဘဲလိုအပ်တာပါ။
ပြီးရင် လူတိုင်းက အကြီးအကဲအသစ်ရဲ့ ဝင်ရောက်တာကို သတိပြုမိကြမှာဖြစ်တယ်။
ပြီးရင် အကြီးအကဲတစ်ယောက်အနေနဲ့ မင်းက နှစ်တိုင်းအကျိုးအမြတ်ရမှာဖြစ်ပြီး ကောင်းကင်သလင်းကျောက်တစ်ရာနဲ့ အမျိုးမျိုးသော ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးတွေကို ရလိမ့်မယ်။
မင်းရဲ့သတင်းအချက်အလက်တွေကိုမှတ်တမ်းတင်ပြီးတာနဲ့ အသေးစိတ်ကို အပြည့်အစုံ သတင်းပို့ပေးမှာပါ။”
ဟုန်မေက လမ်းတစ်လျှောက်တွင် ရှင်းပြသွားခဲ့သည်။
“မင်းရဲ့ တာဝန်ဝတ္တရားတွေအနေနဲ့ကတော့ ငါတို့ဟာ ဟောက်ရန်ဂိုဏ်းရဲ့အကြီးအကဲတွေအနေနဲ့ လုပ်ရမဲ့ဟာတွေရှိတယ်။
နှစ်ပေါင်းငါးရာရောက်တိုင်း ငါတို့ တာဝန်တစ်ခုထွက်လုပ်ရမယ်။
ဘာလို့ဆို ငါတို့ဟောက်ရန်ဂိုဏ်းက အလွန်ကျယ်ဝန်းတဲ့ ပိုင်နက်ကို ထိန်းချုပ်ထားလို့ပဲ။
ဒါကြောင့်။
အဲ့ဒီနှစ်ပေါင်းငါးရာမှာ တစ်ကြိမ်လုပ်ရတဲ့ တာဝန်က အများအားဖြင့် စောင့်ကြပ်ရတဲ့ အလုပ်နဲ့ပက်သက်တယ်။”
“စောင့်ကြပ်ရတဲ့အလုပ်လား?” ကျန်းချန်ရွမ်က အတော်လေးအံ့ဩသွားသည်။
ဟုန်မေက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ တကယ်ပဲ စောင့်ကြပ်ရတဲ့အလုပ်တွေက တော်တော်လေးပုံမှန်ဖြစ်တယ်။ ဒါပေမဲ့ မင်းစိတ်ပူဖို့မလိုပါဘူး။
ပုံမှန်အားဖြင့်တော့ အဲ့လိုမျိုးတာဝန်တွေက ဘာမှဖြစ်လေ့ဖြစ်ထမရှိဘူး။ ပြီးတော့ စောင့်ကြပ်တဲ့ဂူ ထဲမှာပဲနေပြီး ကျင့်ကြံနေလို့ရတယ်။
ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတွေတောင် မဖြေရှင်းနိုင်တဲ့ ပြသနာဖြစ်လာရင်သာ စောင့်ကြပ်တဲ့တာဝန်က သတိပေးမှာပါ။
ဒါ့အပြင်၊ မင်းက အခုလေးတင်မှ ဗလာနယ်ပြန်အဆင့်ကို ဖြတ်ကျော်လာတာဆိုတော့ နောက်နှစ်ပေါင်းနှစ်ရာ လောက်ထိ ဘာတာဝန်မှလုပ်စရာမလိုသေးဘူး။ မင်းရဲ့ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ပြီး မင်းရဲ့အဆင့်ကို တည်ငြိမ်အောင် လုပ်လို့ရတယ်။
