တိမ်တိုက်ထိုးဖောက်ခြင်းကိုကျွမ်းကျင်ခြင်း
Vol. 40 Ch. 759
သို့သော်လည်း ကျန်းချန်ရွှမ်၏ ခွန်အားသည် သူကျင့်ကြံခြင်းမစတင်မီကထက် နှစ်ဆကျော် ပိုများလာခဲ့သည် ။
ထိုအချိန်တွင်။
ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးနတ်ဘုရားနည်းပညာနှင့်ဆက်စပ်သော ကျောက်စိမ်းပြားကို ထုတ်ယူပြီးဖြစ်သည် ။
တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက်က သူ့စိတ်ထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် ။
[ဒင်]
[စနစ်မှ မစ်ရှင်တစ်ခုထုတ်ပြန်လာပါတယ်။ ကျေးဇူးပြုပြီး ဒြပ်စင်ငါးပါးနတ်ဘုရားနည်းပညာကို ကျင့်ကြံခြင်းပြီးစီးအောင်လုပ်ပါ။]
ရိုးရိုးသားသားပြောရလျှင် ကျန်းချန်ရွှမ်သည် ဤအသိပေးချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည် ။
သူယူခဲ့သော မူလဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်သည် စနစ်ကို အမှန်တကယ်တုံ့ပြန်စေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပါ ။
ထို့အပြင် ၎င်းကပေးသောတာဝန်မှာ ဒြပ်စင်ငါးပါးနတ်ဘုရားနည်းပညာကျင့်ကြံခြင်းကို အပြီးသတ်ရန်ဖြစ်သည် ။
ဆိုလိုသည်မှာ စနစ်၏တာဝန်ကို ပြီးမြောက်လိုလျှင် သူသည် အနည်းဆုံး ဤနည်းစနစ်၏ အခြေခံကို တတ်ကျွမ်းရန်လိုအပ်လိမ့်မည်ဖြစ်သည်။
ကြည့်ရသည်မှာ သူသည် နောက်လာမည့် အကြီးအကဲစုဝေးပွဲသို့ တက်ရောက်ရန် အချိန်မရှိတော့ပါ။ နောက်ဆုံးတွင် ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်ကို ကျင့်ကြံခြင်းသည် သူ၏အရေးပါသောအချိန်ပမာဏကို လိုအပ်ပေလိမ့်မည်။
ထို့အပြင် ၊ ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်ကို ကျွမ်းကျင်ပြီးနောက် ၊ ကျန်းချန်ရွှမ်သည် တိမ်တိုက်ထိုးဖောက်ခြင်းနှင့် ပုံရိပ်ယောင်ကောင်းကင်ခေါင်းလောင်းတို့ကိုလည်း နားလည်သဘောပေါက်ရန် စီစဉ်ထားခဲ့သည်။
အကယ်၍ သူသည် နောက်တာဝန်မလာမီ ဤနည်းစနစ်တစ်ခု သို့မဟုတ် နှစ်ခုလုံးကို ကျွမ်းကျင်နိုင်ပါက ၎င်းသည်သူ၏ ခွန်အားကိုသိသိသာသာတိုးတက်စေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်ကို ကျင့်ကြံရန် စတင်အာရုံစိုက်ခဲ့သည် ။
ပြီးနောက်၊ ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်အား စတင်၍ နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့သည်။
သူသည် ကျင့်ကြံခြင်း၌နှစ်မြုပ်ထားသည့်အချိန်တွင်၊ ရှန်းရူယန်သည်လည်း မိုးကြိုးချိုင့်ဝှမ်းတွင် အတိဒုက္ခသုံးခုကိုခံကာ ဗလာနယ်ပြန်နတ်ဘုရားအရှင်ဟူသော ရာထူးကို တက်သွားခဲ့ပြီဖြစ်သည်။
မိုးကြိုးချိုင့်ဝှမ်း၏ ချိုင့်ဝှမ်းသခင် ယွင်ရီကျန်းက သူမကို ဆုချီးမြှင့်ခဲ့ပြီး ချိုင့်ဝှမ်း၏အကြီးအကဲ ဖြစ်လာရန် စီစဉ်ပေးခဲ့သည်။
“ဟမ်? ယောကျ်ားက သတင်းပြန်မပို့ဘူးပဲ။"
ရှန်းရူယန်က သူ၏ ဆက်သွယ်ရေး အဆောင်ကို စစ်ဆေးပြီး အနည်းငယ်စဉ်းစားဆင်ခြင်ရင်း အကြောင်းရင်းကို အကြမ်းဖျင်းနားလည်သွားခဲ့သည် ။
