ရတနာရွေးချယ်ခြင်း
Vol. 40 Ch. 758
ကျီ
ထို့နောက်တွင် ဟောက်ရန်ရတနာမှန်မှ ကျောက်စိမ်းတံဆိပ်တစ်ခု ကျလာသည်။
ဟုန်မေ၏လှပသော မျက်လုံးများက ချက်ခြင်းမြင့်သွားသည်။
သူမသည် ရှေ့တိုးကာ ကျောက်စိမ်းတံဆိပ်ကို ယူလိုက်ပြီး ကျန်းချန်ရွှမ်းအား ပြုံးပြီး ပေးလိုက်လေသည်။
“ဒီမှာ ဂျူနီယာမောင်လေးကျန်း၊ ဒါက မင်းရဲ့ တစ်ခုတည်းသောအကြီးအကဲ ကျောက်စိမ်းတံဆိပ်ပြားပဲ။
ဟောက်ရန်မှန်က မင်းရဲ့ အထောက်အထားအချက်အလက်ကို မှတ်တမ်းတင်ပြီးသွားပြီ။ အခုကစပြီး မင်းက ငါတို့ဟောက်ရန်ဂိုဏ်းရဲ့ ဗလာနယ်ပြန်အကြီးအကဲပဲ။”
“ဒီလောက်တောင်မြန်တာလား?”
ကျန်းချန်ရွှမ်က သိသိသာသာပင် အံဩသွားခဲ့သည်။
သူသည် ဟောက်ရန်ဂိုဏ်း၏အကြီးအကဲဖြစ်လာခြင်းနှင့် သူ၏အချက်အလက်ကို မှတ်တမ်းတင်ခြင်းက ဤမျှလောက်ရိုးရှင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏အတွေးကို မြင်သော ဟုန်မေက အနည်းငယ်ပြုံးကာပြောလိုက်သည်။
“ဂျူနီယာမောင်လေးကျန်း၊ မင်းက လုပ်ရတာတွေကို ရှုပ်ထွေးမယ်လို့ ထင်နေတာလား?
ဟောက်ရန်ရတနာမှန်က သာမန်ရတနာမဟုတ်ဘူး။ သူရှိနေရင် အရာအားလုံးက ရိုးရှင်းသွားတယ်။ မင်းက အနာဂတ်မှာ တဖြည်းဖြည်းနဲ့နားလည်သွားမှာပါ။
စကားမစပ်....”
ထိုအချိန်တွင် ဟန်မေကတစ်ခုခုကိုသတိရသွားပုံပေါ်သည်။
သူမသည် သူမ၏ခန္ဓာကိုယ်မှ ကျောက်စိမ်းပြားကိုယူလိုက်ပြီး ကျန်းချန်ရွှမ်ဆီသို့ကမ်းပေးကာ ပြောလိုက်သည်။
“ဂျူနီယာမောင်လေးကျန်း၊ ဒီကျောက်စိမ်းပြားမှာ ဟောက်ရန်ဂိုဏ်းရဲ့ အကြီးအကဲတွေအကြောင်း အခြေခံသတင်းအချက်အလက်တွေပါတယ်။
မင်းအချိန်ရရင် သူတို့နဲ့ မိတ်ဆွေဖွဲ့လို့ရပါတယ်။”
ဟန်မေထံမှကျောက်စိမ်းပြားကိုရပြီးနောက်၊ ကျန်းချန်ရွှမ်သည် ထိုအရာကိုကြည့်လိုက်ကာ ပြုံး၍ သူမအား ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။ စီနီယာအစ်မဟုန်မေ။”
“ဟီးဟီး၊ ငါတို့က ဂိုဏ်းတစ်ခုတည်းက တာအိုရောင်းရင်းတွေပဲလေ။ ဘာလို့အရမ်းယဉ်ကျေးနေမှာလဲ?”
ဟုန်မေက ပြုံးကာ ခေါင်းကိုခါလိုက်သည်။
“စကားမစပ်၊ နှစ်တစ်ရာကြာတိုင်း၊ ငါတို့ဟောက်ရန်ဂိုဏ်းကအကြီးအကဲတွေစုဝေးပွဲရှိလိမ့်မယ်။ အကယ်၍ မင်းအားရင် သွားပြီး ပါဝင်လို့ရတယ်။”
“ဟောက်ရန်ဂိုဏ်းကအကြီးအကဲတွေစုဝေးပွဲလား?”
“မှန်တယ်?”