ဒါက ဟောက်ရန်ဂိုဏ်းရဲ့ အကြီးအကဲအသစ်တွေအတွက် ဂရုစိုက်ပေးတဲ့ပုံစံပဲ။
ဗလာနယ်ပြန်အဆင့်ကို အခုမှ ဖြတ်ကျော်ထားတာဆိုတော့၊ ဒီအဆင့်ရဲ့ နည်းစနစ်မျိုးစုံနဲ့ နတ်ဘုရားစွမ်းအားအမျိုးမျိုးကို အပြည့်အဝနားလည်ဦးမှာ မဟုတ်ဘူး။
ဒါကြောင့်။
ဂိုဏ်းက တမင်သက်သက်၊ နှစ်ပေါင်းနှစ်ရာကို လေ့လာဖို့နဲ့ ကျွမ်းကျင်ဖို့ အချိန်ပေးတာပါ။”
“ကျွန်တော် သိပါပြီ။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
ဟောက်ရန်ဂိုဏ်းက စာနာထောက်ထားသည်ကို မငြင်းနိုင်ပါ။
သူ၏အခြေအနေသည် ပေါင်းစည်းရန် အချိန်သီးသန့်မလိုတော့သော်လည်း နှစ်ပေါင်းနှစ်ရာ အားလပ်ချိန်ရခြင်းက သူ့အား ယခင်က မလေ့လာနိုင်ခဲ့သည်များကို သင်ယူနိုင်ရန် အချိန်ရပါလိမ့်မည်။
“ရောက်ပြီ။ ဒီနေရာပဲ။”
ထိုအချိန်တွင်။
ကျန်းချန်ရွှမ်နှင့် ဟုန်မေသည် ခန်းမသို့ရောက်ရှိသွားပြီဖြစ်သည်။
ခန်းမ၏ရှေ့တွင် ထူးခြားပြောင်မြောက်သည့် မှန်ကြီးကိုချိတ်ဆွဲထားသည်။
မှန်၏မျက်နှာပြင်သည် ထူးခြားဆန်းကြယ်သောအလင်းများဖြင့် တောက်ပနေပေသည်။
ကျန်းချန်ရွှမ်သည် ၎င်းကို အချိန်ခနတာငေးကြည့်ပြီးနောက် သူ၏မူလဝိညာဉ်သည် မောပန်းနွမ်းနယ်လာသည်ကို ခံစားလိုက်ရသည်။
ကံကောင်းစွာပင်၊ သူ၏အသိစိတ်ပင်လယ်ထဲမှ ကျယ်ပြောသည့် ကောင်းကင်နတ်ဘုရားကျောက်စိမ်းသည် တောက်ပလာခဲ့သည်။
ချက်ခြင်းပင်၊ မူလက ပင်ပန်းနွမ်းနယ်နေသော မူလဝိညာဉ်သည် ချက်ခြင်းပင် ရှင်းလင်းသွားသည်။
ဟုန်မေက ချက်ခြင်းပင် သူ့ကိုအံ့အားသင့်စွာကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
“ဂျူနီယာမောင်လေးကျန်း၊ မင်းရဲ့မူလဝိညာဉ်က အရမ်းသန်မာတာပဲ။ ဟောက်ရန်မှန်က မင်းအပေါ် သက်ရောက်မှုမရှိဘူးပဲ။”
“ဟမ်? ဟောက်ရန်မှန်လား?”