“ကြည့်ရတာ ယောကျ်ားက မူလဝိညာဉ်နည်းစနစ်အသစ်ကိုဂူပိတ်ကျင့်ကြံနေပုံရတယ်။
အဆုံးမှာ ကျင့်ကြံထားတဲ့ မူလဝိညာဉ်နည်းစနစ်တွေက ဒီဝိညာဉ်နယ်ပယ်ကိုလာပြီးတဲ့နောက် မလုံလောက်နေတဲ့ပုံပဲ။
အခုသူဘာလုပ်နေလဲ သိချင်မိတယ်။ သူ့ကို နောက်တစ်ကြိမ်အတူတွေ့ရင် လန့်သွားအောင်လို့ ငါလည်း ကြိုးကြိုးစားစားကျင့်ကြံရမယ်။"
ဤအတွေးများသည် သူမ၏ စိတ်ထဲတွင် ဝင်လာသောကြောင့် ရှန်ရူယန်သည် သူမ၏ ကျင့်ကြံခြင်းနည်းလမ်းကို ရွေးချယ်ပြီး သူမ၏ သီးသန့်ဂူထဲသို့ ပြန်ဝင်သွားခဲ့သည်။
......
ဤသို့ဖြင့် ရာသီများပြောင်းလဲသွားကာ နှစ်များသည် မျက်စိတမှိတ်အတွင်းကုန်လွန်သွားခဲ့သည်။
ဤအချိန်တွင် ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်၏ အခြေခံကို ကျွမ်းကျင်ပြီး ဖြစ်ကာ ဒြပ်စင်ငါးပါးကို သူ၏ဓမ္မပုံစံထဲသို့ ပေါင်းစည်းပြီးပြီဖြစ်သည်။
သူသည် ဒြပ်စင်ငါးပါး နတ်ဘုရားနည်းစနစ်၏ အခြေခံကို အောင်မြင်စွာ ကျွမ်းကျင်ခဲ့ချိန်တွင် စနစ်မှ အသိပေးချက်တစ်ခုသည် သူ့စိတ်ထဲ ပဲ့တင်ထပ်သွားသည် ။
[ဒင်]
[ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်ကို အောင်မြင်ပြည့်စုံစွာကျင့်ကြံနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ host။ ဓမ္မပုံစံမူလဝိညာဉ်ဆေးလုံးတစ်ပုလင်းကို လက်ခံရရှိပါတယ်။]
[ဓမ္မပုံစံမူလဝိညာဉ်ဆေးလုံးသည် ဆေးလုံးကို စားသုံးခြင်းဖြင့် သင်၏ ဓမ္မစွမ်းအင်ကို သိသိသာသာ မြှင့်တင်နိုင်မည်ဖြစ်ပြီး မူလဝိညာဉ်နည်းစနစ်အမျိုးမျိုးကို နားလည်ခြင်း၏ ထိရောက်မှုကိုလည်း နှစ်ဆတိုးစေမည်ဖြစ်သည်။]
ကျန်းချန်ရွှမ်သည် စနစ်မှ ထိုသို့သောဆုလဒ်ကို အချိန်ကိုက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ ။
မစ်ရှင်ခန်းမသို့သွားကာ တာဝန်ရွေးဖို့ရန် နှစ်ပေါင်းငါးဆယ်သာကျန်းရှိသဖြင့် ထိုဆေးလုံးပုလင်း သည် သူ့အား အဆင့်တက်ရန် ကူညီပေးပါလိမ့်မည်။
ဤဆေးလုံးကိုအသုံးပြုခြင်းဖြင့် တိမ်တိုက်ထိုးဖောက်ခြင်းသို့ ပုံရိပ်ယောင်ကောင်းကင် ခေါင်းလောင်းကို ကျွမ်းကျင်ဖို့ရန် အခွင့်အရေးရှိပါသည်။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ခြင်းပင် စနစ်မှ ဆေးလုံးပုလင်းကို ချက်ခြင်းထုတ်လိုက်တော့သည်။
ဆေးလုံးမှာ စုစုပေါင်း ၁၂ လုံးရှိပြီး အရောင်က အနက်ရောင်နှင့် အဖြူရောင်ဖြစ်သည် ။
တစ်ခုကို သောက်သုံးလိုက်ပြီးနောက် သူ၏ မူလဝိညာဉ်ထဲတွင် အလွန်အေးမြသော ခံစားချက်ကို ချက်ချင်းခံစားလိုက်ရပြီး သူ၏ စိတ်သည် မကြုံစဖူး ရှင်းလင်းလာသည် ။
ဤအခြေအနေတွင် မူလဝိညာဉ်နည်းစနစ်အားကျင့်ကြံခြင်းသည် အမှန်တကယ်အဆင်ပြေဆုံး ဖြစ်ပေမည်။
ထို့ကြောင့် သူသည် အချိန်မဖြုန်းဘဲ ဒြပ်စင်ငါးပါးနတ်ဘုရားနည်းစနစ်ကို ကျင့်ကြံရန် စတင် အာရုံစိုက်ခဲ့ပြီး တိမ်တိုက်ထိုးဖောက်ခြင်းကိုလည်း နားလည်ရန် ကြိုးစားခဲ့သည်။
....