ဟုန်မေက ခေါင်းညိတ်လိုက်သည်။
“ဒီအကြီးအကဲစုဝေးပွဲကို ဟောက်ရန်ဂိုဏ်းက ပုံမှန်ကျင်းပတယ်။
ပထမဆုံးအနေနဲ့ ဒီပွဲက အကြီးအကဲတွေအချင်းချင်းဆက်သွယ်ဖို့နဲ့ ဆက်ဆံရေးကောင်းဖို့ ကျင့်ကြံရေးအတွက်ဆွေးနွေးဖို့ဖြစ်တယ်။
ဒုတိယအချက်ကတော့ ဒီစုဝေးပွဲက ပစ္စည်းလဲလယ်ဖို့ကိုလည်း စီစဉ်ပေးတယ်။
အကြီးအကဲတစ်ယောက်ဆီတိုင်းကို ရတနာတွေစုခိုင်းပြီး အဲ့ဒီထဲက သူတို့မလိုအပ်တဲ့ ပစ္စည်းတွေရှိမယ်။
အဲ့ဒီပစ္စည်းတွေကို လဲလှယ်ခြင်းက လူတိုင်းကိုအကျိုးအမြတ်ရစေလိမ့်မယ်။”
ဟုန်မေ၏ စုဝေးပွဲအကြောင်းရှင်းပြချက်ကိုကြားလျှင် ကျန်းချန်ရွှမ်သည် နားလည်စွာ ခေါင်းညိတ်လိုက်သည်။
“အကယ်၍ ကျွန်တော်အချိန်ရရင် တက်လိုက်ပါ့မယ်။”
စကားပြောပြီးနောက်၊ ကျန်းချန်ရွှမ်သည် ဟုန်မေကိုနှုတ်ဆက်ကာ ဟောက်ရန်ဂိုဏ်း၏ ရတနာမြေတိုက်ခန်းသို့ဦးတည်၍ သွားလိုက်လေသည်။
သူသည် သူ၏လက်ရှိကျင့်ကြံခြင်းအတွက် အသုံးဝင်မည့် ရတနာသုံးခုရွေးနိုင်သည့် သူ၏ဆရာချင်ရှန်းဝူပေးသည့် တံဆိပ်ပြားကို မမေ့ပေ။
ရတနာမြေတိုက်၏ တာဝန်ရှိသူ ဗလာနယ်ပြန်အဆင့်၏ လျို့ဝှက်နက်နဲအဆင့်တွင်ရှိသော အကြီးအကဲက ကျန်းချန်ရွှမ်အပေါ် အတော်လေးယဉ်ကျေးပါသည်။
မကြာမီ ထိုအကြီးအကဲက ကျန်းချန်ရွှမ်အား မြေတိုက်အတွင်းသို့ခေါ်သွားကာ သူ့လဲလှယ်နိုင်သည်ပစ္စည်းများ စာရင်းကိုပြသည်။
ကျန်းချန်ရွှမ်က နာမည်စာရင်းကိုယူကာ သေချာစွာကြည့်လိုက်သည်။
စာရင်းအား ဂရုတစိုက်လေ့လာပြီးနောက် ကျန်းချန်ရွှမ်သည် အကြီးအကဲထံသို့ ပြန်ပေးလိုက်ပြီး ရတနာမြေတိုက်ထဲမှ ရတနာသုံးခုကိုရွေးလိုက်လေသည်။ နဂါးနတ်သစ်သီး၊ ကောင်းကင်မိုးပန်းနှင့် မူလနိယာမဝိညာဉ်ဆီးသီးတို့ဖြစ်သည်။
နဂါးနတ်သစ်သီးသည် သူ၏ခန္ဓာကိုယ်ကို တိုးမြင့်ပေးနိုင်ပြီး သူ၏အနာဂတ်ခန္ဓာကိုယ်မွမ်းမံခြင်း အတွက် အလွန်အကျိုးဖြစ်စေလိမ့်မည်ဖြစ်သည်။
ကောင်းကင်မိုးပန်းကမူ သူ၏ဗလာနယ်ပြန်နတ်ဘုရားစွမ်းအားကို သန့်စင်ပေးနိုင်ကာ သူ၏ကျင့်ကြံခြင်းကို တိုးတက်စေရန် ကူညီပေးမည်ဖြစ်သည်။
မူလနိယာမဝိညာဉ်ဆီးသီးကမူ သူ၏ဓမ္မပုံစံကို သန်မာစေသည့် ဝိညာဉ်ပစ္စည်းဖြစ်သည်။
လူတိုင်းက ဗလာနယ်ပြန်အဆင့်သို့ရောက်သည်နှင့် မူလဝိညာဉ်ဓမ္မပုံစံကိုသန်မာစေရန်မှာ ပထမဆုံး အခက်အခဲဖြစ်ကြောင်း သိကြသည်။
မူလဝိညာဉ်ဓမ္မပုံစံက သေချာသည့် အနေအထားထိ ကြီးထွားပြီးမှသာ လောကနှင့် ပေါင်းစည်းနိုင်သည့် စွမ်းအားရှိလိမ့်မည်ဖြစ်သည်။