ကျန်းချန်ရွှမ်က စိတ်ရှုပ်ထွေးနေသည်ကို ပြလိုက်သည်။
သူသည် ခနတဖြုတ် မှန်ကိုကြည့်နေရာမှ သူ၏မူလဝိညာဉ်က မောပန်းနွမ်းနယ်လာခြင်းကို ရှင်းလင်းစွာ ခံစားလိုက်ရပါသည်။
ကောင်းကင်နတ်ဘုရားကျောက်စိမ်းမှ ထိုနွမ်းနယ်မှုကို ရှင်းလင်းပေးခဲ့ခြင်းကြောင့်သာမဟုတ်ခဲ့လျှင်၊ သူသည် ဤမျှလောက်လျှင်မြန်စွာ ပြန်ကောင်းလာနိုင်ခြင်းရှိမည်မဟုတ်ပါ။
“ရှင်းရှင်းပြောရရင်၊ ဒီမှန်က ငါတို့ဟောက်ရန်ဂိုဏ်းရဲ့ အန္တိမရတနာဖြစ်ပြီး ဒီကိုလာတဲ့သူတွေအားလုံးအတွက် နောက်ဆုံးစမ်းသပ်မှုပဲ။
ဒီလောကမှာ နက်နဲတဲ့စွမ်းအားတွေ အမြောက်အများရှိနေတာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိပြီး ဂိုဏ်းထဲ ထိုးဖောက်ဝင်လာမဲ့သူရှိမလားဆိုတာ ဘယ်သူကမှ မသေချာနိုင်ဘူးလေ။
ဒါက ဂိုဏ်းတိုင်း စိုးရိမ်ရတဲ့ ပြသနာပဲ။
အကြီးအကဲတစ်ယောက်ဟာ ဂိုဏ်းရဲ့ထောက်တိုင်ဖြစ်လို့ အဲ့လိုလူမျိုးတစ်ယောက်ကို အကြီးအကဲခန်းမထဲ ခေါ်လာတာက ချိန်းခြောက်မှုဖြစ်လာလိမ့်မယ်။
ဒါကြောင့်။
ဂျူနီယာမောင်လေးကျန်းက အခုပဲ နောက်ဆုံးအဆင့်စမ်းသပ်မှုကိုအောင်မြင်သွားတယ်။”
ဟုန်မေ၏ ရှင်းပြချက်ကိုကြားလျှင်၊ ကျန်းချန်ရွှမ်သည် အတော်လေး အံ့အားသင့်သွားခဲ့သည်။
သူသည် အကြီးအကဲခန်းမတွင်ချိတ်ဆွဲထားသော ဟောက်ရန်ဂိုဏ်း၏အန္တိမရတနာ ဟောက်ရန်မှန်သည် ပုံတူပင်ဖြစ်မည်ဟု မထင်ထားမိပေ။
အစစ်အမှန်မှာမူ မည်မျှစွမ်းအားကြီးလိမ့်မည်နည်း?
“အကယ်၍ ဒီနေရာမှ တစ်ယောက်ယောက်ကဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ရှိနေတာကို ခြေရာခံမိရင်ကော ဘာဖြစ်သွားမလဲ?” ကျန်းချန်ရွှမ်သည် ရုတ်တရက် မေးလိုက်သည်။
ဟုန်မေက ပြုံးကာ ပြန်ဖြေလေသည်။
“အကယ်၍ တစ်ယောက်ယောက်ကို ခြေရာခံမိရင် ဟောက်ရန်ရတနာမှန်ဟာ ခုနက မင်းတွေ့ကြုံခဲ့ရသလို တုံ့ပြန်မှုမရှိပဲ နေမှာမဟုတ်ဘဲ၊ မင်းကို တိုက်ခိုက်ကြလိမ့်မယ်။
အနည်းဆုံး အကြီးအကဲခန်းမကနေ နှင်ထုတ်မယ်။
ဒါက ငါတို့ရဲ့ အန္တိမရတနာရဲ့ ပုံတူသာဖြစ်ပေမဲ့ သူ့ရဲ့စွမ်းအားက တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင် အောက် မလျော့ဘူး။”
“အင်အားကြီးတဲ့ တာအိုပေါင်းစည်းခြင်းသူတော်စင်အောက်မလျော့ဘူး?” ကျန်းချန်ရွှမ်က အတော်ပင် ထိတ်လန့်သွားသည်။
သူသည် တာအိုပေါင်းစည်းခြင်းသူတော်စင်၏စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျမြင်ဖူးထားသည်။ သူတို့နှင့် ယှဉ်လျှင်၊ ဗလာနယ်ပြန်အဆင့်၏ ကောင်းကင်အလင်းတန်းအဆင့်နှင် လျို့ဝှက်နက်နဲအဆင့်တို့သည် ဘာမှမဟုတ်တော့ပေ။
သို့သော် ဟောက်ရန်ရတနာမှန်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
သူသည် ယခုဖြစ်သွားသည်မှာ အကယ်၍ ခန္ဓာကိုယ်အစစ်မှန်ဖြစ်လျှင် မည်မျှကြောက်မက်ဖွယ်ကောင်းမည့် အကြောင်း မမျှော်မှန်းနိုင်ပေ။
***