နှစ်သုံးဆယ်အကြာတွင်ကျန်းချန်ရွှမ်၏ကျင့်ကြံခြင်းသည် ဓမ္မပုံစံအဆင့် ၏ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်အထိ ချိုးဖောက်နိုင်သွားသည်။
သူ၏ မူလစိတ်ဝိညာဉ်မှပြောင်းလဲသွားသော သူ၏ဓမ္မပုံစံသည်လည်း ၎င်း ၏ မူလအခြေခံ၌ အကြိမ်ပေါင်းများစွာ တိုးတက်လာခဲ့သည် ။
အရေးအကြီးဆုံးမှာ ဤနှစ်သုံးဆယ်အတွင်းတွင် သူသည် တိမ်တိုက်ထိုးဖောက်ခြင်းအားနားလည်၍ စီမံနိုင်ခဲ့ပြီး မူလဝိညာဉ်တိုက်ခိုက်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ခဲ့ပေသည်။
"အနှစ်နှစ်ဆယ်ပဲ ကျန်တယ်ဆိုတော့ ပုံရိပ်ယောင်ကောင်းကင်ခေါင်းလောင်းကို နားလည်သဘောပေါက်ဖို့ အချိန်မလောက်တော့ဘူး။
ဒီနှစ်နှစ်ဆယ်အတွင်း အဲ့မှာ အချိန်ယူမဲ့အစား၊ တိမ်တိုက်ထိုးခွဲခြင်းကိုပဲ ဆက်လေ့လာပြီး မူလဝိညာဉ်တိုက်ခိုက်ခြင်းနည်းစနစ်ကို နောက်တစ်ဆင့်တက်နိုင်ဖို့ပဲ ဆက်လုပ်လိုက်တာ ကောင်းမယ်။"
ဤအတွေးသည် ကျန်းချန်ရွှမ်၏စိတ်ထဲဝင်လာခဲ့သည်။
ခနအကြာတွင် သူသည် တိမ်တိုက်ထိုးခွဲခြင်းကိုသာ ထပ်မံ၍ နားလည်အောင်စတင်ပြုလုပ်ခဲ့သည်။
......
တစ်ချိန်တည်းတွင်။
အကြီးအကဲခန်းမထဲတွင် ဖြစ်သည် ။
လျို့ဝှက်နက်နဲအဆင့်ရှိ အကြီးအကဲများစွာသည် ကိစ္စရပ်များကို ဆွေးနွေးနေကြသည် ။
ဆံပင်များဖြူနေသောအကြီးအကဲတစ်ဦးက ပြောနေသည်။ "မကြာသေးခင်က နတ်ဆိုးတွေနဲ့ ပင်လယ်နက်လေလွှင့်သူတွေက ငါတို့ လူသားနယ်နိမိတ်တွေကို အဆက်မပြတ်စုံစမ်းနေကြတယ်။
အထူးသဖြင့် ငါတို့ဟောက်ရန်ဂိုဏ်းက စောင့်ကြပ်တဲ့ ကောင်းကင်ဘုံအစွန်းမသေမျိူးမြို့ဟာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရတယ် ။
ဂျူနီယာညီအစ်ကို ချန်းမင်နဲ့ ဂျူနီယာညီမ ဖန်ရှန်းတို့က ငါတို့အကြီးအကဲခန်းမကို သတင်းတွေပို့ပြီး သူတို့ရဲ့လက်ရှိအင်အားနဲ့ဆိုရင် မြို့ကျဆုံးတော့မဲ့ဖြစ်နိုင်ချေက တော်တော်မြင့်နေတယ်။ သူတို့က ငါတို့အကြီးအကဲခန်းမရဲ့ စစ်ကူ ချက်ခြင်းလိုအပ်နေတယ်။
ငါ့အမြင်ကတော့ ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့က အနည်းဆုံး ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူတစ်ဦးရှိဖို့လိုအပ်လိမ့်မယ်။
မင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလဲ ပြောပါဦး?"