ထို့ကြောင့်။
ဗလာနယ်ပြန်၏ ပထမအဆင့်တွင် ကျင့်ကြံသူ၏ အဓိက အာရုံစိုက်ရမည်မှာ မူလဝိညာဉ်ကို သန်မာစေဖို့ရန်ဖြစ်သည်။
ထို့မှသာ ဗလာနယ်ပြန်ကျင့်ကြံသူတစ်ဦးဆီတိုင်းက သူတို့နှင့် သင့်တော်သော မူလဝိညာဉ်ကျင့်ကြံခြင်းနည်းလမ်းကို ရွေးချယ်ရမည်ဖြစ်သည်။
မူလဝိညာဉ်ကို သန်မာစေရန်လုပ်သည့်အချိန်တွင်၊ သူတို့သည် သက်ဆိုင်သည့် ဓမ္မပုံစံနတ်ဘုရားစွမ်းအားကို ကျွမ်းကျင်လာနိုင်မည်ဖြစ်သည်။
အခြားတနည်းဖြင့် ပြောရလျှင်၊ ၎င်းသည် ဓမ္မပုံစံကိုအထူးပစ်မှတ်ထားသည့် နည်းလမ်းပင် ဖြစ်သည်။
ရတနာမြေတိုက်မှထွက်ခွာပြီးနောက်၊ ကျန်းချန်ရွှမ်သည် ဟောက်ရန်ဂိုဏ်း၏ကျမ်းစာစင်မြင့်ကို သွားလိုက်သည်။
သူစုဆောင်းထားသော ကုသိုလ်နှင့် ကျမ်းစာအများစုသည် အခကြေးငွေမလိုဘဲ သူ့အတွက် ပွင့်နေပါသည်။
သူသည် မရောက်မီကပင် သူ၏ရွေးချယ်မှုကို ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
၎င်းသည် မူလဝိညာဉ်သန့်စင်ခြင်းနည်းစနစ်တစ်ခုဖြစ်သော ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ် ဖြစ်သည်။
၎င်းသည် ဟောက်ရန်ဂိုဏ်းတွင်ရှိသည့် အနက်နဲဆုံးသော မူလဝိညာဉ်သန့်စင်ခြင်းနည်းစနစ်များ ထဲမှ တစ်ခုဖြစ်သည်။
ထိုနည်းလမ်းသည် ဒြပ်စင်ငါးပါးနည်းလမ်းကိုဆက်လက်သွားနိုင်သည်။
ကျင့်ကြံစဉ်အတွင်း မူလဝိညာဉ်အတွင်း ဒြပ်စင်ငါးပါးဝိညာဉ်ကို ဖန်တီးကာ ဓမ္မပုံစံထဲသို့ ပေါင်းစပ်ရမည်ဖြစ်သည်။
ထိုမှသာ ဓမ္မပုံစံသည် မှန်ကန်စွာ ဒြပ်စင်ငါးပါးနည်းလမ်းအတိုင်း ရုပ်လုံးပေါ်လာကာ အနာဂတ်တွင် တာအိုပေါင်းစည်းခြင်းအတွက် သာလွန်စွာအရေးပါလာမည်ဖြစ်သည်။
ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်သည် ကျန်းချန်ရွှမ်ကျင့်ကြံရန်လိုအပ်သည့် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
၎င်းသည် သူ၏ဆရာချင်ရှန်းဝူက သူ့အားကျင့်ကြံရန် တိုက်တွန်းသည့် နည်းစနစ်လည်းဖြစ်သည်။
ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်နှင့်အတူ ကျန်းချန်ရွှမ်က ကျမ်းစာစင်မြင့်တွင် အခြားနည်းစနစ် နှစ်ခု ကိုလည်းရွေးချယ်ခဲ့သည်။
မူလဝိညာဉ်မဟုတ်ဘဲ မူလဝိညာဉ်နှင့် ပက်သက်သည့် နတ်ဘုရားစွမ်းအားဖြစ်သည့် တိမ်တိုက်ထိုးဖောက်ခြင်းနှင့် ပုံရိပ်ယောင်ကောင်းကင်ခေါင်းလောင်းဖြစ်သည်။