ဆံပင်ဖြူအကြီးအကဲ၏ အကြံကိုကြားလျှင် အခြားလျို့ဝှက်နက်နဲအဆင့် အကြီးအကဲများသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဆံပင်နီနှင့် လူက သဘောတူလိုက်သည် ။ "ငါ အကြီးအကဲယွမ်ဖန်နဲ့ သဘောတူတယ်။ လက်ရှိအခြေအနေအရ ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့က တကယ်ပဲ ကောင်းကင်အလင်း အဆင့် ကျင့်ကြံသူတစ်ဦးလိုအပ်တယ်။
ဒီလိုမှမဟုတ်ရင် ဓမ္မပုံစံအဆင့် ဂျူနီယာညီသို့ ဂျူနီယာညီမလေးတွေက အရမ်းစိတ်ဖိစီးရလိမ့်မယ်။
ဒါ့အပြင် ကျွန်တော်အကြံပြုချင်တာက ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူနဲ့အတူ ဓမ္မပုံစံအဆင့် ကျင့်ကြံသူတစ်ယောက် သို့ နှစ်ယောက်လောက်ကိုလည်း ကူဖို့ လွတ်ပေးတာကောင်းလိမ့်မယ်။"
"ငါ အဲ့ဒါကို သဘောတူတယ်။"
"ငါလည်း အဲဒါကို သဘောတူတယ်။"
မကြာမီတွင်ကောင်းကင်အစွန်းမသေမျိုးမြို့တွင် လက်ရှိရှိနေသော ဓမ္မပုံစံကျင့်ကြံသူနှစ်ဦးကို ပြန်လည်ခေါ်ယူရန်နှင့် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ဓမ္မပုံစံအဆင့်ကျင့်ကြံသူ နှစ်ဦးကို စေလွှတ်ရန် အကြီးအကဲများအကြား သဘောတူညီမှုရရှိခဲ့သည် ။
......
မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ဆယ်ကုန်ဆုံးသွားခဲ့လေသည် ။
ကျန်းချန်ရွှမ်သည် သူ၏ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး တိမ်တိုက်ထိုးဖောက်ခြင်းနည်းစနစ်အား နားလည်သဘောပေါက်မှုတွင် တိုးတက်မှုများရှိခဲ့သည်။
ဤကျွမ်းကျင်မှုအဆင့်ဖြင့် သူသည် မူလဝိညာဉ်ကျင့်ကြံရေးတွင် သိသာထင်ရှားသော အောင်မြင်မှုမရှိသော ဓမ္မပုံစံအဆင့် ကျင့်ကြံသူများကို ချက်ခြင်း ရှင်းလင်းပစ်နိုင်ပါသည်။
သေချာပါသည်။
၎င်းသည် တိမ်တိုက်ထိုးဖောက်ခြင်းသည် ထိပ်တန်းအဆင့်မူလဝိညာဉ်တိုက်ခိုက်ခြင်းနည်းစနစ် တစ်ခု ဖြစ်သောကြောင့်လည်း ပါဝင်ပါသည်။
ထိုအချိန်တွင်
ကျန်းချန်ရွှမ်သည် သူ၏ဂူပိတ်ကျင့်ကြံခန်းမှထွက်လာသောအခါ၊ သူ၏အထောက်အထား တံဆိပ်ပြားသည် အလင်းမှိန်ပြပြနှင့် တောက်ပလာသည်။
***