အရှေ့တစ်ခုသည် ဓမ္မပုံစံအပေါ်တွင် အလွန်စွမ်းအားကောင်းသည့် တိုက်ခိုက်ခြင်းနည်းစနစ် ဖြစ်သည်။
အကယ်၍ မူလဝိညာဉ်မှ ဖန်တီးထားသည့် ဓမ္မပုံစံသည် လုံလောက်စွာ မသန်မာလျှင်၊ ၎င်းသည် တိမ်တိုက်ထိုးဖောက်ခြင်း နည်းစနစ်မှ ဖြိုခွဲခံရလိမ့်မည်ဖြစ်သည်။
အဓိကစိန်ခေါ်မှုသည် ထိုနည်းစနစ်ကိုကျွမ်းကျင်ခြင်း၌ ခက်ခဲမှုပင်ဖြစ်ကာ ထိုသို့ဖြစ်ရန် မူလဝိညာဉ်ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းရန်လိုအပ်ပါသည်။
ပုံရိပ်ယောင်ကောင်းကင်ခေါင်းလောင်းကမူ၊ တဖက်၌ စိတ်ရှုပ်ထွေးစေကာ ဆွဲဆောင်နိုင်သည်။
တစ်ကြိမ် ကျွမ်းကျင်သွားသည်နှင့် ၎င်းသည် မူလဝိညာဉ်ကို စိတ်ရှုပ်ထွေးစေနိုင်သော ခေါင်းလောင်းသံကို ထုတ်လွတ်ပေးနိုင်ပြီး အဆုံးမဲ့ပုံရိပ်ယောင်ထဲသို့ကျရောက်သွားစေကာ မူလဝိညာဉ်ပြိုကွဲသွားသည့်အချိန်ထိ အခက်အခဲမှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။
ထိုနည်းစနစ်သည် ကျွမ်းကျင်ရန်အတွက်ခက်ခဲသော်လည်း အလွန်အင်အားကောင်းကာ သက်ရောက်မှုရှိပါသည်။
မမျှော်လင့်ထားသည့်ပြသနာမရှိလျှင်၊ မူလဝိညာဉ်ကိုကျင့်ကြံခြင်းသည် ကျန်းချန်ရွှမ်၏ အရေးကြီးသော သက်ရောက်မှုတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။
ကျမ်းစာစင်မြင့်မှထွက်ခွာပြီးနောက်၊ ကျန်းချန်ရွှမ်သည် အခြားနေရာများသို့ မသွားတော့ပါ။
မျက်စိတမှိတ်အတွင်းတွင်၊ သူသည် သူ၏ဂူသို့ပြန်သွားခဲ့သည်။
ပြန်သွားပြီးနောက်တွင်၊ သူသည် ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်ကိုကျင့်ကြံရန် လောမနေသေးဘဲ၊ ရတနာမြေတိုက်မှရလာသော နဂါးနတ်သစ်သီး၊ ကောင်းကင်မိုးပန်းနှင့် မူလနိယာမဝိညာဉ်ဆီးသီးတို့ကို ထုတ်လိုက်သည်။
သူသည် သူ၏ဓမ္မစွမ်းအားနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်ကို မြင့်တင်ရန် ကန့်သတ်ထားသည့် အချိန်ကို အသုံးချရန် ဆုံးဖြတ်ထားခဲ့သည်။
ပြီးနောက် ၎င်းသည် နှစ်ပေါင်းလေးဆယ်ကြာမြင့်သွားသည်။
နှစ်ပေါင်းလေးဆယ်ကြာပြီးနောက်တွင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်က အဆင့် ၇၏ အလယ်ဆင့်ကို ရောက်ရှိသွားခဲ့သည်။
သို့ရာတွင်၊ သူသည် သူ၏ဓမ္မပုံစံကို သေချာသည့်အနေထားထိ မကျင့်ကြံရသေးခင်အထိ သူ၏ဓမ္မပုံစံအဆင့် ကျင့်ကြံခြင်းက များစွာသောတိုးတက်မှုကို မတွေ့ရသေးပါ။
***